- မျိုးကြီး -ယူလိုက်
- လေးဖြူ- ပင်လယ်အော်သံ
- လေးဖြူ- B O B
- လေးဖြူ- သားကောင်
- လေးဖြူ- ခဏလေးများ
- လေးဖြူ- ကန္တာရလမင်း
- လေးဖြူ- အိမ်မက်ကဗျာ
- လေးဖြူ- လိပ်ပြာ
- လေးဖြူ - ပါဝါ
- လေးဖြူ - ကျိန်စာ
- လေးဖြူ - ကမ္ဘာသစ်တေး
- နောနော် - အတိုင်းထက်အလွန်
- ဇော်ဝင်းထွဋ် - အားလုံးရဲ့ကိုယ်စား
- ဇော်ဝင်းထွဋ် - အားလုံးရဲ့ကိုယ်စား
- ဇော်ဝင်းထွဋ် - အမုန်းမြို့ရဲ့အဝေးမှာ
- ဇော်ဝင်းထွဋ် - အချစ်များသူ့ဆီမှာ
- ဇော်ပိုင် - မြို့အဝင်ည
- ဇော်ပိုင် - မိုးကောင်းကင်သစ်
- ဆောင်းဦးလှိုင် - မင်းရဲ့သူရဲကောင်း
- ဂျေမောင်မောင် - ပရိတ်သတ်အကြိုက်ဆုံးတေး
- ဂျေညီညီ - အကောင်းဆုံးတေးများ
- ကျော်ဟိန်း +ဇော်ဝင်းထွဋ် + မျိုးကျော့မြိုင်
- အဖြူရောင်သူငယ်ချင်း - လူစုံ
- အဲလက်စ် ၊ စည်သူလွင် ၊ ထူးအိမ်သင် - သင်းကွဲငှက်နဲ့ဝေးသွားတဲ့အခါ
- အဲလက်စ် - စိတ်ကူးသက်သက်များ
- အငဲ - ဇစ်မြစ်
- အငဲ - ဆာဟာရ
- အငဲ - ဆဌမအာရုံ
- အငဲ - စိတ်ရွတ်လှေ
- အငဲ - unplugged
- ဟဲ့ကား - လူစုံ
- ဟဲ့ကား
- ဝိုင်ဝိုင်း - နေဆယ်စင်း
- ဝိုင်ဝိုင်း - လမင်းနဲ့ပင်လယ်
- ဝိုင်ဝိုင်း - ထာဝရ
- လူစုံ -အဖြူရောင်သူငယ်ချင်းများ....သို့
- လူစုံ - နှောင်ကြိုးလေးတစ်မျှင်
- လူစုံ - ဟန်းနီးမွန်းခရီး
- လူစုံ - ကံကောင်းမယ့်အချစ်
- လူစုံ - top ten 2
- လူစုံ - top ten 1
- ယနေ့မှစနှစ်တစ်ရာတိုင်
- မျိုးကြီး - လေပြေ
- မျိုးကြီး - ကျောက်စာများ
- မျိုးကြီး - အပြန်လမ်း
- မျိုးကြီး - အခမ်းနားဆုံး
- မျိုးကြီး - နိစ္စဓူဝ
- မျိုးကြီး - ဆန့်ကျင်ဘက်
- မာရဇ္ဇ - မျှော်လင့်ခြင်းလမင်း
- ဘာလာလာ (၂)
- ref;fusarshinlay
Saturday, 3 November 2012
သီချင်းစာအုပ်များစုစည်းမှု
******* ... မင်းဟာ အမြဲတမ်းငါ့သူငယ်ချင်းပါပဲ ... *******
Thursday, 1 November 2012
Root All Android Phone's and Tablet's SuperOneClick Method

စက်ရုပ်သမားတွေအတွက်အသုံးဝင်ဆုံး software ပါ။
မည်သည် Android Phone's and Tablet's ကိုမဆို root လုပ်လိုရတဲ့
software ပါ။ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း video နဲရှင်းပြပေးထားပါတယ်။
root လုပ်ဖို့အခက်တွေနေတဲ့ phone သမားတွေအတွက်ဝမ်းသားစရာပါ။
အောက်က ဗွီဒီယိုဖိုင်က ဘယ်လို Root လုပ်ရမလဲ ရှင်းပြထားတဲ့ဗီဒီယိုပါ။
ref;မြန်မာသတင်းများစုစည်းရာ
အဆင်ပြေကြပါစေ...
မိုဘိုင်းဖုန်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ စာအုပ်
ကိုအာကာဖြိုးရေးထားတဲ့ မိုဘိုင်းဖုန်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက် များစာအုပ်လေးပါ။
ဖုန်းရှိတဲ့သူတွေ ဒေါင်းပြီး ဖတ်သင့်တယ် စာအုပ်လေးပါလို့ အကြံပြုပါရစေ...
Download
အဆင်ပြေကြပါစေ....
ဖုန်းရှိတဲ့သူတွေ ဒေါင်းပြီး ဖတ်သင့်တယ် စာအုပ်လေးပါလို့ အကြံပြုပါရစေ...
Download
အဆင်ပြေကြပါစေ....
Monday, 29 October 2012
ခုနှစ်ရက်သားသမီးများအတွက် ( ၂၉.၁၀.၁၂ ) မှ ( ၄.၁၁.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း
ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်ရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ထီပေါက်တတ်ခြင်းများဖြစ်တတ်
သည်။ ပျော်ရွှင်ေ သာခရီး၊ လေယာဉ်ခရီးသွားရတတ်သည်။ အခန်းပြောင်းရခြင်း၊ အလုပ်နေရာပြောင်းရခြင်းဖြစ်တတ်
သည်။ အလုပ်ပြောင်းချင်စိတ်ဖြစ်နေတတ်သည်။ မပြောင်းပါနှင့်။ ပြောင်းကလက်ရှိအလုပ်ထက်နောက်အလုပ်ကပိုပြီး
စိတ်ညစ်စရာများကြုံတွေ့ရမည်။ စက်ပစ္စည်းများထွက်တတ်သည်။သူခိုးခိုးခံရတတ်ခြင်း၊ငွေပျောက်ခြင်းဖြစ်တတ်သည်။
သတိထားပါ။ကျန်းမာရေး။ သွေးပေါင်ကျခြင်း အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဖက်ထုတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၉ ၅ ၁)
တနင်္လာသားသမီးများ၏ကံကြမ္မာ
ပြန်ရန်စိတ်ကူးမရှိသေးဘဲ အမိနိုင်ငံမဖြစ်မနေပြန်ရတတ်ခြင်း၊ ငွေအတွက်သောကရောက်ရတတ်ခြင်း၊ ဆုံးဖြတ်ချက်ချ
ရန်တော်တော်ခက်ခဲစရာများဖြစ်နေခြင်းများဖြစ်နေတတ်သည်။ခင်မင်သောမိတ်ဆွေများနှင့်လည်းစကားများရတတ်
သည်။ အလုပ်တွင်လဲလုပ်သမျှလွဲချော်နေတတ်သည်။အစစအရာရာသတိထားပါ။ လူမျိုးခြားများ၏ကူညီမှုရခြင်း၊
ထီပါက်တတ်ခြင်းကိန်းရှိသည်။ ထီစနေနေ့၊ ဗုဒ္ဓဟူးနေ့များတွင်ထိုးပါ။
ကျန်းမာရေး။ ကား၊ ဆိုင်ကယ်တို့ကြောင့်ခြေထောက်ဒဏ်ရာရတတ်သည်။
အချစ်ရေး။ ချစ်သူနှင့်စကားပြောအဆင်မပြေဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လက်ကောက်ဘုရားကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၀ ၄ ၄)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရတတ်ခြင်း၊စက်ပစ္စည်းအဟောင်းများထွက်ပြီးအသစ်များဝင်
ခြင်းဖြစ်တတ် သည်။ ပျော်ရွှင်သောခရီးသွားရတတ်သည်။ ရွှေဝင်မည်။အိမ်ခန်းပြုပြင်ရခြင်းများဖြစ်တတ်သည်။
ငွေပျောက်တတ်သည်။ မိမိသုံးသောမီးသတိထားသုံးပါ။ မီးကြောင့်အမှုအခင်းပြဿနာဖြစ်တတ်သည်။ သားသမီး
ရတနာ ရတတ်သည်။ ကောင်း၏။ငွေများဝင်နေမည်။ ကုန်စရာလဲဆက်တိုက်ဖြစ်နေတတ်သည်။
ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်တတ်သည်။
အချစ်ရေး။ သာယာဖြေင့်ဖြူးနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လက်ဆောင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၄ ၂ ၀ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
လုပ်ငန်းသစ်လုပ်ရန်အကြောင်းပေါ်လာခြင်း၊ လုပ်လျှင်အောင်မြင်မှုမရသေးပါ။ စိတ်ပင်ပမ်းခြင်းဖြစ်ရတတ်သည်။
စက်ပစ္စည်းများဝင်ခြင်း၊ စိန်ပစ္စည်းဝင်ခြင်းဖြစ်တတ်သည်။မြေထွက်ခြင်း၊ ဖုန်းထွက်ခြင်းဖြစ်တတ်သည်။ ကားအ
ဟောင်းထွက်ခြင်း၊ ကားသစ်ဝင်ခြင်းဖြစ်တတ်သည်။ အလုပ်တွင်လက်အောက်ငယ်သားထွက်ခြင်းကြောင့်စိတ်
အနှောင့်အယှက်ဖြစ်တတ်သည်။ မိမိကြိုးစားသလောက်အရာမထင်ဖြစ်နေတတ်သည်။ မကြာခင်အဆင်ပြေပါလိမ့်
မည်။
ကျန်းမာရေး။ လေထိုးလေအောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မိမိရည်ရွယ်နေသူကတယောက်ချစ်သူဖြစ်သွားတာတယောက်ဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွှေရင်အေးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၆ ၂)
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းအပြောင်းအရွှေ့လုပ်ရခြင်းဖြစ်တတ်သည်။ ကားဝင်ခြင်း၊ တိုက်ခန်းအပြေင်းအလဲလုပ်
ရခြင်း များဖြစ်တတ်သည်။ လူမျိုးခြားများ၏နှောင့်ယှက်ခြင်းခံနေရတတ်သည်။ခင်မင်သောမိတ်ဆွေများနှင့်ခွဲခွာရ
တတ်သည်။ လူလိမ်ခံရတတ်ခြင်း၊ လူလုခံရတတ်ခြင်းဖြစ်တတ်သည်။အလုပ်တွင်အနည်းငယ်အတိုက်အခံတွေ
့နေရတတ်သည်။ အစစအရာရာသည်းခံနိုင်သမျှသည်းခံပြီးနေပါ။ ၀င်ငွေကောင်းနေမည်။ အထက်လူကြီးမိမိဘက်
တွင်ရှိနေသည်။
ကျန်းမာရေး။ အဆုတ်နှင့်ပတ်သက်ပြီးဆေးရုံဆေးခန်းသွားရတတ်သည်။
အချစ်ရေး။ မိမိကိုလူမျိုးခြား၊ ဘာသာခြားများမှ အသဲအသန်ချစ်ရေးဆိုခြင်းဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဖာလူဒါကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၁ ၁ ၀ )
သောကြာသားသမီးများ၏ကံကြမ္မာ
ရွှေဝါလက်စွပ်ဝင်ခြင်း၊ ရွှေဖြူဟန်းချိန်းဝင်ခြင်းဆက်တိုက်ဖြစ်နေတတ်သည်။ စီးပွားရေးကောင်းနေသည်။မိမိမိတ်ဆွေ
များကို လည်းငွေကြေးအကူအညီပေးနေရတတ်သည်။ အလုပ်တွင်စိတ်ဖိစီးမှု များဖြစ်နေရတတ်သည်။ နိုင်ငံခြားနှင်
ပတ်သက်သော ကိစ္စများစောင့်နေရသောအချိန်ဖြစ်နေတတ်သည်။နိုင်ငံရပ်ခြားမှမိတ်ဆွေများနှင့်ဆက်သွယ်မှုများ
ရနေရတတ်သည်။ မိတ်ဆွေများကမိမိကိုထားပြီးခရီးဝေးသွားနေတတ်သည်။ အစစအရာရာအဆင်ပြေနေတတ်သည်။
ကျန်းမာရေး။ အကြောနာခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၉ ၇ ၃)
စနေသားသမီးများ၏ကံကြမ္မာ
စိန်ပစ္စည်းဝင်ခြင်း၊ စိန်ဆွဲသီးဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်း၊ အလှူလုပ်ရခြင်း၊ ကိုယ်ပိုင်ဆိုင်ခန်းရခြင်းများဖြစ် တတ်
သည်။ မိမိနှင့်တွဲဖက်စီးပွားလုပ်နေသောသူနှင့်သိပ်အဆင်မပြေဖြစ်နေတတ်သည်။ ရွှေ၊ နာရီထွက်ခြင်း၊ ပြုပြင်ရခြင်း
ဖြစ်တတ်သည်။ မြေနှင့်ပတ်သက်ပြီးစကားပြောရတတ်ခြင်း၊ ကြာသပတေးနံများကြောင့်စိတ်ညစ်စရာဖြစ်ခြင်းဖြစ်တတ်
သည်။ အရေးကြီးစာရွက်စာတမ်းပျောက်ခြင်း၊လက်အောက်ငယ်သားကြောင့်စိတ်တိုင်မကျဖြစ်ခြင်းဖြစ်နေတတ်သည်။
မိမိကံကြောင့်ဖြစ်သည်။ သည်းခံပါ။
ကျန်းမာရေး။ သွားနှင့်ပတ်သက်ပြီးသွားဆေးခန်းမကြာခဏသွားနေရတတ်သည်။
အချစ်ရေး။ မိမိချစ်သူကလေထဲတွင်အချစ်သစ်များနှင့်ကြူနေသောကြောင့်စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နွားနို့ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၈ ၅ ၀)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
၃နှစ်သား မြန်မာကလေးငယ် ရဟန်းတော်ကြီးတစ်ပါးလို တရားတွေဟောနေ သောဗွီဒီယိုဖိုင်

Youtubeတွင်ပျံ့နှံ့နေသည့်အသက် ၃ နှစ်အရွယ်သာ ရှိသေးသော ကလေးငယ်၏ ရဟန်းတော်ကြီးတစ်ပါးလို တရားတွေဟောနေ သောဗွီဒီယိုဖိုင်
အသက် ၃ နှစ်ကျော် ယောင်္ကျားလေး တဦးဟာ ထူးခြားတဲ့ ပါရမီ ရှင်လေးဖြစ်မယ်လို့ ပြောနေကြပါတယ်။
အသက် ၃ နှစ်တာ ကလေးငယ်တဦးက ရဟန်းတော်ကြီးတပါးလို တရားတွေဟော၊ သီလတွေ ပေးပြီး
တကယ့် မထေရ်ကြီးလို ဟောပြောနေတာကို Cho Yee ရဲ့ အင်တာနက်ဖေ့စ်ဘုတ် စာမျက်နှာမှာ
တင်ထား တာ လူကြိုက်အလွန်များလျှက် ရှိပါတယ်။
တချို့ မှတ်ချက်ရေးသူတွေကလည်း မထေရ် တပါးပါး လူပြန်ဝင်စားတာလားလို့ ရေးသားထားကြပါတယ်။
ဘာပဲပြောပြော ဒီ ဗီဒီယို ရုပ်မြင်သံကြားကို ကြည့်ပြီး ပင်ပန်းနွမ်းနယ်မှုတွေ ပြေလျော့သွားမယ်လို့
ယုံကြည်လို့ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။
အောက်ကတော့ youtube မှာပေးထားတဲ့မှတ်ချက်လေးတစ်ခုပါ။
တကယ်ပဲ ဆရာတော်ကြီးတစ်ပါး ပျံလွန်တော်မူလို့ ၀င်စားတယ်
ထင်ပါတယ် . . . . ကလေးကို ရီစရာတစ်ခုလို သဘောထားနေတာ .. စိတ်မကောင်းဘူး . .
သေချာမေးစမ်းနိုင်ရင် . . .အရင်ဘ၀ကအကြောင်းတွေ သိနိုင်ပြီး ဗုဒ္ဓဘာသာအတွက်ပါ
အများကြီး အထောက်အကူဖြစ်နိုင်တယ်လို့ ထင်မိပါတယ် . . .
မြတ်စွာဘုရားဟောခဲ့သလို လူတွေမှာ အတိတ်ဘ၀ရှိတာ နောင်ဘ၀ဆိုတာ တကယ်ပဲရှိတယ်ဆိုတာ
မြတ်စွာဘုရားဟောခဲ့သလို လူတွေမှာ အတိတ်ဘ၀ရှိတာ နောင်ဘ၀ဆိုတာ တကယ်ပဲရှိတယ်ဆိုတာ
.. ဒီကလေးက သက်သေပါပဲ . . .
တန်ဖိုးရှိတဲ့ အထောက်အထားတစ်ခုပါ . .
တန်ဖိုးရှိတဲ့ အထောက်အထားတစ်ခုပါ . .
Sunday, 28 October 2012
cmd Box ၏ Background နှင့် Text အရောင်ပြောင်းနည်း
ကျွန်တော်တို့  ကွန်ပျူတာတွေမှာ ပါလာတဲ့ cmd box တွေက အပေါ်ကလိုပါ။အဲ့လို အရောင်မဲမဲကြီးပေါ်မှာ စာလုံးအဖြူတွေ နဲ့  တွေ့ မြင်ရတာ ရိုးအီနေလောက်ပါပြီ။အသစ်အဆန်းဖြစ်သွားအောင် ကာလာလေးတွေ ပြောင်းကြည့်တာပေါ့နော် :P
သိပြီးသားညီအစ်ကိုမောင်နှမတွေက တော့ ကျော်သွားပေးကြပါ။မသိသေးသောညီအစ်ကိုမောင်နှစ်မများ အတွက်ရည်ရွယ်ပါတယ်။
ပထမဦးဆုံး အရင်ဆုံး Start ကနေ Run Box (သို့မဟုတ်) Window + R ကိုနှိပ်ပြီး Run Box လေးကိုခေါ်လိုက်ပါ။ပြီးနောက် Run Box ထဲမှာ cmd ဟုရိုက်ပြီး OK ကိုနှိပ်ပါ။
ပြီးရင် ကျလာတဲ့ Box ရဲ့ဘားတန်းလေးမှာ Right Click ထောက်ပြီး ပေါ်လာတဲ့အထဲက Properties ကို ရွေးပြီးကလစ်ပေးပါ။
နောက်ထပ် Box တစ်ခုကျလာပါလိမ့်မည်။ပေါ်လာတဲ့အထဲက Colors ကိုရွေးပေးပြီး OK ကိုနှိပ်လိုက်ပါ။
ပြီးရင် စာသား အရောင်ပြောင်းဖို့ အတွက် Screen Text အရှေ့က အဝိုင်းမှာ အစက်လေးချပါ။ပြီးရင် မိမိကြိုက်နှစ်သက်တဲ့ Colors ရွေးပြီး OK ကိုနှိပ်ပါ။
window XP မှာပြောင်းနည်းကလည်း အတူတူပါပဲ...စမ်းသပ်ကလိကြကုန်..
နည်းပညာကျွမ်းကျင်လိုလျှင်..ကွန်ပျူတာအား
များများကလိလေ...
ကလိလေတတ်လေ..များများကလိလေ
အခန့် မသင့်ရင်..စက်ပျက်တတ်ပေ..
စက်ပျက်လျှင်..အသစ်ဝယ်လေ
အဆင်ပြေကြပါစေ..... :P


