Malwarebyte ဆော့ဝဲလ်ပါ။Update လေးထွက်လာလို့  တင်ပေးလိုက်တာပါ။
ဒီဆော့ဝဲလ်လေးကို အသုံးပြုနိုင်တဲ့ ဝင်းဒိုးတွေကတော့ Microsoft Windows XP, Vista, 7, 8 (32-bit and 64-bit) ဖြစ်ပါတယ်။အထွေးအထူးတော့ မရှင်းပြတော့ပါဖူး။အားလုံးရင်းနှီးပြီးသားပါ ဒီဆော့ဝဲလ်လေးက.....
လိုအပ်ခဲ့လျှင် Dropbox ဆိုဒ်မှ ဒေါင်းရန်
ညမှ တစ်ခြားဆိုဒ်တွေ မှာ Upload ထပ်တင်ပေးပါ့မယ်။
အဆင်ပြေကြပါစေ။
Tuesday, 29 January 2013
Gmail,Gtalk Password ပြောင်းနည်း, ကာကွယ်နည်း & Browser Cleaner Portable 1.2 Build 0.102
ကိုမိုး: ကျွန်တော့် ကွန်ပျုတာမှာ Facebook နဲ့ Gmail တင်ပြီးမကြာဘူး သူများ ပက်(စ်)ဝက်ချိန်းသွားတာကိုခံနေရပါတယ်အစ်ကို ဖြစ်နိုင်ရင်ဘယ်လိုလုပ်ရမလဲ ဆိုတာကူညီပေးပါ..။
ဒါလေးကို New User တွေ သိထားသင့်တယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်...
အပေါ်မှာ ကိုမိုး ပြောတဲ့ အတိုင်းဆိုရင် သူ့ Gmail အကောင့်ဟာ သူများကို ဖွင့်ခိုင်းတဲ့ Gmail ဖြစ်နိုင်ပါတယ်... အရေးကြီးတဲ့ Recover Mail ကလည်း အကောင့်ဖွင့်ပေးတဲ့ လူဆီမှာပဲ ရှိမှာပါ.. Recover Mail ကိုသိရင် Password ကို အချိန်မရွေး စိတ်ကြိုက်ပြောင်းပစ်နိုင်ပါတယ်...
နောက်တစ်ခုက အင်တာနက်ဆိုင်မှာ သွားသုံးရင် Keylogger လိုသုံးထားတာမျိုး (သို့) အင်တာနက် Browser တွေကနေတဆင့် Password တွေကို Auto Save ခိုင်းထားတာမျိုး တွေကနေ တဆင့် မိမိ အကောင့်ရဲ့ Password ကို သိသွားရင်လည်း Gmail Password ကို အချိန်မရွေး လွယ်ကူစွာပြောင်းပစ်နိုင်ပါသေးတယ်...
ကာကွယ်တဲ့ အနေနဲ့ Recover Mail နဲ့ Password ကို အောက်ပါနည်းလမ်းအတိုင်း ပြန်ပြောင်းထားလိုက်ပါ...
ပထမဆုံး ဒီနေရာကနေ မိမိတို့ Gmail နဲ့ Password ကို ထည့်ပြီး Sing in လိုက်ပါ...
ပထမဆုံး ဒီနေရာကနေ မိမိတို့ Gmail နဲ့ Password ကို ထည့်ပြီး Sing in လိုက်ပါ...
Gmail ပွင့်လာရင် ပုံမှာပြထားတဲ့အတိုင်း Setting ကို နှိပ်ပါ..။
Accounts and Import ကို နှိပ်ပါ...
နံပါတ် (1) က အဝါရောင်နဲ့ ပြထားတဲ့ နေရာတွေကို တစ်ခုချင်း နှိပ်ပြီး Password , Recovery Mail တွေကို ပြောင်းပေးလိုက်ပါ...
နံပါတ် (2) ကတော့ မိမိ နာမည်ကို မြန်မာလို ပြင်ရေးနိုင်ပါတယ်..။
Current Password >> လက်ရှိ Login ဝင်ထားတဲ့ Password ကို အပေါ်ကအကွက်မှာ ရေးထည့်ပါ..
New Password >> မှာ မိမိပြောင်းလဲမဲ့ Password အသစ်ကို ရေးထည့်ပါ... အဲ့ဒီ Password ကိုပဲ အောက်က Confirm Password မှာ နောက်တစ်ခေါက် ပြန်ရေးထည့်ပေးလိုက်ပါ..။
အားလုံးပြီးသွားရင် Change Password ကို နှိပ်ပေးလိုက်ပါ..။
Recover Mail ကိုလည်း ပုံမှာ ပြထားသလို Edit ကို နှိပ်ပြီး တခြား Email လိပ်စာတစ်ခုခု ရေးထည့်ပေးလိုက်ပါ...။ ဒီ Recovery Mail ကအရေးကြီးပါတယ်... အကြောင်း တစုံတရာကြောင့်(Password မေ့သွားတာမျိုး) ဖြစ်စေ Hack ခံရလို့ဖြစ်စေ.... ဒီ Recovery Mail နဲ့ မိမိ Gmail Account ကို ပြန်လည်ရယူနိုင်ပါလိမ့်မယ်....
နောက်တစ်ခုက ကိုယ်ပိုင် ကွန်ပျူတာမသုံးနိုင်လို့ အင်တာနက်ဆိုင်မှာ သွားသုံးနေတဲ့ သူငယ်ချင်းတွေအတွက်ပါ...
တချို့အင်တာနက် Browser တွေက Password တွေကို Auto မှတ်သားထားတတ်ကြပါတယ်... Password တွေဟာ အဲ့ဒီ Browser ထဲမှာ ကျန်ခဲ့နိုင်ပါတယ်... အဲ့ဒီ အတွက်တော့ အောက်မှာတင်ပေးလိုက်တဲ့ Software လေးကို Stick ထဲထည့်ထားပြီး ဆောင်ထားလိုက်ပါ.... Software လေးကို ကွန်ပျူတာမှာတပ်ပြီး Run လိုက်ပါ.. ပုံမှာလို အားလုံးကို အမှန်ခြစ်လေးတွေတပ်ပေးပြီး Clean Now ကိုနှိပ်ပေးပြီး မိမိ အင်တာနက်ထဲမှာ မွှေခဲ့သမျှ History တွေကို အပြတ်ရှင်းပေးလိုက်ပါ....။
ဒါဆိုရင် မိမိ တို့ရဲ့ Password ကိုတွေ ဆိုင်မှာ မကျန်ခဲ့နိုင်တော့ပါဘူး...။
အားလုံးအဆင်ပြေကြပါစေ...
Browser Cleaner Portable 1.2 Build 0.102
Facebook ကို G-Mail ထဲက ၀င်သုံးကြမယ်
အတော်များများတော့ သိကြပြီးသားဖြစ်ပါလိမ့်မယ်။
အရမ်းအဆင်ပြေတယ်ဆိုတာလည်းသိကြမှာပါ။
မသိသေးတဲ့သူငယ်ချင်းများ အဆင်ပြေစေဖို့ ရည်ညွှန်းပါတယ်နော်။
ကျနော်တို့ရဲ့ Face book စာမျက်နှာကို G-mail ထဲမှာ ပေါင်းထည့်ထားပြီး သုံးဖို့လေးပါ။
အဲဒီလိုပေါင်းထည့်လိုက်ပြီဆိုတာနဲ့ ကျနော်တို့တွေ Face book ရှိရာကို မသွားရတော့ပဲ
ကိုယ့်ရဲ့ G-mail ထဲကနေ ကိုယ့် Face book ထဲကို အိမ်မကွာ၊ကြမ်းမကွာ
ရောက်သွားတော့မှာလေ။
ဒီလိုလေး စလုပ်ကြည့်မယ်ဗျာ ...
(၁)မိမိရဲ့ G-mail ကိုဖွင့်ပြီး Setting ကိုနှိပ်ပါ။ ပွင့်လာပြီဆိုရင် Lab ကိုနှိပ်ပါ။(ခုတော့ mail setting ပေါ့)

....

(၂) Lab ပွင့်လာပြီးတဲ့နောက်မှာ Add any gadget by URL ဆိုတာလေးကို
Enable ပေးထားပါ။

(၃) နောက်တစ်ဆင့် ...Gadget ကိုနှိပ်ပါ။

(၄) Add ဆိုတဲ့ Box လေးကျလာပြီဆိုရင် အောက်မှာပေးထားတဲ့ Link ကိုကူးထည့်ပြီး
Add နှိပ်ပါ။ပြီးရင် save လိုက်ပါ။
http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml
အဲဒါတွေပြီးသွားရင်တော့ ကျနော်တို့ရဲ့ G-mail ကို Reload ပြန်ပေးလိုက်ပါ (သို့)
Keyboard ပေါ်က F5 ကီးကိုနှိပ်ပေးလိုက်ပါ။ အဲဒီအခါမှာ ကျနော်တို့ရဲ့
G-mail Inbox ထဲက
ဘယ်ဘက်အောက်နားလေးမှာ face book Logo လေးတွေ့နေရပါပြီ။

အဲဒီလိုဂိုလေးကိုနှိပ်လိုက်ရင်
Box လေးတစ်ခုကျလာပါလိမ့်မယ်။ Allow ကိုနှိပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ Face book ထဲကို
Log-in ၀င်လို့ရပါပြီ ။

ကဲ...အခု ကျနော်တို့ရဲ့ G-mail Inbox ထဲကနေ Face book ကိုသုံးလို့ရသွားပါပြီ။

______________________________________________________________________
ဘာရယ်တော့မဟုတ်ဘူး.......... အားလုံးအဆင်ပြေကြပါစေနော်......
မူရင်း....ခန့်ချောလေးးး