Tuesday, 26 February 2013

သင်္ခါရ

မျိုးစေ့တစ်စေ့ ငါစိုက်ပျိုးခဲ့တယ်
ရက်မှနှစ်သို့  ပြောင်းလာတဲ့အခါ
တဖြည်းဖြည်းရှင်သန်
အကိုင်းအခက် အသီးအပွင့်
ဝေဝေဆာဆာနဲ့  ကြီးထွားလာတယ်.............
အဲ့ဒီ့အချိန်မှာတော့
လူတွေက.........
ခူးဆွတ်ချင်တယ် ....စားသုံးချင်တယ်
လိုအပ်သလိုအသုံးပြုချင်တယ်......
နောက်ဆုံး...ထင်းအဖြစ်တောင်အသုံးပြုချင်တယ်။
ဆက်လက်ရှင်သန်ကြီးထွားလာအောင်
ဘယ်လိုလုပ်ရမယ် မတွေးကြဘူး.....
ခဏတာအတွက်ပဲ အသုံးချချင်ကြတယ်။
အခုတော့ အဲ့အပင်က
သစ်ခြောက်ပင်ကြီးဖြစ်သွားပါပြီ....
လူတွေလည်းအသုံးမပြုချင်ကြတော့ဘူး.....
သူတို့ အတွက် အသုံးမှ မဝင်တော့တာကို.....
ဒီတော့ရှုပ်ပါတယ်ဆိုပြီး
ငါကိုယ်တိုင် ခုတ်လှဲပြီး မီးရှို့ လိုက်တယ်....
မြေအောက်မှာတော့ အမြစ်တွေ
ကျန်ဦးမယ်ထင်တယ်............
မြေပေါ်မှာမရှိတော့ လူတွေလည်း
မှတ်မိတော့မှာ မဟုတ်ပါဘူးလေ။   ။

No comments:

Post a Comment