Monday, 22 October 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၂၂.၁၀.၁၂) မှ (၂၈.၁၀.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ


တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
အလုပ်အကိုင်ကောင်းနေခြင်း၊ စီးပွားတက်နေခြင်း၊ ရွှေဝင်ခြင်း၊ ကားဝင်ခြင်း၊ ပျော်ပွဲရွှင်ပွဲများမကြာခဏပြုလုပ်
ပေးခြင်း ၊ ပျော်ရွှင်သောခရီးသွားခြင်းများပြုလုပ်ပါ။ရွှေလက်ကောက်ဝင်ခြင်း၊နာရီဝင်ခြင်း၊ လက်အောက်ငယ်သား
ကောင်းများရောက်လာခြင်း၊ ငွေများစွာဝင်ခြင်း၊ လုပ်ငန်း တိုးချဲ့ရတတ်ခြင်း၊ အလုပ်နေရာပြောင်း ရတတ်ခြင်း၊
ကောင်းသောပြောင်းခြင်းဖြစ်သည်။


ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်တတ်သည်။

အချစ်ရေး။ စန်းအားကောင်းနေသည်။ မင်္ဂလာဆောင်ရန်စီစဉ်နေတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းညွန့် (၆)ညွန့်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၁ ၂ ၄ ၇)

တနင်္လာသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်စိတ်တိုင်းကျပြီးပျော်ရွှင်နေမည်။ မိမိဖြစ်ချင်သောကိစ္စများအားလုံးနီးပါးဖြစ်နေတတ်သည်။ငွေလည်းဝင်
သည်။ အလုပ်တွင် နာမည်ကောင်းရနေသည်။ဆွေမျိုးသား ချင်းများနှင့်ဆက်သွယ်မှုရနေသည်။ သားသမီးရှိ က
သားသမီး များ၏ကောင်းသတင်းကြားရတတ်သည်။ စိတ်မအားလူမအားဖြစ်နေသော်လည်းစိတ်ချမ်းသာနေ မည်။
အနုပညာနှင့်ပတ်သက်သောကိစ္စများပိုပြီးလုပ်ဖြစ်နေတတ်သည်။
ကျန်းမာရေး။ အကြောတက်ခြင်း၊ ခေါင်းမူးခြင်းဖြစ်နေတတ်သည်။

အချစ်ရေး။ မိမိ၏သားသမီးအရွယ်ကမိမိကိုစိတ်ဝင်စားခြင်းခံရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ခရေခက် (၁၅)ခက်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၂ ၃ ၅ ၈)

အင်္ဂါသားသမီးများ၏ကံကြမ္မာ
စိတ်များလေနေတတ်သည်။ အိုးသစ်အိမ်သစ်နေရာသစ်သို့ပြောင်းရွေ့ရတတ်သည်။ စိတ်ချမ်းသာမှုရမည်။ကောင်း
သောပြောင်းခြင်းဖြစ် သည်။ အလုပ်အတွက်ဘာလုပ်လျှင်ကောင်းနိုးနိုးဖြစ်နေတတ်သည်။ အလုပ်စိတ်တိုင်းမကျဖြစ်
နေတတ်သည်။ လူမပင်ပမ်းဘဲစိတ်ပင်ပမ်းနေတတ်သည်။ ၀င်ငွေမရှိဘဲထွက်ငွေများဆက်တိုက်ထွက်နေတတ်သည်။
တတ်နိုင်သလောက်ဘာသာရေးလုပ်ပြီးမေတ္တာများများပို့ပါ။ အင်တာဗြူးများတခုပြီးတခုဖြေနေရ တတ်သည်။
မကြာခင်အဆင်ပြေပါမည်။
ကျန်းမာရေး။ သွေးတိုးနေတတ်သည်။

အချစ်ရေး။ မိမိကိုစိတ်ဝင်စားသူရှိပြီး မိမိက စိတ်မ၀င်စားဘဲဖြစ်နေတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဇော်စိမ်းပန်း ( ၈) ခက်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၃ ၄ ၆ ၉)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
ဘာသာရေးနှင့်ပတ်သက်သောလုပ်ငန်းများလုပ်နေရတတ်သည်။ နိုင်ငံရပ်ခြားမှလက်ဆောင်ရခြင်း၊နိုင်ငံခြားခရီးသွား
ရန်ပြင်ဆင် ထားသူများနိုင်ငံခြားခရီးကောင်းခြင်းများဖြစ်တတ်သည်။ အလုပ်တွင်ဝင်ငွေပုံမှန်ဖြစ်နေမည်။ ငွေများ
လည်း ကုန်စရာများနေတတ်သည်။ ရာထူးတိုးခြင်းဖြစ်တတ်သည်။ အင်တာဗြူးဖြေဆိုစရာရှိလာသည်။ ရဲရဲသာဖြေ
ပါ။ အောင်မြင်မည်။ ဆွေမျိုးသားချင်းများကိုထောက်ပံ့ပေးရတတ်သည်။
ကျန်းမာရေး။ အကြောတက်နေတတ်သည်။

အချစ်ရေး။ ချစ်သူကသံသယများပြီးစွတ်စွဲခံရခြင်းများကြောင့်စိတ်ညစ်နေရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွက်လှ (၄)ခက်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၄ ၅ ၇ ၀)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အစိုးရနှင့်ပတ်သက်သောကိစ္စများနေ့စဉ်သွားလာနေရခြင်း၊ အလုပ်အတွက်စိတ်တိုင်းမကျခြင်းများဖြစ်နေတတ်သည်။
စိတ်မပျော်ရွင်ဘဲ အလုပ်နေရာပြောင်းရန် စိတ်ကူးနေတတ်သည်။ပြောင်းပါက အစစအရာရာအဆင်ပြေသွားမည်။
လူမျိုးခြားများ၏ကူညီမှုရမည်။ နိုင်ငံရပ်ခြားခရီး၊ပြည်တွင်းခရီးရှိသည်။ ထီပေါက်တတ်သည်။ ထီထိုးဖြစ်အောင်ထိုးပါ။
ကျန်းမာရေး။ စိတ်ပင်ပမ်း၊ လူပင်ပမ်းဖြစ်ပြီး အလိုမကျဖြစ်နေတတ်သည်။

အချစ်ရေး။ အထီးကျန်နေသောကြောင့်ဘ၀လက်တွဲဖေါ်ကောင်းအလိုရှိနေတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားဂန္ဓာအ၀ါရောင်( ၃)ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၆ ၈ ၁)

သောကြာသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောသတင်းကောင်းကြားရတတ်သည်။ အင်တာဗြူးဖြေဆိုရန်စောင့်နေရသည့်အချိန်ဖြစ်နေ
သည်။ ရွေလက်ကောက်ဝင်တတ်သည်။အလုပ်တွင် ၀င်ငွေပိုကောင်းလာတတ်သည်။အလှအပပစ္စည်းလက်ဆောင်ရ
တတ်သည်။ ရာထူးတိုးခြင်းဖြစ်တတ်သည်။ မိမိအလုပ်တွင်နာမည်ဂုဏ်သတင်းကြီးလာတတ်သည်။
ကျန်းမာရေး။ သွားဒုက္ခပေးသောကြောင့်သွားဆေးခန်းသွားရတတ်သည်။

အချစ်ရေး။ ဘာမဟုတ်သောကိစ္စကြောင့်စကားများရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားသပြေခက် (၆)ခက်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၆ ၇ ၉ ၂)

စနေသားသမီးများ၏ကံကြမ္မာ
အမိနိုင်ငံပြန်ရတတ်ခြင်း၊ နိုင်ငံခြားခရီးအားကောင်းခြင်းများဖြစ်တတ်သည်။ အလုပ်တွင်အထက်လူကြီးဆရာသမား
မ,စ ကိန်းရှိသည်။ ရာထူးတိုးခြင်း၊ လစာကောင်း ခြင်း၊ အပိုဝင်ငွေများရခြင်းများဖြစ်တတ်သည်။အခန်းပြောင်းရန်
အကြောင်းဖြစ် လာတတ်သည်။ အလုပ်နေရာပြောင်းရန်ဖြစ်လာလျှင်ပြောင်းပါကောင်းသောပြောင်းခြင်း ဖြစ်မည်။
လက်အောက်ငယ်သားကောင်းများကြောင့်အစစအရာရာအဆင်ပြေသည်။
ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်တတ်သည်။

အချစ်ရေး။ အနေဝေးသောကြောင့်မိမိကိုအဆင်အသွယ်ပြတ်တောက်သလိုဖြစ်နေတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နှင်းဆီ အနီ (၇)ခက်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၇ ၈ ၃ ၄)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)

ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ

ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း

ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး

ဖုန်း- 016 6903 513 , 018 2250 510

Sunday, 21 October 2012

WhatsApp Messenger For Andorid


andorid ဖုန်းအချင်းချင်း မက်ဆေ့ခ်ျ၊သီချင်း၊ဗွီဒီယို တွေ အပြန်အလှန် ပို့ လို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ။

ဂူဂဲလ်ပလေးမှဒေါင်းရန်

မူရင်းဆိုဒ်မှဒေါင်းရန်


iPhone,BlackBerry,Nokia S40,Symbian,Windows Phone တွေမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

အဆင်ပြေကြပါစေ....

Phone အလကား ပြောမယ် LINE 3.2 For Pc & Mobile


    Mobile     iPhone / Android /     Windows / BlackBerry     PC     Windows / Mac OS X
မှာ အသုံးပြုလို့ရပါတယ် http://line.naver.jp/en/ မှာလေ့လာနိုင်ပါတယ်
လုပ်ဆောင်ချက်တွေကတော့ အခြား အမျိုးစားတွေနဲ့သိပ်မကွာပါဘူး
ကွာတာတစ်ခုက ဟာသပုံ ရုပ်ပြောင်လေးတွေ ပါတဲ့ အချက်ပါဘဲ  မှုရင်းဆိုဒ်မှာလေ့လာကြည့်ပါ

Apk Download>>>go4up  
google play storeမှ ဒေါင်းရန်လင့်- https://play.google.com/store/apps/details?id=jp.naver.line.android&hl=en

ref-အမျိုးကောင်းသား

Saturday, 20 October 2012

ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်များရဲ့အမြင် စုစည်းမှု

ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏အတွေးအမြင် နှင့်မှတ်ချက်များ
...............................................................................................
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)


(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ်အလင်းရရှိစေရန် တရားဟောခြင်းဖြစ်သည်။ (စာရေးဆရာတစ်ဦး)

(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)

(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လက်၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)

(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူးလွန်ခြင်းကိစ္စမှာ တာဝန်မရှိပါ၊ မသိမိုက်မဲစိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊ မသိမိုက်မဲမှုလျင် လူသတ်သမားအစစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လိုသတ်ဖြတ်ကြိုးပေးရမလဲ?
လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။ (မဟတ္တမဂန္ဒီ - Ghandi)

(၆) အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးစွမ်းနိုင်သော အယူဝါဒတစ်ရပ်သာဖြစ်ရလိမ့်မည်။ အနှီးဘာသာသည် ပုဂ္ဂလအဓိဌာန်အယူအဆဖြင့် ဖန်တီးတီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်ဆိုင်စေသင့်။ တစ်ယူသန်အစွဲအလမ်းများနှင့် ယင်တို့မှ ပေါက်ဖွားခဲ့သောအကိုးအကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက် ရလိမ့်မည်။ ထိုဘာသာတရားသည် သာဘာဝလောကဓာတ်(ရုပ်တရား)နှင့်တကွ နာမ်တရာများကို လွှမ်းခြုံ၍ ဒိဌဓမ္မဖြင့်အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်သောဘာသာတရားတစ်ခုရှိသည်ဆိုပါလျင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)

(၇) ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဆိုခြင်းကို မပြောလျှင်မဖြစ်ပြောပါဟု သင်ကကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ်စိတ်ပါလက်ပါစာနာထောက်ထားသောအားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည်ဖြစ်ပါသည်။ (ရာဘင်ဒြာနတ်တဂိုးလ် - Rabindranath Tagroe)

(၈) ဗုဒ္ဓ၏ကြီးမားသော အနှစ်နာခံမှု၊ စွန့်လွတ်မှုနှင့် ဘဝ၏သန့်ရှင်းစင်ကြယ်မှုတို့ဖြင် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူးကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။ (မဟတ္တမဂန္ဒီ - Ghandi)

(၉) အကယ်၍ ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။ (နေရူး - Nehru)

(၁၀) ဗုဒ္ဓ၏ အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်အကျုံးဝင်နေသည်ဟု ကျွနုပ်ဆင်ခြင်ယူဆမိပါသည်။ အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒအပေါ် ဂေါတမဗုဒ္ဓ က မည်ကဲ့သို့ ကြီးမားစွာ ပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ ပြန်လည်စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ချေ။ (မဟတ္တမဂန္ဒီ - Ghandi)

(၁၁) သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သောသင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။ (အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှသမိုင်းပညာရှင်)

(၁၂) ရှင်တော်ဗုဒ္ဓ --- အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြားအရာတွေထက် အကြောင်းအရာ တစ်ခုအတွက်နှင့်ပဲ တပည့်တော် အရှင်ဘုရားရဲ့ တရားဒေသနာတော်ကို လေးစားမြတ်နိုးလှပါသည်။ အဲဒီအကြောင်းအရာဟာ ဘာလဲဆိုရင် တရားဒေသနာမှာ ပါတဲ့ အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်းဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း ဖြစ်ပါတယ်။ (ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )

(၁၃) ပြစ်မူကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမူတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဝါဒီတို့က မယုံကြည်ချေ။ (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၄) စိတ်ချမ်းတာစေတာက
ကျွနုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမူ ဝိုင်းဝိုင်းလည်နေသည့် ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏ချမ်းသာမူ အမှန်တကယ်ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကိုကျင့်ကြံအားထုတ်ကြည့်ဖို့သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမူကို အမှန်တကယ်ဖြစ်စေနိုင်သည်။ (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၅)သက်ရှိသတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။ (Prof. Phys Davids)

(၁၆) ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက်ပို၍လိုအပ်သောအချိန်ဖြစ်သည်။ (နေရူး - Nehru)

(၁၇) ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီးသည်များဖြစ်ကြသည်။ ဘာသာတရားခေါင်းဆောင် ဓမ္မနာယကများထဲတွင် အကျင့်သိက္ခာ၊ ပညာညဏ်၊စဉ်းစားညဏ်၊ စိတ်နေသဘောထားအရာတို့၌ အမြင့်မြတ်ဆုံးဖြစ်သည့် ဗုဒ္ဓသည် ခရီးသည်ဘုရင် ဖြစ်သည်။ (ရာဟုလာသံ ကစ္စည်း)

(၁၈) လူမှုဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။ (နေရူး - Nehru)

(၁၉) ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။ ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သောစကားထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမျှ မရှိပေ။ (Dr. S. Radhakrishnan)

(၂၀) ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်းမှတ်ရာ တစ်စုံတစ်ရာမျှ မရှိပါပေ။ (ပါမောက္ခရီးစ်ဒေးဗစ် - Prof. Rhys Davids )

(၂၁) ဘာသာကို ကျုပ်လက်ခံယုံကြည်နိုင်ခြင်း မရှိပါ၊ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက်တစ်စုံတစ်ခုသော ဘာသာကို လက်ခံရန် အကြောင်းများပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့် ဘာသာတရားမှာ " ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။ (Bertrand Russell, English Philosopher)

(၂၂) ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏ သွန်သင်ဆုံးမမှု (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်" ဟုဖိတ်ခေါ်ခြင်းကိုသာ ပြု၍လာပြီး ယုံကြည်လော့ ဟုမဆိုပေ။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၃) ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရားများ၏ ကူညီမှု မြူတစ်စိမျှမပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။ (Prof. Eliot)

(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံစေကာမှု ချမ်းသာနိုင်မည်မဟုတ်ပေ။ (ဒလိုင်လားမား - Dalai Lama)

(၂၅) လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု ဖြစ်သွားနိုင်တယ်။ အမိန့်မပါတဲ့ လွတ်လပ်မှုဟာလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်ရမယ်။ ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်းရှိရမယ်။ (ဒလိုင်လားမား - Dalai Lama)

(၂၆) ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေ့ကုဋေ့တစ်ကြိမ်သာပွင့်ခဲ့တာ ပညာရနံ့ မေတ္တာပျားရည်စက်များလောကကို ပြည့်ဝစေတာလူသားပန်းတစ်ပွင့်ပါ။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၇) ဗုဒ္ဓဘာသာနှင့်
ခေတ်သစ်သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၈) ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ ၏ တကယ်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၉) များသောအားဖြင့် ဘာသာရေးဆရာ များသည် ၎င်းတို့၏တပည့်များကို အခြားဘာသာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊စာပေများကို ဖတ်ရှူလေ့လာခွင့် မပြုဘဲတားမြစ်ကြသည်။ ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာနည်းပါးပေသည်။ (ဖရခန္တီပါလော)

(၃၀) စွမ်းရည်သတ္တိ ဘယ်လောက်သိမ်ဖျင်းသူပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုးကြောင့် သတ္တိဗျတ္တိ ပြည့်ဝလာစေပါတယ်။ အညံ့စားလူတစ်ဦးကို အတော်ဆုံးလူဖြစ်လာစေတာဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့်ပါပဲ။ (ဂိုအင်ဂါ - SN Goenka)
.................................................................
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) နှင့်  အရှင်ဝိဇယ ရေးသားပြုစုထားသော " ဗုဒ္ဓအနု ပညာပြခန်း " စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
 ref;ဇွဲကပင်မြေ

Friday, 19 October 2012

Mozilla Firefox 16.0.1 (For Desktop & Android Phone)


Android ဖုန်းအတွက် Mozilla Firefox Browser လေးပါ။


Firefox is compatible with Android 2.2 and above devices.
Installation requires about 16 MB internal storage and 512 MB of RAM

 မှတ်ချက်။  ။ Android version 2.2 နှင့်အထက် ဖုန်းများတွင်သာထည့်သွင်းအသုံးပြုလို့ ရပါသည်။

Mozilla Firefox 16.0.1

ဒါကတော့ Desktop အတွက်ပါ။

ဒီလင့်လေးကသွားပါ။အောက်ကပုံလိုမျိုးတွေ့ ပါလိမ့်မည်။ပုံကိုကလစ်ပြီးဒေါင်းလိုက်ပါ။

အဆင်ပြေကြပါစေ...

Version အသစ်ထွက်လို့ တင်ထားလိုက်တာပါ။ :)

Android OS များတွင် Root လုပ်ရခြင်းအကြောင်း

Android Mobile OS တွေဟာ Free Version တွေဖြစ်ပေမယ့် သက်ဆိုင်ရာ Device ထုတ်လုပ်သူတွေဟာ stay version အဖြစ်သာထုတ်ပေးကြပါတယ်။ ဒါကြောင့် အချို့သော program များနှင့် application များကို ထည့်သွင်းတဲ့အခါမှာ ပြဿနာတစ်ချို့ရှိလာပါတယ်။ ဒါကြောင့်မို့လိုဘဲ android os ကိုင်ဆောင်သူများကို user အဖြစ်သာပေးထားခြင်းဖြစ်ပါတယ်။ ထိန်းသိမ်းခွင့်ရှိသူ (Adminstrator)အဖြစ် ပေးထားခြင်းမရှိပါဘူး။ Android OS အသုံးပြုသူဟာ Adminstrator အနေနဲ့လုပ်ဆောင်ဖို့လိုလာတဲ့အခါမှာ Root လုပ်ငန်းစဉ်ကို ပြုလုပ်ဖို့လိုအပ်လာပါတယ်။ Root လုပ်ခြင်းအားဖြင့် Adminstrator Permissions ကို user အနေဖြင့်ရယူခြင်းဖြစ်တဲ့အတွက် မူရင်းထုတ်ကုန်ကို ဆန့်ကျင်ဘက်သက်ရောက်တာကြောင့် Warranty တော့ပျက်စီးနိုင်ပါတယ်။

Android Device တစ်လုံးကို Root လုပ်လိုက်တဲ့အခါ ပုံမှန်ရရှိထားတဲ့ Performance တွေထက် အနည်းငယ်ပိုပြီးရလာပါတယ်။ User အနေနဲ့ Programming ပိုင်းကိုသိရှိနားလည်ထားသူဖြစ်ပါက Android Os တစ်ခုလုံးကိုကောင်းစွာ လေ့လာကိုင်တွယ်ခွင့်ရှိပါတယ်။
Os တစ်ခုလုံးကို ထိန်းချုပ်ခွင့်ရသွားတဲ့အတွက် ROM ဆိုတာ Device ထဲမှာပါရှိပါတယ်။ အဲဒါကိုသာ Modified လုပ်နိုင်ခဲ့လျှင် User အနေနဲ့ ကိုယ်ပိုင် Themes နှင့် ကိုယ်ပိုင် Setting များကိုပြောင်းလဲပြင်ဆင်နိုင်ပါမည်။ သို့သော်လိုအပ်တာထက်ပြောင်းလဲပြင်ဆင်မိတဲ့အခါ ၊ မလိုဘူးလို့ထင်ပြီး အရေးပါတဲ့ File လေးတစ်ခုလောက်ကိုမှားဖျက်မိတာနဲ့ Device လေးဟာ ဆိုးရွားစွာဖြင့် ဆက်လက်လုပ်ဆောင်ခွင့်များ ရပ်ဆိုင်းကာ ပျက်စီးသွားပါလိမ့်မယ်။ ကြောက်စရာဖြစ်ပေမယ့် Firmware အသစ်ပြန်တင်လိုက်ရင်တော့ ကောင်းသွားမှာပါ။
Root လုပ်ငန်းစဉ်အပြီးမှာ super user ဆိုတဲ့ပုံလေးပေါ်လာပြီး user အနေကနေ super user ဖြစ်သွားတာကြောင့် နားလည်တတ်ကျွမ်းမှုပေါ်မူတည်ပြီး စိတ်ကြိုက်လုပ်ဆောင်ခွင့်တွေရသွားပါမယ်။java language တတ်သိသူတစ်ယောက်ကတော့ Core Level
ဆိုတဲ့ OS Management အဆင့်ထိဝင်ပြင်နိုင်ပါလိမ့်မယ်။ သာမန် user တစ်ယောက်အနေနဲ့ကတော့ root လုပ်ပြီး Theme လေးပြောင်းရုံ Myanmar Font ထည့်ရုံလောက်ပါဘဲ။
Root လုပ်ပြီးသာမန် user တစ်ယောက်အနေနဲ့ ဘာတွေလုပ်နိုင်မလဲဆိုတာအောက်မှကြည့်ပါ။ ၁ ။ Theme လှလှလေးတွေပြန်ပြောင်းလို့ရမယ်
၂ ။ Myanmar Font နဲ့ လက်ကွက်ထည့်သုံးလို့ရမယ်
၃ ။ Device CPU ကို Overclocking လုပ်သုံးလို့ရမယ်
၎ ။ Root Only Application တွေကိုသုံးလို့ရမယ်
၅ ။ Battery ကိုပိုမိုသုံးနိုင်အောင်လုပ်လို့ရမယ်
၆ ။ Boot Loader ကိုပြင်ဆင်အသုံးပြုနိုင်မယ်
ရ ။ မလိုအပ်တဲ့ application ကိုဖြုတ်လို့ရမယ်
၈ ။ System ကို Backup လုပ်နိုင်မယ် ။သွင်းထားတဲ့ application ကိုပြန်ယူနိုင်မယ်
ကဲဒီလောက်ဆိုရင် တော့သာမန် user တစ်ယောက်အနေနဲ့ root လုပ်ရတဲ့အကြောင်းအရင်းကိုတော့သိလောက်ပါပြီ။
(ကိုးကား သန်းထိုက် [ရွှေရိပ်] Android Device Technology Guide)

အိမ်မြှောင်လေး တစ်ကောင်တောင်မှ လုပ်နိုင်ရင် ဒို့တွေ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ

ဒီပုံပြင်လေးကတော့ ဂျပန်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။
ဂျပန်မှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးစာ အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကို
ချိုးဖျက်ခဲ့တယ်။ ဂျပန်အိမ်တွေမှာ သစ်သားနံရံတွေကြား
အခေါင်းပေါက်နေရာလပ်တစ်ခုရှိတယ်
။ သူဟာနံရံကိုဖြိုချတဲ့အခါ ညပ်နေတဲ့ အိမ်မြှောင်တစ်ကောင်ကို မြင်ခဲ့တယ်။
အပြင်က သံတစ်ချောင်းက အဲဒီအိမ်မြှောင်ရဲ့ ခြေတစ်ဖက်ကို ဖောက်ရိုက်ထားတာ
သူတွေ့ခဲ့တယ်။ သူဟာ အိမ်မြှောင်လေးအပေါ်သနားစိတ်ဝင်
ခဲ့တယ် ။

တစ်ချိန်ထဲမှာလည်း ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိချင်လို့
သံချောင်းလေးကိုစစ်ဆေးလိုက်တဲ့အခါ သံချောင်းလေးရဲ့သက်တမ်းဟာ ပထမဆုံး
အိမ်ဆောက်တဲ့ အချိန်နဲ့တွက်ကြည့်ရင် ( ၁၀ ) နှစ်လောက်ရှိနေတာကို
တွေ့ရှိခဲ့ရတယ်။
ဘယ်လိုဖြစ်ရတာလဲ......။
အိမ်မျြောင်လေးဟာ တစ်နေရာထဲမှာပဲ ( ၁၀ ) နှစ်ကြာကြာ
အသက်ရှင်ခဲ့တယ်။ မှောင်ပြီး ခွဲကန့်ထားတဲ့နံရံမှာ ( ၁၀ )
နှစ်ကြာကြာမရွေ့လျားဘဲ ရှိနေတဲ့အတွက် သူဟာ စိတ်ထဲမှာ မဖြစ်နိုင်သလို
ခံစားရပြီး အံ့သြသင့်မှုတွေနဲ့ တုန်လှုပ်သွားခဲ့တယ်။ ပြီးတော့ ခြေထောက်မှာ
သံရိုက်ခံရလို့ ခြေလှမ်းတစ်လှမ်းမှ မရွေ့လျားဘဲ ( ၁၀ ) နှစ်ကြာကြာ
အသက်ရှင်နေတဲ့ ဒီအိမ်မြှောင်ကို သူအရမ်းအရမ်းအံ့သြမိတယ်။ ဒါကြောင့်
သူ့အလုပ်ကိုရပ်ပြီး အိမ်မြှောင်ကလေး ဘာတွေလုပ်ပြီး ဘယ်လိုစားခဲ့လဲဆိုတာ့
လေ့လာကြည့်ခဲ့တယ်။
ဒီလိုနဲ့ သူ့စိတ်ထဲဖြစ်နေတဲ့ ခံစားချက်အတွက်
အဖြေဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒါတော့ အခြား အိမ်မြှောင်လေးတစ်ကောင်က
အစာတွေကို ပါးစပ်ထဲမှာ ထည့်ပြီး ဒုက္ခိတအိမ်မြှောင်လေးကို
လာကျွေးနေလို့ပါပဲ။ အဲဒီမြင်ကွင်းကို သူမြင်ရတဲ့အခါ
အသက်ရှူမှားလောက်အောင် ဖြစ်ပြီး အ၇မ်းခံစားခဲ့ရတယ်။
( ၁၀ ) နှစ်ကြာကြာ မမောမပန်း ၊မျှော်လင့်ချက်မစွန့်ဘဲ အဖော်
အိမ်မြှောင်လေးကို ပြုစုခဲ့တဲ့ အိမ်မြှောင်လေးကို စဉ်းစားကြည့်ပါ။
မင်းလည်း မင်းရဲ့အဖော် ( သူငယ်ချင်း ၊ မိဘ ၊ မောင်နှမ ၊ ဆွေမျိုး ၊
အတူလက်တွဲလုပ်ဆောင်ရတဲ့သူ ) တွေအပေါ်မှာ အိမ်မြှောင်လေးလို
ပြုစုပေးမှာလား......။
အထူးသဖြင့် ( ၉ ) လတိုင်တိုင်ကြီးမားတဲ့ ၀န်ထုပ်ကို လွယ်ပြီး
မင်းကိုလူဖြစ်အောင် ဒီလောကထဲယူဆောင်ပေးခဲ့တဲ့ မင်းရဲ့အမေကို
ဒီလိုပြုစုပေးမှာလား..............။
သေးငယ်တဲ့တိရစ္ဆာန်လေးတောင်မှ ဒုက္ခရောက်နေတဲ့ အဖော်ကို
ဒီလိုပြုစုတတ်ရင်.....အရမ်းထက်မြက် ကျွမ်းကျင်ပြီး ပါရမီတွေထူးတဲ့
လူသားတွေအနေနဲ့ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ..........။
ကျေးဇူးပြုပြီး မင်းချစ်ရတဲ့သူတွေကို ဘယ်တော့မှ
စွန့်ပစ်မထားပါနဲ့။ မင်းရဲ့အကူအညီကို အမှန်တကယ်လိုလားနေတဲ့သူကို
....အလုပ်များတယ်.....လို့မပြောပါနဲ့။
နှလုံးသားကို အသုံးပြုပြီး အသက်ရှင်ပါ။ ဦးနှောက်ကို
အသုံးပြုပြီး အသက်ဆက်ပါ။ ဒါဆိုရင် မင်းရဲ့ဘ၀ဟာ ကောင်းကင်သုခ
ဖြစ်လာပါလိမ့်မယ်။++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဘာကိုမှ ရည်ရွယ်ခြင်း မရှိပါ။
ဝင်ကြည့်မိသော web-site ထဲမှ post ကို ပြန်လည်ဖြန့်ဝေခြင်း ဖြစ်ပါသည်။

Thursday, 18 October 2012

မလေးရှားရှိ ရွှေမြန်မာများ အထူးသတိထားကြပါ



မလေးရှားသို့လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိသောရွေမြန်မာညီကိုမောင်နှမများအခုရက်ပိုင်းအတွင်(kl-မြို့ထဲ ကိုတာရာယာအတွင်းသို့အတတ်နှိင်ဆုံးမလာကြပါရန်အသိပေးမေတ္တာရပ်ခံပါတယ်) မြန်မာနှိင်ငံတွင် (OIC) အဖွဲစည်းကိုလက်မခံဘဲ ဆန္ဒပြကန့်ကွက်နေကြပါသဖြင့် ယခုချိန်မှာ (OIC)အဖွဲ.အစည်းကို မလေးရှာမှခေါင်းဆောင်များကဦးဆောင်ထားပါသဖြင့်ခုချိန်သူတို့မရတဲ့အမဲသဲနဲ့ပတ် ဆိုသလိုလျှောက် ရမ်းပြီးဒုက္ခပေးနှိင်ပါသဖြင့် နဂိုကမှ လုံခြုံမှုအားမရှိတဲ့ရွေမြန်မာအတွက် ရှောင်ရှားနှိင်အောင်ကြိုတငိအသိပေးမေတ္တာရပ်ခံတာပါ...
အထူးသဖြင် ကိုတာရာယာအတွင်း နေရာတော်တော်များများကို သိမ်းပိုက်ထားတဲ့ ရိုဟင်ဂျာ ဘင်ဂါလီကုလားများရဲ့ မလေးနှိင်ငံသားများနှင်ပေါင်းပြီ ရွေမြန်မာများကိုခဏခဏဒုက္ခပေးနေတာကိုမြင်တွေ. ကြားဖူးကြမှာပါ အရေးကြီးအနေနဲ ခုချိန်မှာ ရခိုင်တိုင်းရင်းသားများပိုပြီးမသွားလာသင့်ပါ ရိုဟင်ဂျာများရဲ့ပစ်မှတ်က ရခိုင်တိုင်းရင်းသားအပေါ်ပိုမိုဆိုးရွားနေတာကြောင့်ဖြစ်လို့ ရခိုင်လူမျိုးစကားတွေကို နားလည်ထားတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်မှန်းသိရင်ပိုမိုဒုက္ခပေးနှိင်တာမို့လို့ မဖြစ်မနေသွားလာရမယ်ဆိုလဲ အသိ သတိ ရှေ့ထားပြီး ကိစ္စများမြန်မြန်ဆန်ဆန်ဆောင်ရွက်ပြီးမိမိအိမ်-အလုပ်ခွင်သို့မြန်မြန်ဆန်ဆန်ပြန်သွားကြပါရန်အသိပေးမေတ္တာရပ်ခံအပ်ပါသည်...

ref:ဘကြီးသက်
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio