Thursday, 31 January 2013

ဝါသနာပါရင် ဗေဒင်မေးမယ် ယတြာချေမယ်

ကဲ .. အပြင်းပြေပဲဖြစ်ဖြစ် .. ယုံကြည်လို့ပဲဖြစ်ဖြစ် ဗေဒင်မေးချင်တဲ့သူငယ်ချင်းတွေအတွက်


Facebookမှာလည်း တောင်းနေတာတွေ့လို့
 ဗေဒင်မေးလို့ရတဲ့ ဆော့ဝဲလေး တင်ပေးလိုက်ပါတယ်

 ဒီဆော့ဝဲလေးက Install လုပ်စရာမလိုပဲ Double Click နှိပ်ပြီး Run လိုက်ရုံပါပဲ .. ဘာပဲပြောပြော ဗေဒင်မေးခတော့ သက်သာတာပေါ့နော်




ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ


ဒေါင်းပြီးပြီဆိုရင်တော့ ဒေါင်းလို့ရလာတဲ့ဖိုင်ကိုဖြည်လိုက်ရင်
အထဲမှာ ဗေဒင်ဆိုတဲ့ Application ဖိုင်လေးကို Double Click ပြီး Run လိုက်ပါ
အောက်ကပုံအတိုင်းကျလာပါမယ် ..



အဲဒီထဲမှာ ကိုယ့်ရဲ့နံမည်ကို ရိုက်ထည့်ပြီး Go ကို နှိပ်ပေးလိုက်ပါ
ကျန်တာတွေကတော့ သူညွှန်ကြားထားတဲ့အတိုင်းပဲ
နှစ်သက်ရာဖဲတစ်ချပ်ကို ရွေးပေးလိုက်ပါ ..

 အဲဒီဖဲချပ်ရဲ့အဖြေကိုသိဖို့ အဲဒီဖဲချပ်ပုံကို ကလစ်လိုက်တာနဲ့
သက်ဆိုင်ရာအဟောတွေ ပေါ်လာပါမယ် ..
အောက်ကပုံအတိုင်းကျလာပါမယ် ..




အခြေအနေမကောင်းလို့ ယတြာလေးဘာလေး ချေချင်တယ်ဆိုရင်တော့
ယတြာဆိုတာလေးကို နှိပ်ပေးလိုက်ပါ ..


ကျွန်တော်တော့ ဒီပို့စ်လေးအတွက် စမ်းသုံးပြရင်း မြင်ကြတဲ့အတိုင်း
အခြေအနေသိပ်မကောင်းလို့ .. ညစ်သွားပြီ ..

ကဲ .. သိန်း ၁၅၀၀ ဆုကို လစဉ်ပေါက် .. အိမ်ထောင်တွေအခေါက်ခေါက်ကျပြီး
အားရအောင်ကဲပြီးသကာလ နိဗ္ဗာန်ရောက်နိုင်ကြပါစေဗျာ .. :D

ဒီပို့ စ်ကတော့ နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်ရှိတဲ့
ကိုအိုင်တီမုဆိုးဆီက မလာတာပါ။

No comments:

Post a Comment