Thursday, 7 February 2013

◘◘မလေးရှားရောက် ရွှေမြန်မာညီအစ်ကိုမောင်နှစ်မများအတွက် သတင်းကောင်း(သို့ မဟုတ်) doowit sim card အကြောင်းအသိပေးခြင်း◘◘

ကျွန်တော် ဒီနေ့  ဖုန်းဆင့်ကဒ်တစ်ခု စမ်းသုံးကြည့်တယ်။ အဲ့ဆင့်ကဒ်က မလေးငွေ RM 30 ပေးရတယ်။(ကျွန်တော့်နေရာမှာပေါ့) စက်ရုံထဲကသူငယ်ချင်းတစ်ယောက်လာရောင်းတာပါ။ ဆင့်ကဒ်တစ်ခုကို RM 30 တဲ့ အဲ့ ဆင့်ကဒ်မှာ ပိုက်ဆံ 18 RM ပိုပါတယ်တဲ့။စုစုပေါင်း 48 RM ပါပါတယ်။ မြန်မာပြည်ကို ခေါ်ရင် တစ်မိနစ်ကို 86 sen ပဲကျပါတယ်။ RM 30 ဆင့်ကဒ်တစ်ကဒ်ကို သုံးပြီး မြန်မာပြည်ကိုခေါ်ရင် တစ်နာရီ ခန့်ပြောလို့ ရပါတယ်။ ပိုက်ဆံစစ်တာက *124# ပါ။ RM 1 ဖိုးသုံးပြီးသွားရင် မလေးရှားနိုင်ငံတွင်းက မည့်သည့်ဖုန်းနံပါတ်ကိုမဆို ခေါ်ဆိုလျှင် တစ်မိနစ်ကို 0.12 sen နှင့် မက်ဆေ့ခ်ျပို့ လျှင် 0.1 sen ပဲကျပါတယ်။


အဆင်ပြေကြပါစေ။

No comments:

Post a Comment