Monday, 16 April 2012

ကွန်ပျူတာကို ပုံမှန် ကလေး လုပ်ပေးသင့်တဲ့အချက်များ

ကိုယ့် ကွန်ပျူတာကို မြန်အောင် လုပ်တဲ့ နေရာ မှာ software တွေ အကူ အညီနဲ့ မြန်အောင်လုပ်တာတွေ ရှိသလို regedit ပိုင်းတွေ ကနေပြီးတော့ ၀င်ပြင် လိုက် ပြီးတော့ မြန်အောင် လုပ်တဲ့ နည်းတွေ အများကြီးရှိပါတယ်...အခု ကျွန်တော် ပြောမယ့် နည်းလမ်းကလေးကတော့ ကွန်ပျူတာမှာ ပါ တာ ကလေး တွေ ကိုပဲ သုံးပြီးတော့ လုပ်တာပါ .. ရိုးရိုးလေး တွေ ချည်းပါပဲ ... အဲဒီ့ အချက်တွေကို မှန်မှန် ကလေး သာလုပ်ပေးပါ... ကိုယ့် ရဲ့ကွန်ပျူတာ ကိုအဆင်ပြေပြေ သုံးရတာပေါ့ ..


၁။ disk cleanup ပြုလုပ်ခြင်း


disk space ကို ရှင်းရှင်းလင်းလင်း ကလေး ထားမယ်ဆိုရင် ကိုယ် ကွန်ပျူတာရဲ့ performance ကို မြှင့်တင်နှိုင်ပါတယ် ...ကိုယ့် ကွန်ပျူတာရဲ့ disk space ကို ရှင်းမယ်ဆိုရင်တော့
disk cleanup လုပ်ပြီးတော့ ရှင်းလင်းနိုင်ပါတယ် ...
ရိုးရိုးတမ်းတမ်း ကလေးလုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk cleanup ဆိုပြီးတော့ သွားနိုင်ပါတယ် .. အဲဒီ့လို disk cleanup လုပ်
ရင် ကိုယ် ဖျက်ခင်တဲ့  file ကလေးတွေ ကို ဖျက်ခိုင်းဖို့ အတွက် သူက choose ခိုင်းပါတယ် ... ဘာတွေ ကို ကိုယ့် အနေနဲ့ ဖျက်ချင်သလဲ ..ဘာတွေက ကိုယ် အတွက် အရေး မကြီးဘူးလဲ ဆို
တာကလေးကို ရွေး ရမှာပါ .... ကျွန်တော့်  အနေနဲ့ ကတော့


temporary Internet files.
downloaded program files
Empty the Recycle Bin
Windows temporary files


အဲဒီ့ အပေါ် ကနေရာကလေး တွေကို check ပေးပြီးတော့ ဖျက်လိုက်ပါ ။။
**internet temporary file တွေကတော့ ကိုယ့် သွားခဲ့ တဲ့ webpage (browser cache ) တွေကိုမှတ်ထားတဲ့ အတွက်ကြောင့် ပိုပြီးတော့ များနိုင်ပါတယ် ....


၂။ data တွေကို မြန်မြန် ကလေး သုံးနိုင်အောင်

ဒါကတော့ Disk fragment ကို လုပ်တာပါ ..Disk fragment လုပ်ခြင်းဖြင့်လည်း ကိုယ့် ရဲ့ ကွန်ပျူတာကို performance ကို မြှင့်တင်နိုင်ပါတယ် .... Disk fragment လုပ်ထားမယ်ဆိုရင်ကွန်ပျူတာရဲ့ response လုပ်တဲ့ အချိန်တွေကို မြန်စေမှာပါ...ရိုးရိုးတမ်းတမ်းကလေးလုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk defragmenter ဆိုပြီးတော့ လုပ်နိုငပါတယ် ...အဲဒါကလေးကို ဖွင့်ပြီးသွားပြီဆိုရင်တော့ အရင်ဆုံး ကိုယ်လုပ်မယ့် disk ကို analyze လုပ်လိုက်ပါ.. ပြီးရင်တော့ fragment လုပ်လိုက်ပါ .. ရပါပြီ.. ဒါပေမယ့် window က ပါတဲ့ defragment လုပ်တာတွေ က ကြာတော့ကြာပါတယ် ... disk derag ကို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့ အတွက် သူ့ အတွက် သီးသန့် ဆိုပြီးတော့ လုပ်ထားတဲ့ software တွေလည်းရှိပါတယ်... အဲဒါကလေးတွေကို သုံးပြီးတော့ လုပ်ရင် လည်းရပါတယ် .. defrag လုပ်ပြီးလို့ ကိုယ် က သူ ဘယ် file တွေကို စီလိုက်သလဲ ဆိုတာကို ကြည့်ချင်တယ်ဆိုရင် View Report ကို ကြည်နိုင်ပါတယ် ခင်ဗျာ .....


၃။ Disk Error များကို ရှာဖွေခြင်းး ပြု ပြင်ခြင်း


အပေါ်မှာ ပြခဲ့တဲ့ disk cleanup နဲ့ disk defrag လုပ်တာတွေကို ကွန်ပျူတာရဲ့ performance ကို optimize လုပ်ပေးတာလေးပါ။..အခု ကတော့ ကိုယ် အနေနဲ့ စက်ထဲမှာ ဖြစ် ပေါ်လာတဲ disk error တွေကို စစ်ဆေး
ပြီးတော့ ဖြေရှင်းတာပါ.. ကိုယ် ရဲက ကွန်ပျူတာမှာ ဆိုရင် Hard drive မှာ bad sectors တွေ ဖြစ်ပေါ်လာနိုင်ပါတယ် ... Bat sector တွေ များလာရင် ကိုယ့် ကွန် ပျူတာကို အနည်းနဲ့ အများ လေး စေ ပါတယ် ...နောက်ပိုင်းမှာ ကိုယ့်ရဲ့ Hard drive မှာ Bad sector တွေက များလာပြီဆိုရင်တော့ Hard drive ရဲ့ ကျန်းမာရေး ကို ထိခိုင်လာနိုင်ပြီးတော့ Hard drive မှာ မီးအကြာကြီးလင်းနေတာတွေ ဘာတွေဖြစ်လာ .. နောက်ပိုင်းဆို ပိုပို ဆိုးလာပါတယ် ... အဲဒါကြောင့် ကိုယ့် အနေနဲ့ စစ်ဆေး ပြီးတော့ bad sector တွေများလာတာတွေကို ဖြေရှင်း ခိုင်း ထားတာ ပို ကောင်းမှာပါ ... အဲဒါကို ဘယ် လို စစ်မလဲ .. Error Checking utility ဆိုတာကို လုပ်ထားပြီးတော့ စစ် ဆေး နိုင်ပါတယ် ... အဲဒီမှာ ကိုယ့်အနေနဲ့ ဘယ် လို စစ်မလဲ .. ဘယ် drive ကို စစ်မလဲ ဆိုတာကို ရွေးချယ်ပေးရပါ့မယ် ... တနေ့ကို တစ်ရက် ကို တစ်ခါဆိုရင်တော့ နဲနဲ အလုပ်ရှုပ်နိုင်ပါတယ် .. ကွန်ပျူတာ စဖွင့်ဖွင့်ခြင်း ကို အပြာရောင် screen နဲ့ စစ်နေမယ် နဲနဲတော့ကြာတာပေါ့။။ စောင့်နေရမယ် .. အဲဒီ့တော့ တစ်ပါတ် တစ်ခါလောက်ဆိုရင်တော့ သင့် တော်မယ်ထင်ပါတယ် ...ကဲ ဒါဆို Error Checking ကို ဘယ်လို ဖွင့်မလဲ.. အရင် ဆုံးဖွင့်ထားတာတွေ အားလုံးကို ပိတ်လိုက်ပါ.. ကွန်ပျူ တာပါဘူးနော် :D ... program တွေကို ပြောတာပါ... ဖွင့်ပြီးပြီဆိုရင်တော့ .

My computer ကို ဖွင့်လိုက်ပါ။
ပြီးရင်တော့ ကိုယ် စစ်ချင်တဲ့ drive ကို Right click ထောက်လိုက်ပါ..
ပြီးရင် properties ကို သွားလိုက်ပါ .. သွားပြီးပြီ ရောက်ပြီဆိုရင်တော့ ...
အဲဒီ့မယ် အဲဒီ့ drive ရဲ့ properties dialog box ကလေး ပေါ်လာပါ့မယ်။။
ပြီးရင် Tool tab ကို သွားလိုက်ပါ ..
အဲဒီ့ ကို သွားလိုက်ပြီဆိုတာနဲ့ Error checking ဆိုတာကို တွေ့မှာပါ..တွေ့ ရင် Check Now ဆိုတာကလေးကို ပေးလိုက်ပါ...
အဲဒီ့ အခါ ကျရင် dialog box ကလေး နောက်တစ်ခု ပေါ်လာပါ့မယ် ..ပြီးရင်တော့
အဲဒါလေးထဲက Scan for and attempt recovery of bad sectors ဆိုတာကလေးကို Check ပေးလိုက်ပါ .. ပြီးရင်တော့ start ကို ပေးလိုက်ပါ ..
ပေးလိုက်ရင် သူ့ဘာသာ သူ စစ်ပါလိမ့်မယ် .. စစ်ပြီးရင် Bat sectors တွေ့ပြီဆိုရင် တော့ Fix ပေးလိုက်ပေါ့ ..
.Automatically fix file system errors ဆိုတာကို တော့ ကိုယ့် ရဲ့ကွန်ပျူတာ ထဲမှာ Bad sectors တွေများနေတယ်ထင်ရင် ပေးထားလိုက်ပါ .. သူဘာသာ စစ်ပြီးတော့ ဖြေရှင်းပေးပါလိမ့်မယ် ။။။

၎ ။ အမှိုက် ရှင်းလင်း ခြင်း

အခု နည်းက တော့ ကွန်ပျူ တာမှ အမှိုက် တွေ ဖြစ်နိုင်တဲ့ နေ ရာ တွေ ကို သွားပြီးတော့ ရှင်းတာပါ ...
အဲဒါ ကလေးတွေ ရှင်းခြင်းအားဖြင့်လည်း ကွန်ပျူတာကို အနည်း ငယ် သွက် လက် စေပါတယ် .. အောက်က နေရာကလေးတွေကို သွားရှင်းလိုက်ပါ ခင်ဗျာ..

ပထမဆုံး start => run ကို သွားလိုက်ပါ ..

ပြီးရင် prefetch ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

ပြီးရင် start => run = > recent ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

ပြီးရင် start => run = > %temp% ( %tmp% ) ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..


ပိုပြီးတော့ဖျက်ချင်သေးတယ်ဆို ဒီမှာဖျက်နည်းတွေပါ။တင်ပြီးသားမိုလို့ပြန်မရေးတော့ဘူးနော်။သွားကြည့်လိုက်ပါနော်။

အခု အပေါ် က နည်း ကလေးတွေ ကို ပုံမှန် ကလေး ကွန်ပျူတာမှာ ပြုလုပ်ပေးသင့်ပါတယ် .. ဒါမှ ကွန်ပျူ တာအနေ နဲ့ ရှင်းရှင်းလင်းလင်း နဲ့ သွက် သွက် လက်လက်ကလေး ဖြစ်ပြီးတော့ သုံးရတာ အဆင် ပြေ တာပေါ့ .. အဆင်ပြေပါစေဗျာ ... အဆင် မပြေတာကလေးတွေ ရှိရင်လည်း မန့် ခဲ့ နိုင်ပါတယ် ...

"The Lady" ရုပ်ရှင်ဇာတ်ကားကို HD Quality ဖြင့် အစအဆုံး ကြည့်ရှုနိုင်ပါပြီ

"The Lady" ဇာတ်ကားကိုကြည့်ရှုရန် ဒီနေရာကိုနှိပ်ပါ
နိုင်ငံတကာမှာရုံတင်ပြသပြီးပေမယ့်..မြန်မာနိုင်ငံမှာ..ခုချိန်ထိပြသနိုင်ခြင်းမရှိသေးတဲ့....ဒေါ်အောင်ဆန်းစုကြည့်ရဲ့အကြောင်းကိုရိုက်ကူးထားသော " The Lady " ရုပ်ရှင်ဇာတ်ကားကို Online ကနေ HD Quality ဖြင့်ကြည့်ရှုနိုင်ပါပြီ။ ကြာမြင့်ချိန် (132) မိနှစ်ခွဲရှိပြီး..Download ဆွဲမယ်ဆိုရင်တော့ (396.62)MB ရှိပါမယ်။ကိုသစ်ထူးလွင်ဆိုဒ်ကပါ။

Memory Stick Lock



Memory Stick Lock Software လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော် တော်တော်လေးမိုက်တယ်ဗျ ကျွန်တော် ရှာနေတာတော်တော်ကြာပါပီ ဘာလုပ်တဲ့ Software လည်းဆိုတော့ lock လုပ်တဲ့ Software လေးပါပဲ ကိုယ်ပိုင် Memory Stick တွေကို Lock ချထားလို့ရပါတယ် တစ်ချို့ Lock ချလို့ Software တွေအများကြီးရှိပါတယ် ဒါပေမယ့် ကိုယ့်ကွန်ပျူတာမှာပဲ ရတာလေ ဒါပေမယ့် တခြားကွန်ပျူတာနားလည်းရောက်သွားရောအကုန်ပွင့်နေရောလေ ဒီ Lock လေးကတော့အဆင်ပြေတယ်ဗျ အဲ့လိုမဖြစ်ဘူး ကြိုက်တဲ့ကွန်ပျူတာမှာ သွားထိုးလိုက်ပါ Lock လေးကတော့ပါသွားမှာပါ Password ကိုမေ့သွားရင်တော့ ကျွန်တော်မပါဘူးနော် Download လုပ်လို့ရပါတယ် Key လေးပါ ပါပါတယ် ကျွန်တော် တော်တော်များများကို အဆင်ပြေစေခြင်လွန်းလို့ Google Docs ကနေပဲတင်ပေးလိုက်ပါတယ် ။အဆင်ပြေကြပါစေဗျာ ။

ကွန်ပျုတာကို မြန်စေမဲ့ နည်းလမ်း(၆) မျိုး

ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီးပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကိုနည်းနည်း ပေါ့ပေါ့လေးဖြစ်သွားအောင် အမှိုက်တွေကို ရှင်းလင်းမယ့် နည်းလမ်း(၆)ခုပါ။ သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ အတိုင်းအတာတခုလောက်ထိ အကျိုးရှိထင်ပါတယ်နော်။
       ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။ အဲဒီ Run box မှာပဲ
၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၆။eventvwr ရိုက်  ပေါ်လာတဲ့ထဲက Application ကို Click ပြီးရင် clear all events ကို Click,နောက်ပြီး System ကို Click
   ပြီးရင် clear all event ကို Click ပါ။
         အဲ့လိုမျိုး ဖျက်ပြီးရင် Recycle Bin ထဲသွားပြီး(Ctrl+A)နှိပ်ပြီး (Shift+Delete) နဲ့ဖျက်ပစ်လိုက်ပါ။
         အဲ့လိုမျိုးလေး လုပ်ပြီးရင် ကွန်ပျူတာ သုံးရတာ အရင်ကထက် ပိုပြီးပေါ့သွားပါလိမ့်မယ် ခင်ဗျာ။
              အဆင်ပြေကြပါစေ နော်.....

ဟာသလေးတွေပါ :) ၅ :)

သူ့လုပ်စာ

“လူတစ်ယောက် ကားတိုက်ပြီး သေဆုံးသွားသဖြင့် သူ့ဇနီးမှာ လျော်ကြေးငွေ
အမြောက်အမြား ရရှိသွားလေသည်။
“ဘုရားသခင် ကျေးဇူးတော်ပဲ။ သူသေမှပဲ သူ့လုပ်စာ စားရတော့တယ်”


လွတ်လပ်ရေးနေ့

“လွတ်လပ်ရေးနေ့ဟာ ဘယ်နေ့လဲ ကိုကို”
“မင်းရဲ့ မိဘတွေဆီ မင်းအလည်ပြန်တဲ့နေ့မှန်သမျှ ငါ့အတွက်
လွတ်လပ်ရေးနေ့တွေချည်းပါပဲ မိန်းမရယ်”


တက်လမ်း မရှိလို့

“ကုမ္ပဏီဥက္ကဌရာထူးပေးတာကို မင်းဘာဖြစ်လို့ ငြင်းရတာလဲ”
“တက်လမ်းမှ မရှိတော့တာ”



မိုးရွာမှ ကျတာ

“အိမ်ခေါင်မိုးပေါ်က ရေတွေဟာ ဒီလိုပဲ အမြဲကျနေမှာလား”
“အမြဲမကျပါဘူး၊ မိုးရွာမှ”


မငိုပါနဲ့

“တရားသူကြီးသည် တရားခံကို ကြင်နာစွာမေးမြန်းလိုက်သည်။”
“အရင်က ထောင်ကျခဲ့ဖူးလား”
“ဟင့်အင်း၊ တစ်ခါမှ မကျဖူးပါဘူး တရားသူကြီးမင်းရယ်၊ အဟင့် အဟင့်”
“အေး-မငိုနဲ့ တိတ် တိတ်၊ အခုပဲ အဲဒီကို သွားရတော့မယ်ဟာ”

အလုပ်ကြိုးစားသူ

“မင်းဟာ တစ်ပတ်အတွင်း ရှစ်ကြိမ်တောင် ဖောက်ထွင်းမှု ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါလား”
“ဟုတ်ပါတယ် တရားသူကြီးမင်း။ နေ့မအား ညမအား အလုပ်လုပ်ခဲ့တာပါ။ လူတိုင်း
ကျွန်တော့လိုသာ အလုပ်လုပ်ကြရင် အားလုံးကြွယ်ဝကြမှာ မလွဲပါဘူး”

ရှိစေရမယ်

“ကျွန်မတို့ လက်ထက်ပြီးတဲ့အခါ ရှင့်မှာရှိတဲ့ သောကတွေ ဒုက္ခတွေကို
မျှဝေခံစားပေးပါမယ်”
“ကိုယ့်မှာ သောကတွေ ဒုက္ခတွေမရှိပါဘူး”
“အင်း-ကျွန်မနဲ့လက်ထက်ပြီးရင် ရှိလာစေရမယ်”

မအိပ်ကြသေးဘူး

“နင့်ခင်ပွန်းဟာ အိပ်ရင်ဟောက်တတ်သလား”
“ငါဘယ်သိအုံးမလဲ။ လက်ထက်တာမှ ငါးရက်ပဲရှိသေးတာ”

သူ့နေရာနဲ့သူ

“မင်းတို့ဟိုတယ်မှာ ရေပူနဲ့ရေအေးရသလား”
“နွေရာသီမှာ ရေပူရပြီး ဆောင်းရာသီမှာ ရေအေးရပါတယ်ခင်ဗျာ”

မဝေခွဲနိုင်သေးပါ

“ခင်ဗျား ဘယ်သူလဲ”
“ငါဟာ မင်းမိန်းမကို လူ့လောကကြီးထဲရောက်အောင် မွေးဖွားပေးခဲ့တဲ့
ဆရာဝန်တစ်ယောက်ပေါ့”
“အင်း-ဒါဆို လူကြီးမင်းကို ကျေးဇူးတင်ရကောင်းမလား။
နှာခေါင်းရိုးကျိုးအောင် ထိုးပစ်ရကောင်းမလား ဝေခွဲမရသေးဘူး”

အကြောင်းသိမို့

“ခုနက အရက်ဗန်းကိုင်ပြီး လျှောက်သွားနေတဲ့ ခပ်ချောချော ကောင်မလေး ဘယ်မှာရှိမလဲ”
“ရှင်က အရက်ထပ်လိုချင်နေလို့လား”
“ဟင့်အင်း၊ ကျွန်မယောက်ျား ဒီပါတီပွဲမှာ ပျောက်နေလို့”

ပလေတို နဲ့ ဆိုကရေးတီး ပြောတဲ့ (အချစ် + လက်ထပ်ခြင်း + တိတ်တိတ်ပုန်း + ဘ၀)

ပလေတို နဲ့ ဆိုကရေးတီး ပြောတဲ့ (အချစ် + လက်ထပ်ခြင်း + တိတ်တိတ်ပုန်း + ဘ၀)

တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို "အချစ်ဆိုတာ ဘာလဲ"လို့
မေးသတဲ့။
ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက် သွားစေပြီးသွားရာလမ်းတစ်လျှောက်မှာ "အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခု"ကိုခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့
ဂျုံခင်းထဲဝင်ခဲ့တယ်။
နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီးနောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကိုကျွန်တော်တွေ့ခဲ့ပါတယ်။



ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး
မခူးခဲ့ဘဲဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှလက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်" လို့ ပြောတော့

ဆိုကရေတီးက "အဲဒါ..အချစ်" လို့ ပြောပြခဲ့တယ်။
တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို "လက်ထပ်ခြင်းဆိုတာ ဘာလဲ"လို့ မေးပြန်သတဲ့။ဆိုကရေတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီးသွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့
"အကောင်းဆုံး ထင်းရူးပင် တစ်ပင်"ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင်
ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။

နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့
ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

"ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေတီးက မေးတော့
"တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း
မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ
ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။

ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ" လို့
ပြောတော့ဆိုကရေတီးက "အဲဒါ လက်ထပ်ခြင်း" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို "တိတ်တိတ်ပုန်း''ဆိုတာ ဘာလဲလို့
မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။

ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ "အလှဆုံး ပန်းတစ်ပွင့် "ကို ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။
(၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

"ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေတီးက မေးတော့
"၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို
ကျွန်တော်တွေ့ပြီးခူးလာခဲ့တယ်။

အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့
ပြောတော့ ဆိုကရေတီးက "အဲတာ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။

တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။
ဆိုကရေတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။

ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး
သွားရာလမ်းတစ်လျှောက်မှာ "အလှဆုံး ပန်းတစ်ပွင့် "ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။
သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့

တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

"အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး
"ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။

"ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ"

"ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။
ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီးသူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ် ရှာတော့မယ်။

ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ"

"အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေတီးက ပလေတိုကို
ပြောခဲ့တယ်။

Saturday, 14 April 2012

ဘုရားရှစ်ခိုးရခြင်းအကျိုး(၉)ပါး

ဘုရားရှစ်ခိုးတယ်ဆိုတာ ကမ္မဋ္ဌာန်းတရား(၄၀)အနက်
ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းဖြစ်တယ်ကွယ့်။
ဗုဒ္ဒနုဿတိ ကမ္မဋ္ဌာန်းဆိုတာ ဘုရားရှင်ရဲ့ဂုဏ်တော်ကို
စိတ်ဖြင့် အဖန်တလဲလဲ ဆင်ခြင်ခြင်းကို ဆိုလိုတာပဲ။
သို့သော် ဗုဒ္ဓဂုဏ်တော်ဆိုတာ အလွန်နက်ရှိုင်းတယ်။
ဂုဏ်တော်ကို မကျက်မှတ် မရွတ်ဆိုဘဲ စိတ်ဖြင့်ဆင်ခြင်ဖို့ မလွယ်ကူဘူး။
ဒါကြောင့် ဘုရားရှင် ဂုဏ်တော်တွေကို ဦးစွာရအောင်ကျက်မှတ်ရတယ်။
ကျက်မှတ်ပြီးတော့ နှုတ်ကရွတ်ဆိုရတယ်။
နှုတ်ကရွတ်ဆိုရင်း စာမှာပါဝင်တဲ့ ဂုဏ်တော်ဆင်ခြင်တာကို
ဘုရားရှစ်ခိုးတယ်လို့ခေါ်တယ်။

ဂုဏ်တော်ကို ဆင်ခြင်ရင်း ဘုရားရှစ်ခိုးရခြင်းဟာ အလွန်အကျိုးများပါတယ်။
ဂုဏ်တော်ဆင်ခြင်ရတဲ့အကျိုးတွေကို ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ(ပ)၂၀၆-မှာ
သည်လိုပြထားသကွယ့်-
၁။ ဘုရားရှင်၌ ရိုသေခြင်း၊ တုပ်ဝပ်ကျိုးနွံခြင်းရှိတယ်။
၂။(က) ရတနာသုံးပါး၌ ယုံကြည်မှု၊ ကံ-ကံ၏အကျိုး၌ ယုံကြည်မှု
          သဒ္ဓါတရားတိုးပွားလာတယ်။
    (ခ)  အမှတ်သတိကောင်းလာတယ်၊ မမေ့မလျော့ဘူး၊
          မရူးသွပ်နိုင်ဘူး၊ စိတ်ရောဂါ မဖြစ်နိုင်ဘူး။
    (ဂ) ဉာဏ်ပညာထက်မြက်လာတယ်၊ ဉာဏ်ထက်မြက်လာလို့
          စာကျက်လျှင် ရလွယ်တယ်။ စာကြည့်လျှင် မှတ်မိလွယ်တယ်။
(ဃ) ကောင်းမှုတရား တိုးပွားလာတယ်၊ ခန္ဓာကိုယ်တွင်းမှာ
       ကုသိုလ်တရားတွေ ပွးများလာတယ်။
၃။ (က) နှစ်သက်ခြင်းပီတိတရား ဖြစ်ပွားလာတယ်။
     (ခ)  နှစ်သက်ရုံမက ၀မ်းသာခြင်း ပါမောဇ္ဇတရားလည်း တိုးပွားလာတယ်။
၎။ (က) ဘေးကြီးဘေးငယ် ရန်ကြီးရန်ငယ်တို့ကို နှိမ်နင်းနိုင်တယ်။
မဟာရာဇ၀င်မှာလာတဲ့ မိဖုရားစောလုံဟာ ဘုရားဂုဏ်တော်
ထုံထားတော့ မီးမလောင်ဘူး၊ ကောသလမင်းရဲ့ မိဖုရားကို
မီးပုံတွင်းပစ်ချတော့ တောက်လောင်နေတဲ့မီးဟာ ငြိမ်းရတယ်။
ဒါကြောင့် ဘုရားရှင်ရဲ့ ဂုဏ်တော်ဟာ ဘေးရန်အန္တရာယ်ကို
သည်းခံနိုင်စွမ်းရှိတယ်။
(ခ) အကယ်၍ ဘေးရန်အန္တရာယ်နှင့် မလွှမရှောင်သာကြုံဦးတော့
 ကြုံလာတဲ့ ဘေးရန်အန္တရာယ်ကို သည်းခံနိုင်စွမ်းရှိတယ်။
၅။ မိမိကိုယ်ကို ဘုရားဂုဏ်တော်နှင့် ထုံထားတော့ ဘုရားရှင်နှင့်အတူ
    နေရသလို အမှတ်ရတယ်။
၆။ မိမိခန္ဓာကိုယ်ဟာ စေတီအိမ်လိုဖြစ်ပြီး လူနတ်ဗြဟ္မာတို့ရဲ့
    ပူဇော်ခြင်းကို ခံယူထိုက်တယ်။
၇။ ဘုရားဂုဏ်တော်ကို အာရုံပြုရင်း ဘုရားရှင်ရဲ့ ဂုဏ်တော်များ
     ဤမျှကြီးကျယ် ခမ်းနားလှပါကလား၊ ငါလည်းဤသို့သော
     ဂုဏ်ပိုင်ရှင် ဘုရားဖြစ်ရန် စိတ်ညွှတ်နိုင်တယ်။
၈။ လွန်ကျူးအပ်တဲ့ ဒုစရိုက်မှုနှင့် မရှောင်သာမကွင်းသာ တွေ့ကြုံ
    သည့်တိုင်အောင် မိမိမျက်မှောက်မှာ ဘုရားရှင်ကို မြင်ရသလို
    ဖြစ်ပြီး အရှက်အကြောက်ပေါ်လာကာ ဒုစရိုက်က ရှောင်လွှဲနိုင်တယ်။
၉။ အထက်မဂ်ဖိုလ်နိဗ္ဗာန်ကို မထိုးထွင်းမသိမြင်နိုင်စေကာမူ
    သေသည်ရဲ့အခြားမဲ့မှာ ဒုဂ္ဂတိဘ၀ကို မလားနိုင်ဘူး၊
    သုဂတိဘ၀ကိုသာ လားရောက်ဖို့ရှိတယ်။
ဘုရားရှစ်ခိုးရတဲ့အကျိုးဟာ ယခုဘ၀မှာပင် ခံစားနိုင်တဲ့ အကျိုးစိတ်
(၁၃)ပါး ရှိတယ်။ သည်(၁၃)ပါးကို တူရာပေါင်းလိုက်လျှင် ပစ္စုပ္ပန်
ဘုရားရှစ်ခိုးရကျိုး ရှစ်ပါးရှိတယ်။ နောင်ဘ၀ သုဂတိလားရတဲ့အကျိုးတစ်ပါး
ထည့်လိုက်လျှင် ဘုရားရှစ်ခိုးရတဲ့အကျိုးဟာ ကိုးပါးရှိတယ်ကွယ့်
(ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ(၂)၊
ထီးချိုင့်မြို့၊တည်တောဆရာတော်၊နှာ-၁၉၊၂၀၊၂၁)
                                                                  မာလာထွေး

GTALK တွင်ပုန်းနေသူများ သတိထားဖို့ 




ကိုယ် ဘယ်နိုင်ငံ၊ ဘယ်နေရာကနေ အင်တာနက်သုံးနေတာကို မသိစေချင်သူများဒါမှမဟုတ်
တဖက်လူ ဘယ် နိုင်ငံ၊ ဘယ် နေရာက အင်တာနက် သုံးနေတယ်ဆိုတာ သိချင်ရင်တော့ G-Talk ကနေ Call ခေါ်လာလိုက်ရင် ကိုယ့်ရဲ့ IP Address နဲ့ တဖက်ရဲ့ IP Address ကို အလွယ်တကူ သိနိုင်ပါတယ်။
ယခုခေတ်မိန်းကလေးများ သက်ဆိုင်သူ ယောင်္ကျားလေးများ အင်တာနက် အသုံးပြုနေသည့်နေရာကို အလွယ်တကူ သိရှိနိုင်မှာပါ။


ကိုယ်က ဘယ်နိုင်ငံ၊ ဘယ်နေရာက သုံးတယ်ဆိုတာ မသိချင်သူများကတော့ တဖက်က G-Talk ကနေ Call (အသံနဲ့ စကားပြောခေါ်ဆိုခြင်း) ကို လက်မခံလိုက်ပါနဲ့။ လက်ခံ လိုက်ရင်တော့ သင် ဘယ်နေရာကနေ အင်တာနက် သုံးနေ တယ် ဆိုတာ တဖက်လူက ခြေရာခံမိသွားနိုင်ပါတယ်။
တဖက်လူရဲ့ IP Address ကို သိချင်ရင်တော့ G-Talk ကနေ တဖက်လူကို Chatting လုပ်ပြီအသံနဲ့စကားပြောဖို့ Call ကိုခေါ်ရမှာဖြစ်ပါတယ်။ဒါအတွက် ပထမဆုံးကတော့ G-talk ရဲ့ အောက်မှာ အနီဝိုင်းပြထားတဲ့ Setting ကို အရင် Click လုပ်ပြီး အရင်သွားလိုက်ပါ။

ဒါဆိုရင် အောက်ကလို Box ကလေး တခု ပေါ်ထွက်လာမယ်။ အဲဒီမှာ Connection ဆိုတဲ့ မှင်နီဝိုင်းပြထားတာကို ရွေးပြီး ကလစ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်းလေး ဖြစ်နေစေရပါမယ်။ အဲဒီမှာတော့ နောက်ထပ်မှင်နီ အကြီးနဲ့ ၀ိုင်းထားတဲ့ Start Monitor ကို ကလစ်ပေးလိုက်ပါ။
 
အပေါ်ကပြောတဲ့အတိုင်းလုပ်ပြီးရင်တော့ ဒါဆိုရင်တော့ အောက်မှာ မြင်ရတဲ့ မှင်နီဝိုင်းထားတဲ့ Connection Monitor ဘောက်စ်ကျလာပါမယ်။ အဲဒီအနေအထားရှိနေပြီ ဆိုရင် တဖက်လူနဲ့ Chatting လုပ်နေရင်းက သူ့ရဲ့ IP Address ကို သိဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။
 
ကိုယ်နဲ့ Chatting Box ကနေ စကားသံနဲ့ ပြောဖို့ အောက်မှာ မှင်နီပြထားတဲ့ Call ဆိုတာကို ခေါ်ရပါမယ်။ တဖက်လူက လက်ခံလိုက်သည်အထိ ခေါ်လိုက်ပါ။
 
တဖက်လူက လက်ခံလိုက်ပြီဆိုရင်တော့ အောက်မှာပြထားသလို Connection Monitor ဘောက်စ်ထဲမှာ တဖက်လူရဲ့ IP Address နံပါတ်တွေ ပေါ်လာပါပြီ။
 
သင်မြင်နေရတဲ့ တဖက်လူရဲ့ မှင်နီဝိုင်းပြထားတဲ့ IP Address ကို သေချာကူးယူပြီး Google ထဲကနေ IP address locator ကိုသွားရပါမယ်။ ပြီးရင် အောက်မှာ ပေါ်လာတဲ့ ဘောက်စ်ပေါ်လာမယ်။ အောက်မှာ မှင်နီဝိုင်းပြထားတဲ့ ဗလာအကွက်ဖြစ်နေတဲ့ Google custom search ဆိုတဲ့ နေရာမှာ မှတ်ထားတဲ့ IP address ကို ရိုက်ထည့်လိုက်ပါ။ပြီးရင် မှင်နီဝိုင်းပြထားတဲ့ Search ဆိုတာလေးကိုကလစ်လိုက်ရင် နောက်ထပ်ဘောက်စ်တခု ကျလာပြီး တဖက် လူဟာ ဘယ်နိုင်ငံ၊ ဘယ်ပြည်နယ်၊ ဘယ်နေရာကနေ သုံးတယ်ဆိုတဲ့ အသေးစိပ် အချက်အလက်တွေကို မြင်သိရ ပြီဖြစ်ပါတယ်။
 
ချွင်းချက်အနေနဲ့ တဖက်လူက IP address ကို ပုန်းထား၊ ၀ှက်ထားလို့ရတဲ့ Software တခုခုကို သုံးထားရင်တော့ ထွက်ပေါ်လာတဲ့အချက်အလက်တွေက အမှန်မဖြစ်နိုင်ဘူးဆိုတာကိုတော့သိထားသင့်ပါတယ်။ များသောအားဖြင့် အဲဒီလို Hide your IP address ဆော့ဖ်ဝဲလ်သုံးလေ့သုံးထ မရှိတာများကြပါတယ်။
အိမ့်သံစဉ် ရေးသားသည် ။
ဧရာဝတီ ဘလော့ဂ်

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio