Monday 29 October 2012
ခုနှစ်ရက်သားသမီးများအတွက် ( ၂၉.၁၀.၁၂ ) မှ ( ၄.၁၁.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း
ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်ရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ထီပေါက်တတ်ခြင်းများဖြစ်တတ်
သည်။ ပျော်ရွှင်ေ သာခရီး၊ လေယာဉ်ခရီးသွားရတတ်သည်။ အခန်းပြောင်းရခြင်း၊ အလုပ်နေရာပြောင်းရခြင်းဖြစ်တတ်
သည်။ အလုပ်ပြောင်းချင်စိတ်ဖြစ်နေတတ်သည်။ မပြောင်းပါနှင့်။ ပြောင်းကလက်ရှိအလုပ်ထက်နောက်အလုပ်ကပိုပြီး
စိတ်ညစ်စရာများကြုံတွေ့ရမည်။ စက်ပစ္စည်းများထွက်တတ်သည်။သူခိုးခိုးခံရတတ်ခြင်း၊ငွေပျောက်ခြင်းဖြစ်တတ်သည်။
သတိထားပါ။
ကျန်းမာရေး။ သွေးပေါင်ကျခြင်း အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဖက်ထုတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။   ( ၅ ၉ ၅ ၁)
တနင်္လာသားသမီးများ၏ကံကြမ္မာ
ပြန်ရန်စိတ်ကူးမရှိသေးဘဲ အမိနိုင်ငံမဖြစ်မနေပြန်ရတတ်ခြင်း၊ ငွေအတွက်သောကရောက်ရတတ်ခြင်း၊ ဆုံးဖြတ်ချက်ချ
ရန်တော်တော်ခက်ခဲစရာများဖြစ်နေခြင်းများဖြစ်နေတတ်သည်။ခင်မင်သောမိတ်ဆွေများနှင့်လည်းစကားများရတတ်
သည်။ အလုပ်တွင်လဲလုပ်သမျှလွဲချော်နေတတ်သည်။အစစအရာရာသတိထားပါ။ လူမျိုးခြားများ၏ကူညီမှုရခြင်း၊
ထီပါက်တတ်ခြင်းကိန်းရှိသည်။ ထီစနေနေ့၊ ဗုဒ္ဓဟူးနေ့များတွင်ထိုးပါ။
ကျန်းမာရေး။ ကား၊ ဆိုင်ကယ်တို့ကြောင့်ခြေထောက်ဒဏ်ရာရတတ်သည်။
အချစ်ရေး။ ချစ်သူနှင့်စကားပြောအဆင်မပြေဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လက်ကောက်ဘုရားကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။  ( ၇ ၀ ၄ ၄)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရတတ်ခြင်း၊စက်ပစ္စည်းအဟောင်းများထွက်ပြီးအသစ်များဝင်
ခြင်းဖြစ်တတ် သည်။ ပျော်ရွှင်သောခရီးသွားရတတ်သည်။ ရွှေဝင်မည်။အိမ်ခန်းပြုပြင်ရခြင်းများဖြစ်တတ်သည်။
ငွေပျောက်တတ်သည်။ မိမိသုံးသောမီးသတိထားသုံးပါ။ မီးကြောင့်အမှုအခင်းပြဿနာဖြစ်တတ်သည်။ သားသမီး
ရတနာ ရတတ်သည်။ ကောင်း၏။ငွေများဝင်နေမည်။ ကုန်စရာလဲဆက်တိုက်ဖြစ်နေတတ်သည်။
ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်တတ်သည်။
အချစ်ရေး။ သာယာဖြေင့်ဖြူးနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လက်ဆောင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၄ ၂ ၀ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
လုပ်ငန်းသစ်လုပ်ရန်အကြောင်းပေါ်လာခြင်း၊ လုပ်လျှင်အောင်မြင်မှုမရသေးပါ။ စိတ်ပင်ပမ်းခြင်းဖြစ်ရတတ်သည်။
စက်ပစ္စည်းများဝင်ခြင်း၊ စိန်ပစ္စည်းဝင်ခြင်းဖြစ်တတ်သည်။မြေထွက်ခြင်း၊ ဖုန်းထွက်ခြင်းဖြစ်တတ်သည်။ ကားအ
ဟောင်းထွက်ခြင်း၊ ကားသစ်ဝင်ခြင်းဖြစ်တတ်သည်။ အလုပ်တွင်လက်အောက်ငယ်သားထွက်ခြင်းကြောင့်စိတ်
အနှောင့်အယှက်ဖြစ်တတ်သည်။ မိမိကြိုးစားသလောက်အရာမထင်ဖြစ်နေတတ်သည်။ မကြာခင်အဆင်ပြေပါလိမ့်
မည်။
ကျန်းမာရေး။ လေထိုးလေအောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မိမိရည်ရွယ်နေသူကတယောက်ချစ်သူဖြစ်သွားတာတယောက်ဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွှေရင်အေးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၆ ၂)
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းအပြောင်းအရွှေ့လုပ်ရခြင်းဖြစ်တတ်သည်။ ကားဝင်ခြင်း၊ တိုက်ခန်းအပြေင်းအလဲလုပ်
ရခြင်း များဖြစ်တတ်သည်။ လူမျိုးခြားများ၏နှောင့်ယှက်ခြင်းခံနေရတတ်သည်။ခင်မင်သောမိတ်ဆွေများနှင့်ခွဲခွာရ
တတ်သည်။ လူလိမ်ခံရတတ်ခြင်း၊ လူလုခံရတတ်ခြင်းဖြစ်တတ်သည်။အလုပ်တွင်အနည်းငယ်အတိုက်အခံတွေ
့နေရတတ်သည်။ အစစအရာရာသည်းခံနိုင်သမျှသည်းခံပြီးနေပါ။ ၀င်ငွေကောင်းနေမည်။ အထက်လူကြီးမိမိဘက်
တွင်ရှိနေသည်။
ကျန်းမာရေး။ အဆုတ်နှင့်ပတ်သက်ပြီးဆေးရုံဆေးခန်းသွားရတတ်သည်။
အချစ်ရေး။ မိမိကိုလူမျိုးခြား၊ ဘာသာခြားများမှ အသဲအသန်ချစ်ရေးဆိုခြင်းဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဖာလူဒါကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၁ ၁ ၀ )
သောကြာသားသမီးများ၏ကံကြမ္မာ
ရွှေဝါလက်စွပ်ဝင်ခြင်း၊ ရွှေဖြူဟန်းချိန်းဝင်ခြင်းဆက်တိုက်ဖြစ်နေတတ်သည်။ စီးပွားရေးကောင်းနေသည်။မိမိမိတ်ဆွေ
များကို လည်းငွေကြေးအကူအညီပေးနေရတတ်သည်။ အလုပ်တွင်စိတ်ဖိစီးမှု များဖြစ်နေရတတ်သည်။ နိုင်ငံခြားနှင်
ပတ်သက်သော ကိစ္စများစောင့်နေရသောအချိန်ဖြစ်နေတတ်သည်။နိုင်ငံရပ်ခြားမှမိတ်ဆွေများနှင့်ဆက်သွယ်မှုများ
ရနေရတတ်သည်။ မိတ်ဆွေများကမိမိကိုထားပြီးခရီးဝေးသွားနေတတ်သည်။ အစစအရာရာအဆင်ပြေနေတတ်သည်။
ကျန်းမာရေး။ အကြောနာခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၉ ၇ ၃)
စနေသားသမီးများ၏ကံကြမ္မာ
စိန်ပစ္စည်းဝင်ခြင်း၊ စိန်ဆွဲသီးဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်း၊ အလှူလုပ်ရခြင်း၊ ကိုယ်ပိုင်ဆိုင်ခန်းရခြင်းများဖြစ် တတ်
သည်။ မိမိနှင့်တွဲဖက်စီးပွားလုပ်နေသောသူနှင့်သိပ်အဆင်မပြေဖြစ်နေတတ်သည်။ ရွှေ၊ နာရီထွက်ခြင်း၊ ပြုပြင်ရခြင်း
ဖြစ်တတ်သည်။ မြေနှင့်ပတ်သက်ပြီးစကားပြောရတတ်ခြင်း၊ ကြာသပတေးနံများကြောင့်စိတ်ညစ်စရာဖြစ်ခြင်းဖြစ်တတ်
သည်။ အရေးကြီးစာရွက်စာတမ်းပျောက်ခြင်း၊လက်အောက်ငယ်သားကြောင့်စိတ်တိုင်မကျဖြစ်ခြင်းဖြစ်နေတတ်သည်။
မိမိကံကြောင့်ဖြစ်သည်။ သည်းခံပါ။
ကျန်းမာရေး။ သွားနှင့်ပတ်သက်ပြီးသွားဆေးခန်းမကြာခဏသွားနေရတတ်သည်။
အချစ်ရေး။ မိမိချစ်သူကလေထဲတွင်အချစ်သစ်များနှင့်ကြူနေသောကြောင့်စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နွားနို့ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၈ ၅ ၀)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- 016 6903 513 ,018 2250 510
၃နှစ်သား မြန်မာကလေးငယ် ရဟန်းတော်ကြီးတစ်ပါးလို တရားတွေဟောနေ သောဗွီဒီယိုဖိုင်
 Youtubeတွင်ပျံ့နှံ့နေသည့်အသက် ၃ နှစ်အရွယ်သာ ရှိသေးသော ကလေးငယ်၏ ရဟန်းတော်ကြီးတစ်ပါးလို တရားတွေဟောနေ သောဗွီဒီယိုဖိုင်
အသက် ၃ နှစ်ကျော် ယောင်္ကျားလေး တဦးဟာ ထူးခြားတဲ့ ပါရမီ ရှင်လေးဖြစ်မယ်လို့ ပြောနေကြပါတယ်။ 
အသက် ၃ နှစ်တာ ကလေးငယ်တဦးက ရဟန်းတော်ကြီးတပါးလို တရားတွေဟော၊ သီလတွေ ပေးပြီး 
တကယ့် မထေရ်ကြီးလို ဟောပြောနေတာကို Cho Yee ရဲ့ အင်တာနက်ဖေ့စ်ဘုတ် စာမျက်နှာမှာ 
တင်ထား တာ လူကြိုက်အလွန်များလျှက် ရှိပါတယ်။ 
တချို့ မှတ်ချက်ရေးသူတွေကလည်း မထေရ် တပါးပါး လူပြန်ဝင်စားတာလားလို့ ရေးသားထားကြပါတယ်။
 ဘာပဲပြောပြော ဒီ ဗီဒီယို ရုပ်မြင်သံကြားကို ကြည့်ပြီး ပင်ပန်းနွမ်းနယ်မှုတွေ ပြေလျော့သွားမယ်လို့ 
ယုံကြည်လို့ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။
အောက်ကတော့ youtube မှာပေးထားတဲ့မှတ်ချက်လေးတစ်ခုပါ။
တကယ်ပဲ ဆရာတော်ကြီးတစ်ပါး ပျံလွန်တော်မူလို့ ၀င်စားတယ်
ထင်ပါတယ် . . . . ကလေးကို ရီစရာတစ်ခုလို သဘောထားနေတာ .. စိတ်မကောင်းဘူး . .
သေချာမေးစမ်းနိုင်ရင် . . .အရင်ဘ၀ကအကြောင်းတွေ သိနိုင်ပြီး ဗုဒ္ဓဘာသာအတွက်ပါ
အများကြီး အထောက်အကူဖြစ်နိုင်တယ်လို့ ထင်မိပါတယ် . . .
မြတ်စွာဘုရားဟောခဲ့သလို လူတွေမှာ အတိတ်ဘ၀ရှိတာ နောင်ဘ၀ဆိုတာ တကယ်ပဲရှိတယ်ဆိုတာ
.. ဒီကလေးက သက်သေပါပဲ . . .
တန်ဖိုးရှိတဲ့ အထောက်အထားတစ်ခုပါ . .
Sunday 28 October 2012
cmd Box ၏ Background နှင့် Text အရောင်ပြောင်းနည်း
ကျွန်တော်တို့  ကွန်ပျူတာတွေမှာ ပါလာတဲ့ cmd box တွေက အပေါ်ကလိုပါ။အဲ့လို အရောင်မဲမဲကြီးပေါ်မှာ စာလုံးအဖြူတွေ နဲ့  တွေ့ မြင်ရတာ ရိုးအီနေလောက်ပါပြီ။အသစ်အဆန်းဖြစ်သွားအောင် ကာလာလေးတွေ ပြောင်းကြည့်တာပေါ့နော် :P
သိပြီးသားညီအစ်ကိုမောင်နှမတွေက တော့ ကျော်သွားပေးကြပါ။မသိသေးသောညီအစ်ကိုမောင်နှစ်မများ အတွက်ရည်ရွယ်ပါတယ်။
ပထမဦးဆုံး အရင်ဆုံး Start ကနေ Run Box (သို့မဟုတ်) Window + R ကိုနှိပ်ပြီး Run Box လေးကိုခေါ်လိုက်ပါ။ပြီးနောက် Run Box ထဲမှာ cmd ဟုရိုက်ပြီး OK ကိုနှိပ်ပါ။
ပြီးရင် ကျလာတဲ့ Box ရဲ့ဘားတန်းလေးမှာ Right Click ထောက်ပြီး ပေါ်လာတဲ့အထဲက Properties ကို ရွေးပြီးကလစ်ပေးပါ။
နောက်ထပ် Box တစ်ခုကျလာပါလိမ့်မည်။ပေါ်လာတဲ့အထဲက Colors  ကိုရွေးပေးပြီး OK ကိုနှိပ်လိုက်ပါ။
ပြီးရင် စာသား အရောင်ပြောင်းဖို့ အတွက် Screen Text အရှေ့က အဝိုင်းမှာ အစက်လေးချပါ။ပြီးရင် မိမိကြိုက်နှစ်သက်တဲ့ Colors ရွေးပြီး OK ကိုနှိပ်ပါ။
ပြီးရင် Background Colors ပြောင်းဖို့ အတွက် Screen Background ရှေ့က အဝိုင်းလေးမှာအစက်လေးချပါ။ပြီးရင် မိမိကြိုက်နှစ်သက်သောအရောင်ရွေးပြီး OK ကိုနှိပ်ပါ။
ဒါဆို cmd box ကို background ကာလာ နှင့် စာသား ကာလာ ပြောင်းပြီးသွားပါပြီ။
window XP မှာပြောင်းနည်းကလည်း အတူတူပါပဲ...စမ်းသပ်ကလိကြကုန်..
နည်းပညာကျွမ်းကျင်လိုလျှင်..ကွန်ပျူတာအား
များများကလိလေ...
ကလိလေတတ်လေ..များများကလိလေ
အခန့် မသင့်ရင်..စက်ပျက်တတ်ပေ..
စက်ပျက်လျှင်..အသစ်ဝယ်လေ
အဆင်ပြေကြပါစေ..... :P
Saturday 27 October 2012
သံဃာတော်တစ်ပါး အကြိတ်ခွဲစိတ်ရန် လိုအပ်နေပါသဖြင့် ကုသိုလ်ပြုနိုင်ကြစေရန် အတွက် မိတ်ဆွေများ မျှဝေပေးစေချင်ပါသည်။
စစ်ကိုင်းမြို့နယ်၊ မယ်ဇလီချောင်းကျေးရွာမှ ဆရာတော်ကြီးသည် လွန်ခဲ့သော (၂)နှစ်ခန့်က ပါးမှာ အကျိတ်သေးသေးလေးထွက်ရာမှ ယခုအခါ ပုံမှာမြင်ရသည့်အတိုင်း အကျိတ်ကြီးရှေ့မှာတစ်ခု နောက်စေ့မှာတစ်ခု ဖြစ်လျက်ရှိပါသည် ။
ဘ၀အလင်းမှလည်း တတ်စွမ်းသမျှပံ့ပိုးကူညီသွားဘို့ ဆုံးဖြတ်ထားပါသည် ။သို့ပါသော်လည်း နည်းပညာအကူအညီ လိုအပ်လျက်ရှိပါသည် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ပါက ဘ၀အလင်းသို့ ဆက်သွယ်ပေးကြပါရန်နှင့်ငွေ ကြေးပါဝင်လှူဒါန်းလိုပါကလည်း ထည့်ဝင်လှူဒါန်းနိုင်ပါသည်။ ဘ၀အလင်းဆရာတော် 09-2035936
(မောင်ကျောက်ခဲ အဖွဲ့)
အေးချမ်းမွန်မှ shannews တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :shannews
မိမိကြိုက်နှစ်သက်သော ဝက်ဆိုဒ်ကို Desktop ပေါ်မှာ Shortcut လေးလုပ်ပြီး အမြန်သွားချင်ရင် :)
မိမိကြိုက်နှစ်သက်တဲ့ ဝက်ဆိုဒ်တွေ ကို Desktop ပေါ်မှာ shortcut လေးလုပ်ပြီး အမြန် သွားလို့ ရအောင်လုပ်နည်းလေးပါ။ကျွန်တော်တို့  ဝက်ဆိုဒ်တစ်ခု ဖွင့်မယ်ဆိုရင် ဘရိုဇာကို အရင်ဖွင့်ရပါတယ်..ပြီးရင် ဝင်ချင်တဲ့ ဝက်ဆိုဒ် နာမည် (သို့ )လင့်ကို ရိုက်ရပါတယ်...Enter ခေါက် (သို့ ) Search ကို မောက်စ် နှင့်ကလစ်ရပါတယ်။အဲ့လို ဆို အချိန်လည်းကြာပါတယ်...ပင်လည်းပင်ပန်းတာပေါ့နော်။ဒါကြောင့် Desktop ပေါ်မှာ မိမိသွားချင်တဲ့လင့်ကို Shortcut လေးလုပ်ပြီး ထားလိုက်ရင် အဲ့ ဒုက္ခတွေက ကင်းသွားမယ်ထင်ပါတယ်။ :P  { Bookmark လုပ်ပြီးမှတ်ထားလို့ တော့ရပါတယ်..ဒါပေမဲ့ Bookmark လုပ်ပြီး မှတ်ထားတာ များရင်လည်း ဘရိုဇာတွေအလုပ်လုပ်တာလေးသွားတတ်ပါတယ်...(Complain တက်မှာဆိုးလို့ ကြိုတင်ဖြေရှင်းခြင်း) :) }
သိပြီးသားသူတွေကတော့ ကျော်သွားကြပါ။မသိသေးတဲ့ညီအစ်ကို မောင်နှမ များအတွက် ရည်ရွယ်ပါတယ်။
ပထမဦးဆုံး Desktop ပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့အထဲက New ကိုကလစ် ပြီးရင် Shortcut ကိုဆက်ကလစ်လိုက်ပါ။
ပြီးရင် ပေါ်လာသော Box တစ်ခုကျလာပါလိမ့်မည်။ကျလာသော Box ထဲမှ Type the location of the item: အောက်ရှိ အကွက်ထဲတွင် မိမိ ထည့်ချင်သော ဝက်ဆိုဒ်ရဲ့လင့်ကို ထည့်ပေးပါ။ပြီးရင် Next ကို နှိပ်ပါ။
ပြီးရင် Create Shortcut ဟူသော Box တစ်ခုကျလာပါလိမ့်မည်။ထို Box ထဲရှိ Type a name for this shortcut: အောက်ရှိ အကွက်ထဲတွင်ရှိသော New Internet Shortcut ကို ဖျက်ပြီး မိမိ မှတ်လိုသော နာမည် နှင့် မှတ်ပါ(မြန်မာလိုတော့မရပါ)။ပြီးရင် Finish ကို နှိပ်ပါ။မိမိပေးလိုက်သော နာမည်အတိုင်း Desktop ပေါ်တွင် ပေါ်ပါလိမ့်မည်။
ကျွန်တော်က goldenmyanmarparadise လို့ ပေးလိုက်တော့ Desktop ပေါ်မှာ goldenmyanmarparadise လို့ ပေါ်နေတာပါ shortcut လေးက :)
ထို Shortcut လေးကို ကလစ်ပြီး မိမိ မှတ်ထားတဲ့ ဆိုဒ်ကို ဂူဂဲလ် မှာ ရိုက်ရှာစရာမလို ဘရိုဇာ ဖွင့်စရာမလို ပဲ အလျင်အမြန် ဖွင့်နိုင် သွားနိုင်ပါကြောင်း (ကွန်နက်ရှင် မကောင်းရင်တော့ မသိ :P )
အဆင်ပြေကြပါစေ.....
ဂျောက်ဂျက်-တိုင်းသိပြည်သိ
Friday 26 October 2012
ဘလော့ပြုလုပ်နည်း စာအုပ်လေးတွေ ပြန်တင်ပေးလိုက် ပါတယ် :)
ကျွန်တော် အရင်တင်ထားတဲ့ ဘလော့လုပ်နည်း စာအုပ်နှစ်အုပ်က လင့်သေသွားလို့  အခု အရင်တင်ထားတဲ့လင့်က စာအုပ်တော့မဟုတ်ဘူးပေါ့...ကိုအာကာဖြိုးရဲ့  ဘလော့အလှဆင်နည်းစာအုပ်ရယ်..ကိုနေမင်းမောင်ရဲ့ ဘလော့ဆိုဒ်ပြုလုပ်နည်းစာအုပ်ရယ်ပါ။လိုအပ်သူများ ယူသွားကြပေါ့နော်
ကိုနေမင်းမောင်ရဲ့ဘလော့ပြုလုပ်နည်းစာအုပ်ဒေါင်းရန်
ကိုအာကာဖြိုးရဲ့ဘလော့အလှဆင်နည်းစာအုပ်ဒေါင်းရန်
ဘလော့တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့်  Prewiew Docs
ဘလော့လုပ်နည်းစာအုပ် (စေတန်ဂေါ့)  Prewiew Docs
အဆင်ပြေကြပါစေ...
Box ဝက်ဆိုဒ် (သို့ မဟုတ်) ဖိုင်၊သီချင်း၊ဆော့ဝဲလ် တွေ သိမ်းဆည်းလို့ ရတဲ့နေရာ
သူငယ်ချင်းတို့ ရဲ့ ဖိုင်တွေ၊သီချင်းတွေ၊ဗွီဒီယိုတွေ ..အစရှိသည်တို့ ကို အွန်လိုင်းပေါ်မှာ သိမ်းဆည်းထားနိုင်တဲ့ဝက်ဆိုဒ်လေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်လို့ ပါ။
သိမ်းဆည်းနိုင်တဲ့ ဖိုင် ပမာဏ ကတော့ 5GB ထဲပါ။
ထုံးစံအတိုင်းပေါ့ သိပြီးသား ညီအစ်ကိုမောင်နှမ များက ကျော်သွားကြပါ...ကျွန်တော့်လို မသိသေးတဲ့ ညီအစ်ကိုမောင်နှမတွေ အတွက်ရည်ရွယ်ပါတယ်။
ပထမဦးဆုံး ဒီနေရာလေးကနေသွားလိုက်ပါ။
Register လုပ်ဖို့ လိုပါတယ်။ Register လုပ်ဖို့ အတွက် Sign Up ကိုနှိပ်လိုက်ပါ။
ပြီးရင် Personal အောက်နားမှာရှိတဲ့ Sign Up Now ကို ဆက်ကလစ်ပေးပါ။
ဖြည့်ရမဲ့နေရာလေးတွေမှာဖြည့်ပြီး Continue ကို ဆက်နှိပ်ပေးပါ။
အောက်ကပုံလေးတွေ အတိုင်းဆက်ကြည့်သွားလိုက်ကြပါ။
အဲ...စာပါရေးမှ.....တစ်ခါ အပြောခံထားဖူးလို့  ကြောက်၏။
Select a Box plan: အောက်ရှိ Personal ရှေ့က အဝိုင်းတွင် မောက်စ်နှင့်ကလစ်ပြီး အစက်လေးထည့်ပေးလိုက်ပါ။ထည့်ပြီးသားဆိုရင်တော့မထည့်ပေးနဲ့ ပေါ့လေ။
ဒါဆိုရင် မိမိ အကောက်ဖောက်တာ အောင်မြင်သွားပါပြီ။ မိမိအကောက်ကို Verify လုပ်ဖို့ အတွက် မိမိ ဂျီမေးလ်ကို ပြန်ဖွင့်ပြီး Box က ပို့ ထားတဲ့ မေးလ်ကို ဖွင့်၍ သူပေးထားသော လင့် (သို့ မဟုတ်)Verify Your Email ကို ကလစ်ပြီး activate လုပ်လိုက်ပါ။
အောက်ကပုံကတော့ Verify လုပ်ပြီးသွားရင် ပေါ်လာမဲ့ပုံပါ။ပုံထဲရှိ Log in and Get Started ကိုကလစ်ပြီးဆက်သွားလိုက်ပါ။Welcome to Box ဆိုပြီး Box တစ်ခု တက်လာပါလိမ့်မည်။ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ် လေးကို ကလစ်ပြီး ပိတ်လိုက်ပါ။
Upload ကို နှိပ်ပြီးတော့ မိမိ တင်ချင်သော ဆော့ဝဲလ်၊သီချင်း၊ဓါတ်ပုံ အစရှိသည်တို့ ကို 5GB မပြည့်မချင်းတင်နိုင်ပါပြီ။
Upload ကို နှိပ်ပြီး လျှင် File Upload ဆိုပြီး Box တစ်ခုကျလာပါလိမ့်မည်။မိမိတင်ချင်သော ဖိုင်ရှိသောနေရာ သို့ သွားပြီး ရွေးပြီးလျှင် အောက်ခြေမှာရှိသော Open ကို နှိပ်ပါ။
Open ကိုနှိပ်လိုက်ရင် Upload Files ဆိုပြီး Box တစ်ခုကျလာပါလိမ့်မည်။ထပ်ပြီးတော့ ဖိုင်တွေ တင်ချင်သေးရင် +Add more files ကို ကလစ်ပြီးတင်ပါ။ ပြီးလျှင် အောက်ခြေမှာရှိတဲ့ Upload ကို နှိပ်လိုက်ပါ။
အောက်ကပုံကတော့ Upload လုပ်နေတဲ့ပုံပါ။ Upload လုပ်ပြီးတဲ့အထိ စောင့်လိုက်ပါ။:P
အောက်ကပုံကတော့ Upload လုပ်တာပြီးသွားရင် ပေါ်မဲ့ပုံပါ။ မိမိတင်လိုက်သော ဆော့ဝဲလ် ကို ပြန်ရှယ်ချင်လျှင် Share ကို နှိပ်ပါ။
ထိုအခါ Link to this file ဆိုသော စာတန်းရဲ့ ညာဘက်ရှိ အကွက်ထဲတွင် မိမိ တင်ထားသော ဆော့ဝဲလ်ရဲ့လင့်ပေါ်လာပါလိမ့်မည်။ထိုလင့်ကို ကူးပါ။မိမိတင်မည့်ဆိုဒ်၊ဘလော့စပေါ့ အစရှိသည့်နေရာတို့ တွက် ပို့ စ်တင်သည့်နေရာတွင် Link ဆိုတာရှိပါသည်။ Link ကို နှိပ်ပြီး Link URL နေရာမှာ မိမိ Copy ကူးထားတဲ့လင့်ကို ထည့်ပြီး Link TEXT နေရာမှာ “ဒီနေရာမှာဒေါင်းပါ“ “ဒီကိုသွားပြီးဒေါင်းပါ“  အစရှိသဖြင့်ရေးပြီး မျှဝေနိုင်ပါတယ်။
အဆင်ပြေကြပါစေ.......
Thursday 25 October 2012
မလေးရှားတွင် ကားတိုက်ခံရပြီး အတိတ်မေ့နေသူ မိန်းကလေး(ဒီသတင်းကို နီးစပ်ရာ မလေးရှားရောက် ရွှေညီကို မိတ်ဆွေများ သူငယ်ချင်းများ အားလုံး Share ပေးကြပါရန် ............)
(ကပုန်း၊အောက်တိုဘာ၂၄) ဖော်ပြပါ ဓာတ်ပုံပိုင်ရှင်သည် မြန်မာ မိန်းကလေး တစ်ဦးဖြစ်ပြီး ၂၇.၉.၂၀၁၂ နေ့ မလေးရှားနိုင်ငံတွင် ကားတိုက်ခံရပြီး ဦးခေါင်းတွင် ဒါဏ်ရာအပြင်းအထန် ခံစားနေရသော အတိတ်မေ့နေသူ အမည်မသိ မိန်းကလေး တစ်ဦး၏ ဓါတ်ပုံဖြစ်ပါသည်။
ယခုလက်ရှိ စွန်ဂိုင်းဘလို့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေလျက်ရှိပြီး ဓာတ်ပုံပိုင်
ရှင်၏ ညီအစ်ကို မောင်နှမ မိသားစုများနှင့် အဆက်အသွယ် ရရှိရေးအတွက် ကပုန်း(၇)ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှ မေးမြန်းစုံစမ်း ကူညီပေးနေကြောင်း သိရှိရပြီး အသေးစိပ် အချက်အလက် များကို အောက်ပါ ဖုန်းနံပတ်များသို့ ဆက်သွယ် ကူညီပေးနိုင်ကြောင်း သိရှိရပါသည်။
ဓာတ်ပုံပိုင်ရှင်နှင့် သိသူများ ကျေးဇူးပြု၍ ဆက်သွယ်ပေးကြပါ။ ဒီသတင်းကို နီးစပ်ရာ မလေးရှားရောက် ရွှေညီကို မိတ်ဆွေများ သူငယ်ချင်းများ အားလုံး Share ပေးကြပါရန် အကူအညီ တောင်းခံ အပ်ပါသည်။
ကပုန်း(၇)ရက်သားသမီး နာရေးကူညီမှု အသင်း (မလေးရှား) ဖုန်း ၊ ၀၁၆ ၆၅၇ ၇၉၀၃ - ၀၁၂ ၃၅၂ ၈၃၂၆ - ၀၁၀ ၇၇၁ ၇၉၄၉
ref;online radio media
Wednesday 24 October 2012
FastStone Capture v7.3 Final | 2.40 MB
Desktop ပေါ်မှာကိုယ်လုပ်ဆောင်ချက်မှန်သမျှကို Screenshot ဖမ်းမယ်..ဒါမှမဟုတ် လုပ်ဆောင်ချက်တွေကို
ကိုယ့်စကားသံ ၊ သီချင်းသံတွေနဲ့Video မှတ်တမ်းတင်ချင်တယ်ဆိုရင်တော့ ဒီကောင်လေးသုံးလိုက်ပါ.
Resize, crop, rotate, sharpen, brighten, adjust colors,watermarks
Save in BMP, GIF, JPEG, PCX, PNG, TGA, TIFF and PDF formats
   အဆင်ပြေကြပါစေ..
ref-ဇွဲကပင်မြေ 
Vtok - Google VideoChat (Beta) For Android
ကျွန်တော် တို့  android ဖုန်းတွေမှာပါတဲ့ ဂျီတော့ က ဖုန်းပြောလို့ မရပါဘူး...ဖုန်းပြောချင်ရင် ဒီဆော့ဝဲလ်လေးကို သုံးသင့်တယ်လို့ အကြံပြုပါရစေ...မိမိဖုန်းမှာ ဒီ Vtok ဆော့ဝဲလ်ထည့်ထားရုံနှင့် တစ်ဖက်က ကွန်ပျူတာ နှင့် ဂျီတော့ သုံးနေသူထံသို့  ဖုန်း (သို့ မဟုတ်) ဗွီဒီယို Call ဖရီးခေါ်နိုင်ပါသည်။
စမ်းသပ်ကလိသုံးစွဲချင်ရင်
Google play store မှဒေါင်းရန် (For Android)
အိုင်ဖုန်းအတွက်ဒေါင်းရန်လင့်(For iPhone)
အဆင်ပြေကြပါစေ....အခုလောလောဆယ်တော့ ဖိုင်တွေကို ကိုယ်တိုင် Upload မတင်နိုင်သေးလို့ ...လင့်တွေပဲ ညွှန်းနေတာပါ။အဆင်မပြေရင်လည်း ကွန်မက်မှာ ဖြစ်ဖြစ်..ချက်ဘောက်မှာဖြစ်ဖြစ် ပြောခဲ့ပေးပါ။
SMS For MM (မြန်မာ SMS) for Android
Android ဖုန်းတွေမှာ မြန်မာစာသွင်းထားစရာမလိုဘဲ တစ်ဖက်ဖုန်းကနေမြန်မာလိုပို့လာတဲ့ Message တွေကိုမြန်မာလိုမြင်နိုင်၊မြန်မာလိုပြန်ရိုက်နိုင်တဲ့ Message application လေးဖြစ်တဲ့ SMS for MM (မြန်မာ SMS) for Android ကိုတင်ပေးလိုက်ပါတယ်။ Message တွေကို မြန်မာစာမလိုဘဲ မြန်မာလိုဖတ်ရှုနိုင်သလို ၊ message ၀င်လာတဲ့အခါမှာလည်း Pop-up Window လေးနဲ့ Message ကိုဖတ်ရှုနိုင်ဦးမှာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုဖို့ ဖုန်းကို root လုပ်ထားစရာလည်းမလိုပါဘူး ။ ဒီဆော့ဝဲလေးထဲမှာ မြန်မာစာရိုက်ဖို့ကတော့ Frozen Keyboard လိုမြန်မာစာကီးဘုတ်တစ်ခုခု ဖုန်းထဲမှာသွင်းထားရမှာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကို Android Developer ‘Ko Joe Win’ ကရေးသားထားတာဖြစ်ပါတယ်။ SMS for MM ကိုအောက်က link မှာရယူနိုင်ပါတယ်။
SMS For MM (မြန်မာ SMS) for Android အားရယူရန်
ref;Myanmar Mobile Application Store  မှ
Related Posts Plugin for WordPress, Blogger...
Like ခြင်းဖြင့် အားပေးပါ :)
mumcradio