Showing posts with label Photoshop မှတ်စု. Show all posts
Showing posts with label Photoshop မှတ်စု. Show all posts

Thursday, 10 January 2013

Photoshop သုံးပြီး မျက်လုံလေး မှိတ်ပြတဲ့ နည်းလေး

သူငယ်ချင်းအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါတယ်.....တတ်လို့တော့ဟုတ်ပါဘူး..သိသလောက်လေးရေးချပြယုံပါနော် Photoshop သုံးပြီး မျက်လုံလေးမှိတ်ပြတဲ့နည်းလေးပါ လုပ်ကြည့်ချင်တယ်ဆိုရင်တော့





အဆင့်(၁) Ctrl+O (သို့မဟုတ်) File >>>Open ကိုနှိပ်ပြီးဓာတ်ပုံထည့်ပါ



အဆင့်(၂) Shift+Z (သို့မဟုတ်)အနီရောင်မျှားပြထားတဲ့နေရာမှာကလစ်ပါ
ပြီးရင် ပုံမျှားလေးတင်ပြီး Right ကလစ်နှိပ်ပြီး Fit on Screen ကိုနှိပ်ပါ


အဆင့်(၃) Ctrl+J (သို့မဟုတ်) Layer >>>>Duplicate Layer ကိုနှိပ်ပါ
Ctrl+J ကိုသုံးထားရင် အောက်၂ ပုံပြထားသလိုမလိုအပ်ပါ


အဆင့်(၄) OK ကိုနှိပ်ပါ 


အဆင့်(၅) Shift+Ctrl+X (သို့မဟုတ်)  Filter  >>>>Liquify ကိုနှိပ်ပါ



အဆင့်(၆) Tool ( F )ကိုနှိပ်ပါ (သို့မဟုတ်) အစိမ်းရောင်ပြထားတဲ့နေရာကလစ်ပါ
ပြီးရင် ပုံမှာမြင်နေရသလို မျက်လုံးဘေးနားကိုအနီလေးနဲ့ဝိုင်းလိုက်ပါ


အဆင့်(၇) Tool ( W ) ကိုနှိပ်ပါ (သို့မဟုတ်)ဘယ်ဘက်ကအစိမ်းရောင်ပြထားတဲ့နေရာကို
ကလစ်ပါ  ပြီးရင် အပေါ်မျက်ခမ်းလေးကိုအောက်ကိုဆွဲချပါ နောက်ထက် အောက်မျက်ခမ်းကို
အပေါ်သို့ဆွဲတင်ပါ မျက်လုံးမှိတ်တဲ့ပုံလေးဖြစ်အောင်ပေါ့ လက်နှိပ်ပါစေနော်
မျက်လုံးလေးမှိတ်တဲ့ပုံပြီးသွားရင် ညာဘက်ကအစိမ်းရောင်ပြထားတဲ့ OK နှိပ်ပါ




အဆင့်(၈)  Window >>>> Animation ကိုနှိပ်ပါ



အဆင့်(၉) အနီရောင်လေးထောင့်ကွက်ပြထားတဲ့
Duplicates selected frames   နေရာမှာကလစ်တစ်ချက်နှိပ်လိုက်ပါ
မျှားပြထားသလိုပုံ၂ခုရအောင်



အဆင့်(၁၀) အနီရောင်ပြထားတဲ့အကွက်ထဲမှာမျက်လုံပုံလေးရှိပါတယ် အဲ့မျက်လုံးကိုကလစ်နှိပ်ပြီးဖျောက်လိုက်ပါ


အဆင့်(၁၁) နံပါတ်(၁)မှာ 0.2 sec ထားပြီး နံပါတ်(၂)မှာ 1.0 sec ထားလိုက်ပါ
ပြီးသွားပုံရဲ့အောက်မှာ play ကြည့်လိုက်ပါ ပုံကိုမမြင်ရရင်ပုံကိုကလစ်ပြီးကြည့်ပါ










အဆင့်(၁၂) သိမ်းပါ့မယ် Alt+Shift+Ctrl+S  (သို့မဟုတ်)
File >>> save for web &Devices.....ကိုနှိပ်ပါ



အဆင့်(၁၃) Save ကိုနှိပ်ပါ



အဆင့်(၁၄) ဖိုင်နာမည်ရေးပါ ပြီး Save ကိုနှိပ်ပါ ဖိုင်နာမည်ရေးရင် နာမည်နောက်က
.........gif လို့ထည့်ပါ


 ပြီးပါပြီ

သူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

ရေးသားသူ=အာကာမိုးနိုင်

ဖိုတိုရှော့မရှိသေးရင်အောက်မှာဒေါင်းလိုက်နော်


ရောင်စုံ စာသားလေးနဲ့ GIF ပုံလေးရေးချင်ရင်

မင်္ဂလာပါသူငယ်ချင်းအားလုံး ဒီအောက်ကပုံမျိုးလေးကိုဘယ်လိုလုပ်တာလည်းမေးလာလို့
မသိသေူးများရောသိရအောင်ရေးပေးလိုက်ပါတယ်


Open မှာကလစ်ပြီး မိမိနှစ်သက်ရာပုံ၁ပုံထည့်ပါ

TOOL (သို့မဟုတ်) T ပုံလေးကိုကလစ်ပါ

မိမိထည့်ထားတဲ့ပုံအပေါ်ကိုအခုလေးဆွဲလိုက်ပါ

မိမိနှစ်သက်ရာစာရေးပါ ရေးပြီးရင် အပေါ်မှာကြည့်လိုက်ပါ အနီရောင်ပြထားတဲ့နေရာမှာဖောင့်ပြောင်းပါ
အပြာရောင်ပြထားတဲ့နေရာမှာ ဖောင့်ဆိုဒ်ပြောင်းပါ ပြီးသွားရင် ညာဘက်နားအနီရောင်ဝိုင်းပြထားတဲ့ အမှန်ခြစ်လေးနှိပ်ပါ
နောက် Tool V (သို့မဟုတ်) အနက်ရောင်ပြထားတဲ့နေရာမှာ ကလစ်ပြီး စာကြောင်းလေးမိမိလိုရာဆွဲနိုင်ကြောင်း

စာရေးပြီးသွားပြီဆိုရင် Window ကိုကလစ်ပြီး Animation ကိုရွေးကလစ်ပါ

အောက်နားမှာကြည့်လိုက်ပါတုတ်လေးပြထားတဲ့ဟာလေးကိုကလစ်ပြီးframes 5 ခုလောက်လုပ်လိုက်ပါ

ပထမ နံပါတ်တစ်ကနေစမယ် (1) ကိုကလစ်နှိပ်ပါ(အနီရောင်မျဉ်းပြထားနေရာ)
ပြီးသွားရင်ညာဘက်အောက်နားကတုတ်လေးထောက်ပြထားတဲ့ FX ဆိုတာလေးကလစ်ပါ ဘာ too ညာ tool ပြောတော့ဘူးနော်
ပုံမှာကြည့်လိုက်

FX ဆိုတာကလစ်ပြီးပေါ်လာတဲ့အထဲက storke ကိုကလစ်လိုက်ပါ

ဒီလိုမျိုးပေါ်လာမယ် မိမိကြိုက်ရာအရောင်ရွေးပါ ပြီးရင် OK ပါ


နောက်ထက် FX ကိုကလစ်ပြီး color overlay ကိုရွေးပါ

မိမိနှိစ်သက်ရာ အရောင်ရွေးပါ အပေါ်မှာပြောခဲ့တဲ့အရောင်နဲ့ မတူညီတာကိုရွေးပါ

ဒီလိုပါပဲ feames 1 ကနေ 5 အထိ ကလစ်နှိပ်ပြီး အပေါ်မှာပြခဲ့သလိုအရောင်လေးတွေပြောင်းလိုက်ပါ
ပြီးသွားရင် တုတ်ထောက်ပြထားတဲ့နေရာက်မှာ play ကြည့်လိုက်ပါ

အားလုံးအာလုံး OK သွားပြီးဆိုရင် သိမ်းပါ့မယ်
FILE ကိုကလစ်နှိပ်ပြီး save for& web devices ကိုရွေးကလစ်ပါ

SAVE ပါ အနီရောင်ဝိုင်းပြထားတဲ့နေရာမှာ GIF ကိုထားပါ

ဖိုင်နာမည်ရေးပြီး SAVE လိုက်ပါပြီးပါပြီ

အကြွင်းအကြံ ရောင်တွေမှိတ်ုတ် မှိတ်တုတ် နေတာမြန်လွန်းရင်  frames တစ်ခြင်းဆီကို မိနစ်ပြောင်းပေးလိုက်ပါ
သူငယ်ချင်းအားလုံးပျော်ရွှင်နိုင်ပါစေ
တတ်လို့တော့မဟုတ်ပါမေးထားတဲ့သူရှိနေလို့ရေးတင်လိုက်ပါကြောင်း
လိုအပ်ချက်များရှိပါတယ် အိပ်ချင်နေလို့ ပီးပီးရောရေးလိုက်တာ
ဖိုတိုရှော့မရှိသေးဘူးဆိုရင်ဒီမှာသွားဒေါင်းလိုက်ပါ

source-ကိုအာကာမိုးနိုင်

Saturday, 15 December 2012

Photoshop အသုံးပြုပြီး ပုံပြင်လိုသူများအတွက် (အခြေခံနည်း)

အခုတင်မယ့်ပိုစ့်လေးကတော့ ဖိုတိုရှော့ပ်နဲ့ ပုံပြင်ချင်သူများအတွက် အခြေခံနည်းလေးပဲဖြစ်ပြီး ပုံနှင့်တကွ သိလွယ်အောင် ဖော်ပြပေးထားပါတယ်။ အရမ်းသိလို့တက်လို့ရေးတာမဟုတ်ပဲ ကိုယ်ကလိနေကျအတိုင်းလေးပဲ ရိုးရှင်းလွယ်ကူစွာနဲ့ လုံးမသိသေးသူများအတွက် အသုံးပြုဖို့ လွယ်ကူစေရန် ရေးသားဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။
ပထမဦးဆုံးအနေဖြင့်  photoshop  software လေးကို အရင်ဖွင့်လိုက်ပါ။ ပြီးရင် File --> open ကိုဖွင့်လိုက်ပါ။


Open ကို နှိပ်လိုက်ရင် open box တစ်ခုကျလာပါလိမ့်မယ်။ ထို open box ထဲကနေ မိမိအသုံးပြုမယ့်ပုံရှိတဲ့ နေရာကိုရွေးပြီး ထိုပုံကို Mouse ဖြင့် တစ်ချက်နှိပ်ပြီးမှ Select မှတ်လိုက်ပါ ပြီးရင် open ကိုနှိပ်လိုက်ရင် မိမိအသုံးပြုမယ့်ပုံကို ဖွင့်ပြီးသွားပါပြီ။

 
ကဲ ဒါဆို စပြီးမှ ပုံလေးတွေပြင်တာကို စကြည့်လိုက်ကြရအောင်နော်။
ပထမဆုံး မိမိပြင်မယ့် ဖလားပုံကို ဖွင့်ပြီးသွားပြီဆိုရင်တော့ဖြင့် ဒီပုံလေးကို တစ်ခြားနောက်ခံပုံလေးပေါ်မှာ ဖြတ်တင်ရမှာဖြစ်လို့ ဒီပုံလေးကို အရင်ဆုံး ဖြတ်ထုတ်ရမှာဖြစ်ပါတယ်။ အဲ့လို ပုံလေးကို ဖြတ်ထုတ်ရာမှာ မူရင်းပုံအသေးလေးကိုဆိုရင် ဖြတ်ရာမှာ သေချာချာမမြင်ရပဲ ဖြတ်တဲ့နေရာမှာ မသပ်မရပ်ဖြစ်တတ်တာမို့ ဖြတ်မယ့်ပုံလေးကို အရင်ဆုံး ချဲ့လိုက်မယ်ဆိုရင် ပိုအဆင်ပြေမှာဖြစ်လို့ ပုံမှာပြထားတဲ့အတိုင်း window --> Navigator ဆိုတာလေးကို ဖွင့်ထားဖို့လို့ပါတယ်။ မြှားပြထားတဲ့အတိုင်း ပုံကို မူလထက်ကြီးချင်ရင် ပုံ ညာဘက်က မြှားပြထားတဲ့နေရာက အတုံးလေးနဲ့ အတိုးအလျှော့လုပ်ပေးလိုက်ရင် မူလပုံထက် ကြီးသွားမှာဖြစ်ပါတယ်။

ပုံကို မိမိလိုအပ်သလောက် ချဲ့ပြီးသွားပြီဆိုရင်တော့ ဖလားပုံလေးကို စပြီးဖြတ်ထုတ်ရအောင်လို့ မြှားပြထားတဲ့အတိုင်း polygonal lasso Tool ဆိုတာလေးကိုရွေးလိုက်ပါ။ ပြီးရင် ကိုယ်ဖြတ်ထုတ်မယ့် ပုံရဲ့ ပတ်ပတ်လည်ကို လိုက်ပြီး select မှတ်သွားလိုက်ပါ မိမိပထမဆုံး မှတ်တဲ့နေရာနဲ့ဆုံပြီ ပြန်ရောက်ပြီဆိုရင်တော့ Enter key ကိုနှိပ်လိုက်ပါ။


Enter key ကိုနှိပ်လိုက်ရင်တော့ ပုံမှာပြထားတဲ့အတိုင်း dashed လေးတွေနဲ့ Select မှတ်ထားတဲ့ ပတ်လည်လေးကိုမြင်ရမှာဖြစ်ပါတယ်ရှင်။ ပြီးရင်တော့ ပုံကို တစ်ခြားစာမျက်နှာကို ဖိဆွဲရာမှာ မိမိဖြတ်ထားတဲ့ပုံရဲ့ ဘေးပတ်လည်တွေကို တုံးတိကြီးမဖြစ်ပဲ ပုံပတ်လည်မှာ ၀ါးတားတားလေနဲ့ ဖြတ်ထားတာမသိသာအောင် ပုံမှာပြထားတဲ့အတိုင်း Select --> Modify --> Feather ဆိုတာလေးကိုနှိပ်လိုက်ပါ။

Feather ဆိုတာလေးကိုနှိပ်လိုက်ရင်တော့အောက်ကပုံမှ ပြထားတဲ့အတိုင်း Feather Selection box လေးကျလာပါလိမ့်မယ်။ Feather Radius ဘေးက မြှားပြထားတဲ့ လေးထောင့်ကွက်လေးထဲမှာတော့ ဖြတ်ထားတဲ့ပုံရဲ့ ဘေးပတ်လည်မှာ ဘယ်လောက် ၀ါးချင်တာလဲ ကိုယ့်စိတ်ကြိုက် နံပါတ် ပြောင်းထည့်နိုင်ပါတယ်။ ဥပမာ- 5 လောက်ထားလိုက်ရင် ပုံကို ဖြတ်ပြီး တစ်ခြားနောက်ခံမှာတင်တဲ့အခါ ပုံဘေးတွေက အရမ်းဝါးဝါးကြီးဖြစ်နေပါလိမ့်မယ်။ ပုံဖြတ်ရင်တော့ မူလအားဖြင့် 2 ပဲထားတာအဆင်ပြေပါတယ်။ စိတ်ကြိုက်နံပါတ်ထည့်ပြီးရင်တော့ ok ကိုနှိပ်လိုက်ပါ။
Feather ထည့်ပြီးသွားပြီဆိုရင်တော့ ပုံလေးကို တစ်ခြားနောက်ခံပေါ်ကို ဆွဲထည့်လို့ရပြီဖြစ်လို့ ပုံလေးကို မိမိလိုရာကို ဖိဆွဲဖို့အတွက် မြှားပြထားတဲ့အတိုင်း Move Tool(v) ဆိုတာလေးကို mouse နဲ့ တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင်တော့ ပုံလေးကို လိုရာသို့ ဖိဆွဲနိုင်ပြီဖြစ်ပါတယ်။
Move Tool(v) ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးရင်တော့ ဖြတ်ထားတဲ့ပုံလေးကို ဖိဆွဲပြီးမှ မိမိလိုရာပုံပေါ်ကို ရွေ့တင်လိုက်ပါ။
မိမိရွေ့တင်လိုက်တဲ့ပုံဟာ တစ်ခြားနောက်ခံပုံပေါ်ရောက်သွားပါပြီ။ ဒါပေမယ့် ပုံက ကြီးနေတာတို့ သေးနေတာတို့ ဖြစ်တက်ပါတယ်။ ဒီလိုဆို ဒီပုံလေးကို မိမိစိတ်ကြိုက် အရွယ်အစားကို ကြီးမယ်သေးမယ်ဆိုရင်တော့ Ctrl + t ကိုတစ်ချက်တွဲနှိပ်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း လေးထောင့်ကွက်လေးပေါ်လာပါလိမ့်မယ်။ မြှားပြထားတဲ့ပုံအတိုင်း ပုံထောင့်အစုံလေးကနေ ပုံလေးကို ချုံ့လို့ ချဲ့လို့ ရပါပြီ။ မိမိစိတ်ကြိုက် အရွယ်ရပြီဆိုရင်တော့ Enter တစ်ချက်ခေါက်လိုက်ရုံပါဘဲ။
မိမိစိတ်ကြိုက် အရွယ်လေးရပြီဆိုရင်တော့ ဖလားကိုင်းထဲက အသားအဖြူလေးကို ဖြတ်ထုတ်ကြရအောင်နော်။ ခုနအပေါ်မှာပြောခဲ့သလိုပဲ ပုံမှာမြှားပြထားတဲ့ polygonal lasso Tool ဆိုတာလေးကိုရွေးလိုက်ပါ။ ပြီးရင်တော့ မိမိဖြတ်မယ့်အလယ်ကအဖြူကွက်လေးနေရာလေးကို Select မှတ်ပြီးမှ စတင်ပြီး select မှတ်တဲ့နေရာပြန်ဆုံရင်တော့ enter ခေါက်ပေးလိုက်ပါ။
Enter ခေါက်လိုက်ပြီဆိုရင်တော့ အောက်ကပုံကိုကြည့်လိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း dashed လေးတွနဲ့ စလပ်မှတ်ပြီးသားလေးကိုတွေ့မြင်ရပါလိမ့်မယ်။ စလပ်မှတ်ပြီးတဲ့အခါမှာတော့ အလယ်သားကိုဖြတ်ပစ်ချင်တဲ့အတွက် delete key ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် အပေါ်မှာပြောသလိုမျိုး Feather ကိုအရင်ထည့်ပြီး delete လုပ်မှာ အလယ်ကဖြတ်လိုက်တဲ့ အဖြူကွက်ကြီးက မသပ်မရပ်မဖြစ်ပဲ ၀ါးတားတားလေးဖြစ်နေမှာဖြစ်ပါတယ်။
ဒီနေရာမှာတော့ select မှတ်ပြီး delete လုပ်ပစ်မှာမို့ အောက်ကပုံမှာပြထားတဲ့အတိုင်း Feather Radius မှာ နံပါတ်ကို စိတ်ကြိုက်ထည့်ရပါတယ် ပိုဝါးမသွားအောင် ဖြတ်ထားတာလည်းမသိသာရလေအောင် ပုံမှန်တော့ 1 ပဲထားပြီးဖြတ်ပါတယ်။ နံပါတ်ထည့်ပြီးရင်တော့ ok ကိုနှိပ်လိုက်ပါ။ ပြီးမှ Deleter key ကိုနှိပ်လိုက်ရင် အလယ်ကအဖြူကွက်လေး ပြတ်သွားပါလိမ့်မယ်။
အပေါ်မှာပြောပြခဲ့တဲ့အတိုင်း နောက်တစ်ဖက်ကိုလည်း အဲ့လိုလေးပဲ ဖြတ်ထုတ်လိုက်မယ်ဆိုရင်တော့ အောက်ကပြထားတဲ့ပုံလေးအတိုင်း မြင်တွေ့ရမှာဖြစ်ပါတယ်။
အခုဆိုပုံလေးပြင်တာ တစ်ဝက်လောက်တော့ပြီးနေပါပြီ ဒီလိုဆို ဖလားပေါ်မှာ ဖဲပြားလေးတင်ကြည့်ရအောင်နော်။ အောက်ပုံမှာပြထားတဲ့အတိုင်း အပေါ်ကပြောခဲ့သလိုပဲ စလပ်မှတ်ပြီး ဖြတ်လိုက်ပါ။ ပြီးရင် Feater ထည့်လိုက်ပါ။
ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း Move Tool(v) ဆိုတာလေးကို ရွေးပြီးမှ ဖဲပြားလေးကို ဖလားပုံလေးအပေါ်ကို ဖိဆွဲပြီးထည့်လိုက်လို့ရပါပြီ။
ဖဲပြားလေးကို ဖလားပုံလေးပေါ် ဖိဆွဲပြီးရင်တော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း Ctrl + T တွဲနှိပ်ပြီးမှ ပုံလေးကို ချုံ့ပြီး ချဲ့ပြီး စိတ်ကြိုက်ဖြစ်ရင်တော့ Enter key ကိုနှိပ်လိုက်ပါ။
အားလုံးပြီးသွားပြီဆိုရင်တော့ ဖလားအောက်မှာ သက်ဆိုင်ရာ စာလေးတွေကို ရေးပါမယ်။ ဒါပေမယ့် အဲ့ဖလားအောက်က အ၀ါရောင်နေရာလေးမှာက တစ်ခြားစာတွေရှိနေပြန်ရော အဲ့နေရာမှာ စာရေးဖို့ ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် နဂိုပါနေတဲ့ စာတွေကို ဖြတ်ဖို့အတွက် ပုံမှာပြထားတဲ့အတိုင်း Clone Stamp Tool ဆိုတာလေးကို တစ်ချက်နှိပ်ပြီး ရွေးလိုက်ပါ။
Clone Stamp Tool ဆိုတာလေးလေးကိုတစ်ချက်နှိပ်လိုက်ရင် အောက်ကပုံမှာပြထားတဲ့အတိုင်း အ၀ိုင်း အတုံးလေးပေါ်လာပါလိမ့်မယ်။ စာလုံးတွေဘေးက နေရာလွတ်က အ၀ါရောင်အသေားလေးကိုယူပြီး စာလုံးတွေပေါ်မှာလိုက်ဖြတ်မှာဆိုတော့ Alt ကိုဖိထားပြီးမှ နေရာလွတ်က အ၀ါရောင်လေးကို မောက်လေးနဲ့ တစ်ချက်နှိပ်လိုက်ပါ ပြီးရင်တော့ မိမိဖြတ်မယ့် စာလုံးလေးပေါ်မှာ လိုက်ပြီး Click နှိပ်ပေးလိုက်မယ်ဆိုရင် မူရင်းရေးထားတဲ့စာလုံးတွေကို ဘေးကပွားတဲ့ အသားလေးတွေနဲ့ အုပ်ပြီးမှ ဖြတ်ပြီးသားဖြစ်သွားပါတယ်။
မူရင်းပါတဲ့ စာတွေကို ဖြတ်ပြီးသွားပြီဆိုရင်တော့ ဒီနေရာလေးမှာ မိမိတို့စိတ်ကြိုက်စာလေးတွေရေးရအောင်နော်။ ဒီလိုဆိုရင် စာရိုက်တဲ့ T ပုံစံလေးကို တစ်ချက်နှိပ်လိုက်ပါ သူ့ဘေးမှာ ဖောင့်ကို အလျား၊ အနံ ဘေးတိုက်ရိုက်မလား ဒေါင်လိုက်ရိုက်မလား မြှားပြထားတဲ့အတိုင်း ရွေးပေးပြီး မိမိရိုက်မယ့်ပုံစံကို တစ်ချက်နှိပ်လိုက်ပါ
ရွေးပြီးရင်တော့ စာရိုက်မယ့်နေရာမှာ cursor တစ်ချက်ချလိုက်ပါ ပြီးရင်တော့ အောက်က ပုံကိုကြည့်လိုက်ပါ။ မြှားပြထားတဲ့နေရာမှာကတော့ မိမိရိုက်ချင်တဲ့ စာလုံးဖောင့်ပုံးစံကိုရွေးရမှာဖြစ်ပါတယ်။
အောက်ကပုံကတော့ မိမိရိုက်မယ့်စာလုံး အရွယ်အစား font size ကိုရွေးပေးရမှာဖြစ်ပါတယ်။
အားလုံးစိတ်ကြိုက်ရွေးပြီးသွားရင်တော့ စာစရိုက်လို့ရပါပြီ။ မိမိရိုက်တဲ့ စာလုံးပေါ်မှာ cursor တစ်ချက်ချပြီးမှ အောက်ကပုံမှာ မြှားပြထားတဲ့အတိုင်း font Style ဆိုတဲ့နေရာမှာ စာလုံးပုံစံေးလကို တစ်ချက် click နှိပ်ပေးလိုက်ရင် စာလုံး ပုံစံအရောင် ပြောင်းသွားမှာဖြစ်ပါတယ်။
မိမိစိတ်ကြိုက်ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ ဒီပုံလေးကို သိမ်လိုက်ကြရအောင်နော်။ File--> Save As.. ကိုနှိပ်လိုက်ပါ။
Save As box တစ်ခုကျလာပါလိမ့်မယ်။ ပထမဆုံး မိမိသိမ်းမယ့် Folder ကို ရွေးပေးလိုက်ပါ ပြီးရင်တော့ ပုံကို Jpg အနေနဲ့ သိမ်းမယ်ဆိုရင် ရွေးပေးလိုက်ပါ။ ပြီးရင်တော့ Save ကိုနှိပ်လိုက်ပါ။
Save ကို နှိပ်လိုက်ရင် နောက်ထပ် JPEG Options ဆိုတဲ့ box လေးတစ်ခုထပ်ကျလာပါလိမ့်မယ်။ အဲ့မှာမှ ok ကို ထပ်နှိပ်ပေးလိုက်မယ်ဆိုရင်တော့ မိမိရဲ့ ပုံလေးကို ရွေးထားတဲ့ folder လေးထဲမှာ သိမ်းဆည်းပြီးသွားပြီ ဖြစ်ပါတယ်ရှင်။
ဆုဖလားပုံလေးပြင်တာလည်းပြီးသွားပြီဆိုတော့ အခြေခံအနေနဲ့ ဖလားပုံလေးပြင်တာကို ဥပမာပြထားပေးတာဖြစ်ပြီး တစ်ခြားပုံတွေကိုလည်း ထို့နည်းအတူ အသုံးပြုပြီး ပြင်နိုင်ကြပါတယ်။  ပုံပြင်တာ ပုံဖြတ်တာ ပုံတစ်ပုံလှပသပ်ရပ်မူကတော့ ပုံကိုပြင်တဲ့သူရဲ့ စိတ်ဝင်စားမူနှင့် စိတ်ရှည်မူနဲ့ အလှပဖန်တီးမူ စိတ်ကူးအပေါ်တွင်သာ မူတည်ပါသည်။ မိမိအသုံးပြုသလို အဆင်ပြေသလို ရေးသားမျှဝေပေးလိုက်တာမို့ အမှားပါခဲ့လျှင်လည်းခွင့်လွှတ်နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မူရင်းရေးသားသူ=ရွှေမြန်မာဥယျာဉ် မှ ဒီဇိုင်းအက်ဒမင် တောသူမလေး
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio