Thursday, 28 June 2012

အကြည့်တစ်ချက်ကြောင့် ဆွံ့အသွားခဲ့ရတယ်...........ချစ်သူရယ်.....................


အပူဒဏ်ကို ငါခံနိုင်ပေမဲ့

မင်းရဲ့ အကြည့်တစ်ချက်ကိုတော့

ငါ မခံစားနိုင်ဘူးကွာ..............

တရားဟော ဆရာလို

စကားလုံးတွေ ကြွယ်ခဲ့ပေမဲ့

မင်းနဲ့ ဆုံတွေ့တိုင်း တေမိမင်းလို

ငါ့နှုတ်ခမ်းတစ်စုံ အမြဲ ဆွံ့အနေမြဲပါ

သူငယ်ချင်းတွေကို မြှားနတ်မောင်လုပ်ပေးခဲ့တဲ့ငါ


မင်းနဲ့တွေ့တိုင်း ငါ့ရဲ့မြှားတွေ

အမြဲရပ်တန့်လို့ နေခဲ့ရတယ်....

တောင်ပေါ်မှာပေါက်တဲ့ မြက်ပင်ကို

တန်ဖိုးမဲ့တယ် ပြောချင်ပြောပါ

မြေပြန့်က မြက်ပင်ထက်တော့

ဆေးဘက်ဝင်ပါတယ်လေ...

သတ္တိကိုမွေးကာ ရှေ့တန်းထွက်ခဲ့တဲ့ငါ

မင်းထောင်ခဲ့တဲ့ အချစ်မိုင်းတစ်လုံးကြောင့်

ငါ့နှလုံးသားတစ်စုံလည်း

ဒဏ်ရာတွေ ပြည့်ခဲ့ရပါပြီကွာ...

ဒီဒဏ်ရာတွေ ပျောက်စေဖို့

မင်းရဲ့ အချစ်ဆေးတစ်ခွက်လောက်

လာတိုက်ပေးပါလား ချစ်သူရယ်...

နတ်ရှင်နောင် (လူပျိုရေးရာ- ဥက္ကဋ္ဌ) ရေးသားပါသည်

No comments:

Post a Comment