သူငယ်ချင်းများ အားလုံးမင်္ဂလာပါ။
ဆော့ဝဲလ်လေးနှစ်ခု ထပ်တွေ့ လို့  တင်ပေးလိုက်တာပါ။
PC Cleaner Pro 2013
ကွန်ပျူတာမှာ ဖြစ်တတ်တဲ့ Error တွေကို ဖယ်ရှား ရှင်းလင်းပေးနိုင်တဲ့ ဆော့ဝဲလ်ကောင်းလေးတစ်ခုပါပဲ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
◘◘အသုံးပြုပုံ◘◘
ဒေါင်းထားတဲ့ဆော့ဝဲလ်ကို ဖွင့်ပြီး Finish အထိ ရောက်အောင်သွားလိုက်ပါ။ Full Version အဖြစ် အသုံးပြု၍ ရအောင် ကီးထည့်ပေးရပါမယ်။ကီးက ဒေါင်းထားတဲ့ဖိုင်ထဲမှာ ပါပါတယ်။
ဆော့ဝဲလ်ပေါ်လာရင် ဆော့ဝဲလ်ရဲ့ ဘယ်လက်အောက်ခြေမှာ Register ဆိုတာရှိပါတယ်။ကလစ်ပြီး ဒေါင်းထားတဲ့ဖိုင်ထဲမှာပါတဲ့ ကီးကို ကူးထည့်ပြီး Activate ကိုနှိပ်လိုက်ရင် Full Version ဖြစ်သွားပါပြီ။အောက်မှာပုံနဲ့ လည်းပြထားပါတယ်။
Drive Genius
ကွန်ပျူတာဝင်းဒိုးတင်ပြီးတဲ့အခါမိမိကွန်ပျူတာမှာလိုအပ်တဲ့Driver တွေကိုရှာပေးနိုင်တဲ့
ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ။
အင်တာနက် ကွန်နက်ရှင်တော့လိုအပ်ပါတယ် ဒီဆော့ဝဲလ်ကို အသုံးပြုလျှင်.....
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
◘◘အသုံးပြုပုံ◘◘
ဆော့ဝဲလ်ကို အင်စတော လုပ်ပြီးလျှင် အောက်က ပုံအတိုင်း ပေါ်လာပါလိမ့်မည်။ Start Scan ကိုနှိပ်လိုက်ပါ။
မိမိကွန်ပျူတာမှာလိုအပ်တဲ့ Driver တွေကို ရှာနေပါလိမ့်မည်။
Processing လုပ်လို့ ပြီးလျှင် အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။မိမိကွန်ပျူတာမှာ လိုအပ်တဲ့ Driver တွေ ကို Install လုပ်ဖို့ အတွက် ပါ။အောက်ခြေမှာ ရှိတဲ့ Install buttom လေး ကို နှိပ်ပြီး Install Buttom လေးကိုနှိပ်ပြီး Install လုပ်ပေးရုံပါပဲ။
အဆင်ပြေကြပါစေ။
Sunday, 30 December 2012
(၇) ရက်သားသမီး အိမ်ထောင်ဖက်ရွေးနည်း
ရှေးမြန်မာပညာရှင်ကြီးများ၏ လွယ်ကူသော (၇) ရက်သားသမီး အိမ်ထောင်ဖက်ရွေးနည်း ကို တင်ပြလိုက်ပါတယ်။
မွေးနံ နှစ်ခုတည် ပြီးပေါင်း ၊ ရလာတဲ့အဖြေကို (၅) နဲ့  မြောက်၊ ရလာတဲ့အဖြေကို (၇) နဲ့ စား
ဥပမာ- တနင်္လာသားနဲ့ ကြာသပတေးသမီးကို တွက်ကြည့်မယ်ဆိုရင်
၂ + ၅ = ၇
(၇ × ၅) = ၃၅
(၃၅÷၇) = ၀ (ကြွင်း)
၁။ ၁ ကြွင်းလျှင် (အချစ်တူဟူသမျှ ချမ်းမြေ့လှသည်)
၂။ ၂ ကြွင်းလျှင် (ချမ်းသာစီးပွား မတည်မြဲ၊ ပျက်တတ်သည်)
၃။ ၃ ကြွင်းလျှင် (အိမ်ထောင်မှာ အလွန်စည်ကားပြီး စီးပွားတက်မည်)
၎။ ၄ ကြွင်းလျှင် (အဖျားအနာများမည်)
၅။ ၅ ကြွင်းလျှင် (ဓနရွှေငွေပေါမယ့် ဇောတိကကိန်း)
၆။ ၆ ကြွင်းလျှင် (ရောဂါဘယကင်းဝေးပြီး သာယာအေးချမ်းမည်)
၇/၀ ။ ၇/ ၀ ကြွင်းလျှင် (သိမ်သိမ်မွေ့မွေ့မနေရဘဲ ပူပန်ကြောင့်ကြတွေ့ကြုံမည်လို့ ဟောထားပါတယ်။
(ကျန်နေ့သားသမီးများလည်း အထက်ပါအတိုင်း တွက်ကြည့်နိုင်ပါတယ်။)
ဗဟုသုတပါ လုံးဝမှန်ကန်ပါတယ်လို့ တော့ ကျွန်တော် အာမ မခံပါ။