Showing posts with label တွေးမိတွေးရာ. Show all posts
Showing posts with label တွေးမိတွေးရာ. Show all posts

Tuesday, 26 February 2013

တွေးမိတွေးရာ(၂)


"လောကကြီးမှာ အလွယ်ကူဆုံး အရာတွေဟာ အရေးပါဆုံး အခြေခံအကျဆုံးပါ"

ဥပမာ။ ။"လေ" အကြောင်း ကျွန်တော်တို့ မသိဖူး ။ ဒါကြောင့် မြတ်စွာဘုရားက လေအကြောင်းသိအောင် "၀င်တယ်၊ထွက်တယ်(ဖောင်းတယ်၊ပိန်တယ်) မှတ်ခိုင်းတော်မူခဲ့တာ။

ကျွန်တော်တို့  လွယ်လို့  ပစ်ထား လိုက်ကြတယ်။

လွယ်သလား.....လွယ်တယ် ။

သိသလား...မသိဘူး ။

ကျွန်တော် နှင့် တကွ သူငယ်ချင်းညီအစ်ကိုမောင်နှစ်မ အားလုံးရဲ့ နေ့ စဉ်ဘ၀ထဲမှာလည်း ဒါမျိုးတွေ အများကြီးပါ ။

လွယ်လား....လွယ်တယ်။

သိလား....မသိဖူး ။

   ကျော်ဇင် 

၂၆-၂-၂၀၁၃

တွေးမိတွေးရာ (၁)

အချစ်ဆိုတာ ဘာလဲဆိုတာ ကျွန်တော် မသိပါဖူး။

ဒါပေမဲ့ အချစ်ဆိုတာ သစ္စာရှိစွာ နဲ့  ချစ်သူကို ချစ်မြဲချစ်နေဖို့ လို့ ထင်တယ်။

အချစ်ဆိုတာကြီးကို ကြုံတွေ့ တာနဲ့  တပြိုင်နက် အချစ် ရဲ့ မိတ်ဆွေတွေ ဖြစ်တဲ့ လွမ်းဆွတ်မှု၊တမ်းတသတိရမှု၊စိုးရိမ်ပူပန်မှု၊သ၀န်တိုမှု ဆိုတာတွေကတော့ မခေါ်လည်း ရောက်လာကြတယ်။

တစ်ခါတစ်လေ အချစ်ဆိုတာကြီးက တစ်ဦးနဲ့ တစ်ဦး အရမ်းချစ်ပါတယ် ပြောနေတဲ့သူတွေကို ပတ်ဝန်းကျင်ကထွက်လာတတ်တဲ့ ကိုယ်ချင်းစာလို့ ပြောပြတာပါ(စေတနာစကားလည်ုးဖြစ်ချင်ဖြစ်မှာပါ)ဆိုတဲ့ စကားနဲ့ ခွဲခွာစေသလို့  ကံကြမ္မာ ကြောင့်လည်းခွဲခွာစေတယ်။

ဒါကြောင့် အချစ်မှာ အဓိက လိုအပ်တာက တစ်ယောက် နဲ့  တစ်ယောက် ယုံကြည်ပြီး၊နားလည်မှု ဆိုတာ ရှိဖို့ အဓိက လိုအပ်တယ်။

ကံကြမ္မာကြောင့်ဆိုတာကတော့ ကုသိုလ်ကံ အတိုင်းပေါ့။

အချစ်လည်းရှိပြီ နားလည်မှုလည်းရှိပြီဆိုတော့ နောက်ဆုံးပန်းတိုင် ဖြစ်တဲ့ အိမ်ထောင် တစ်ခု တည်ဆောက်နိုင်ပြီလား ဆက်တွေးမိတယ်။

အိမ်ထောင်ပြုတာက လွယ်ပါတယ်။ ရုံးတက် လက်မှတ်ထိုးတာနဲ့  လင်မယား ဖြစ်တယ်တဲ့။

ဒါဆို ဘာက ခက်လည်း? ? ?

ဘ၀တစ်ခုတည်ဆောက်ဖို့  ဆိုရင် လိုအပ်လာတာက
(၁) ပိုက်ဆံ
(၂)အလုပ်
(၃)အိမ် ဆိုပြီး အကြမ်းဖျဉ်း လိုမယ်ထင်တယ်။

(ဆွေစဉ်မျိုးဆက် ချမ်းသာတဲ့ သူတွေ အတွက်တော့ မလိုဖူးပေါ့ဗျာ)

ဘာလို့  အိမ် လိုအပ်တယ်လို့ ထင်ရင် ကိုယ်ပိုင် အိမ် မဟုတ်ပဲ မိဘ အိမ် ၊ယောက္ခမ အိမ်မှာ နေရင် ရေရှည်ကျရင် ပြဿနာတွေ ဖြစ်လာနိုင်လို့ ပါ။ (ကျွန်တော့် မေမေ နဲ့  ဖေဖေ က ကျွန်တော့် ကိုယ်တွေ့ ) ကိုယ်ပိုင် အိမ် မ၀ယ်နိုင်သေးတောင် အိမ်ငှားနေနိုင်ရင် အဆင်ပြေမှာပါ။

အဲ့တော့ အချစ်တစ်ခု ခိုင်မြဲဖို့  အချစ် ရယ် သစ္စာရှိမှုရယ် နားလည်မှု ရယ် ရှိရင် ခိုင်မြဲမယ်။

အဲ့လို သစ္စာရှိစွာချစ်ပြီး နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ဘ၀နှစ်ခုကို နှစ်ကိုယ်တစ်ဘ၀ ပေါင်းစည်းဖို့ အတွက် အချစ်၊သစ္စာရှိမှု၊နားလည်မှု၊အလုပ်၊ငွေ၊အိမ် လိုအပ်တယ်။

(စိတ်ညစ်နေတာနဲ့  လျှောက်တွေးနေရင်း ခေါင်းထဲပေါ်လာတာတွေ ချရေးဖြစ်သွားတာပါ)

ကျော်ဇင်
၂၆-၂-၂၀၁၃
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio