Software ကိုအရင်ဒေါင်းလိုက်ပါ။ ဒီ Software လေးက ကွန်ပြူတာ Screen ကို
ရေအောက်မှာ သွားထားထားသလိုမျိုး Effect တွေနဲ့ အလှဆင်ပေးမဲ့ software
တစ်ခုဖြစ်ပါတယ်။ Soft Rain, Hard Rain, Storm, Glide wave စသည်ဖြင့်
Effect တွေကလည်း အတော်စုံပါတယ်။ ဒါ့အပြင် mouse pointer ကို screen
ပေါ်မှာသွားနေရင် ရေထဲမှာ လက်နဲ့ကစားနေသလို
လှိုင်းလေးတွေဖြစ်သွားအောင်လည်း ဖန်တီးထားပါသေးတယ်။ Wallpaper function
တင်မကပဲ Screen Saver function ကိုလည်း ထည့်ပေးထားပါတယ်။
Software download ၊
ဒေါင်းလို့မရဘူးဆိုတဲ့ သူငယ်ချင်းတွေ ဒါနဲ့ ziddu ဒေါင်းကြည့်ပါ။
ဒေါင်းပြီး ရမ်းလိုက်ပါ။ပြီးရင် Computer ပေါ်မှာ
စာမျက်နှာတစ်ခုခုကို ဖွင့်ပြီး မောက်စ်ကို လုံးဝမကိုင်ပဲ ခဏစောင့်ကြည့်
လိုက်ပါ။ ကိုယ်ဖွင့်ထားတဲ့စာမျက်နှာလေးဟာ ရေကြည်ကြည်လေးအောက်
ကိုရောက်နေပြီး အပေါ်မှာ လှိုင်းတွန့်လေးတွေ ပြေးလွှားနေတာကို တွေ့
မြင်ရလိမ့်မယ်။အရမ်းကြည်နူးဖို့ကောင်းပါတယ် လုပ်ကြည့်လိုက်ပါ။
အားလုံးပျော်ရွှင်နိုင်ပါစေ။
Saturday, 14 July 2012
Dream Aquarium Screen Saver
ကျွန်တော်ဒီ Software လေးကို အစ်ကို ညီနေမင်း ရဲ့ ဆိုက်ကနေရလာတာပါ။ Install လုပ်ပြီးတာနဲ့ လှပတဲ့ရေအောက်မြင်ကွင်းနဲ့အတူ၊ ငါးလေးတွေပါဝင်တဲ့ Screen Saver ကိုအသုံးပြုနိုင်ပါပြီ။ အောက်မယ်ပေး
ထားပါတယ် ယူလို့ရပါပြီခင်ဗျာ.။ဒီ Software ကိုအသုံးပြုမယ်ဆိုရင်တော့ Memory 512 MB နဲ့.
အထက်သာ အသုံးပြုရမှာဖြစ်ပါတယ်။ Memory 512 အောက်နိမ့်သော ကွန်ပျူတာများ အသုံးပြုရန်
မသင့်ပါခင်ဗျာ။
Download Here!
ထားပါတယ် ယူလို့ရပါပြီခင်ဗျာ.။ဒီ Software ကိုအသုံးပြုမယ်ဆိုရင်တော့ Memory 512 MB နဲ့.
အထက်သာ အသုံးပြုရမှာဖြစ်ပါတယ်။ Memory 512 အောက်နိမ့်သော ကွန်ပျူတာများ အသုံးပြုရန်
မသင့်ပါခင်ဗျာ။
Download Here!
တဂိုးရဲ့ ဒဿနများ စုစည်းမှု
နေမင်းကြီးနှင့်လွဲ ရသည့်အတွက်သင်ငိုကြွေး
နေလျှင်ကြယ်ပွင့်လေးတွေနဲ့လည်း လွဲရပေဦးမည်။
နေလျှင်ကြယ်ပွင့်လေးတွေနဲ့လည်း လွဲရပေဦးမည်။
ဖန်ဆင်းခြင်း၏လျှို့ဝုက်ဆန်းကြယ်မူသည် ညအမှောင်ထုကဲ့သို့
နက်ရှိုင်းကြီးကျယ်လှပါ၏ အသိဥာဏ်၏ မိုက်မှားလွန်ခြင်းက-
နံနက်ခင်းမြူးနှင်းတို့နှင့်တူ၏။
နံနက်ခင်းမြူးနှင်းတို့နှင့်တူ၏။
* အကောင်းဆုံးကို ကျွန်ုပ်မရွေးချယ်နိုင်ပါ။
အကောင်းဆုံးကသာ ကျွန်ုပ်ကို ရွေးချယ်တာပါ။
* အို...အလှအပ...ချစ်ခြင်း မေတ္တာတရားသာ သင် တွေ့ပါစေ။
ကြည်မှန်တစ်ချပ်၏ (ဖျားယောင်း)မြှောက်ပင့်မူထဲတွင် မတွေ့ပါရစေနဲ့။
* ခန်းခြောက်နေသောမြစ်ပြင်လွှာသည် သူ၏
အတိတ်ကိုကျေးဇူးတင်စရာ ရှာမတွေ့။
* နှလုံးသားသည်အဘယ်ကြောင့် ငြိုးလျ ငြိမ်သက်သွားသည်ကို ကျွန်ုပ်မပြောနိင်ပါ။
ကှ်ျသည်မှာ...အသေးအဖွဲ့ လိုအင်ဆန္ဒများအတွက် ဘယ်တော့မှ မမေးမြန်း မသိ
သတိမရခြင်းကြောင့်သာ ဖြစ်ပါ၏။
* သူသည် လက်နက်များကို ကိုးကွယ်ရာ
အဖြစ်ထုတ်လုပ်၏။ လက်နက်များက အနိင်ရသောအခါ

သူသည်သာ ရှုံးနိမ့်သွားတော့၏။
* စိတ်သည်ထက်မြက်စူးရှ၏။ သို့သော် ကျယ်ပြန့်ခြင်း မရှိ။
ထို့ကြောင့်နေရာတိုင်းတွင် တွယ်ငြိ၏။ သို့ရာတွင် ရွေ့လျားခြင်းတော့ မရှိ။
* ငါ၏တစ်နေ့တာ ကုန်ဆုံးသွားခဲ့ပြီ ငါသည် ညနေခင်း ဒီရေအကျတေးသံကို
နားဆင်နေသော ကမ်းပေါ်ဆွဲတင်ခံထားရသည့် လှေငယ်တစ်စီးနှင့် တူလှ၏။
ဘ၀က ငါတို့ကို ပေးသည်။
ငါတို့ကလည်းဘ၀ကို ပေးဆပ်ခြင်းဖြင့်
အလုပ်အကျွေး ပြန်ပြုကြ၏။
* မပြည့်စုံသော ချစ်ခြင်းအတွက်
ပြည်စုံခြင်းက သူ့ဖာသာ အလှဆင်လာ၏။
* မြက်ပင်ငယ်လေး...
မင်းခြေလှမ်းတွေက သေးငယ်လှပါဘိ။
ဒါပေမဲ့...မင်းခြေလှမ်းတွေ အောက်မှာရှိတဲ့
ကမ္ဘာမြေကြီးကို မင်း ပိုင်ဆိုင်ထားပါတယ် ။

* အမှားက ဆုံးရှုံးခံနိုင်စွမ်းရည်မရှိ-
အမှန်သာလျှင် ဆုံးရှုံးခံနိင်စွမ်းရှိ၏။
* ရေငတ်သူတို့အတွက်
ရေအနည်းငယ်မျှဖြင့်
လုံလောက်နိင်မှန်း သိသော်လည်း
ငါ့တွင် ရှိသမျှသော ရေအားလုံးကို
ဝမ်းသာစွာ ငါပေး၏ဟု
ရေတံခွန်က တေးဆိုသည် ။
* ကျွန်ပ်တို့သည် ကမ္ဘာလောကကြီးအကြောင်းကို ဖတ်ပြီး
ကျွန်ပ်တို့ကို ကမ္ဘာလောကကြီးက လှည့်စားနေတာပါလို့ ပြောဆိုကြသေးတယ်။
* မြက်ပင်သည်သူ(မ)၏အစုအဝေးကို
မြေပြင်တွင်ရှာဖွေ ၏။
သစ်ပင်ကမူသူ၏အထီးကျန်ခြင်းကို
ကောင်းကင်တွင်ရှာဖွေသည်။
* အမှောင်ထုအတွင်း မီးပွားများကို ပွင့်စေသော
မမြင်ရသည့် မီးလျှံဆိုသည်မှာ ကြယ်ပွင့်များလား။
* ဘ၀ကို နွေဦးပန်းနှယ် သာယာလှပပါစေကွယ် ။
မရဏကိုတော့..
ဆောင်းဦးရက်ကြွေဝယ် တင့်တယ်ပါစေကွယ်။
* ဓားသွား၏ ချွန်ထက်မူကို
အကာကွယ်ပေးရသဖြင့်
ဓားအိမ်သည် ခပ်တုံးတုံးဖြစ်စေရန် လိုအပ်၏။
* အမှောင်ထဲတွင် တစ်ဦးတစ်ယောက်သည် ပုံစံတူသကဲ့သို့ ဖြစ်ပေါ်နေသည်။
အလင်းထဲတွင် တစ်ဦးတစ်ယောက်သည် မတူကွဲပြားခြားနားသကဲ့သို့ ဖြစ်နေ၏။
* သစ်ရွက်တို့၏မွေးဖွားခြင်းနှင့်သေဆုံးခြင်းသည်
ဝဲကတော့၏အလျင်အမြန် ချာချာလည်နေခြင်းမျှသာဖြစ်၏။
၎င်းတို့၏ ကျယ်ပြန့်သော စက်ဝိုင်းဂယက်များသည်

ကြယ်များကြားတွင် တဖြည်းဖြည်း ရွှေ့လျားနေကြ၏။
* မြူးနှင်းသည်...
ကမ္ဘာမြေကြီး၏အလိုဆန္ဒနှင့်တူ၏။
၎င်းသည်(ကမ္ဘာမြေကြီးက)
တောင့်တအပ်သော နေမင်းအား ဖုံးကွယ်ထားပေး၏။
* ဘ၀၊ အချစ်နှင့် မရဏ ရေစီးကြောင်းများတွင်
စီးမျောပါခဲ့ရသော အ ချိန်ကာလများကို
ကျွန်ုပ်တွေး၏။
ပြီးတော့...ကျွန်ုပ်- မေ့ပစ်လိုက်သည်။
ထို့အခါ ကုန်လွန်သွားပြီးသော
လွပ်လပ်မူကို ကျွန်ုပ် သတိရခံစားနေမိတော့၏။
* မရဏ၏ အမှတ်တံဆိပ်သည် ငွေဒင်္ဂါးကိုတန်ဖိုး
ရှိစေရန် ဖန်တီးပေးသည်။
ထိုအရာဖြင့် စစ်မှန်အဖိုးတန်သော ဘ၀ကို ၀ယ်ယူနိင်၏။
* သင့်ကိုယ်ပိုင်အိတ်ကပ်ထဲမှာ ကုသိုလ်ဟောင်းကို
ချေးဌားလိုက်ခြင်းဖြင့် သင့်မိတ်ဆွေကို
မစော်ကားလိုက်ပါနှင့်။
အမည်မဲ့ နေ့ရက်တို့၏ ထိတွေ့မူများသည်
သစ်ပင်အို ပတ်လည်တွင် ရှိသော
ရေညှိများနှယ် ကိုယ့်ကို တွယ်ငြိနေတော့၏။
* ပဲ့တင်သံသည် သူသာလျင်
မူလပထမဖြစ်ကြောင်း သက်သေပြရန်အတွက်
မူရင်းသံကိုသရော် လှောင်ပြောင်နေတော့၏။
* ငါ၏လမ်းပေါ်တွင် ငါ့အရိပ်ကိုထင်စေ၏။
အကြောင်းမူကား.....
မီးမထွန်းညှိရသေးသော မီးအိမ်တစ်လုံး
ငါမှာ ရှိနေသောကြောင့်တည်း။
* ကုန်ခမ်းခြင်းတွင်- အဆုံးသတ်သောအရာသည်-
သေခြင်းမည်၏။
သို့ရာတွင်...
ပြီးပြည့်စုံသောအဆုံးစွန်တရားသည်
အဆုံးမဲ့မူပေါ်တွင်တည်သည်။

တဂိုးစာအုပ်မှ ပြန်မျှဝေသည်။
သူငယ်ချင်းတို့၇ဲ့ဓါတ်ပုံလေးနဲ့ ပြက္ခဒိန် လုပ်ချင်ရင်
၁။ www.calendarika.com ဆိုဒ်ကိုအရင်သွားလိုက်ပါ။
မိမိလုပ်ချင်တဲ့ ပြက္ခဒိန် ဒီဇိုင်းကိုရွေးပေးပါ။
ပြီးရင် ပုံနှစ်ပုံကို Upload တင်ပေးလိုက်ပါ။
ပြီးရင် အောက်ခြေနားမှာရှိတဲ့ Next..step 3 ကို နှိပ်ပါ။
မိမိ save ချင်တဲ့ ဓါတ်ပုံဆိုဒ်ကိုရွေးပါ။
မိမိကွန်ပျူတာထဲမှာ save မလား desktop wallpaper လုပ်မလား Url ပဲ ယူမလား ဆိုတာ ရွေးပေးပါ။
အသုံးပြုပုံက လွယ်ပါတယ်...စမ်းသပ်ကလိကြပါနော်.... အဆင်မပြေတာရှိရင်လဲ comment လေးချန်ခဲ့ပေးပါ...
မိုဘိုင်းဖုန်းသုံးသူများ အတွက် အရေးပေါ် သတိပေးချက်လေးပါ
မိုဘိုင်းဖုန်းသုံးသူများ အတွက် အရေးပေါ် သတိပေးချက်လေးပါ -ကျွန်တော် တတ်သလောက်ဘာသာပြန်ပေးလိုက်ပါတယ် .....
ဒါကိုဖတ်ကြည့်ပါ .... MIAMI ဆေးရုံးက အရေးပေါ် အလွန်ထူးဆန်းတဲ့ သတိပေးချက်ပါ
"ကျွန်တော် အမြဲ တမ်းဒီလို လုပ်တတ်ပါတယ်... ဒါကိုဖတ်ပြီး ဒီလို နောက်တစ်ခါ မလုပ်တော့ပါဘူး "
လွန်ခဲ့တဲ့ နေ့က လူတစ်ယောက်ဟာ မိုဘိုင်းဖုန်းတစ်လုံးကို သူ့ အိမ်မှာ အားသွင်းခဲ့ပါတယ်
အားသွင်းနေတဲ့ အချိန်မှာပဲ....အ၀င်ဖုန်းကော တစ်ခု ၀င်လ...ာပါတယ် ...ဒါနဲ့ သူက ဖုန်းကို အားသွင်းနေတုန်း ပလပ်မဖြုတ်ပဲ ကြိုးတန်းလန်းနဲ့ အ၀င်ကောကို လက်ခံဖုန်းပြောခဲ့ပါတယ်......
Seconds အနည်းငယ်အကြာလေးမှာ ..... သူပြောနေတဲ့ ဆဲလ်ဖုန်းမှာ လျှပ်စစ်တွေ အထိန်းအချုပ်မရှိ စီးဝင်ခဲ့ပါတယ်....ပြီးတော့ အဲဒီလူငယ် ကြမ်းပြင်ပေါ်ကို အလွန်ပြင်းထန်တဲ့  အရှိန်နဲ့  ရိုက်ခတ်ပြီး လဲကျသွားပါတယ်.......
အခု ပုံမှာ မင်းမြင်တဲ့ အတိုင်း .....ဖုန်းဟာ အမှန်တကယ်ပေါက်ကွဲခဲ့ ပါတယ်.....
ကောင်လေး ရဲ့ မိဘတွေ သူ့ အခန်းထဲ ကို အသံကြားကြားချင်း ပြေးဝင်လာကြတဲ့ အခါလက်တွေလောင်နေပြီ နှလုံးခုန်နှုန်း မရှိသလောက် နဲ့ သတိမေ့မျောနေတဲ့သူ့ ကို တွေ့လိုက်ရပါတယ်.....
သူ့ကို နီးစပ်ရာဆေးရုံကို အရေးပေါ်ပို့ ဆောင်လိုက်ရပါတယ်..... ဒါပေမဲ့  ဆေးရုံအရောက်မှာ သူဟာ စကားလေးကိုတောင် ပီသအောင် မပြောနိုင်တော့ပါဘူး... ... !!!!!
ဆဲလ်ဖုန်းဖြစ်တဲ့ မိုဘိုင်းဖုန်းတွေဟာ ဒီနေ့ မော်ဒန်ခေတ်မှာ အရမ်းကို အရေးပါ ပါတယ်...
သို့ သော်လည်း....ကျွန်တော်တို့ ဟာ ဒီမိုဘိုင်းဖုန်းဟာ ...ကျွန်တော်တို့ ကို အသက်ကို သေစေနိုင်တဲ့ အရာတစ်ခု လည်းဖြစ်နိုင်တယ် ဆိုတာ သတိပြုရပါမယ်.......
*** ဆဲလ်ဖုန်းတွေကို ပလပ်မှာအားသွင်းနေစဉ် လုံးဝအသုံးမပြုပါနဲ့ .......မင်းအားသွင်းနေတုန်း ဖုန်းဝင်လာရင် လည်း ပလပ်ကနေ ဖြုတ်ပြီးမှသုံးပါ......
ကျေးဇူးပြုပြီး ဒီဟာကို လူများများကိုမင်းတတ်နိုင်သလောက် Share ပြီး ဒီအကြောင်းကို အားလုံးသိလာအောင် လုပ်ပေးပါ ......

အလင်းကမ္ဘာမှ