Friday 30 November 2012

ကွန်ပျူတာမှာပါတဲ့ Disk Cleanup Drive လေးအကြောင်း (မသိသေးသူများအတွက်သာ)

မင်္ဂလာပါ နော် သူငယ်ချင်းတို့ .... ကျွန်တော် ယခုတင်ပြတဲ့အကြောင်းအရာလေးကတော့ window xp မှာပဲဖြစ်ဖြစ် window 7 မှာပဲ ဖြစ်ဖြစ် ကွန်ပျူတာမှာ တစ်ခါတည်းပါလာတဲ့ Disk Cleanup Drive လေးရဲ့အကြောင်းနှင့် အသုံးပြုပုံလေးအကြောင်းပါ။(ကျွန်တော်သိသလောက်ပါ....လိုအပ်တာရှိရင်လည်း ပြောပြကြပါနော်)
Disk Cleanup Tool ဟာ သင့် ကွန်ပျူတာအတွင်းရှိ hard disk ရဲ့ ဆုံးရှုံးသွားတဲ့ နေရာလွတ်များ ပြန်လည် ရရှိအောင် အကူအညီပေးတဲ့ disk scanner utility တစ်ခုပဲ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ file များကိုလည်း လုံခြုံစိတ်ချ စွာနဲ့ ရှာဖွေဖယ်ထုတ် ပစ်နိုင်ပါတယ်။ ဥပမာ- ယာယီပြုလုပ်ပြီး ထည့်ထားသည့် ဖိုင်များပင် ဖြစ်ပါတယ်။ သို့ပေမယ့် လည်း ယင်းကဲ့သို့ file များအား ဖျက်ပစ်ရန်ဆိုသည်မှာ သင့်ရဲ့ရွေးချယ်မှု အပေါ်မှာသာ တည်ပါသည်။ သင့်ရဲ့ hard disk ပေါ်မှာ နေရာလွတ်များ ပိုမိုရရှိစေရေးအတွက် disk cleanup tool ဟာ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ပြုလုပ်ပေးနိုင်ပါတယ်။
(၁) Temporary Internet files များကို ဖယ်ထုတ်ခြင်း။
(၂) Download Program များကို ဖယ်ထုတ်ခြင်း။
(ဥပမာ- အင်တာနက်ထဲမှ download လုပ်ထားတဲ့ Active X controls, Java applets..)
(၃) Recycle Bin အမှိုက်ပုံးထဲမှ ဖိုင်များကို ဖယ်ထုတ်ခြင်း။
(၄) Windows ရဲ့ temporary file များကို ဖယ်ထုတ်ပေးခြင်း။
(၅) သင်မသုံးတော့တဲ့ windows မှာ ပါဝင်လာတဲ့ file စနစ်များကို ဖယ်ထုတ်ပေးခြင်း။
(၆) Install လုပ်ထားပြီး ကာလကာမြင့်စွာ မသုံးပဲထားသည့် program များကို ဖယ်ထုတ်ပေးခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို Disk Cleanup က အခြားသော software များရဲ့ အကူအညီကို မယူပဲ Temporary File များကို အလွယ်တကူ ဖျက်ပေးနိုင်ပါတယ်။

Temporary File ရဲ့ သဘောကလည်း hard disk ထဲမှာ အချိန်ကြာလာတာနဲ့အမျှ temporary file တွေ ပွလာ ပါတယ်။ Temporary File ဆိုတာက ကျွန်ုပ်တို့ Application တွေကိုသုံးပြီး computer ကို ခိုင်းတဲ့နေရာမှာ အဲဒီ application တွေက လူတွေခိုင်းတာကို ပြီးမြောက်စေဖို့ Temp File တွေ hard disk ထဲမှာ သွားဖွင့်ပါတယ်။ ယင်း application များဟာ hard disk ထဲမှာ Temp File တွေကို ထုတ်ပြီး အလုပ်လုပ်စဉ် တစ်ခါတရံမှာ application ထဲက မထွက်ခင် ရုတ်တရက် မီးပျက်သွားခြင်း၊ restart ကျခြင်း စတာတွေဖြစ်ပေါ်တတ်ပါတယ်။ ယင်းကဲ့သို့ ဖြစ်ပြီး temp file များဟာ မပျက်တော့ပဲ hard disk ထဲမှာ ကျန်ရှိသွားပါတော့တယ်။ ကြာလာတဲ့အခါမှာ ဒီ temp file တွေဟာ hard disk မှာ များလာပြီး ကွန်ပျူတာအတွက် မလိုအပ်တော့တဲ့ ယာယီမှတ်သားထားတဲ့ file အပိုလေးတွေ ဖြစ်လာပါတယ်။ ယခုလို မကြာမကြာ ဖြစ်ခဲ့ပါက temp file များရဲ့ နေရာယူမှုဟာ ကွန်ပျူတာရဲ့ free space တွေကိုတောင် ခြိမ်းခြောက်လာပါလိမ့်မယ်။

ဒါဆိုရင် ယင်းကဲ့သို့ မဖြစ်စေပေါ်စေရန်မှာ temp file များကို ဖျက်ဖို့ အခြေအနေအရ လိုအပ်လာပါပြီ။ သူ့ကို လည်း တစ်ခန်းဝင် တစ်ခန်းထွက် လိုက်လံပြီး ဖျက်ဖို့ မလိုပါဘူး။ Windows မှာ ပါရှိပြီးသား Disk Cleanup နဲ့ပဲ temp file အားလုံးကို တစ်စုတစ်စည်းထဲ ဖျက်လို့ရနိုင်တဲ့အတွက် များစွာ အဆင်ပြေစေပါတယ်..။

ဒါဆိုရင် Disk Cleanup ရဲ့ လုပ်ဆောင်မှုကို စတင်ကြည့်ရအောင်..။
- ပထမဦးစွာ Start button ကို Click နှိပ်ပြီး Run ကို ရွေးချယ်ပါ။(သိုမဟုတ့်) Window+R ကိုနှိပ် (သို့ မဟုတ်) Start buttom ကို Click နှိပ်ပြီး All Programs ကို ရွေး ၊ ပြီးတော့ Accessories ကို ရွေး၊ System Tools ကနေတဆင့် Disk Cleanup ပေါ်မှာ click နှိပ်ခြင်းဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။
- ပြီးတော့ Run box မှာ cleanmgr လို့ ရိုက်ထည့်ပြီး OK ကို click နှိပ်လိုက်ပါ။



အောက်ကပုံက OK ကိုကလစ်ပြီးရင် တွေ့ ရမဲ့ပုံပါ။ပေါ်လာတဲ့ Box ထဲက OK ကိုပဲဆက်ကလစ်ပေးလိုက်ပါ။



အောက်ကပုံကတော့ သန့် ရှင်းရေးစလုပ်နေတာပါ။အစိမ်းတန်းလေးပြည့်သွားတဲ့အထိစောင့်ပေးလိုက်ပါ။



အစိမ်းတန်းလေးပြည့်သွားရင် Disk Cleanup for (C:) ဆိုတဲ့ Box ကျလာပါလိမ့်မည်။အောက်ကပုံမှာ အပြာရောင်လေးထောင့်ဆွဲပြထားတဲ့နေရာတွေမှာ အမှန်ခြစ်လေးတွေခြစ်ပေးပြီး OK နှိပ်ပြီး ဆက်သွားလိုက်ပါ။



တစ်ကယ်ဖျက်မှာလားလို့ မေးတဲ့ Box တစ်ခု ထပ်ကျလာပါလိမ့်မည်။ Delete Files ကိုကလစ်ပြီးဆက်သွားလိုက်ပါ။



အောက်ကပုံကတော့ သန့် ရှင်းရေးလုပ်နေတာပါ။ဒါဆို အိုကေပါပြီ။ :)



ကွန်ပျူတာနှင့် အလုပ်လုပ်ကြရာဝယ်...


ယနေ့ခေတ်ကာလ လုပ်ငန်းခွင်တွေမှာ Computer နဲ့ အမြဲ အလုပ်လုပ်နေကြရပါပြီ။ Computer ရဲ့ Monitor ကိုပဲ တစ်ချိန်လုံး ကြည့်နေရတော့ Monitor က ထုတ်လွှတ်တဲ့ ရောင်ခြည်ကြောင့် မျက်စိတွေ အနည်းနဲ့အများ ဆိုသလို ဘေးဥပါဒ် ဖြစ်လာကြပါပြီ။ ခေါင်းကိုက်၊ ဇက်ကြောတက် ဝေဒနာလည်း အားလုံးလိုလို ခံစားနေကြရပါပြီ။ Computer ကို အလုပ်ထဲမှာ သုံးတာဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာ သုံးတာပဲဖြစ်ဖြစ် မျက်စိတွေကို အားစိုက်ထုတ် ရ တာပါပဲ။ ကြာလာရင် မျက်စိတွေ နာကျင်လာမယ်။ ယားယံလာမယ်။ ခြောက်သွေ့လာမယ်။ အမြင်တွေဝါးပြီး မြင်ကွင်းနှစ်ထပ်ဖြစ်လာမယ်။ Monitor ကနေ မျက်စိကိုခွာပြီး တခြားကိုကြည့်လိုက်တာနဲ့ အရောင်တွေကို မြင်နေ မယ်။ အလင်းရောင်ကို ကြည့်ရင် မျက်စိစူးမယ်။ အဲဒီလို ဖြစ်လာပြီဆိုရင် အလုပ်ကို ကြာရှည်အာရုံစိုက်နိုင်ဖို့ ခဲယဉ်း သွားပါပြီ။
ဆိုးရွားလှတဲ့ ရောဂါကြီးတစ်ခု မဟုတ်ပေမယ့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတာပါပဲ။ Computer နဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းသဘာဝကို ဘယ်လိုမှ ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်တော့လည်း မျက်စိအားစိုက်ထုတ်မှုက လျော့နည်းအောင်၊ မျက်စိကို အနား ပေး နည်းလေးတွေကိုပဲ ကျင့်သုံးရတော့မှာပါပဲ။ မျက်စိလေ့ကျင့်ခန်းလေးလုပ်ပြီး မျက်စိအားစိုက်ထုတ်မှု ကို သက်သာစေနိုင်ပါတယ်။ သင့်မျက်နှာရှေ့တည့်တည့်မှာ လက်ညှိုးထောင်ပြီး လက်ညှိုးကို စူးစိုက်ကြည့်ပါ။ ထို့ နောက် သင့်လက်ညှိုးကို တဖြေးဖြေးချင်း မျက်နှာမှ ဝေးရာသို့ရွှေ့ပြီး မျက်စိအကြည့်ကို အကွာအဝေးအတန်ငယ် ကွာဝေးသော အရာများပေါ်သို့ ရွှေ့ပေးပါ။ ထို့နောက် သင့်လက်ညှိုးကို မျက်နှာရှေ့သို့ ပြန်လည်ထားပြီး စူးစိုက် ကြည့်ပါ။ ပြီးနောက် (၈)ပေအကွာတွင်ရှိသော အရာများကို စက္ကန့်အနည်းငယ်ကြာအောင် စူးစိုက်ကြည့်ပေးပါ။ သည်လေ့ကျင့်ခန်းကို တစ်နေ့ကို အနည်းဆုံး (၃)ကြိမ်ခန့် ပြုလုပ်ပေးပါ။
သင့်တော် မှန်ကန်သော မျက်မှန်၊ မျက်ကပ်မှန်တို့ကိုသာ ၀တ်ဆင်ပါ။ အချို့သော မျက်မှန် မှန်ဘီလူးများ သည် စာဖတ်ရန်အတွက် စီမံထားတာဖြစ်တဲ့အတွက် computer အသုံးပြုရန် မသင့်လျော်လှပါဘူး။
သင့်အလုပ်စားပွဲကို သင့်မျက်စိနှင့်အဆင်ပြေအောင် စီစဉ်ထားခြင်းဖြင့် သက်တောင့်သက်သာ ဖြစ်စေနိုင်ပါ တယ်။ Monitor ကို သင့်မျက်စိရှေ့ ၁၈ လက်မ မှ ၃၀ လက်မအတွင်း နေရာတွင်ထားပါ။ အရွယ်အစားသေး သော စာလုံးများကို ဖတ်သောအခါ Font အရွယ်အစားကို ကြီးပေးပါ။
Monitor ကို မျက်စိနှင့်တည့်တည့်နေရာတွင်ထားပြီး အပေါ်အောက်ရွှေ့ကြည့်သောအခါ အဆင်ပြေပါစေ။ အကယ်၍ Monitor သည် သိပ်မြင်လွန်းနေလျှင် သော်လည်းကောင်း၊ နိမ့်လွန်းလျှင် သော်လည်းကောင်း၊ သင့် လည်ပင်းနာကျင်မှုကို ဖြစ်စေနိုင်သည်။
အကယ်၍ သင့် Monitor ကို CPU (Central Processing Unit) ပေါ်တွင် တင်ထားမည်ဆိုလျှင် CPU ကို ကြမ်းပြင်ပေါ်တွင် ချထားပါ။ အနီးအဝေး ဘိုင်ဖိုကယ်မျက်မှန်တပ်ဆင်ထားသူများသည် ခေါင်းကို နောက်ဘက် သို့လှန်ကာ ခပ်မော့မော့ကြည့်မှသာ မျက်မှန်အောက်ပိုင်းနှင့်အဆင်ပြေမှာ ဖြစ်ပါတယ်။ Monitor ကို အနည်း ငယ် အောက်ဘက်သို့ နှိမ့်ကာထားခြင်းဖြင့်လည်း အဆင်ပြေလွယ်ကူစေပါမယ်။ Keyboard ကို Monitor အရှေ့ တည့်တည့်တွင်သာ ထားပါ။ အကယ်၍ သင့် Keyboard ကို ဘေးဘက်တွင်ထားမည်ဆိုပါက Monitor ဖန်သား ပြင်နှင့် Keyboard ကို တစ်လှည့်စီကြည့်နေရခြင်းဖြင့် အလုပ်မတွင်ဘဲ ကြန့်ကြာတတ်ပေသည်။ မျက်စိကိုလည်း ပိုမိုအလုပ်ပေးရာ ရောက်နေပါလိမ့်မည်။
Computer နှင့်အလုပ်လုပ်နေစဉ် ကိုကားရည်ညွှန်းသော စာအုပ်များ၊ စာရွက်စာတမ်းများကို အနီးအနား တွင်သာ ထားပါ။ စာရွက်စာတမ်းများကို ကြည့်၍စာရိုက်နေစဉ် Monitor ၏ဘေး၊ မျက်စိနှင့်တစ်တန်းတည်း ရှိနေ သော နေရာတွင်သာ ထားပါ။
Monitor ၏ အလင်းရောင်တောက်ပမှုကို အမြဲစစ်ဆေးပါ။ Monitor သည် အလွန်စူးရှတောက်ပနေပါက ဖန် သားပြင်ပေါ်တွင်ရှိသော အရာများကို တွေ့မြင်ရသည်မှာ ခက်ခဲပြီး ကြာလျှင် မျက်စိပျက်စေနိုင်ပါတယ်။ Monitor ကို ပိတ်ထားပြီး Monitor ၏ အရှေ့တည့်တည့်၌ထိုင်ကာ အလင်းရောင်ကို စစ်ဆေးပါ။ အခန်းတွင် မီးအလင်းရောင်၊ နေရောင်ဝင်မှုနှင့် ပုံရိပ်ထင်မှုတို့ကို စစ်ဆေးပါ။ ဖြစ်နိုင်လျှင် Monitor ကို အလင်းရောင်လာ သည့် နေရာနှင့် ထောင့်မှန်အနေအထား နေရာတွင်ထားပါ။ ခေါင်းပေါ်မှလာသော မီးအလင်းရောင်များကို ပိတ် ပစ်ပါ။ စာရေးခြင်း၊ စာဖတ်ခြင်းအတွက် အလင်းရောင်လိုအပ်ပါက အနေအထား၊ နေရာအပြောင်းအရွှေ့ လုပ်နိုင် သော စားပွဲတင်မီး (Adjustable Desk Lamp) ကို အသုံးပြုလျှင် အသင့်တော်ဆုံး ဖြစ်ပါတယ်။
ပြူတင်းပေါက်၊ နံရံအဖြူကဲ့သို့သော အလင်းရောင်ပြန်လာစေနိုင်သော နေရာများ၏ အရှေ့၌ Monitor ကို မထားလျှင် အကောင်းဆုံးဖြစ်ပါတယ်။ Monitor ပေါ်မှ စာများကို ဖတ်ရသည်မှာ သက်တောင့်သက်သာနှင့် အလွယ်ကူဆုံး ဖြစ်သည့်အနေအထားတွင်သာ ဖြစ်စေရန် Monitor တောက်ပမှုကို အမြဲမှန်မှန်ညှိပေးရန် လိုအပ် ပါတယ်။
Monitor ကို နေ့စဉ် ဖုန်သုတ်ပေးပါ။ Monitor ပေါ်တွင် ဖုန်မှုန့်များဖြင့် ညစ်ပတ်နေခြင်းကလည်း Monitor ဖန်သားပြင် တောက်ပမှုနှင့် အလင်းပြန်မှုပြဿနာများကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် မပျင်းမရိနှင့် နေ့စဉ် ဖုန်သုတ်အလုပ်ကလေး လုပ်ကြရအောင်။
အခုဆိုလျှင် အဖိုးထိုက်တန်လှတဲ့ မျက်စိများအတွက် စိတ်ချလက်ချ ဖြစ်နိုင်သလို Computer နှင့် အလုပ်လုပ် ခြင်း လုပ်ငန်းများမှာလည်း အလုပ်တွင်နိုင်မှာ ဖြစ်ပါတယ်...။

(ဟနစံ ၏ ကွန်ပျူတာနှင့်အလုပ်လုပ်ကြရာဝယ်...) စာအုပ်အား ကူးယူဖော်ပြထားပါသည်။

ကွန်ပျူတာတစ်လုံး၏ အခြေခံအချက်အလက်များ


ရည်ရွယ်ချက်

ကွန်ပျူတာဖြင့် အိမ်တွင် စာရင်းပြုစုခြင်း၊ စာစီစာရိုက်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ E-mail, Internet အသုံးပြုခြင်း၊ ဖျော်ဖြေရေးအဖြစ် Game ကစားခြင်း၊ သီချင်း၊ ရုပ်ရှင်ကြည့်ခြင်းစသဖြင့် ကွန်ပျူတာတစ်လုံးအား ကောင်းစွာ အသုံးချနိုင်သည်ဖြစ်ရာ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက်ဖြစ်စေ ၀ယ်ယူအသုံးပြုရန် လိုအပ်ချက်ရှိလာပါသည်။

ကွန်ပျူတာတစ်လုံးဝယ်ယူရန် စဉ်းစားလာသည့်အခါ မိမိနှင့်ခင်မင်ရင်းနှီးသော computer ဆိုင်များ၊ ယုံကြည် အားထားလောက်သော computer company ကြီးများတွင် ၀ယ်ယူကြသလို ကွန်ပျူတာအကြောင်း နားလည် တတ်ကျွမ်းသောသည့် အသိမိတ်ဆွေကို ခေါ်ယူ၍၀ယ်ယူသည် လည်း ရှိပါသည်။
မည်သို့ဝယ်ယူသည်ဖြစ်စေ ၀ယ်ယူသူကိုယ်တိုင်မှ ကွန်ပျူတာနှင့်ပါတ်သက်သော အခြေခံအချက် အလက်များကို ကိုယ်တိုင်သိရှိနားလည်ရန်လိုအပ်ပြီး ၀ယ်ယူတတ်ခြင်းသည်သာလျှင် အကောင်း ဆုံးဖြစ်ပါသည်။
ထို့ကြောင့် အချိန်ပိုင်းကာလအတွင်း ကွန်ပျူတာအခြေခံအချက်အလက်များအား အလွယ်တကူ ဖတ်ရှု နားလည်သဘောပေါက်စေသော အရေးအသားများဖြင့် တင်ပြထားပါသည်။

ကွန်ပျူတာတစ်လုံးတွင် ပါဝင်သော အစိတ်အပိုင်းများ
ကွန်ပျူတာတစ်လုံးတွင် အခြေခံအားဖြင့် အောက်ပါအစိတ်အပိုင်းများ ပါဝင်ပါသည်။
(1) Processor or Central Processing Unit (CPU)
(2) Motherboard
(3) Memory
(4) Hard Disk
(5) Floppy Drive
(6) Video Graphic Card
(7) Keyboard
(8) Mouse & Pad
(9) Casing
(10) Monitor တို့ ပါဝင်ပါသည်။
အထက်ပါ အချက်အလက်များအပြင် Multimedia သုံးစွဲနိုင်ရန်အတွက် CD-ROM Drive, DVD-ROM Drive, CD-RW Drive (R=Read/ W=Write), COMBO Drive (CD, DVD, CD-RW), DVD RW Drive (DVD Read Read / Write), Sound Card, Speaker စသဖြင့် ထပ်မံတပ်ဆင်နိုင်ပါသည်။

(1) Central Processing Unit (CPU)ကွန်ပျူတာတစ်လုံး၏ အရေးအကြီးဆုံး အဓိကအစိတ်အပိုင်းဖြစ်သည့် CPU အား Motherboard ပေါ်တွင် တပ်ဆင်ရပါသည်။ CPU ထုတ်လုပ်သည့် ကုမ္ပဏီများအနက် Intel, AMD တို့မှာ အထင်ရှားဆုံးဖြစ်သည်။ Intel ကုမ္ပဏီထုတ် CPU များမှာ တစ်ကမ္ဘာလုံး၏ ဈေးကွက်အများစုကို ရရှိထားသည်။
Intel Company မှ Celeron(R) နှင့် Pentium(R) processor series နှစ်မျိုးကို ထုတ်လုပ်လျှက်ရှိပါသည်။ Celeron(R) Processor အမျိုးအစားအား စာစီစာရိုက်ခြင်း၊ e-mail ပို့ခြင်း၊ စာရင်းအင်း software များ အသုံးပြု ခြင်း၊ ပညာရေးနှင့် သက်ဆိုင်သော software များ အသုံးပြုနိုင်ပါသည်။
Pentium(R) Processor အမျိုးအစားမှာ Celeron(R) Processor များထက် ပိုမိုလျင်မြန်ပါသည်။ Pentium(R) Processor အမျိုးအစားများမှာ Game ကစားလိုသူများ၊ Photo Editing Software များ၊ Multimedia ၊ Internet စသည်တို့ကို လျှင်မြန်စွာ အသုံးပြုလိုသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားပါသည်။ Processor ၏ အမြန်နှုန်းအား Hz (Hertz) ဖြင့် တိုင်းတာပါသည်။ ပထမဆုံးထုတ်လုပ်ခဲ့သော Pentium Processor Speed မှာ 60 MHz မှ ယခုနောက်ဆုံး Pentium 4 မှာ 3.4GHz အထိ ထွက်ရှိနေပြီးဖြစ်ရာ ယခင် 60 MHz ထက် အဆ (၄၀)ကျော် ပိုမိုမြန်ဆန်နေပြီ ဖြစ်ပါသည်။
Processor များတွင် Internal Speed နှင့် External Speed ဟူ၍ (၂)မျိုးရှိပါသည်။ Internal Speed ကိုသာ အဓိကထား ပြောဆိုကြပါသည်။ ဥပမာ အထက်စာပိုဒ်ပါ Pentium 4 (3.2E GHz) မှာ Internal Speed ဖြစ်ပါသည်။ ယင်း၏ External Speed မှာ 800 MHz ဖြစ်ပါသည်။ Internal Speed မှာ အလုပ်လုပ်ဆောင်နိုင် မှု အမြန်နှုန်းဖြစ်ပြီး၊ External Speed မှာ Processor ထက် နှေးကွေးသော Memory မှ အချက်အလက်များကို လုပ်ဆောင်ရာတွင် အသုံးပြုခြင်း ဖြစ်သည်။ Front Side Bus (FSB) ဟု လူသိများပါသည်။ ဥပမာ- Pentium 4 (3.2E GHz) ၏ (FSB) မှာ 800 MHz ဖြစ်ပါသည်။
Processor များတွင် L2 Cache ဟုခေါ်သော UltraFast Memory အား ထည့်သွင်းထုတ်လုပ်ထား ပါသည်။ ယင်း၏ လုပ်ဆောင်ချက်မှာ Memory မှ သတင်းအချက်အလက်များအား Processor သို့ ပို့ဆောင်ရာတွင် Processor မှ အလုပ်လုပ်ဆောင်နိုင်မှု လျင်မြန်သဖြင့် စောင့်ဆိုင်းမှုမရှိစေရန် ကြားခံယာယီသိုလှောင်ဌာန အဖြစ် အသုံးပြုရန်ဖြစ်ပါသည်။ Processor မှ L2 Cache ကြားခံသိုလှောင်ဌာနမှ သတင်းအချက်အလက်များ ကို ယူဆောင်၍ တွက်ချက်မှုများပြုလုပ်ပါက လျင်မြန်သော Processor နှင့် နှေးကွေးသော Memory အကြား ကွာဟချက်ကို ကျဉ်းမြောင်းသွားစေပါသည်။
ဥပမာ-
Intel Pentium II CPUs
Internal Speed Range : 233 MHz to 450 MHz
Front Side Bus : 66 MHz to 100 MHz
L2 Cache : 256 KB

Intel Pentium III CPUs
Internal Speed Range : 450 MHz to 1.26 GHz
Front Side Bus (FSB) : 100 MHz to 133 MHz
L2 Cache : 256 KB or 512 KB

Intel Pentium 4 CPUs
Internal Speed Range : 1.3 GHz to 3.40 GHz
FSB : 400 MHz, 533 MHz, 800 MHz
L2 Cache : 256 KB, 512 KB, 1 MB, 2 MB

Intel Celeron CPUs
Internal Speed Range : 266 MHz to 2.80 GHz
FSB : up to 400 MHz
L2 Cache : 128 KB, 256 KB

ဥပမာ- Pentium 4 2.4 A GHz သည်
FSB : 533 MHz, L2 Cache : 1024 KB (1MB)
Pentium 4 2.4 B GHz သည်
FSB : 533 MHz, L2 Cache: 512 KB ပါဝင်သဖြင့်
* 2.4 A သည် 2.4 B ထက် ပိုမိုလျှင်မြန်ပါသည်။
Celeron 2.4 GHz သည်
FSB : 400 MHz နှင့် L2 Cache : 128 KB သာ ပါဝင်သဖြင့် Pentium 4 2.4A GHz နှင့် နှိုင်းယှဉ် ပါက Internal Speed တူသော်လည်း FSB နှင့် L2 Cache ပါဝင်မှုအရ လျင်မြန်မှု၊ ဈေးနှုန်းကွာခြားမှု ဖြစ်ပါသည်။
မြန်မာ့ကွန်ပျူတာဈေးကွက်တွင် ရောက်ရှိနေခဲ့ပြီးသော Intel Company ထုတ် Pentium 4 Processor နမူနာအချို့မှာ-
- Intel Celeron 1.8 GHz (L2 Cache:128KB, FSB:400MHz, 478)
- Intel Celeron 2.26D GHz (L2 Cache:256KB, FSB:533MHz, 478)
- Intel Celeron 2.4D GHz (L2 Cache:256, FSB:533MHz, 478)
- Intel Celeron 2.53 GHz (L2 Cache:256KB, FSB:533MHz, 478)
- Intel P4- 1.6 GHz (L2 Cache:256KB, FSB:400MHz, 478)
- Intel P4- 2.4A GHz (L2 Cache:1MB, FSB:533MHz, 478)
- Intel P4- 2.4B GHz (L2 Cache:512KB, FSB:533MHz, 478)
- Intel P4- 2.8A GHz (L2 Cache: 1MB, FSB:533MHz, 478)
- Intel P4- 2.8B GHz (L2 Cache:512KB, FSB:533MHz, 478)
- Intel P4- 2.C GHz (L2 Cache:512KB, FSB:800MHz, 478)
- Intel P4- 2.8E GHz (L2 Cache:1MB, FSB:800MHz, 478)
- Intel P4- 3.0C GHz (L2 Cache:512KB, FSB:800MHz, 478)
- Intel P4- 3.0E GHz (L2 Cache:1MB, FSB:800MHz, 478)
- Intel P4- 3.2E GHz (L2 Cache:1KB, FSB:800MHz, 478)
- Intel P4- 3.0E GHz (L2 Cache: 1MB, FSB:800MHz / LGA775)
- Intel P4- 3.2E GHz (L2 Cache:1MB, FSB:800MHz / LGA775)
- Intel P4- 3.0F GHz (L2 Cache:2MB, FSB:800MHz / LGA775)
- Intel P4- 3.2F GHz (L2 Cache:2MB, FSB:800MHz / LGA775)
- Intel P4- 3.4F GHz (L2 Cache:1MB, FSB:800MHz / LGA775)
အထက်ပါ Processor Speed များတွင် 2.8C GHz မှစ၍ Hyper-Threading Technology ဖြင့် ထုတ်လုပ် လာခဲ့ပါသည်။
Hyper-Threading Technology သည် Software Application များစွာကို အချိန်တစ်ချိန်တည်းတွင် တပြိုင် နက်တည်း ကိုင်တွယ်ဆောင်ရွက်နိုင်သဖြင့် Memory များစွာလိုအပ်သော Adobe Photoshop ကဲ့သို့သော Photo Editing Software, 3D Animation Software များကို ကိုင်တွယ်ဆောင်ရွက်သည့်အခါ အချိန်တို အတွင်း အလုပ်များကို လျှင်မြန်စွာ ပြီးစီးစေပါသည်။
ပထမဦးဆုံးထုတ်လုပ်ခဲ့သော Pentium 4 Processor မှာ 423 Pin (180 nm Process), ထို့နောက် 478 Pin (130 nm Process) အမျိုးအစားများကိုသာ အဓိကထား ထုတ်လုပ်ခဲ့ပါသည်။ ယခုအခါ LGA 775 (90 nm Process) Pentium 4 CPU များကို အသစ်ထပ်မံထုတ်လုပ်လာခဲ့ပါသည်။ Hyper-Threading Technology အား ထပ်မံပြုပြင်၍ Dual Core Technology နည်းပညာသုံး CPU များလည်း ထပ်မံထွက်ပေါ်လာပြန်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Processor သည် Intel ကုမ္ပဏီထုတ်ဖြစ်ပါက Celeron (or) Pentium ?
* Processor ၏ အမြန်နှုန်း ?
* FSB အမြန်နှုန်း ?
* L2 Cache ?
* Socket 478 (or) Socket LGA 775 ?
* Support Hyper-Threading Technology ?

(2) Motherboard

Motherboard သည် ကွန်ပျူတာအစိတ်အပိုင်းများကို တပ်ဆင်ရာတွင် အဓိက အစိတ်အပိုင်းကြီး ဖြစ်သည်။ Motherboard တွင် ကွန်ပျူတာ (၁)လုံး၏ အခြေခံအစိတ်အပိုင်းများဖြစ်သော Processor CPU, Memory, Graphic Card, Sound Card, Hard Disk နှင့် အခြား CD-Rom အစရှိသဖြင့် Drive များ၊ Network ဆိုင်ရာ ပစ္စည်းများ ပူးတွဲပြီး တပ်ဆင်ရာ ဘုတ်ပြားကြီး ဖြစ်ပါသည်။
ကွန်ပျူတာဝယ်ယူရာတွင် Motherboard ရွေးချယ်မှုသည် အလွန်အရေးကြီးသည်။ 3D Graphic Card များ တပ်ဆင်စရာမလိုဘဲ Motherboard တွင် On Board အဖြစ် တပေါင်းတည်း တပ်ဆင်ပေးလိုက်သော Motherboard များမှာ သုံးစွဲလိုသူ၏ ဆန္ဒအလျောက် Memory သီးသန့်ပါဝင်သော Graphic Card ကဒ်များကို ရွေးချယ်တပ်ဆင်နိုင်ပါသည်။
VGA On Board များမှာ Total System Memory မှ မျှဝေသုံးစွဲသဖြင့် အမှန်တကယ်သုံးစွဲနိုင်သော Memory မှာ လျော့နည်းလေ့ရှိသည်။ Mother တွင် ပါဝင်သော Chipset သည် Intel Chipset လား၊ VIA Chipset လား ပေါ်မူတည်၍ သော်လည်းကောင်း၊ ဈေးနှုန်းကွာခြားနိုင်သည်။ Chipset Series ဥပမာ- Intel 845, Intel 848, Intel 865, Intel 875, Intel 925X အစရှိသဖြင့် Model မြင့်ရင်မြင့်သလို၊ လုပ်ဆောင်ချက်ပါဝင်မှု အနည်း အများပေါ်မူတည်၍ ဈေးနှုန်းကွာခြားသည်။
မြန်မာ့ကွန်ပျူတာဈေးကွက်တွင် အသုံးများသော Motherboard အချို့မှာ-
- P4- Axper VIA266A (478/DDR) w/Sound + VGA + LAN
- P4- GIGA 8VM 533M-RZ-RZ (478/DDR) w/Sound + VGA + LAN
- P4- GIGA 8S648-FXP-RZ (478/DDR/HT) w/Sound + Sound + LAN
- P4- GIGA 8S648-FX775 (775/DDR/HT) w/Sound + LAN
- P4- MSI Intel 848P Neo-V (478/DDR/HT) w/Sound + LAN
- P4- GIGA 81PE775-G (775/DDR/HT) w/Sound + LAN
- P4- Intel 865 PERL (478/DDR/HT) w/Sound
သုံးစွဲလိုသူမှ ကုမ္ပဏီအချို့ဖြစ်သည့် Gigabyte, Albatron, ABIT, MSI, Intel ကုမ္ပဏီထုတ် Motherboard များမှ ရွေးချယ်ဝယ်ယူနိုင်သလို၊ တပ်ဆင်မည့် CPU နှင့်လိုက်ဖက်မည့် Motherboard ရွေးချယ်တတ်ရန် လိုအပ်ပါသည်။ Pentium နှင့် Celeron CPU များအတွက် ဈေးနှုန်းအသက်သာဆုံး On Board (VGA) Motherboard များ ရွေးချယ်နိုင်သလို ဈေးနှုန်းကြီးမြင့်သော Intel ကုမ္ပဏီထုတ် Motherboard တွင်လည်း တပ်ဆင်နိုင်ပါသည်။
ကွန်ပျူတာဝယ်ယူသည့်အခါ ငွေကြေးကြောင့် ဈေးနည်းသော Motherboard, Memory နည်းနည်းနှင့် ၀ယ်ယူခဲ့သော်လည်း နောင်အနာဂါတ်တွင် CPU အား အဆင့်မြှင့်တင်လိုသည့်အခါ Motherboard မှ အသစ် ထပ်မံတပ်ဆင်လိုသော CPU အား လက်မခံနိုင်ခြင်း ကြုံတွေ့ရတတ်ပါသည်။ ထိုအချိန်တွင် CPU အပြင်၊ Motherboard အသစ်ပါ ထပ်မံဝယ်ယူတပ်ဆင်ရမည် ဖြစ်ပါသည်။ Motherboard Manual စာအုပ်တွင် မည်သည့် CPU အထိ တပ်ဆင်နိုင်သည်ကို ရေးသားထားလေ့ရှိရာ လေ့လာထားသင့်သော အချက်တစ်ခုဖြစ်ပြီး Manual အား နားမလည်ပါက ကျွမ်းကျင်သူ Computer Technician အား မေးမြန်းသင့်ပါသည်။ Motherboard တပ်ဆင်ထားမှုအပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်သည်ဖြစ်ရာ အထူးသတိထားသင့်သော အချက်ဖြစ်သည်။ CPU, Motherboard, Memory, Graphic Card အချိုးညီမျှတစွာ တပ်ဆင်မှုသည် အရေးကြီးလှပါသည်။
ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* VGA On Board အမျိုးအစား ?
* On Board ဖြစ်ပါက စာစီစာရိုက်၊ ရုံးသုံးအတွက်သာသင့်တော်ပါသည်။ ငွေကြေးတတ်နိုင်ပါက Graphic Card သီးခြား တပ်ဆင်ရသော Motherboard သာ ရွေးချယ်သင့်ပါသည်။
* Chipset Model က VIA, SIS, Intel ?
Intel Chipset တပ်ဆင်ထားသော Motherboard က ပိုမိုကောင်းမွန်ပါသည်။ Chipset Model - SIS848, Intel 865, Intel 915 စသဖြင့် သိသင့်ပါသည်။
* မည်သည့် Processor Model အထိ တပ်ဆင်နိုင်ပါသလဲ ? Motherboard Manual စာအုပ်တွင် ရှင်းလင်းစွာ ဖော်ပြထားရာ ရောင်းချသည့် Computer Sales Center ကို မေးမြန်းသင့်ပါသည်။
* Memory တပ်ဆင်မည့် Motherboard သည် Dual Channel Support လုပ်ပါသလား ?
* မည်သည့် CPU Socket အမျိုးအစားတပ်ဆင်နိုင်သနည်း။ ဥပမာ- Socket 478 (or) Socket LGA 775
Socket LGA 775 CPU တပ်ဆင်မည်ဆိုပါက Motherboard ရွေးချယ်သည့်အခါ DDR400 Memory တပ်ဆင်နိုင်သော Motherboard များရှိသလို DDR2 533/667 Memory သာ တပ်ဆင်နိုင်သော Motherboard များလည်းရှိပါသည်။ AGP 8x Graphic Card တပ်ဆင်နိုင်သော Socket 775 Motherboard များရှိသလို PCI Express 16X Graphic Card သာ တပ်ဆင် အသုံးပြုနိုင်သော Motherboard များလည်းရှိသဖြင့် Socket 775 Motherboard ၀ယ်ယူပါက မည်သည့် Memory အမျိုး အစား (DDR 400 (or) DDR2 533/667) တပ်ဆင်နိုင်သည်ကို သိရှိရန်လိုအပ်ပါသည်။ ထို့အတူ မည်သည့် Graphic Card (AGP or PCI Express) တပ်ဆင်နိုင်သည်ကို သိရှိရန် လိုအပ်ပါသည်။ Socket LGA 775 Pentium 4 CPU နှင့် Socket LGA 775 Motherboard ကို ရွေးချယ်ထားသော်လည်း AGP 8x Graphic Card နှင့် သာမန် DDR 400 Memory တပ်ဆင်အသုံး ပြုနိုင်ခြင်းသည် DDR2 Memory နှင့် PCI Express Graphic Card တပ်ဆင်အသုံးပြုမှုထက် ကုန်ကျစရိတ်သက်သာမည် ဖြစ်သော်လည်း နောင်အနာဂါတ်တွင် DDR2 Memory နှင့် PCI Express Graphic Card များသာ ပိုမိုခေတ်စားလာမည် ဖြစ်သဖြင့် ချင့်ချိန်ကာ ၀ယ်ယူသင့်ပါသည်။

Motherboard တစ်ခု၏ လုပ်ဆောင်နိုင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွဲပြားစေသောအချက်များ။
Motherboard တစ်ခုတွင် Chipset Model အနိမ့်အမြင့်၊ Memory တပ်ဆင်နိုင်မှုပမာဏနှင့် Dual Channel Memory တပ်ဆင်နိုင်မှု၊ AGP Slot- 4X or 8X or နောက်ဆုံးပေါ် PCI Express ပါဝင်မှု၊ PCI Slot အရေအတွက်၊ Hard Disk Type- IDE, SATA, Raid များ တပ်ဆင်နိုင်မှု၊ Sound System- 2 Channel, 6 Channel, 7.1 Channel, LAN, IEEE 1394 စသဖြင့် သီးသန့်လုပ်ဆောင်မှုများ ပါဝင်မှုပေါ်မူတည်၍ ဈေးနှုန်းကွာခြားပါသည်။

Memory
Memory သည် Computer ၏ ယာယီမှတ်ဥာဏ် ဖြစ်ပါသည်။ ကွန်ပျူတာမီးပိတ်လိုက်ပါက မှတ်ဥာဏ်အတွင်းရှိ အချက် အလက်များ ပျောက်သွားမည်ဖြစ်ပါသည်။ Random Access Memory (RAM) ဟုလည်း ခေါ်ကြသည်။ Memory ပမာဏ အား B(Byte) ဖြင့်တိုင်းတာပြီး၊ အလုပ်လုပ်ဆောင်နိုင်မှု အမြန်နှုန်းအား MHz ဖြင့် တိုင်းတာပါသည်။ Pentium II, III Computer များအတွက် SD RAM အမျိုးအစားကို သုံးကြပါသည်။ SD RAM တွင် PC 100 နှင့် PC 133 ကို Standard အဖြစ် အသုံးများသည်။ PC 100 အမျိုးအစား Memory သည် 100 MHz အမြန်နှုန်းဖြင့် အလုပ်လုပ်ပြီး PC 133 အမျိုးအစား Memory သည် 133 MHz အမြန်နှုန်းဖြင့် အလုပ်လုပ်သည်။
Pentium 4 ကွန်ပျူတာများသည် DDR SD RAM (DDR=Double Data Rate) ကို သုံးကြပါသည်။ DDR RAM များသည် SD RAM များ၏ အမြန်နှုန်းနှစ်ဆဖြင့် Data များကို ပို့ဆောင်ပေးနိုင်သည်။ DDR SDRAM များသည် 200 MHz, 266 MHz, 333 MHz, 400 MHz များဖြင့် အလုပ်လုပ်ပြီး 200 MHz အား (PC 1600), 266 MHz အား (PC 2100), 333 MHz အား (PC 2700), 400 MHz အား (PC 3200) အဖြစ် ပြောင်းလဲခေါ်ဆိုနိုင်ပါသည်။
ယခုအခါ 533 MHz အမြန်နှုန်းရှိသော DDRII Memory များလည်း ထွက်ပေါ်နေပြီဖြစ်ပါသည်။ ယနေ့ အသုံးများသော Memory ပမာဏများမှာ 128 MB နှစ်ချောင်းတပ်ဆင်ခြင်းဖြင့် 256 MB ရရှိနိုင်သလို၊ 256 MB တစ်ချောင်းတည်း တပ်ဆင် ခြင်းဖြင့်လည်း ရနိုင်ပါသည်။
Memory ပမာဏများလေ Memory ကို အဓိကထား သုံးစွဲရသော Adobe Photoshop လို Software များ သုံးစွဲသည့် အခါတွင်လည်းကောင်း၊ 3D Game များ ကစားသည့်အခါတွင် လည်းကောင်း၊ ပိုမိုလျင်မြန်မှု၊ မြန်ဆန်မှုကို ရရှိစေပါသည်။
Memory ပမာဏအား စာစီစာရိုက်အတွက် 128 MB အနည်းဆုံးရှိသင့်ပြီး၊ Game များ ကစားလိုပါက 256 MB, 512 MB ရှိသင့်ပါသည်။ 3D Graphic Card များ တွင်ပါဝင်သော Memory ပမာဏနှင့်မရောထွေးသင့်ပါ။ AGP (Accelerated Graphic Port) တွင် တပ်ဆင်ကြသော Graphic Card များတွင် ပါဝင်သော Memory ပမာဏမှာ 32 MB, 64 MB, 128 MB, 256 MB ဟူ၍ အမျိုးအစားများရှိရာ ယင်းတို့သည် 3D ရုပ်ပုံများ၊ Game အတွက် သီးသန့်ထုတ်လုပ်ထားခြင်းဖြစ်သည်။ Computer ၏ အဓိက Memory လည်း များများတပ်ဆင်ပြီး၊ Graphic Card ကိုလည်း အမြင့်ဆုံးတပ်ဆင်ပါက စွမ်းဆောင်ရည်သည် အတိုင်း ထက်အလွန်ကောင်းမွန်ပြည့်ဝစွာ ပေးနိုင်မည်ဖြစ်ပါသည်။
ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်။
* Memory အမျိုးအစား ?
* Kingston ကုမ္ပဏီထုတ် Memory များက ပိုကောင်းပါသည်။
* Memory Speed ?
DDR 333 MHz, DDR 400 MHz, DDRII 533 MHz
* မည်သည့်ပမာဏအထိ Memory တပ်ဆင်နိုင်ပါသလဲ ?

Hard Disk


Hard Disk သည် Primary Storage Area ဖြစ်ပါသည်။ Memory ကဲ့သို့ မီးပိတ်လိုက်ပါက Data များ ပျောက်ဆုံး သွားခြင်း မရှိပါ။ Program များကို Hard Disk တွင် ထည့်သွင်းရပါသည်။ သတင်းအချက် အလက်များကို ထုတ်ယူသုံးစွဲ နိုင်ပါသည်။
Hard Disk တစ်လုံးသည် သတင်းအချက်အလက်များကို မည်မျှသိမ်းဆည်းထားနိုင်သလဲဆိုတာကို Byte ဖြင့် တိုင်းတာပါသည်။ ၀င်ဆန့်တဲ့ ပမာဏအလိုက် 850 MB, 1.2 GB, 4.3 GB, 8.4 GB, 10 GB, 20 GB, 40 GB, 80 GB, 120 GB, 200 GB, 250 GB, 320 GB, ... စသဖြင့် အရွယ်အစားအမျိုးမျိုးရှိသည်။
ယနေ့ Pentium 4 ကွန်ပျူတာများတွင် 40 GB, 80 GB Hard Disk Size များ ဈေးနှုန်းကျဆင်းလာသည်နှင့် အမျှ သုံးစွဲနိုင်သူဦးရေ များပြားလာမည်ဖြစ်ပါသည်။ Seagate Company ထုတ် Hard Disk မှာ လူကြိုက်များ သည်။ Hard Disk တစ်ခုကို ဖော်ပြရာတွင် သက်ဆိုင်ရာ Company နာမည်ကိုပါ ရေးသားဖော်ပြလေ့ရှိသည်။ နမူနာပြအချို့မှာ-
40 GB (Maxtor) 7200 rpm, IDE
40 GB (Seagate) 7200 rpm, IDE
40 GB (Samsung) 7200 rpm, IDE
80 GB (Maxtor/ Hitachi) 7200 rpm, IDE
80 GB (Seagate) 7200 rpm, IDE
80 GB (Seagate) 7200 rpm, SATA
12 GB (Seagate) 7200 rpm, IDE
12 GB (Seagate) 7200 rpm, SATA
အထက်ဖော်ပြချက်တွင် Maxtor, Seagate, Samsung မှာ သက်ဆိုင်ရာ Hard Disk ထုတ်လုပ်သည့် Company များ၏ အမည်ဖြစ်သည်။ 7200 rpm မှာ Hard Disk ၏ လည်ပတ်မှုအမြန်နှုန်းဖြစ်ပြီး IDE မှာ Integrated Electronics (IDE) အတိုကောက်ဖြစ်ပြီး SATA မှာ Serial ATA ဖြစ်ပါသည်။ SATA အမျိုးအစား Hard Disk မှာ IDE အမျိုးအစား Hard Disk ထက် Data များကို ပိုမိုလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ပါသည်။
ထုတ်လုပ်သော Company အမည်ကိုလိုက်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။ Hard Disk ရွေးချယ်သည့်အခါ 40 GB, 80 GB အနည်းဆုံးတပ်ဆင်သင့်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Hard Disk ထုတ်လုပ်သည့် ကုမ္ပဏီ?
(Maxtor, Hitachi, Samsung, Seagate)Seagate ကုမ္ပဏီထုတ် Hard Disk များမှာ ပိုမိုလူကြိုက်များသည်။

Floppy Drive
Floppy Drive တွင် 3.5" ရှိ Floppy Disk ကို ထည့်သွင်းပြီး သတင်းအချက်အလက်များကို ကူးယူနိုင် ပါသည်။ Floppy Disk သည် 1.44 MB သာ လက်ခံသည်။ Floppy Disk ကို အသုံးပြုပြီး ကွန်ပျူတာတစ်လုံးမှ Data တွေကို အခြားတစ်လုံးသို့ လွှဲပြောင်းနိုင်သည်။ Data ၀င်ဆန့်နိုင်မှု ပမာဏသည် စာသားအနည်းအများ၊ ရုပ်ပုံ ပါဝင်မှုပေါ် မူတည်ပါသည်။ File Size သည် 1.44 MB အထိသာ သိမ်းဆည်းနိုင်သဖြင့် အလွန်များပြားသော စာမျက်နှာများ၊ ရုပ်ပုံများ သိမ်းဆည်းနိုင်မည် မဟုတ်ပေ။

Video Graphic Card
ယခုအခါ Graphic Card များတွင် AGP (or) PCI Express အမျိုးအစား Graphic Card များကိုသာ သုံးစွဲ နေကြပါသည်။ 3D Graphic Controller Card ဟူ၍လည်း သိနားလည်ကြပါသည်။ AGP သည် (Accelerated Graphic Port) ဖြစ်ပါသည်။ PCI Express သည် နောက်ဆုံးပေါ် Graphic Card ဖြစ်ပါသည်။ 3D ရုပ်ပုံထွက် များကောင်းမွန်ရေးသည် အဓိကကျလှသော နောက်ဆုံးပေါ် Computer Graphic Game များ ကစားရာ နိုင်နင်း စွာ စွမ်းဆောင်ပေးနိုင်ခြင်း၊ ပုံရိပ်များကို ချောမွေ့ကြည်လင်ပြတ်သားစေခြင်း စသည့်အကျိုးကျေးဇူးများ ပေးစွမ်း နိုင်ပါသည်။ AGP Card များ မထွက်ပေါ်သေးမီက ရိုးရိုးသာမန်ရုပ်ပုံထွက် VGA Card (PCI) အမျိုးအစားများ ထွက်ပေါ်ခဲ့ပါသည်။ ယင်း Card များအား ယခုနောက်ဆုံးပေါ် Computer များတွင် အသုံးပြုခြင်း မရှိတော့ပါ။
AGP Card များတွင် Memory သီးသန့်ပါဝင်လေ့ရှိပါသည်။ 32 MB, 64 MB, 128 MB, 256 MB အထိ ပါဝင်သော AGP Card အမျိုးမျိုးရှိပါသည်။ AGP Card များ၏ Data သယ်ယူပို့ဆောင်နိုင်မှု အမြန်နှုန်းအား 1x, 2x, 4x, 8x စသဖြင့် ပြောဆိုကြပါသည်။
ဥပမာ- 32 MB SDR DRAM ပါဝင်သော AGP Card သည် 4x=1.07 g bps (giga byte per second) အမြန် နှုန်းဖြင့်လည်းကောင်း၊ 64 MB DDR RAM ပါဝင်သော AGP Card သည် 8x=2.1 g bps အမြန်နှုန်းဖြင့်လည်း ကောင်း Data များကို သယ်ယူပို့ဆောင်နိုင်သည်ဖြစ်ရာ AGP 4x Card များထက် AGP 8x Card သည် Data များအား သယ်ယူရာတွင် ၂ ဆခန့် ပိုမိုမြန်ဆန်လှပါသည်။
ထို့ကြောင့် AGP Card တစ်ခုသည် 4x ? , 8x ? , သိသင့်ပါသည်။ AGP 8x Card ကို AGP 4x သာ လက်ခံ နိုင်သော Motherboard တွင် တပ်ဆင်ပါက AGP 8x အမြန်နှုန်း ရရှိမည်မဟုတ်ပေ။
ယခုအခါ New Technology PCI Express Card များ ထွက်ပေါ်နေပြီဖြစ်ပါသည်။ PCI Express 16x Graphic Card များသည် 8 gbps အမြန်နှုန်းဖြင့် Data များကို သယ်ယူပို့ဆောင်နိုင်သဖြင့် AGP 8x Graphic Card များထက် ပိုမိုလျင်မြန်ပေလိမ့်မည်။
Theory အရ နှေးသောအရာနှင့် မြန်သောအရာပူးတွဲတပ်ဆင်ပါက နှေးသောအမြန်နှုန်းဖြင့်သာ အလုပ်လုပ် မည်ဖြစ်သဖြင့် Motherboard ရွေးချယ်သည့်အခါ အထူးသတိထားသင့်ပါသည်။
64 MB AGP (MX 440, 8X) with TV Out
64 MB AGP (MX 4000, 8X) with TV Out
စသည်ဖြင့် ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိနိုင်ရာ ကွန်ပျူတာ ၀ယ်ယူရာတွင် မည်သည့် အမျိုးအစားဖြင့် တပ်ဆင်ထားသည်ကို လေ့လာနှိုင်းယှဉ်သင့်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Graphic Card ထုတ်လုပ်သည့် ကုမ္ပဏီ ?
(Albatron, Gigabyte, MSI, ASUS)
Gigabyte, MSI, ASUS Graphic Card များက ပိုမိုကောင်းမွန်ပါသည်။
* AGP Graphic Card (or) PCI Express Graphic Card
* Memory ပမာဏ (64MB, 128MB, 256MB)
* Data Transfer Speed 4x or 8x or 16x ?

Keyboard
Keyboard သည် သတင်းအချက်အလက်များကို ကွန်ပျူတာသို့ထည့်သွင်းရာ Input Device တစ်ခု ဖြစ်ပါသည်။ PS/2 Keyboard တစ်ခု၏ ကြိုးခေါင်းမှာ ခရမ်းရောင်ဖြစ်ပြီး Computer Casing ၏ အနောက်ဖက်၊ Motherboard ရှိ ခရမ်းရောင်အပေါက်တွင် တပ်ဆင်ရပါမည်။
Keyboard များတွင် ဈေးနှုန်းအရ 2500 Ks မှ Wireless Keyboard သောင်းကျော်အထိ ရှိနိုင်ပါသည်။ Function စုံလင်မှုအပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။

Mouse

Mouse သည် သတင်းအချက်အလက်များကို Computer သို့ ထည့်သွင်းရာ Input Device တစ်ခုဖြစ်သည်။ ကွန်ပျူတာတစ်လုံးတွင် Keyboard နှင့် Mouse သည် မရှိမဖြစ် လိုအပ်လှပါသည်။ Mouse တွင် Serial Mouse, PS/2 Mouse, USB Mouse, Optical Mouse, Wireless Mouse စသဖြင့် အမျိုးမျိုးရှိသည်။
PS/2 Mouse တစ်ခု၏ ကြိုးခေါင်းမှာ အစိမ်းရောင်ဖြစ်ပြီး Computer Casing ၏ အနောက်ဖက်၊ Mother board ရှိ အစိမ်းရောင်အပေါက်တွင် တပ်ဆင်ရပါမည်။
Serial Mouse များမှာ နှေးကွေးပြီး PS/2 Mouse များကိုသာ အသုံးများသည်။ Optical Mouse များသည် PS/2 Mouse ကဲ့သို့ ရွေ့လျားရာတွင် Wheel ကို မသုံးဘဲ Sensor ဖြင့်သုံးသဖြင့် ချေးမတက်ခြင်း၊ ရေရှည်ခိုင်ခံ့ ခြင်းတို့ကြောင့် ပိုမိုလူကြိုက်များသည်။

ဝယ်ယူလိုအား ရွေးချယ်စေလိုသည့်အချက်
Optical Mouse ရွေးချယ်သည့်အခါ Samsung ကုမ္ပဏီထုတ် Optical Mouse များမှာ လူကြိုက်များသည်။

Casing

Casing သည် ကွန်ပျူတာပစ္စည်းများဖြစ်သော Motherboard, Hard Disk, Floppy Drive, CD-ROM Drive စသဖြင့် Computer ဆက်စပ်ပစ္စည်းများအား တပ်ဆင်နိုင်ပြီး၊ ၎င်းတွင် ကွန်ပျူတာစနစ်တစ်ခုလုံးအား လိုအပ်သော လျှပ်စစ်များ ပေးပို့ရာဖြစ်သော Power Supply တပ်ဆင်ရာလည်း ဖြစ်သည်။ စားပွဲပေါ်တွင် တင်ထားပြီး သုံးစွဲနိုင်သဖြင့် Desktop Casing ဟုလည်း ခေါ်ဆိုကြသည်။ Casing တွင်-
(1) Normal Casing
(2) Normal Light Casing
(3) Light (အလှမီး) Casing
(4) Light + Second Fan Casing ဟူ၍ အကြမ်းဖျင်း ခွဲခြားနိုင်ပါသည်။
မိမိ Computer အတွက် Casing ကို အရောင်၊ ပုံသဏ္ဍာန်ကအစ မိမိကိုယ်တိုင် ရွေးချယ်ရသည်က အကောင်းဆုံးဖြစ်ပါသည်။ Model အနိမ့်အမြင့်၊ Casing Design ပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။
Casing ၀ယ်ယူရာတွင် Casing နှင့်အတူ တွဲဘက်ပါရှိလာသည့်အရာမှာ Power Supply ဖြစ်ပါသည်။ ယင်း Power Supply သည် 350W, 400W, 450W လား မေးမြန်းသင့်ပါသည်။ Watt များပါက နောင်အနာဂါတ်တွင် ထပ်မံတပ်ဆင်လိုသည့် Computer ပစ္စည်းများကို နိုင်နင်းစွာ ၀န်ဆောင်မှုပေးနိုင်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Casing တွင်ပါဝင်သော Power Supply သည် အာမခံသက်တမ်းကာလ ၆ လ (သို့) ၁ နှစ်ပေးပါသလား?

Monitor

Monitor သည် Computer ၏ Output Device တစ်ခုဖြစ်သည်။ သတင်းအချက်အလက်များကို ထည့်သွင်း ရာတွင်လည်းကောင်း၊ ထုတ်ယူရာတွင်လည်းကောင်း၊ Monitor မှ သတင်းအချက်အလက်များအား ကြည့်ရှုဆုံး ဖြတ်နိုင်သည်။ Hard Disk ထုတ်ယူလိုပါက Printer မှ ထုတ်ယူနိုင်ပါသည်။
Monitor အမျိုးအစားများမှာ 15", 17", 19", 21" CRT (Cathode Ray Tube) သုံး Monitor များမှာ လူသုံးများ သည်။ ထို့အပြင် LCD

Ref:ရဲထွန်းဝင်း

Thursday 29 November 2012

ဂျီမေးလ်နဲ့ တူတဲ့ BluMail အကောက်ဖွင့်နည်း(မသိသေးသူများအတွက်သာ)

ဂျီမေးလ် နဲ့ အကုန်လုံးနီးပါးတူပါတယ်။ကွာတာဆိုလို့  @gmail.com  နှင့် @blumail.org ပဲကွာတာပါ။
အကောက်ဖွင့်တဲ့နေရာမှာလည်း ဖုန်းနံပါတ်ထည့်ပေးစရာမလိုပါဘူး။
ပထမဦးဆုံးအကောက်ဖောက်ဖို့ အတွက် ဒီလင့်လေးကသွားလိုက်ပါ။
အကောက်ဖွင့်ရမည့်စာမျက်နှာရောက်ရင် ဖြည့်စွက်ရမည့်အရာများကိုပြည့်စုံအောင်ဖြည့်ပေးလိုက်ပါ။ပြီးရင် Continue ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။


Continue ကိုနှိပ်ပြီးရင် Continue နေရာနားမှာပဲ activated ခဏလုပ်နေပါလိမ့်မည်။အောက်မှာပုံနှင့်လည်းပြထားပါတယ်...


ပြီးရင် အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။ဖြည့်စွက်ရမည့်နေရာများတွင့် ပြည့်စုံအောင်ဖြည့်ပေးပြီး Created account ကိုကလစ်ပြီးဆက်သွားလိုက်ပါ။



အောက်ကပုံစံအတိုင်းလေးပေါ်လာရင်တော့ အကောက်ဖောက်တာအောင်မြင်စွာပြီးဆုံးသွားပါပြီ။ထိုဘောက်ထဲရှိ http://mail.blumail.org ကိုကလစ်ပြီးဆက်သွားလိုက်ပါ။


ပြီးရင် Username နေရာမှာ မိမိဖွင့်ထားတဲ့ အီးမေးလ် လိပ်စာကိုရိုက်ထည့်ပါ။Password နေရာမှာ ပက်စ်ဝက်ရိုက်ထည့်ပြီး Sign in ကိုနှိပ်လိုက်ပါ။

ပြီးရင်အောက်ကအတိုင်း ဘောက်တစ်ခုထပ်ကျလာပါလိမ့်မည်။အောက်ခြေအနားမှာရှိတဲ့ Type the characters......below အောက်ရှိစာသားကို အဲ့စာသားအောက်ရှိ Box ထဲတွင်ရိုက်ထည့်ပြီး I accept.Continue to my account ကိုကလစ်ပြီးဆက်သွားလိုက်ပါ။



အောက်ကပုံကတော့ Loading လုပ်နေတာပါ။ဂျီမေးလ်နဲ့ ပုံစံအတူတူပါပဲ။ @blumail.org ပဲကွာတာပါ။ :P








ဂျီမေးလ်နဲ့ ပုံစံအတူတူပါပဲ။အောက်ကပုံမှာအပြာရောင်လေးထောင့်ကွက်နဲ့ ဝိုင်းပြထားတဲ့စာသားတွေပဲကွာတာပါ။ :)



ဂျီတော့ဖွင့်ရင်တော့ Username ရိုက်တဲ့နေရာမှာ @blumail.org ကိုရိုက်ထည့်ပေးရပါမည်{မမေ့ပါနဲ့ နော် :) }
ဥပမာ။ ။ phyutharlay@blumail.org




Facebook,twitter အစရှိတဲ့ဆိုဒ်တွေမှာတင်မက ning ဆိုင်တွေ ကျန်တဲ့ဆိုဒ်တွေမှာပါ ဒီဆိုဒ်မှာ အကောက်ဖောက်ထားတဲ့ blumail အကောက်နဲ့ ပဲ အကောက်သစ်လုပ်လို့ ရပါတယ်။ ဂျီမေးလ်နဲ့ အတူပါပဲ အကုန်လုံး။
အဆင်ပြေကြပါစေ။

Monday 26 November 2012

လေ့လာသင့်သောနည်းပညာစာအုပ်အချို့ 

 ကျွန်တော်ရှာဖွေစုဆောင်းထားတဲ့စာအုပ်အချို့ ကို ပြန်လည်မျှဝေပေးတာပါ။ကျွန်တော့်လို အခြေခံပညာသင်များလေ့လာသင့်တဲ့စာအုပ်လေးတွေလို့  ညွှန်းပါရစေ။

windows ထဲတွင်ပုံမှန်အတိုင်း Format ချ၍မရသော USB  Drive များကို Dos ဖြင့် Format ချ၍ပြုပြင်နည်းစာအုပ်လေးပါ။
လိုအပ်ခဲ့လျှင်  ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

ကွန်ပျူတာပြုပြင်ရန်စဉ်းစားနိုင်သည့်အချက်များစာအုပ်လေးပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။


ကိုနေစေးရေးထားတဲ့ဂျီတော့အခြေခံအသုံးပြုနည်းများစာအုပ်လေးပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

ကွန်ပျူတာမှာဖြစ်တတ်တဲ့ပြဿနာလေးတွေဖြေရှင်းနည်းအကြောင်းရေးထားတဲ့စာအုပ်လေးပါ။
လိုအပ်ခဲ့လျှင် အပိုင်း(၁)ဒေါင်းရန် အပိုင်း(၂)ဒေါင်းရန်

ဖေ့ဘွတ်အကောက်ဘာကြောင့်ပျက်ရသလဲဆိုတဲ့အကြောင်းရှင်းပြထားတဲ့စာအုပ်လေးပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
 
အောက်ကစာအုပ်တွေကတော့ နည်းပညာဗဟုသုတပေါ့နော် ...:)

ဦးခိုင်မောင်ရေးထားတဲ့ Special Effects For Graphic Designer စာအုပ်ဒေါင်းရန်

DOS COMMAND တွေအကြောင်းရေးထားတဲ့စာအုပ်ဒေါင်းရန်

Bots ကာကွယ်ခြင်းအစီအမံစာအုပ်ဒေါင်းရန်

အဆင်ပြေကြပါစေ...

ခုနှစ်ရက်သားသမီးများအတွက် ( ၂၆.၁၁.၁၂) မှ (၂.၁၂.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
လေယာဉ်ခရီး၊ ပျော်ရွှင်သောခရီးသွားရခြင်းများ ဖြစ်တတ်သည်။ နိုင်ငံခြားသွားရန်ပြင်ဆင်နေသူများနိုင်ငံရပ်ခြားခရီး
လည်းဖြစ်တတ် သည်။ အလုပ်တွင်နေရာကောင်းရနေခြင်း၊ နာမည်ကောင်းရခြင်းထက်အလုပ်များလည်း မိမိတာဝန်
ဖစ်သလိုဖြစ်နေတတ်သည်။  အထက်လူကြီးဆရာသမားကောင်းခြင်း၊  လက်အောက်ငယ်သားကောင်းခြင်းကြောင့်
အလုပ် များနေသော်လည်း အဆင်ပြေနေသည်။ ငွေများဝင်သည်။
သို့သော်ဝင်သလောက်အဖတ်မတင်ဖြစ်နေတတ်
သည်။ မကြာခင်အစစအရာရာအဆင်ပြေမည်။

ကျန်းမာရေး
အစာအိမ်ရောဂါကြောင့်ဆေးစားဆေးသောက်လုပ်နေရတတ်သည်။
အချစ်ရေး။ အစစအရာရာနားလည်ပေးသောသူအနားတွင်ရှိနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီး (၆) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၄ ၇ )



တနင်္လာသားသမီးများ၏ကံကြမ္မာ
ထီပေါက်တတ်သည်၊ ဆုသေးဖြစ်တတ်သည်။ နိုင်ငံခြားမှလက်ဆောင်ပစ္စည်းများရတတ်သည်။ အခန်းသစ်ရခြင်း၊
ကားသစ် ရခြင်းဖြစ်တတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်းဖြစ်တတ်သည်။ ပြည်တွင်းပြည်ပ
ခရီးတခုခုထွက်ရတတ်သည်။ ငွေများစွာဝင်ခြင်း၊ လစာတိုးခြင်း၊ အပိုဝင်ငွေရခြင်းများဖြစ်တတ်သည်။ အလုပ်တွင်
စိတတိုင်းမကျစရာများဖြစ်နေတတ်သည်။ လက်အောက်ငယ်သားကြောင့်ဖြစ်နေ တတ်သည်။ ငွေလူလိမ်ခံရသလိုဖြစ်
နေတတ်သည်။ သတိထားပါ။
ကျန်းမာရေး။ ဆီးအောင့်ခြင်း၊ မျက်စိကိုက်နေခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စန်းပွင့်နေသည်။ မိမိကိုလက်ထပ်ရန်ပူဆာနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားမာလာကာသီး( ၉) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၀ ၇ ၂)

အင်္ဂါသားသမီးများ၏ကံကြမ္မာ
ရွှေလက်ကောက်ဝင်ခြင်း၊ ငွေဝင်သော်လည်းငွေကုန်များနေသောကြောင့်စိတ်ညစ်နေတတ်သည်။ငွေအတွက်ပူပင်
သောကဖြစ်နေရတတ်သည်။ စာရွက်စာတမ်း၊ စာရင်းအင်းများမှားတတ်သည်။သတိထားပါ၊။ ခင်မင်သောမိတ်ဆွေ
နှင့်မိတ်ပျက်တတ်သည်။ မိမိကိုယ်တိုင်စိတ်တိုင်းမကျခြင်း၊သူတပါးကိုစိတ်တိုင်းမကျခြင်းဖြစ်နေတတ်သည်။ ဖုန်း
ထွက်ခြင်း၊ ကြာသပတေးနံထွက်ခြင်းဖြစ်နေတတ်သည်။ စိတ်များလေနေတတ်သည်။ အလုပ်တွင်စိတ်မ၀င်စား
သောကြောင့် အလုပ်များလည်းပိနေတတ်သည်။စိတ်အေးအေးထားပြီးလုပ်ပါ။
ကျန်းမာရေး။ အစားမှားပြီးသွေးတိုးတတ်သည်။
အချစ်ရေး။ သာယာဖြေင့်ဖြူးနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းလိမ္မော်သီး (၈) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ (  ၄ ၂ ၂ ၁ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်စိတ်ပင်ပမ်းခြင်း၊ လူပင်ပမ်းခြင်းဖြစ်နေတတ်သည်။ ငွေများဝင်ခြင်း၊ ထီပေါက်တတ်ခြင်း၊ကြာသပတေးနံ
များ ၀င်ခြင်းဖြစ်နေတတ်သည်။ မြေ၊ အမွေကိစ္စကြောင့်စကားများနေရတတ်သည်။ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ အမိ
နိုင်ငံပြန်ရတတ်ခြင်းဖြစ်နေတတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ဖုန်းအကောင်းဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်းများဖြစ်
တတ်သည်။ အခန်းပြောင်းရခြင်း၊ အလုပ်ပြောင်းချင်စိတ်ဖြစ်နေခြင်းဖြစ်နေတတ်သည်။ အလုပ်မပြောင်းပါနှင့်၊ ပြောင်း
ကပိုပြီးပိုဆိုးတတ်သည်။လက်ရှိအလုပ်တွင်သာနေပါ။ အစစအရာရာအဆင်ပြေပါလိမ့်မည်။
ကျန်းမာရေး။ ခေါင်းမူးခေါင်းကိုဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်မ၀င်စားနိုင်အောင်ဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင်  မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားလိမ္မော်သီး (၅) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၅ ၄ ၃)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရတတ်ခြင်း၊ စန်း၊ စုတ်အားကောင်းနေခြင်း၊လက်ဆောင်ပစ္စည်းများရနေခြင်း၊
ပျော်ရွှင်သော ခရီးသွားရန်ဖြစ်လာခြင်းများဖြစ်နေတတ်သည်။အိမ်ထောင်ရှင်များသားသမီးရတတ်ခြင်း၊လက်အောက်
ငယ်သားကောင်းများရောက်လာတတ်ခြင်းဖြစ်တတ်သည်။ စက်ပစ္စည်းအဟောင်းများထွက်ပြီး အသစ်များဝင်တတ်
သည်။ ရွှေဟန်းချိန်းဝင်တတ်သည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ စီးပွားတက်နေတတ်သည်။
အလှူတခုခုလုပ်ဖြစ်အောင်လုပ်လိုက်ပါ။
ကျန်းမာရေး။ ဆေးထိုးမှားခြင်း၊ ဆေးစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေသည်။ စိတ်ချမ်းသာမှုများနှင့်ပြည့်စုံနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသီး ( ၃) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၂ ၁ ၁ )

သောကြာသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်လုပ်ဖေါ်ကိုင်ဖက်များ၏ငွေကြေးအခက်အခဲများအကူအညီတောင်းခံခြင်းခံနေရသောကြောင့်စိတ်ညစ်နေရ
တတ်သည်။ လက်အောက်ငယ်သားကြောင့်၎င်းစိတ်တိုင်းမကျဖြစ်နေရတတ်သည်။လူမျိုးခြားများ၏ကူညီမှုရတတ်သည်။
ရွှေပြင်ရခြင်း၊ ရွှေဖြူ (သို့) ရွှေဝါလက်ကောက်ဝင်တတ်သည်။မိမိသုံးသောစက်ပစ္စည်းပျက်နေသောကြောင့်စိတ်ညစ်နေရ
တတ်ခြင်း၊ ငွေကုန်ရခြင်းဖြစ်နေတတ်သည်။မိမိအလုပ်တွင် နာမည်ဂုဏ်သတင်းကောင်းနေခြင်း၊ စီးပွားရေးတိုးတက်နေ
ခြင်းဖြစ်နေ တတ်သည်။ ဘာသာရေးတတ်နိုင်သလောက်လုပ်ခြင်း၊ မေတ္တာပို့ခြင်းများပြုလုပ်ပါ။
ကျန်းမာရေး။ သွားဒုက္ခပေးနေတတ်သည်။
အချစ်ရေး။ ပုံမှန်အတိုင်းသာယာပျော်ရွှင်မှုများဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားသစ်တော့သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၀ ၅ ၇ ၅)

စနေသားသမီးများ၏ကံကြမ္မာ
ဆိုင်ခန်းဝင်ခြင်း၊ စာရွက်စာတမ်းနှင့်ပတ်သက်သောကိစ္စများအဆင်ပြေနေခြင်း၊ မျက်မှန်ဝင်ခြင်း၊မိတ်ဆွေ သစ်များရခြင်း၊
စက်ပစ္စည်းများဝင်ခြင်းဖြစ်တတ်သည်။ ဆိုင်ကယ်ဝင်တတ်သည်။ကောင်းသော  ၀င်ခြင်းဖြစ်သည်။  လက်ခံပါ၊  ၀ယ်ပါ။
စီးပွားတက်မည့်အချိန်ဖြစ်နေသည်။အလုပ်တွင်အစစအရာရာအဆင်ပြေနေတတ်သည်။ သို့သော် လုပ်ဖေါ် ကိုင်ဖက်များ
အချင်းချင်းရန်ဖြစ်တတ်သည်။ သတိထားပါ။အလုပ်ပြောင်းရန်ဖြစ်လာတတ်သည်။ ကောင်းသောပြောင်းခြင်းဖြစ်သည်
သည်။ ပြောင်းလိုကပြောင်းလိုက်ပါ။
ကျန်းမာရေး။ လေထိုးလေအောင့်ဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရတတ်ခြင်း၊ ဘ၀အတွက်လက်တွဲဖေါ်ကောင်းဖြစ်တတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ဘာသာမှဘုရားသခင်အားနှင်းသီး (၁၀) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၃ ၃ ၄)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)

ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ

ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း

ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး

ဖုန်း – +6 016 6903 513 ,+6018 2250 510

Sunday 25 November 2012

ADrive ဝက်ဆိုဒ်(သို့ မဟုတ်) ဖိုင်၊သီချင်း၊ဆော့ဝဲလ်တွေ 50 GB Free သိမ်းနိုင်တဲ့ဆိုဒ်

ဒီဆိုဒ်  လေးကို အရင်သွားပါ။ ပြီးရင် Sign Up ကိုနှိပ်ပါ။
ပြီးရင်အောက်ကလို ပုံစံလေးတွေ့လိမ့်မယ်။
Step 1. Select Your Account Type
အောက်မှာအနီရောင်လေးထောင့်ကွက်နဲ့ ဝိုင်းပြထားတဲ့ Personal Basic(FREE 50GB) ရှေ့ကအဝိုင်းလေးမှာ အစက်လေးထည့်ပေးလိုက်ပါ။
ပြီးရင် Step 2. Set Up Your Account
လိုအပ်တာများကို ပြည့်စုံအောင်ဖြည့်ပေးလိုက်ပါ။
◘◘◘◘◘Password ဖြည့်ရမည့်နေရာတွင် အကြီးစာလုံးအနည်းဆုံးနှစ်လုံး၊အသေးစာလုံး အနည်းဆုံးနှစ်လုံး၊ဂဏန်း အနည်းဆုံးနှစ်လုံး ပါရမည်။။◘◘◘◘◘◘
ဥပမာ။  ။KzhZin23
လိုအပ်တာဖြည့်စွက်ပြီးလျှင် Sign Up ကိုနှိပ်ပါ။
ပြီးရင်  မိမိ ဂျီမေးလ်ကိုဖွင့်ပြီး Confirm လုပ်ပေးလိုက်ပါ။အောက်ကလိုမျိုးမေးလ်ပို့ ထားပါလိမ့်မည်။ကြိုက်တဲ့လင့်ကိုဝင်လိုက်ပါ။ ပြီးရင် အပြာရောင်နှင့်ရေးထားတဲ့ လင့်ကိုကလစ်ပြီး Confirm လုပ်ပေးလိုက်ပါ။
 ပြီးရင် အောက်ကလိုမျိုးပုံစံလေး ပေါ်လာပါလိမ့်မည်။မိမိဖွင့်ထားတဲ့ မေးလ်လိပ်စာနှင့် password ထပ်ဖြည့်ပြီး ဝင်ရပါ့မယ်။ 
ဝင်ပြီးရင်အောက်ကလိုလေး ထပ်တွေ့ပါ့မယ့်။ အဲဒီမှာ မြင်ရတဲ့ ဂဏန်းလေးတွေကို ရိုက်ထည့်ပေးပါ။ Verify User ကိုကလစ်ပေးပါ။ 
ပြီးပြီဆိုရင် အောက်ကပုံလေးကိုထပ်ကြည့်ပါ။ အပေါ်နားလေးမှာရှိတဲ့ My File ဆိုတာကိုကလစ်ပေးပါ။ 
အောက်ကပုံစံလေးအတိုင်းပေါ်လာပါ့မယ်။ အဲဒီအခါမှာ ညာဘက်ထိပ်မှာရှိတဲ့  Upload Files ဆိုတာကိုကလစ်ပေးပါ။ 
အောက်ပုံအတိုင်းပေါ်လာပါ့မယ်။ အဲဒီအခါမှာ မိမိလိုသလိုတင်လို့ရပါပြီ။ Drag ဆွဲထည့်ထည့်၊ Browse ကနေပဲယူယူ upload တင်လို့ရပါပြီ။ 
အောက်က ပုံက Browse ကနေ မိမိတင်ချင်တဲ့ဖိုင် ကိုတင်ပြီးသွားရင်ပေါ်လာမဲ့ပုံပါ။
 
အောက်ကပုံကတော့ Upload တင်ပြီးရင်ပေါ်လာတဲ့ပုံပါ။
မိမိတင်ထားတဲ့ဖိုင်ပေါ်မှာ Mouse ထောက်ပြီး Right Click နှိပ်လိုက်ပါ။Public Details ဆိုပြီး Box တစ်ခုကျလာပါလိမ့်မည်။ကျလာတဲ့ဘောက်ထဲတွင် URL နှင့်စသောစာကြောင်းကိုရှာလိုက်ပါ။အောက်မှာ အနီရောင်လေးထောင့်ကွက်နှင့်ဝိုင်းပြထားပါတယ်။ထိုလင့်လေးကို Copy ကူးလိုက်ပါ။ပြီးရင် ဝေမျှလို့ ရပါပြီ။
အဲ့ဆိုဒ်လေးမှာကျွန်တော်ဆော့ဝဲလ်တစ်ခုစမ်းတင်ထားပါတယ်။ဖိုင်ကော်ပီကူးတာမြန်တဲ့ဆော့ဝဲလ်လေးပါ။
လိုအပ်ရင်အောက်ကလင့်လေးကနေသွားဒေါင်းလိုက်ပါနော်။
အဆင်ပြေကြပါစေ...

Friday 23 November 2012

တစ်ဖက်သက်ချစ်နေရသူများအတွက်သီချင်းများစုစည်းမှု

 တစ်ဖက်သက်ချစ်နေရသူများအတွက် (For Boys)

ကိုယ့်ဖက်က လိုလိုလားလားနဲ့ ပဲဖြစ်ဖြစ်….၀ဋ်ကြွေးပါလာလို့ ပဲဖြစ်ဖြစ်….
တစ်ဖက်သက်အချစ်ဆိုတာကိုကြုံဖူးကြမယ်ထင်ပါတယ်…။
သူက ကိုယ့်အချစ်ကိုသိသော်ရှိမသိသော်ရှိ…..
တစ်ဖက်သက်ချစ်တယ်ဆိုကတည်းကတစ်ဖက်ကပြန်မကြိုက်သေးလို့..
သူ့အချစ်ကိုတိတ်တခိုးလေးတမ်းတနေရတဲ့ဖြစ်နေတဲ့မျှော်တော်ယောင်ဘ၀၊
ဒါမှမဟုတ် ပြန်မချစ်နိုင်မှာမဟုတ်ဘူးဆိုတာသိသိနဲ့ ဇွတ်မှိတ်ပြီး ချစ်နေရရင်ပြီးရောဆိုတဲ့
ပေးဆပ်သူတို့ နှလုံးသားလိုမျိုးပေါ့။

ပုံစံအမျိုးမျိုးကွဲပြားနေတဲ့ တစ်ဖက်သတ်အချစ်အကြောင်းလေးကို
အနုပညာရှင်တွေကလည်း ဘယ်လိုခံစားသီဆိုကြလည်းဆိုတာ တင်ပြပေးလိုက်ပါတယ်နော်။
ယောက်ျားလေးအဆိုရှင်နဲ့ မိန်းကလေးအဆိုရှင် နှစ်ခုခွဲပြီး တင်ပေးထားပါတယ်….။

1. ခိုးချစ်ရသူ – G လေး
2. ပြည့်စုံပါစေ – ဘိုဖြူ
3. တစ်ဖက်သက် – နောနော်
4. အဖြူသက်သက် – Lလွန်းဝါ
5. ဒီကောင်မလေးအတွက် – ဒီဖြိုး
6. အရံလူ – ရင်ဂို
7. ကျေနပ်စွာချစ်တတ်သူ – Lလွန်းဝါ
8. တစ်နေ့ နေ့ တော့ချစ်လာလိမ့်မည် – ထွဏ်းထွဏ်း
9. နေနိုင်သူလေး – ကိုင်ဇာ
10. နှမြောတယ် – ဒီဖြိုး
11. မျက်ရေစိုငိုလိုက်တိုင်း – ဇော်ပိုင်
12. တိတ်တခိုး – ခင်မောင်တိုး
13. အချစ်ကမင်းအနားမှာပါ – စိုင်းထီးဆိုင်
14. အဝေးကချစ်နေမယ် – အဲလတ်စ်
15. ငါ့ရင်ခွင်ကို – ဇော်ဝင်းထွဋ်
16. ပေးဆပ်အချစ် – ကောင်းကောင်း
17.တစ်နေ့ နေ့ ရောက်ခဲ့ရင် – ရဲလေး
18 . တစ်ဖက်သက်အချစ် – ရန်နိုင် && T-Boy
19. တိတ်တခိုးအချစ် – MC Double Nyi ( Feat: Tay Za MC)
20. နေနိုင်သူ-အစ္စဏီ
21. ပေးဆပ်ခွင့် – Unknown Artist
22. ပေးဆပ်မယ့်အချစ် – ဇော်ပိုင်
23. အမြဲတမ်းချို – ရင်ဂို
24. သိပ်ချစ်လို့ ပါ – စုမီ

Album တစ်ခုလုံး Download ရန်
Mediafire
Splitr


တစ်ဖက်သက်ချစ်နေရသူများအတွက် (For Girls)

တစ်ချို့ ကတော့ တစ်ဖက်သက်အချစ်ဆိုတာ မီးခဲကိုင်ထားရသလိုပဲတဲ့။
တစ်ချို့ ကတော့ စိတ်ကူးနဲ့ ကြည်နူး…စိတ်ကူးနဲ့ ကြိတ်ရူးနေရတာပါတဲ့။
တစ်ချို့ ကတော့ တစ်ဖက်ပြတ်နေတဲ့ဖိနပ်လိုပဲတဲ့။
နှမြောပေမယ့်ကြာကြာမထားသင့်ဘူးပြောကြတယ်။
တစ်ချို့ ကတော့ တစ်ဖက်သက်အချစ်ဆိုကတည်းက တစ်ဖက်လူကိုသတ်ပစ်လိုက်တာပဲတဲ့။
တစ်ယောက်တစ်မျိုးစီ တင်စားကြ၊ ဖော်ကျူးကြတဲ့အထဲမှာ……ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခွင့်မရှိတဲ့ တစ်ဖက်သက်အချစ်နဲ့ ချစ်နဲ့ ရတဲ့မိန်းကလေးတွေရဲ့ ချစ်ဒုက္ခကို ရော၊ သူတို့ ရဲ့ ခံစားမှုကိုရော
အမျိုးသမီးအနုပညာရှင်တွေက ဘယ်လိုခံစားသီဆိုပေးထားကြလည်းဆိုတာ ခံစားနားဆင်ကြည့်ကြပါဦး။

1. တစ်ဖက်သက်အချစ် – မေစံပယ်ညို
2. တစ်ဖက်သက်ရုပ်ရှင် – ဒိုရေမီ
3. တစ်ဖက်သက် – ကြိုးကြာ
4. တစ်ဖက်သက် – ခင်ဖုန်း
5. တစ်ဖက်သက် ကိုကို – မေဆွိ
6. တစ်ဖက်သက်အချစ် – မို့ မို့ ဇော်ဝင်း
7. အိပ်မက်မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါ – ကြိုးကြာ & စင်ဒီ
8. အချစ်အတွက်ကံမကောင်းခဲ့သူ – ရသ & L-ဆိုင်းဇီ
9. ဆုံနိုင်ဖို့ ဝေး- မေသူ
10. အကြင်နာစစ်ရင် – ဆုန်သင်းပါရ်
11. ပြန်သိမ်းထားမယ် – ဟေမာနေ၀င်း
12. တစ်ဖက်သက်ချစ်သူ – နိုဗယ်ခင်
13. မျှော်လင့်ရင်းဝေး – မေသူ
14. တစ်ခါတစ်လေတော့လည်း – ကဗျာဘွဲ့ မှူး
15. တိတ်တိတ်ကလေး – ကြိုးကြာ
16. တိတ်တိတ်လေး – Bambino
17. ရင်ခုန်မိသူ – ရှင်ဖုန်း
18. နောင်ဖဲ့ငယ်စောရအိုင် – ရေဗက္ကာဝင်း
19. ဝေးနေတုန်းပဲ – ဘဲဥ၊ အိမြတ်
20. ချစ်မှာပဲ – NO
21. တိတ်တခိုးအချစ် – မီမီဝင်းဖေ
22. မိန်းကလေးပါ – ၀ိုင်းဆုခိုင်သိန်း
23. အိန်ဂျယ် – ရေဗက္ကာဝင်း
24. မင်းရည်းစားတောင်သိရဲ့ လား – NO
25. ဖန်တီးလို့ မရတဲ့အချစ် – မို့ မို့ 
26. ပဋိပက္ခ – ယုဇန
27. အဖြည့်ခံ – ချမ်းချမ်း
28. စိတ်ကူးရွက်ကြွေ – အေသင်ချိုဆွေ
29. သတိရခွင့် – မေစံပယ်ညို( NG2K)
30. အကြွင်း – မီးနို
31. သူမသိလည်း – စင်ဒီ
32. ရှိုးတို့ ရှန်းတန်း – နန်းမြတ်ဖြိုးသင်း

Album တစ်ခုလုံး Download ရန်>>>Link

အိမ်မက်လှိုင်းမှ

လွှမ်းပိုင် သီချင်းများစုစည်းမှု



1-အမြဲတမ်း-လွမ်းပိုင်,စင်ဒီ
2-Best Friend Forever-လွမ်းပိုင်,နီနီခင်ဇော်
3-မဖြစ်နိုင်ဘူး-လွမ်းပိုင်
4-မေ-လွမ်းပိုင်,ကျော်ထွဋ်ဆွေ,ဂျောက်ဂျက်

5-ကိုယ့်လမ်းကိုယ်လျှောက်-လွမ်းပိုင်
6-နားနားဘေးမှာ (New Version)-လွမ်းပိုင်,ဇေရဲ
7-နားနားဘေးမှာ(Simple Version)-လွမ်းပိုင်,ဇေရဲ
8. မင်္ဂလာပါ (ဟဲလို) – လွှမ်းပိုင်
9-လေဆင်နှာမောင်း-လွမ်းပိုင်
10-လွမ်းပိုင်ဆိုတဲ့ငါ-လွမ်းပိုင်
11-ခုန်လိုက်-လွမ်းပိုင် Feat.Bobby Soxer
12-မနှုတ်ဆက်ချင်ဘူး-လွမ်းပိုင်,ရဲလေး,အိမ့်ချစ်,Bobby Soxer
13-Mile Away- ကျော်ထွဋ်ဆွေ,လွမ်းပိုင်,အိမ့်ချစ်
14-ဆပ်ပြာပဲ-လွမ်းပိုင် Feat.ထိန်ဝင်း
15-လှုပ်ရင်းခါ-လွမ်းပိုင်,Ah Boy,ထွန်းထွန်း(Example)
16-Shake Up-Roll-one,Buthee,လွမ်းပိုင်

17-အားလုံး Ok-လွမ်းပိုင်
18. အဖြူရောင်သတို့ သမီး – လွှမ်းပိုင် + Bobby Soxer
19. ၁၀ပြီး၁၁ – လွှမ်းပိုင်+ Lil Chan
20. Miss.ပိတောက် – လွှမ်းပိုင်
21. မင်းစိတ်ကြိုက် – ဝေလျှံ && ဟိန်းမြတ် && လွှမ်းပိုင်
22. ဘာဖြစ်ချင်လဲပြော – လွှမ်းပိုင် (ROCKSTAR)

 အိမ်မက်လှိုင်းမှ

သူငယ်ချင်းသီချင်းများစုစည်းမှု


အဖြူရောင်သူငယ်ချင်းလေးအတွက်
1. အဖြူရောင်နေ့ များသို့  – ထွန်းအိန္ဒြာဗိုလ်
2. အချစ်ဆုံးသူငယ်ချင်း – 9mm
3. အဖြူရောင်ပြတိုက် – မဒီ

4. ဘယ်လိုချိန်မျိုး – AMZ
5. အဖြူရောင် – ခရစ်စတိုဖာ
6. Best-Friend-Forever – လွှမ်းပိုင်&&နီနီခင်ဇော်
7. အဖြူရောင်စည်း – Poem
8. ဇာတ်လမ်း – ဘိုဘို & လင်းပင်ဟိန်း (Feat: ရွှေထိုက်)
9. မချစ်တဲ့သူငယ်ချင်း – Dictionary
10 . သူငယ်ချင်း – လင်းထိုက်
11. သူငယ်ချင်းသံယောဇဉ် – ဂျောက်ဂျက်
12. Best Friend – ကျော်ထွဋ်ဆွေ
13. မင်းပဲကိုယ်ချစ်တယ် – L-လွန်းဝါ
14. အုံ့ ပုန်းချစ် – ဘာဘူ၊ ရည်မွန်
15. ပြောမထွက်ခဲ့သူ – Bambino + ရဲလေး
16. မရိုးသားတော့ဘူး – ထူးအိမ်သင်
17. မင်းဘက်ကသူငယ်ချင်း – ဆင်ပေါက်
18. အမှားလား – ရွှေထိုက်
19 . တံခါးလေးစေ့ရုံပဲလား – ထွန်းအိန္ဒြာဗိုလ်
20. သူငယ်ချင်းလေးပါတဲ့ – စိုင်းစိုင်းခမ်းလှိုင် ( feat: နန္ဒစိုင်း )
21. သူငယ်ချင်းအတွက် – ချစ်ကောင်း
22. သူငယ်ချင်းချစ်သူ – L-လွန်းဝါ
23. သူငယ်ချင်းအချစ်ထက်ပိုချစ်ပါ – ထူးအိမ်သင်
24. သူငယ်ချင်းအတွက် – မဒီ
25. သူငယ်ချင်း – စည်သူလွင်
26. သူငယ်ချင်း – မြေပဲယို
27. သူငယ်ချင်းအတွက် – တူးတူး
28. သူငယ်ချင်း – ဥာဏ်လင်းအောင်
29. သူငယ်ချင်း – ကိုဖြိုး
30. ဖြေသိမ့်လိုက် – ၀ိုင်ဝိုင်း
31. သူငယ်ချင်းများကို – NG2K
32. သူငယ်ချင်းများစွာ – စိုင်းစိုင်းခမ်းလှိုင်
33. ငယ်သူငယ်ချင်းစာဥ – ဟင်္သာတထွန်းရင်
34. ငယ်သူငယ်ချင်းသာအေး – ထက်ထက်စိုးစံ 

အိမ်က်လှိုင်းမှ

Thursday 22 November 2012

ကိုးဘွဲ့ ရဆရာတော်အရှင်အာစာရာလင်္ကာရ၏ ဒသနစကားအချို့ 



၁။ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံ။
၂။ ပါရမီပြည့်အောင် စောင့် မနေပါနဲ့၊ တောင်း မယူပါနဲ့၊ လုပ် ယူပါ။

၃။ မိဘကို စွမ်းနိုင်ပါလျက် မလုပ်ကျွေးဘဲ တမင်ပစ်ထားရင် ကြွေးလည်း တင်တယ်၊
     လူယုတ်မာလည်း ဖြစ်တယ်။
၎။ လူကိုပဲ ညာလို့ ရမယ်၊ ကံကိုတော့ ညာလို့ မရဘူး။
၅။ ဆွေမျိုးပျက်, ဥစ္စာမွဲ , ရောဂါစွဲရုံနဲ့တော့ မငိုပါနဲ့။ အကျင့်ပျက်,     ဘာသာ
     ပျက်ရင်သာ ငိုပါ။
၆။ တစ်နေ့တစ်လံ ပုဂံ ဘယ်မရွေ့ပေမယ့်၊ ပုဂံကို ကျောခိုင်းပြီး ပြေးရင်တော့
     ဘယ်တော့မှ မရောက်ဘူး မှတ်။
၇။ ``ငါ ဘာ လုပ်နိုင်တယ်´´ လို့ မကြွားပါနဲ့၊ ငါ ဘာလုပ်နိုင်ကြောင်း လက်တွေ့
      ပြပါ။
၈။ ဘ၀မြင့်အောင် လုပ်ပါ။ ဒါပေမဲ့ ..... ဘ၀င်တော့ မမြင့်လေနဲ့။
၉။ မိုးကို မျှော်ကြည့်ပါ။ ဒါပေမဲ့ ...... ခြေထောက်နဲ့ မြေကြီးနဲ့တော့ မလွတ်စေနဲ့။
၁၀။ သက်သာ ခိုတဲ့လူဟာ ဘယ်တော့မှ မသက်သာဘူး။
၁၁။ ကိုယ့်ကို ကိုယ်ခိုင်းပါ။ ကိုယ်မခိုင်းရင် သူများက လာခိုင်းလိမ့်မယ်။
၁၂။ လူဆိုတာ လူ့အကြောင်း သိရမယ်၊ ပို သိတဲ့သူဟာ ပညာရှိပဲ။
၁၃။ ဒီလိုနေရင် ဒီလိုပဲ နေရမယ်။ ဒီလို မနေမှ ဒီလို မနေရမှာ။
၁၄။ ကိုယ့်နောက်မပါမယ့် ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာတွေအတွက်
       ကိုယ့်နောက်ပါမယ့် အကုသိုလ်တွေနဲ့ မလဲမိပါစေနဲ့။
၁၅။ ကိုယ်ကြိုက်တာကိုပဲ မလုပ်သင့်ဘူး၊ ကိုယ်လုပ်သင့်တာကိုပဲ ကြိုက်ရမယ်။
၁၆။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ပရဟိတပဲ။
၁၇။ လူမှန်ရင် ၃ တန်းတော့ အောင်ရမယ်၊ သင်ပညာ၊ ကြံပညာ၊ ကိုယ်တွေ့ပညာ
        ဆိုတဲ့ ၃ တန်း။
၁၈။ ငွေဒင်္ဂါးကို ထွေခင်းကစားလို့ ရပေမဲ့၊ သေခြင်းတရားကိုတော့ ကွေကွင်းသွားလို့
        မရနိုင်ဘူး။
၁၉။ စိတ်ဓါတ်ကျသလား? ပြန်ကောက်ထား၊ အရေးကြီးတယ် သူမရှိလို့ မဖြစ်ဘူး။
၂၀။ သူတော်ကောင်း ဖြစ် မဖြစ်, သူတော်ကောင်း စစ် မစစ် သိချင်ရင်
        အခုသေရဲ မသေရဲ ပြန်တွေးကြည့်။
၂၁။ ပထမနဲ့ ဒုတိယဟာ အဝေးကြီး မဟုတ်၊ နည်းနည်းလေးပဲ  ပို ကြိုးစား။
၂၂။ သင့်နေရာ နံပါတ် ၂ ဟာ ၊ ၃ ကနေ တက်သွားတာလား၊
        ၁ ကနေ ဆင်း လာတာလား? သတိထား။
၂၃။ ကြီးကျယ်အောင် လုပ်၊ ကောင်းအောင် လုပ်၊ ပိုကောင်းအောင် လုပ်။
၂၄။ အောင်နိုင်သူထက် တန်ဖိုးရှိသူက ပိုကောင်းတယ်။
၂၅။ စစ်ဆိုတာ စိတ်ကစတယ်၊ စိတ်ဆိုတာ အတွေးအာရုံက စတယ်။
၂၆။ ဟိုဘက်ကမ်းရောက်ချင်ရင် ပင်လယ်ထဲ ရွက်လွင့်ပါ။
        တကယ်အောင်မြင်ချင်ရင် အခုပဲ စလုပ်ပါ။
၂၇။ ဖြစ်ချင်တာက ဆန္ဒ ၊ ဖြစ်နေတာက ဘ၀ ၊ ဖြစ်နိုင်တာက စ။
၂၈။ အရေးကြီးတာက အရေးမကြီးတာတွေကို အရေးတကြီး မလုပ်မိဖို့ဘဲ
        အရေးကြီးတယ်။
၂၉။ ကိုယ့်ကြောင့် သူတစ်ပါး၊ ကိုယ် စိတ် နှစ်ပါး၊ ဆင်းရဲ မသွားပါစေနဲ့။
၃၀။ အားငယ်ပါ။ စိတ်ဓါတ်တော့မကျပါနဲ့။
၃၁။ အသေးအမွှားတွေကို အရေးထားနေရင် ကြီးမားတာတွေကို လုပ်လို့ မရတော့ဘူး။

Wednesday 21 November 2012

ရှေးခေတ်ဘုရင်တို့ရဲ့ ရာဇပလ္လင်အကြောင်းသိကောင်းစရာ












ရှေးခေတ်ဘုရင်တို့ရဲ့ ရာဇပလ္လင်အကြောင်းသိကောင်းစရာ
(၁) သီဟာသန ပလ္လင်
- ခြင်္သေ့ရုပ်ခံ၍ ယမနေသားဖြင့် ထုလုပ်ပြီးနန်းဦးပြဿဒ်ဆောင်နှင့် လွှတ်တော်၌ ထားရှိ

(၂) ဘမယာသန ပလ္လင်
- ပိတုန်းရုပ်ခံ၍ ကရဝေးသားဖြင့် ထုလုပ်ပြီးမှန်နန်းဆောင် (စက်တော် ခေါ်သည့်နေရာ) ၌ ထားရှိ
(၃) ပဒုမာသန ပလ္လင်
- ပဒုမ္မာကြာပွင့်ခံ၍ သရက်သားဖြင့် ထုလုပ်ပြီး အနောက်ဇေတ၀န်ဆောင် (မင်းတို့ကန်တော့ခံရန် နေရာ)၌ ထားရှိ
(၄) ဟံသာသန ပလ္လင်
- ဟသာင်္ရုပ်ခံ၍ သင်္ကန်းသားဖြင့် ထုလုပ်ပြီး အရှေ့ဇေတ၀န်ဆောင် (မင်းတို့ ၀တ်ပြုရန်နေရာ)၌ ထားရှိ
(၅) ဂဇာသန ပလ္လင်
- ဆင်ရုပ်ခံ၍ စကားသားဖြင့် ထုလုပ်ပြီး ဗြဲတိုက်ဆောင် (မင်းတို့ လက်ဆောင် ခံယူရာနေရာ)၌ ထားရှိ
(၆) သခါင်္သန ပလ္လင်
- ခရုသင်းရုပ်ခံ၍ တောင်ပိန္နဲသားဖြင့် ထုလုပ်ပြီး လေသာဆောင် (တရားစီရင်ရာနေရာ)၌ ထားရှိ
(၇) မိဂါသန ပလ္လင်
- သမင်ရုပ်ခံ၍ ရေသဖန်းသားဖြင့် ထုလုပ်ပြီး တောင်စမုတ်ဆောင် (မင်းတို့ အလှူတော်ရေစက်ချရာ နေရာ)၌ ထားရှိ
(၈) မယုရာသန ပလ္လင်-ဥဒေါင်းရုပ်ခံ၍ ပေါက်သားဖြင့် ထုလုပ်ပြီး မြောက်စမုတ်ဆောင် (ကန်တော့ပန်းသိမ်းရာနေရာ)၌ ထားရှိ
ပလ္လင်တွင်ပါရှိသောအစိတ်အပိုင်းများမှာ-
(၁) ခြင်္သေ့
(၂) ဆင်ပျံ
(၃) လောကနတ်
(၄) ဒေါင်းမြီးယပ်
(၅) ဆင်နား
(၆) တံခါးတိုင်
(၇) သိကြား
(၈) ကိန္နရာ
(၉) သမ္မာဒေဝ
(၁၀) ခြူး
(၁၁) ကြာ
(၁၂) ဦးဆောက်ပန်း
ဟူ၍ (၁၂) နေရာပါရှိသည်။

ref;https://www.facebook.com/photo.php?fbid=495797140451159&set=a.4...


Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio