Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Tuesday, 15 January 2013
Thursday, 10 January 2013
သူငယ်ချင်းများ ပြန်လည်လက်ဆင့်ကမ်းကူညီပေးကြပါဦး...FWD
ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ၊ဒီဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ(ဟာဂျူလီ-ကသာ)
ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ပါသည်၊ထိုမိန်းကလေးမှာ အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ် ကိုင်သူဖြစ်ကြောင်း ၄င်း၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်၊
“ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊တကယ်လို့ ရည်းစားနောက်လိုက်သွားရင်လည်း အခုဆို (၁)လရှိနေပါပြီ၊သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊အခုလို ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူနေရပါတယ်၊
သမီးလေးပျောက်သွားတဲ့နေ့ကစက်ချုပ်ပစ္စည်းတွေလည်းပါသွားတယ်၊သူ့ဆိုင်ကယ်ကို လည်း ပေါင်သွားတယ်၊သူဆိုင့်ကယ်သွားပေါင်တဲ့ မိတ်ဆွေကပြောတာတော့ မေသက်ဇွန်ဆိုင်ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံမဟုတ်တဲ့ မျက်နှာစိမ်းတစ်ယောက်ပါလာတယ်တဲ့
၊နောက်ပြီး ဗန်းမော်သွားတဲ့ ကားလမ်း၊ငါးအိုးရွာမှာလည်း မေသက်ဇွန်ကို အဲဒီမိန်းကလေးနဲ့ပဲ တွေ့တဲ့သူရှိတယ်တဲ့၊ဒီတော့ ကျွန်မတို့အနေနဲ့ လူကုန်ကူးခံလိုက်ရပြီလားလို့ တွေးမိပါတယ်” ဒေါ်ခင်နန်းမြင့်ပြောခဲ့သည့် ဖြစ်စဉ်မျိုးမှာ ၂၀၁၀ခုနှစ်ကလည်း အင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ပါသည်
၊မြို့ခံမိန်းကလေးများကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ်အစားယူစေ၍ တရုတ်နိုင်ငံသို့ခေါ်ဆောင် ရောင်းချခဲ့သည့် ဖြစ်စဉ်များဖြစ်ပါသည်၊ထိုဖြစ်စဉ်အား ကျွန်တော်မှ ဖေါ်ထုတ်ရေးသားခဲ့ရာ လူကုန်ကူးခဲ့သည့် တရားခံ များအားလုံး ထောင်(၁၀)နှစ်ကျခံလိုက်ရပြီးဖြစ်ပါသည်၊
ယခုပျောက်ဆုံးသွားသည့်ဖြစ်စဉ်မှာ ယခင်အင်းတော်မြို့တွင် ဖြစ်ပွားခဲ့သော ခြေရာလက်ရာအတိုင်းဖြစ်နေပါသောကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ်ဆိုစရာမရှိပါ၊ထိုပျောက်ဆုံးသွားသောမိန်းကလေးနှင့် ပါတ်သက်၍ တွေ့ရှိသူများး၊တွေ့မြင်သူများရှိပါက
ကျွန်တော့်ထံ အွန်လိုင်းမှတဆင့်(သို့မဟုတ်)ဖုန်း၀၉၆၄၆၈၄၅၅ သို့ ဆက်သွယ်ကူညီပေးနိုင်ရန် ရေးသားလိုက်ရပါသည်၊
(ဟာဂျူလီ-ကသာ) သူငယ်ချင်းမှတစ်ဆင့် ပြန်လည်မျှဝေတာပါ။
မှတ်ချက်။ ။သူငယ်ချင်းတို့လည်း လက်ဆင့်ကမ်းဝေမျှ ပေးကြပါဦးနော်...
ပြန်လည်မျှဝေသူ= ဖြူးသားလေး
မေးထဲရောက်လာလို့ဗျာ..ပြန်လည်မျှဝေကူညီပေးလိုက်ကြပါအုံး
Friday, 4 January 2013
ထန်းတပင်မြို့နယ်မှကျောက်ဖြစ်သွားတဲ့ ဆရာတော် ရုပ်ကလာပ်
ထန်းတပင်မြို့နယ်၊ ကြိမ်တော်မြောင် ကျေးရွာမှာ ရှိတဲ့ ကြိမ်တောမြောင် ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဘုန်းကြီး ဦးအာဒိစ္စ၀ံသ ၊(သက်တော် ၉၅နှစ်၊ ၀ါတော် ၇၅ ၀ါ )ဟာ ပျံလွန်ပြီး ၇ ရက်အကြာမှာ ကျောက်ဖြစ်သွားတယ်ဆိုတဲ့ သတင်းကြောင့် လာရောက်ဖူးမြော်သူများ တနေ့နဲ့ တနေ့ များပြားလာပါတယ်။
ဆရာတော် ရုပ်ကလပ်ကို လာရောက်ဖူးမြော်ကြသူတွေဟာ အနီးအနား ၀န်းကျင် ရွာတွေ အပြင် ရန်ကုန်၊ နေပြည်တော်၊မန္တလေး၊ ဖြူး၊မော်လမြိုင် ၊တောင်ကြီး စတဲ့မြို့တွေကပါ လာရောက်ကြည့်ရှုသူတွေ များပြားပါတယ်လို့ ကြိမ်တောမြောင် ကျောင်းရဲ့လက်ထောက် ကျောင်းထိုင်ဘုန်းကြီး ဖြစ်သူ ဦးပဏ္ဍ၀ံသက မိန့်ပါတယ်။
“ဆရာတော်ကြီး ပျံလွန်တော်မူပြီးတော့ ၇ရက် ကျော်တဲ့ အခါမျက်နှာတော် က အဖြူရောင် အကွက်တွေ စပေါ်လာတယ်။ နောက်တော့ ဖွေးလာပြီး တကိုယ်လုံးကို အဖြူရောင်သန်းလာတယ်။ တဖြည်းဖြည်းနဲ့ ကျောက်သားတွေလို ဖြစ်သွားတယ်” လို့ မိန့်ပါတယ်။”
ဆရာတော်ကြီး ရဲ့ ရုပ်ကလာပ်က ကျောက်ဖြစ်သွားတယ်လို့ တဖြည်းဖြည်း နဲ့ ကျော်ကြားလာပြီး လာရောက်ဖူးမြောက်သူတွေ လည်း ပိုမိုများပြားလာခဲ့ပါတယ်။ သက်ဆိုင်ရာ က ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ သိပံနည်းကျ ပြုလုပ်ထားတာ မဟုတ်ဘဲ သဘာဝ အတိုင်း ဆန်းကြယ်စွာ ဖြစ်နေတာတွေ့ ရတယ်လို့ မှတ်ချက် ပြုခဲ့ကြောင်းကို လက်ထောက် ကျောင်းထိုင် ဆရာတော်ကြီးက မိန့်တော်မူပါတယ်။
ဆရာတော်ကြီး ဦအာဒိစ္စ၀ံသ ကို ထန်းတပင်မြို့နယ် ကြိမ်တော်မြောင်ရွာမှာ မွေးဖွားခဲ့ပြီး ငယ်ဖြူ ဆရာတော်ဖြစ်ပါတယ်။ ဆရာတော် ၁၉ နှစ်သားမှာ ရဟန်းဘောင် ကို ၀င်ခဲ့ပြီး ရန်ကုန်မြို့ ဗားကရာ ကျောင်းတိုက် နဲ့ ကြိမ်တော်မြောင် ကျောင်း တွေမှာ တရားဟောခြင်း၊ တရားပြခြင်း၊ ၀ိပသနာ ရှုမှတ်ခြင်း၊ တရားစခန်းများ ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။
သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှာ ဆရာတော်ကြီးဟာ ပျံလွန်တော်မူခဲ့ပြီး ထူးခြားတဲ့ လက္ခဏာတွေ တွေ့ရှိတာကြောင့် ရုပ်ကလာပ်ကို ယခု အချိန်ထိ ရက်ပေါင်း ၅၀ ကျော် ပူဇော်ခံနေတာဖြစ်ပါတယ်။
ကြိမ်တော်မြောင် ကျေးရွာက ပဲခူးတိုင်း ထန်းတပင် မြို့ နယ်မှာ တည်ရှိပြီး၊ ကျွဲပွဲ မြို့ရဲ့ တဘက်ကမ်းမှာလည်း တည်ရှိပါတယ်။ လာရောက်ဖူးမြော်လိုသူများ အနေနဲ့ စစ်တောင်းမြစ်ကို တံတားဖြင့် ဖြတ်ကူးပြီး လယ်ကန်သင်း ဘောင် ပေါ်မှ ဆိုင်ကယ်နှင့် ဖြစ်စေ၊ နွားလှည်းဖြင့် ဖြစ်စေ သွားရောက်နိုင်ပါတယ်။
ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို သွားရောက်ဖူးမြော်ခဲ့တဲ့ ဖြူးမြို့က ဦးညီညီဝင်း က “ ကျွန်တော်တို့လည်း သတင်းကြားတဲ့အတွက် ဖူးမြော်ချင်လို့ အဝေး ကြီးကနေ လာရတာ။ လမ်းခရီးက ခက်ခဲပါတယ်။ မြစ်ကူးတံတားက လည်း ဆိုင်ကယ် နှစ်စီး ရှောင်စရာ ရှိတယ်။ လူတွေရော ဆိုင်ကယ်တွေရော ဆိုတော့ တံတားက လှုပ်နေတယ်။ ဆိုင်ကယ်ကိုတော့ လယ်ကန်သင်းပေါ်က ဖြတ်မောင်းရတော့ လမ်းက တလမ်းသွား ကျဉ်းကျဉ်းလေးပဲ၊ လျှော်ကျရင်တော့ လယ်ကွက်တွေထဲ မှောက်မှာ၊ တချို့ မောင်းတာ မကျွမ်းကျင်တော့ မှောက်ကြတယ်။ လူတွေကများ ၊ ဆိုင်ကယ်တွေ၊ နွားလှည်းတွေများ တော့ ဖုန်တွေတထောင်းထောင်းနဲ့ သွားလာရတာတော့ ခက်တယ်” လို့ ပြောပါတယ်။
ဆရာတော်ကြီးရုပ်ကလာပ်ကိုတော့ ယခုအခါမှာ မှန်ဘောင်သွင်းပြီး ကျောင်း ရှေ့မှာပဲ ဖူးမြော်ခံပြီးတော့ လူတွေများလာတဲ့အတွက် အုတ်ဂူ ဆောက် လုပ်နေပြီး ယင်းအုတ်ဂူ ဖြင့် ထားပြီး ဖူးမြော်ခံမယ်လို့ ကြိမ်တော်မြောင်ကျောင်းမှာ ကျောင်းထိုင်တဲ့ ဆရာတော် တပါးဖြစ်သူ ဦးနန္နိယက မိန့်ပါတယ်။
“ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ဆရာတော်ရဲ့ အသက်က ၉၅နှစ်ရှိပြီဖြစ်လို့ ၉၅ ရက်တော့ ထားမယ်လို့ ခန့်မှန်းထားပါတယ်။ ဆရာတော်ရဲ့ ကိုယ်တကိုယ်လုံးတော့ ကျောက်မဖြစ်သေးပါဘူး။ တချို့ နေရာတွေ ကျန်ပါသေးတယ်။ ဆရာတော်က မပျံလွန် မီအချိန်မှာ ၀ိပသနာကိုအချိန်မရွေး နေရာမရွေး ကြိုးစားအားထုတ်ခဲ့ပါတယ်။ သက်သတ်လွတ်လည်း ရာသက်ပန် စားပါတယ်။ သူ့ ကျင့်စဉ်တွေကြောင့် ဆရာတော်ရဲ့ ခန္ဓာကိုယ်က အခုချိန်ထိ ဘာဆေး မှ ထိုးစရာ စိမ်စရာ မလိုဘဲ မပုပ်မသိုး၊ အနံ့မ ထွက်ဘဲ နေပါတယ်။
တချို့ ကင်မရာတွေနဲ့ ရိုက်ရင် ဆရာတော်ရဲ့ ဦးခေါင်းတော်မှာ ရွှေတိဂုံ စေတီတော်၊ ကျိုက်ထီးရိုး စေတီတော်ပုံ တွေပေါ်တယ်လို့ ပြောကြပါတယ်” လို့ မိန့် တော်မူပါတယ်။
ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို မှန်ခေါင်းတွင် ထည့်သွင်းပူဇော်ထားပြီး လာ ရောက်ဖူးမြော်သူများကို ကိုင်ကြည့်ခြင်းများ ပြုလုပ်ခွင့် မပေးပါဘူး။
ဗဟိုသံဃနာယက ဆရာတော်များကတော့ လာရောက်ကြည့်ရှုခြင်း မရှိသေး ကြောင်း တိုင်း သံဃနာယက ဆရာတော်များက လာရောက် ကြည့်ရှုကြောင်း အဆိုပါ ဆရာတော်က မိန့်တော်မူပါတယ်။ လာရောက်ဖူးမြော်သူများကို သက်သက်လွတ်ထ မင်း ကျွေးပြီး ကျောင်းမှာ တည်းခိုစရာ နေရာများလည်း စီစဉ်ပေးတယ်လို့ သိရပါ တယ်။
source-ဧရာဝတီသတင်း
Facebook Page ကိုင်သူအားလုံး ဖတ်ရန် (အထူးသတိပေးချက်)
တကယ် Facebook Page ကိုင်နေသူများတင်မကပဲ Facebook အသုံးပြုနေသူ အားလုံး သိထားဖို့ လိုအပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။
ယခု ကာလအတွင်း မျက်စိရှေ့ မှာတင် Facebook Page ( Facebook စာမျက်နှာ) များ တစ်ခုပြီးတစ်ခု ပျောက်သွားပါတယ်။ ပျောက်သွားတယ် ဆိုတာထက် တိတိကျကျပြောရင် Unpublished အလုပ်ခံရတာ ဖြစ် ပါတယ်။ အချို့ ကျတော့ ဘာမှကို မမြင်ရတော့ပဲ ပျက်သွားတဲ့အထိကို အခြေအနေ ဆိုးသွားပါတယ်။ အချို့ ကျ ကိုယ်ကလွဲလို့၊ Admin တွေက လွဲလို့ ဘယ်သူမှ မမြင်ရတော့တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ ပြည်သူ အကျိုးပြု Page လေးများ မပျက်ရန် အားလုံး တူညီ ဗဟုသုတ ရှိထားရန် လိုအပ်ပါတယ်။
Page ပျက်ရသည့် အကြောင်းအရင်း
ပျက်ရတဲ့ အခြေအနေ အကြောင်းအရင်း အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
၁။ Report အလုပ်ခံရခြင်း
ဒါကတော့ ရှင်းပါတယ်။ Visitor များက ဝိုင်းပြီး Report လုပ်ကြရင် ဖြစ် ပါတယ်။ Page ကိုရယ်လို့မဟုတ်ပဲ Page က တင်တဲ့ ပုံတွေ၊ Post တွေ ကို Report လုပ်တဲ့ အကြိမ်အရေအတွက် များလာရင် Facebook က အဲ့ဒီ Page ကို Unpublished လုပ်လိုက်ပါတယ်။ ဒါက ယာယီသို့တည်း မဟုတ် ထာဝရ ဖြစ်ပါတယ် ဆိုပြီးတော့တောင် စာပြန် ပို့ ပါသေးတယ်။
၂။ Advertise your page ကို အသုံးပြုမိခြင်း
ဒါကတော့ ဖြစ်နိုင်ချေ နောက်တစ်ချက် ဖြစ်ပါတယ်။ Facebook က ပေးထားတဲ့ Option ဖြစ်ပေမယ့် သူက မြန်မာပြည်မှာ Service မရပါဘူး။ သို့ပေမယ့် ဒါကို ခဏခဏ လက်သွားကမျဉ်းမိရင်လည်း ကိုယ့်ရဲ့  Page ကို Unpublished လုပ်ပါတယ်။ Advertise လုပ်တယ်ဆိုတာ မိမိ Page ကို Like အရေအတွက် တိုးအောင် Facebook က တရားဝင် လုပ်စားတဲ့ ကြော်ငြာ Banner လေး ဖြစ်ပါတယ်။ ဥပမာ
- Suggest Page မှာ ပေါ်နေတာထက် ညာဘက်ထောင့်နားမှာ ဘယ် page ဖွင့်ဖွင့် ဒီ Page ကို Like ပါလို့ တက်တက်နေတာမျိုး ဖြစ်ပါတယ်။ ယင်းကို Service block လုပ်ထားတဲ့ နိုင်ငံကနေ လက်ကမျဉ်းရင်လည်း ပိတ်တတ်ပါတယ်။
၃။ Like တက်ရန် ဆော့ဖ်ဝဲသုံးခြင်း
Like အရေအတွက် တက်အောင် အသုံးပြုလို့ရတဲ့ Software တွေ ရှိပါတယ်။ အချို့လည်း သုံးနေကြပါတယ်။ အချို့ ရယ်လို့ မဟုတ်ပဲ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်ကို သုံးပါတယ်။ ယင်း Software က Like ကိုတကယ်ရှိနေတာထက် အဆပေါင်းများစွာ တက်နေပါတယ်။ ဒါကို Facebook က မကြာပါဘူး။ ချက်ချင်း ထောက်လှမ်းထားပါတယ်။ Facebook API က ဒါကို Detect လုပ်မိပြီဆိုရင် Like ကို အသားလွတ် ဇွတ်ကျုံးယူတဲ့ ပုဒ်မနဲ့ Page ကို Unpublished လုပ်ပါတယ်။
၎။ ဗိုင်းရက်စ် ကိုက်ခြင်း
ဒါကလည်း ဖြစ်နိုင်ချေ တစ်ခု ဖြစ်ပါတယ်။ Facebook က မသုံးသင့်လို့ တားမြစ်ထားတဲ့ Facebook app တွေ အသုံးပြုမိတာမျိုး၊ အင်တာနက် သုံးနေရင်း ကိုယ်မသိ၊မမြင်ဖူးတဲ့ application ကို ယောင်ပြီး Install လုပ်မိတာမျိုးဆိုရင် Facebook page ကိုတင်မကပဲ ရှိသမျှ Page အားလုံးကိုပါ တိုက်ခိုက်ပါတယ်။ Spam နဲ့တိုက်ပါတယ်။ ယင်း Spam က Facebook ပင်မ Server ကိုရောက်ပြီး Spam အသားကုန် လွတ်နေတဲ့ Page ကို လမ်းပြီး Unpublished လုပ်လိုက်ပါတယ်။ အခန့်မသင့်ရန် အကောင့်ကိုပါ block ပါတယ်။
၅။ အက်ဒမင် သစ္စာဖောက်ခြင်း
ဒါကတော့ ဖြစ်နိုင်ချေနည်းပါတယ်။ တော်တော်များများက Page ကို တစ်တေယာက်တည်း မကိုင်ပါဘူး။ သူငယ်ချင်းလိုက်သော်လည်းကောင်း အုပ်စုဖွဲ့ပြီး Manage လုပ်ပါတယ်။ content Creature သော် လည်းကောင်း၊ Moderator သော်လည်းကောင်၊ Admin Manager သော် လည်းကောင်း ရာထူး အမျိုးမျိုး ပေးလို့ လုပ်ကြပါတယ်။ ယင်းထဲက တစ်ယော်ယောက်ဟာ Edit Page ကဏ္ဍထဲကို ဝင်ပြီး Unpublished page ကိုသွားနှိပ်မိပြီဆိုရင်လည်း Page ကို အော်တိုပဲ Unpublished လုပ်လိုက်ပါတယ်။
အထက် ငါးချက်က အဖြစ်နိုင်ဆုံးများ ဖြစ်ပါတယ်။ အခြားသော ဖြစ်နိုင်ချေ များလည်း ရှိပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုက Facebook ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ Facebook က အမြဲ Perfect ဖြစ်မနေပါဘူး။ Server ကျသွားတာမျိုးလည်း ခဏခဏ ဖြစ်ပါတယ်။ ဒါကြောင့် သူ Maintain လုပ်နေတဲ့အချိန်ဆို Account ထဲဝင်မရတာ တော်တော်များ များ သိပါတယ်။ ပြီးတော့ Comment ပေးလို့မရတာ၊ Like လို့မရတာ၊ Message ပို့လို့မရတာ၊ Friend Request ပို့လို့မရတော့တာ အစရှိသဖြင့် အမျိုးမျိုးသော ပြဿနာ တို့အမြဲတမ်း ဖြစ်ပါတယ်။
Facebook က Privacy အမျိုးမျိုးအပြောင်းအလဲလုပ်နေပါတယ်။ စီးပွားရှာရမှန်းသိတော့ ပိုက်ဆံရမှ ရမယ့် Function တွေ၊ UI တွေ ထပ်တိုးလာပါအတယ်။ သူတိုးတာ ကိစ္စမရှိပေမယ့် သူ့ Service မရနိုင်တဲ့ နိုင်ငံများအတွက်ကတော့ တကယ့် ဒုက္ခပဲ ဖြစ်ပါတယ်။ အဲ့လို Service တွေတိုးလာလေ၊ Facebook ရဲ့  လုံခြုံရေးစနစ်၊ ပေါ်လစီ၊ Privacy တိုးလာလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်ကို မနေ့တစ်နေ့မှ သိရတဲ့၊ သုံးရတဲ့ သူများအတွက်ကတော့ တကယ့် အခက်တုံးတွေ ဖြစ်ပြီး ကွိုင်တွေတက်ရပါတယ်။ အကောင့်တောင် ဖုန်းနံပါတ် ပေးမှ ဖွင့်ရမယ်ဆိုတဲ့ Google Talk လို ဖြစ်လာပါတယ်။
ဒီလိုအခက်အခဲတွေကြားထဲမှာ၊ အဆင့်မြင့် Privacy, လုံခြုံရေး စနစ်ကြားထဲမှာ သုံးရတော့ အကောင့်တွေပျက်ရတာ၊ Lock ကျရတာ၊ page unpublished ဖြစ်ရတာနဲ့ ပြဿနာများက အတော်လေး စုံပါတယ်။
ဒါကြောင့် လက်ရှိ page unpublished အလုပ်ခံထားရ သူများ ဆောင်ရန် ရှောင်ရန်ကို အောက်ပါအတိုင်း ဖော်ပြ လိုက်ရပါတယ်။
၁။ Page က Unpublished အလုပ်ခံရပြီ ဖြစ်တဲ့အတွက် အနည်းဆုံး ၄၈က နာရီလောက် မကလိပဲ ထားစေချင်ပါတယ်။ ခဏခဏ ကိုင်တော့ ကိုင်တဲ့ အကြိမ်တိုင်း Facebook server ကိုရောက်ပြီး appeal ရော၊ အခြားကော ဘာမှလုပ်လို့မရအောင် ဆက်ပိတ်မှာ ဖြစ်ပါတယ်။
၂။ အက်ဒမင်များ စည်းလုံးဖို့လိုပါတယ်။ ဆိုလိုရင်းက တစ်ဦးတစ်ယောက်က ဆုံးဖြတ်ချက်ချတာမျိုး မလုပ်ပါနဲ့။ အကောင်းဆုံးကတော့ အက်ဒမင်အားလုံးနဲ့ တိုင်ပင်ပြီး တစ်ဦးတည်းကသာ ဒီပြဿနာကို ဖြေရှင်းဖို့လုပ်ရမှာ ဖြစ်ပါတယ်။ လက်နည်းလေ ကောင်းလေပဲ ဖြစ်ပြီး ကြားထဲမှာ သွား မကလိ၊ မစပ်စုဖို့ တိုင်ပင် သတိပေးထားစေလိုပါတယ်။
၃။ နိုင်ငံတကာမှာလည်း ဒီလိုဖြစ်နေတဲ့အတွက် မျက်စိဖွင့် နားစွင့် နေစေချင်ပါတယ်။ Google search မှာသော် လည်းကောင်း ပြဿနာကို အင်္ဂလိပ်လိုရိုက်ထည့်ပြီးရှာစေချင်ပါတယ်။ ကံကောင်းရင် ကယ်လို့ရမယ့် နည်းတောင် တွေ့နိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ Facebook ကို မြေအစ ခေါင်းအစုံး သုံးတတ်တဲ့သူများ၊ ကူလို့ရသူများ ရှိရင် သူတို့နဲ့ တိုင်ပင်ထားစေချင်ပါတယ်။
အထက်ပါ ၃ ချက်ကို လုပ်ထားပြီး Facebook Page ပြန်ရဖို့ စိတ်တော့ ရှည်ဖို့လိုပါတယ်။ ပြန်ရနိုင်မ့် နည်းလမ်းကိုလည်း စာရေးသူတို့ Techspace မှ သိလျင်သိချင်း အမြန်ဖော်ပြပေးမှာပါ။ ဒါကြောင့် လက်တလော Page ကိုင်သူများ၊ သုံးနေသူများ သတိထားမိစေဖို့ ယခုလို
သတိပေး တိုက်တွန်းမျှဝေ လိုက်ရပါတယ်။
source-အောင်ခမ်း TSJ team
Tuesday, 25 December 2012
ဖြူးမြို့တွင် သံဃာတော်များမှ မြို့နယ်ဆေးရုံရှိဆိုင်းဘုတ်များအား ဖျက်ဆီး
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြူးမြို့၊ ဘူတာတောင်ရပ်ကွက်၊ သပြေတန်း ဘုန်းကြီး ကျောင်းမှ အရှင်ဆန္ဒိမာ ( ၁၆)နှစ်သည် ဖြူးမြို့ နယ်ပြည်သူ့ဆေးရုံတွင် သွေးဝမ်းသွား သွေးအန်သည့်ရောဂါဖြင့် ဆေးကုသမှုခံယူနေစဉ် ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် ပျံလွန်တော်မူသွားခဲ့ပါသည်။ ထိုကဲ့သို့ ပျံလွန်တော်မူခြင်းနှင့် ပတ်သတ်ပြီး သပြေတန်းကျောင်းတိုက် ဆရာတော် ဥူးဝါယမိန္ဒနှင့် ကျောင်း တိုက်ရှိ သံဃာ ၅ ပါးတို့မှ နေ့လည် ၂ နာရီအချိန် တွင် ဆေးရုံသို့ရောက်ရှိလာပြီး မြို့နယ်ဆရာဝန်နှင့် ဆေးရုံ ၀န်ထမ်းများအား ကျေနပ်မှုမရှိကြောင်း ဆူပူ ကြိမ်းမောင်းခဲ့သဖြင့် ဆေးရုံဝန်ထမ်းများမှ ဖြူးမြို့နယ် ရဲစခန်းအား အကြောင်းကြားခဲ့သဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး တို့ ရောက်ရှိလာပြီး ဆရာတော်များကို တောင်းပန် ခဲ့ရာ နေ့လည် ၂ နာရီခွဲခန့် တွင် ကျောင်းတိုက်သို့ ပြန်ကြွသွားကြောင်း သတင်းရရှိခဲ့ပါသည်။
ဆက်လက်ပြီး ၄င်းဖြစ်စဉ်အား မကျေနပ်သဖြင့် ရွှေတောင်ကျောင်း စာသင်တိုက်မှ သံဃာတော် အပါး ၃၀ ခန့်သည် ညနေ ၅ နာရီခန့်တွင် မြို့နယ်ပြည့်သူ့ဆေးရုံသို့ရောက် ရှိလာ ပြီး ဆေးရုံ နံရံတွင် ရေးသားထားသော“လူနာများကို နွေးထွေးစွာကြိုဆိုပါ၊ စေတ နာနှင့်ပြုစုကုသပါ ” ဟူသော ဆိုင်းဘုတ်အပါအ၀င် ဆိုင်းဘုတ် ၂ ခုအား ရိုက်ချိုးဖျက်ဆီးခဲ့ပါသည်။ သံဃာတော်များ ဖျက်ဆီးမှုကြောင့် ညနေ ၆ နာရီခန့်တွင် ကျော်လှစု ကျောင်းတိုက်ဆရာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး တို့ ရောက်ရှိလာပြီး ဖျောင်းဖျတောင်းပန် လျှောက်ထားသဖြင့် အဆိုပါသံဃာတော်များသည် ညနေ ၆နာရီခန့်တွင် ရွှေကျင်ကျောင်း တိုက်သို့ ပြန်လည် ကြွရောက်သွားကြောင်း သတင်းရရှိပါသည်။
အမေ့အိမ်
Saturday, 27 October 2012
သံဃာတော်တစ်ပါး အကြိတ်ခွဲစိတ်ရန် လိုအပ်နေပါသဖြင့် ကုသိုလ်ပြုနိုင်ကြစေရန် အတွက် မိတ်ဆွေများ မျှဝေပေးစေချင်ပါသည်။
စစ်ကိုင်းမြို့နယ်၊ မယ်ဇလီချောင်းကျေးရွာမှ ဆရာတော်ကြီးသည် လွန်ခဲ့သော (၂)နှစ်ခန့်က ပါးမှာ အကျိတ်သေးသေးလေးထွက်ရာမှ ယခုအခါ ပုံမှာမြင်ရသည့်အတိုင်း အကျိတ်ကြီးရှေ့မှာတစ်ခု နောက်စေ့မှာတစ်ခု ဖြစ်လျက်ရှိပါသည် ။
ဘ၀အလင်းမှလည်း တတ်စွမ်းသမျှပံ့ပိုးကူညီသွားဘို့ ဆုံးဖြတ်ထားပါသည် ။သို့ပါသော်လည်း နည်းပညာအကူအညီ လိုအပ်လျက်ရှိပါသည် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ပါက ဘ၀အလင်းသို့ ဆက်သွယ်ပေးကြပါရန်နှင့်ငွေ ကြေးပါဝင်လှူဒါန်းလိုပါကလည်း ထည့်ဝင်လှူဒါန်းနိုင်ပါသည်။ ဘ၀အလင်းဆရာတော် 09-2035936
(မောင်ကျောက်ခဲ အဖွဲ့)
အေးချမ်းမွန်မှ shannews တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :shannews
ဘ၀အလင်းမှလည်း တတ်စွမ်းသမျှပံ့ပိုးကူညီသွားဘို့ ဆုံးဖြတ်ထားပါသည် ။သို့ပါသော်လည်း နည်းပညာအကူအညီ လိုအပ်လျက်ရှိပါသည် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ပါက ဘ၀အလင်းသို့ ဆက်သွယ်ပေးကြပါရန်နှင့်ငွေ ကြေးပါဝင်လှူဒါန်းလိုပါကလည်း ထည့်ဝင်လှူဒါန်းနိုင်ပါသည်။ ဘ၀အလင်းဆရာတော် 09-2035936
(မောင်ကျောက်ခဲ အဖွဲ့)
အေးချမ်းမွန်မှ shannews တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :shannews
Thursday, 6 September 2012
ဖြူးမြို့မှာ ရဲဝန်ထမ်း ၂ ဦးက ခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး သေဆုံး
ကြောက်တတ်ပြီး...နှလုံးရောဂါရှိသူများမကြည့်ရ....
ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့မှာ အခုလ ၁ ရက်နေ့ ညက လူငယ်တစ်ဦးကို ရဲဝန်ထမ်း ၂ ဦးက ခေါ်ဆောင်သွားပြီး ဖြူးဆေးရုံကို လူသေမှုနဲ့ ပို့ခဲ့တဲ့ ကိစ္စအပေါ် အမှုမှန် ပေါ်ပေါက်ဖို့ အတွက် ကာယကံရှင် မိသားစုတွေက သမ္မတဆီကို တိုင်ကြားလိုက်ပါတယ်။ နေရီရီက သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး - နေရီရီ DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့မှာ အခုလ ၁ ရက်နေ့ ညက လူငယ်တစ်ဦးကို ရဲဝန်ထမ်း ၂ ဦးက ခေါ်ဆောင်သွားပြီး ဖြူးဆေးရုံကို လူသေမှုနဲ့ ပို့ခဲ့တဲ့ ကိစ္စအပေါ် အမှုမှန် ပေါ်ပေါက်ဖို့ အတွက် ကာယကံရှင် မိသားစုတွေက သမ္မတဆီကို တိုင်ကြားလိုက်ပါတယ်။ နေရီရီက သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး - နေရီရီ DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
| သစ်ထူးလွင်မှ |
Tuesday, 14 August 2012
ဦးခေါင်းအသားပိုတစ်လုံးနှင့် ကလေးကိုစာနာကူညီနိုင်ဖို့အရေး ဒီပို့ စ်လေးကိုဝိုင်းရှယ်ပေးကြပါ။
ဦးခေါင်းအသားပိုတစ်လုံးနှင့် ကလေးကိုစာနာကူညီနိုင်ဖို့အရေး သတင်းကို ဖတ်ရှု၍ ဂရုဏာသက်စွာ လှူဒါန်းချင်သူများ အနေဖြင့်
" နာရေးကူညီမှုအသင်း " အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန် မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်သလို
" ပေါ်ပြူလာ ဂျာနယ်တိုက် " အမှတ် (၁၅၀/၁၆၀)၊ ၃၅ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့မှ တစ်ဆင့်လည်း လှူဒါန်းနိုင်ပါကြောင်း။
Facebook မှတဆင့်ပြန်လည်းကူယူမျှဝေပါသည်။
ထိုသတင်းကိုတွေ့ ရှိသော Facebook စာမျက်နှာလင့်က ဒီမှာပါ။
Monday, 30 July 2012
♣♣မလေးရှားရောက် ရွှေမြန်မာတို့အတွက်သတင်းကောင်း♣♣
Tune Talk ဖုန်းကဒ် ကိုသုံးပြီး မြန်မာနိုင်ငံကို ခေါ် လျှင် sen 0.20 ပဲ စားပါသည်။
အမြန်ဆက်နော်...ဘယ်လောက်ထိ ပေးမလဲ မသိဘူး....ခေါ်နည်းက တော့ ..အရင်က ကျွန်တော်တို့ မြန်မာ ပြည်ကို ခေါ်ရင် ကုဒ်က 0095 ....tune talk နဲ့ခေါ်မယ်ဆိုရင် +49095 ပေါ့...
ဥပမာ။ ။အိမ်ဖုန်းဆိုရင်.....+49095544 0294 ။ ဟန်းဖုန်းဆိုရင် ...+490959123456 ။ အဆင်ပြေကြပါစေ...
ပိုက်ဆံစစ်တာက *133# , tune talk ဖုန်းဆင့်ကဒ်က ကျွန်တော် တို့ ဆီမှာတော့ RM10.. sim card မှာ RM 2 ပါ ပါတယ်...
Saturday, 14 July 2012
မိုဘိုင်းဖုန်းသုံးသူများ အတွက် အရေးပေါ် သတိပေးချက်လေးပါ
မိုဘိုင်းဖုန်းသုံးသူများ အတွက် အရေးပေါ် သတိပေးချက်လေးပါ -ကျွန်တော် တတ်သလောက်ဘာသာပြန်ပေးလိုက်ပါတယ် .....
ဒါကိုဖတ်ကြည့်ပါ .... MIAMI ဆေးရုံးက အရေးပေါ် အလွန်ထူးဆန်းတဲ့ သတိပေးချက်ပါ
"ကျွန်တော် အမြဲ တမ်းဒီလို လုပ်တတ်ပါတယ်... ဒါကိုဖတ်ပြီး ဒီလို နောက်တစ်ခါ မလုပ်တော့ပါဘူး "
လွန်ခဲ့တဲ့ နေ့က လူတစ်ယောက်ဟာ မိုဘိုင်းဖုန်းတစ်လုံးကို သူ့ အိမ်မှာ အားသွင်းခဲ့ပါတယ်
အားသွင်းနေတဲ့ အချိန်မှာပဲ....အ၀င်ဖုန်းကော တစ်ခု ၀င်လ...ာပါတယ် ...ဒါနဲ့ သူက ဖုန်းကို အားသွင်းနေတုန်း ပလပ်မဖြုတ်ပဲ ကြိုးတန်းလန်းနဲ့ အ၀င်ကောကို လက်ခံဖုန်းပြောခဲ့ပါတယ်......
Seconds အနည်းငယ်အကြာလေးမှာ ..... သူပြောနေတဲ့ ဆဲလ်ဖုန်းမှာ လျှပ်စစ်တွေ အထိန်းအချုပ်မရှိ စီးဝင်ခဲ့ပါတယ်....ပြီးတော့ အဲဒီလူငယ် ကြမ်းပြင်ပေါ်ကို အလွန်ပြင်းထန်တဲ့  အရှိန်နဲ့  ရိုက်ခတ်ပြီး လဲကျသွားပါတယ်.......
အခု ပုံမှာ မင်းမြင်တဲ့ အတိုင်း .....ဖုန်းဟာ အမှန်တကယ်ပေါက်ကွဲခဲ့ ပါတယ်.....
ကောင်လေး ရဲ့ မိဘတွေ သူ့ အခန်းထဲ ကို အသံကြားကြားချင်း ပြေးဝင်လာကြတဲ့ အခါလက်တွေလောင်နေပြီ နှလုံးခုန်နှုန်း မရှိသလောက် နဲ့ သတိမေ့မျောနေတဲ့သူ့ ကို တွေ့လိုက်ရပါတယ်.....
သူ့ကို နီးစပ်ရာဆေးရုံကို အရေးပေါ်ပို့ ဆောင်လိုက်ရပါတယ်..... ဒါပေမဲ့  ဆေးရုံအရောက်မှာ သူဟာ စကားလေးကိုတောင် ပီသအောင် မပြောနိုင်တော့ပါဘူး... ... !!!!!
ဆဲလ်ဖုန်းဖြစ်တဲ့ မိုဘိုင်းဖုန်းတွေဟာ ဒီနေ့ မော်ဒန်ခေတ်မှာ အရမ်းကို အရေးပါ ပါတယ်...
သို့ သော်လည်း....ကျွန်တော်တို့ ဟာ ဒီမိုဘိုင်းဖုန်းဟာ ...ကျွန်တော်တို့ ကို အသက်ကို သေစေနိုင်တဲ့ အရာတစ်ခု လည်းဖြစ်နိုင်တယ် ဆိုတာ သတိပြုရပါမယ်.......
*** ဆဲလ်ဖုန်းတွေကို ပလပ်မှာအားသွင်းနေစဉ် လုံးဝအသုံးမပြုပါနဲ့ .......မင်းအားသွင်းနေတုန်း ဖုန်းဝင်လာရင် လည်း ပလပ်ကနေ ဖြုတ်ပြီးမှသုံးပါ......
ကျေးဇူးပြုပြီး ဒီဟာကို လူများများကိုမင်းတတ်နိုင်သလောက် Share ပြီး ဒီအကြောင်းကို အားလုံးသိလာအောင် လုပ်ပေးပါ ......
ဒါကိုဖတ်ကြည့်ပါ .... MIAMI ဆေးရုံးက အရေးပေါ် အလွန်ထူးဆန်းတဲ့ သတိပေးချက်ပါ
"ကျွန်တော် အမြဲ တမ်းဒီလို လုပ်တတ်ပါတယ်... ဒါကိုဖတ်ပြီး ဒီလို နောက်တစ်ခါ မလုပ်တော့ပါဘူး "
လွန်ခဲ့တဲ့ နေ့က လူတစ်ယောက်ဟာ မိုဘိုင်းဖုန်းတစ်လုံးကို သူ့ အိမ်မှာ အားသွင်းခဲ့ပါတယ်
အားသွင်းနေတဲ့ အချိန်မှာပဲ....အ၀င်ဖုန်းကော တစ်ခု ၀င်လ...ာပါတယ် ...ဒါနဲ့ သူက ဖုန်းကို အားသွင်းနေတုန်း ပလပ်မဖြုတ်ပဲ ကြိုးတန်းလန်းနဲ့ အ၀င်ကောကို လက်ခံဖုန်းပြောခဲ့ပါတယ်......
Seconds အနည်းငယ်အကြာလေးမှာ ..... သူပြောနေတဲ့ ဆဲလ်ဖုန်းမှာ လျှပ်စစ်တွေ အထိန်းအချုပ်မရှိ စီးဝင်ခဲ့ပါတယ်....ပြီးတော့ အဲဒီလူငယ် ကြမ်းပြင်ပေါ်ကို အလွန်ပြင်းထန်တဲ့  အရှိန်နဲ့  ရိုက်ခတ်ပြီး လဲကျသွားပါတယ်.......
အခု ပုံမှာ မင်းမြင်တဲ့ အတိုင်း .....ဖုန်းဟာ အမှန်တကယ်ပေါက်ကွဲခဲ့ ပါတယ်.....
ကောင်လေး ရဲ့ မိဘတွေ သူ့ အခန်းထဲ ကို အသံကြားကြားချင်း ပြေးဝင်လာကြတဲ့ အခါလက်တွေလောင်နေပြီ နှလုံးခုန်နှုန်း မရှိသလောက် နဲ့ သတိမေ့မျောနေတဲ့သူ့ ကို တွေ့လိုက်ရပါတယ်.....
သူ့ကို နီးစပ်ရာဆေးရုံကို အရေးပေါ်ပို့ ဆောင်လိုက်ရပါတယ်..... ဒါပေမဲ့  ဆေးရုံအရောက်မှာ သူဟာ စကားလေးကိုတောင် ပီသအောင် မပြောနိုင်တော့ပါဘူး... ... !!!!!
ဆဲလ်ဖုန်းဖြစ်တဲ့ မိုဘိုင်းဖုန်းတွေဟာ ဒီနေ့ မော်ဒန်ခေတ်မှာ အရမ်းကို အရေးပါ ပါတယ်...
သို့ သော်လည်း....ကျွန်တော်တို့ ဟာ ဒီမိုဘိုင်းဖုန်းဟာ ...ကျွန်တော်တို့ ကို အသက်ကို သေစေနိုင်တဲ့ အရာတစ်ခု လည်းဖြစ်နိုင်တယ် ဆိုတာ သတိပြုရပါမယ်.......
*** ဆဲလ်ဖုန်းတွေကို ပလပ်မှာအားသွင်းနေစဉ် လုံးဝအသုံးမပြုပါနဲ့ .......မင်းအားသွင်းနေတုန်း ဖုန်းဝင်လာရင် လည်း ပလပ်ကနေ ဖြုတ်ပြီးမှသုံးပါ......
ကျေးဇူးပြုပြီး ဒီဟာကို လူများများကိုမင်းတတ်နိုင်သလောက် Share ပြီး ဒီအကြောင်းကို အားလုံးသိလာအောင် လုပ်ပေးပါ ......
အလင်းကမ္ဘာမှ
Wednesday, 9 May 2012
မလေးရှားရောက်နေတဲ့ရွှေမြန်မာများအတွက် သတင်းကောင်း
ကဲ.အမြန်ဆက်ကြပေတော့ဗျာ....
...မလေးရှာ
♥♥ ဒါပေမဲပဖုန်းကတော့ 3G ပါတဲ့ VIDEO CALL ပါတဲ့ ဖုန်းတွေပဲရပါတယ် နောက်တခုက 3G VIDEO CALL မပါပဲ INTERNET 3Gပါတဲ့ဖုန်းတွေလည်း
သုံးရပါတယ် အဲဒါကတော့ SETTING လုပ်ရမယ်ထင်တယ်(ကျွန်တော်တော့ မလုပ်တတ်ဘူးနော်)။ ကျွန်တော်သုံးနေတဲ့ဖုန်းက SONY ERICSSON သုံးနေပါတယ်
(ကဲအသုံးပြုပုံ
ဥပမာ။ ။ +132095(ကုဒ်)...ကျွန်တော်တို့ဖြူးမြို့၇ဲ့ကုဒ်က 054...0 ကိုဖြုတ်တော့ 54...ကျွန်တော့်အိမ်ဖုန်းနံပါတ်က 40294...ခေါ်မယ်ဆိုတော့ +1320955440294 ပေါ့။
ရန်ကုန်ကိုခေါ်မယ်ဆို။ ။+132095(ကုဒ်)....ရန်ကုန်ကုဒ်က 01 ...0 ကိုဖြုတ်တော့ 1...အဲ့နောက်က ဖုန်းနံပါတ် (ဥပမာ။ ။666666)....ခေါ်မယ်ဆိုတော့ +1320951666666
အဲလိုဆိုရပါပြီ.... ကဲ.အမြန်ဆက်ကြပေတော့ဗျာ....
မရှင်းလို့မေးမြန်းချင်ရင် ကျွန်တော့်ဖုန်း...0102563279,0166474167
Friday, 4 May 2012
အထူး သတိပြုရန် - ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ
အထူး သတိပြုရန် ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ.....
သင်တို့ဆီသို့ Power Point Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့်
ချက်ချင်း delete လုပ်ပစ်ပါ။
သင်ထိုမေးကိုဖွင့်ခဲ့မိလျှင် သင်၏ computer secreen တွင် It is too late now, your life is no longer beautiful
ဆိုသည့်စာပေါ်လာပါလိမ့်မယ်။ ထိုအခါသင်၏PCမှအရာအားလုံးပျောက် ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏
အမည်၊ e-mail နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။
သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော
virus အသစ်ဖြစ်ပါသည်။ Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကိုအမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။
သည်မေးလ်ကိုချက်ချင်း လက်ဆင့်ကမ်းကူညီပါ။
လ၀န်း(အလင်းကမ္ဘာ)မှပြန်လည်မျှဝေသည်။
သင်တို့ဆီသို့ Power Point Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့်
ချက်ချင်း delete လုပ်ပစ်ပါ။
သင်ထိုမေးကိုဖွင့်ခဲ့မိလျှင် သင်၏ computer secreen တွင် It is too late now, your life is no longer beautiful
ဆိုသည့်စာပေါ်လာပါလိမ့်မယ်။ ထိုအခါသင်၏PCမှအရာအားလုံးပျောက် ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏
အမည်၊ e-mail နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။
သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော
virus အသစ်ဖြစ်ပါသည်။ Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကိုအမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။
သည်မေးလ်ကိုချက်ချင်း လက်ဆင့်ကမ်းကူညီပါ။
လ၀န်း(အလင်းကမ္ဘာ)မှပြန်လည်မျှဝေသည်။
Friday, 6 April 2012
တရုတ်နိုင်ငံမှာ ရောင်းတဲ့ ကလေးစွပ်ပြုတ်တဲ့ဗျာ ကြည့်ကြပါဦး
ကျွန်တော် ဒီ Post လေးကို မတင်ခင် ဓာတ်ပုံလေးတွေ ကြည့်ရင်းနဲ့တင် တော်တော်ကြီးကိုဝမ်းနည်းမိပါတယ်ဗျာ။
သူငယ်ချင်းတွေ အားလုံးလဲ ကြည့်ပြီး ခံစားကြည့်ပေးကြပါဦးဗျာ။တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးအချို့ဟာ လိင်အားတိုးဆေးဆိုပြီး ကလေးငယ်လေးတွေကို
စွပ်ပြုတ်လုပ်သောက်ကြပါတယ်.....ဒီသတင်းဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းကို တုန်လှုပ်ချောက်ခြားစေခဲ့တာ အမှန်ပါ.....။
ဒီမှာတွေ့ရတဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ စက်ဆုပ်ဖွယ်ရာပုံတွေဟာ တရုတ်နိုင်ငံ ကန်တန် (Canton)
ခရိုင်တောင်ဘက်မှာရှိတဲ့ မြို့တစ်မြို့မှာ ဖြစ်တယ်လို့ဆိုပါတယ်....။
ဒီကလေးစွပ်ပြုတ်ဟာ ကျန်းမာခြင်း၊ သက်လုံကောင်းခြင်း၊ အထူးသဖြင့် လိင်အားတိုးခြင်းကို ဖြစ်စေတယ်လို့ဆိုပါတယ်...။
ဈေးနှုန်းကတော့ ဒေါ်လာ(၄,၀၀၀) ခန့် ရှိပါတယ်တဲ့....။
ဝယ်သူစားသုံးနေကျဖောက်သည်တစ်ဦးဖြစ်တဲ့ စက်ရုံမန်နေဂျာတစ်ယောက်ကတော့ ဒီလူဆေးစွပ်ပြုတ်ဟာ
ထိရောက်မှုရှိတယ်လို့ အင်တာဗျူးမှာ အတည်ပြုပြောဆိုပါတယ်....။
အဲဒီစွပ်ပြုတ်ရဖို့အတွက် အဖိုးတန်ဆေးဖက်ဝင် ပစ္စည်းတွေအပါအ၀င် ကြက်သားနဲ့ရောပြီး
ကလေးငယ်ကို ၈ နာရီကြာ ရေနွေးနဲ့ပွက်ပွက်ဆူအောင် ပြုတ်ရပါတယ်....။
တရုတ်နိုင်ငံမှာ ရောင်းတဲ့ ကလေးစွပ်ပြုတ်တဲ့ဗျာ ကြည့်ကြပါဦး
အသက် ၆၂ နှစ်အရွယ်ရှိတဲ့ စက်ရုံမန်နေဂျာက သူ့ရဲ့ ၁၉ နှစ်အရွယ် ဒုတိယမယားငယ်ကို လက်ညှိးထိုးပြပြီးသူတို့ဟာ နေ့စဉ် လိင်ဆက်ဆံတဲ့အကြောင်း (မရှက်မကြောက်) သတင်းထောက်ကို ပြောပြပါတယ်....။
ဒီပုံမှာတွေ့တဲ့ ကလေးငယ်ရဲ့ မိဘတွေဟာ သမီးမိန်းကလေး ၂ ယောက်ရှိထားပြီး...
တတိယကိုယ်ဝန်ဟာလည်း သမီးမိန်းကလေးဖြစ်နေတဲ့အတွက် ကိုယ်ဝန် ၅ လအရွယ်မှာ ဖျက်ချဖို့
ဆုံးဖြတ်ခဲ့တာဖြစ်ပြီး.....အဲဒီလိုဖျက်ချတာဟာ ကုန်ကျစရိတ်အနည်းဆုံးဖြစ်တယ်လို့လည်းဆိုပါတယ်....
ဖျက်ချတာမဟုတ်ပဲ မွေးလပြည့်ခါနီးဖြစ်တဲ့ကလေးတွေ သဘာဝအတိုင်းသေမယ်ဆိုရင်
တရုတ်ယွမ်းငွေ (၂၀၀၀)လောက် ကုန်ကျပြီး....တမင်သက်သက် ဖျက်ချမယ်ဆိုရင်တော့
ရာဂဏန်းအနည်းငယ်လောက်သာ ကုန်ကျမယ်တဲ့...။
ဒေသခံသတင်းထောက် တစ်ယောက်ကတော့ ဒီပြသနာတွေဟာ တရုတ်လူမျိုးတွေအနေနဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး
အရမ်းအာရုံစူးစိုက်လွန်းလို့ ထွက်ပေါ်လာတဲ့ ပြသနာတွေဖြစ်ပြီး.....
မိသားစုတစုမှာ ကလေးတယောက်သာ ယူရမယ်ဆိုတဲ့ တရုတ်အစိုးရပေါ်လစီရဲ့
အကျိုးသက်ရောက်မှုရလဒ်တွေလည်း ပါတယ်လို့ဆိုပါတယ်.....။
ငွေကြေးချမ်းသာတဲ့ တရုတ်အများစုကတော့ ကလေးအသားတွေ စားရတာကို သဘောတွေ့ကြပြီး....
မရှိဆင်းရဲသားမိဘတွေကတော့ ငွေကြေးအတွက် သူတို့ရဲ့ ကလေးငယ်တွေကို ရောင်းလိုရောင်း.....
ဒီလိုနဲ့ တရုတ်နိုင်ငံမှာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုတွေ ပေါ်ပေါက်လာနေတာ အမှန်ပါ....။
နောက်တခုက...စားသောက်ဖွယ်ရာတွေလုပ်ဖို့အတွက် ကလေးအသေတွေကို
အမေရိကန်ဒေါ်လာ (၇၀)နဲ့ ထိုင်ဝမ်နိုင်ငံမှာ ၀ယ်လို့ရတယ်လို့ ဆိုပါတယ်.....။
ဘယ်နည်းမဆိုပါ.....နီဂုံးချုပ်ကြည့်မယ်ဆိုရင်တော့....ဇာတ်တူသားစားတဲ့ ဟင်္သာ(၉)သောင်းနဲ့
ပင့်ကူ ဇာတ်လမ်းသစ်ကြီးကို တရုတ်နိုင်ငံမှာ မကြာခင် ရှုစားရမှာ ဖြစ်ပါတယ်.....။
ဒီပုံ အတိုင်း သူတို့ စွပ်ပြုတ်လုပ်သောက်ကြတာလေ။ မိုက်ရိုင်းလိုက်ကြတာ ဗျာ။
ကလေးလေး ကိုယ်ထဲမှာ ရှိတဲ့ မသန့်တာတွေ ကို ဖယ်ရှားဖို့ လုပ်နေကြတာလေ။
ဒီ ပုံထဲက အတိုင်း ကလေးလေး ကိုရေနွေးပွတ်ပွတ်ဆူတဲ့ အထဲကို ထည်ပြီး 8 နာရီကြာ ပြုတ်ကြတာလေ။
ဘယ်လောက် စက်ဆုပ်ရွှံစရာကောင်းကြလဲ ဗျာ။
ဒီ ပုံလေးကတော့ သူတို့တရုတ်တွေရဲ့ ဆေးပေါင်းစုံနဲ့ ကလေးလေးကို စွပ်ပြုတ်လုပ်ဖို့ အတွက်ပြင်ဆင်နေတဲ့ ပုံလေးပါ။ဒီပုံလေး ကတော့ ကလေးလေးကို ဓားနဲ့ ခွဲပြီး စွပ်ပြုတ်လုပ်ဖို့ အတွက်ပုံလေးပါ။
ဒီ ပုံလေးကတော့ ကလေးလေးကို အရက်နဲ့ သန့်စင်အောင် ဆေးနေတဲ့ ပုံလေးပါ။
ဒီ ပုံလေးဆို အနီးကပ်မြင်ရတဲ့ အတွက် သူငယ်ချင်းတွေ ရင်ထဲမှာ ဘယ်လို ခံစားရမလဲဗျာ။အပြစ်မရှိဘဲ ဖြူစင်တဲ့ ကလေးလေးတွေကို သူတို့ ဘာလို့ အဲ့လောက်လုပ်တယ်ဆိုတာ
ကျွန်တော်ဖြင့်နားမလည်နိုင်ဘူးဗျာ။ ကြင်နာတက်တဲ့ အသည်းနှလုံးမရှိလိုက်တဲ့ သူတွေဗျာ။
အပြစ်မရှိဘဲ ဖြူစင်ပြီး နူးညံ့လှတဲ့ ကလေးလေး တွေကို ကျွန်တော်တို့အနေနဲ့ ကြင်နာကြပါ ။
သနားညှာတာကြပါ။
လူသားချင်း စာနာကြပါလို့ ကျွန်တော်က ပြောပါရစေဗျာ ။
From - The Seoul Times
ကြိုးစားလျက်.....!
ဖူးစာရှင်လေးမှ မေသူဆောင်းရဲ့ ဘလော့အားကူယူဝေမျှပါသည်။












