Wednesday, 21 November 2012

ရှေးခေတ်ဘုရင်တို့ရဲ့ ရာဇပလ္လင်အကြောင်းသိကောင်းစရာ












ရှေးခေတ်ဘုရင်တို့ရဲ့ ရာဇပလ္လင်အကြောင်းသိကောင်းစရာ
(၁) သီဟာသန ပလ္လင်
- ခြင်္သေ့ရုပ်ခံ၍ ယမနေသားဖြင့် ထုလုပ်ပြီးနန်းဦးပြဿဒ်ဆောင်နှင့် လွှတ်တော်၌ ထားရှိ

(၂) ဘမယာသန ပလ္လင်
- ပိတုန်းရုပ်ခံ၍ ကရဝေးသားဖြင့် ထုလုပ်ပြီးမှန်နန်းဆောင် (စက်တော် ခေါ်သည့်နေရာ) ၌ ထားရှိ
(၃) ပဒုမာသန ပလ္လင်
- ပဒုမ္မာကြာပွင့်ခံ၍ သရက်သားဖြင့် ထုလုပ်ပြီး အနောက်ဇေတ၀န်ဆောင် (မင်းတို့ကန်တော့ခံရန် နေရာ)၌ ထားရှိ
(၄) ဟံသာသန ပလ္လင်
- ဟသာင်္ရုပ်ခံ၍ သင်္ကန်းသားဖြင့် ထုလုပ်ပြီး အရှေ့ဇေတ၀န်ဆောင် (မင်းတို့ ၀တ်ပြုရန်နေရာ)၌ ထားရှိ
(၅) ဂဇာသန ပလ္လင်
- ဆင်ရုပ်ခံ၍ စကားသားဖြင့် ထုလုပ်ပြီး ဗြဲတိုက်ဆောင် (မင်းတို့ လက်ဆောင် ခံယူရာနေရာ)၌ ထားရှိ
(၆) သခါင်္သန ပလ္လင်
- ခရုသင်းရုပ်ခံ၍ တောင်ပိန္နဲသားဖြင့် ထုလုပ်ပြီး လေသာဆောင် (တရားစီရင်ရာနေရာ)၌ ထားရှိ
(၇) မိဂါသန ပလ္လင်
- သမင်ရုပ်ခံ၍ ရေသဖန်းသားဖြင့် ထုလုပ်ပြီး တောင်စမုတ်ဆောင် (မင်းတို့ အလှူတော်ရေစက်ချရာ နေရာ)၌ ထားရှိ
(၈) မယုရာသန ပလ္လင်-ဥဒေါင်းရုပ်ခံ၍ ပေါက်သားဖြင့် ထုလုပ်ပြီး မြောက်စမုတ်ဆောင် (ကန်တော့ပန်းသိမ်းရာနေရာ)၌ ထားရှိ
ပလ္လင်တွင်ပါရှိသောအစိတ်အပိုင်းများမှာ-
(၁) ခြင်္သေ့
(၂) ဆင်ပျံ
(၃) လောကနတ်
(၄) ဒေါင်းမြီးယပ်
(၅) ဆင်နား
(၆) တံခါးတိုင်
(၇) သိကြား
(၈) ကိန္နရာ
(၉) သမ္မာဒေဝ
(၁၀) ခြူး
(၁၁) ကြာ
(၁၂) ဦးဆောက်ပန်း
ဟူ၍ (၁၂) နေရာပါရှိသည်။

ref;https://www.facebook.com/photo.php?fbid=495797140451159&set=a.4...


◘◘ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ◘◘


  • ◘◘ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ◘◘  ဗုဒ္ဓ ကို ကျွန်တော်အရမ်းလေးစားကြည်ညိုပါတယ်... ဘာကြောင့်လဲဆိုတော့  ဗုဒ္ဓ ဟာ ဒီကမ္ဘာကြီးကို သူပိုင်တယ်လို့ မကြွားခဲ့ပါဘူး....  သူ့ကိုကိုးကွယ်ရင် ဆုလာဒ်တွေပေးမယ်လို့ မစည်းရုံးခဲ့ပါဘူး.....  သူ့ကိုမရှိခိုးရင်..မကိုးကွယ်ရင်....ငရဲကိုပို့ပစ်မယ်လို့ မခြိမ်းခြောက်ခဲ့ပါဘူး....  သူ့ကိုတစ်နေ့ဘယ်နှစ်ကြိမ်ရှိခိုးရမယ်လို့ မချုပ်ချယ်ခဲ့ပါဘူး....  သူ့ကိုရှိခိုးခြင်းထက် စရဏ ပိုင်းကောင်းမွန်ခြင်းဟာ ပိုမြတ်တယ်လို့ ပြတ်ပြတ်သားသား ဟောကြားတော်မူခဲ့ပါတယ်....  သူပြောတဲ့စကားတိုင်းကိုလည်း အလွယ်တကူမျက်စိမှိတ် မယုံကြည်လိုက်ပါနဲ့လို့ ရဲရဲတောက် ဟောကြားတော်မူခဲ့ပါတယ်.... သူဟောကြားခဲ့တဲ့ ဒီအမှန်တရားတွေဟာ သူပိုင်တာမဟုတ်ပါဘူး...သဘာဝအမှန်တရားတွေသာဖြစ်တယ်လို့....ပေါ်ပေါ်တင်တင် ဟောကြားတော်မူခဲ့ပါတယ်....  သူရရှိခဲ့တဲ့ ဘုရားအဖြစ်ကိုလည်း သူတစ်ယောက်ထဲ မောင်ပိုင်စီးထားတာမျိုးမဟုတ်ပဲ... ဘုရားဖြစ်ချင်ရင် လူသားတိုင်း ကြိုးစားလို့ရတယ်ဆိုတဲ့ လမ်းကြောင်းတစ်ခုကို   စိတ်သဘောထားကြီးမြတ်စွာနဲ့ ချပြခဲ့သူပါ....  လွတ်လပ်စွာတွေးခေါ်ခွင့်...လွတ်လပ်စွာပြောဆိုနေထိုင်ခွင့်...လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတဲ့ ဒီမိုကရေစီ သဘောတရားတွေကို ပြောကြားခဲ့တဲ့ ပထမဆုံးသော  ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ....  လူတန်းစားခွဲခြားခြင်း..လူမျိုးရေးခွဲခြားခြင်းတို့ကို ဆန့်ကျင်ခဲ့တဲ့ ပထမဆုံးသော ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ...  ကိုယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်..မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်...မိမိရဲ့ကောင်းခြင်းဆိုးခြင်းရလာဒ်တွေဟာ မိမိရဲ့  အတိတ်/ပစ္စုပန်ကာလတွေရဲ့ လုပ်ရပ်တွေကြောင့်ဖြစ်တယ်..မည်သူတစ်ဦးတစ်ယောက်ကမှ ဖန်တီးစီရင်နေတာမဟုတ်ဘူးလို့  အကြောင်းတရားကြောင့်အကျိုးတရားဖြစ်ရခြင်းကို ပြောကြားခဲ့တဲ့ တစ်ဦးတည်းသော ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ....  သူ့ရဲ့တစ်သက်တာကာလပတ်လုံးမှာ သူတားမြစ်ခဲ့တဲ့တရားတွေကို သူကိုယ်တိုင်လည်းလုံခြုံခဲ့ပါတယ်....  အဲဒါကြောင့်ကျွန်တော်ဟာ ဗုဒ္ဓ ကိုအရမ်းလေးစားပါတယ်..အရမ်းကြည်ညိုပါတယ်...  သူဟောကြားခဲ့တဲ့ ငြိမ်းချမ်းရေးတရားတော်တွေဟာ အခုချိန်ထိ မှန်ကန်နေတုန်းပါပဲ...လိုက်နာကျင့်သုံးရင်  အသုံးဝင်နေတုန်းပါပဲ... ဒီနေ့ကမ္ဘာကြီးငြိမ်းချမ်းအောင် ဗုဒ္ဓ တရားတော်တွေထဲမှာ နည်းလမ်းတွေရှိနေပါတယ်...  ဗုဒ္ဓ ကျင့်ကြံခဲ့တဲ့ ၀ိပဿနာတရားတွေဟာလည်း ဗုဒ္ဓ ချမှတ်ပေးခဲ့တဲ့နည်းလမ်းတွေအတိုင်း လက်တွေ့ကျင့်ကြံကြည့်ရင် စိတ်ရဲ့ငြိမ်းချမ်းခြင်းကို  အမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာ ဘာသာခြားတွေတောင် လက်ခံနေကြပါတယ်...၀ိပဿနာတရားစခန်းတွေမှာ ဖန်ဆင်းရှင်ဝါဒကိုယုံကြည်တဲ့  ဘာသာခြားတွေအများကြီး လာရောက် ကျင့်ကြံအားထုတ်နေကြတာ အများကြီးရှိပါတယ်....  ဗုဒ္ဓ ဟာ ကြွားဝါမှုတွေ..စည်းရုံးမှုတွေ...ခြိမ်းခြောက်မှုတွေ...ချုပ်ချယ်မှုတွေမလုပ်ခဲ့ပါပဲနဲ့...သူ့စကားကို ယုံကြည်စွာ လိုက်နာနေကြတဲ့  ဗုဒ္ဓ ဘာသာဝင်တွေ ယနေ့အထိအများကြီးရှိနေဆဲဖြစ်တာကို ကျွန်တော် အင်မတန်မှကို ဂုဏ်ယူမိပါတယ်...  အခု ဗုဒ္ဓမရှိတော့တာ နှစ်ပေါင်း ၂၅၀၀ ကျော်သွားပါပြီ...အင်အားအကြီးဆုံး ဘာသာကြီး ၄ ခုထဲမှာ အခုချိန်ထိ ပါဝင်နေတာကို အံ့သြချီးကျူးလို့ကို မဆုံးနိုင်တော့ပါဘူး....  ဒါကြောင့် ကျွန်တော်ဟာ ဗုဒ္ဓ ဘာသာဝင်ဖြစ်ရတာ ဂုဏ်ယူပါတယ်... ဗုဒ္ဓ ဘာသာဝင် အသိုင်းအ၀ိုင်းကြားမှာ မွေးဖွားလာရတာကိုလည်း  အလွန်ကျေနပ်မိပါတော့တယ်....  (ကျွန်တော်ဒီလိုတွေရေးလိုက်တာဟာ သူများဘာသာကို မကောင်းပြောတာမဟုတ်ပါဘူး...ဘယ်ဘာသာကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိပါဘူး....ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့  ရိုးရှင်းသော ရင်တွင်းခံစားချက်သက်သက်သာဖြစ်ပါတယ်....)




    ဗုဒ္ဓ ကို ကျွန်တော်အရမ်းလေးစားကြည်ညိုပါတယ်... ဘာကြောင့်လဲဆိုတော့

    ဗုဒ္ဓ ဟာ ဒီကမ္ဘာကြီးကို သူပိုင်တယ်လို့ မကြွားခဲ့ပါဘူး....

    သူ့ကိုကိုးကွယ်ရင် ဆုလာဒ်တွေပေးမယ်လို့ မစည်းရုံးခဲ့ပါဘူး.....

    သူ့ကိုမရှိခိုးရင်..မကိုးကွယ်ရင်....ငရဲကိုပို့ပစ်မယ်လို့ မခြိမ်းခြောက်ခဲ့ပါဘူး....

    သူ့ကိုတစ်နေ့ဘယ်နှစ်ကြိမ်ရှိခိုးရမယ်လို့ မချုပ်ချယ်ခဲ့ပါဘူး....

    သူ့ကိုရှိခိုးခြင်းထက် စရဏ ပိုင်းကောင်းမွန်ခြင်းဟာ ပိုမြတ်တယ်လို့ ပြတ်ပြတ်သားသား ဟောကြားတော်မူခဲ့ပါတယ်....

    သူပြောတဲ့စကားတိုင်းကိုလည်း အလွယ်တကူမျက်စိမှိတ် မယုံကြည်လိုက်ပါနဲ့လို့ ရဲရဲတောက် ဟောကြားတော်မူခဲ့ပါတယ်....
    သူဟောကြားခဲ့တဲ့ ဒီအမှန်တရားတွေဟာ သူပိုင်တာမဟုတ်ပါဘူး...သဘာဝအမှန်   တရားတွေသာဖြစ်တယ်လို့....ပေါ်ပေါ်တင်တင် ဟောကြားတော်မူခဲ့ပါတယ်....

    သူရရှိခဲ့တဲ့ ဘုရားအဖြစ်ကိုလည်း သူတစ်ယောက်ထဲ မောင်ပိုင်စီးထားတာမျိုးမဟုတ်ပဲ... ဘုရားဖြစ်ချင်ရင် လူသားတိုင်း ကြိုးစားလို့ရတယ်ဆိုတဲ့ လမ်းကြောင်းတစ်ခုကို

    စိတ်သဘောထားကြီးမြတ်စွာနဲ့ ချပြခဲ့သူပါ....

    လွတ်လပ်စွာတွေးခေါ်ခွင့်...လွတ်လပ်စွာပြောဆိုနေထိုင်ခွင့်...လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတဲ့ ဒီမိုကရေစီ သဘောတရားတွေကို ပြောကြားခဲ့တဲ့ ပထမဆုံးသော

    ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ....

    လူတန်းစားခွဲခြားခြင်း..လူမျိုးရေးခွဲခြားခြင်းတို့ကို ဆန့်ကျင်ခဲ့တဲ့ ပထမဆုံးသော ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ...

    ကိုယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်..မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်...မိမိရဲ့ကောင်းခြင်းဆိုးခြင်းရလာဒ်တွေဟာ မိမိရဲ့

    အတိတ်/ပစ္စုပန်ကာလတွေရဲ့ လုပ်ရပ်တွေကြောင့်ဖြစ်တယ်..မည်သူတစ်ဦးတစ်ယောက်ကမှ ဖန်တီးစီရင်နေတာမဟုတ်ဘူးလို့

    အကြောင်းတရားကြောင့်အကျိုးတရားဖြစ်ရခြင်းကို ပြောကြားခဲ့တဲ့ တစ်ဦးတည်းသော ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ....

    သူ့ရဲ့တစ်သက်တာကာလပတ်လုံးမှာ သူတားမြစ်ခဲ့တဲ့တရားတွေကို သူကိုယ်တိုင်လည်းလုံခြုံခဲ့ပါတယ်....

    အဲဒါကြောင့်ကျွန်တော်ဟာ ဗုဒ္ဓ ကိုအရမ်းလေးစားပါတယ်..အရမ်းကြည်ညိုပါတယ်...

    သူဟောကြားခဲ့တဲ့ ငြိမ်းချမ်းရေးတရားတော်တွေဟာ အခုချိန်ထိ မှန်ကန်နေတုန်းပါပဲ...လိုက်နာကျင့်သုံးရင်

    အသုံးဝင်နေတုန်းပါပဲ... ဒီနေ့ကမ္ဘာကြီးငြိမ်းချမ်းအောင် ဗုဒ္ဓ တရားတော်တွေထဲမှာ နည်းလမ်းတွေရှိနေပါတယ်...

    ဗုဒ္ဓ ကျင့်ကြံခဲ့တဲ့ ၀ိပဿနာတရားတွေဟာလည်း ဗုဒ္ဓ ချမှတ်ပေးခဲ့တဲ့နည်းလမ်းတွေအတိုင်း လက်တွေ့ကျင့်ကြံကြည့်ရင် စိတ်ရဲ့ငြိမ်းချမ်းခြင်းကို

    အမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာ ဘာသာခြားတွေတောင် လက်ခံနေကြပါတယ်...၀ိပဿနာတရားစခန်းတွေမှာ ဖန်ဆင်းရှင်ဝါဒကိုယုံကြည်တဲ့

    ဘာသာခြားတွေအများကြီး လာရောက် ကျင့်ကြံအားထုတ်နေကြတာ အများကြီးရှိပါတယ်....

    ဗုဒ္ဓ ဟာ ကြွားဝါမှုတွေ..စည်းရုံးမှုတွေ...ခြိမ်းခြောက်မှုတွေ...ချုပ်ချယ်မှုတွေမလုပ်ခဲ့ပါပဲနဲ့...သူ့စကားကို ယုံကြည်စွာ လိုက်နာနေကြတဲ့

    ဗုဒ္ဓ ဘာသာဝင်တွေ ယနေ့အထိအများကြီးရှိနေဆဲဖြစ်တာကို ကျွန်တော် အင်မတန်မှကို ဂုဏ်ယူမိပါတယ်...

    အခု ဗုဒ္ဓမရှိတော့တာ နှစ်ပေါင်း ၂၅၀၀ ကျော်သွားပါပြီ...အင်အားအကြီးဆုံး ဘာသာကြီး ၄ ခုထဲမှာ အခုချိန်ထိ ပါဝင်နေတာကို အံ့သြချီးကျူးလို့ကို မဆုံးနိုင်တော့ပါဘူး....

    ဒါကြောင့် ကျွန်တော်ဟာ ဗုဒ္ဓ ဘာသာဝင်ဖြစ်ရတာ ဂုဏ်ယူပါတယ်... ဗုဒ္ဓ ဘာသာဝင် အသိုင်းအ၀ိုင်းကြားမှာ မွေးဖွားလာရတာကိုလည်း

    အလွန်ကျေနပ်မိပါတော့တယ်....

    (ကျွန်တော်ဒီလိုတွေရေးလိုက်တာဟာ သူများဘာသာကို မကောင်းပြောတာမဟုတ်ပါဘူး...
    ဘယ်ဘာသာကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိပါဘူး....ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့

    ရိုးရှင်းသော ရင်တွင်းခံစားချက်သက်သက်သာဖြစ်ပါတယ်....)
    ref;mmfamily

Applications ဖုန်းတွေမှာ တရားတော် နာလိုသူတွေအတွက်


ဒေါင်းလော့ယူဖို့  ဒီမှာနော်  ကိုကလစ်ပြီးသွားလိုက်ပါ။ဒေါင်းပြီးသွားတဲ့ဖိုင်ကို ဖုန်းထဲထည့်လိုက်ပြီဆိုရင် တရားတော်များနာယူနိုင်ပါပြီ။


ကျေးဇူးတင်ပါတယ်

ref;chanchanlon

ပဉ္စဂံတေးစု

 အစ်ကိုတစ်ယောက်တောင်းထားတာ ဒီစီးရီးလားမသိဘူး။BIG V ဆိုတဲ့ ခေါင်းစဉ်က အွန်လိုင်းပေါ်မှာရှာတာ ပြဲပြဲစင်ပဲ ရှာမတွေ့ ဘူးဗျာ... ကိုငှက် ပါဝင်သီဆိုခဲ့တဲ့ နောက်ဆုံးအယ်ဘမ် ဆိုတာ အခုတင်ပေးလိုက်တဲ့ ပဉ္စဂံတေးစု အယ်လ်ဘမ် ပဲတွေ့ တယ်...အယ်လ်ဘမ်လိုက်ပဲတင်ပေးလိုက်ပါတယ်။
အောက်ဆုံးက Click here ကိုကလစ်ပြီးဒေါင်းပါ။အဆင်ပြေပါစေဗျာ.....


01 ထူးအိမ်သင် - အိမ်မက်ထဲကရထားကြီး
02 စိုင်းထီးဆိုင် - မျှော်သူပျော်ရစေ
03 ခိုင်ထူး - လမင်းသီချင်း
04 အောင်ရင် - မျှော်လင့်ချက်ညကဗျာ
05 စိုးလွင်လွင် - ယောကျာင်္းကောင်း
06 ထူးအိမ်သင် - ငါ့တိမ်တိုက်
07 စိုင်းထီးဆိုင် - ယုံတမ်း
08 အောင်ရင် - ချစ်သစ္စာ
09 ခိုင်ထူး - အိမ်မက်ပန်းချီ
10 စိုင်းထီးဆိုင် - အချော့တော်စကား
11 ထူးအိမ်သင် - လောကကြီးရဲ့မောင်းနှင်အား
12 အောင်ရင် - ချစ်တဲ့ဘက်ကလူ
13 ခိုင်ထူး - ကာရန်မဲ့ခင်မင်မှု့
14 စိုးလွင်လွင် - ရက်သတ္တပတ်

Click Here

သာသနာ့အလံ ဖြစ်ပေါ်လာပုံ နှင့် တီထွင်သူ အမှန်


(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှု
အထိမ်း အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက်ကြိုးပမ်းခဲ့ကြ၏။
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာနှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ
ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။
တီထွင်သူ အစစ် (သာသနာ့အလံကို ကနဦး တီထွင်သောသူသည်
ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott )
ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန
(Carollis Pujitha Gune Wardene) ဖြစ်သည်။) ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။
အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ် အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့်နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို
လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကိုလိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။
ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။ စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene) စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။
ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။

ထိုအသင်းတွင် ဟင်နရီစတီး အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။
စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။

၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန်
ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ
( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍
၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။
သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။
သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ
၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့်
ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ
တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌
“ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။
အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။

သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။ မြန်မာနိုင်ငံ နှင့်
သာသနာ့အလံ သာသနာ့အလံတော်ကို
သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည်
၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။
မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍
အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး
အဖြစ် အောင်မြင်စွာ အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။

၁၉၈၀ပြည့်နှစ်တွင်ကျင်းပသည့်သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့်
ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ် သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။
ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
အရွယ်အစား/အရောင် • အကြီး = အလျား - ၉ပေ x အနံ - ၅ပေ •
အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ •
အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ •
အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း
အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။
အသုံးပြုပုံ မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို
သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-
(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့) 4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)
(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ 9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး 13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။
(ဂ)လွှင့်ထူ အသုံးပြုနည်း၊
အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။
လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။

မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။
ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။
သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ
တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊
(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
(နည်းပညာတို့ ရဲ့ ဆုံမှတ်များဖိုရမ်မှ ကူးယူဖေါ်ပြပါသည်)

Friday, 16 November 2012

AMR TO MP3 Converter

ဒီဆော့ဝဲလ်လေးက တော့ မိမိတို့ ဖုန်းနဲ့ အသံသွင်းထားတဲ့ amr  ဖောမတ်ကို mp3 ပြောင်းနိုင်တဲ့ ဆော့ဝဲလ်လေးပါ။ mp3 ကိုလည်း amr ပြောင်းနိုင်ပါတယ်။
လိုအပ်ခဲ့ရင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။


အဆင်ပြေကြပါစေ။

Tuesday, 13 November 2012

Media Player Classic (Portable လေးပါ)

 Media Player Classic  လေးပါ။
တော်တော်များများသိကြမှာပါ။သုံးရတာလည်း ပေါ့ပေါ့ပါးပါးရှိပါတယ်။ဖိုဒ်ဆိုဒ်ကလည်း 2 MB ပဲရှိပါတယ်။Format တော်တော်များများမှာအလုပ်လုပ်ပါတယ်။


လိုအပ်ခဲ့ရင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။ 

အဆင်ပြေကြပါစေ။

Relaxing Rain Screensaver



မိုးတွေရွာရင်း လှိုင်းတွေထရင်း လှုပ်ရှာသက်ဝင်နေတဲ့ ဒီဇိုင်းလေး တမျိုးပါပဲ.. Screensaver အလန်းလေတွေ တစ်မျိုးပြီး၊ တစ်မျိုး ပြောင်းသုံးချင်တဲ့ သူများအတွက် ရှာဖွေထားတင်ပေးလိုက်ပါတယ်
ဆန္ဒရှိရင်ဒေါင်းပေါ့ ဗျာ..
ဒေါင်းရန်... ဒီမှာ

ref;nyi thu 
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio