Friday, 6 April 2012

ရာဘာလူသား(သို့)Vijay Sharma

သူ့နာမည်က Vijay Sharma ပါ။သူ့ရဲ့ပျော့ပြောင်းမှုကြောင့် ရာဘာလူသားအဖြစ် Limca စံချိန်စာအုပ်ထဲမှာ ရယ် အိန္ဒိယနိုင်ငံရဲ့ ကမ္ဘာ့ဂရင်းနစ် စာအုပ်
ထဲမှာရယ်မှတ်တမ်း တင်ခြင်း ခံခဲ့ရပါတယ်။ပျော်ရွှင်ကြပါစေ နော်.....

mobile ဘောလုံးဂိမ်း(Real football 2012 )


 


ကိုယ်ဖုန်းနဲ့ကိုက်မဲ့ မော်ဒယ်ကိုရွှေးပြီးတော့ဒေါင်းနိုင်ပါတယ်  အဆင်ပြေကြပါစေ




Download လုပ်လျှင် နောက်က jar ပါသော လင့်ကို သာ ဒေါင်းပါနော်။
Java ပါသော ဖုန်းများတွင် ထည့်သွင်းကစားနိုင်ပါသည်။


ကိုအမျိုးကောင်းသား ဆိုဒ်မှာတွေ့လို့ ပြန်လည်ဝေမျှပေးတာ ပါ။

♣♣သိထားသင့်သော တီထွင်သူများ♣♣



ကင်မရာ

တီထွင်သူ။………..။ ၀ီလျံတောလ်ဘော့စ်၊ လူးဝစ်စ် ဒက်ဂူရီ။
လူမျိုး။……………။ အင်္ဂလိပ်။
ခုနှစ်။…………….။ ၁၈၃၅၊ ၁၈၃၉။
ရည်ရွယ်ချက်။…….။ အမြဲစွဲထင်မယ့် ပုံရိပ်များဖန်တီးရေး။
တိုးတက်မှူရလဒ်။….။ ယနေ့ခေတ် ကင်မရာများ။



ကွန်ပျုတာ

တီထွင်သူ။………..။ ချားလ်စ် ဘက်ဘေ့ခ်ျ။
လူမျိုး။……………။ အင်္ဂလိပ်။
ခုနှစ်။…………….။ ၁၈၂၃။
ရည်ရွယ်ချက်။…….။ ရှည်လျားစွာ တွက်ချက်စစ်ဆင်နိုင်ရေး။
တိုးတက်မှူရလဒ်။….။ အသိပညာနှင့် အီလက်ထရောနစ် ကွန်ပျုတာများ။

ခဲတံ


တီထွင်သူ။………..။ ဖက်ဘာမိသားစု၊ အဲန်ဂျေကွန်တီ။
လူမျိုး။……………။ ဂျာမန်။
ခုနှစ်။…………….။ ၁၇၆၀၊ ၁၇၉၅။
ရည်ရွယ်ချက်။…….။ စာရေးရန်။
တိုးတက်မှူရလဒ်။….။ ဖန်၊ အ၀တ်၊ ပလတ်စတစ်မှာရေးတဲ့ ခဲတံများ။


အက်တမ်

တီထွင်သူ။………..။ ဂျွန်ဒေါ်လန်တန်။
လူမျိုး။……………။ အင်္ဂလိပ်။
ခုနှစ်။…………….။ ၁၈၀၃။
ရည်ရွယ်ချက်။…….။ ရုပ်ကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာလေ့လာရေး။
တိုးတက်မှူရလဒ်။….။ အက်တမ်သီအိုရီ၊ အက်တမ်စွမ်းအင်၊ အဏုမြုဓတ်ပေါင်းဖို။


ခြေတု လက်တုများ

တီထွင်သူ။………..။ အမ္ဘေရာ္စီ ပါရီ။
လူမ်ိဳး။……………။ ပြင်သစ်။
ခုနှစ်။…………….။ ၁၆ ရာစုအတွင်း။
ရည်ရွယ်ချက်။…….။ ခြေတု လက်တုများတပ်ဆင်ပေးရေး။
တိုးတက်မှုရလဒ်။….။ အခြားကိုယ်ခန္ဓာ အစိတ်ပိုင်းအတုများ။


မိုးပျံတိုက်

တီထွင်သူ။………….။ ၀ီလျံလေး ဘာရွန် ဂျင်နီ။
လူမျိုး။……………..။ အမေရိကန်။
ခုနှစ်။………………။ ၁၈၅၃။
ရည်ရွယ်ချက်။………။ မြေနေရာ ပိုမိုရရှိရေး။
တိုးတက်မှုရလဒ်။……။ ခောတ်မီ မိုးပျံတိုက်ကြီးများ။

ပနယ်စလင်


တီထွင်သူ။…………။ ဆာ အလဇန္ဒားဖလင်းမင်း။
လူမျိုး။…………….။ အင်္ဂလိပ်။
ခုနှစ်။……………..။ ၁၉၂၈။
ရည်ရွယ်ချက်။……..။ ရောဂါပေးတဲ့ ဗက်တီးရီးယား နှိမ်နင်းရေး။
တိုးတက်မှုရလဒ်။…..။ အခြားခုခံဆေးများ။


တယ်လီဖုန်း

တီထွင်သူ။………….။ အလက်ဇန္ဒား ဂရေဟမ်ဘဲလ်။
လူမျိုး။……………..။ ကနေဒါ။
ခုနှစ်။………………။ ၁၈၆၀။
ရည်ရွယ်ချက်။………။ စကားပြောဆက်သွယ်ရေး။
တိုးတက်မှုရလဒ်။……။ ယနေ့ခေတ် ဆက်သွယ်ရေး၊ မိုဘိုင်းဖုန်း


စက်ရုပ်

တီထွင်သူ။…………။ ပိုင်ရာဂျီ ဂျက်ကွက် ဒရော့စ်။
လူမျိုး။…………….။ ဆွီဒစ်ရှ်။
ခုနှစ်။……………..။ ၁၇၇၀။
ရည်ရွယ်ချက်။……..။ လူသားတို့ အလုပ်စေခိုင်းခြင်း။
တိုးတက်မှူရလဒ်။…..။ စက်ရုံသုံးစက်ရုပ်များ။


ရေဒါ

တီထွင်သူ။………….။ ရောဘတ် ၀ပ်ဆင်။
လူမျိုး။……………..။ အင်္ဂလိပ်။
ခုနှစ်။………………။ ၁၉၃၅။
ရည်ရွယ်ချက်။………။ ရန်သူ့လေယာဉ်ဝင်လာမှု သတိပေးစေခြင်း။
တိုးတက်မှူရလဒ်။……။ ရေကြောင်းသုံးကိရိယာ။


မီးရထား

တီထွင်သူ။……………။ ဂျော့စတီဗင်ဆင်။
လူမျိုး။……………….။ အင်္ဂလိပ်။
ခုနှစ်။………………..။ ၁၈၂၅။
ရည်ရွယ်ချက်။………..။ ခရီးသည်နဲ့ ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေး။
တိုးတက်မှူရလဒ်။……..။ ဒီဇယ်ရထား၊ လျှပ်စစ်ရထား။

X _ ရောင်ခြည်


တီထွင်သူ။……………။ ၀ိုင်ဟဲမ် ရွန်ဂျင်။
လူမျိုး။……………….။ ဂျာမန်။
ခုနှစ်။………………..။ ၁၈၉၅။
ရည်ရွယ်ချက်။………..။ ဓါတ်မှန် ရိုက်ကူးရေး။
တိုးတက်မှူရလဒ်။……..။ နည်းပညာ၊ စက်မှု၊ ဆေးဝါးအတွက် အရေးပါတဲ့ ရောင်ခြည်။


မီးခြစ်ဆံ

တီထွင်သူ။……………။ ရောဘတ်ဘွိုင်လီ၊ ဂျွန်ဂေါ့တာ။
လူမျိုး။……………….။ အင်္ဂလိပ်။
ခုနှစ်။………………..။ ၁၆၈၁။
ရည်ရွယ်ချက်။………..။ မီးထုတ်လုပ်ရေး။
တိုးတက်မှူရလဒ်။……..။ မီးခြစ်အမျိုးမျိုး။


လျှပ်စစ်မီး

တီထွင်သူ။……………။ ဆာဟပ်ဖရီဒေဗီ၊ ဂျေ၊ ဒတ်ဘယ်လ်ယူစတား။
လူမျိုး။……………….။ အင်္ဂလိပ်၊ အမေရိကန်။
ခုနှစ်။………………..။ ၁၈၀၂၊ ၁၈၄၅။
ရည်ရွယ်ချက်။………..။ အိမ်မီး၊ လမ်းမီးထွန်းရန်။
တိုးတက်မှူရလဒ်။……..။ ယနေ့ရောင်စုံမီးများ။


သာမိုမီတာ

တီထွင်သူ။…………..။ ဂယ်လီလီယို။
လူမျိုး။………………။ အီတာလီယန်။
ခုနှစ်။……………….။ ၁၅၉၂။
ရည်ရွယ်ချက်။……….။ အပူတိုင်းဖို့။
တိုးတက်မှူရလဒ်။…….။ ခေတ်မီလျှပ်စစ်သုံး အပူတိုင်းကိရိယာ။


ယောက်ျားတွေ ဂရုစိုက်ရမဲ့ မိန်းမလက်နက် (၅)ဖြာ နှင့်မိန်းမတွေသုံးတဲ့စကားလုံးများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်:P

ယောက်ျားတွေ ဂရုစိုက်ရမဲ့ မိန်းမလက်နက် (၅)ဖြာ
*၁ ။ ပါးစပ်သေနက် *

*မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ -- သမီးရည်းစား ဘ၀မှာ သိပ်မသုံးတက်ကြဘူး ။

အိမ်ထောင်ရှင်ဖြစ်မှ ထုပ်သုံးကြ တာ -- တစ်အိမ်လုံးကိုစက်သေနက်နဲ့ မွှေသလို

မွှေတက်ကြတာ ။ အိပ်ရင်တောင် ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တက် ကြတာ ။ တစ်ရေးနိုး

ထပစ်ရင်တောင် ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် ) *




* *

*

၂။ မျက်စောင်း *

*အဲဒီ မျက်စောင်းက အမျိုးမျိုးရှိတယ် ။ မူကွဲတွေပေါ့ အချစ်မျက်စောင်း ၊ အမုန်းမျက်စောင်း ၊ ရောစွပ်မျက်စောင်း ၊ ---- (ရောစွပ်မျက်စောင်း ဆိုတာအရေးကြီးတယ် -- ဘာသာပြန်မှန်ဖို့လိုတယ် ။ ချစ်သလိုလို မုန်းသလိုလို

ဘာကြီးမှန်းကို မသိတဲ့ မျက်စောင်းမျိုးလေ - ဘာသာပြန်များ အကောက်လွဲလို့ကတော့

(တတိယ လက်နက်စာမိသွားမယ် )*



* *

*

၃။ လက်ဝါး ၊ လက်သီးဆုပ် ၊ လက်ဝါးစောင်း - တွေပဲ*


*သူကလည်း မူကွဲတွေများတယ် ၊ လက်ဝါးပြရင်နှစ်မျိုးတွေးလို့ရတယ် ( မဟော်သဓာ ဇာတ်တော်နဲ့ တစ်မျိုးတွေး ) လက်သီးဆုပ်ပြရင်လည်း နှစ်မျိုးတွေးလို့ရတယ် -- အဲ -- လက်သီးဆုပ်ကြီးနဲ့ ကိုယ့်ရင်ဘက်ကြီးကို ဖွဖွလေးလာထု ရင်တော့ - -

တစ်မျိုးတည်းသာတွေးလိုက်တော့ - - အိုကေ -- ပြေလည်ပြီလို့မှတ် အဲဒီ

လက်သီးဆုပ်လေးကို ဖမ်း - ပြီး ဖွဖွလေးသာ နမ်းလိုက် -- -- ရဲရဲသာလုပ် -- --

အာမခံတယ် -- -- အဆင်ပြေလိမ့်မယ် ။*



* *

*

၎။ ရင်ဘက်စည်တီး အော်ကြီးဟစ်ကျယ် လုပ်တက်ခြင်း*



*အဲဒီ လက်နက်ကလည်း ကြောက်စရ်ာတော်တော် ကောင်းတယ် ။ အရှက်ဟက်တတ်ကွဲစေမဲ့ လက်နက်

( နျူးက - လီးယားလက်နက်ထက်ပြင်းတယ် ) *



* *

*

၅။ မျက်ရည်လေ -- မျက်ရည် လက်နက် *



*ဒါနောက်ဆုံးလက်နက်ပဲ မျက်ရည်ယို ဗုံးခွဲတက်သေးတာ မျတ်ရည်လေ -- မျက်ရည်

ဘာပေါသလဲမမေးနဲ့ သူ့ကို မနိုင်တော့ဘူးဆိုရင် မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့

လုပ်ပစ်လိုက်ကြတာ သွားရော -- အကုန်ကြွေပေတော့ --

လူပါပေါင်ပေးချင်စိတ်ပေါက်သွားလိမ့်မယ် -- ဒါမှမဟုတ် ဘေးက ကိုယ့်ကို

ဝိုင်းရိုက်ချင်စိတ် ပေါက်သွားစေနိုင်တယ် *



* *

*( ကဲ -- အဲဒါက ယောက်ျားတွေ ဂရုစိုက်ရမဲ့ မိန်းမလက်နက် (၅)ဖြာပဲ ----- )

ဖေ့ဘုတ်ကပါ။ ကိုမင်မင်းကျော်ရင် ဆီက မလာတာပါ.

မိန်းမတွေသုံးတဲ့စကားလုံးများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

၁ ။ (ရပါတယ်)
ဒီစကားကိုတော့ ယောင်္ကျားလေးနဲ့ ရန်ဖြစ်တဲ့အခါ၊ ငြင်းခုန်တဲ့အခါမှာ သုံးလေ့ရှိပါသည်။ ရန်ပွဲ၏ အဆုံးသတ် စကားလည်းဖြစ်ပါသည်။
- “ငါမှန်တယ်။ ဒီကိစ္စ ဒီမှာတင်ပြီးပြီ။ နင်ပါးစပ်ပိတ်တော့” ဟု အဓိပ္ပါယ်ရပါသည်။

၂ ။ (ကောင်းပြီလေ)
ဒီစကားကတော့ ယောင်္ကျားလေးတွေအတွက် အင်မတန်မှ အန္တရာယ်အရှိဆုံးစကားဖြစ်ပါသည်။
- “နင့်ကိုငါ ပြန်ပြီး မကလဲ့စားချေခင်မှာ ဘယ်လိုကလဲ့စားချေရမယ်ဆို သေသေချာချာလေး စဉ်းစားဦးမယ်” ဟု အဓိပ္ပါယ်ရပါသည်။

၃ ။ (ဘာမှမဟုတ်ဘူး)
ဘာမှမဟုတ်ဘူးလို့ပြောရင် သူတို့စိတ်ထဲက ဘဝင်မကျတဲ့ အရာတစ်ခုခုကို ရည်ညွန်းပြီးပြောခြင်းဖြစ်ပါသည် ။
မပေါက်ကွဲခင်မှာ မီးခိုးငွေ့အရင်မှုတ်ထုတ်တဲ့ မီးတောင်လို အရှိန်ယူနေတာဖြစ်ပါသည်။
မှတ်ချက်။ ဘာမှမဟုတ်ဘူးကနေ ရန်ပွဲတွေစတတ်ပြီး နံပါတ် (၁) က “ရပါတယ်” ဆိုတဲ့စကားနဲ့ဆုံးလေ့ရှိသည်။


၎ ။ (ငါးမိနစ်ပဲ)
ဒီစကားကိုတော့ သူတို့ မိတ်ကပ် လိမ်းတဲ့အခါ၊ အလှပြင်တဲ့အခါ၊ အပြင်သွားဖို့ အဝတ်အစားလဲတဲ့အခါတွေမှာ
သုံးလေ့ရှိပါသည်။ အဲဒီငါးမိနစ်က တစ်နာရီခွဲနှင့်ညီမျှသည်ဟု မှတ်ထားရပါမည်။ငါးမိနစ်ကလည်း ကြာလိုက်တာ
ဆိုပြီး သွားပြီးမပြောမိပါစေနဲ့။ မီးပွင့်တတ်သည်။ အိမ်နောက်ဖေးက ကိုယ်တစ်ခါမှ မနှုတ်ဖူးတဲ့ ပေါင်းပင်တွေကို
နှုတ်ရတဲ့အခါမှာ ကြာသလိုမျိုးသာ သဘောထားရပါမည်။

၅ ။ (ကျေးဇူးပဲ)

ကျေးဇူးတင်နေတာဖြစ်ပါသည်။ဘာကြောင့်လဲဆိုပြီး ပြန်မမေးပါနှင့်။ဝမ်းသာပြီးတော့လည်း မူးလဲမကျသွားပါနှင့်။
ရပါတယ် လို့သာပြန်ပြောပြီး သူလုပ်စရာရှိတာ ဆက်လုပ်ပါစေ။
၆ ။ (သက်ပြင်းချရင်)
သက်ပြင်းချတာက စကားမဟုတ်လို့ ယောင်္ကျားလေးတွေ ခဏခဏ ကောက်ချက်ချမှားတတ်ကြပါသည်။
သက်ပြင်းချတဲ့ အဓိပ္ပါယ်ကတော့ …
“နင်တော်တော် အ တာပဲ။ နင့်လို အ တဲ့လူနဲ့ အချိန်ဖြုန်းပြီးစကားပြောမိတာ ငါမှားပါတယ်” ဖြစ်ပါသည်။
၇ - (လုပ်လိုက်လေ၊ လုပ်ကြည့်လေ)
ဒီစကားပြောရင် စိန်ခေါ်နေတာဖြစ်ပါသည်။ ခွင့်ပြုချက်ပေးတာ မဟုတ်ပါ။ လုံးဝမလုပ်လိုက်ပါနှင့်။

၈ - (စိတ်မပူပါနှင့် ငါလုပ်တတ်ပါတယ်)
ဒီစကားကတော့ ယောင်္ကျားလေးတွေအတွက် ဒုတိယအန္တရာယ် အရှိဆုံးစကားဖြစ်ပါသည်။ သူတို့လုပ်ခိုင်းထား
တဲ့အလုပ်ကို ယောင်္ကျားကမလုပ်လို့ သူတို့ကိုယ်တိုင်ဝင်လုပ်ရတဲ့အချိန်မှာ သုံးလေ့ရှိပါသည်။ဘာဖြစ်လို့လဲလို့
သွားမမေးလိုက်ပါနှင့် ။ ပြန်ရမယ့်အဖြေနဲ့ အကျိုးကတော့ နံပါတ် ၃ လိုသာ ဖြစ်ပါလိမ့်မည်။
ဟုတ်သလိုလိုရှိလို့ ပြန်ရှယ်ပေးလိုက်ပါတယ်..လိုသေးတယ်ဆိုရင်လည်း ထပ်ဖြည့်ပေးခဲါဦး...
ပျော်ရွှင်ကြပါစေနော်...

ဘုရားပုံတော် Animation Phone Wallpaper များ




                                      မြန်မာ Mobile Phone အသုံးပြုသူများအတွက် ဘုရားပုံတော် Animation Flash Wallpaper များကို ပြန်လည် မျှဝေလိုက်ပါတယ်။ Website နှင့် Blog များမှာပါ ထည့်သွင်းအသုံး ပြုရန်အဆင်ပြေနိုင်ပါတယ်။ Screen Resolution 240-320 ဖြစ်တဲ့အတွက် ဖုန်းအများစုမှာ အသုံးပြုနိုင်ပါတယ်။ နှစ်သက်ရာပုံပေါ်မှာ Right Click ထောက်ပြီး၊ Save Image As ကိုရွေးချယ်ခါ Download ရယူနိုင်ပါတယ်။


                                  
ပျော်ရွှင်ကြပါစေနော်....

SWF FLV to MP3 Converter v2.7 Build 218 Portable




Size: 1 MB

DownLoad

Thursday, 5 April 2012

System Configuration ကိုပြုပြင်၍ စက်ပေါ့ပါးအောင်းလုပ်နည်း

System Configuration ကိုပြုပြင်၍ စက်ပေါ့ပါးအောင်းလုပ်နည်းလေးပဲဖြစ်ပါတယ် သိပြီးသူတွေများမယ်လို့ ထင်ပါတယ် ... မသိသေးသူများအတွက် ပါ ....၊၊ အသုံးပြုပုံကို လိုရင်းတိုရှင်းပဲ ရှင်းပြပါ့မယ် . ပထမ ဦးဆုံး start ကိုဖွင့်ပြီး search မှာ System Configuration ကိုရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ ... ပြီးရင် အောက်က ပါပုံလေးအတိုင်း windows လေးပ်ါလာပါလိမ့်မယ်


အပေါ်ပုံမှာအနီရောင်နဲ့ ဝိုင်းပြထားတဲ့ selective start up မှာရှိနေရင်  အပ်ါဆုံးက Normal start up  ကိုပြောင်းပေးပါ ...

ပြီးရင်  ok ကိုနိုပ်ပေးလိုက်ပါ .... Restart ၀င်းဒိုးလေးတက်လာပါလိမ့်မယ် Restart ချပေးလိုက်ပါ ....
ဝင်းဒိုးပြန်တက်လာရင် အရင်ကထက်ပေါ့ပါးပြီး ..စက်အလုပ်လုပ် ပုံ ယဉ်သာညှက်ညော လာတာတွေ့ ရမှာပါ
အားလုံးပဲကျေးဇူးတင်ပါတယ် ... နားလည်သလိုပဲရှင်းပြတာမို့   ... အမှားပါရင်ခွင့်လွှတ်ပါ

Speeding Up Your Windows Computer Shutdown Process(သင့်ကွန်ပြူတာကို Shutdown အမြန်ဆုံး လုပ်မယ် )

 ကွန်ပြူတာကို စက္ကန့် ဝက်အတွင်း Shutdown လုပ်နိုင်အောင် ပြုလုပ်ပေးမဲ့ ဆော့ဝဲလေးအကြောင်းပါ ၊၊
ဒီဆော့ ၀ဲလေး ဟာ Shutdown လုပ်တဲ့နေရာမှာ အံ့သြ စရာကောင်းလောက်အောင် မြန်ဆန်လှပါတယ် .၊၊ ကျွန်တော် ကိုယ်တိုင်သေချာ စမ်းသပ်ပြီးမှ တင်တာပါ ၊၊ fast Shutdown / Instant Shutdown / fast Restart / Exit ဆိုပြီး ၄ မျိုး အသုံးဝင် ပါတယ် ၊၊
free စစ်စစ်လေးလဲ ဖြစ်ပါတယ် .. 1 MB ပဲရှိပါတယ် ၊၊

ဆော့ဝဲလေးကိုတော့ အောက်မှာ ဒေါင်းလိုက်ပါ နော် ၊၊




Free Download

Click The Big Green Download Button Below To Start Your Download Instantly!
Download this Software
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio