Monday 31 December 2012

ဗြောက်သောက်

သူငယ်ချင်းများအားလုံး မင်္ဂလာပါ။ဆော့ဝဲလ်လေးတွေ စုပြီး တင်ထားပေးတာပါ။ လိုအပ်တာများယူသွားကြပါ။ :)


ဂျီတော့ဆော့ဝဲလ် ၄ မျိုး



ဂျီတော့ Portable ဒေါင်းရန်

ဂျီတော့ ပန်းရောင် ဒေါင်းရန်

ဂျီတော့ အနက်ရောင် ဒေါင်းရန်

ဂျီတော့ ဆော့ဝဲလ်ဒေါင်းရန်

AVCWare.Video.Converter.Ultimate.6.8.0.1101



Video Converter လေးပါပဲ။အထဲမှာ ကီးဖိုင်ပါထည့်ပေးထားပါတယ်။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

Aleo Photo Collage Maker (Portable)



မိမိတို့  ဓါတ်ပုံတွေကို ပြက္ခဒိန်၊ဒီဇိုင်း အစရှိသဖြင့် ဥာဏ်ရှိသလိုအသုံးပြုလို့ ရတဲ့ဆော့ဝဲလ်ပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

Don't Sleep 2.66



ကွန်ပျူတာ ကို အိပ်မပျော်အောင်လုပ်လို့ ရတဲ့ဆော့ဝဲလ်ပါ။ :P
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

Bolide Slideshow Creator



မိမိဓါတ်ပုံတွေနဲ့  Slide Show လုပ်လို့ ရတဲ့ဆော့ဝဲလ် ပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

Any Media to Mp3 Converter



ဗီဒီယိုတွေကနေ Mp3 ပြောင်းလို့ ရတဲ့ဆော့ဝဲလ်ပါ။ စမ်းသပ်ကလိကြကုန်။Full Version အဖြစ်အသုံးပြု၍ရအောင် ကီးဖိုင်ထည့်ပေးထားပါသည်။
လိုအပ်ခဲ့လျှင်ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

IDPhotoStudio v2.7.5.25



ဓါတ်ပုံတွေကို ကိုယ်လိုချင်တဲ့ ဆိုဒ် ရယ် အရေအတွက်ရယ် ပွားလို့ ရတဲ့ဆော့ဝဲလ်ပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

Window Doctor v2.7.3.0 Full Version with Crack

အစ်ကိုတစ်ယောက်တောင်းထားလို့ ပါ။ ကျွန်တော် စမ်းကြည့်တာ အဆင်မပြေသေးလို့ မတင်ပေးသေးတာပါ။
ကျွန်တော့်စက် ကြောင့် မရတာလားတော့ မသိပါဘူး။အစ်ကို့ စက်မှာ ရလို ရငြား စမ်းဖို့ ပါ။ကျွန်တော့်ကွန်ပျူတာမှာ Crack ထည့်ပြီးသုံးတာ Warning Box တက်လာပြီး ဆော့ဝဲလ် ပြုတ်ကျသွားပါတယ်။ထပ်ရှာနေပါတယ်။လိုင်းမကောင်းတာရယ်။ကွန်ပျူတာ ဝင်းဒိုး ပြန်တင်ထားပြီး Driver မစုံသေးတာရယ်ကြောင့် ငြိမ်နေရလို့ ပါ။
ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

စာအုပ်လေးတွေ......

ဖေ့ဘွတ်အသုံးပြုနည်းစာအုပ်ဒေါင်းချင်ရင်

USB Drive Format ချနည်းရေးထားတဲ့စာအုပ်

Mediafireမှဒေါင်းလော့ချနည်းစာအုပ်

ဝင်းဒိုး 7 အသုံးပြုနည်း

USB Drive နှင့် ဝင်းဒိုးတင်နည်း

ဝင်းဒိုး 7 အင်စတောလုပ်နည်း

ကျွန်တော် အခုဖတ်နေတဲ့ စာအုပ်လေး လယ်တွင်းသားစောချစ်-ပန်းမြိုင်လယ်ကဥယျာဉ်မှူး

အားလုံးပဲ နှစ်သစ်မှာ လူသစ် ...စိတ်သစ်...အတွေးသစ် ....အကြံသစ် တွေ နဲ့  မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေလို့  ဆုမွန်ကောင်းတောင်းလျှက်....
အဆင်ပြေကြပါစေ........

Sunday 30 December 2012

PC Cleaner Pro 2013 & Drive Genius Software

သူငယ်ချင်းများ အားလုံးမင်္ဂလာပါ။
ဆော့ဝဲလ်လေးနှစ်ခု ထပ်တွေ့ လို့  တင်ပေးလိုက်တာပါ။


PC Cleaner Pro 2013


 ကွန်ပျူတာမှာ ဖြစ်တတ်တဲ့ Error တွေကို ဖယ်ရှား ရှင်းလင်းပေးနိုင်တဲ့ ဆော့ဝဲလ်ကောင်းလေးတစ်ခုပါပဲ။


လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

◘◘အသုံးပြုပုံ◘◘
ဒေါင်းထားတဲ့ဆော့ဝဲလ်ကို ဖွင့်ပြီး Finish အထိ ရောက်အောင်သွားလိုက်ပါ။ Full Version အဖြစ် အသုံးပြု၍ ရအောင် ကီးထည့်ပေးရပါမယ်။ကီးက ဒေါင်းထားတဲ့ဖိုင်ထဲမှာ ပါပါတယ်။
ဆော့ဝဲလ်ပေါ်လာရင် ဆော့ဝဲလ်ရဲ့ ဘယ်လက်အောက်ခြေမှာ Register ဆိုတာရှိပါတယ်။ကလစ်ပြီး ဒေါင်းထားတဲ့ဖိုင်ထဲမှာပါတဲ့  ကီးကို ကူးထည့်ပြီး Activate ကိုနှိပ်လိုက်ရင် Full Version ဖြစ်သွားပါပြီ။အောက်မှာပုံနဲ့ လည်းပြထားပါတယ်။



Drive Genius
ကွန်ပျူတာဝင်းဒိုးတင်ပြီးတဲ့အခါမိမိကွန်ပျူတာမှာလိုအပ်တဲ့Driver တွေကိုရှာပေးနိုင်တဲ့
 ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ။
အင်တာနက် ကွန်နက်ရှင်တော့လိုအပ်ပါတယ် ဒီဆော့ဝဲလ်ကို အသုံးပြုလျှင်.....
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

◘◘အသုံးပြုပုံ◘◘
ဆော့ဝဲလ်ကို အင်စတော လုပ်ပြီးလျှင် အောက်က ပုံအတိုင်း ပေါ်လာပါလိမ့်မည်။ Start Scan ကိုနှိပ်လိုက်ပါ။

                            မိမိကွန်ပျူတာမှာလိုအပ်တဲ့ Driver တွေကို ရှာနေပါလိမ့်မည်။


Processing လုပ်လို့ ပြီးလျှင် အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။မိမိကွန်ပျူတာမှာ လိုအပ်တဲ့ Driver တွေ ကို Install လုပ်ဖို့ အတွက် ပါ။အောက်ခြေမှာ ရှိတဲ့ Install buttom လေး ကို နှိပ်ပြီး Install Buttom လေးကိုနှိပ်ပြီး Install လုပ်ပေးရုံပါပဲ။




အဆင်ပြေကြပါစေ။

(၇) ရက်သားသမီး အိမ်ထောင်ဖက်ရွေးနည်း

ရှေးမြန်မာပညာရှင်ကြီးများ၏ လွယ်ကူသော (၇) ရက်သားသမီး အိမ်ထောင်ဖက်ရွေးနည်း ကို တင်ပြလိုက်ပါတယ်။
မွေးနံ နှစ်ခုတည် ပြီးပေါင်း ၊ ရလာတဲ့အဖြေကို (၅) နဲ့  မြောက်၊ ရလာတဲ့အဖြေကို (၇) နဲ့ စား

ဥပမာ- တနင်္လာသားနဲ့ ကြာသပတေးသမီးကို တွက်ကြည့်မယ်ဆိုရင်
၂ + ၅ = ၇
(၇ × ၅) = ၃၅
(၃၅
÷၇) = ၀ (ကြွင်း)

၁။ ၁ ကြွင်းလျှင် (အချစ်တူဟူသမျှ ချမ်းမြေ့လှသည်)
၂။ ၂ ကြွင်းလျှင် (ချမ်းသာစီးပွား မတည်မြဲ၊ ပျက်တတ်သည်)
၃။ ၃ ကြွင်းလျှင် (အိမ်ထောင်မှာ အလွန်စည်ကားပြီး စီးပွားတက်မည်)
၎။ ၄ ကြွင်းလျှင် (အဖျားအနာများမည်)
၅။ ၅ ကြွင်းလျှင် (ဓနရွှေငွေပေါမယ့် ဇောတိကကိန်း)
၆။ ၆ ကြွင်းလျှင် (ရောဂါဘယကင်းဝေးပြီး သာယာအေးချမ်းမည်)
၇/၀ ။ ၇/ ၀ ကြွင်းလျှင် (သိမ်သိမ်မွေ့မွေ့မနေရဘဲ ပူပန်ကြောင့်ကြတွေ့ကြုံမည်လို့ ဟောထားပါတယ်။

(ကျန်နေ့သားသမီးများလည်း အထက်ပါအတိုင်း တွက်ကြည့်နိုင်ပါတယ်။)

ဗဟုသုတပါ လုံးဝမှန်ကန်ပါတယ်လို့ တော့ ကျွန်တော် အာမ မခံပါ။

Friday 28 December 2012

Online ကနေ File,Software တွေကို လွယ်ကူမြန်ဆန်စွာ Share ချင်ရင်

 သူငယ်ချင်းတစ်ယောက်က အွန်လိုင်းကနေ File တွေ ဘယ်လို Share ရမလဲဆိုပြီးမေးလားတာနဲ့ ရှာဖွေမွှေနှောက်ရင်း နောက်ထပ် လွယ်ကူမြန်ဆန်တဲ့ Website လေးတစ်ခု တွေ့တာနဲ့ စမ်းကြည့်လိုက်တော့ တော်တော်လေး အဆင်ပြေတာတွေ့ရလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် .. မိမိ ပို့တဲ့ ဖိုင်လ်တွေ ,Software တွေ လုံခြုံဖို့ အတွက်လည်း Password ပါ ခံပြီး ပို့လို့ရပါတယ်...။

Window 7 မှာပါတဲ့ File Share နည်းထက် ပိုမို လွယ်ကူမြန်ဆန်တာကြောင့် ဒီနည်းလေးကိုပဲ မျှဝေပေးလိုက်ပါတယ်.....

Browse ကတဆင့် မိမိပို့ချင်တဲ့ (Share ချင်တဲ့ ) File,Software ကိုရွေးပေးလိုက်ပါ ....

   စက္ကန့်ပိုင်းအတွင်းမှာပဲ မျှားပြထားတဲ့ Link တစ်ခုထုတ်ပေးပါလိမ့်မယ်... လုံခြုံဖို့အတွက် Password ပေးချင်ရင်တော့ အောက်က အကွက်လေးထဲမှာ အဆင်ပြေသလို ထည့်ပေးနိုင်ပါတယ်...
ပြီးရင် အဲ့ဒီ Link ကို Copy ကူးပြီး Gtalk ကနေဖြစ်ဖြစ် တနေရာရာကနေ လက်ခံမဲ့သူဆီကို ပို့လိုက်ပါ...  Password ပေးထားရင် Password နဲ့အတူပေါ့ဗျာ...

 လက်ခံမဲ့လူဆီ Link လေးရောက်လာရင် Dobule Click နှိပ်၍ဖြစ်စေ , Copy ကူးပြီး  Browser ရဲ့ Address Bar မှာ Paste > Enter ခေါက်၍ဖြစ်စေ .... 


Download ကို နှိပ်ပြီး အလွယ်တကူ လက်ခံရယူနိုင်ပါပြီ (Password ပေးထားရင် Password ထည့်ပေးရမှာပါ).. လွယ်ကူ ရိုးရှင်းတဲ့ အပြင် အရမ်းလည်းမြန်ပါတယ်...။
အားလုံး စမ်းသပ်ရင်း ပျော်ရွှင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်မျာ....
ref-ဆရာဝင်း

တစ်ရက်တာအရူးထခြင်း

◘◘အွန်လိုင်းပေါ်မှာ Typing လေ့ကျင့်ချင်ရင်◘◘
 
ဝက်ဆိုဒ်လိပ်စာက http://www.typingweb.com/ ပါ။


(1) Start Typing ကိုနှိပ်>> ပါ။

(၂)အကောက်ဖောက်ချင်ရင်အသစ်ဖောက်ပါ။မဖောက်ချင်ရင်လည်း
Username က phyutharlay , Password က phyutharlay ပါ။

(၃)The Home Row Keys (သို့ မဟုတ်) စာကြောင်းအဆုံးရှိ begin>> ကိုကလစ်ပါ။

(၄)Loading ခဏ လုပ်ပါလိမ့်မည်. ၁၀၀% အထိပြည့်အောင်စောင့်ပါ။

(၅)လက်ကွက်ပုံစံလေးနှင့်ပေါ်လာပါလိမ့်မည်။ Begin Lesson ကိုကလစ်ပြီး စတင် လေ့ကျင့် နိုင်ပါပြီ။

အရမ်းမိုက်ပါတယ် ဆော့ရတာ....လက်ကွက်မြန်လာတယ်။ကီးဘုတ်ကိုင်တဲ့ လက် အနေအထားမှန်လာပါတယ်။

Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ အသုံးပြုနည်း

ဒီနည်းလေးက လွယ်ပါတယ်....ကျွန်တော်လည်းအစကမသိပါဘူး......

တစ်ပြိုင်ထဲ facebook အကောင့်နှစ်ခုဖွင့်ထားချင်သူတွေအတွက်

အဆင်ပြေပါတယ်။

Firefox Browser အတွက်ကိုတော့ Extension လေးတစ်ခုကို Browser

မှာ Add ပေးရမှာပါ....ဒီလင့်လေးကိုအရင်သွားလိုက်ပါခင်ဗျာ >>>

http://br.mozdev.org/multifox/

Install Multifox ကို နှိပ်ပါ လမ်းညွှန်တဲ့အတိုင်း Install ပေးလိုက်ပါခင်ဗျာ

ပြီးရင် Firefox Browser ကို Restart ချပေးလိုက်ပါ

ကီးဘုတ်က Ctrl + Alt + M ကိုနှိပ်ပြီး Facebook နှစ်ခု သုံးခု Gmail နှစ်ခု

သုံးခုကို Browser တစ်ခုထဲမှာ Login ဝင်နိုင်ပါပြီခင်ဗျာ....

Chrome Browser မှာတော့ မည်သည့် Extension မှ

ထည့်ပေးစရာမလိုပါဘူး ကီးဘုတ်က Ctrl + Shift + N

ကိုနှိပ်လိုက်ပြီး Log in ၀င်လို့ရပါပြီ......


♣♣ Samsung Galxy Series အတွက်မြန်မာဖောင့်♣♣

Samsung Galxy Seriesဖုန်းတွေတိုင်း အတွက် မြန်မာဖောင့်သွင်း လို့ အဆင်ပြေပါတယ် ။အောက်မှာ Download Link ရှိပါတယ်

Myanmar Font for All Samsung Glaxy Series --->

http://www.mediafire.com/?5asqzs61h0u888d

ပထမဆုံးအနေနဲ့ ဖုန်းရဲ့ Setting -> Application -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်မယ်။ ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကို Memory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Files ထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။

ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။ အဲ့ဒါက ဖောင့်အတွက်ပါ ။ ပြီးတာနဲ့ Setting -> Display -> Font မှာ Zawgyi-One ကိုရွေးပေးပါ။
Reboot ချခိုင်းရင်ချပေးလိုက်ပါ ။ပြန်တက်လာပြီဆိုရင်တော့ သူငယ်ချင်း ရဲ့စက်မှာ မြန်မာဖောင့်မြင်ရပါပြီ။
ဖောင့်မြင်ရပြီးတဲ့ အခါ မှာ ကျွန်တော်တို့ ကီးဘုတ်ကို တင်ကြပါမယ် ။

ကျန်နေသေးတဲ့ apk ဖိုင်သုံးခု MyanDroid-Soft-Keyboard-Zawgyi-Beta.apk ရယ် MyanmarKeyboard.apk ရယ် FrozenKeyboard_1.1.1 .apk ရယ် အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကို install လုပ်လိုက်ပါ ။ သုံးခုစလုံးကို တင်လိုက် ရင်လည်းရပါတယ် ။ ကျွန်တော်ကတော့ MyanmarKeyboard ကို သဘောကျပါတယ် ။ သူက
သုံးရတာလောလောဆယ်တော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ ။

ပြီးရင်တော့ Setting -> Language and Keyboard -> မြန်မာကီးဘုတ် ကို အမှန်ခြစ်ခြစ်ပေးပါ ။Myandroid Keyboard ကိုတင်ထားရင်တော့ Setting -> Language and Keyboard -> Myandroid Soft Keyboard ဆိုပြီး
မြင်ရမှာပါ ။

အဲ့လိုလုပ်ပြီးရင်တော့ သူငယ်ချင်းရဲ့ စက်မှာမြန်မာဖောင့်တင်လို့ပြီးသွားပါပြီ ။ စမ်းသပ်ကြည့်ဖို့ရာ Message boxတစ်ခုခုမှာ ကြာကြာလေးနှိပ်ထားပါ Input Method ကို နှိပ်ပြီးရင် မြန်မာကီးဘုတ် တင်ထားတယ်ဆိုရင်မြန်မာ
ကီးဘုတ် ကိုရွေးပေးပါ ။ Myandroid Soft Keyboard တင်ထားရင် Myandroid Soft Keyboard ကိုရွေးပြီးရင်မြန်မာလိုရိုက်လို့ရပါပြီ ။

ဒီနေရာမှာ တစ်ခုပြောချင်တာက Myandroid Soft Keyboard တင်ထား မယ်ဆိုရင် မြန်မာလိုရိုက်ရာကနေ အင်္ဂလိပ်လိုပြန်ပြောင်း ရိုက်ချင် တယ်ဆိုရင် Input Method ပြန်ပြောင်းပြီးမှ ဖောင့်ပြောင်းလို့ရပါတယ် ။ မြန်မာကီးဘုတ်မှာကတော့ ကီးဘုတ်ရဲ့အောက်ခြေ ဘယ် ဘက်ထောင့်လေး မှာ အလံလေးတွေပါပါတယ် ။ အဲ့ဒီအလံလေးတွေနှိပ်ရုံနဲ့ ဖောင့်ပြောင်း လို့ရတဲ့အတွက် သုံးရတာအဆင်ပြေပါတယ် ။

(MediaFire မှ ဒေါင်းလို့ မရရင် ကွန်မက်ချန်ခဲ့ပေးပါ။တစ်ခြားဆိုဒ်မှာပြန်တင်ပေးပါ့မယ်။)


မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို www.myanmaracademyaward.com တွင် တိုက်ရိုက် ထုတ်လွင့်ပြသမည်ဖြစ်ပါသည်။



♣♣ PDF ဖိုင်တွေကို တစ်ရွက်ချင်း လှန်ဖတ်မယ်♣♣

ကျွန်တော်ဒီတစ်ခါ ဆော့ဝဲလ် လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ စာဖတ်တဲ့ ဆော့ဝဲလ်လေးပါ။ Miscrosoft တို့ PDF တို့လိုမျိုးလေးပါ။ ဒီကောင်လေးက ဘာ အားသာလဲဆိုရင် တစ်ရွက်ချင်း လှန်ပြီးဖတ်လို့ရတယ်။ တချို့ က စာရွက်လှန်ပြီး ဖတ်ရတာကို ပိုပြီးတော့ သဘောကျ ကြတယ်လေ။ အဲလိုလှန်ဖို့ကျတော့ အပြင်မှာ စာအုပ်ရှိမှ လှန်ဖတ်လို့ရတာပေါ့ ။ ဒါပေ့မယ့် အခုတော့ မိမိ ကွန်ပျူတာမှာပဲ Ebook တွေကို တစ်ရွက်ချင်းလှန်ဖတ်လို့ရအောင် ဒီကောင်လေးက လုပ်ဆောင်ပေးပါလိမ့်မယ်။ အရမ်းကောင်းပါတယ်။ တစ်ခုသတိထားရမှာက Ebook က PDF ပဲ ဖြစ်ရပါ့မယ်။ Mircrosoft office ဆိုရင် တော့ ဖတ်လို့ မရပါဘူး ။ သုံးနည်းက လွယ်လွယ်လေးပါ။ အရင် ဆုံး ကျွန်တော်ပေးထားတဲ့ ဆော့ဝဲလေးကို ဒေါင်းလော့ချလိုက်ပါ။ ပြီးရင် အဲဒီကောင်လေးကို run လိုက်ပါ။ဘာကီးမှ မလိုပါဘူး။ ပြီးပြီဆိုရင် မိမိဖတ်ချင်သော PDF ဖိုင် ပေါ်မှာ right click ထောက်ပါ။ Open with ကိုသွားပါ ။ အဲဒီမှာ Martview ဆိုတာကို ရွေးပြီးဖွင့်ပါ။ ဒါဆိုရင်တော့ စာအုပ်တွေကို မိမိကွန်ပျူတာမှာပဲ တစ်ရွက်ချင်းလှန်ဖတ်လို့ရပါပြီ ။ စာရွက်လှန်တဲ့နေရာမှာ left click လေးဖိပြီးတော့ လှန်ရပါတယ်။ right click ကိုဖိတယ်ဆိုရင်တော့ Move လုပ်ခြင်းဖြစ်ပါတယ်။

ကြိုက်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်တော့ဗျာ။

http://www.mediafire.com/?5mxdymb65wd833n


Windows တင်ပြီးလိုအပ်သောဆော့ဝဲများယူနိုင်သော ဝက်ဆိုဒ်

http://ninite.com/



SuperEasy Video Converter_v2.1.2296 (+Crack)
 

DVDs, videos, movies Format တွေကနေ မိမိရဲ့ Device အပေါ်မူတည်ပြီး လိုချင်တဲ့ Formats တွေအဖြစ် ပြောင်းတဲ့ Software လေးပါ .. youtube, seavenload, myvideo, clipfish, dailymotion, metacage, yahoo! video, Veoh စတဲ့ site ပေါ်မှာ တင်ထားတဲ့ Video ဖိုင်တွေကိုလဲ မိမိလိုချင်တဲ့ Format အဖြစ် Download ချနိုင်တဲ့ Downloader လေးပါ ပါပါတယ် ..

ကြိုက်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်တော့ဗျာ။

http://www.mediafire.com/?9jm9bxp6m16pfi7


မြန်မာလက်ကွက် လေ့ကျင့်ဖို့ ဆော့ဝဲ



ဒီတစ်ခါတော့ Teach space journal မှာတွေ့လို့ ပြန်လည် ဝေမျှလိုက်ပါတယ်။ မြန်မာလက်ကွက် မကျွမ်းကျင်သေးသောသူများအတွက်ပါ။ ကွန်ပျုတာနဲ့ စတင်ထိတွေ့မယ့် လူတွေအတွက်အသုံးဝင်ပါတယ်။ အသုံးလိုမည့်သူများ အောက် မှာ ဒေါင်းယူလိုက်ပါ။

http://www.mediafire.com/?0f8smzgod8ljmhp



ဖေ့ဘွတ် Update Status က Feacture အသစ် လေးက မိုက်တယ် ကော ..
အရင်ကဆိုဓါတ်ပုံတင်ရင်တစ်ပုံခြင်းပဲတင်လို့ ရတာအခုကြိုက်သလောက်
တစ်ခါတည်းတင်လို့ ရတယ်။ :)



စမ်းသပ်ကလိကြဖို့ ပါ။ :)



Account ဖျက်, Website ဖျက်ချင်သူများအတွက်.......
 
Facebook မှာ အကောင့်ဆောက်ဖို့လွယ်တယ်။ မလိုချင်လိုဖျက်မယ်ဆိုရင်ခေါင်းစားရပါတယ်။ သက်လိုအခက်အခဲကို ဖြေရှင်းပေးမှာက www.accountkiller.com/en ပါ။သည်ဆိုက်မှာ Facebook,Skype,
Google စတဲ့ လူသုံးများတဲ့ Website အကောင့်ဖျက်နည်းတွေကို ပြောပြထားတယ်။ အကောင့်တစ်ခုကိုဖျက်ဖို့
ဘယ်လောက်လွယ်ကူသလဲ၊ခက်ခဲသလဲဆိုတဲ့ အဆင့်တွေကို အရောင်နဲ့ဖော်ပြထားတယ်။အမည်းဆိုရင် ဖျက်
လို့လုံးဝမရဘူး။ မီးခိုးရောင်ဆိုရင် နည်းနည်းလွယ်တယ်။အဖြူရောင်ဆိုရင် ဖျက်ဖို့အလွန်လွယ်ပါတယ်တဲ့။ ဖျက်ပုံဖျက်နည်းအပြင် အကောင့်ကို တိုက်ရိုက်ဖျက်နိုင်တဲ့ Link ကိုပါပေးထားပါတယ်။ကဲ..ဖျက်ကြပေတော့ဗျို့။အခုမှတွေ့ လို့  ပြန်ရှယ်လိုက်တာ။စမ်းသပ်ကလိကြည့်ပါ။
အဆင်ပြေကြပါစေ.....


◘◘Desktop ရဲ့ BackGround ပုံကို ပြောင်းလို့မရအောင် လုပ်ထားချင်ရင်◘◘

Start>Run(box) တွင် Regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာလျှင် HKEY_CURRENT_USER>>
Software>>Microsoft>>Windows>>Current Version>>Policies သို့ရောက်အောင်ဖွင့်ပါ။ ၄င်း Policies
ကို ညာကလစ်နှိပ်ပြီး New>>Key တွင် ActiveDesktop လို့အမည်ရိုက်ထည့်ပေးပါ။ ၄င်းအမည်နေရာကို ညာက
လစ် ထပ်နှိပ်ပြီး New>>DWORD Value ကိုဖွင့်ပါ။ ၄င်းတွင် New Value# အသစ်တစ်ခု ပေါ်လာပါမည်။ အဆိုပါ
နေရာတွင် NoChangingWallpaper ဟုရိုက်ထည့်ပြီး ၄င်းစာသားပေါ်ကိုပင် မောက်စ်ကလစ် နှစ်ချက်နှိပ်ပါ။ ထိုအခါ Edit DWORD Value(dialog box) ပေါ်လာပါမည်။ အဆိုပါ box မှ Value Data တန်ဖိုးကို “1” ဟုပြောင်း
လိုက်ပါ။ OK ကိုနှိပ်ပြီး ကွန်ပျူတာကို ပြန်မောင်းလိုက်ပါ။ ပြန်ပြောင်းလို့ရချင်တယ်ဆိုရင်တော့ Value Data “1” နေရာမှာ “0” ဟုပြောင်းပြီး ကွန်ပျူတာကို Restart ပြန်ချလိုက်ပါ။


◘◘shutdown, restart , Logoff စသည်များကို shortcut လုပ်ထားမယ်...◘◘

window ကို shutdown လုပ်ဖို့ restart လုပ်ဖို့ တွေအတွက် start ကိုသွား ဟိုနိုပ် ဒီနိုပ် လုပ်နေရတာနဲ့ စာရင် shortcut ကြိုက်တဲ့ သူတွေ အတွက် အဆင်ပြေပါတယ်။

Desktop ပေါ်မှာ R-Click လုပ် New - shortcut ကိုနိုပ် ။ ပေါ်လာတဲ့ box မှာ
Shutdown အတွက် - shutdown.exe -s -t 0
ပြီးရင် Next ။ ပေါ်လာတဲ့ box မှာ ဖိုင်နာမည်ပေး ပြီး finish နိုပ်ပေါ့ ။

Restart အတွက် - shutdown.exe -r -t 0
Logoff အတွက် - shutdown.exe -l -t 0
အပေါ်ကအတိုင်းရေးပြီးရင် Next ။ ပေါ်လာတဲ့ box မှာ ဖိုင်နာမည်ပေး ပြီး finish နိုပ်ပေါ့ ။

Virus အကြောင်းရေးထားတဲ့ စာအုပ်လေးပါ။လိုအပ်ခဲ့လျှင် အောက်ကလင့်ကနေသွားပြီးဒေါင်းလိုက်ပါ။

http://www.mediafire.com/?8dopjtacifboiks
◘◘စက်ပိတ်တာနဲ့ Recent Files ကို Auto Clear လုပ်နည်း◘◘

မိမိကွန်ပျူတာမှာ Recent Documents တွေကို မိမိက စက်ပိတ်လိုက်တာနဲ့ Auto Clear ဖြစ်သွားအောင် ဘယ်လိုပြုလုပ်ရမယ်ဆိုတာ မသိတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။ Recent Document ဆိုတာ
ဘာလဲဆိုတာ မသိတဲ့သူတွေအတွက် နည်းနည်းပြောပြပါမယ်။ ကွန်ပျူတာကို ဖွင့်တဲ့အချိန်ကနေ ပိတ်တဲ့အချိန်ထိ မိမိဖွင့်တဲ့ Folder တွေ၊ ဖိုင်တွေ။ ပုံတွေကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အဲဒီလို ခြေရာခံ
လို့မရအောင် မပိတ်ခင်မှာ Run>>Recent လို့ရိုက်ထည့်ပြီး အဲဒီထဲမယ်ရှိတဲ့ ဖိုင်တွေကို Delete ပေးလိုက်လည်းရပါတယ်။ ဒါပေမယ့် အမြဲဒီလိုလုပ်ဖို့ မမှတ်မိနိုင်ပါဘူး။ ပိုဆိုးတာက အဲဒီ Recent Documents
တွေကို မဖျက်ဘဲ ထားတာကြာလာရင် စက် handing သွားနိုင်သလို Virusတွေခိုအောင်းတဲ့နေရာလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပုံမှန် ရှင်းလင်းသင့်ပါတယ်။ ဒါကြောင့် မိမိလည်းရှင်းရသက်သာအောင် မိမိမေ့နေရင်တောင် စက်ပိတ်တာနဲ့ Auto ရှင်းသွားအောင် အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

၁။ Start>>Run မှာ Regedit လို့ရိုက်ထည့်ပါ။ပြီးရင် အိုကေပေးလိုက်ပါ။
၂။ HKEY_Current_User>>SOFTWARE>>Microsoft>>Windows>>CurrentVersion>>Policies>>
Explorer နေရာထိရောက်အောင်အဆင့်ဆင့်သွားပါ။ ရောက်တာနဲ့ညာဘက်က နေရာလွတ်မှာ New>>
DWORD Value ကိုကလစ် နှိပ်လိုက်ပါ။ Rename ကို ClearRecentDocsOnExit လို့ရိုက်ပြီး Name ပေး
လိုက်ပါ။
၃။ မိမိတည်ဆောက်ခဲ့တဲ့ ClearRecentDocsOnExit ပေါ်မှာ Double Click ပဲနှိပ်နှိပ်။ Right Click ထောက်ပြီး
Modify ကိုပဲဖြစ်ဖြစ် ကလစ်လိုက်ပါ။ပြီးတာနဲ့ Value Data မှာ 1 လို့ရိုက်ထည့်ပါ။ ပြီးရင် OK ကိုနှိပ်ပြီး စက်
စက်ကို Restart ချလိုက်ပါ။ ပြန်တက်လာတာနဲ့ Auto Clear ဖြစ်မှာဖြစ်ပြီး..မည်သူမျှ ကိုယ်ကြည့်ခဲတဲ့ဖိုင်တွေ
ကိုခြေရာခံနိုင်တော့မည်မဟုတ်ပါ။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
ကျွန်တော့်ကွန်ပျူတာ ဗိုင်းရပ်စ်ကိုက်ခံထားရလို့  တောင်းထားတဲ့ဆော့ဝဲလ်တွေ ချက်ချင်းပြန်မတင်ပေးနိုင်တာ ခွှင့်လွှတ်ကြပါနော်။ လင့်တွေ လည်း သတိထားနှိပ်ကြပါ။
ကျွန်တော်ထိတဲ့ဗိုင်းရပ်စ်က တော်တော်ကြောက်ဖို့ ကောင်းတယ် ပုံတင်မရဘူး၊notepad ဖွင့်မရဘူး၊ဆော့ဝဲလ် Install လုပ်မရဘူး၊ဓါတ်ပုံတောင်ဒေါင်းမရပါဘူး။ဗိုင်းရပ်စ်သတ်တဲ့ဆော့ဝဲလ်တွေနဲ့ သတ်တာတောင် သတ်မရပါဘူး။လုပ်မရတဲ့အဆုံး ဝင်းဒိုးပြန်တင်လိုက်ရတယ်။အင်တာနက်လိုင်းက ကုန်နေပြီဆိုတော့ လိုင်းနှေးနေတော့ Driver တွေ ဒေါင်းမရတာနဲ့  ဆော့ဝဲလ်တွေ စမ်းလို့ မရသေးလို့ ပါ။
လကုန်ပြီးမှပဲ တောင်းထားတဲ့ဆော့ဝဲလ်တွေပြန်တင်ပေးတော့ပါ့မယ်။လောလောဆယ်လိုင်းဝယ်ဖို့  ရေ မလျှံသေးလို့  လိုင်းကုန်ပြီး မှ နှစ်သစ်မှာ ဆော့ဝဲလ်အသစ်တွေ နည်းပညာလေးတွေ နဲ့  နှစ်ပါးသွားကြတာပေါ့။  :)
 ◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘

Tuesday 25 December 2012

CyberLink WaveEditor Portable (သီချင်းတွေ ဖြတ်တောက်ခုတ်ထစ်နိုင်တဲ့ ဆော့ဝဲလ်)

သူငယ်ချင်းများအားလုံးမင်္ဂလာပါ။


ဒီနေ့ တင်ပေးတဲ့ဆော့ဝဲလ်ကတော့ သီချင်းတွေကို ဖြတ်တောက် ခုတ်ထစ် ပစ်နိုင်တဲ့...ဆော့ဝဲလ်လေးပါ။Portable လေးဆိုတော့ သုံးရတာ ပေါ့ပေါ့ပါးပါးလည်းရှိပါတယ်။အင်စတော လုပ်စရာလည်း မလိုပါဘူး။ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို အလွယ်တကူ ဖြတ်တောက်ပြီး Ringtone လုပ်နိုင်တာပေါ့ဗျာ...
ဖိုင်ဆိုဒ်က 8.8 MB ရှိပါတယ်။

လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

ဒေါင်းပြီးလို့  ဖိုင်ကို ဖွင့်လျှင် password တောင်းပါလိမ့်မည်။ password က phyutharlay ပါ။

◘◘အသုံးပြုပုံ◘◘
ဒေါင်းထားတဲ့ဖိုင်ကိုဖွင့်လိုက်ပါ။



ဆော့ဝဲလ်ကိုကလစ်ပြီး ဖွင့်လိုက်ရင် Password တောင်းပါလိမ့်မည်။ password က phyutharlay ပါ။Enter password အောက်က Box မှာ phyutharlay လို့ ရိုက် ပြီးရင် OK ကိုနှိပ်ပါ။ ဆော့ဝဲလ်ပေါ်လာပါလိမ့်မည်။



ဆော့ဝဲလ်ပေါ်လာရင် သီချင်းဖြတ်တောက်ခုတ်ထစ် ဖို့ အတွက် မိမိဖြတ်တောက်ခုတ်ထစ်ချင်သည့် သီချင်းရှိသည့် နေရာသို့ သွားဖို့ 
(၁)ဖိုင်ပုံစံလေးကိုကလစ်လိုက်ပါ။ (၂) မိမိကွန်ပျူတာထဲရှိ သီချင်းရှိသည့်နေရာသို့ သွားပါ။မိမိစိတ်ကြိုက်ရွေးပြီး လျှင် Open ကိုနှိပ်ပါ။



Openကို နှိပ်ပြီးရင် Loading ခဏလုပ်ပါလိမ့်မည်။ပြီးအောင်စောင့်လိုက်ပါ။



(၁)Play Buttom ကိုနှိပ်ပါ။
(၂) အစိမ်းရောင်တန်းလေးနှင့် သီချင်းစတင်ပွင့်ပါလိမ့်မည်။
(၃) အဝါဖျော့ရောင်(လိမ္မော်ရောင်)လေးကို မောက်နှင့်ကလစ်ပြီး မိမိဖြတ်ချင်တဲ့သီချင်းနေရာကိုရွေးပါ။



လိမ္မော်ရောင်တုံးလေးနှစ်ခုကိုသုံးပြီး မိမိလိုသလိုချိန်ပါ။



မိမိစိတ်ကြိုက်ရွေးပြီးသွားရင် Crop ကိုနှိပ်ပါ။ ပြီးရင် Save ပါ။
ဖြတ်တောက်ချင်ရင်တော့ ကပ်ကြေးပုံလေးကိုသုံးပါတယ်။
မိမိစိတ်ကြိုက် ဖြတ်တောက်ပြီးရင် မန်မိုရီကဒ်ပုံစံလေးကိုကလစ်ပြီး Save လိုက်ပါ။



မိမိသိမ်းချင်တဲ့နေရာရွေးပြီး Save သာနှိပ်လိုက်ပါ။



အဆင်ပြေကြပါစေနော်......
အဆင်မပြေရင်လည်း မန့် ခဲ့ပေးပါ။

ဖြူးမြို့တွင် သံဃာတော်များမှ မြို့နယ်ဆေးရုံရှိဆိုင်းဘုတ်များအား ဖျက်ဆီး


၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြူးမြို့၊ ဘူတာတောင်ရပ်ကွက်၊ သပြေတန်း ဘုန်းကြီး ကျောင်းမှ အရှင်ဆန္ဒိမာ ( ၁၆)နှစ်သည် ဖြူးမြို့ နယ်ပြည်သူ့ဆေးရုံတွင် သွေးဝမ်းသွား သွေးအန်သည့်ရောဂါဖြင့် ဆေးကုသမှုခံယူနေစဉ် ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် ပျံလွန်တော်မူသွားခဲ့ပါသည်။ ထိုကဲ့သို့ ပျံလွန်တော်မူခြင်းနှင့် ပတ်သတ်ပြီး သပြေတန်းကျောင်းတိုက် ဆရာတော် ဥူးဝါယမိန္ဒနှင့် ကျောင်း တိုက်ရှိ သံဃာ ၅ ပါးတို့မှ နေ့လည် ၂ နာရီအချိန် တွင် ဆေးရုံသို့ရောက်ရှိလာပြီး မြို့နယ်ဆရာဝန်နှင့် ဆေးရုံ ၀န်ထမ်းများအား ကျေနပ်မှုမရှိကြောင်း ဆူပူ ကြိမ်းမောင်းခဲ့သဖြင့် ဆေးရုံဝန်ထမ်းများမှ ဖြူးမြို့နယ် ရဲစခန်းအား အကြောင်းကြားခဲ့သဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး တို့ ရောက်ရှိလာပြီး ဆရာတော်များကို တောင်းပန် ခဲ့ရာ နေ့လည် ၂ နာရီခွဲခန့် တွင် ကျောင်းတိုက်သို့ ပြန်ကြွသွားကြောင်း သတင်းရရှိခဲ့ပါသည်။

ဆက်လက်ပြီး ၄င်းဖြစ်စဉ်အား မကျေနပ်သဖြင့် ရွှေတောင်ကျောင်း စာသင်တိုက်မှ သံဃာတော် အပါး ၃၀ ခန့်သည် ညနေ ၅ နာရီခန့်တွင် မြို့နယ်ပြည့်သူ့ဆေးရုံသို့ရောက် ရှိလာ ပြီး ဆေးရုံ နံရံတွင် ရေးသားထားသော“လူနာများကို နွေးထွေးစွာကြိုဆိုပါ၊ စေတ နာနှင့်ပြုစုကုသပါ ” ဟူသော ဆိုင်းဘုတ်အပါအ၀င် ဆိုင်းဘုတ် ၂ ခုအား ရိုက်ချိုးဖျက်ဆီးခဲ့ပါသည်။ သံဃာတော်များ ဖျက်ဆီးမှုကြောင့် ညနေ ၆ နာရီခန့်တွင် ကျော်လှစု ကျောင်းတိုက်ဆရာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး တို့ ရောက်ရှိလာပြီး ဖျောင်းဖျတောင်းပန် လျှောက်ထားသဖြင့် အဆိုပါသံဃာတော်များသည် ညနေ ၆နာရီခန့်တွင် ရွှေကျင်ကျောင်း တိုက်သို့ ပြန်လည် ကြွရောက်သွားကြောင်း သတင်းရရှိပါသည်။

အမေ့အိမ်

Phone အတွက် Ringtone လေးများ (၂)



ဒီနေ့ လည်း Ringtone လေးတွေပဲ ထပ်တင်ပေးလိုက်ပါတယ်။ :) ထုံစံအတိုင်း မိမိကြိုက်နှစ်သက်တဲ့ ရင်းတုန်းပေါ်မှာ ကလစ်ပြီး ဒေါင်းနိုင်ပါတယ်။
Oppa Gannam Style Ringtone လေးတင်ပေးပါဆိုလို့  ရှာဖွေပြီး Upload ပြန်တင်ပေးလိုက်တာပါ။



gangnam metal style
gangnam party style
gangnam style(1)
gangnam style(2)
gangnam style(3)
gangnam style(4)
gangnam style(5)
gangnam style(6)
gangnam style bline
gangnam style cool
gangnam style effect
gangnam style dubstep
psy-gangnam style
gangnam style remix
oppa gangnam style
christmas gangnam style
best gangnam style

ခရစ္စမတ် ringtone များ နှင့် အခြား ringtone များ



you are my everything
window 8 song
ခရစ္စမတ်ရင်းတုန်း(၁)
whatapp massage
what make u so beautiful
ခရစ္စမတ်ရင်းတုန်း(၂)
titanic new version
thousand year
thai song
thai song(2)
someone like you
skyfall 007
shalala
samsung mix 2013
samsung galaxy 2013
တယောသံလေး
dj-3
police 2013
oh my darling i love you
note 2 rain drop
ခရစ္စမတ်ရင်းတုန်း(၃)
ခရစ္စမတ်ရင်းတုန်း(၄)
ဂျနီဖာ ရဲ့ going in
i phone 5 ringtone
im missing u
guitar 2013
glory glory man u
galaxy note 2
ခရစ္စမတ်ရင်းတုန်း(၅)
fantastic baby
disco tencho
dance ringtone 2012
ခရစ္စမတ်ရင်းတုန်း(၆)
best ringtone 2012
ခရစ္စမတ်ရင်းတုန်း(၇)
android vs nokia

အဆင်ပြေကြပါစေ....သူငယ်ချင်းတို့ ကြိုက်နှစ်သက်တယ်ဆိုရင် ကျွန်တော်ရှာဖွေရကျိုး  နှင့် Upload တင်ရကျိုးနပ်ပါတယ်...:)

Monday 24 December 2012

မေမေသို့ ...

      အမေ....
                       ဒုက္ခတွေ တနင့်တပိုးနဲ့ 
                       အပြန်လမ်းကို ထုတ်ပိုးဖို့ 
                       သားဘယ်တော့မှ မစဉ်းစားခဲ့ပါဘူး....

       အမေ....
                       စိတ်ကူးတွေအထပ်ထပ်ပွင့်လိုက်တိုင်း
                       သက်ပြင်းမောတွေသာ ကြွေကြွေကျလို့ 
                       ဘဝသစ်ပင်သာ နွမ်းခြောက်လာတယ်.....
        အမေ....
                        ညညဆို ကောင်းကင်က
                        ကြယ်တွေလည်း မော့မကြည့်ရဲဘူး
                        ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း
                        သိမ်ငယ်စိတ်တွေ ပြင်းပြင်းရှလို့ 
                        ဒါပေမဲ့လည်း....
                        အားမလျှော့ပါဘူး  အမေ.....
                        မအောင်မြင်သေးတဲ့ခဏ
                        နေရောင်လိုမထွန်းပ
                        လရောင်လို မအေးမြပေမဲ့
                        အိမ်ပြန်လာချိန်မှာ
                        သားရွှေအိုးထမ်းလာမယ်
           အမေ.....
                         လက်ဆယ်ဖြာထိပ်မှာမိုး၍ 
                         ဒီကဗျာနှင့်ပဲ 
                         အဝေးကနေ စိတ်မှာမှန်း၍
                         ကန်တော့လိုက်ပါတယ် 
                         မေမေကျန်းမာပါစေ။
                                
    ကျော်ဇင်
၂၄-၁၂-၂၀၁၂

Auslogics Disk Defrag v4.2.1.0 PRO Full Version With Serial

သူငယ်ချင်းများအားလုံးမင်္ဂလာပါ...



ဒီတစ်ခါတော့ ကွန်ပျူတာ ကို သန့် ရှင်းရေးလုပ်...အမှိုက်ရှင်း...ဖိုင်တွေ သူ့ နေရာနှင့်သူ ပြန်ပြီး အစီအစဉ်ကျအောင်ပြန်စီပေးတဲ့ဆော့ဝဲလ်လေးပါ။Full Version ဖြစ်အောင် ဒေါင်းလော့ဖိုင်ထဲမှာ Serial key လေးပါထည့်ထားပေးပါတယ်။သူငယ်ချင်းတို့ ရဲ့ ကွန်ပျူတာမှာလည်း ပါပါတယ် Defrag လုပ်တဲ့ဆော့ဝဲလ်က သူကတော့ လုပ်ဆောင်ချက်သိပ်မစုံပါဘူး။အခု တင်ပေးလိုက်တဲ့ Defrag ဆော့ဝဲလ်လေးကတော့ လုပ်ဆောင်ချက်တော်တော်များများ ပါဝင်တာကိုတွေ့ ရပါတယ်။
ဖိုင်ဆိုဒ်က 4MB ပဲရှိပါတယ်။

လိုအပ်ခဲ့လျှင်  ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

◘◘အသုံးပြုပုံ◘◘

ဒေါင်းထားတဲ့ဖိုင်ကို ဖွင့်ပြီး Run လိုက်ပါ။ Finish အထိရောက်အောင်သွားလိုက်ပါ။ဆော့ဝဲလ်ပွင့်သွားရင် အောက်ကလိုပုံနှင့်ပေါ်လာပါလိမ့်မည်။ပေါ်လာသည့်ပုံထဲမှ Next ကို မနှိပ်ပဲ ညာဘက်အပေါ်ရှိ ကြက်ခြေခတ် သာနှိပ်ပြီးပိတ်လိုက်ပါ။ (Next နှိပ်ပြီးတော့လည်း လိုအပ်သလိုပြုပြင်နိုင်ပါတယ် ဘယ်အချိန်မှာ သန့် ရှင်းရေး လုပ်မယ်။ဘယ်ဖိုင်တွေကို သာ စီမယ်...အစရှိသဖြင့်ပေါ့...စမ်းသပ်ကလိကြကုန်..မရှင်းပေးတော့ဘူးနော် :)   )  ကျွန်တော်ကတော့ ကြက်ခြေခတ်သာ နှိပ်ပြီး ပိတ်လိုက်ပါတယ်။



ဒါဆို ဆော့ဝဲလ်လေးပွင့်သွားပါပြီ....Full Version ဖြစ်ဖို့ အတွက် License Code ထည့်ပေးရမယ်။ကီးဖိုင်က ဒေါင်းထားတဲ့ ဖိုင်ထဲမှာ ပါပါတယ်။ ausserial.txt လို့ ရေးထားပါတယ်။ကီးဖိုင်ကို Mouse နှင့် နှစ်ချက်အမြန်ကလစ်ပြီး ကီးကိုကူးပြီး ဆော့ဝဲလ်ရှိ Help>Registerကိုနှိပ်လိုက်ရင် Auslogis Disk Defrag Professional ဟူသော BOX တစ်ခု ကျလာပြီး License Code ဘေးက အကွက်ထဲမှာ ကီးဖိုင်ထဲက ကီးကို Paste(သို့ ) ကူးထည့်လိုက်ပြီး Register ကိုနှိပ်လိုက်ပါ။ Full Version အဖြစ်ကီးထည့်ပြီးကြောင်း BOX တစ်ခု ကျလာပါလိမ့်မည်။OK ကိုနှိပ်ပေးလိုက်ပါ။အောက်မှာပုံနှင့်လည်းပြထားပါသည်။




OK ကို နှိပ်လိုက်လျှင် ဆော့ဝဲလ်ပိတ်သွားပါလိမ့်မည်။Desktop ပေါ်ရှိ Auslogics Disk Defrag Professional  Shortcut လေးကိုကလစ်ပြီးပြန်ဖွင့်လိုက်ပါ။
အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မည်။Loading ခဏလုပ်ပါလိမ့်မည်။ပြီးအောင်စောင့်လိုက်ပါ။ဆော့ဝဲလ်ပေါ်လာပါလိမ့်မည်။



Local Disk(C:),(D:)...အစရှိတဲ့နေရာတွေရှေ့က Box ထဲကို Mouse နှင့် ကလစ်ပြီး အမှန်ခြစ်လေးတွေ ခြစ်ပေးပြီး Defrag ကိုနှိပ်လိုက်ပါ။



အောက်ကပုံက စတင် Defrag လုပ်နေတဲ့ပုံပါ။



ထိုဆော့ဝဲလ်တွင် တစ်ခြားလုပ်ဆောင်ချက်များ ပါပါသေးတယ်ခင်ဗျာ....ကိုယ်တိုင်ပဲ စမ်းသပ်ကလိလိုက်ကြပါနော်။  ကွန်ပျူတာကို အနည်းဆုံးတစ်လတစ်ခါ Defrag လုပ်ပေးသင့်ပါတယ်။ကျွန်တော်ကတော့ သုံးပတ်တစ်ခါ Defrag လုပ်ပါတယ်။ သန့် ရှင်းရေးလုပ်ပါတယ်။ဗိုင်းရပ်စ် စစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသစ်မဝယ်နိုင်သေးတော့ ရှိတဲ့ဟာလေးကို ကြာရှည်သုံးလို့ ရအောင်လို့ ပါ။ :)

အဆင်ပြေကြပါစေနော်.....
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio