Showing posts with label Internet Download Manager ကို Unistall လုပ်နည်း. Show all posts
Showing posts with label Internet Download Manager ကို Unistall လုပ်နည်း. Show all posts

Saturday, 22 December 2012

Internet Download Manager ကို Unistall လုပ်နည်း

  အရင်က Internet Download Manager ကို Install လုပ်ထားပြီး Update လုပ်လိုက်မိရင် သုံးမရတော့တဲ့ ပြဿနာလေးပါ ။ များသောအားဖြင့် အောက်က ပုံလေးအတိုင်းပါပဲ 



 အဲ့လိုဖြစ်လာရင် အကောင်းဆုံးကတော့  အားလုံး Exit ပေးပြီး  IDM ကို Uninstall လုပ်ပစ်လိုက်ပါ။


အောက်ကပုံတွေက Unistall လုပ်ပုံအဆင့်ဆင့်ပါ။
သူငယ်ချင်းတို့ မှာ Unistall လုပ်တဲ့ဆော့ဝဲလ် ရှိရင် လည်း Unistallလုပ်သည့်ဆော့ဝဲလ် နဲ့ ပဲ Unistall လုပ်လို့ ရပါတယ်။
ကျွန်တော့်မှာ လောလောဆယ် မရှိလို့  Start ကနေသွားပြီးတော့ပဲ အဆင့်ဆင့် လုပ်ပြပါ့မယ်။
ပုံလေးတွေကို အစဉ်လိုက်ကြည့်သွားပေးပါ။

 



ကွန်ပျူတာ Restart ပြန်လုပ်ပြီး Window ပြန်တက်လာပါလိမ့်မည်။ 

  ထိုအခါ Keyboard မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ.. ပြီးရင် Run Box ထဲမှာ regedit လို့ရိုက် ထည့်ပြီး Enter ခေါက်ပါ။ 

HIKEY-CURRENT-USER >>SOFTWARE   ဒီ Software ဆိုတဲ့ အထဲမှာ Download Manager ကို တွေ့အောင်ရှာပါ ။ ရှာတွေ့ရင် သူ့အပေါ်မှာ မောက်စ်ပွိုင့်တာ လေးတင်ပြီး Right Click နဲ့ Delete ပေးလိုက်ပါ ။




နောက်တစ်ဆင့်ကတော့ HIKEY-LOCAL-MACHINE >> SOFTWARE ကို သွားပြီး Internet Download Manager ကို ရှာပါ တွေ့ရင် အစောကလိုပဲ Delete လုပ်ပေးလိုက်ပါ ။ Registry ထဲကို ရှင်းပေးလိုက်တာပါ။




နောက်ထပ်တဆင့်ကျန်ပါသေးတယ် My computer >> C: >> Program File >> Internet Download Manager ကိုလဲ Delete ပေးလိုက်ပါ ။
အောက်ကပုံကတော့ ပေါင်းပြီးဖော်ပြထားတာပါ။သူငယ်ချင်းတို့ က အဆင့်ဆင့်သွားလိုက်ပါနော်။
 ဒါဆို IDM ကို မိမိကွန်ပျူတာမှ အောင်မြင်စွာ Unistall လုပ်ပြီးသွားပါပြီ....:)
အဆင်ပြေကြပါစေ။ 
ဆရာဝင်း ဆီက သင်ယူလေ့လာထားတဲ့နည်းပညာတစ်ခုပါ။

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio