Facebook အကောက်ဖွင့်နည်း

yewinaung: အကို facebook အကောင့်ဖွင့်နည်းလေးလမ်းညွန်ပေးပါဦး ကျေးဇူးတင်ပါတယ်

ဘလော့ပို့ စ်အနေနဲ့ ပဲ တင်လိုက်တယ်နော် အစ်ကို...... မသိသေးသောသူငယ်ချင်းများလည်း ဗဟုသုတ အနေနဲ့ ကြည့်လို့ ရအောင်ပါ။ :)

{ဖေ့ဘွတ်အကောက်ဖွင့်ရန် မိမိမှာ ဂျီမေးလ်တစ်ခု ရှိရပါမည်။ဂျီမေးလ်အကောက်တစ်ခုကို ဖေ့ဘွတ်အကောက်တစ်ခုသာ ဖွင့်၍ ရပါသည်။မိမိမှာရှိသော ဂျီမေးလ် နှင့် ဖေ့ဘွတ် အကောက်ဖွင့်ပြီးပါက ဖေ့ဘွတ်အကောက်သစ်ထပ်ဖွင့်၍ မရတော့ပါ။ ဂျီမေးလ် မရှိရင်တော့ ဂျီမေးလ်အကောက်သစ်ကို အရင်ဖွင့်ပြီးမှ ဖေ့ဘွတ်အကောက်ကို ဖွင့်ပါ။}


ပထမဦးဆုံး  http://www.facebook.com/ ကိုသွားလိုက်ပါ။
အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မည်။ဖြည့်ရမည့် နေရာများတွင် ပြည့်စုံအောင်ဖြည့်ပေးပြီး Sign Up ကိုနှိပ်ပါ။


 အောက်ကပုံစံအတိုင်းလေးပေါ့ :)


မိမိဖြည့်တာမှန်ကန်တယ်ဆိုရင်တော့ အောက်ကပုံအတိုင်းဆက်ပေါ်ပါလိမ့်မည်။
မိမိဂျီမေးလ်မှာရှိတဲ့သူငယ်ချင်းတွေကို ဖိတ်ချင်ရင်တော့  Gmail အောက်က Your Email ဆိုတဲ့ ဘေးက အကွက်မှာ မိမိ ဂျီမေးလ်လိပ်စာ ရိုက်ထည့်ပြီး Find Friends ကိုနှိပ်ပြီး invite လုပ်နိုင်ပါတယ်။မလုပ်ချင်သေးဘူးဆိုရင်တော့ ညာဘက်အောက်ခြေမှရှိတဲ့ Skip this step ကိုနှိပ်ပြီး ကျော်လိုက်ပါ။


တကယ် Skip လုပ်ပြီး ကျော်မှာလား ဟု မေးသော Box တစ်ခု ကျလာပါလိမ့်မည်။ထို Box ထဲမှ Skip ကိုသာနှိပ်ပြီး ကျော်လိုက်ပါ။


ပြီးရင် မိမိ ကျောင်း ၊ အလုပ် တွေဖြည့်ခိုင်းတဲ့ Box တစ်ခုကျလာပါလိမ့်မည် Skip ကိုသာနှိပ်ပြီးကျော်လိုက်ပါ။ဖြည့်ချင်တယ်ဆိုလျှက်လည်း ဖြည့်ပါ ပြီးရင် Save&Continue ကိုနှိပ်ပါ။


ပြီးရင် မိမိဓါတ်ပုံတင်ရန် Box တစ်ခုကျလာပါလိမ့်မည်။တင်မယ်ဆိုရင် Upload ကိုနှိပ်ပြီး တင်လိုက်ပါ။ပြီးရင် Save & Continue ကို နှပ်ပါ။ မိမိဓါတ်ပုံမတင်သေးဘူးဆိုလျှင် Skip ကိုနှပ်ပြီး ကျော်လိုက်ပါ။


ဒါဆိုရင်တော့ Facebook အကောက်သစ်ဖွင့်ပြီးပါပြီ........ပြီးရင် မိမိဂျီမေးလ်ကို ပြန်ဖွင့်ပြီး
 Confirm လုပ်ခိုင်းပါလိမ့်မည်။ဖေ့ဘွတ်မှ ပို့ သော မေးလ်ကို ဖွင့်ပြီး သူပေးထားတဲ့ လင့် ကို နှိပ်ပြီး Confirm လုပ်ပေးပါ။Confirm မလုပ်ပေးလျှင် ဖေ့ဘွတ် သုံး၍ ရမည်မဟုတ်ပါ။

အောက်ကပုံကတော့ မိမိဖေ့ဘွတ် စာမျက်နှာအပေါ်မှာ ဂျီမေးလ် ကိုပြန်ဖွင့်ပြီး Confirm လုပ်ရန် အသိပေးတာ ပုံပါ။ထိုပုံထဲမှ Go to your email ကိုနှိပ်ပြီး မိမိ ဂျီမေးလ် ကို ဖွင့်ပါ။


 facebook မှ မိမိဂျီမေးလ်သို့  မေးလ်နှစ်စောင်ပို့ ထားပါလိမ့်မည်။

 

Just one more step နှင့်စသော မေးကို ဖွင့်ပြီး To complete..follow this link; အောက်က လင့်အပြာလေးကိုပဲဖြစ်ဖြစ် Get started; အောက်က Complete Sign-up ကိုပဲ ဖြစ်ဖြစ်နှိပ်လိုက်ပါ။မိမိ ဖေ့ဘွတ် အကောက်သို့ ရောက်သွားပါလိမ့်မည်။ဒါဆိုရင်တော့ ဖေ့ဘွတ်ကို စတင်အသုံးပြုလို့ ရပါပြီ။



အဆင်ပြေကြပါစေ.......


Twitter အကောက်ဖွင့်နည်း

yenainghtwe: twitter accountဖွင်.နည်းလေးပြောပြပေးပါ

ကိုရဲနိုင်ထွေး နှင့်တကွ  မသိသေးတဲ့ သူငယ်ချင်းတွေလည်း ဗဟုသုတ ရအောင် ကျွန်တော်ဘလော့ ပို့ စ်အနေနဲ့ပဲ တင်လိုက်ပါတယ် နော်။


ပထမဦးဆုံး အကောက်ဖွင့်ဖို့  ဒီလင့်လေးကသွားလိုက်ပါ။ 
အောက်မှာပြထားတဲ့ ပုံအတိုင်း ပေါ်လာပါလိမ့်မည်။ မိမိ နာမည်၊မိမိ ဂျီမေးလ်၊ ပက်စ်ဝက်၊အသုံးပြုမည့်နာမည် ရိုက်ထည့်ပေးပြီး Create my account ကို နှိပ်လိုက်ပါ။


 
Loading ခဏလုပ်ပါလိမ့်မည်။ခဏစောင့်လိုက်ပါ။


အောက်က ပုံအတိုင်းပေါ်လာလျှင် Next ကိုသာနှိပ်ပေးပါ။


 ပြီးရင် အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။မိမိ Follow လုပ်ချင် သောသူရှိပါက Follow ကိုနှိပ်ပြီး မရှိပါက Skip this step ကိုသာ နှိပ်လိုက်ပါ။



skip this step သာနှိပ်ပြီးဆက်သွားလိုက်ပါ။



 မိမိဂျီမေးလ်က သူငယ်ချင်းတွေကို ဖိတ်ခေါ်ချင်ရင် Gmail icon လေးဘေးက Search Contacts ကို နှိပ်ပြီး invite လုပ်လိုက်ပါ။မလုပ်ချင်သေးဘူးဆိုလျှင် Skip this step ကိုသာနှိပ်ပြီးသွားလိုက်ပါ။



 မိမိ ဓါတ်ပုံတင်ချင်ရင် Upload image ကိုနှိပ်ပြီးတင်လိုက်ပါ။ Bio အောက်က Box မှာ မိမိ ကိုယ်ရေးအချက်အလက် အနည်းငယ် ကို ရေးပေးပါ..မရေးပေးချင်သေးရင် Skip this step ကိုနှိပ်ပြီး ကျော်လိုက်ပါ။


 ဒါဆိုရင်တော့  twitter ကိုစတင်သုံးလို့ ရပါပြီ။



 မှတ်ချက်။  ။မိမိဂျီမေးလ်ကို ဖွင့်ပြီး twitter က ပို့ ပေးထားသောမေးလ်ကို ဖွင့်ပြီး သူပေးထားတဲ့လင့်ကို နှိပ်၍ Confirm လုပ်ပေးရန်လိုသည်။





အဆင်ပြေကြပါစေ.......