သူငယ်ချင်းများအားလုံးမင်္ဂလာပါ။
ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ ရဲ့ ဓါတ်ပုံတွေကို ရေထဲမှာ အရိပ်လေး ကျနေတဲ့ ပုံစံဖန်တီးလို့ ရတဲ့ဆော့ဝဲလ်လေးပါ။Portable လေးပါပဲ။ဖိုင်ဆိုဒ်ကလည်း 432.3kb ပဲရှိပါတယ်။
လိုအပ်ခဲ့လျှင် Box ဆိုဒ်မှဒေါင်းရန်
Mediafire မှဒေါင်းရန်
◘◘အသုံးပြုပုံ◘◘
ဒေါင်းထားတဲ့ဆော့ဝဲလ်ကို Run လိုက်ပါ။အောက်မှာ ပြထားတဲ့ပုံလို ပေါ်လာပါလိမ့်မည်။ပေါ်လာတဲ့ပုံထဲမှ File အောက်ရှိ Floder ပုံလေးကို ကလစ်ပြီး ဓါတ်ပုံထည့်ပါ။
ဓါတ်ပုံထည့်ရန် Floder ပုံလေးကို ကလစ်လိုက်ရင် Open ဟူသော Box တစ်ခုကျလာပါလိမ့်မည်။မိမိ အသုံးပြုချင်သော ဓါတ်ပုံရှိသောနေရာသို့ သွားရွေးပါ။ပြီးရင် Open ကိုနှိပ်ပါ။
ပုံထည့်ပြီးသွားရင် Images နှင့် Height တွင် မိမိနှစ်သက်သလို ဓါတ်ပုံအရွယ်အစားကိုချိန်ပါ။
ပြီးရင် ဓါတ်ပုံထည့်သည့် Floder ပုံလေးဘေးရှိ တည်းဖြတ်သည့်ပုံစံလေးကို ကလစ်ပြီးဆက်သွားပါ။အောက်ကပုံမှာ မြားထိုးပြထားပါတယ်။
တည်းဖြတ်သည့်ပုံကိုနှိပ်လိုက်သည်နှင့် မိမိပုံသည် ရေထဲမှာ လှုပ်ရှားအရိပ်ထင်နေတဲ့ ပုံပေါ်လာမှာပါ။
ပြီးရင် တည်းဖြတ်သည့်ပုံဘေးကပ်လျှက်ရှိ မန်မိုရီကဒ်ပုံလေးကို ဆက်ကလစ်လိုက်ပါ။မန်မိုရီကဒ်ပုံကို ကလစ်လိုက်ရင် Export animation ဟူသော Box ကျလာပါလိမ့်မည်။ကျလာသည့် Box ထဲတွင် Export Format အောက်ရှိ ဘောက်ထဲတွင် Animated GIF ကို ရွေး၊ပြီးရင် OK ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။
OK ကိုနှိပ်ပြီးဆက်သွားလိုက်ရင် Save As ဟူသော Box တစ်ခုထပ်ကျလာပါလိမ့်မည်။ဒီဘောက်ကတော့ မိမိဖန်တီးထားတဲ့ ပုံကို Save ဖို့ ပါ။ မိမိဖန်တီးထားသည့် ပုံကို Save ရန် နေရာကိုရွေးပါ။File name ကတော့ နာမည်တစ်ခုခုပေးလိုက်ပါ။Save as type: နေရာမှာတော့ GIF(*gif) ပဲထားပါ။ပြီးရင် Save ကိုနှိပ်ပါ။ဒါဆိုရင်တော့ မိမိဖန်တီးထားတဲ့ ရေပေါ်မှာ အရိပ်သဖွယ် လှုပ်ရှားနေတဲ့ ပုံလေးကို မိမိကွန်ပျူတာ ထဲမှာ အောင်မြင်စွာ Save လုပ်ပြီးပါပြီ။Save လုပ်ပြီးရင် Reflet ဟူသော ဘောက်တစ်ခု ထပ်ကျလာပါလိမ့်မည်။မိမိလုပ်ထားတဲ့ပုံက အလုပ်မလုပ်ဖူးလား လုပ်လားဆိုတာ စစ်ဖို့ ပါ။စစ်မယ်ဆို Yes မစစ်ဖူးဆို No ကိုနှိပ်ပါ။
အောက်ကပုံကတော့ Reflt ဘောက်ထဲက Yes ကိုနှိပ်ပြီး စစ်ကြည့်ထားတဲ့ပုံပါ။
အောက်ကပုံကတော့ Save ထားတဲ့ပုံပါ။
အဆင်ပြေကြပါစေ။
Monday, 14 January 2013
Portable software ပေါင်းများစွာ စုစည်းပေးထားတဲ့ ဆော့ဝဲလ်
ဒီဆော့ဝဲလ်လေးကတော့ Portable ဆော့ဝဲလ်တွေ များစွာကို စုစည်းပေးထားတဲ့ဆော့ဝဲလ်ပါ။ဆော့ဝဲလ်၊ဂိမ်း၊ဗီဒီယို ပလေယာ၊mp3 ပလေယာ... အစရှိသည်တို့ ကို Portable အဖြစ်လုပ်ပေးထားတဲ့ဆော့ဝဲလ်ပါ။ထူးရှယ်ဆော့ဝဲလ်လေးလို့ ညွှန်းချင်ပါတယ်။Memory stick ထဲမှာထည့်ပြီးဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေးပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
Mediafire မှ ဒေါင်းရန်
◘◘အသုံးပြုပုံ◘◘
ဒေါင်းထားတဲ့ဆော့ဝဲလ်ကို Run လိုက်ပါ။ အပေါ်ကပုံလိုပေါ်လာပါလိမ့်မည်။မိမိနှစ်သက်သော ဆော့ဝဲလ် (သို့ မဟုတ်) ဂိမ်း တစ်ခုခုကို ရွေးပြီးလျှင် ၄င်းရှေ့ရှိ လေးထောင့်ကွက်ထဲတွင် Mouse နှင့်ကလစ်ပြီး အမှန်ခြစ်လေးခြစ်ပေးပြီး Next ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။အောက်ကပုံက မိမိရွေးလိုက်တဲ့ ဆော့ဝဲလ်ကို အင်စတော လုပ်နေသည့်ပုံပါ။( ဆော့ဝဲလ် ဒေါင်းသည့်အချိန်တွင်တော့ အင်တာနက်ကွန်နက်ရှင်လိုပါတယ်။)
အောက်ကပုံက တော့ ဆော့ဝဲလ်ကို ဒေါင်းလော့ ယူနေပုံပါ။
အောက်ကပုံကတော့ ဆော့ဝဲလ်ကို ဒေါင်းလော့ယူပြီးပုံပါ။
OK ကိုနှိပ်ပြီး ဆက်သွားလိုက်ရင် မိမိ ကွန်ပျူတာ၏ ညာဖက်အောက်ခြေနားတွင် မိမိဒေါင်းထားသည့်ဆော့ဝဲလ် သည် အောက်ကပုံလို ပေါ်လာပါလိမ့်မည်။ထိုအခါဆော့ဝဲလ်ကို ကလစ်ပြီး အသုံးပြုနိုင်ပါပြီ။
နောက်ထပ်ဆော့ဝဲလ်တွေ ဒေါင်းချင်သေးရင် ကွန်ပျူတာညာဖက်အောက်ခြေရှိ ၄င်း အိုင်ကွန်လေးကို ကလစ်လိုက်ပါ။

အိုင်ကွန်လေးကို ကလစ်လိုက်ရင် အောက်ကပုံလိုပေါ်လာပါလိမ့်မည်.ပေါ်လာသည့်အထဲမှ ဂွပုံ နှင့် Apps ဆိုတာကို ကလစ်။ပြီးရင် Get More Apps ကိုဆက်ကလစ်ပါ။အပေါ်ဆုံးက ပုံလိုပြန်ပေါ်လာပါလိမ့်မည်။
ထိုအခါ မိမိနှစ်သက်သည့်ဆော့ဝဲလ်ကိုရွေး ပြီးရင် ဒေါင်းလော့ယူ။အင်စတောလုပ်။အသုံးပြု။
Memory Washer (ကွန်ပျူတာ ကို သန့် ရှင်းရေး လုပ်သည့် ဆော့ဝဲလ်)
သူငယ်ချင်းများအားလုံးမင်္ဂလာပါ....
ဒီဆော့ဝဲလ်လေးကတော့ မိမိကွန်ပျူတာလုပ်ဆောင်ချက်တွေကို ပိုမိုမြန်လာအောင်သန့် ရှင်းရေးလုပ်ပေးနိုင်တဲ့ဆော့ဝဲလ်လေးပါ။ဖိုင်ဆိုဒ်ကလည်း 765 kb ပဲရှိပါတယ်။
လိုအပ်ခဲ့လျှင် ဒီနေရာကသွားပြီးဒေါင်းလိုက်ပါ။
Mediafire မှဒေါင်းရန်
◘◘အသုံးပြုပုံ◘◘
ဒေါင်းထားတဲ့ဆော့ဝဲလ်ကို Run လိုက်ပါ။အပေါ်ကပုံအတိုင်းအရင်ပေါ်ပါလိမ့်မည်။
ပြီးရင်ဆော့ဝဲလ်ပေါ်လာပါလိမ့်မည်။ပေါ်လာသောဆော့ဝဲလ်ညာဖက် အောက်ခြေနားရှိ Clean Now ကို ကလစ်ပြီး သန့် ရှင်းရေးလုပ်ပေးရုံပါပဲ။