Sunday, 4 November 2012

ဆရာမျိုးဟန်ကို၏ နိုဝင်ဘာလအတွက် ဗေဒင်ဟောစတမ်း


ဆရာမျိုးဟန်ကို၏ နိုဝင်ဘာလ ဗေဒင်ဟောစတမ်း
၁။ တနင်္ဂနွေ သားသမီးများ အတွက် 
အလုပ်အကိုင် ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ်ကိစ္စများ အနည်းငယ် အဆင်မပြေ ဖြစ်နေမည်။ နေရာထိုင်ခင်း ပြောင်းလဲ ပြောင်းရွေ့ရမည်။ ငွေကြေး ကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။ 
ခရီးဝေး ခရီးနီးများကို သွားလာနေရမည်။ နေရာကောင်းရမည်။ အိမ်ပြောင်းရမည် ပြင်ဆင်ရမည်။ စက်ပစ္စည်းဝင်မည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ ပညာရေး ကြိုးစားနေရသော အချိန်လေး ဖြစ်သည်။ ယခု အချစ်ရေးကိစ္စများ ချစ်သူနှင့် ဝေးကွာနေရသူများ ပြန်လည် ဆုံတွေ့ရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေနေသော အချိန်လေးပါ။ ကျန်းမာရေး အိပ်ရေးပျက် ၊ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။ 
ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အဝါရောင်ပန်း ၅ ပွင့်ကို နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၃ ၆ ၈ ၀ 
၂။ တနင်္လာ သားသမီးများ အတွက် 
ယခုလအတွင်း စိတ်ညစ်လိုက် စိတ်ပျော်လိုက် ဖြစ်နေမည်။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်၍ အဆင်ပြေလိုက် မပြေလိုက်နဲ့ ဖြစ်နေမည်။ အလုပ်တွင် နေရာရကိန်း ရှိသည်။ အထက်လူကြီးနဲ့ စကားအပြော အဆိုများ အဆင်ပြေလာမည်။ ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ 
လူမှုရေး ဘာသာရေး ကိစ္စများ ၊ မိသားစု ကိစ္စများ ၊ သူငယ်ချင်းများ မိတ်ဆွေများနှင့် အထင်လွဲမှုကိစ္စများ ကြုံမည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။ စက်ပစ္စည်းဝင်မည်။ ယာယီ ခရီးထွက်ရမည်။ မိတ်ဆွေများနှင့် ပြန်လည် ဆုံတွေ့ရမည်။ ပညာရေး တိုးတက် နေသော အချိန်ကာလလေးပါ။ 
အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ နီးရက် ဝေးနေသလို ဖြစ်နေမည်။ အိမ်ထောင်ရေး စိတ်နေသဘောထား သင့်မြတ်နေသော အချိန်လေးပါ။ ကျန်းမာရေး သွေးထွက်သံယို ကိစ္စများ ၊ ထိမိခိုက်မိမှုများ လက်များ ခြေထောက်များတွင် မကြာခဏ ဖြစ်မည်။ စိတ်ပူစရာ မရှိပါ။ 
ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကြာပန်း ၂ပွင့်ကို နေအိမ်ဘုရားတွင် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၈ ၆ ၅ ၀ 
၃။ အင်္ဂါ သားသမီးများ အတွက် 
အလုပ်အကိုင်များ နေရာများ ပြောင်းရွေ့ရမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စိတ်ညစ်မှု ရှိနေသော်လည်း အဆင်ပြေလာမည်။ အကူအညီပေးသူ အကြံညဏ် ပေးသူများ ပေါ်လာမည်။ အလုပ်အကိုင်များ အဆင်ပြေလာမည်။ ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ ကြွေးတင်မည်။ 
ရသလောက် ကုန်နေပြီး ဝင်သလောက်ထွက်နေမည်။ သင့်တင့်မျှသာ ငွေဝင်မည်။ သူတစ်ပါးကိစ္စများ အတွက်နဲ့ စိတ်ညစ်နေရမည်။ ခရီးယာယီ သွားလာရမည်။ စက်ပစ္စည်းများ ပျက်မည်။ 
ပညာရေး ကိစ္စများ ကံကောင်းနေသော အချိန်လေးပါ။ သင်တန်းများ တက်ရမည်။ အချစ်ရေး ကိစ္စများ အဆင်ပြေနေသော်လည်း မကြခဏ စိတ်ညစ်မှုများ ဝင်ရောက်လာမည်။ ချစ်သူနှစ်ဦး ဆုံဆည်းရမည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။ အိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။ ကျန်းမာရေး ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်နေမည်။ 
ယတြာ = ကံကောင်းစေရန်အတွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် လက်ဖက်သုပ် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၅ ၃ ၉ ၂ 
၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်
အလုပ် အကိုင်များ အဆင်ပြေလာမည်။ အလုပ် ကိစ္စများ နေထိုင်မှုကိစ္စများ ပြသာနာများကို ဖြေရှင်းနေရမည်။ အလုပ်ထဲတွင် စကားပြောဆိုမှု အဆင်မပြေ သော်လည်း စိတ်ပူစရာ မရှိပါ။ အကူအညီ ပေးသူ ပေါ်မည်။ ယခုလအတွင်း ငွေကြေး ကိစ္စများ ကံကောင်းနေသော အချိန်လေးဖြစ်သည်။ မိမိကိုယ်ပိုင် ငွေကြေးများ သာမက သူတစ်ပါး ငွေကြေးများပါ ဝင်လာမည်။ 
ရသလောက် ကုန်ကျမှု များရှိနေမည်။ အိမ်ထောင် ပရိဘောဂ ပစ္စည်းများဝင်မည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။ ပညာရေးကိစ္စများ ကြိုးစားနေရမည်။ ပညာရေး ကံကောင်းပါသည်။ အချစ်ရေး ကိစ္စများ နီးရက်နဲ့ ဝေးနေသလို ခံစားနေရမည်။ မိမိနှင့် မိမိ ချစ်သူအကြား ပြသာနာမရှိသော်လည်း သူတစ်ပါးကိစ္စများ အတွက်နဲ့ ပြသာနာ ဖြစ်နေမည်။ 
အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော အချိန်လေးကို ပိုင်ဆိုင်နေမည်။ ကျန်းမာရေး ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။
ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် သစ်တော်သီး ၃ လုံးကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်း ။ ။ ၄ ၅ ၇ ၀ 
၅။ ကြာသပတေး သားသမီးများ အတွက် 
မျှော်လင့်နေသော ဆန္ဒများ ပြည့်စုံလာမည်။ ကူညီပေးသူ ပေါ်လာမည်။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ နေရာရကိန်းရှိသည်။ အထက်လူကြီးနဲ့ ပူးတွဲ၍ လုပ်ကိုင်ဆောင် ရွက်လိုက်ပါ။ စီးပွားရေး ငွေကြေးကိစ္စများ အဆင်ပြေနေပေမဲ့ မစုမိသော အဖတ်မတင်သော အချိန်လေးဖြစ်နေမည်။ စက်ပစ္စည်းဝင်မည်။ အိမ်မက်ကောင်း မက်မည်။ 
စီးပွားရေး ပုံမှန်လေး အဆင်ပြေနေသော အချိန်ဖြစ်ပါသည်။ စမ်တူကိစ္စများ ရှောင်ကြည်ပါရန်။ ခရီးယာယီများ သွားလာမှုများ သွားသင့်ပါတယ်။ အဆင်ပြေလာမည်။ မိတ်ဆွေများနှင့် အတူတူ ခရီးယာယီ သွားရမည်။ 
ပညာရေး ကြိုးစားရမည့် အချိန်ဖြစ်ပါသည်။ အချစ်ရေး ချစ်သူနဲ့စကားပြောဆိုမှုများ အဆင်မပြေသေးပါ။ စိတ်ဆိုးနေမည်။ အိမ်ထောင်ရေး ပြန်လည် ဆုံဆည်းရမည်။ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။
 
ယတြာ = ကြာသပတေးနေ့ ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ရှိ ဘုရားတွင် ပန်းသီး ၅ လုံးကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်းများ ။ ။ ၆ ၅ ၁ ၀ 
၆။ သောကြာ သားသမီးများ အတွက် 
လိုရာဆန္ဒအမြန် ပြည့်ဝလာဖို့ လုပ်စရာရှိတာကို မှန်မှန်လေး ပြုလုပ်သွားပါ။ မိမိရဲ့ဆန္ဒတွေ ပြည့်ဝလာမှာပါ။ အလောမကြီးဖို့ သတိပေးပါရစေ။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေနေမည်။ အထက်လူကြီးနဲ့ ပြောဆိုဆက်ဆံ၍ လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ အဆင်ပြေမဲ့ အနေအထားလေးတွေ ရှိပါတယ်။ ငွေကြေးကိစ္စများကတော့ ကံကောင်းနေသော အချိန်လေးပါ။ 
မိမိ ကုန်သလောက်ရနေမည်။ အမွေကိစ္စများ ဖြေရှင်းရမည်။ သူတစ်ပါးကို ဂရုစိုက်၍ ကူညီပါ။ အထင်လွဲခြင်း ခံရမည်။ ကြာသတေးနံ ပစ္စည်းများ ဝင်လာမည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေနေမည်။ သူငယ်ချင်းအသစ် မိတ်ဆွေအသစ်များ ရရှိမည်။ 
အချစ်ရေး အဆင်ပြေပါသည်။ အိမ်ထောင်ရေးမှာ ဝေးနေရမဲ့ ဝေးနေရမည်။ ယခုလ ကျန်းမာရေး ဇက်ကြောတက် ၊ ကိုက်လက်ကိုက်ခဲခြင်း ဖြစ်မည်။
ယတြာ = မိမိ နေအိမ်ဘုရားတွင် သရက်သီး ၆ လုံးကို သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် တင်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၇ ၉ ၅ ၂ 
၇။ စနေသား သမီးများ အတွက်
အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ ရည်ရွယ်သော အလုပ်များကို လုပ်ဆောင်ရမည်။ အထက်လူကြီးနဲ့ လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ ယခုလအတွင်း ငွေကြေးကိစ္စများ ကံကောင်းလာမည်။ ငွေဝင်ကိန်း ရှိနေပါသည်။ မိသားစုအတွင်း လူဝင် လူထွက်ရှိသည်။ ခရီးကိစ္စမျာ သွားလာမှု အဆင်ပြေမည်။ မိသားစုအတွင်း နေရာထိုင်ခင်း ကိစ္စများ ပြုပြင်ရမည်။ 
ထီး ဖိနပ် နာရီ အဝတ်အထည်များဝင်မည်။ အချစ်ရေးမှာ အေးချမ်းနေမဲ့ အချိန်လေးပါ။ အိမ်ထောင်ရေး အဆင်ပြေပြီး စကားများနေရမည်။ ယခုလ ကျန်းမာရေးမှာ လက်နာမည် အအေးမိ ဖြစ်မည်။
ယတြာ = စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နှင်းဆီနီ ၇ ပွင့်ကို မိမိ နေအိမ်ဘုရားတွင် တင်လှူ၍ ကံကောင်းလာ စေရန်အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေး သောဂဏန်းများမှာ ။ ။ ၇ ၆ ၀ ၁ 
ယခုလ လေးတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ 
ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို 
ဆက်သွယ်ရန် ၊ အမှတ် ၁၁၈၊ (ပထမထပ်)၊ အောင်မြန်မာဆိုင် နဘေး ၊ No.118, Jalan Tun H.S.Lee, 50000, Kuala Lumpur. Kuala Lumpur Malaysia - Website : http://myohanko1.blogspot.com/ - E-mail : myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။
ref;www.edinooyin.com

Saturday, 3 November 2012

သီချင်းစာအုပ်များစုစည်းမှု

******* ... မင်းဟာ အမြဲတမ်းငါ့သူငယ်ချင်းပါပဲ ... *******


















ref;ဟေမာန်

Thursday, 1 November 2012

Root All Android Phone's and Tablet's SuperOneClick Method











စက်ရုပ်သမားတွေအတွက်အသုံးဝင်ဆုံး software ပါ။
မည်သည် Android Phone's and Tablet's  ကိုမဆို root လုပ်လိုရတဲ့
software ပါ။ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း video နဲရှင်းပြပေးထားပါတယ်။
root လုပ်ဖို့အခက်တွေနေတဲ့ phone သမားတွေအတွက်ဝမ်းသားစရာပါ။



















 အောက်က ဗွီဒီယိုဖိုင်က ဘယ်လို Root လုပ်ရမလဲ ရှင်းပြထားတဲ့ဗီဒီယိုပါ။




ref;မြန်မာသတင်းများစုစည်းရာ

အဆင်ပြေကြပါစေ...

မိုဘိုင်းဖုန်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ စာအုပ်

ကိုအာကာဖြိုးရေးထားတဲ့ မိုဘိုင်းဖုန်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက် များစာအုပ်လေးပါ။
ဖုန်းရှိတဲ့သူတွေ ဒေါင်းပြီး ဖတ်သင့်တယ် စာအုပ်လေးပါလို့ အကြံပြုပါရစေ...

Download  

အဆင်ပြေကြပါစေ....





Desktop Wallpaper (1)

Desktop Wallpapaer လေးပါ။ငါးလေး...ဟိုကူးဒီကူးနဲ့  မိုက်တယ်...

ကြိုက်ရင် Download



အဆင်ပြေကြပါစေ....

Monday, 29 October 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၂၉.၁၀.၁၂ ) မှ ( ၄.၁၁.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ


တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်ရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ထီပေါက်တတ်ခြင်းများဖြစ်တတ်
သည်။ ပျော်ရွှင်ေ သာခရီး၊ လေယာဉ်ခရီးသွားရတတ်သည်။ အခန်းပြောင်းရခြင်း၊ အလုပ်နေရာပြောင်းရခြင်းဖြစ်တတ်
သည်။ အလုပ်ပြောင်းချင်စိတ်ဖြစ်နေတတ်သည်။ မပြောင်းပါနှင့်။ ပြောင်းကလက်ရှိအလုပ်ထက်နောက်အလုပ်ကပိုပြီး
စိတ်ညစ်စရာများကြုံတွေ့ရမည်။ စက်ပစ္စည်းများထွက်တတ်သည်။သူခိုးခိုးခံရတတ်ခြင်း၊ငွေပျောက်ခြင်းဖြစ်တတ်သည်။
သတိထားပါ။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဖက်ထုတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။   ( ၅ ၉ ၅ ၁)

တနင်္လာသားသမီးများ၏ကံကြမ္မာ
ပြန်ရန်စိတ်ကူးမရှိသေးဘဲ အမိနိုင်ငံမဖြစ်မနေပြန်ရတတ်ခြင်း၊ ငွေအတွက်သောကရောက်ရတတ်ခြင်း၊ ဆုံးဖြတ်ချက်ချ
ရန်တော်တော်ခက်ခဲစရာများဖြစ်နေခြင်းများဖြစ်နေတတ်သည်။ခင်မင်သောမိတ်ဆွေများနှင့်လည်းစကားများရတတ်
သည်။ အလုပ်တွင်လဲလုပ်သမျှလွဲချော်နေတတ်သည်။အစစအရာရာသတိထားပါ။ လူမျိုးခြားများ၏ကူညီမှုရခြင်း၊
ထီပါက်တတ်ခြင်းကိန်းရှိသည်။ ထီစနေနေ့၊ ဗုဒ္ဓဟူးနေ့များတွင်ထိုးပါ။
ကျန်းမာရေး။ ကား၊ ဆိုင်ကယ်တို့ကြောင့်ခြေထောက်ဒဏ်ရာရတတ်သည်။
အချစ်ရေး။ ချစ်သူနှင့်စကားပြောအဆင်မပြေဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လက်ကောက်ဘုရားကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။  ( ၇ ၀ ၄ ၄)

အင်္ဂါသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရတတ်ခြင်း၊စက်ပစ္စည်းအဟောင်းများထွက်ပြီးအသစ်များဝင်
ခြင်းဖြစ်တတ် သည်။ ပျော်ရွှင်သောခရီးသွားရတတ်သည်။ ရွှေဝင်မည်။အိမ်ခန်းပြုပြင်ရခြင်းများဖြစ်တတ်သည်။
ငွေပျောက်တတ်သည်။ မိမိသုံးသောမီးသတိထားသုံးပါ။ မီးကြောင့်အမှုအခင်းပြဿနာဖြစ်တတ်သည်။ သားသမီး
ရတနာ ရတတ်သည်။ ကောင်း၏။ငွေများဝင်နေမည်။ ကုန်စရာလဲဆက်တိုက်ဖြစ်နေတတ်သည်။
ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်တတ်သည်။
အချစ်ရေး။ သာယာဖြေင့်ဖြူးနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လက်ဆောင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၄ ၂ ၀ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
လုပ်ငန်းသစ်လုပ်ရန်အကြောင်းပေါ်လာခြင်း၊ လုပ်လျှင်အောင်မြင်မှုမရသေးပါ။ စိတ်ပင်ပမ်းခြင်းဖြစ်ရတတ်သည်။
စက်ပစ္စည်းများဝင်ခြင်း၊ စိန်ပစ္စည်းဝင်ခြင်းဖြစ်တတ်သည်။မြေထွက်ခြင်း၊ ဖုန်းထွက်ခြင်းဖြစ်တတ်သည်။ ကားအ
ဟောင်းထွက်ခြင်း၊ ကားသစ်ဝင်ခြင်းဖြစ်တတ်သည်။ အလုပ်တွင်လက်အောက်ငယ်သားထွက်ခြင်းကြောင့်စိတ်
အနှောင့်အယှက်ဖြစ်တတ်သည်။ မိမိကြိုးစားသလောက်အရာမထင်ဖြစ်နေတတ်သည်။ မကြာခင်အဆင်ပြေပါလိမ့်
မည်။
ကျန်းမာရေး။ လေထိုးလေအောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မိမိရည်ရွယ်နေသူကတယောက်ချစ်သူဖြစ်သွားတာတယောက်ဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွှေရင်အေးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၆ ၂)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းအပြောင်းအရွှေ့လုပ်ရခြင်းဖြစ်တတ်သည်။ ကားဝင်ခြင်း၊ တိုက်ခန်းအပြေင်းအလဲလုပ်
ရခြင်း များဖြစ်တတ်သည်။ လူမျိုးခြားများ၏နှောင့်ယှက်ခြင်းခံနေရတတ်သည်။ခင်မင်သောမိတ်ဆွေများနှင့်ခွဲခွာရ
တတ်သည်။ လူလိမ်ခံရတတ်ခြင်း၊ လူလုခံရတတ်ခြင်းဖြစ်တတ်သည်။အလုပ်တွင်အနည်းငယ်အတိုက်အခံတွေ
့နေရတတ်သည်။ အစစအရာရာသည်းခံနိုင်သမျှသည်းခံပြီးနေပါ။ ၀င်ငွေကောင်းနေမည်။ အထက်လူကြီးမိမိဘက်
တွင်ရှိနေသည်။
ကျန်းမာရေး။ အဆုတ်နှင့်ပတ်သက်ပြီးဆေးရုံဆေးခန်းသွားရတတ်သည်။
အချစ်ရေး။ မိမိကိုလူမျိုးခြား၊ ဘာသာခြားများမှ အသဲအသန်ချစ်ရေးဆိုခြင်းဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဖာလူဒါကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၁ ၁ ၀ )

သောကြာသားသမီးများ၏ကံကြမ္မာ
ရွှေဝါလက်စွပ်ဝင်ခြင်း၊ ရွှေဖြူဟန်းချိန်းဝင်ခြင်းဆက်တိုက်ဖြစ်နေတတ်သည်။ စီးပွားရေးကောင်းနေသည်။မိမိမိတ်ဆွေ
များကို လည်းငွေကြေးအကူအညီပေးနေရတတ်သည်။ အလုပ်တွင်စိတ်ဖိစီးမှု များဖြစ်နေရတတ်သည်။ နိုင်ငံခြားနှင်
ပတ်သက်သော ကိစ္စများစောင့်နေရသောအချိန်ဖြစ်နေတတ်သည်။နိုင်ငံရပ်ခြားမှမိတ်ဆွေများနှင့်ဆက်သွယ်မှုများ
ရနေရတတ်သည်။ မိတ်ဆွေများကမိမိကိုထားပြီးခရီးဝေးသွားနေတတ်သည်။ အစစအရာရာအဆင်ပြေနေတတ်သည်။
ကျန်းမာရေး။ အကြောနာခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၉ ၇ ၃)

စနေသားသမီးများ၏ကံကြမ္မာ
စိန်ပစ္စည်းဝင်ခြင်း၊ စိန်ဆွဲသီးဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်း၊ အလှူလုပ်ရခြင်း၊ ကိုယ်ပိုင်ဆိုင်ခန်းရခြင်းများဖြစ် တတ်
သည်။ မိမိနှင့်တွဲဖက်စီးပွားလုပ်နေသောသူနှင့်သိပ်အဆင်မပြေဖြစ်နေတတ်သည်။ ရွှေ၊ နာရီထွက်ခြင်း၊ ပြုပြင်ရခြင်း
ဖြစ်တတ်သည်။ မြေနှင့်ပတ်သက်ပြီးစကားပြောရတတ်ခြင်း၊ ကြာသပတေးနံများကြောင့်စိတ်ညစ်စရာဖြစ်ခြင်းဖြစ်တတ်
သည်။ အရေးကြီးစာရွက်စာတမ်းပျောက်ခြင်း၊လက်အောက်ငယ်သားကြောင့်စိတ်တိုင်မကျဖြစ်ခြင်းဖြစ်နေတတ်သည်။
မိမိကံကြောင့်ဖြစ်သည်။ သည်းခံပါ။
ကျန်းမာရေး။ သွားနှင့်ပတ်သက်ပြီးသွားဆေးခန်းမကြာခဏသွားနေရတတ်သည်။
အချစ်ရေး။ မိမိချစ်သူကလေထဲတွင်အချစ်သစ်များနှင့်ကြူနေသောကြောင့်စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နွားနို့ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၈ ၅ ၀)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)

ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ

ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး

ဖုန်း- 016 6903 513 ,018 2250 510

၃နှစ်သား မြန်မာကလေးငယ် ရဟန်းတော်ကြီးတစ်ပါးလို တရားတွေဟောနေ သောဗွီဒီယိုဖိုင်


 Youtubeတွင်ပျံ့နှံ့နေသည့်အသက် ၃ နှစ်အရွယ်သာ ရှိသေးသော ကလေးငယ်၏ ရဟန်းတော်ကြီးတစ်ပါးလို တရားတွေဟောနေ သောဗွီဒီယိုဖိုင်

အသက် ၃ နှစ်ကျော် ယောင်္ကျားလေး တဦးဟာ ထူးခြားတဲ့ ပါရမီ ရှင်လေးဖြစ်မယ်လို့ ပြောနေကြပါတယ်။ 



အသက် ၃ နှစ်တာ ကလေးငယ်တဦးက ရဟန်းတော်ကြီးတပါးလို တရားတွေဟော၊ သီလတွေ ပေးပြီး 

တကယ့် မထေရ်ကြီးလို ဟောပြောနေတာကို Cho Yee ရဲ့ အင်တာနက်ဖေ့စ်ဘုတ် စာမျက်နှာမှာ 

တင်ထား တာ လူကြိုက်အလွန်များလျှက် ရှိပါတယ်။ 


တချို့ မှတ်ချက်ရေးသူတွေကလည်း မထေရ် တပါးပါး လူပြန်ဝင်စားတာလားလို့ ရေးသားထားကြပါတယ်။


 ဘာပဲပြောပြော ဒီ ဗီဒီယို ရုပ်မြင်သံကြားကို ကြည့်ပြီး ပင်ပန်းနွမ်းနယ်မှုတွေ ပြေလျော့သွားမယ်လို့ 

ယုံကြည်လို့ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။







အောက်ကတော့ youtube မှာပေးထားတဲ့မှတ်ချက်လေးတစ်ခုပါ။

တကယ်ပဲ ဆရာတော်ကြီးတစ်ပါး ပျံလွန်တော်မူလို့ ၀င်စားတယ်
ထင်ပါတယ် . . . . ကလေးကို ရီစရာတစ်ခုလို သဘောထားနေတာ .. စိတ်မကောင်းဘူး . .
သေချာမေးစမ်းနိုင်ရင် . . .အရင်ဘ၀ကအကြောင်းတွေ သိနိုင်ပြီး ဗုဒ္ဓဘာသာအတွက်ပါ
အများကြီး အထောက်အကူဖြစ်နိုင်တယ်လို့ ထင်မိပါတယ် . . .
မြတ်စွာဘုရားဟောခဲ့သလို လူတွေမှာ အတိတ်ဘ၀ရှိတာ နောင်ဘ၀ဆိုတာ တကယ်ပဲရှိတယ်ဆိုတာ
.. ဒီကလေးက သက်သေပါပဲ . . .
တန်ဖိုးရှိတဲ့ အထောက်အထားတစ်ခုပါ . .

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio