Showing posts with label ဖိုင်Upload တင်နည်း နှင့် Share လင့် ယူနည်း. Show all posts
Showing posts with label ဖိုင်Upload တင်နည်း နှင့် Share လင့် ယူနည်း. Show all posts

Saturday, 24 August 2013

Zippyshare ဆိုဒ်မှာ ဖိုင် Upload တင်နည်း နှင့် Share လင့် ယူနည်း

ပထမဦးဆုံး Zippyshare ဆိုဒ်မှာ အကောက်ဖောက်ဖို့  ဂျီမေးလ် တစ်ခု ရှိရပါ့မယ်။

ဂျီမေးလ် ရှိတယ်ဆိုရင်တော့ ဒီလင့်ကိုကလစ်ပြီးသွားလိုက်ပါ။

အကောက်ဖောက်ဖို့  အတွက် ပေးထားတာလေးတွေ ကို ပြည့်စုံအောင်ဖြည့်ပေးပါ။

 အောက်ကပုံက နမူနာ ဖြည့်ပြထားတာပါ။
ဒါဆိုရင်တော့ အကောက် အောင်မြင်စွာ ဖောက်ပြီးပါပြီ ။ ဂျီမေးလ်ကို ဖွင့်ပြီး အကောက်ကို Activate လုပ်ပေးရပါမယ်။
သင့်ဂျီမေးလ်ကို Zippyshare က Activate လုပ်ဖို့  မေးလ်တစ်စောင်ပို့ ထားပါလိမ့်မယ်။ ဖွင့်လိုက်ပါ။
Zippyshare ကပို့ ထားတဲ့ မေးလ် ကို ဖွင့်ပြီး မေးလ်ထဲက အပြာရောင်နဲ့ ရေးထားတဲ့ လင့်ကို ကလစ်လိုက်ပါ။
Zippyshare ဝက်ဆိုဒ်ကို ပြန်ရောက်သွားပြီး Activate လုပ်ပြီးကြောင်း Box တစ်ခုနဲ့  ပြပေးပါလိမ့်မည်။
ဖိုင် Upload တင်ဖို့  အတွက် ညာဖက်အပေါ်နားရှိ My Account ကိုနှိပ်ပါ။ ပြီးရင် ဘယ်ဖက် ရှိ Upload files ကိုကလစ်လိုက်ပါ။ (အောက်မှာပုံနှင့်လည်းပြထားပါတယ်။)

ဒါဆို Upload တင်ဖို့  ပေါ်လာပါလိမ့်မယ် ။ ပေါ်လာတဲ့ အထဲ က BROWSE ကိုကလစ်လိုက်ပါ။
(အောက်မှာပုံနှင့်လည်းပြထားပါတယ်။)

BROWSE ကို ကလစ်လိုက်ရင်တော့ Open ဟူသော Box တစ်ခု ကျလာပါလိမ့်မယ်။
သင့်ကွန်ပျူတာ ထဲရှိ သင်တင်ချင်သည့် သီချင်း၊ဗွီဒီယို၊ဆော့ဝဲလ်၊စာအုပ်၊ဓါတ်ပုံ အစရှိတာ တစ်ခုခုရွေးပေးပြီး အောက်ခြေရှိ Open ကိုကလစ်လိုက်ပါ ။ ကျွန်တော်ကတော့ အန်းဒရိုက်ဆော့ဝဲလ် တစ်ခု ကို နမူနာ အနေနဲ့  Upload တင်ပြပါ့မယ်။
သင် Upload တင်ဖို့  ရွေးထားတဲ့ ဖိုင်ကို Upload တင်ဖို့  အတွက် START UPLOAD Buttom လေးကို ကလစ်လိုက်ပါ။ (အောက်မှာပုံနှင့်လည်းပြထားပါတယ်။)

အောက်ကပုံကတော့ Upload တင်နေပုံပါ။ အနီရောင်အတန်းလေး ပြည့်တဲ့အထိ စောင့်ပေးပါ။

အနီရောင်အတန်းလေး ပြည့်သွားရင်တော့ သင်တင်တဲ့ဖိုင်ကို Upload တင်ပြီးပြီ ဖြစ်ပါသည်။
အောက်ကလိုပုံလေးပေါ်လာပါလိမ့်မည်။ Link ဘေးရှိ http:// နဲ့ စတဲ့ လင့်လေးက သင်တင်တဲ့ ဖိုင်ကို သင် Share ချင်သည့်နေရာမှာ မျှဝေပေးဖို့  ဒေါင်းလော့လင့် ဖြစ်ပါတယ်။

အောက်ကပုံမှာ အနီရောင်းလေးထောင့်ကွက် နှင့် အစိမ်းရောင်မြား ထိုးပြထားတဲ့ လင့်နှစ်ခု အနက် သင်အဆင်ပြေမည့်လင့်ကို Copy ကူးပြီး သင် Share ချင်သည့်နေရာမှာ Paste လုပ်ပြီး မျှဝေနိုင်ပြီ ဖြစ်ပါတယ်။ (အောက်မှာပုံနှင့်လည်းပြထားပါတယ်။)


သင် Upload တင်ထားတဲ့ ဖိုင်ကို ပြန်ကြည့်ချင်ရင်တော့ ညာဖက်အပေါ်ရှိ My Account ကို ကလစ်ပါ။
ပေါ်လာသည့် အထဲ က File Manager ကိုဆက်ကလစ်ပါ။ ဒါဆို သင် Upload တင်ထားတဲ့ ဖိုင်ကို တွေ့ ရမှာ ဖြစ်ပါတယ် ။ သင် Upload တင်ထားတဲ့ ဖိုင်ကို ကလစ်လိုက်ပါ ။ပြီးရင် နောက်ထပ် Tab တစ်ခုမှာ ဒေါင်းလော့လုပ်ဖို့  ကျလာပါလိမ့်မယ်။

အောက်ကပုံမှာ ကျွန်တော် အနီရောင်လေးထောင့်ကွက် နှင့် အစိမ်းရောင် မြားထိုးပြထားတဲ့ www. လင့်ကိုလည်း Copy ကူးပြီး သင် Share ချင်သည့်နေရာမှာ Paste လုပ်ပြီး မျှဝေနိုင်ပါတယ်။



ကျွန်တော် နားလည်သလို ရှင်းပြထားခြင်း ဖြစ်ပါတယ် ။ အဆင်ပြေမယ်လို့  မျှော်လင့်ပါတယ် ။

အမှားအယွင်းပါရင်လည်း ခွင့်လွှတ်နားလည်ပေးပါ။

Dropbox ဆိုဒ်မှာ ဖိုင် Upload တင်နည်း နှင့် Share လင့် ယူနည်း

ပထမဦးဆုံး Dropbox ဆိုဒ်မှာ အကောက်ဖောက်ဖို့  ဂျီမေးလ် တစ်ခု ရှိရပါ့မယ်။

ဂျီမေးလ်ရှိတယ်ဆိုရင်တော့ ဒီလင့်ကိုကလစ်ပြီးသွားလိုက်ပါ။



အောက်ပါပုံအတိုင်းတွေ့ ရပါလိမ့်မည်။ လိုအပ်တာလေးတွေ ပြည့်စုံအောင် ဖြည့်ပေးပါ။

First name နေရာမှာ သင့်နာမည် အစ ( ဥပမာ။  ။phyuthar )
Last name  နေရာမှာ သင့်နာမည် အဆုံး ( ဥပမာ။ ။ lay)
Email နေရာမှာ သင့်ဂျီမေးလ် လိပ်စာ (ဥပမာ။ ။ phyutharlayfileupload1500@gmail.com)
Password နေရာမှာတော့ သင်ထားချက်တဲ့ ပက်စ်ဝက် ရိုက်ထည့် (ဥပမာ။ ။123456)

ပြီးရင် I agree to Dropbox Terms ရှေ့က လေးထောင့်ကွက်လေးမှာ မောက်စ်နှင့်ကလစ်ပြီး အမှန်ခြစ်လေးခြစ်ပါ။

ပြီးရင် Sign Up ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။

အောက်ကပုံကတော့ Sign Up ကိုနှိပ်ပြီး ဆက်သွားရင် တွေ့ ရမည့်ပုံပါ ။ Dropbox ဆော့ဝဲလ်ကို ကွန်ပျူတာ မှာ အင်စတော လုပ်မှာလား မေးတာပါ ။ Cancel သာနှိပ်လိုက်ပါ။

Cancel နှိပ်ပြီးရင် ဘယ်ဖက်အပေါ်နားက Dropbox စာသားကို ကလစ်လိုက်ပါ ။ အောက်ကပုံမှာလည်း မြားထိုးပြထားပါတယ်။

အောက်ကပုံအတိုင်း မြင်တွေ့ ရပါလိမ့်မယ် ။ အောက်ကပုံမှာ မြားပုံလေးတွေ ထိုးပြထားတာကတော့ Dropbox မှာ သိမ်းဆည်းတဲ့ ပမာဏ ပိုလာအောင်လုပ်လို့ ရတာလေးတွေပါ ။ အဲ့လင့်လေးတွေကလစ်ပြီး လိုအပ်တာလေးတွေ လုပ်ပေးရုံပါပဲ ။ Share လင့် ထုတ်နည်းကို ဆက်ပြောပေးမှာ ဖြစ်တဲ့အတွက် ဘယ်ဖက်အပေါ်နားက Dropbox စာသားကို ကလစ်ပြီး ဆက်သွားလိုက်ပါတယ်။


အောက်ကပုံကတော့ Dropbox စာသားကို ကလစ်ပြီး ဆက်သွားရင် တွေ့ ရမည့်ပုံပါ။

ဖိုင်တွေ Upload တင်ဖို့ အတွက် စာရွက်ပေါ်မှာ မြားအပြာရောင်လေးထောင်နေတဲ့ပုံလေးကို ကလစ်ပါ။
အောက်ကပုံမှာ အနီရောင်လေးထောင့်ကွက်နှင့် မြားအစိမ်းလေး ထိုးပြထားပါတယ်။

စာရွက်ပေါ်မှာ မြားအပြာရောင်လေးထောင်နေတဲ့ပုံလေးကို ကလစ်လိုက်ရင်တော့ အောက်ကပုံအတိုင်းတွေ့ ရပါလိမ့်မယ် ။

Upload to 'Dropbox' အောက်ခြေရှိ Choose File ကို ကလစ်လိုက်ပါ။

အောက်ကပုံမှာ မြားထိုးပြထားပါတယ်။

Choose File ကို ကလစ်လိုက်ရင်တော့ Open ဟူသော Box တစ်ခု ကျလာပါလိမ့်မယ်။
သင့်ကွန်ပျူတာ ထဲရှိ သင်တင်ချင်သည့် သီချင်း၊ဗွီဒီယို၊ဆော့ဝဲလ်၊စာအုပ်၊ဓါတ်ပုံ အစရှိတာ တစ်ခုခုရွေးပေးပြီး အောက်ခြေရှိ Open ကိုကလစ်လိုက်ပါ ။ ကျွန်တော်ကတော့ အန်းဒရိုက်ဆော့ဝဲလ် တစ်ခု ကို နမူနာ အနေနဲ့  Upload တင်ပြပါ့မယ်။


အောက်ကပုံကတော့ ကျွန်တော် Upload တင်ဖို့  ရွေးထားတဲ့ပုံကို Upload တင်နေတဲ့ပုံ ဖြစ်ပါတယ် ။  အစိမ်းတန်းလေး ပြည့်သွားအောင် စောင့်ပေးပါ။

အစိမ်းတန်းလေး ပြည့်သွားပြီ ဆိုရင်တော့ သင်တင်တဲ့ ဖိုင်ကို အောင်မြင်စွာ Upload တင်ပြီးပြီ ဖြစ်ပါတယ်။ အောက်ခြေရှိ Done ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။

အောက်ကပုံကတော့ ကျွန်တော် Upload တင်ထားတဲ့ ဖိုင် ဖြစ်ပါတယ်။

၎င်းဖိုင် ကို ကလစ်ပြီးတော့ ဖြစ်စေ (သို့ မဟုတ်) Right Click ထောက်ပြီး ပေါ်လာတဲ့အထဲက Share link ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။

အောက်ကပုံမှာ အနီရောင်လေးထောင့်ကွက် နှင့် မြားအစိမ်းထိုးပြထားတဲ့ လင့်ကို ကော်ပီကူးပြီး သင်တင်တဲ့ဖိုင်လေးကို သင် Share ချင်တဲ့ နေရာမှာ Share နိုင်ပြီ ဖြစ်ပါတယ်။ အဲ့ဒါက ဒေါင်းလော့လင့် ဖြစ်ပါတယ်။

ကျွန်တော် နားလည်သလို ရှင်းပြထားခြင်း ဖြစ်ပါတယ် ။ အဆင်ပြေမယ်လို့  မျှော်လင့်ပါတယ် ။

အမှားအယွင်းပါရင်လည်း ခွင့်လွှတ်နားလည်ပေးပါ။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio