Showing posts with label Window 8. Show all posts
Showing posts with label Window 8. Show all posts

Friday, 18 January 2013

အကြမ်းဖျဉ်း ဝင်းဒိုး 8 တင်နည်း

ဒီနေ့တော့ မသိသေးတဲ့ ညီငယ်လေးတွေနဲ့ ကွန်ပြူတာဝါသနာရှင်များအတွက် ဝင်းဒိုး ၈ တင်ပုံတင်နည်းလေးကို ပြန်လည်မျှဝေခြင်ပါတယ်
ကျွန်တော်ဟာ ပညာရှင် မဟုတ်တဲ့ အတွက် အမှားအယွင်းများ ရှိခဲရင် ခွင့်လွှတ်ကြပါ
ဒီနေရာကနေတောင်းပန်ပါ တယ် 
 

ဝင်းဒိုး ၈ 64-bit (x64) အတွက် လိုအပ်တာတွေကတော့ 
CPU with 1 GHz
20 GByte Hard disk space
2 GByte RAM
DirectX-9 graphics Card
ဝင်းဒိုး ၈ 32-bit (x86/x32) အတွက် လိုအပ်တာတွေကတော့  
CPU with 1 GHz
16 GByte Hard disk space
1 GByte RAM
DirectX-9 graphics Card 

ဝင်းဒိုး 7 တင်တက်ရင်တော့ လွယ်ပါတယ် အတူတူ ပါပဲ 


ပထမဆုံး မိမိကြိုက်နှစ်သက်တဲ့ ဝင်ဒိုးရှစ် ဘားရှင်း ကို ဒေါင်းလုပ် ပြီး ယူလိုက်ပါ
ဒီနေရာမှာယူရင်လဲ ရပါတယ် window 8   ။အဲဒါက ကျနော် အကိုကြီး ရဲ့ ဆိုဒ်ကပါ
 ဒေါင်းရလာတဲ့ iso ဖိုင်လေးကို  DVD ဒါမှမဟုတ် pendrive ထဲမှာ
ထည့်ပြီး ဘမ်းလိုက်ပါ  iso DVD ဘမ်းဖို့ အတွက်ကတော့ ultra iso ဒါမှမဟုတ်
image burner တခု့ခု့ သုံးလိုက်ပါ။ window 7 သုံးသူများအတွက် ကတော့ ဆော့ဝဲ တွေ မသုံးရင်လဲ ရပါတယ်။ window 7 မှာ ဆိုရင် မိမိ ဒေါင်းထားတဲ့ iso file ရှိတဲ့နေရာကို သွားလိုက်ပါ
ရောက်ပီ ဆိုရင် အောက်မှာပြထားသလိုကြည့်လိုက်ပါ




open ဆိုတာလေးကိုနှိပ်လိုက်ရင် Windows Disc Image File Burning Tool  ဆိုတဲ့ စာသားလေးကြလာပါလိမ့်မယ်
ရွေးပေးပီး ဘမ်းလိုက်ပါ
ဘမ်းပြီးသွားပြီ ဆိုရင်တော့ ရလာတဲ့ ခေါလေးကို မိမိစက်ထဲ ကို ထည့်လိုက်ပါ ထည့်ပီး ရင် စက်ကို Restart ချလိုက်ပါ
Restart ပြန်တက်လာရင် delete key ဒါမှမဟုတ် မိမိ ကွန်ပြုတာနဲ့ သက်ဆိုင်တဲ့ key ကို၂ခါလောက် နှိပ်ပေးလိုက်ပြီး
Boot  setting ထဲကို သွားလိုက်ပါ Boot setting မှာ မိမိ တင်ချင်တဲ့ DVD  drive ဒါမှမဟုတ် USB ကို First Boot အဖြစ်ပြောင်းပေးလိုက်ပြီး F 10 ကိုနှိပ်လိုက်တာနဲ့ BOOT ပြန်တက်လာပါလိမ့်မယ်
 ပထမဆုံး အောက်မှာပြထားတဲ့ အတိုင်းလေးပေါ်မှာပါ


နောက်တဆင့်မှာ  language, time and currency format, and choose Keyboard or Input method ကိုရွေးပေးရမှာပါ
ပုံမှန် အတိုင်း ENGLISH(UNITED STATE) ကို Language မှာရွေးပေးလိုက်ပါ။
 Time and Currency ကိုလဲ English(United state) လိုပဲရွေးလိုက်ပါ
keyboard input method  မှာလဲ US ကိုရွေးပါ 
ပြီးရင် NEXT ကိုနှိပ်ပြီး ဆက်သွားပါ 


အဲဒီမှာ install လုပ်ရပါမယ်

ဒီနေရာမှာတော့ ရွေးစရာနှစ်ခု့ရှိပါတယ်
1. Upgrade
2. Custom (advanced)
ကျနော် တို့က ဝင်းဒိုးအသစ်တင်မှာမို့  Custom ကိုရွေးပေးပါ 


ဒီနေရာလေးက မိမိဝင်းဒိုးကို ဘယ်နေရာမှာ တင်မှာလဲ ဆိုတာကိုရွေးပေးရမှာပါ
မိမိသုံးချင်တဲ့ partition ထဲမှာ ထည့်နိုင်ပါတယ်
ဗဟုသုတ အနေနဲ့ ဒီနေရာမှာ Partition ပိုင်းလို့ရတယ် Partition တွေကို ပြန်ပေါင်းပေးလို့ရပါတယ်
ဘယ်အပိုင်းမှာ ထည့်မယ်ဆိုတာရွေးပေးပြီးရင် NEXT နှိပ်ပြီး ဆက်သွားလိုက်ပါ


နာရီဝက်အနည်းငယ်လောက်စောင့်လိုက်ပါ
ကိုယ်ကဘာမှလုပ်စရာမလိုတော့ပါဘူး စက်ကလုပ်သွားပါလိမ့်မယ် 


ကာလာရွေးပြီးကွန်ပြူတာကိုနာမည်ပေးရပါမယ် ဒီမှာ တော့


ဒီနေရာမှာ ရွေးစရာလေး ဒီလိုရှိလိမ့်မယ် Express settings or Customize ။
Express setting ကို ရွေးပေးလိုက်ပါ 




ဒီနေရာမှာတော့ Miscrosoft မှာ Account ၇ှိရင် ထည့်နိုင်ပါတယ်
မရှိရင် SKIP နှိပ်ပြီး ကျော်လိုက်ပါ 


ဒီပုံက Window တင်ပြီးနောက်ဆုံးမြင်ရတဲ့ ပုံပါ


ဒီပုံကတော့ window 8 တင်ပြီးပြည့်စုံတဲ့ ဝင်းဒိုး တခု့ဖြစ်သွားပါပြီ



ဒီမှာ ဝင်းဒိုးတင်ခြင်းပြီးဆုံးသွားပါပြီ

source-ကိုလတ်(ကျွဲဆင်း)

Friday, 11 January 2013

ဝင်းဒိုး ၈ အသုံးပြုနည်း နှင့် ဝင်းဒိုး ၈ ကိုလေ့လာခြင်း စာအုပ်





ဝင်းဒိုး ၈ အသုံးပြုနည်း နှင့် ဝင်းဒိုး ၈ ကိုလေ့လာခြင်း စာအုပ် လေးပါ။ဖိုင်ဆိုဒ်ကတော့ 39.2MB ရှိပါတယ်။

လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

 Download to Mediafire

အဆင်ပြေကြပါစေ။

Thursday, 13 December 2012

Windows 8 အတွက် မြန်မာဖောင့်၊ကီးဘုတ် နှင့် မြန်မာဖောင့် ထည့်နည်း

ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် zawgyi-one font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ အရင်ဆုံးကျွန်တော်ပေးထားတဲ့ လင့်လေးတွေကနေ zawgyi font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  winrar ဖို်င်လေးကိုဖြေလိုက်ပါ။ ပထမဖိုင်ထဲမှာ  setup ဆိုတာလေးကို အရင် install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။ 
ဒုတိယအဆင့်က control panel ထဲဝင်ပြီး Language setting ကိုပြင်ဖို့လိုပါတယ်။ 
အဆင့်(၁) Control panel ကိုသွားဖို့ကရိုးရိုးလေးပဲ။ Desktop ပေါ်ကို right click ထောက် personalize ကိုကလစ်ပေးပါ။  ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။  Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။

အဆင့်(၂) အဲဒီမှာ Advaced settings ဆိုတာကို လကစ်ပေးပါ။


အဆင့်(၃) Override for default input method  ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L  ဆိုတာလေးကို ရွေးပေးပါ။  ဒါဆိုရင် zawgyi  font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။

To download  (For zawgyi-keyboard)  >> Mediafire
To download  (For IEZawGyiGtalkfont) >> Mediaifre
ref;အိမ့်မှူးသော်ဆိုဒ်မှ
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio