Android ဖုန်းအတွက် အင်တာနက်(သို့ မဟုတ်) ဝိုင်ဖိုင် ကွန်နက်ရှင် ရှိယုံနဲ့  ....ဒီဆော့ဝဲလ်ထည့်ထားတဲ့ ဖုန်းအချင်းချင်း Free ပြောနိုင်တဲ့ ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ။ ဓါတ်ပုံ၊ဗွီဒီယိုတွေကိုလည်း အပြန်အလှန် Share နိုင်ပါတယ်။မက်ဆေ့ခ်ျ ပို့ ဖို့ အတွက်လည်း Line ဆော့ဝဲလ်လိုပဲ Animation တွေ စုံပါတယ်...
စမ်းသပ်ကလိသုံးစွဲချင်ရင်.....
Google Play မှဒေါင်းရန်(For Android)
မူရင်းဝက်ဆိုဒ်မှ ဒေါင်းရန်(For Android)
အိုင်ဖုန်းအတွက်ဒီလင့်ကနေသွားပြီးဒေါင်းပါ။(For iphone)
blackberryဖုန်းအတွက်ဒေါင်းရန်(For Blackberry)
အဆင်ပြေကြပါစေ...
Monday, 22 October 2012
အဝေးရောက်ရွှေမြန်မာများအတွက် 7 OnlineRadio
''ကမ္ဘာမြေရဲ့ ဘယ်နေရာကိုပဲ ရောက်နေရောက်နေ သင်ဟာ မြန်မာတစ်ယောက်ဆိုရင် 7 OnllineRadio ဟာသင့်အတွက်ပါ။''
7Onlineradio ဆိုက်ရဲ့ဆောင်ပုဒ်လေးပါ။
ကဲ..အားတဲ့အချိန်သီချင်းတွေနားထောင်ချင်တဲ့ သူများအတွက်...
သီချင်းလေးတွေလည်းကောင်းပါတယ်...နားထောင်နိုင်ဖို့  အတွက် မိမိစက်ထဲမှာ Adobe Air ရှိရပါမယ်။
မရှိသေးရင် 7Onlineradioမှာတစ်ခါတည်းတင်ထားပေးပါတယ်။
အောက်မှာဒေါင်းလိုက်ကြနော်...မူရင်းဆိုက်ကိုပဲဖော်ပြပေးလိုက်ပါတယ်။
အာလုံးဘဲသီချင်းလေးတွေခံစားရင်း ပျော်ရွှင်ကြပါစေဗျာ.....
7 ONLINE RADIO
ref;ရွှေမြန်မာဥယျာဉ်

computer အသုံးပြုရာတွင်သိသင့်သည့်အချက်များ
အခုတစ်ခါပြောချင်တဲ့အကြောင်းအရာ ကတော့ကျွန်တော်တို့ တွေဟာ နေ့ စဉ်လုပ်ငန်းခွင်ဝင်ကြရပါတယ်။ ခုဆိုရင်လုပ်ငန်းတော်တော်များများ ဟာလည်း computer အသုံးပြုလာကြပြီဖြစ်သလိုမိမိတို့ ရဲ့ ကိုယ်ရေးကိုယ်တာ၊စီးပွားရေးအစရှိတဲ့ အကြောင်းအမျိုးမျိုးနဲ့ computer အသုံးပြုနေကြတာလည်းရှိပါတယ်။ဆိုလိုရရင်တော့ကွန်ပျူတာကို အသုံး များလာသလို အထိုင်များလို့ အညောင်းမိတာတို့ ၊ ဇက်ကြောတက်တာတို့ နောက်မျက်မှန်တပ်ရတာတို့ မျက်စိကြည့်ရတာမကောင်းဘူးတို့ လည်းဖြစ်ဖူးချင်ဖြစ်ဖူးကြမှာပါ။
ဒီတော့ကျွန်တော်တို့ အနေနဲ့ ကွန်ပျူတာကိုမှန်မှန်ကန်ကန်အသုံးပြုစေလိုတဲ့ရည်ရွယ်ချက်လေးနဲ့ ဒါလေးကို အကြံပြုချက်အနေနဲ့ ရေးသားလိုက်ရပါတယ်။
နံပါတ်(၁) computer ခုံမှာနေရာယူခြင်း
မထူးဆန်းတဲ့အကြောင်းအရာလို့ ထင်ရပေမယ့်ခါးညောင်းတာတို့ ဇက်ကြောတက်တာတို့ နောက်ကျီးပေါင်း ရောဂါတို့ ဖြစ်စေနိုင်တဲ့အထဲမှာကွန်ပျူတာရှေ့ မှာထိုင်တာလည်းပါပါလိမ့်မယ်။
Right Position ဖြစ်ပြီလား ? ဒီပုံထဲမှာ Right position အတွက်အထောက်အကူဖြစ်စေမယ့်အချက်လေး တွေပါတယ်နော်။ခါးကိုမတ်မတ်ထားပြီးမျက်လုံးက monitor ကိုဘယ်လိုကြည့်ရမယ်...လက်ကဘယ်လို ထားရမလဲ....ဒါတွေကိုမြင်နိုင်ပါတယ်။
နံပါတ်(၂) လက်အထားအသိုနေရာမှန်ခြင်း
လက်အထားအသိုမမှန်လို့ ကတော့ လက်ကောက်ဝတ်နာခြင်း၊လက်ဖနောင့်နာခြင်းနဲ့ လက်ကအကြော လေးတွေဒုက္ခရောက်ပါလိမ့်မယ်။ keyboard ကိုင်တာပဲဖြစ်ဖြစ်...mouse ကိုင်တာပဲဖြစ်ဖြစ်မှာ လက်က ဒုက္ခရောက်နိုင်ခြေရှိတတ်ပါတယ်။
ဒီပုံလေးကတော့စားပွဲပေါ်မှာ keyboard ကိုမှန်ကန်စွာကိုင်တွယ်နည်းပါ။ တစ်ခါတည်း keyboard လက်ကွက် ကိုင်နည်းကိုပါပြပေးလိုက်ပါတယ်။ ( Typing လက်ကွက်ကိုမှန်မှန်နဲ့ ရိုက်စေလိုပါတယ်။)
ဒါကလက်ကွက်အမှန်ဖြစ်ပါတယ်။ ဘယ်ဘက်လက်က A,S,D,F ဖြစ်ပြီး ညာဘက်လက်က J,K,L, ; ဖြစ်ပါတယ်။ လက်ချောင်းတစ်ချောင်းချင်းစီအပေါ်တက်၊အောက်ဆင်းအားဖြင့် စာလုံးလေးတွေကိုရိုက်ရတာ ဖြစ်ပြီးတော့ နိုင်ငံတကာမှာတော့ 60 wpm ( words per minutes) စာလုံးရေ ၆၀ ကိုစံအဖြစ်သတ်မှတ် ပါတယ်။ ဆရာကိုဇော်လင်း ပြောသလို " ဖြစ်ချင်တာကတော့ Network Administrator ကြီး...typing ကို တစ်ချောင်းချင်းစီရိုက်နေတာနဲ့ ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ" ဆိုတာလေးကိုသတိရမိမယ်။ typing ကတော့ computer ရဲ့ အခြေခံအကျဆုံးဖြစ်ပါတယ်။ဒီအခြေခံအကျဆုံးကို မှန်ကန်စွာနဲ့ ရမှသာလျှင် computer ကိုတကယ်နားလည်နိုင်မှာဖြစ်လို့ ဒါလေးကို အကြံပြုချက်အနေနဲ့ ကြားဖြတ်ရေးလိုက်ပါတယ်။
ပြီးတော့လက်အနေအထားကလည်း
မှန်ကန်တဲ့လက်ထားသိုပုံက
နောက်ဆုံးထိုင်ပုံထိုင်နည်း
ဟဲ...ဟဲ..ထိုင်နည်းမမှန်လို့ ကတော့ခါးနာခြင်း၊ခါးကိုက်ခြင်းနဲ့ ဇက်ကြောထိုးခြင်းများဖြစ်မှာမလွဲဗျို့ ..ဒီတော့ထိုင်ပုံထိုင်နည်းမှန်ဖို့ အရေးကြီးတယ်ဗျ။ပြီးတော့ပြီးခဲ့တဲ့ အချက်တွေအားလုံးကိုပြန်စုစည်းပြီး
ဒီမှာတစ်ပေါင်းတည်းတင်ပြလိုက်မယ်ဗျာ။
ခါးက 90 ဒီဂရီမတ်မတ်နဲ့ ကျောနောက်မှာအမှီတစ်ခုခုရှိပါမယ်။ လက်မောင်းတွေက relex ဖြစ်ရပါမယ်။ မော်နီတာနဲ့ မျက်လုံးအကွာအဝေးက (၁၈ လက်မကနေ ၂၈ လက်မ) ကြားထဲရှိရပါမယ်။ ပြီးတော့ကိုယ် ဟန်အနေအထားကလည်းအထက်ကပုံအတိုင်းဆိုရင်တော့ computer ကြာကြာကြည့်တဲ့အတွက် ဖြစ်တဲ့ ကျန်းမာရေးပိုင်းဆိုင်ရာထိခိုက်မှုတွေကိုအတိုင်းအတာတစ်ခုအထိကာကွယ်နိုင်ပါလိမ့်မယ်။
အဲ.အရေးအကြီးဆုံးကတော့ လူကအညောင်းမမိပါစေနဲ့ ။ ကြာကြာသုံးမယ်ဆိုရင် နာရီဝက်တစ်ခါလောက် ခြေဆန့် လက်ဆန့် အညောင်းပြေအညာပြေလမ်းလေးဘာလေးလျှောက်ပေးပါ။
အားလုံးပဲအဆင်ပြေကြပါစေဗျာ။
ref; TRC Tech Group

![]() |
| A,S,D,F,J,K,L, ; ကနေလက်ချောင်းတစ်ချောင်းချင်းစီအပေါ်တက်အောက်ဆင်း ရိုက်ရမည့်အနေအထားပါ |
ပြီးတော့လက်အနေအထားကလည်း
![]() |
| ဒါကမှားယွင်းတဲ့လက်အထားအသိုပုံစံဖြစ်ပါတယ်...လက်အံသေတာတို့ လက်ကအကြောလေးတွေနာစေပါတယ်.. |
မှန်ကန်တဲ့လက်ထားသိုပုံက
![]() |
| မှန်ကန်တဲ့လက်ထားသိုပုံပါ |
နောက်ဆုံးထိုင်ပုံထိုင်နည်း
ဟဲ...ဟဲ..ထိုင်နည်းမမှန်လို့ ကတော့ခါးနာခြင်း၊ခါးကိုက်ခြင်းနဲ့ ဇက်ကြောထိုးခြင်းများဖြစ်မှာမလွဲဗျို့ ..ဒီတော့ထိုင်ပုံထိုင်နည်းမှန်ဖို့ အရေးကြီးတယ်ဗျ။ပြီးတော့ပြီးခဲ့တဲ့ အချက်တွေအားလုံးကိုပြန်စုစည်းပြီး
ဒီမှာတစ်ပေါင်းတည်းတင်ပြလိုက်မယ်ဗျာ။
ခါးက 90 ဒီဂရီမတ်မတ်နဲ့ ကျောနောက်မှာအမှီတစ်ခုခုရှိပါမယ်။ လက်မောင်းတွေက relex ဖြစ်ရပါမယ်။ မော်နီတာနဲ့ မျက်လုံးအကွာအဝေးက (၁၈ လက်မကနေ ၂၈ လက်မ) ကြားထဲရှိရပါမယ်။ ပြီးတော့ကိုယ် ဟန်အနေအထားကလည်းအထက်ကပုံအတိုင်းဆိုရင်တော့ computer ကြာကြာကြည့်တဲ့အတွက် ဖြစ်တဲ့ ကျန်းမာရေးပိုင်းဆိုင်ရာထိခိုက်မှုတွေကိုအတိုင်းအတာတစ်ခုအထိကာကွယ်နိုင်ပါလိမ့်မယ်။
အဲ.အရေးအကြီးဆုံးကတော့ လူကအညောင်းမမိပါစေနဲ့ ။ ကြာကြာသုံးမယ်ဆိုရင် နာရီဝက်တစ်ခါလောက် ခြေဆန့် လက်ဆန့် အညောင်းပြေအညာပြေလမ်းလေးဘာလေးလျှောက်ပေးပါ။
အားလုံးပဲအဆင်ပြေကြပါစေဗျာ။
ref; TRC Tech Group
android phone မှာ Dropbox အသုံးပြုနည်း
android ဖုန်းတွေမှာ Dropbox သုံးပြီးကိုယ့်ရဲ့အရေးကြီး Data တွေအင်တာနက်မှာတင်နည်းလေးပါ။ကိုယ်လိုတဲ့အချိန် အလွယ်တစ်ကူပြန်ယူနိုင်လို့အဆင်ပြေပါမှာ internet မိ နေဖို့လိုပါတယ် အရင်ဆုံးလိုအပ်မှာက Dropbox မှာ register လုပ်ပေးပါ gmail အကောင့်တစ်ခုရှိဖို့လိုပါတယ် 
Dropbox မှာအကောင့်ဖွင့်နည်းပါ
apk ကိုဖုန်းမှာ install လုပ်ပြီး Dropbox account ဖွင့်စဉ်က gmail လိပ်စာနှင့် password ထဲ့ပြီးlogin ၀င်ပါ
ပုံမှာပြထားတဲ့အတိုင်းကိုယ်တင်ချင်တဲ့အမျိုးအစားလိုက်ရွေးချယ် ပြီးနိုပ်ပါပြီးရင်ကိုယ်တင်ချင်တဲ့ data ကိုရွေးပြီးအမှန်ခြစ်ပေးပါ ပြီးရင် upload ကိုနိုပ်လိုက်ယုံပါပဲ ပြန်လိုချင်ရင်လဲ ကိုယ့် ဖုန်းရဲ့ Dropbox ထဲ့ဝင်ပြီးလိုချင်တာကိုရွေးပြီးနိုပ်လိုက်ရင်အလွယ် တစ်ကူပြန်ရယူနိုင်ပါတယ်။
ref;ကိုဝင်းထွဋ်တင်

ခုနှစ်ရက်သားသမီးများအတွက် ( ၂၂.၁၀.၁၂) မှ (၂၈.၁၀.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း
ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
အလုပ်အကိုင်ကောင်းနေခြင်း၊ စီးပွားတက်နေခြင်း၊ ရွှေဝင်ခြင်း၊ ကားဝင်ခြင်း၊ ပျော်ပွဲရွှင်ပွဲများမကြာခဏပြုလုပ်
ပေးခြင်း ၊ ပျော်ရွှင်သောခရီးသွားခြင်းများပြုလုပ်ပါ။ရွှေလက်ကောက်ဝင်ခြင်း၊နာရီဝင်ခြင်း၊ လက်အောက်ငယ်သား
ကောင်းများရောက်လာခြင်း၊ ငွေများစွာဝင်ခြင်း၊ လုပ်ငန်း တိုးချဲ့ရတတ်ခြင်း၊ အလုပ်နေရာပြောင်း ရတတ်ခြင်း၊
ကောင်းသောပြောင်းခြင်းဖြစ်သည်။
ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ မင်္ဂလာဆောင်ရန်စီစဉ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းညွန့် (၆)ညွန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၄ ၇)
တနင်္လာသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်စိတ်တိုင်းကျပြီးပျော်ရွှင်နေမည်။ မိမိဖြစ်ချင်သောကိစ္စများအားလုံးနီးပါးဖြစ်နေတတ်သည်။ငွေလည်းဝင်
သည်။ အလုပ်တွင် နာမည်ကောင်းရနေသည်။ဆွေမျိုးသား ချင်းများနှင့်ဆက်သွယ်မှုရနေသည်။ သားသမီးရှိ က
သားသမီး များ၏ကောင်းသတင်းကြားရတတ်သည်။ စိတ်မအားလူမအားဖြစ်နေသော်လည်းစိတ်ချမ်းသာနေ မည်။
အနုပညာနှင့်ပတ်သက်သောကိစ္စများပိုပြီးလုပ်ဖြစ်နေတတ်သည်။
ကျန်းမာရေး။ အကြောတက်ခြင်း၊ ခေါင်းမူးခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မိမိ၏သားသမီးအရွယ်ကမိမိကိုစိတ်ဝင်စားခြင်းခံရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ခရေခက် (၁၅)ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၃ ၅ ၈)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
စိတ်များလေနေတတ်သည်။ အိုးသစ်အိမ်သစ်နေရာသစ်သို့ပြောင်းရွေ့ရတတ်သည်။ စိတ်ချမ်းသာမှုရမည်။ကောင်း
သောပြောင်းခြင်းဖြစ် သည်။ အလုပ်အတွက်ဘာလုပ်လျှင်ကောင်းနိုးနိုးဖြစ်နေတတ်သည်။ အလုပ်စိတ်တိုင်းမကျဖြစ်
နေတတ်သည်။ လူမပင်ပမ်းဘဲစိတ်ပင်ပမ်းနေတတ်သည်။ ၀င်ငွေမရှိဘဲထွက်ငွေများဆက်တိုက်ထွက်နေတတ်သည်။
တတ်နိုင်သလောက်ဘာသာရေးလုပ်ပြီးမေတ္တာများများပို့ပါ။ အင်တာဗြူးများတခုပြီးတခုဖြေနေရ တတ်သည်။
မကြာခင်အဆင်ပြေပါမည်။
ကျန်းမာရေး။ သွေးတိုးနေတတ်သည်။
အချစ်ရေး။ မိမိကိုစိတ်ဝင်စားသူရှိပြီး မိမိက စိတ်မ၀င်စားဘဲဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဇော်စိမ်းပန်း ( ၈) ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၄ ၆ ၉)
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
ဘာသာရေးနှင့်ပတ်သက်သောလုပ်ငန်းများလုပ်နေရတတ်သည်။ နိုင်ငံရပ်ခြားမှလက်ဆောင်ရခြင်း၊နိုင်ငံခြားခရီးသွား
ရန်ပြင်ဆင် ထားသူများနိုင်ငံခြားခရီးကောင်းခြင်းများဖြစ်တတ်သည်။ အလုပ်တွင်ဝင်ငွေပုံမှန်ဖြစ်နေမည်။ ငွေများ
လည်း ကုန်စရာများနေတတ်သည်။ ရာထူးတိုးခြင်းဖြစ်တတ်သည်။ အင်တာဗြူးဖြေဆိုစရာရှိလာသည်။ ရဲရဲသာဖြေ
ပါ။ အောင်မြင်မည်။ ဆွေမျိုးသားချင်းများကိုထောက်ပံ့ပေးရတတ်သည်။
ကျန်းမာရေး။ အကြောတက်နေတတ်သည်။
အချစ်ရေး။ ချစ်သူကသံသယများပြီးစွတ်စွဲခံရခြင်းများကြောင့်စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွက်လှ (၄)ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၅ ၇ ၀)
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အစိုးရနှင့်ပတ်သက်သောကိစ္စများနေ့စဉ်သွားလာနေရခြင်း၊ အလုပ်အတွက်စိတ်တိုင်းမကျခြင်းများဖြစ်နေတတ်သည်။
စိတ်မပျော်ရွင်ဘဲ အလုပ်နေရာပြောင်းရန် စိတ်ကူးနေတတ်သည်။ပြောင်းပါက အစစအရာရာအဆင်ပြေသွားမည်။
လူမျိုးခြားများ၏ကူညီမှုရမည်။ နိုင်ငံရပ်ခြားခရီး၊ပြည်တွင်းခရီးရှိသည်။ ထီပေါက်တတ်သည်။ ထီထိုးဖြစ်အောင်ထိုးပါ။
ကျန်းမာရေး။ စိတ်ပင်ပမ်း၊ လူပင်ပမ်းဖြစ်ပြီး အလိုမကျဖြစ်နေတတ်သည်။
အချစ်ရေး။ အထီးကျန်နေသောကြောင့်ဘ၀လက်တွဲဖေါ်ကောင်းအလိုရှိနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားဂန္ဓာအ၀ါရောင်( ၃)ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၆ ၈ ၁)
သောကြာသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောသတင်းကောင်းကြားရတတ်သည်။ အင်တာဗြူးဖြေဆိုရန်စောင့်နေရသည့်အချိန်ဖြစ်နေ
သည်။ ရွေလက်ကောက်ဝင်တတ်သည်။အလုပ်တွင် ၀င်ငွေပိုကောင်းလာတတ်သည်။အလှအပပစ္စည်းလက်ဆောင်ရ
တတ်သည်။ ရာထူးတိုးခြင်းဖြစ်တတ်သည်။ မိမိအလုပ်တွင်နာမည်ဂုဏ်သတင်းကြီးလာတတ်သည်။
ကျန်းမာရေး။ သွားဒုက္ခပေးသောကြောင့်သွားဆေးခန်းသွားရတတ်သည်။
အချစ်ရေး။ ဘာမဟုတ်သောကိစ္စကြောင့်စကားများရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားသပြေခက် (၆)ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၇ ၉ ၂)
စနေသားသမီးများ၏ကံကြမ္မာ
အမိနိုင်ငံပြန်ရတတ်ခြင်း၊ နိုင်ငံခြားခရီးအားကောင်းခြင်းများဖြစ်တတ်သည်။ အလုပ်တွင်အထက်လူကြီးဆရာသမား
မ,စ ကိန်းရှိသည်။ ရာထူးတိုးခြင်း၊ လစာကောင်း ခြင်း၊ အပိုဝင်ငွေများရခြင်းများဖြစ်တတ်သည်။အခန်းပြောင်းရန်
အကြောင်းဖြစ် လာတတ်သည်။ အလုပ်နေရာပြောင်းရန်ဖြစ်လာလျှင်ပြောင်းပါကောင်းသောပြောင်းခြင်း ဖြစ်မည်။
လက်အောက်ငယ်သားကောင်းများကြောင့်အစစအရာရာအဆင်ပြေသည်။
ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်တတ်သည်။
အချစ်ရေး။ အနေဝေးသောကြောင့်မိမိကိုအဆင်အသွယ်ပြတ်တောက်သလိုဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နှင်းဆီ အနီ (၇)ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၈ ၃ ၄)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး