Wednesday, 19 September 2012

ကောင်မလေးဖတ်ဖို့ (၁)

ကောင်မလေး...
နင်ဟာ...ငါ့ရဲ့ကောင်မလေး
ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ 
ပြောခဲ့တယ်နော်...
နင်က ငါ့ရဲ့ကောင်မလေး 
ဖြစ်လာခြင်း...ဖြစ်မလာခြင်းကတော့
အလိုတော်တိုင်းပါ။
ဒါပေမဲ့...
နင်ကတော့ ...
ငါ့ရဲ့ ရင်ထဲက 
ဘယ်တော့မှမမေ့ပဲ 
သေတဲ့အထိ ချစ်နေမဲ့ 
ငါ့ရဲ့ ထာဝရကောင်မလေးပါ။ 

ကောင်မလေး..
မင်းကသူများသုံးပြီးသား
မသုံးဘူးဆို...
ကောင်မလေး မင်းထင်လို့ ပါ..
ငါ့ရဲ့အချစ်တွေကို ...
ဘယ်တုန်းက မှ မသုံးခဲ့ဖူးပါဘူး....
အချစ်ဆိုတာ ငါ့မှာ ရှိမှန်းတောင် 
ငါမသိပါဘူး...
မင်းနဲ့ တွေ့ တော့မှ......
ငါ့မှာ အချစ်ဆိုတာ ရှိတယ် ဆိုတာ
သိခဲ့ရတာပါ ကောင်မလေးရယ်။ 
ကောင်မလေး.....
ငါမဖိတ်ခေါ်ပဲ ငါ့ဘဝထဲကို
ဝင်လာခဲ့သလို .....
ငါမနှင်ထုတ်ပဲ ငါ့ဘဝထဲက
နင်ထွက်သွားတယ်....
”ငါတို့ မချစ်လို့ ဝေးရတာမှ မဟုတ်တာ”ဆိုတဲ့
နင်ရဲ့ စကားတစ်ခွန်းနဲ့ 
ငါကျေနပ်ပါတယ်။ 
 ကောင်မလေး....
မင်းလျှောက်မဲ့လမ်းမှာ
အခက်အခဲမရှိ 
အစစအရာရာ  အဆင်ပြေပါစေလို့ 
ကောင်လေး ဆုတောင်းပေးပါတယ်။
 ဆုံခဲ့ဖူးတဲ့ နေ့ ရက်လေးတွေ
ပြန်တွေးမိတိုင်း
ရင်ခုန်နေလို့  
ခုလည်း...မင်းကို...
လွမ်းနေပါတယ်...
ကောင်မလေး ရယ်.............။  ။
ဖြူးသားလေး
(၂၀-၉-၂၀၁၂) 

No comments:

Post a Comment