Sunday 30 September 2012

ဖုံး အလကား ပြောမယ်++ Aire Talk





Viber ကိုတော့ မြန်မာတွေ တော်တော်များများ သိကြပါတယ်။ Wifi Connection ရရင် Free SMS နဲ့ Free Voice Call တွေရတဲ့အတွက် ဖုံးဖိုးချွေတာလိုတဲ့ သူတွေအဖို့ အများကြီး အဆင်ပြေခဲ့ပါတယ်။
အဲ့ဒီအတွက်လည်း Viber ကို တော်တော်များများ အသုံးပြုလာကြပါတယ်။ ဖုံးပြောတာနဲ့ SMS အပြင် Viber က တခြား Feature တွေမပါတဲ့အတွက် အပြည့်စုံဆုံး App တစ်ခုေ
တာ့ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ Aire Talk: Free All in One Communication App အခုပြောပြမဲ့ App ကတော့ Viber ကဲ့သို့ Free Phone Call/Free SMS အပြင် Free Video Call, Walkie Talkie, Image Sharing, File Transfer အပြင် မိမိရောက်နေတဲ့ Location ကိုပါ သူငယ်ချင်းတွေအချင်းချင်း အပြန်အလှန် ပေးပို့ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ Feature တွေပိုမို စုံလင်တဲ့အပြင် Adv Free လဲ ဖြစ်ပါတယ်။ ကြော်ငြာတွေ မတွေ့ရပါဘူး။ http://youtu.be/y66D5ietlU0 Register Accout နဲ့ ဆက်သွယ်နိုင်သလို Facebook Account နဲ့လည်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ Android ဖုံးတွေအပြင် iOS Devices တွေမှာလည်း အသုံးပြုလို့ရတာကို တွေ့ရပါတယ်။ App ကတော့ Aire Talk လို့ခေါ်ပါတယ်။ Aire App ကို သွင်းထားတဲ့ Mobile ဖုံးအချင်းချင်း ဆက်သွယ်ပြောဆို ဝေမျှနိုင်မှာ ဖြစ်ပါတယ်။ Aire က ထွက်တာ သိပ်မကြာသေးတဲ့အတွက် မိမိမှာ ရှိတဲ့ Friend တွေ သုံးထားချင်မှ သုံးထားပါလိမ့်မယ်။ အကယ်လို့ မိမိအသုံးပြုရတာ လွယ်ကူရင် Invite လုပ်ပြီး အသုံးပြုကြဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ နှစ်ဦး နှစ်ဘက် App ကို သွင်းပြီးသွားပြီဆိုရင်တော့ ၁. ဖုံးပြောလို့ရပါမယ်။ Voice/Video ၂. SMS ပို့လို့ရပါမယ်။ ၃. Walki Talki လိုမျိုး ပြောလို့ရပါမယ်။ ၄.Voice Message ပို့လို့ရပါမယ်။ ၅. Photo တွေ ပို့လို့ရပါမယ်။ ၆. File တွေ ပို့လို့ရပါမယ်။ ၇. Location ကို Share လို့ရပါမယ်။ Internet Bandwidth အများကြီး မကောင်းရင်တောင် အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့ ပြောကြားထားပါတယ်။
By: TechSpace Journal

ခုနှစ်ရက်သားသမီးများအတွက် ( ၁.၁၀.၁၂) မှ ( ၇.၁၀.၁၂) ထိ၊ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
မိတ်ဆွေသစ်များရနေမည်။ အလုပ်တွင်လူပင်ပမ်းသော်လည်းစိတ်သက်သာစရာဖြစ်နေတတ်သည်။လုပ်သမျှအဆင်ပြေ
ချောမောေ နသည်။ ငွေဝင်သည်။ ကုန်စရာများတော့ဆက်တိုက်ဖြစ်နေတတ်သည်။ငွေအဖတ်မတင်ဖြစ်နေတတ်သည်။
တခါတခါမိမိလုပ်နေသောအလုပ်ကိုစိတ် ကုန်နေတတ်သည်။အလုပ်ပြောင်း ချင်စိတ်ပေါ်လာတတ်သည်။ အမိနိင်ငံသို့
ပြန်ချင်စိတ်လည်းဖြစ်နေတတ်သည်။ ပြန်ကိန်းမရှိသေးပါ။

ကျန်းမာရေး။ ကိုယ်ခန္ဓာကိုက်ခဲခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာစရာများနှင့်ပြည့်စုံနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီးစိတ် ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၉ ၇ ၆ )

တနင်္လာသားသမီးများ၏ကံကြမ္မာ
စိတ်ညစ်စရာများစိတ်ဆင်းရဲစရာများမရှိအောင် အစစအရာရာအဆင်ပြေနေပြီးစိတ်ချမ်းသာနေရမည်။ ရွှေဝင်ခြင်း၊
နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းများရောက်လာခြင်း၊ ဆွေမျိုးသားချင်းထဲမှနာရေးသတင်းကြားရတတ်ခြင်းများဖြစ်
တတ်သည်။ အလုပ်တွင်စိတ်တိုင်းမကျစရာဖြစ်နေတတ်သည်။ အထူးသဖြင့်လူမျိုးခြားများနှင့်စိတ်တိုင်းမကျဖြစ်နေ
တတ်သည်။ ၀င်ငွေများကောင်းနေသည်။ အပိုဝင်ငွေများရတတ်သည်။
ကျန်းမာရေး။ လက်မောင်းတွင်အကျိတ်အဖုပေါက်တတ်သည်။
အချစ်ရေး။ တယောက်တနေရာစီ နေရသောကြောင့် လွမ်းဆွတ်သတိရနေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မလကာသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ (  ၂ ၄ ၇ ၀ )


အင်္ဂါသားသမီးများ၏ကံကြမ္မာ
အလုပ်သစ်ရခြင်း၊ သို့သော်အလုပ်တွင်မတရားသလိုခံစားရသောကြောင့် အလုပ်ပြောင်းရန်စိတ်ကူးနေမိသည်။
မိမိကိုအကြောင်းမဲ့အထင်သေးခြင်းခံရခြင်း၊အများနှင့်တယောက်ဆိုသလိုမကောင်းပြောခံရခြင်းများနှင့်ကြုံ
နေရတတ်သည်။ ဘယ်နေရာရောက်ဘယ်ဒေသဘဲဖြစ်ဖြစ်ယခုအချိန်မှာစိတ်တိုင်းမကျစရာများတွေ့နေရတတ်
သည်။ အစစအရာသည်းခံပါ။ မိမိစိတ်လိုက်မာန်ပါမလုပ်ပါနှင့်။ အမှုအခင်း၊ အစစ်အဆေးခံရခြင်းများဖြစ်တတ်သည်။
သည်းခံနိုင်သမျှသည်းခံပြီးအေးအေးဆေးဆေးနေပါ။
ကျန်းမာရေး။ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ လက်ထပ်ရန်ပူဆာနေလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စပျက်သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၂ ၂ ၄ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
အိုးသစ်၊ အိမ်သစ်နေရာသစ်ပြောင်းရွှေ့ရတတ်သည်။ သောကြာနံပစ္စည်းများဝင်တတ်ခြင်း၊ အိမ်ခန်းပြုပြင်ရခြင်း၊
ရွှေအသစ်ဝင်ခြင်း၊ ထွက်ထားသောစက်ပစ္စည်းပြန်ဝင်ခြင်း၊ ဖုန်းပျက်ခြင်း၊ ကွန်ပြူတာထွက်ခြင်းဖြစ်တတ်သည်။
မြေအတွက်စကားပြောရခြင်း၊ခင်မင်သောမိတ်ဆွေများနှင့်စကားများပြီးလမ်းခွဲရခြင်းဖြစ်တတ်သည်။ ငွေများဝင်
သော်လည်း ငွေများအကြောင်းမဲ့ကုန်နေမည်။
ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သောသူနှင့်အဆင်မပြေဖြစ်နေလိမ့်မည်။ မကြာခင်အဆင်ပြေသွားမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိမ္မော်သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ (  ၄ ၂ ၄ ၃)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းဝင်ခြင်း၊ စာအုပ်စာပေ၀င်ခြင်း၊ စာအုပ်၊ စာရွက်စာတမ်းနှင့်ပတ်သက်ပြီး အစစအရာရာအဆင်ပြေချောမော
မည်။ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ ကျန်းမာရေးအတွက်ကြောင့် ဆွေမျိုးသားချင်းရောက်
လာတတ်သည်။ လူပင်ပမ်း၊ စိတ်ပင်ပမ်းခြင်းဖြစ်နေတတ်သည်။လုပ်ငန်းတိုးတက်နေမည်။ တိုးတက်ရန်လည်းဇွဲကောင်း
စွာ ကြိုးစားနေတတ်သည်။ လုပ်ငန်းတွင်အောင်မြင်သောသတင်းကောင်းကြားရမည်။
ကျန်းမာရေး။ ခန္ဓာကိုယ်ကိုက်ခဲနေမည်။
အချစ်ရေး။ စန်းပွင့်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၁ ၂ ၀ )

သောကြာသားသမီးများ၏ကံကြမ္မာ
မိမိအလုပ်တွင်နာမည်ကောင်းရနေမည်။ လုပ်ငန်းတိုးတက်နေမည်။ စိတ်အလိုမကျဖြစ်နေတတ်သည်။ မိမိရည်ရွယ်
ထားသောကိစ္စများနှောင်းနေသောကြောင့် စိတ်ညစ်နေတတ်သည်။ ၀င်ငွေကောင်းသော်လည်းကုန်စရာ များကုန်နေ
တတ်သည်။ မိမိသုံးနေသောလျှပ်စက်ပစ္စည်းပျက်သောကြောင့်ငွေကုန်ရတတ်သည်။မမျှော်လင့်ဘဲလူမျိုးခြား၏ကူညီ
မှုရတတ်သည်။ ဆုံးဖြတ်ရခက်သောကိစ္စများပေါ်လာတတ်သည်။သေချာစဉ်းစားဆုံးဖြတ်ပါ။
ကျန်းမာရေး။ အရေပြာတွင်ယားနာလေးများဖြစ်နေတတ်သည်။
အချစ်ရေး။ မမျှော်လင့်ဘဲဘ၀အတွက်လက်တွဲဖော်အဖြစ်တောင်းဆိုခြင်းခံရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သရက်သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၁ ၄ ၆ )
စနေသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်မပြီးပြတ်သောကိစ္စများဖြစ်နေတတ်သည်။ ပေးစရာများရစရာများနှင့်စာရင်းရှုတ်နေတတ်သည်။နောက်ဆုံး
တွင် အားလုံးအဆင်ပြေသွားပါလိမ့်မည်။ထိုအချိန်တွင်ဘ၀၏ကံအဆိုးဆုံးအချိန်ဖြစ်နေသည်။လောကဓံ၏မတရားညှင်း
ပမ်းခြင်းကိုခံစားနေရတတ်သည်။ ဘာသာရေးများများလုပ်ပြီးနေသင့်သည်။အလုပ်တွင်အကြပ်အတည်း၊အခက်အခဲများ
နှင့်ရင်ဆိုင်နေရတတ်သည်။ အမှုအခင်းဖြစ်တတ်သည်။မိမိဘက်ကမှန်ကန်ဖို့လိုအပ်သည်။
ကျန်းမာရေး။ စိတ်ထောင်ကိုယ်ကြေသလိုဖြစ်ပြီးစိတ်ဓါတ်ကျနေတတ်သည်။
အချစ်ရေး။ မိမိနားတွင် အားပေးဖေါ်ကောင်းရှိနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နှင်းသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၆ ၂)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီမှ ညနေ ၅း၀၀နာရီထိ
ဟောခန်း-နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်းမြို့
ကလန်းကားဂိတ်နှင့် Mydin Supermarket အနီး
ဖုန်း – +6016 6903 513, +6018 2250 510

Team Viewer 7.0 Fully Register (ဘာ Key မှ ထည့်စရာမလိုပါ)

TeamViewer အကြောင်းကိုတော့ အားလုံးသိကြမှာပါ ... ဒါလေးက Register လုပ်ပေးစရာမလိုတော့တဲ့ TeamViewer လေးမို့ ထပ်တင်ပေးလိုက်ပါတယ်... အသုံးပြုနည်း မသိသေးတဲ့ သူငယ်ချင်းများကတော့ဒီလင့်ကနေသွားပြီးဖတ်နိုင်ပါတယ်။




TeamViewer: Using this TeamViewer 7 can control computer from remote. Download it here free. TeamViewer 7 designed to perform through the internet and it does not need an external IP, only need 2 ID in TeamViewer. You are touring the country regardless. Access to desktops and to control a remote computer Also, you can transfer files, presentations can help your computer, chat, etc. established
A solution for all situations
While most competitors remote support, remote administration, training and sales (demand payment for them as ...) to offer different packages, TeamViewer is a universal solution for all situations: TeamViewer is a simple and collected all the modules in the package is truly affordable.
To serve a remote server administration
TeamViewer also to serve a remote computer and can be used to manage the server. Established as a system service, you reboot and reconnect to allow.
ဝင်းကမ္ဘာကျော်နည်းပညာမှတ်တမ်းမှ

ပဋ္ဌာန်း အဓိပ္ပါယ် ပဋ္ဌာန်း.pdf ပဌာန်း(ရောင်စုံ ရုပ်ပြ)

အောက်မှာပေးထားတဲ့ လင့်တွေ ကို  ကလစ်ပြီးတော့ ဒေါင်းလိုက်ပါ။ ဒေါင်းချင်တယ်ဆိုရင်ပေါ့လေ...

 ပဋ္ဌာန်း.pdf

ခင်မောင်အေး - ရောင်စုံရုပ်ပြပဋ္ဌာန်း ၂၄ ပစ္စည်း.pdf

အဆင်ပြေကြပါစေ........




မှဲ့ " ၏ ကောင်းကျိုး ဆိုးပြစ် များ

ယောက်ျားတို့၏ မှဲ့ တည်နေရာနှင့် အဟော-

၁) နဖူးပြင်တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍ အစွပ်အစွဲခံရတတ်၏။
အပူသောကများလိမ့်မည်။
မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာသည်ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခတွေပရတတ်ပါသည်။
(၂) ညာဘက်မျက်ခုံးမွေးပေါ်တွင်ရှိလျှင် ချမ်းသာတတ်ပါသည်။
ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။
လောကီစည်းစိမ်အဝဝကို သုံးဆောင်ခံစားရတတ်သည်။



(၃) ဘယ်ဘက်မျက်ခုံးမွေးပေါ်တွင် မှဲ့ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစားသမား ဖြစ်တတ်သည်။
လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ ချစ်ချင်စွဲလမ်းနှစ်သက်ပါသည်။

(၄) နှာခေါင်းတည့်တည့် (နှာသီးထိပ်ဖျား)တွင် မှဲ့ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတ အနုပညာရပ်များဖြင့် ထင်ရှား၍ အောင်မြင်ကျော်ကြား တတ်ပါသည်။


(၆) ဘယ်ဘက်မျက်ခမ်းအောက်နားတွင် မှဲ့ရှိလျှင် လူမုန်းများတတ်သည်။
အလုပ်လုပ်ကိုင်ရာတွင် အတိုက်အခံနှင့် ကြုံရတတ်သည်။
ငယ်စဉ်အခါက ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရလိမ့်မည်။
အချစ်ရေးတွင် စွန့်စားတတ်သည်။ တဇွတ်ထိုးလုပ်တတ်သည်။
ဇနီးမယားကို ချစ်ခင်သူဖြစ်မည်။
ဇနီးသည်၏ သြဇာလွှမ်းမိုးမှုကို ခံရတတ်ပါသည်။

၇) ညာဘက်ပါးမို့တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်းကို ခံရတတ်သည်။
မျက်နှာပွင့်လန်းတတ်ပါသည်။
လောကကို တရားသဘောဖြင့် ရှုမြင်တတ်သောသူ ဖြစ်သည်။
အသက်ကြီးရင့်လာလျှင် ရသေ ရဟန်း ပြုတတ်သည်။
အများအကျိုးဆောင်သည့် သာသနာပြုပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။

(၈) ဘယ်ဘက်ပါးပေါ်တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းမချောများ (သို့မဟတု) ထင်ရှားကျော်ကြားသော မိန်းမနှင့် အိမ်ထောင်ကျတတ်ပါသည်။
မိန်းမတို့၏ ချစ်ခင်စွဲခြင်းကို အထူးသဖြင့် ခံယူရတတ်ပါသည်။

(၉) ညာဘက်ပါးပြင်၌ အောက်ဘက်နားတွင် မှဲ့ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည်။
ဆင်းရပြင်ပန်းတတ်သည်။

(၁၀) ဘယ်ဘက်ပါးပြင်အောက်တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။
ဘယ်အလုပ်မဆို အောင်မြင်၍ နာမည်ကျော်ကြား တတ်ပါသည်။
(၁၁) မေးစေ့တည့်တည့်တွင် မှဲ့ရှိလျှင် ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြီးပွားချမ်းသာ တတ်ပါသည်။
သတင်းကောင်းဖြင့် ကျော်ကြားအောင်မြင်မည်။

(၁၂) မေးစေ့နားတဝိုက်တွင် ထင်ရှားသောမှဲ့ရှိလျှင် ဒုက္ခဆင်းရဲ အမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီး နောက်ဆုံးတွင် အောင်မြင်တတ်သည်။
ကမ္ဘာကျော်သည့်ပုဂ္ဂိုလ်ထူးများတွင်လည်း ပါရှိသည်။

(၁၃) မျက်ရည်စီးကျရာ လမ်းကြောင့်တည့်တည့် (ဝဲ,ယာ)တွင် မှဲ့ရှိလျှင် မယားဆုံးတတ်သည်။
(သို့မဟုတ်) အိမ်ထောင်ရေး ညံ့တတ်သည်။
စီးပွားရှာရာတွင် ပင်ပန်းတတ်ပါသည်။

(၁၄) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။
အလုပ်အကိုင် အကြံအစည် အောင်မြင်တတ်သည်။
ဆင်းရဲလျှင်လည်း တခဏတာဖြစ်၍ မမျှော်လင့် မထင်မှတ်သော အကြောင်းတခုခုဖြင့် ချမ်းသာတတ်ပါသည်။

(၁၅) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်,ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ်တန်းစားဘဝဖြင့် အဆင်ပြေတတ်သည်။
အလယ်အလတ်တန်း အဆင့်ဖြစ်လျှင် ဇောတိကသူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသောသူဌေး ဖြစ်တတ်ပါသည်။


(၁၆) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက်တွင် မှဲ့တလုံးစီ ရှိ၍ ရင်ဘတ်အလယ်တည့်တည့်တွင် မှဲ့တလုံး၊ ခါးနားတွင် မှဲ့တလုံး၊ ပါရှိခြင်းကို မှဲ့စလွယ်ဟု ခေါ်ဆိုသည်။
အသက်ရှည်၍ ဗဟုသုတ ဉာဏ်အမြော်အမြင် ကြီးမားသော ရှေးလူကြီးများ၊ ရသေ့ပညာရှိကြီးများ၏ အဆိုအမိန့်အရ ယောက်ျားတွင် မှဲ့စလွယ်ရှိခြင်းသည် ယခင်ဘဝဟောင်းက မင်းဖြစ်ခဲ့သူဖြစ်သည်ဟု အဆိုအမိန့်ရှိကြ၏။
မှဲ့စလွယ် ပါရှိသောသူသည် ဆင်းရဲဒုက္ခနှင့် မကြုံရဘဲ အဆင့်အတန်းမြင့်သည့် ဘဝမျိုးနှင့် နေနိုင်ရလိမ့်မည်။
လူအများ၏ ကြည်ညိုလေးစားခြင်းကို ခံ၇တတ်သည်။
ဇနီးမယားအပေါ်တွင် သြဇာညောင်း တတ်ပါသည်။

(၁၇) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင်တွင် မှဲ့ရှိလျှင် လျင်မြန်ဖျတ်လတ်သူ ဖြစ်တတ်သည်။
လူမှုရေးကိစ္စ အဝဝကို သိနားလည်ပြီး အကင်းပါးသူ ဖြစ်တတ်သည်။

(၁၈) တင်ပါး၏ ဘယ်ဘက် (သို့မဟတု) ညာဘက်တွင် မှဲ့ရှိလျှင် အရှက်အကြောက် အလွန်ကြီးတတ်ပါသည်။
စိတ်သဘောထား နုတတ်သည်။
ယောက်ျားဖြစ်ပါလျက်နှင့် တခါတရံတွင် မိန်းမဆန်သော အပြုအမူအနေအထိုင်များကို တွေ့ရတတ်သည်။



(၁၉) ခြေဖဝါးအလည်တည့်တည့်တွင် မှဲ့ရှိလျှင် တနေရာတည်းတွင် အတည်တကျနှေုမရဘဲ ခြေသလုံးအိမ်တိုင်ဘဝဖြင့် သွားလာနေထိုင်ရကာ ဘဝဆုံးပါးပျက်စီးတတ်ပါသည်။

(၂၀) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုးတွင် မှဲ့ များစွာ ပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည်။
(သို့မဟုတ်) လူဆိုး၊ ဓားပြ ဖြစ်တတ်ပါသည်။
တုတ်၊ ဓား၊ လှံ စသည့် လက်နက်ကိရိယာများကို ဆောင်ထားတတ်သည်။
တိုက်ခိုက်ရေးပညာများတွင်လည်း ဝါသနာပါ၍ ပညာရှင်ဖြစ်တတ်သည်။

(၂၁) ရင်ညွန့်တည့်တည့်တွင် ထင်ရှားသော မှဲ့ရှိလျှင် သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည်။
တရားဓမ္မ နှလုံးသွင်းတတ်သည်။
လောကီ သမထဈာန်တန်ခိုးဘက်သို့ လိုက်စားတတ်သည်။
သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများရ၍ ပေါက်မြောက်နိုင်သည်။

(၂၂) ညာဘက်လက်တွင် မှဲ့ပါရှိလျှင် ငွေကြေးကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည်။
ကပ်စေးနှဲသူ၊ မိမိကိုယ်ကျိုး တခုတည်းကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည်။

(၂၃) လက်ဖဝါးပြင်၏ ဘယ် ညာ နှစ်ဖက်စလုံး၏ အလယ်တည့်တည့်တွင် ထူးထူးခြားခြား မှဲ့အစိမ်းတလုံး ပါရှိလျှင် လူအများ၏ ကြည်ညိုလေးစားခြင်း ခံရသော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ဖြစ်တတ်ပါသည်။
ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက်ရှိသူဖြစ်သည်။
ဝိဇ္ဇာလမ်းသို့ လိုက်စားလျှင် ဆရာသမားကောင်းနှင့် တွေ့ပြီး သိဒ္ဓိရတတ်ပါသည်။
မိန်းမတို့ မှဲ့ အဟော- (၁) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသော လင်ယောက်ျားကို ရတတ်သည်။
အိမ်ထောင်ဆက် များတတ်သည်။
သားယောက်ျားများ ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည်။

(၂) ညာဘက်နားထင် မျက်ခုံး၏ အနီးအနားပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော ချမ်းသာတတ်ပါသည်။
အိုဇာတာ ကံကောင်းမည်။
မိမိသြဇာကို နာခံမည့် လင်ယောက်ျားအား ရတတ်သည်။
အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။
သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည်။

(၃) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည်။
ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။
မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။
အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည်။

(၄) ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည်။
တဖက်သားပြောလာသည့်စကားကိုမစဉ်းစားဘဲ အယုံလွယ်တတ်ပါသည်။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်းကို ခံရတတ်သည်။
၅) ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည်။ စန်းအလွန်ပွင့်တတ်သည်။
လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။
ကံကောင်းသူ ဖြစ်တတ်ပါသည်။

(၆) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည်။

(၇) ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်။

(၈) ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏စွန့်ပစ်ခြင်းကို ခံရတတ်သည်။
ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည်။
လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ်ပါသည်။

(၉) ရင်၏အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည်။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည်။
သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။



(၁၀) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည်။
ကတော်မယား ဖြစ်တတ်ပါသည်။
လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်။
မည်မျှဆိုးသွမ်းသော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်ပေတော့သတည်း။


Credit : ဂမ္ဘီရမဂ္ဂဇင်း

Desktop ပေါ်မှာ ပျံနေတဲ့ လူပျံတော် ကောင်မလေး ထားချင်လျှင်









သယ်ရင်းတို့ရေ ကျွှန်တော်လဲ ဟိုဝင်ဒီဝင်နဲ့ လျှောက်သွားရင်း တွေ့လာတာ ဘာရယ်တော့ဟုတ်ဖူး၊ အပျင်းပြေလေးကလိဖို့   လူပျံတော်ဆော့ဝဲလေးပါ ။သီချင်းလဲဆိုပြတယ်ဗျ... ဖိုင်ဆိုဒ်က 323kb ထဲပါ။
       လူပျံလေးတွေများများပေါ်ချင်ရင်တော့ honey  ကို click များများပေးပြီးဖွင့်ပေါ့။
အသံလေးခဏခဏ မြည်ချင်ရင် လူပျံလေးအပေါ် right click လုပ်ပြီး music ဆိုတာလေးကို click လိုက်ပါ... သီချင်းဆိုပြပါလိမ့်မယ် ။ 


စိတ်ဝင်စားရင် ကလိကြည့်လိုက်ဗျာ
 
 ဆော့ဝဲလေးကတော့
http://www.mediafire.com/?6dd2vh2xdvz7upg

Friday 28 September 2012

မြန်မာ့ထုံးတမ်းစဉ်လာ လက်ထပ် ထိမ်းမြားခြင်း (၁၀) ပါး

မြန်မာနိုင်ငံတွင် သမားရိုးကျအစဉ်အလာအားဖြင့် မြန်မာထုံးတမ်းစဉ်လာ (၁၀)မျိုးဖြင့် လက်ထပ်ထိမ်းမြား ဆောင်ရွက်လေ့ ရှိကြပေသည်။ မိမိအဆင့်အတန်းအလိုက် ကြိုက်နှစ်သက်ရာ (၁)ပါးဖြစ်စေ၊ (၂)ပါးတွဲ၍ဖြစ်စေ၊ (၅)ပါးတွဲ၍ဖြစ်စေ၊ (၆)ပါးတွဲ၍ဖြစ်စေ ဆောင်ရွက်ခြင်းဖြင့် လက်ထပ်မင်္ဂလာမှုပြုလုပ်ကြပေသည်။
ထိုလက်ထပ်ခြင်း (၁၀)မျိုးတို့မှာ
၁။ ပုဆိုးတန်းတင်လက်ထပ်ခြင်း
ကုန်ကျငွေနည်းနည်းနှင့် လိုရင်းထိရောက်စေသော လက်ထပ်ခြင်းဖြစ်သည်။ သတို့သားဝတ်ဆင်သော ပုဆိုးအင်္ကျီတို့ကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်အရ သတို့သမီးနေထိုင်သော အခန်းအတွင်း၌ရှိသော ကြိုးတန်းပေါ်တွင် လွှားတင်ခြင်းဖြင့် ထိမ်းမြားခြင်း မင်္ဂလာကိစ္စအောင်မြင်စေသည်။

၂။ ထမင်းလက်ဆုံစားလက်ထပ်ခြင်း
ကုန်ကျငွေနည်းသော လက်ထပ်ခြင်းဖြစ်သည်။ သက်ဆိုင်သူ၊ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်အရ ထိုအကြိးအကဲတို့ ရှေ့မှောက်တွင် ထမင်း(သို့)ချိုချဉ်အာဟာရဖြစ်စေသော အစားအစာတစ်ခုခုတို့ကို မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးတို့ အတူတကွ လက်ဆုံစားခြင်းဖြင့် ထိမ်းမြားခြင်းမင်္ဂလာကိစ္စ အောင်မြင်စေသည်။
၃။ လက်စွပ်ချင်းလဲလက်ထပ်ခြင်း
မိဘ အုပ်ထိန်းသူ ခွင့်ပြုချက်အရ မင်္ဂလာသတို့သားလက်စွပ်အား မင်္ဂလာသတို့သမီးမှဝတ်၍ မင်္ဂလာသတို့သမီး၏ လက်စွပ်အား မင်္ဂလာသတို့သားမှ ၀တ်ခြင်းကို မိဘအကြိးအကဲတို့ရှေ့မှောက် ဆောင်ရွက်ခြင်းဖြင့် ထိမ်းမြားခြင်းမင်္ဂလာအောင်မြင်စေသည်။
၎။ သစ်ပင်ဓားထစ်လက်ထပ်ခြင်း
ကုန်ကျငွေအနည်းဆုံးလက်ထပ်ခြင်းဖြစ်ပေသည်။ သစ်ပင်ရှေ့တွင် တမင်းနှစ်ဆုပ်၊ လက်ဖက်နှစ်ပုံ ပုံ၍ သစ်ပင်ကိုစောင့်သော ရုက္ခစိုးနတ်မင်း၊ တောတောင်စောင့်နတ်မင်းများအား တိုင်တည်၍ မင်္ဂလာသတို့သားမှ သစ်ပင်ကို ဓားဖြင့်ထစ်ခြင်း၊ မင်္ဂလာသတို့သမီးမှ ထိုသစ်ပင်ကို ဓားဖြင့်ထစ်ခြင်းဖြင့် အကျွန်ုပ်တို့အား လင်မယားအဖြစ် အသိအမှတ်ပြုပါဟု သစ္စာဆိုတိုင်တည် ဆုတောင်းကာ ထိမ်းမြားမင်္ဂလာအောင်မြင်စေသည်။
၅။ လက်ထပ်၍ထိမ်းမြားခြင်း
မင်္ဂလာသတို့သားနှင့်မင်္ဂလာသတို့သမီးတို့ နှစ်ဘက်မိဘ အကြီးအကဲခွင့်ပြုချက်အရ လက်ခြင်းပူးကပ်စပ်နှော်နေဘိသကဲ့သို့ ချစ်ခြင်းမေတ္တာသည်လည်း ထာဝစဉ်ပူးကပ်စေသား။ လက်အတွဲမြဲသလို ချစ်ခြင်းမေတ္တာသည်လည်း မကွဲမကွာမြဲစေသတည်း။ လင်မယားအရာ မြောက်စေသတည်း ဆုတောင်းကာ ထိမ်းမြားမှုအောင်မြင်စေသည်။
၆။ ဒါလီဖွဲ့လက်ထပ်ခြင်း
ဒါလီမှာ ရွှေကြိုး၊ ရွှေဘယက်ဖြစ်ပါသည်။ ထိုဒါလီဆွဲကြိုးအား လူနှစ်ကိုယ်စာ ဆုံအောင် လုပ်ဆောင်ပြီးလျှင် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးနှစ်ယောက်လုံး၏ လည်ပင်းကို တပြိုင်နက်စွပ်ခြင်းအားဖြင့် ထိမ်းမြားမှုအောင်မြင်စေသည်။
၇။ ပန်းကုံးစွပ်လက်ထပ်ခြင်း
နှစ်ဘက်မိဘ သဘောတူခွင့်ပြုခြင်းကြောင့် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးတို့ကို တစ်ဦးစီ၏လည်၌ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်းဖြစ်သည်။
၈။ ရေစင်သွန်းလက်ထပ်ခြင်း
နှစ်ဘက်မိဘ သဘောတူခွင့်ပြုခြင်းကြောင့် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးတို့၏ ဦးထိပ်တွင် ခေါင်းကို နံ့သာရည်တို့ဖြင့် လက်ယာရစ် ခရုသင်းတွင်ထည့်ပြီး သွန်းလောင်းဖျန်းပက်လက်ထပ်ခြင်းဖြစ်သည်။
၉။ စုလျားရစ်ပတ်လက်ထပ်ခြင်း
နှစ်ဘက်မိဘ သဘောတူခွင့်ပြုခြင်းကြောင့် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သား၏ လက်ယာလက်နှင့် မင်္ဂလာသတို့သမီး၏ လက်ယာအပေါ်တင်၍ စုလျားခေါ် တဘက်အဖြူရောင်ဝတ်ဖြင့် ချည်နှောင်ရစ်ပတ်၍ လက်ထပ်ခြင်းဖြစ်သည်။
၁၀။ ရေခွက်ထဲလက်ဆုံချ ရေစင်သွင်းလက်ထပ်ခြင်း
နှစ်ဘက်မိဘ သဘောတူခွင့်ပြုခြင်းကြောင့် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သားလက်ယာလက်နှင့် မင်္ဂလာသတို့သမီးလက်ယာ လက်တို့ကို မင်္ဂလာငွေဖလားထဲတွင် နှင်းဆီပန်း၊ စံပယ်ပန်း၊ ဇွန်ပန်း၊ ကန့်ကော်ပန်းတို့ကို ရေနှင့်အတူထည့်ထားပြီး ထိုမင်္ဂလာလက်ယာရစ် ခရုသင်းဖြင့် ရေစင်သွန်းလောင်း၍ ဩဒတပတ္တပါဏီ၊ ဂါထာမန္တာန်ရွက်ဖတ်၍ လက်ထပ်ထိမ်းမြားခြင်းဖြစ်သည်။
မင်္ဂလာအမှုပြုရာတွင် ဘုရားအမှူးပြုသော ရဟန်းသံဃာများကို မိမိတတ်နိုင်သလောက် ရဟန်းအပါးအရေအတွက်တို့ကို အိမ်သို့ပင့်၍ မင်္ဂလာဆွမ်းကပ်ရာသည်။ မင်္ဂလာသင်္ကန်းလည်းကပ်နိုင်သည်။

ကဲ....သူငယ်ချင်းတို့ရော ဘယ်လို မင်္ဂလာမျိုးနဲ့ လက်ထပ်ကြမှာလဲ ဒီသီတင်းကျွတ်မှာ ဖိတ်လိုက်အုံးနော်………:)

Wednesday 26 September 2012

ဘုရား အနေကဇာတင်ခြင်း အဓိပ္ပါယ်

သူငယ်ချင်းတို့ရေ.... ကောင်းသော နေ့လေးပါနော်
ဒီနေ့ ဖတ်မိတဲ့ ဆရာတော် အရှင် ၀ိစိတ္တရဲ့ အဆုံးအမလေးကို မျှဝေပေးမယ်နော်
ဘာသာတရား ဖြစ်တဲ့အတွက် ဆရာတော်ရဲ့ သြ၀ါဒအတိုင်း
မပြောင်းလဲပဲ တင်ပြလိုက်ပါတယ် ခင်ဗျာ
xxxxx


မြန်မာ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ အိမ်သစ် ပြောင်းရွှေ့တဲ့အခါပဲ ဖြစ်ဖြစ်
 ရုပ်ပွား ဆင်းတုတော် အသစ်ဝယ်ယူ ပူဇော်လာတဲ့ အခါပဲ ဖြစ်ဖြစ်
အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ လုပ်တဲ့ အခါပဲ ဖြစ်ဖြစ်
ဘုရား အနေကဇာတင် ပွဲလေးတွေကို လုပ်လေ့ ရှိကြပါတယ်
 အဘယ်ကြောင့် လုပ်တယ်ဆိုတာ တိတိကျကျ မသိကြပေမယ့်
တစ်ချို့က ရုပ်ပွား ဆင်းတုတော် အသစ်ကို
အနေကဇာတင်မှ ကိုးကွယ် ကောင်းတယ်လို့ ထင်တတ်ကြတာ ရှိသလို
အနေကဇာ တင်မှလည်း ဆင်းတုတော်ဟာ
တန်ခိုး ပိုကြီးတယ်လို့ ထင်တတ်တာတွေ ရှိပြန်ပါတယ်
 ဒါကြောင့်လည်း ဘုန်းကြီးတွေကို ပင့်
ဘုရား ဆင်းတုတော်ကို စားပွဲ ခုံပေါ်မှာ တင်၊ ပတ်ပတ်လည် ဘုန်းကြီးတွေက ၀ိုင်းပြီး
အနေကဇာ တင်စေကြတာ ဖြစ်မှာပါ
 ပိုဆိုးတာက တစ်ချို့ ရုပ်ပွား ဆင်းတုတော်ကို
ဒီလို အနေကဇာ မတင်ရင် မကိုးကွယ်ကောင်းဘူးလို့ ထင်နေကြတဲ့ အပြင်
ဘုန်းကြီးတွေက ဒီဆင်းတုတော်တွေကို ကိုးကွယ်နိုင်အောင်
အနေကဇာတင်ပြီး ပြုလုပ်ပေးတယ်လို့ ထင်နေတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်
လွဲနေကြတာလေးတွေကို ပြောတာပါ
ဘုန်းကြီးက ပြန်ပြီး ဘုရားကိုများ တန်ခိုးထက်အောင်
ဖန်တီး ပေးရသလား ဆိုတာက စဉ်းစားသင့်တဲ့ အရာလေးတစ်ခုပါ
 တကယ်တော့ ဘုရား အနေကဇာ တင်တယ်ဆိုတာ ဘုရားကို ပူဇော်တာပဲ ဖြစ်ပါတယ်
အနေကဇာ ဆိုတဲ့ စကားရဲ့ မူရင်း စကားလုံးက
 “အနေကဇာတိ သံသာရံ..” စတဲ့
 မြတ်ဗုဒ္ဓရဲ့ ဥဒါန်း စကားတော်က လာတဲ့ စကားပဲ ဖြစ်ပါတယ်
 ဒီ အနေကဇာတိ သံသာရံ မှာပါတဲ့ အနေကဇာတိ ဆိုတဲ့ စကားကိုပဲ
အလွယ်ယူပြီး အနေကဇာတင် တယ်လို့ ပြောကြတာ ဖြစ်ပါတယ်
 ဒီစကားဟာ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီး
သဗ္ဗညုတ ဉာဏ်တော်ကို ရပြီးနောက် ပထမဆုံး ကျူးရင့်တော် မူတဲ့ ဥဒါန်း စကားပဲ ဖြစ်ပါတယ်
အဓိပ္ပါယ်က
“အဖန်ဖန် ပဋိ သန္ဓေ နေရခြင်းသည် ဆင်းရဲ လှစွာ သောကြောင့်
ခန္ဓာအိမ်ကို ဆောက်လုပ် တတ်သူ တဏှာ လက်သမားကို ရှာသော ငါသည်
ထိုတဏှာ လက်သမားကို မြင်နိုင်သော ဉာဏ်ကို မရသေးသဖြင့်
ဘ၀များစွာ သံသရာ ပတ်လုံး ကျင်လည် ခဲ့ရလေပြီ
 ခန္ဓာအိမ်ကို ဆောက်လုပ် တတ်သော ဟယ်… တဏှာ ယောက်ျား လက်သမား…
ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ
 ခန္ဓာအိမ်ကို နောင်တစ်ဖန် သင် ဆောက်လုပ် ရမည်မဟုတ်
သင်၏ ကိလေသာတည်း ဟူသော အခြင်ရ နယ်အားလုံး တို့ကို ငါချိုးဖျက် အပ်ပြီ
အ၀ိဇ္ဇာတည်း ဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ
ငါ၏စိတ်သည် ပြုပြင်ခြင်း ကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ
တဏှာ ကုန်ရာ ကုန်ကြောင်း အရဟတ္တဖိုလ် သို့ရပြီ…" (ဥဒါန၀တ္ထု) ဟူ၍ ဖြစ်ပါတယ်
 မြတ်ဗုဒ္ဓ ဘုရား အဖြစ်ကို ရပြီးချင်းချင်း ကျူးရင့်တော် မူတဲ့ ဒီပုံရိပ်ကို အာရုံပြုပြီး
သဗ္ဗညုတ ဘုရားကို ပူဇော်တဲ့ အနေနဲ့
ဘုရားရှင် ကျူးရင့်တော် မူခဲ့တဲ့ ဒီ အနေကဇာတိ သံသာရံ အစရှိတဲ့
ဘုရား စကားတော်များကို ပြန်လည် ရွတ်ဆိုပူဇော် ကြခြင်းဖြစ်ပါတယ်
 အဲဒါကိုပဲ ဘုရားအနေကဇာ တင်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်
 အလွယ် ပြောရရင် ဘုရား အနေကဇာ တင်တယ်ဆိုတာ
 တန်ခိုးတော် အရာမှာ အတုမရှိတဲ့
ဗုဒ္ဓ ရှင်တော်မြတ်ကို ပူဇော်တဲ့ ပူဇော်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်
 ဒါကြောင့် ဒီ အနေကဇာတိ သံသာရံ အစရှိတဲ့ ဥဒါန်း စကားတော်များကို ရွတ်ဖတ်ပြီး
ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်နည်းကို ဘုန်းကြီးတွေမှ မဟုတ်
 လူတွေလည်း အချိန်မရွေ၊ နေရာမရွေး ဘုရားရှင် ဘုရား ဖြစ်တော် မူမူချင်း
မဟာဗောဓိပင် အောက်မှာ ကျူးရင့်တော် မူတဲ့ အသွင် သန္တာန်ကို အာရုံပြုပြီး
ရွတ်ဆို ပူဇော် နိုင်ကြပါတယ်
 အဲဒီလို ပူဇော်တာကိုပဲ အနေကဇာ တင်တယ်လို့ ပြောမယ်ဆိုရင်
လူတွေလည်း အနေကဇာ တင်နိုင် ကြပါတယ်
ဘာဖြစ်လို့လဲဆိုတော့ ဘုရားကို ပူဇော်တာ ဖြစ်လို့ပါပဲ
 တစ်ချို့က ဘုရား အနေကဇာ တင်တာကို
ဗုဒ္ဓါ ဘိသေက အနေကဇာ တင်တယ်လို့ ဆိုတာ ရှိပါသေးတယ်
ဘုရားကို ဘိတ်သိတ် မြောက်တယ်ပေါ့
 ဒါဟာ ဘုရားကို ဘိတ်သိတ် မြောက်တာ မဟုတ်ပါဘူး
 ဘုရားကို ဘိတ်သိတ် မြောက်ပေးလို့လည်း မရပါဘူး
 ဆင်းတုတော်ကို ထုလုပ်ပူဇော်တဲ့ အရာဝတ္ထုကို သန့်စင်စေတဲ့ သဘောပဲ ဖြစ်ပါတယ်
 ရုပ်ပွားတော် ထုလုပ်ကြတဲ့ အခါမှာ
ထုလုပ်တဲ့ သူတွေဟာ ခြေထောက်နဲ့ ညှက်ပြီး လုပ်ကြတာတို့
ဟိုထားဒီထား၊ ဟိုတင်ဒီတင် လုပ်ကြတာတို့
ဟိုဟာနဲ့အုပ် ဒါနဲ့အုပ် လုပ်ကြတာတို့ ရှိတတ်ပါတယ်
 ပြီးတော့ ထုလုပ်တဲ့ အရာ ၀တ္ထုတွေဖြစ်တဲ့
သစ်သား၊ ကြေး၊ ကျောက် စတာတွေရဲ့ မသန့်ရှင်းမှု တွေလည်း ရှိတတ်ပါတယ်
ဒါကြောင့် ဒီလို မသန့်ရှင်းတာ တွေကို သန့်ရှင်း စေလိုတဲ့ အတွက်
အန္တရာယ်တွေ ကင်းအောင်
 ပြီးတော့ ကိုးကွယ်တဲ့ သူတွေရဲ့ စိတ်အစဉ် သန့်ရှင်းအောင်
စတဲ့ သဘောတွေနဲ့ ဗုဒ္ဓါ ဘိသေက အနေကဇာတင် တယ်လို့ ဆိုတာက ဖြစ်နိုင်ပါတယ်
ဘယ်လိုပဲ ဖြစ်ဖြစ် ဘုရားကိုတော့ ဘိတ်သိပ် မြောက်လို့ မရဘူးဆိုတာ သိစေ ချင်ပါတယ်
 အပြင်အမှောင့် ပယောဂတွေ မသန့် မရှင်း တာတွေကို
သန့်ရှင်းအောင် လုပ်တယ် ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး
ဆိုလိုတာက ဘုရားအနေကဇာ တင်တယ်ဆိုတာဟာ
 ဘုရားရှင်ကို ပူဇော်တာဖြစ်ပြီး
ကိုးကွယ်ခံ ရုပ်ပွား ဆင်းတုတော်ကို စိတ်သန့်အောင် လုပ်တဲ့
သဘော ဖြစ်တယ်ဆိုတာကို ရှင်းရှင်း လင်းလင်း သိစေချင် တာပါ
ဒီလိုလုပ်မှ ကိုးကွယ် ကောင်းတာ၊ ကိုးကွယ် ထိုက်တာ မဟုတ်ဘူး ဆိုတာ သိစေချင်တာပါ
 ဘုန်းကြီးတွေက ရုပ်ပွား ဆင်းတုတော်ကို တန်ခိုး ထက်အောင်၊ ကိုးကွယ်လို့ ရအောင်
လုပ်ပေးတာ မဟုတ်သလို
ဒီလိုမှ မလုပ်ရင် ရုပ်ပွား ဆင်းတုတော်ကို မကိုးကွယ် ကောင်းဘူး
ဆိုတဲ့ အချက်ဟာ လွဲနေတယ် ဆိုတာ သိစေလိုရင်း ဖြစ်ပါတယ်
 အဓိက ကတော့ ရုပ်ပွား ဆင်းတုတော် ဆိုတာ
ပုံတော်ကို မှန်းပြီး ဂုဏ်တော် လွှမ်းနိုင်အောင်သာ ဟန်ပြအဖြစ် ရှိနေတာ ဖြစ်ပြီး
 မိမိတို့ တစ်ဦးချင်းရဲ့ နှလုံးသားမှာ ဘုရား တည်နေ
 ဘုရား ဂုဏ်တော်တွေကို အာရုံပြု ကြည်ညိုမှုတွေ ကပဲ အဓိက ဆိုတာ
 သဘော ပေါက်စေချင်တာ ဖြစ်ပါတယ်
ဒါကြောင့် ဘုရား အနေကဇာ တင်တာတွေကို လုပ်နေကြပေမယ့်
ဘာကြောင့် လုပ်တယ်၊ ဘယ်လို အဓိပ္ပါယ်နဲ့ လုပ်တယ် စတာတွေကို မသိဘဲ
 အများလုပ်လို့ လုပ်နေ၊ လုပ်တဲ့ အခါမှာလည်း တစ်လွဲ အတွေးတွေ
 တစ်လွဲ နားလည်မှုတွေနဲ့ လုပ်ဖြစ်နေကြတဲ့ ဗုဒ္ဓ ဘာသာဝင် အချို့ရဲ့
 လွဲနေတတ်တဲ့ သဘောလေးကို သိပြီး ပြုပြင်နိုင်အောင်
လွဲတတ် တာလေးကို ထုတ်ပြရင်း
 အကယ်၍ မိမိတို့ ကိုယ်တိုင် ဒီလို လွဲနေ ခဲ့ရင်လည်း
အချိန်မီ ပြုပြင်ကြဖို့ တိုက်တွန်းသမှု ပြုကာ
လွဲတတ်တဲ့ အလွဲတစ်ခု အဖြစ် တင်ပြ လိုက်ရပါတယ်။
xxxxxxxxxxx

စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ)

ဘလော့က Labels တွေကို Rss Feed Link Button ပုံစံလေးထားချင်ရင်



Design>Template>Edit HTML >ပြီးရင် ကို အမှန်ခြစ်ပေးပါ။

ပြီးရင် Ctrl+F ကိုနှိပ်ပြီး အောက်က ကုဒ်ကိုရှာပါ။
<b:loop values='data:labels' var='label'>
<li>

ရှာတွေ့ ပြီ ဆိုရင် အဲ့ အောက်မှာ အောက်က ကုဒ်ကို ထည့်ပေးပါ။


<a expr:href='data:blog.homepageUrl + &quot;feeds/posts/default/-/&quot; + data:label.name'><img alt='Subscribe' src='http://www.feedburner.com/fb/images/pub/feed-icon16x16.png' style='vertical-align:middle;border:0'/></a>
ပြီးရင် Save နှိပ်လိုက်ပါ။

အဆင်ပြေကြပါစေ။

AVG AntiVirus Pro 2013 | AVG Internet Security 2013 Incl Serial Keygen

AVG AntiVirus Pro 2013 | AVG Internet Security 2013 Incl Serial Keygen

Screenshot
AVG AntiVirus Pro

AVG Internet Security 
 

Link download
AVG AntiVirus Pro 2013
AVG Internet Security 2013
AVG 2013 Serial key & Keygen
Link password: koskomputer

Tuesday 25 September 2012

Aston Software နဲ့ PC ကိုအလှဆင်မယ်။


ကျွန်တော် ဒီ Software လေးကိုတွေ့ပြီး သဘောကျသွားပါတယ်။ အပေါ်ကပုံမှာ ပြထားသလိုပါပဲ။ Start menu တွေကို လည်း အလှဆင်လို့ရပါတယ်။ ကျွန်တော် ဒါလေးကို ကိုပြည့်ဖြိုး ဆီမှ ရထားပါတယ်။ တော်တော်လေး လည်းကောင်းပါတယ်။ မိမိ ကွန်ပျူတာကို အလှဆင်ချင်သူတွေ အတွက်တော့ တော်တော်လေးကို အသုံးတည့်ပါတယ်။

မိမိထံ မေးလ်ပို့ တိုင်း အော်တို မေးလ်ပြန်ပို့ အောင်လုပ်ထားချင်ရင်

တစ်စုံတစ်ယောက်က မိမိထံ မေးလ်ပို့ တိုင်း အော်တို မေးလ်ပြန်ပို့ အောင်လုပ်ထားတဲ့နည်းလေးပါ ၊၊ မိတ်ဆွေတစ်ယောက်က ပြောပြပါဆိုလို့ တင်ပေးလိုက်ရတာပါ ... သိတဲ့သူအတော်များပါတယ် .. မသိသေးတဲ့သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ် ..အောက်မှာပုံနဲ့ တကွတင်ပေးထားတာမို့ စာနဲ့ ရေးပြီးရှင်းမပြတော့ပါဘူးနော်..
 settings ကိုနိုပ်ပါ ပြီးရင်အောက်ပုံထပ်ကြည့်ပါ


General  မှာ အောက်ဆုံးနားလောက်မှာ Vacation responder: ကို on လုပ်ပေးပြီး Subject:

Message: နေရာမှာ မိမိ ပေးပို့ လိုသောစာသားရေးထည့်ပေးပါ

ပြီးရင် save changes ပေါ့ ... ဒါဆိုရင် သူငယ်ချင်းဆီကို တစ်စုံတစ်ယောက်ကမေးလ်ပို့ လိုက်တာနဲ့  သူ့ ဘာသာအော်တိုစာပြန်ပို့ ပေးသွားမှာဖြစ်ပါတယ် ... ကျေးဇူးတင်ပါတယ် ၊၊

ကိုယ်ပိုင် Laptop အသုံးပြုသူများလိုက်နာသင့်တဲ့အချက်လေးတွေ.....

- Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ။

- အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှု
မရှိပါဘူး။တချို့  သော
Laptop တွေဟာ အထူနဲ့ ထုပ်လုပ်ပြီး တချို့  Laptop တွေကို ပါးလွှာအောင်
ထုတ်လုပ်ကြပါတယ်။
အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး
ကွဲပြားခြားနားမှုတွေ
ရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံး
လုပ်ထားပြီးသား ဖြစ်ပါတယ်။

အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာ တပ် ထားပြီး
ဖြစ်ပါတယ်။ ဒါတွေကို
အသုံးပြုသူတွေဟာ သတိထားကြရပါတယ်။ ဒီ function တွေဟာ power management
တွေမှာ
ပါဝင်ပါတယ်။ အဓိက အပူချိန်ကို ထိန်းဖို့ လုပ်ခြင်းဖြစ်ပါတယ်။

- Laptop တွေကို မျက်နှာပြင်ညီညာတဲ့ နေရာတွေမှာ အသုံးပြုပါ။ မျက်နှာပြင်
မညီညာတဲ့
နေရာတွေမှာ အသုံးပြုပါက အောက်လက်မှာရှိတဲ့ လေဝင်လေထွက်ပေါက်တွေ ပိတ်ပြီး
အပူချိန် တက်ပါလိမ့်မယ်။

- Laptop ဝယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့
keyboard
protector တွေကို ဖယ်ရှားပြီး သုံးပါ။ အောက်ဘက်က fan တွေအတွက်
အပေါ်ဘက်ကနေပြီး လေဝင်၊
လေထွက်တွေကို ပိတ်ထားသလိုဖြစ်နေပါလိမ့်မယ်။

- Laptop fan တွေရဲ့ ဆူညံသံကို နားထောင်ပါ။ Rpm မြင့်လာလေ အသံကျယ် လာလေ
ပါပဲ။ Rpm
ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန် တက်ပြီး fan တွေပို အလုပ်လုပ်လို့
ဖြစ်ပါတယ်။

- Fan တွေမှာ ဖုန်တွေ အမှိုက် တွေကို ၆လ တစ်ခါ၊ ၁နှစ်တစ်ခါ maintain
လုပ်ပေးပါ။ Rpm
ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး Laptop ကို အပူချိန်
တက်လာပါလိမ့်မယ်။

- အရေးအကြီးဆုံး အချက်ဖြစ်တဲ့ Laptop ဝယ်တဲ့အခါမှာ Laptop ကို တပ်မယ့်
သို့မဟုတ် ထည့်သွင်းထားမယ့်
အိတ်ကို ဝယ်ယူဖို့ပါပဲ။ ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်း
မဟုတ်ပါဘူး။ Laptop တစ်ခုလုံးအတွက်
အလေးချိန် ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectroStatic
Discharge), EMI
(Elictromagnetic Interfrence) သို့မဟုတ် RFI (Radio Frequency Interferce)
စတဲ့
ဘေးပြင်ပ နှောက်ယှက်မှု တွေကိုပါ ဝန်ဆောင်မှု တွေ ပေးပါတယ်။
မိမိဝယ်လိုက်တဲ့ Laptop အတွက်
တစ်ပါတည်း ထုတ်လုပ်ထားတဲ့ Laptop ကို ဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်...

ref-nayminkhit

တစ်နေ့ လုံးပြုံးနေစေမဲ့ နည်းလမ်း

နေလည်းမကောင်းဘူး...အသည်းလဲကွဲနေ လို့ ပို့ စ်တွေတောင်မတင်ဖြစ်ဘူး.....
အခု တစ်နေကုန် ပြုံးဖြစ် နေတယ်..နည်းလမ်းတစ်ခုတွေ့ လို့ သွားလို့ လေ..
မျှဝေ လိုက်ပါတယ်။ မယုံဘူးဆိုစမ်းကြည့်ကြပေါ့နော်....
တနေ့ကုန် မျက်နှာပေါ်မှာ အပြုံးတခု ဆင်မြန်းထားဖို့အတွက် ရိုးရိုးရှင်းရှင်း ပစ္စည်းလေး နှစ်မျိုးပဲ လိုပါတယ်...
သားရေကွင်းတစ်ကွင်းရယ်၊ စာရွက်ညှပ်တဲ့ ကလစ် ၂နှစ်ခုရယ်ပါ။
 
          Step 1
 

            Step 2

         And ..Finally.......

  ဟဲ.....ဟဲ....တော်တော်မိုက်သွားပြီနော်။
 အဲဒီ့နည်းလမ်းနဲ့ တစ်နေ့လုံး ပြုံးကြည့်လိုက်ကြပါဦးဗျာ။

Friday 21 September 2012

Antivirus software အလုပ်လုပ်/မလုပ် စစ်ကြည့်ချင်ရင်

ကျွန်တော်တို့ ရဲ့ ကွန်ပျူတာကို Virus တွေ ၀င်ေ၇ာက်နေခြင်းကနေပြီး
အကာအကွယ်ပေးနိုင်ဖို့အတွက် အမျိုးမျိုးသော Antivirus တွေကို အသုံးပြုနေကြပါတယ်။

ကျွန်တော်တို့ အသုံးပြုနေတဲ့ Antivirus လေးကတကယ်ေ၇ာအလုပ်လုပ်၇ဲ့လားဆိုတာ
သိချင်သူများအတွက် အခုပြောတဲ့နည်းလမ်းလေးအတိုင်း စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေသွားပါလိမ့်မယ်။





(1)
အောက်မှာပေးထားတဲ့ code လေးကို notepad ထဲသို့ ကူးထည့်ပြီး Destop ပေါ်တွင်
(မိမိနှစ်သက်ရာတစ်ခု့ ရေးပါ.bat.exe) ဖြင့် save လိုက်ပါ။
ဥပမာ = lin.bat.exe အဲလိုနာမည်ပေးပြီး save လိုက်ပါ။



X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*




(2)
တကယ်လို့ မိမိတို့ အသုံးပြုနေတဲ့ Antivirus လေးက အလုပ်လုပ်တယ် ဆိုရင်တော့
ဒီကောင်လေးကို save လိုက်တဲ့အချိန် မှာ
အဲ့ဒီဖိုင်လေးဟာ  Destop  ပေါ်မှာပေါ်နေမှာမဟုတ်ပဲ ပျောက်သွားပါလိမ့်မယ်။






(3)

ကျွန်တော်တို့ သုံးနေတဲ့ Antivirus က အလုပ်မလုပ်ဘူးဆိုရင်တော့
အဲ့ဒီကောင်လေးကို save လိုက်တဲ့အချိန်မှာ .bat.exe ဆိုတဲ့အမည်နဲ့ ဖိုင်လေးတစ်ခုကို
Destop ပေါ်မှာ တွေရပါလိမ့်မယ်။


ဒါဆို၇င်တော့အခုသုံးနေတဲ့ Antivirus လေးကိုဖြုတ်ပြီး
နောက်ထပ်အသစ်တစ်ခုသာ ပြောင်းသုံးလိုက်ပါတော့..။





အားလုံးအဆင်ပြေကျပါစေခင်ဗျာ...



http://www.mmcfamily.org မှ

Thursday 20 September 2012

G-talk မှာ သူပြောတာကြားရပြီး ကိုယ်ပြန်ပြောတာသူမကြား ရဘူးဆိုရင်


  
ကျွန်တော် Windows 7 မှာ Sound နဲ့ပါတ်သတ်ပြီး တော့ဖြစ်တက်တဲ့ Error လေးကို သူငယ်ချင်း တစ်ယောက် ကိုလဲ လုပ်ပေးဖြစ်ရင်းနဲ့ တကယ်လို့ မိမိတို့မှာ အခုလို Error မျိုးကြုံ လာရင် အလွယ်တကူ ဖြေရှင်းတက် သွားအောင် ရှင်းပြပေးသွားပါမယ်.. ကျွန်တော်တို့ G-Talk ကိုအသုံးပြုတဲ့ အခါမှာ တစ်ခါတစ်လေ ကိုယ်ကဒီက ပြောနေတာကို တစ်ဖက်လူက ကြားရပြီး သူပြောတာကို ကိုကမကြားရတာ မျိုးကြုံဖူး ကြပါလိမ့်မယ်.. ဒါက ကျွန်တော်က အသုံးများတဲ့ G-Talk မှာပြောပြတာပါ.. တစ်ခြား Chat Program တွေမှာလဲ ဒီတိုင်း လိုက်ပြင်ပေး ကြည့်ရင် အဆင်ပြေသွားပါလိိမ့်မယ်.. နောက်တစ်နည်းကတော့ ကျွန်တော်တို့ မိုက်ကိုရှေ့ ပေါက်ကနေ ထိုးပြီးအသုံး ပြုတဲ့အခါမှာ အသံမလာ တာပဲဖြစ်ပါတယ်.. ဒါကတော့ Realtek HD Audio Driver ကိုအသုံးပြု ထားတဲ့သူ တော်တော်များများ ကြုံတွေ့ရတာတွေ့ ရပါတယ်..အဲ့ဒါကို ဘယ်လိုဖြေရှင်း ရမယ်ဆိုတာကိုပါ ကျွန်တော်ရေးပေးသွားပါမယ်..

အရင်ဆုံး ကျွန်တော် မိုက်ကို ရှေ့ပေါက်ကနေ အသုံးပြုပြီး အသံမလာတဲ့ အခါမှာ ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးပါမယ်.. ကျွန်တော်တို့ Realtek ကိုအသုံးပြုတဲ့ အောက်ကပုံ မှာဖော်ပြနေသလိုပဲ Icon လေးပေါ်နေပါလိမ့်မယ်.. အဲ့ဒီကောင်လေးကို ကလစ်လိုက်ပါ.. ပြီးရင် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားသလို လိုက်ပြီးပြောင်းပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်..
အောက်ကပုံလေးကို ကြည့်ကြည့်လိုက်ပါ.. Microphone ပုံလေး ပျောက်နေတာ တွေ့ရပါလိမ့်မယ်..
အောက်ကပုံအတိုင်း မိုက်ကရိုဖုန်း ပုံလေးပြန်ပေါ် လာပြီဆိုရင်တော့ အဆင်ပြေ သွားပါလိမ့်မယ်.. ပြီးရင်တော့  OK ပေးလိုက်ယုံပါပဲ..
နောက်တစ်ချက်ကတော့ G-Talk မှာ သူပြောတာကို ကြားရပြီး ကိုပြောတာကို မကြားရတဲ့ ပြသနာပါ.. ဒါကိုမပြောခင် ကျွန်တော် Sound type တွေနဲ့ ပါတ်သတ်ပြီး သိသင့်တာလေး တစ်ခုပြောပြချင်ပါတယ်. ဘာကြောင့် အခုလိုပြောရလဲ ဆိုတော့ အများစုက အသံမလာတော့ ဘူးဆိုတာနဲ့ ဘာမှမစဉ်စား တော့ပါဘူး.. ရမ်းသမ်းမှန်းသမ်း နဲ့ကလိကြတာများပါတယ်.. အဲ့ဒါမှားပါတယ်.. Sound System ပိုင်းမှာ အဓိကက Input နဲ့ Output ပါပဲ.. Microphone က၀င်မယ်ဆိုရင် Speaker ကနေပြန်ထွက်မှာ ပါပဲ .. ဒါကရိုးရိုးလေးပါပဲ .. နောက်တစ်ခုက သူရဲ့ Sound Type လေးတွေကို သိထားသင့်ပါတယ်.. ကျွန်တော်ပြောနေရင် ရှုပ်နေပါလိမ့်မယ် .. ပုံလေးတွေနဲ့ ကြည့်လိုက်ရင် ပိုနားလည်သွားပါလိမ့်မယ်.. အရင်ဆုံး မိမိတို့ Tab Bar မှာရှိတဲ့ Speaker ပုံလေးကို Right Click ထောက်လိုက်ပါ.. ပြီးရင် Sound ဆိုတာလေးကို နှိပ်လိုက်ပါ.. Sound Option Box လေးပေါ်လာပြီဆိုရင် Playback ကို သွားလိုက်ပါ..
အောက်ကပုံမှာ ကျွန်တော် Sound Type လေးတွေကို မျဉ်းအနီနဲ့  ပြပေးထားပါတယ်.. ကျွန်တော်တို့ မိုက်နဲ့စကား ပြောတဲ့ အချိန်မှာ အဲ့ဒီကောင်လေးတွေကို သတိထားကြည့်ကြည့်ပါ .. မိမိတို့အသုံးပြု နေတဲ့ Sound Type က ညာဘက်မှာ အစိမ်းရောင် တုံးလေးတွေ ပြေးနေမှာဖြစ်ပါတယ်.. ကျွန်တော်တို့ အနေနဲ့ အဲ့ဒီအသုံးပြုနေတဲ့ Sound Type အမျိုးအစားကို Gtalk မှာပါလိုက်ပြီး ပြောင်းလဲပေးဖို့ လိုပါလိမ့်မယ်.. အောက်ကပုံမှာကြည့်ပါ  SB Audigy နဲ့ VIA High Definition Audio ဆိုပြီး နှစ်မျိုးတွေ့ရ ပါလိမ့်မယ်..ကျွန်တော် လက်ရှိသုံးနေတာက VIA High Definition Audio အမျိုးအစားပါ.. ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ G-talk မှာမိမိဆီက အသံမလာတာမျိုးကြုံလာရမယ်ဆိုရင် အခုဒီမှာ မိမိတို့သုံးနေတဲ့ Sound Type အမျိုးအစားကို G-Talk မှာပါ လိုက်ပြောင်းပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်..
နောက်တစ်ချက်  Tab Bar ပေါ်မှ Sound Icon လေးကိုကလစ်လိုက်ပါ .. ပြီးရင် Mixer ကိုနှိပ်လိုက်ပါ.. 
အောက်ကပုံအတိုင်း  Speaker ကိုထောက်လိုက်ရင် ပေါ်လာပါလိမ့်မယ်..ဒီကောင်လေးကို ဘာလို့ ပြရလဲဆိုတော့ ဒီကောင်က ကျွန်တော်တို့ Speaker Out ပါ .. ကျွန်တော်တို့ သီချင်းဖွင့်တာပဲ ဖြစ်ဖြစ် G-Talk ကနေစကား ပြောတာပဲဖြစ်ဖြစ် ထွက်မဲ့အသံက ဒီကောင်လေးကနေ တစ်ဆင့်ထွက်လာမှာပါ.. ဒီမှာလဲ ကျွန်တော် Sound Type တွေကို အနီရောင်နဲ့ ပြပေးထားပါတယ်.. ဒီအောက်ကပုံမှာ Speaker က VIA High Defination Audio ကိုရွေးထားတာ တွေ့ရပါလိမ့်မယ်.. ဘာလို့အဲ့ဒီကောင်ကို ရွေးထားရသလဲဆိုတော့ အပေါ်က ပုံမှာပြန်ကြည့်လိုက်ပါ..  အပေါ်မှာ ကျွန်တော်ပြောခဲ့ပါတယ် .. အခုကျွန်တော့် စက်မှာသုံးနေတဲ့ Sound Type က VIA High Defination Audio ဖြစ်ပါတယ်.. အဲ့ဒီအတွက် ဒီမှာလဲ VIA High Defination Audio ကိုရွေးပေးထားတာပါ .. တကယ်လို့သာ ကျွန်တော်တို့က VIA High Defination Audio ကိုရွေးမပေးပဲနဲ့  Speaker ချင်းအတူတူ SB Audigy ကိုရွေးပေးလိုက်မယ်ဆိုရင် ဘာသံမထွက်မှာမဟုတ်ပါဘူး.. ကျွန်တော်တို့က အပေါ်ကပုံမှာလို Sound Option မှာသွားကြည့်တဲ့အခါ  SB Audigy ကိုရွေးပေးထားတာ ဆိုရင်တော့ အခုဒီပုံမှာလဲ SB Audigy ကိုပဲရွေးပေး ရမှာဖြစ်ပါတယ်.. ဒါမှ မိမိတို့ကွန်ပျူတာက အသံက အပြင်ကိုထွက်လာမှာဖြစ်ပါတယ်.. တကယ်လို့ ကျွန်တော်တို့က Realtek ကိုသုံးထားတယ်ဆိုရင်လဲ ဒီနေရာမှာ Realtek ကိုရှာပြီး ရွေးပေးလိုက် ယုံပါပဲ..

အပေါ်မှာ ရှင်းပြခဲ့သလို မိမိတို့ အသုံးပြုထားတဲ့  Sound Type ကိုသိပြီဆိုရင်တော့ G-Talk ကိုဖွင့်လိုက်ပါ.. ပြီးရင် Setting ကိုသွားလိုက်ပါ.. ဒီနေရာမှာတစ်ခုပြောချင်တာက ဘာ Error မှမတက်ရင် သက်သက်ကြီး လိုက်ပြောင်းပေးစရာမလိုပါဘူး.. ကျွန်တော်အပေါ်မှာပြောခဲ့သလို ကိုယ်ပြောတာကိုကြား ရပြီး သူပြောတာကို မကြားရတာ ပဲဖြစ်ဖြစ် Error တစ်ခုခုကြုံ လာမှသာ ပြောင်းပေးရမှာဖြစ်ပါတယ်..
အပေါ်ကပုံအတိုင်း Input - microphone or headset မှာ မိမိတို့အသုံးပြုတဲ့ Sound Type ကိုရွေးပြီးပြောင်းပေး လိုက်ပါ..ပြီးရင် OK ပေးလိုက်ယုံပါပဲ.. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ဒီလောက်ဆိုရင်တော့ အားလုံးပဲ သဘောပေါက် သွားလိမ့်မယ်လို့ ထင်ပါတယ်..
ကိုနေမင်းမောင်ဆိုဒ်မှ

Wednesday 19 September 2012

ကောင်မလေးဖတ်ဖို့ (၁)

ကောင်မလေး...
နင်ဟာ...ငါ့ရဲ့ကောင်မလေး
ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ 
ပြောခဲ့တယ်နော်...
နင်က ငါ့ရဲ့ကောင်မလေး 
ဖြစ်လာခြင်း...ဖြစ်မလာခြင်းကတော့
အလိုတော်တိုင်းပါ။
ဒါပေမဲ့...
နင်ကတော့ ...
ငါ့ရဲ့ ရင်ထဲက 
ဘယ်တော့မှမမေ့ပဲ 
သေတဲ့အထိ ချစ်နေမဲ့ 
ငါ့ရဲ့ ထာဝရကောင်မလေးပါ။ 

ကောင်မလေး..
မင်းကသူများသုံးပြီးသား
မသုံးဘူးဆို...
ကောင်မလေး မင်းထင်လို့ ပါ..
ငါ့ရဲ့အချစ်တွေကို ...
ဘယ်တုန်းက မှ မသုံးခဲ့ဖူးပါဘူး....
အချစ်ဆိုတာ ငါ့မှာ ရှိမှန်းတောင် 
ငါမသိပါဘူး...
မင်းနဲ့ တွေ့ တော့မှ......
ငါ့မှာ အချစ်ဆိုတာ ရှိတယ် ဆိုတာ
သိခဲ့ရတာပါ ကောင်မလေးရယ်။ 
ကောင်မလေး.....
ငါမဖိတ်ခေါ်ပဲ ငါ့ဘဝထဲကို
ဝင်လာခဲ့သလို .....
ငါမနှင်ထုတ်ပဲ ငါ့ဘဝထဲက
နင်ထွက်သွားတယ်....
”ငါတို့ မချစ်လို့ ဝေးရတာမှ မဟုတ်တာ”ဆိုတဲ့
နင်ရဲ့ စကားတစ်ခွန်းနဲ့ 
ငါကျေနပ်ပါတယ်။ 
 ကောင်မလေး....
မင်းလျှောက်မဲ့လမ်းမှာ
အခက်အခဲမရှိ 
အစစအရာရာ  အဆင်ပြေပါစေလို့ 
ကောင်လေး ဆုတောင်းပေးပါတယ်။
 ဆုံခဲ့ဖူးတဲ့ နေ့ ရက်လေးတွေ
ပြန်တွေးမိတိုင်း
ရင်ခုန်နေလို့  
ခုလည်း...မင်းကို...
လွမ်းနေပါတယ်...
ကောင်မလေး ရယ်.............။  ။
ဖြူးသားလေး
(၂၀-၉-၂၀၁၂) 

Tuesday 18 September 2012

မိမိမွေးတဲ့နှစ်မှာ ကမ္ဘာတစ်လွှားမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ် အပျက်တွေကို သိချင်ရင်

မိမိမွေးတဲ့နှစ်မှာ ကမ္ဘာတစ်လွားမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကို သိချင်ရင် ဟောဒီဝက်ဆိုဒ်လေး ထဲ ၀င်ကြည့်လိုက် ပြီးရင် မွေးတဲ့ခုနှစ်
ကိုရိုက်ထည့်  အဲလိုရိုက်ထည့်ပြီးရင် သူက ပြောပြပါလိမ့်မယ်  သင်မွေးတဲ့နှစ်မှာ ကမ္ဘာတစ်လွှားမှာဖြစ်ပျက်ခဲ့တဲ့အကြောင်း အရာတွေကို အာဇ္ဖ၀န်းရွှင်ရွှင်နဲ့ အဲလေ စီကာပတ်ကုံးပေါ့(စာတွေနဲ့)ပြောပြပါလိမ့်မယ် .....
ဒါပေမယ့် တစ်ခုတော့ရှိပါတယ် ....အင်္ဂလိပ်လိုတော့တတ်ထားမှရလိမ့်မယ် ဟဲဟဲ

ဘလော့ဆိုဒ် မှာ အလှဆင်ဖို့ widget လေးတွေ

 မသိသေးတဲ့ ဘလော့ဂါမိတ်ဆွေ သူငယ်ချင်း တွေအတွက်ပါ။ :)
Currency conversion widget
 Layout>Add a Gadget>HTML/Java Script  မှာ အောက်က ကုဒ်ကို ထည့်ပြီး Save ပေးလိုက်ပါ။


<!-Currency Converter widget - HTML code - fx-rates.net --><div  style="width:104px; background-color: #fff;border:2px solid #888;text-align:center;padding:0px;margin:0px"><div style="margin:0px; padding: 3px 0px 2px 0px;text-align:center;background-color:#ccc;border:1px solid #888;width:102;"><a title="Currency Converter" class="VSlabel" style="text-weight:bold;text-decoration:none;color:#000000;" href="http://fx-rate.net/"><b>Currency Converter</b></a></div><script type="text/javascript" src="http://fx-rate.net/converter.php?size=short&layout=vertical"></script></div><!-end of code-->

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
 ဖုန်းကုဒ်ရှာနိုင်တဲ့ widget

 Layout>Add a Gadget>HTML/Java Script  မှာ အောက်က ကုဒ်ကို ထည့်ပြီး Save ပေးလိုက်ပါ။

 <!-Dial Code widget - HTML code - dialcode.org --><div  style="width:119px; background-color:#fff;border:2px solid #888;align:center;text-align:center">                    <div style="text-align:center;background-color:#5AC96E;border:1px solid #888;width:117px;padding-top:2px;padding-bottom:2px;padding-left:0px;"><a class="label" style="font-size:12px;text-decoration:none;color:#000000;margin-bottom:6px" href="http://dialcode.org/Asia/Myanmar_(Burma)/"><img src="http://dialcode.org/images/countries/mm.png" border=0 style="border:0;margin:0;padding:0">&nbsp;&nbsp;Myanmar (Burma) Dial Codes</a></div><script type="text/javascript" src="http://dialcode.org/dialcode_from.php?size=medium&layout=vertical&country_code=MM"></script></div><!-end of code-->

 ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
 ပြက္ခဒိန် widget

 Layout>Add a Gadget>HTML/Java Script  မှာ အောက်က ကုဒ်ကို ထည့်ပြီး Save ပေးလိုက်ပါ။

 <!-My calendar widget - HTML code - mycalendar.org --><div align="center" style="margin:15px 0px 0px 0px"><noscript><div align="center" style="width:140px;border:1px solid #ccc;background:#fff ;color: #fff ;font-weight:bold;"><a style="font-size:12px;text-decoration:none;color:#000 ;" href="http://mycalendar.org/"> Calendar</a></div></noscript><script type="text/javascript" src="http://mycalendar.org/calendar.php?group=&widget_number=3&cp3_Hex=FFB200&cp2_Hex=040244&cp1_Hex=F9F9FF&fwdt=140&lab=1"></script></div><!-end of code-->
  ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
နာ၇ီ widget
 Layout>Add a Gadget>HTML/Java Script  မှာ အောက်က ကုဒ်ကို ထည့်ပြီး Save ပေးလိုက်ပါ။

 <!-Local Time Clock widget - HTML code - localtimes.info --><div align="center" style="margin:15px 0px 0px 0px"><div align="center" style="width:140px;border:1px solid #ccc;background:#010 ;color: #010 ;font-weight:bold"><a style="padding:2px 1px;margin:2px 1px;font-size:13px;line-height:16px;font-family:arial;text-decoration:none;color:#11ff11 ;" href="http://localtimes.info/Asia/Malaysia/Klang/"><img src="http://localtimes.info/images/countries/my.png" border=0 style="border:0;margin:0;padding:0">&nbsp;&nbsp;Klang Time</a></div><script type="text/javascript" src="http://localtimes.info/clock.php?continent=Asia&country=Malaysia&city=Klang&color=green&widget_number=1000&fwdt=150&mon=1"></script></div><!-end of code-->
 ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
မြန်မာစံတော်ချိန် widget
  Layout>Add a Gadget>HTML/Java Script  မှာ အောက်က ကုဒ်ကို ထည့်ပြီး Save ပေးလိုက်ပါ။

 <!-Local Time Clock widget - HTML code - localtimes.info --><div align="center" style="margin:15px 0px 0px 0px"><div align="center" style="width:140px;border:1px solid #ccc;background:#010 ;color: #010 ;font-weight:bold"><a style="padding:2px 1px;margin:2px 1px;font-size:13px;line-height:16px;font-family:arial;text-decoration:none;color:#11ff11 ;" href="http://localtimes.info/Asia/Myanmar_(Burma)/Rangoon/"><img src="http://localtimes.info/images/countries/mm.png" border=0 style="border:0;margin:0;padding:0">&nbsp;&nbsp;Rangoon Time</a></div><script type="text/javascript" src="http://localtimes.info/clock.php?continent=Asia&country=Myanmar+%28Burma%29&city=Rangoon&color=green&widget_number=1000&fwdt=150&mon=1"></script></div><!-end of code-->
 ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
New Year Countdown Widget

  Layout>Add a Gadget>HTML/Java Script  မှာ အောက်က ကုဒ်ကို ထည့်ပြီး Save ပေးလိုက်ပါ။

 <!-My countdown widget - HTML code - mycountdown.org --><div align="center" style="margin:15px 0px 0px 0px"><noscript><div align="center" style="width:140px;border:1px solid #ccc;background:#fff ;color: #fff ;font-weight:bold;"><a style="text-decoration:none;color:#000 ;" href="http://mycountdown.org/Holiday/New_Year/">New Year Countdown</a></div></noscript><script type="text/javascript" src="http://mycountdown.org/countdown.php?group=Holiday&countdown=New+Year&cp3_Hex=FFB200&cp2_Hex=FF0000&cp1_Hex=FFFFFF&widget_number=3003&fwdt=150&lab=1"></script></div><!-end of code-->
 ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
ဒီဇိုင်းတွေကတော့ မျိုးစုံရှိပါတယ်။ ပိုမိုပြီး လေ့လာစမ်းသပ်ကလိ လေ့လာချင်သေးရင် ဝက်ဆိုဒ်က
 http://localtimes.info ပါ။

အဆင်ပြေကြပါစေ....
တင်စရာစဉ်းစားတာ ဘာတင်ရမှန်းမသိလို့ ရှာကြံတင်လိုက်တာပါ :)
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio