Saturday, 14 April 2012

ဖြူးဆရာတော်၏ အထုပ္ပတ္တိအကျဉ်း

ဓမ္မကထိက အကျော် ဖြူးဆရာတော် လောင်းလျာသည် မြန်မာပြည်အထက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦး
မြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် ခမည်းတော်ဦးဘလွင်
+ မယ်တော်ဒေါ်ဒေါ်မေတို့မှ ကောစာ သက္ကရာဇ် ၁၃၀၃
ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၈)ရက်၊ ခရစ်နှစ် ၁၉၄၂ခုနှစ်၊
ဖေဖော်ဝါရီလ (၇)ရက် စနေနေ့တွင် ဖွားမြင်တော်မူခဲ့
သော အတိဇာတ သားထူးသားမြတ် သားရတနာဖြစ်ပါ
သည်။

ကောဇာသက္ကရာဇ် ၁၃၁၅ခုနှစ်၊ ခရစ်နှစ် ၁၉၅၃ ခုနှစ် ၁၃
နှစ်သားအရွယ်တွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပြီး
ပစ္စည်းလေးပါးအလှုရှင်မှာသာသနဓဇသိရီပ၀ရဓမ္မာစရိယ
ဘွဲ့ရ သီလရှင်ဆရာကြီး ဒေါ်ပညာသိင်္ဂီဖြစ်ပါသည်။ ဥပ
ဇ္ဈာယ်ဆရာတော်မှာစစ်ကိုင်းတောင်ရိုးလေးကျွန်းသာယာ ချောင်ဆရာတော် ဘဒ္ဒ န္တ ဇောတ၀ရ မဟာ ထေရ်မြတ်
ဖြစ်ခဲ့ပြီး ရှင်နရပတိ ဟုဘွဲ့အမည် ချီးမြှင့်တော်မူခဲ့ပါသည်။
ကောဇာသက္ကရာဇ်၁၃၂၀ခုနှစ်၊ ခရစ်နှစ် ၁၉၅၈ခုနှစ်၊ ၁၇နှစ်သားအရွယ်တွင် ပထမကြီးတန်းကို အောင်မြင်တော်
မူခဲ့ပါသည်။ ကောဇာ သက္ကရာဇ် ၁၃၂၃ခုနှစ် ခရစ်နှစ် ၁၉၆၁ခုနှစ်တွင် မန္တလေးမြို့၊ ဥပုသ်တော်ကုန်း ၄၁လမ်းနေ ဒေါ်သောင်းစိန်၊ ဒေါ်မမ ညီအစ်မ တစ်စုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဦးနရပတိ ဟူသော ဘွဲ့အမည်တော်ဖြင့်ပင် မြင့်မြတ်သော သာသနာတော် ၀န်ထမ်း ရဟန်းပဉ္ဇင်း အဖြစ်သို့ ရောက်ရှိခဲ့ပြီး ဥပဇ္ဈာယ် ဆရာတော်မှာလည်း စစ်ကိုင်းတောင်ရိုး၊ လေးကျွန်းသာယာချောင်ဆရာတော် ဘဒ္ဒန္တဇောတ၀ရ ထေရ်မြတ်ကြီးပင် ဖြစ်သည်။
မန္တလေးနည်း၊ ပခုက္ကူနည်းတို့ကို အာစရိယဟတ္ထမုဌိ လက်ကိုင် ရရှိသည်အထိ နာမည်ကျော်ကြား ဆရာတော်
များထံဝယ် သင်ယူတတ်မြောက်တော် မူခဲ့ပါသည်။ ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋိကာ၊ အနု၊ မဓု၊ ဂဏ္ဍိ ယောဇနာ စသည်တို့ကို ကျမ်းတတ်အကျော် ဆရာတော်များထံတော်တွင် စာပေကျမ်းဂန် နှံ့စပ်ကျွမ်းကျင်တော်မူသည်
အထိ သင်ယူခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၃၂၄ခုနှစ် ခရစ်နှစ် ၁၉၆၂ - ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကျင်းပ
သော ဓမ္မာစရိယ စာမေးပွဲကြီးကို အောင်မြင်တော်မူ၍ "သာသနဓဇ ဓမ္မာစရိယ’’ ဘွဲ့တံဆိပ်တော်ကို အလှူ
ခံရရှိတော်မူခဲ့ပြီး စစ်ကိုင်း တောင်ရိုး၊ လေးကျွန်း သာယာချောင်နှင့် ပဲခူးတိုင်း၊ ဖြူးမြို့ ပင်စင်လမ်း မဟာစည် သာသနာ့ရိပ်သာတို့၌ တပည့် ရဟန်း၊ သာမဏေ၊ သီလရှင် ဆရာလေးတို့အား ပရိယတ္ထိစာပေများကို ကြိုးစား
ပို့ချတော်မူခဲ့ပါသည်။ အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီး၏ ညွှန်ကြားမှု
အောက်တွင် မဟာသတိပဌာန် ၀ိပဿနာ တရားတော်များကို အားထုတ်တော်မူခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း (၃၀)ကျော်ကတည်းက ဆဌသိင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင်မဟာစည် ဆရာတော်ဘုရားကြီး
က ရဟန်းတော် ဦးနရပတိအား ဖြူးမြို့၊ မဟာစည်သာသနာ့ရိပ်သာ၌ သာသနာပြုတာဝန်များ ဆောင်ရွက်နိုင်
ရန် ကျောင်းထိုင်ဆရာတော်အဖြစ်ဖြင့် ခန့်အပ်တာဝန်ပေးခြင်း ခံယူခဲ့ရပါသည်။

ဖြူးဆရာတော်သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အနည်းဆုံး (၁၀)ရက်ကြာ တရား စခန်း ဌာနပေါင်း (၃၀)ကျော်တို့ကို နှစ်စဉ် နှစ်တိုင်း ကိုယ်တော်တိုင် ဦးဆောင်၍ တပည့် ဓမ္မ
ကထိကများဖြင့် ဖွင့်လှစ်၍ သာသနာပြုတော် မူခဲ့ပါသည်။
ဆရာတော်သည် ပဲခူးတိုင်း၊ ဖြူးမြို့ မဟာစည်သာသနာ့ရိပ်
သာ၌ ၀ါတွင်း (၃)လကာလပတ်လုံး ၀ိပဿနာတရားစခန်း ဖွင့်လှစ်၍ ၀ိပဿနာ တရားတော်များကို ဟောကြား ပြသ
တော်မူပြီး အထူးအားဖြင့် အနာဂတ် မျိုးဆက်သစ် ရဟန်း
တော်များအား တရားထိုင်နည်း၊ တရားဟောနည်း၊ တရားပြ
နည်းတို့ကို ကမ္မဌာနာ စရိယ ဓမ္မကထိကများ ဖြစ်သည့်
အထိ ညွှန်ကြား ပြသတော်မူသောကြောင့် အဂ္ဂမဟာ ကမ္မ
ဋ္ဌာနာစရိယ မဟာဓမ္မကထိကအဖြစ်ဖြင့်ထင်ရှားကျော်ကြား
တော်မူပါသည်။
ကောဇာ သက္ကရာဇ် ၁၃၅၃ ခုနှစ်၊ ၁၉၉၁ခုနှစ်တွင် နိုင်ငံတော်
အစိုးရမှ ဓမ္မကထိက ဗဟုဇနဟိတဓရ ဟူသော ဓမ္မကထိက ဘွဲ့တံဆိပ်တော်ကိုဆက်ကပ်လှူဒါန်းခြင်း ခံယူ
ခဲ့ရပါသည်။ ဆရာတော်ရေးသားတော်မူခဲ့သော စာအုပ်များမှာ -
၁။ မီးလောင်ပြင်မှာ ပွင့်သောပန်း
၂။ နတ်တို့တမ်းတ လူ့ဘဝ
၃။ ဘေးလွတ်ရာသွား အိုလူသား
၎။ ရတနာ ထိုက်တဲ့ ချစ်သမီး
၅။ မဂ္ဂင် ရှစ်တန် ရထားပျံ
၆။ ၀ိပဿနာအကျိုး ချစ်မြတ်နိုး
၇။ ဖေဏပိဏ္ဍုပမာသုတ္တန် အနိစ္စ တရားတော်
၈။ ပါရမီ တရားတော်
၉။ တရားဂုဏ်တော် ရှိပူဇော်
၁၀။ သာသနာ့အောင်ပွဲ အသက်နှင့်လဲ၍
၁၁။ မိဘကျေးဇူးမကျေ ငါမသေဘူး
၁၂။ လှသောည၏ တရားအလင်္ကာ
၁၃။ လှူကထိန် မြတ်သင်္ကန်းရယ်နှင့် မဂ်လမ်းကိုရွယ် တို့ဖြစ်ကြပါသည်။
ဆရာတော်သည် ပြည်ပနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ သြစတေးလျ၊ ဂျပန်၊ အင်္ဂလန်၊ ကနေဒါ၊ အမေရိကန် စသော နိုင်ငံများသို့ပါကြွရောက်တော်မူ၍ မြတ်ဗုဒ္ဓ၏ ၀ိပဿနာ တရားတော်များကို ဟောကြား
ပြသတော်မူခဲ့ပါသည်။ ဆရာတော်သည် ဆီးချို စသော ရောဂါဝေဒနာများ ခံစားနေရသည့်အပြင် ကျောက်ကပ်
မကောင်းတော့သဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရာမနိုင်းဆေးရုံ၌ ကျောက်ကပ်အစားထိုး လဲလှယ်ခဲ့ရသဖြင့် ဆရာဝန်များနှင့် တပည့် ဒကာ၊ ဒကာမများမှ နားနားနေနေ သာသနာပြုတော်မူရန် လျှောက်ထားကြသော်
လည်း ဓမ္မပလ္လင်ပေါ်မှာ တရားဟောကြားရင်း ပျံလွန်တော်မူပါစေ တရားဟောတရားပြ ဆက်လက်၍သာသနာ
ပြုနေမည်ဟု ရဲရင့်စွာ ပြန်လည်၍ မိန့်ကြားတော်မူမြဲ ဖြစ်ပါသည်။
ဆရာတော်သည် တရားဟော၊ တရားရှုမှတ် စသည့် အတ္တဟိတ၊ ပရဟိတ ကောင်းရာ ကောင်းကျိုး၊ အမျိုး
ဘာသာ၊ သာသနာအတွက် ဆောင်ရွက်တော်မူရင်းပင် သက်တော် (၆၉) ၀ါတော်(၄၉) ၀ါအရ ကောဇာသက္က
ရာဇ် ၁၃၇၁ ခုနှစ်၊ နတ်တော်လဆန်း (၈) ရက်၊ အင်္ဂါနေ့၊ ခရစ်နှစ် ၂၀၀၉ခုနှစ် နိုဝင်ဘာလ (၂၄) ရက်၊ နံနက် (၆) နာရီ (၅၀) မိနစ်တွင် တစ်ဘ၀ တစ်ဇာတ်၊ အဆုံးသတ် ရုပ်သိမ်း၍ ချုပ်ငြိမ်းတော်မူခဲ့ပါသည်။
ဖြူးမြို့ ဖြူးချောင်းတွင် ဆရာတော်ဘုရားကြီး၏ အရိုးပြာမျှောစဉ် ကောင်း...

မှတ်ချက်- http://www.phyusayadaw.com/phyuu_sayardaw.htmlမှကူးယူတင်ပြသည်

Wednesday, 11 April 2012

ကွန်ပြူတာ desktop မှာမြင်နေတာကို software မသုံပဲ ဓါတ်ပုံရိုက်ကြမယ်

အားလုံးသိပြီး သုံးတတ်ပြီးဖြစ်မှာပါ .. ။ အသုံးမပြုဘူးသေးတဲ့ သူတွေအတွက် အောက်မှာ ရေးပေးပါ့မယ် . ။ capture ရိုက်တယ် ဆိုတာက ကွန်ပျူတာ screen မှာ မိမိမြင်နေရသမျှကို ဓါတ်ပုံအဖြစ်ရိုက်ယူတာပါ ... ။ တစ်ခါတစ်လေ Download လည်းမပေး Save as picture လည်းလုပ်မရတဲ့ ပုံတွေကို ဒါနဲ့ ရိုက်ယူလို့ရပါတယ် .. အားလုံးသိပြီးသားပါ ။ မိမိရိုက်ချင်တဲ့ window ကိုဖွင့် ကီးဘုတ်က “ Print Screen ” ဆိုတဲ့ ကီးလေးကို နိုပ်လိုက်ပါ။ ပြီးရင် Run မှာ Pbrush လို့ ရေးထည့်လိုက်ပါ .. ။Run box ကိုမရှာတတ်ရင် window key နဲ့ r နဲ့ တွဲနှိပ်လိုက်ပါ  paint ပေါ်လာပါမယ် .. ။ Ctrl+V နဲ့ paste ချလိုက်ပါတယ် .. ။ ပြီးရင်တော့ save as နဲ့ လိုချင်တဲ့ type နဲ့ save ပေါ့ .. R-Click လုပ်ရင်ပေါ်တဲ့ pop-up menu လေးတွေကို ဒီနည်းနဲ့ပဲ ရိုက်လို့ ရပါတယ် .. ။လျှင်လျှင်မြန်မြန်နဲ့ လွယ်လွယ်ကူကူ လုပ်နိုင်တဲ့နည်းလမ်းလေးပေါ့ဗျာ သိပြီးသားတွေ ဖတ်ပေးလို့ ကျေးဇူးပါ .... အကောင်းဆုံးကတော့ Softwares သုံးတာပိုကောင်းတာပေါ့ အခု ကျွန်တော်ရေးရတာက Softwares မရှိတဲ့ သူတွေအတွက်ပါ။

ထမင်းမေ့ဟင်းမေ့ အင်တာနက်သုံးပြီး သတိမေ့တတ်သူများအတွက် Online Alarm Clock

အင်တာနက် သုံးဖို့ ကွန်ပျူတာရှေ့ ထိုင်လိုက်ပြီ ဟေ့ဆိုလိုက်တာနဲ့ ...နာရီ မသိ ၊ အချိန် မရှိတော့ ။ ဘယ်အချိန်တွေ ဖြစ်လို့ ဖြစ်မှန်းလဲမသိ ။ ဘာလုပ်လို့ လုပ်ရမှန်းလဲ မသိ ။ ချိန်းထားတာတွေ အကုန်လွဲ ... ။ ဟိုလွဲ ဒီလွဲ ဖြစ်နေသူများအတွက် ..... ။

အင်တာနက် များသုံးမိပြီဆိုလျှင် ဆေးသမားများ ထက် ဆိုးသည် ဆိုသည်ကို ယခု လက်ရှိ အင်တာနက် အသုံးပြုသူတိုင်း သဘောပေါက်ကြပါလိမ့်မယ် ။ ခဏလေးလို့ ထင်လိုက်ပေမဲ့ .. တစ်နာရီ ၊ နှစ်နာရီလောက်ကြာချင်လည်း ကြာနေတတ်တယ် ။ ပြီးတော့မှ ..... ဟာ ..သွားပြီ .. ။ လုပ်စရာရှိတာတွေ မလုပ်ရဘူးးးး ဟု ... လွဲသွားသူတွေ တစ်ပုံကြီးးးးး ။


အဲ့ဒါကြောင့် အဲ့လို မဖြစ်ရအောင် ... အင်တာနက် သုံးနေတာလေးလည်း မပျက်အောင်.....ဒီလိုလေးပဲ လုပ်ထားပေးလိုက်ပါ ... ။

http://kukuklok.com/
click တစ်ချက် နှိပ်ပြီး အဲ့ဆိုဒ်လေးကို ဖွင့်ထားပေးလိုက်ပါ ။ ဖွင့်လိုက်တာနဲ့ .ရိုးရှင်းလှတဲ့ ဆိုဒ်ရဲ့ အပြင်အဆင် ဟာ ..စိတ်ကို ဖမ်းစားသွားပါလိမ့်မယ် .... ။

Digital နာရီလေး တစ်လုံးးးးး ( အပေါ်မှာ လက်ရှိ ရောက်နေတဲ့ current time ကို ပြနေလိမ့်မယ် ) နဲ့ ... ဘေးနားမှာ ကြက်ဖ ပုံလေးနဲ့ ..... ( ရွာက ကြက်တွန်သံလေး အလွမ်းပြေပေါ့....)

အဲ့ဒါဆို အရင်ဆုံး ကိုယ် လုပ်စရာ ရှိတဲ့ အချိန် ကို နာရီလေးမှာ ချိန်ပြီး set alarm ပေးလိုက်ပေါ့.... ။

ပြီးရင် ကြက်ဖ ပုံလေးမှာ preview sound ကို နှိပ်ကြည့်လိုက်ပါ ... ။ အဲ့ဒါဆို မိမိ alarm ပေးထားတဲ့ အချိန်မှာ ကြက်တွန်သံနဲ့ ... alarm လေး ပေးနေပါလိမ့်မယ် ။ ( ကြက်ဖ ပုံလေး ဘေးနားက arrow လေးတွေကို နှိပ်ပြီး ရိုးရိုးနှိုးစက် နာရီသံ ၊ electronic တတီ...တီ..မြည်သံ ၊ slayer guitar မြည်သံ အကျယ်ကြီးနဲ့ ...၊ တပ်မတော်သားများအကြိုက် .. စစ်ချီတေးသံ ... အစရှိတဲ့.. မိမိ ကြိုက်နှစ်သက်ရာ alarm အသံများကိုလည်း ရွေးချယ်ပေးလို့ ရပါသေးတယ် ။ )

အဲ့ဒါဆို ရင်... အဲ့ဆိုဒ်လေး ကိုဖွင့် alarm လေးကို set လုပ်ပေးပြီးး မိမိ သုံးချင်တဲ့ .. အင်တာနက်ကို ကြိုက်သလို ထိုင်သုံးနေပါ... ။ alarm လေး မြည်လာတဲ့ အချိန်မှာတော့ .. မိမိ တစ်ခုခု လုပ်စရာ ရှိလာပြီ ဆိုတာကို .. အလိုလို alarm မြည်သံ ကြားတာနဲ့ သတိရလာပါလိမ့်မယ် ..... ။

(Online Alarm Clock လေး ဖြစ်တာကြောင့် နက် မရှိတဲ့ အိမ် က စက်တွေကတော့ အဆင်ပြေမှာ မဟုတ်ပါဘူး ။ အင်တာနက် အသုံးပြုနေရတဲ့ ရုံးဝန်ထမ်းတွေ အတွက်ကတော့ ဒီ Online Alarm Clock လေးက ပြောမပြတတ်လောက်အောင် အဆင်ပြေစေပါလိမ့်မယ်..... ။ )

အားလုံးပဲ .. အင်တာနက်သုံးပြီးး လုပ်စရာ ရှိတဲ့ အချိန်မှာ လုပ်စရာ ရှိတဲ့ အလုပ်ကို ..ပြီးပျက် အောင်မြင်စွာ လုပ်ဆောင် နိုင်ကြပါစေဗျာ .... ။

 Posted by mg min

Facebook မှာ Password မေ့သွားတဲ့သူငယ်ချင်းများအတွက် Password ပြန်ယူနည်းလေးပါ.........

Facebook မှာ Password မေ့သွားလို့ ကို့ရဲ့ Facebook ကိုဝင်မရလို့ အခက်တွေ့နေရတဲ့ သူငယ်ချင်းများ အတွက်ပါ........
ပထမ ဆုံး ဒီလင့်လေးကိုကလစ်ပါ....https://www.facebook.com/recover.php ဒါမှမဟုတ် Facebook login page မှာရှိတဲ့ Forgot your password ကိုကလစ်ပါ ပြီးရင်ပေါ်လာတဲ့ထဲ က Enter your email or phone number. အောက် Email or Phone အကွက်ထဲမှာ ကို့ရဲ့ Facebook မှာဝင်ထားတဲ့ Email address ကိုရိုက်ထည့်ပါ......

ပြီးရင် Search ကိုကလစ်ပါ.......ပြီးရင်ပေါ်လာတဲ့ ထဲကသင့်ရဲ့ Facebook account မှန်မမှန်စစ်ပြီး မှန်တယ်ဆိုရင် This Is My Account ကိုကလစ်ပါ.......


ပြီးရင်နောက်ထပ်ပေါ်လာတဲ့အထဲ က Send Codes and login to Gmail ကလစ်ပါ.....
ပြီးရင်သင့်ရဲ့ Facebookအတွက် အသုံးပြုထားတဲ့မေးလ် ထဲကို Facebook ကစာတစ်စောင်ရောက်လာပါလိမ့်မယ်....ထိုစာအားကလစ်လိုက်ပါပြီးရင်ပေါ်လာတဲ့ထဲက
You recently asked to reset your Facebook password. To complete your request, please follow this link: အောက်ကလင့်လေးကိုကလစ်ပါ
ထိုနောက်ပေါ်လာတဲ့ထဲမှာ သူငယ်ချင်းတို့လိုချင်တဲ့ Password ကိုထည့်ပြီး Change Password ကိုကလစ်လိုက်ပါ....

ကဲဒါဆိုရင်တော့ Password မေ့နေတဲ့ သူငယ်ချင်းတို့ရဲ့ Facebook အကောင့်လေး ပြန်ရပြီပေါ့......
ပျော်ရွှင်ပါစေ............

Window 8 skin လေးပါ

ခေါင်းစဉ်ကစဉ်းစားမရလို့ဒီအတိုင်းပဲပေးလိုက်တာပါ။ သူက Skin လေးပဲပြောင်းထားတာပါ။တကယ့် Window 8 တော့မဟုတ်ပါဘူး။:P
ပုံကိုကြည့်လိုက်ပါဦး........



ဒီကောင်လေးကိုDownload လုပ်ပြီးရင် Install လုပ်လိုက်ပါ။ပြီးရင်Restart သာချလိုက်။အဆင်ပြေသွားပါလိမ့်မယ်။Window စတက်ကတည်းကကိုပြောင်းသွားတာပါ။



Download Here (x32 For Window 7)

Download Here (x64 For Window 7)

Download Here (For Window XP)

 Posted by Taryarpwagyi

♫သင်္ကြန် သီချင်းများ♫....(Mp3 ဒေါင်းမယ်)



Posted by သန်းဦး (သားလေး)

Sunday, 8 April 2012

Glary Utilities Pro 2.44.0.1450


 ကွန်ပြူတာ ကို မြန်ဆန် သွက်လက်အောင် ပံ့ပိုးပေးတဲ့ Utilities တွေထဲ တခုပါ Update လေးမို့ သုံးချင်သူများ အဆင်သင့် သုံးလို့ ရအောင် တင်ပေးလိုက်တာပါ ... ။ 


 Download  Glary Utilities Pro 


ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)မှကူးယူဝေမျှပါသည်။

ဝင်းဒိုး အတက် မြန်အောင်ပြုလုပ်နည်း နှင့် Hijack this v2.0.4


ဝင်းဒိုး တက်တာ အရမ်းကြာတယ်ဗျာ... တဲ့ ....ကြာမှာပေါ့ဗျာ Startup မှာကိုယ်မသိပဲ Run နေတဲ့ Programs တွေ Browser မှာ အပိုဖြစ်နေတဲ့ Toolbar တွေ များနေတာကိုးဗျ....:) 
 Startup မှာ  Programs တွေ ဘယ်လောက်တောင် များသလဲဆိုရင် ခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ် လေးသာ ဒေါင်းပြီး Run ကြည့်လိုက်ဗျာ.... ကျနော်တို့ တချို့ Software တွေ Install တဲ့ အခါ စာတွေကို သေချာ မဖတ်ဘဲ Next Next Next ကို နှိပ်ပြီး Install ပြုလုပ်တတ်ကြပါတယ်..။
ဥပမာ Babylon လိုမျိုး Toolbar ပေါ့ ဆော့ဝဲလ် တိုင်းလိုလို မှာ Baby Toolbar ပါလာတတ်ပါတယ် .. ကိုယ်က စာကို သေချာ မဖတ်ဘဲ Next နဲ့ Install လိုက်တော့  Browser တွေ Startup တွေမှာ ကိုယ်မသိလိုက်ဘဲ အော်တိုမက်တစ် နေရာယူလိုက်ပါတော့တယ် .. ဒီလိုနဲ့ ကြာလာတော့ Startup မှာ မလိုအပ်တဲ့ Program တွေ များလာပြီး ဝင်းဒိုး ဟာ တော်တော် နဲ့ တတ်မလာတော့ပါဘူး ... ဒါကတော့ ဝင်းဒိုး တတ်တာ ကြာတယ် ဆိုတဲ့ အကြောင်းပေါင်းများစွာထဲက တခုပါ တခြားအကြောင်းရင်း တွေလဲ ရှိနိုင်ပါသေးတယ်.... ဝင်းဒိုး အတတ်မြန်အောင် လုပ်တဲ့ နည်းလမ်းတွေ ဆော့ဝဲလ် တွေ အများကြီးထဲက မသိသေးသူတွေအတွက် ကျနော် သိသလောက်လေး မျှဝေလိုက်ပါတယ်...။

Start >> Search box မှာ msconfig ကိုရေးထည့်ပြီး Enter ခေါက်ပါ .. System Configuration ဆိုတဲ့ Box တခု တတ်လာရင် Startup Tab က မလိုအပ်တဲ့ Program တွေရဲ့ ရှေ့မှာ အမှန်ခြစ်လေးတွေ ဖြုတ်ပြီး  Apply , OK  ပြီးရင် စက်ကို Restart ပေးလိုက်ပါ...။

ဒါမှမဟုတ်.. ခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ် လေးကို Run ပြီး  Do a system scan and save a logfile ကို နှိပ်ပါ ကွန်ပြူတာထဲက ရှိသမျှ Service List တွေ ထွက်လာရင် ကိုယ်မလိုချင်တဲ့ Program တွေရဲ့ ရှေ့မှာ အမှန်ခြစ် လေးတွေ တပ်ပေးပြီး Fixed Checked ကိုနှိပ် ... စက်ကို Restart ပေးလိုက်ပါ..။ ကဲ ဘာပဲပြောပြော ဝင်းဒိုးပြန်တတ်လာရင် အရင်တုန်းကလောက် မစောင့်ရတော့တာ ကို တွေ့ရမှာပါ...။ (မသိသေးသူများအတွက် ရည်ရွယ်ပါတယ်ခင်မျာ)

ဒီ ဆော့ဝဲလ် လေးက  Startup တခုထဲ အတွက် မဟုတ်ဘဲ တခြား ဖျူးချားလ် များစွာ ပါဝင်ပါသေးတယ်..။


Download Hijack This

အဆင်ပြေကြပါစေဗျာ...။

ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)မှကူးယူဝေမျှပါသည်။

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio