Thursday, 29 November 2012

ဂျီမေးလ်နဲ့ တူတဲ့ BluMail အကောက်ဖွင့်နည်း(မသိသေးသူများအတွက်သာ)

ဂျီမေးလ် နဲ့ အကုန်လုံးနီးပါးတူပါတယ်။ကွာတာဆိုလို့  @gmail.com  နှင့် @blumail.org ပဲကွာတာပါ။
အကောက်ဖွင့်တဲ့နေရာမှာလည်း ဖုန်းနံပါတ်ထည့်ပေးစရာမလိုပါဘူး။
ပထမဦးဆုံးအကောက်ဖောက်ဖို့ အတွက် ဒီလင့်လေးကသွားလိုက်ပါ။
အကောက်ဖွင့်ရမည့်စာမျက်နှာရောက်ရင် ဖြည့်စွက်ရမည့်အရာများကိုပြည့်စုံအောင်ဖြည့်ပေးလိုက်ပါ။ပြီးရင် Continue ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။


Continue ကိုနှိပ်ပြီးရင် Continue နေရာနားမှာပဲ activated ခဏလုပ်နေပါလိမ့်မည်။အောက်မှာပုံနှင့်လည်းပြထားပါတယ်...


ပြီးရင် အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။ဖြည့်စွက်ရမည့်နေရာများတွင့် ပြည့်စုံအောင်ဖြည့်ပေးပြီး Created account ကိုကလစ်ပြီးဆက်သွားလိုက်ပါ။



အောက်ကပုံစံအတိုင်းလေးပေါ်လာရင်တော့ အကောက်ဖောက်တာအောင်မြင်စွာပြီးဆုံးသွားပါပြီ။ထိုဘောက်ထဲရှိ http://mail.blumail.org ကိုကလစ်ပြီးဆက်သွားလိုက်ပါ။


ပြီးရင် Username နေရာမှာ မိမိဖွင့်ထားတဲ့ အီးမေးလ် လိပ်စာကိုရိုက်ထည့်ပါ။Password နေရာမှာ ပက်စ်ဝက်ရိုက်ထည့်ပြီး Sign in ကိုနှိပ်လိုက်ပါ။

ပြီးရင်အောက်ကအတိုင်း ဘောက်တစ်ခုထပ်ကျလာပါလိမ့်မည်။အောက်ခြေအနားမှာရှိတဲ့ Type the characters......below အောက်ရှိစာသားကို အဲ့စာသားအောက်ရှိ Box ထဲတွင်ရိုက်ထည့်ပြီး I accept.Continue to my account ကိုကလစ်ပြီးဆက်သွားလိုက်ပါ။



အောက်ကပုံကတော့ Loading လုပ်နေတာပါ။ဂျီမေးလ်နဲ့ ပုံစံအတူတူပါပဲ။ @blumail.org ပဲကွာတာပါ။ :P








ဂျီမေးလ်နဲ့ ပုံစံအတူတူပါပဲ။အောက်ကပုံမှာအပြာရောင်လေးထောင့်ကွက်နဲ့ ဝိုင်းပြထားတဲ့စာသားတွေပဲကွာတာပါ။ :)



ဂျီတော့ဖွင့်ရင်တော့ Username ရိုက်တဲ့နေရာမှာ @blumail.org ကိုရိုက်ထည့်ပေးရပါမည်{မမေ့ပါနဲ့ နော် :) }
ဥပမာ။ ။ phyutharlay@blumail.org




Facebook,twitter အစရှိတဲ့ဆိုဒ်တွေမှာတင်မက ning ဆိုင်တွေ ကျန်တဲ့ဆိုဒ်တွေမှာပါ ဒီဆိုဒ်မှာ အကောက်ဖောက်ထားတဲ့ blumail အကောက်နဲ့ ပဲ အကောက်သစ်လုပ်လို့ ရပါတယ်။ ဂျီမေးလ်နဲ့ အတူပါပဲ အကုန်လုံး။
အဆင်ပြေကြပါစေ။

Monday, 26 November 2012

လေ့လာသင့်သောနည်းပညာစာအုပ်အချို့ 

 ကျွန်တော်ရှာဖွေစုဆောင်းထားတဲ့စာအုပ်အချို့ ကို ပြန်လည်မျှဝေပေးတာပါ။ကျွန်တော့်လို အခြေခံပညာသင်များလေ့လာသင့်တဲ့စာအုပ်လေးတွေလို့  ညွှန်းပါရစေ။

windows ထဲတွင်ပုံမှန်အတိုင်း Format ချ၍မရသော USB  Drive များကို Dos ဖြင့် Format ချ၍ပြုပြင်နည်းစာအုပ်လေးပါ။
လိုအပ်ခဲ့လျှင်  ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

ကွန်ပျူတာပြုပြင်ရန်စဉ်းစားနိုင်သည့်အချက်များစာအုပ်လေးပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။


ကိုနေစေးရေးထားတဲ့ဂျီတော့အခြေခံအသုံးပြုနည်းများစာအုပ်လေးပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

ကွန်ပျူတာမှာဖြစ်တတ်တဲ့ပြဿနာလေးတွေဖြေရှင်းနည်းအကြောင်းရေးထားတဲ့စာအုပ်လေးပါ။
လိုအပ်ခဲ့လျှင် အပိုင်း(၁)ဒေါင်းရန် အပိုင်း(၂)ဒေါင်းရန်

ဖေ့ဘွတ်အကောက်ဘာကြောင့်ပျက်ရသလဲဆိုတဲ့အကြောင်းရှင်းပြထားတဲ့စာအုပ်လေးပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
 
အောက်ကစာအုပ်တွေကတော့ နည်းပညာဗဟုသုတပေါ့နော် ...:)

ဦးခိုင်မောင်ရေးထားတဲ့ Special Effects For Graphic Designer စာအုပ်ဒေါင်းရန်

DOS COMMAND တွေအကြောင်းရေးထားတဲ့စာအုပ်ဒေါင်းရန်

Bots ကာကွယ်ခြင်းအစီအမံစာအုပ်ဒေါင်းရန်

အဆင်ပြေကြပါစေ...

ခုနှစ်ရက်သားသမီးများအတွက် ( ၂၆.၁၁.၁၂) မှ (၂.၁၂.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
လေယာဉ်ခရီး၊ ပျော်ရွှင်သောခရီးသွားရခြင်းများ ဖြစ်တတ်သည်။ နိုင်ငံခြားသွားရန်ပြင်ဆင်နေသူများနိုင်ငံရပ်ခြားခရီး
လည်းဖြစ်တတ် သည်။ အလုပ်တွင်နေရာကောင်းရနေခြင်း၊ နာမည်ကောင်းရခြင်းထက်အလုပ်များလည်း မိမိတာဝန်
ဖစ်သလိုဖြစ်နေတတ်သည်။  အထက်လူကြီးဆရာသမားကောင်းခြင်း၊  လက်အောက်ငယ်သားကောင်းခြင်းကြောင့်
အလုပ် များနေသော်လည်း အဆင်ပြေနေသည်။ ငွေများဝင်သည်။
သို့သော်ဝင်သလောက်အဖတ်မတင်ဖြစ်နေတတ်
သည်။ မကြာခင်အစစအရာရာအဆင်ပြေမည်။

ကျန်းမာရေး
။ အစာအိမ်ရောဂါကြောင့်ဆေးစားဆေးသောက်လုပ်နေရတတ်သည်။
အချစ်ရေး။ အစစအရာရာနားလည်ပေးသောသူအနားတွင်ရှိနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီး (၆) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၄ ၇ )



တနင်္လာသားသမီးများ၏ကံကြမ္မာ
ထီပေါက်တတ်သည်၊ ဆုသေးဖြစ်တတ်သည်။ နိုင်ငံခြားမှလက်ဆောင်ပစ္စည်းများရတတ်သည်။ အခန်းသစ်ရခြင်း၊
ကားသစ် ရခြင်းဖြစ်တတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်းဖြစ်တတ်သည်။ ပြည်တွင်းပြည်ပ
ခရီးတခုခုထွက်ရတတ်သည်။ ငွေများစွာဝင်ခြင်း၊ လစာတိုးခြင်း၊ အပိုဝင်ငွေရခြင်းများဖြစ်တတ်သည်။ အလုပ်တွင်
စိတတိုင်းမကျစရာများဖြစ်နေတတ်သည်။ လက်အောက်ငယ်သားကြောင့်ဖြစ်နေ တတ်သည်။ ငွေလူလိမ်ခံရသလိုဖြစ်
နေတတ်သည်။ သတိထားပါ။
ကျန်းမာရေး။ ဆီးအောင့်ခြင်း၊ မျက်စိကိုက်နေခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စန်းပွင့်နေသည်။ မိမိကိုလက်ထပ်ရန်ပူဆာနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားမာလာကာသီး( ၉) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၀ ၇ ၂)

အင်္ဂါသားသမီးများ၏ကံကြမ္မာ
ရွှေလက်ကောက်ဝင်ခြင်း၊ ငွေဝင်သော်လည်းငွေကုန်များနေသောကြောင့်စိတ်ညစ်နေတတ်သည်။ငွေအတွက်ပူပင်
သောကဖြစ်နေရတတ်သည်။ စာရွက်စာတမ်း၊ စာရင်းအင်းများမှားတတ်သည်။သတိထားပါ၊။ ခင်မင်သောမိတ်ဆွေ
နှင့်မိတ်ပျက်တတ်သည်။ မိမိကိုယ်တိုင်စိတ်တိုင်းမကျခြင်း၊သူတပါးကိုစိတ်တိုင်းမကျခြင်းဖြစ်နေတတ်သည်။ ဖုန်း
ထွက်ခြင်း၊ ကြာသပတေးနံထွက်ခြင်းဖြစ်နေတတ်သည်။ စိတ်များလေနေတတ်သည်။ အလုပ်တွင်စိတ်မ၀င်စား
သောကြောင့် အလုပ်များလည်းပိနေတတ်သည်။စိတ်အေးအေးထားပြီးလုပ်ပါ။
ကျန်းမာရေး။ အစားမှားပြီးသွေးတိုးတတ်သည်။
အချစ်ရေး။ သာယာဖြေင့်ဖြူးနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းလိမ္မော်သီး (၈) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ (  ၄ ၂ ၂ ၁ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်စိတ်ပင်ပမ်းခြင်း၊ လူပင်ပမ်းခြင်းဖြစ်နေတတ်သည်။ ငွေများဝင်ခြင်း၊ ထီပေါက်တတ်ခြင်း၊ကြာသပတေးနံ
များ ၀င်ခြင်းဖြစ်နေတတ်သည်။ မြေ၊ အမွေကိစ္စကြောင့်စကားများနေရတတ်သည်။ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ အမိ
နိုင်ငံပြန်ရတတ်ခြင်းဖြစ်နေတတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ဖုန်းအကောင်းဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်းများဖြစ်
တတ်သည်။ အခန်းပြောင်းရခြင်း၊ အလုပ်ပြောင်းချင်စိတ်ဖြစ်နေခြင်းဖြစ်နေတတ်သည်။ အလုပ်မပြောင်းပါနှင့်၊ ပြောင်း
ကပိုပြီးပိုဆိုးတတ်သည်။လက်ရှိအလုပ်တွင်သာနေပါ။ အစစအရာရာအဆင်ပြေပါလိမ့်မည်။
ကျန်းမာရေး။ ခေါင်းမူးခေါင်းကိုဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်မ၀င်စားနိုင်အောင်ဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင်  မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားလိမ္မော်သီး (၅) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၅ ၄ ၃)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရတတ်ခြင်း၊ စန်း၊ စုတ်အားကောင်းနေခြင်း၊လက်ဆောင်ပစ္စည်းများရနေခြင်း၊
ပျော်ရွှင်သော ခရီးသွားရန်ဖြစ်လာခြင်းများဖြစ်နေတတ်သည်။အိမ်ထောင်ရှင်များသားသမီးရတတ်ခြင်း၊လက်အောက်
ငယ်သားကောင်းများရောက်လာတတ်ခြင်းဖြစ်တတ်သည်။ စက်ပစ္စည်းအဟောင်းများထွက်ပြီး အသစ်များဝင်တတ်
သည်။ ရွှေဟန်းချိန်းဝင်တတ်သည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ စီးပွားတက်နေတတ်သည်။
အလှူတခုခုလုပ်ဖြစ်အောင်လုပ်လိုက်ပါ။
ကျန်းမာရေး။ ဆေးထိုးမှားခြင်း၊ ဆေးစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေသည်။ စိတ်ချမ်းသာမှုများနှင့်ပြည့်စုံနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသီး ( ၃) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၂ ၁ ၁ )

သောကြာသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်လုပ်ဖေါ်ကိုင်ဖက်များ၏ငွေကြေးအခက်အခဲများအကူအညီတောင်းခံခြင်းခံနေရသောကြောင့်စိတ်ညစ်နေရ
တတ်သည်။ လက်အောက်ငယ်သားကြောင့်၎င်းစိတ်တိုင်းမကျဖြစ်နေရတတ်သည်။လူမျိုးခြားများ၏ကူညီမှုရတတ်သည်။
ရွှေပြင်ရခြင်း၊ ရွှေဖြူ (သို့) ရွှေဝါလက်ကောက်ဝင်တတ်သည်။မိမိသုံးသောစက်ပစ္စည်းပျက်နေသောကြောင့်စိတ်ညစ်နေရ
တတ်ခြင်း၊ ငွေကုန်ရခြင်းဖြစ်နေတတ်သည်။မိမိအလုပ်တွင် နာမည်ဂုဏ်သတင်းကောင်းနေခြင်း၊ စီးပွားရေးတိုးတက်နေ
ခြင်းဖြစ်နေ တတ်သည်။ ဘာသာရေးတတ်နိုင်သလောက်လုပ်ခြင်း၊ မေတ္တာပို့ခြင်းများပြုလုပ်ပါ။
ကျန်းမာရေး။ သွားဒုက္ခပေးနေတတ်သည်။
အချစ်ရေး။ ပုံမှန်အတိုင်းသာယာပျော်ရွှင်မှုများဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားသစ်တော့သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၀ ၅ ၇ ၅)

စနေသားသမီးများ၏ကံကြမ္မာ
ဆိုင်ခန်းဝင်ခြင်း၊ စာရွက်စာတမ်းနှင့်ပတ်သက်သောကိစ္စများအဆင်ပြေနေခြင်း၊ မျက်မှန်ဝင်ခြင်း၊မိတ်ဆွေ သစ်များရခြင်း၊
စက်ပစ္စည်းများဝင်ခြင်းဖြစ်တတ်သည်။ ဆိုင်ကယ်ဝင်တတ်သည်။ကောင်းသော  ၀င်ခြင်းဖြစ်သည်။  လက်ခံပါ၊  ၀ယ်ပါ။
စီးပွားတက်မည့်အချိန်ဖြစ်နေသည်။အလုပ်တွင်အစစအရာရာအဆင်ပြေနေတတ်သည်။ သို့သော် လုပ်ဖေါ် ကိုင်ဖက်များ
အချင်းချင်းရန်ဖြစ်တတ်သည်။ သတိထားပါ။အလုပ်ပြောင်းရန်ဖြစ်လာတတ်သည်။ ကောင်းသောပြောင်းခြင်းဖြစ်သည်
သည်။ ပြောင်းလိုကပြောင်းလိုက်ပါ။
ကျန်းမာရေး။ လေထိုးလေအောင့်ဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရတတ်ခြင်း၊ ဘ၀အတွက်လက်တွဲဖေါ်ကောင်းဖြစ်တတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ဘာသာမှဘုရားသခင်အားနှင်းသီး (၁၀) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၃ ၃ ၄)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)

ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ

ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း

ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး

ဖုန်း – +6 016 6903 513 ,+6018 2250 510

Sunday, 25 November 2012

ADrive ဝက်ဆိုဒ်(သို့ မဟုတ်) ဖိုင်၊သီချင်း၊ဆော့ဝဲလ်တွေ 50 GB Free သိမ်းနိုင်တဲ့ဆိုဒ်

ဒီဆိုဒ်  လေးကို အရင်သွားပါ။ ပြီးရင် Sign Up ကိုနှိပ်ပါ။
ပြီးရင်အောက်ကလို ပုံစံလေးတွေ့လိမ့်မယ်။
Step 1. Select Your Account Type
အောက်မှာအနီရောင်လေးထောင့်ကွက်နဲ့ ဝိုင်းပြထားတဲ့ Personal Basic(FREE 50GB) ရှေ့ကအဝိုင်းလေးမှာ အစက်လေးထည့်ပေးလိုက်ပါ။
ပြီးရင် Step 2. Set Up Your Account
လိုအပ်တာများကို ပြည့်စုံအောင်ဖြည့်ပေးလိုက်ပါ။
◘◘◘◘◘Password ဖြည့်ရမည့်နေရာတွင် အကြီးစာလုံးအနည်းဆုံးနှစ်လုံး၊အသေးစာလုံး အနည်းဆုံးနှစ်လုံး၊ဂဏန်း အနည်းဆုံးနှစ်လုံး ပါရမည်။။◘◘◘◘◘◘
ဥပမာ။  ။KzhZin23
လိုအပ်တာဖြည့်စွက်ပြီးလျှင် Sign Up ကိုနှိပ်ပါ။
ပြီးရင်  မိမိ ဂျီမေးလ်ကိုဖွင့်ပြီး Confirm လုပ်ပေးလိုက်ပါ။အောက်ကလိုမျိုးမေးလ်ပို့ ထားပါလိမ့်မည်။ကြိုက်တဲ့လင့်ကိုဝင်လိုက်ပါ။ ပြီးရင် အပြာရောင်နှင့်ရေးထားတဲ့ လင့်ကိုကလစ်ပြီး Confirm လုပ်ပေးလိုက်ပါ။
 ပြီးရင် အောက်ကလိုမျိုးပုံစံလေး ပေါ်လာပါလိမ့်မည်။မိမိဖွင့်ထားတဲ့ မေးလ်လိပ်စာနှင့် password ထပ်ဖြည့်ပြီး ဝင်ရပါ့မယ်။ 
ဝင်ပြီးရင်အောက်ကလိုလေး ထပ်တွေ့ပါ့မယ့်။ အဲဒီမှာ မြင်ရတဲ့ ဂဏန်းလေးတွေကို ရိုက်ထည့်ပေးပါ။ Verify User ကိုကလစ်ပေးပါ။ 
ပြီးပြီဆိုရင် အောက်ကပုံလေးကိုထပ်ကြည့်ပါ။ အပေါ်နားလေးမှာရှိတဲ့ My File ဆိုတာကိုကလစ်ပေးပါ။ 
အောက်ကပုံစံလေးအတိုင်းပေါ်လာပါ့မယ်။ အဲဒီအခါမှာ ညာဘက်ထိပ်မှာရှိတဲ့  Upload Files ဆိုတာကိုကလစ်ပေးပါ။ 
အောက်ပုံအတိုင်းပေါ်လာပါ့မယ်။ အဲဒီအခါမှာ မိမိလိုသလိုတင်လို့ရပါပြီ။ Drag ဆွဲထည့်ထည့်၊ Browse ကနေပဲယူယူ upload တင်လို့ရပါပြီ။ 
အောက်က ပုံက Browse ကနေ မိမိတင်ချင်တဲ့ဖိုင် ကိုတင်ပြီးသွားရင်ပေါ်လာမဲ့ပုံပါ။
 
အောက်ကပုံကတော့ Upload တင်ပြီးရင်ပေါ်လာတဲ့ပုံပါ။
မိမိတင်ထားတဲ့ဖိုင်ပေါ်မှာ Mouse ထောက်ပြီး Right Click နှိပ်လိုက်ပါ။Public Details ဆိုပြီး Box တစ်ခုကျလာပါလိမ့်မည်။ကျလာတဲ့ဘောက်ထဲတွင် URL နှင့်စသောစာကြောင်းကိုရှာလိုက်ပါ။အောက်မှာ အနီရောင်လေးထောင့်ကွက်နှင့်ဝိုင်းပြထားပါတယ်။ထိုလင့်လေးကို Copy ကူးလိုက်ပါ။ပြီးရင် ဝေမျှလို့ ရပါပြီ။
အဲ့ဆိုဒ်လေးမှာကျွန်တော်ဆော့ဝဲလ်တစ်ခုစမ်းတင်ထားပါတယ်။ဖိုင်ကော်ပီကူးတာမြန်တဲ့ဆော့ဝဲလ်လေးပါ။
လိုအပ်ရင်အောက်ကလင့်လေးကနေသွားဒေါင်းလိုက်ပါနော်။
အဆင်ပြေကြပါစေ...

Friday, 23 November 2012

တစ်ဖက်သက်ချစ်နေရသူများအတွက်သီချင်းများစုစည်းမှု

 တစ်ဖက်သက်ချစ်နေရသူများအတွက် (For Boys)

ကိုယ့်ဖက်က လိုလိုလားလားနဲ့ ပဲဖြစ်ဖြစ်….၀ဋ်ကြွေးပါလာလို့ ပဲဖြစ်ဖြစ်….
တစ်ဖက်သက်အချစ်ဆိုတာကိုကြုံဖူးကြမယ်ထင်ပါတယ်…။
သူက ကိုယ့်အချစ်ကိုသိသော်ရှိမသိသော်ရှိ…..
တစ်ဖက်သက်ချစ်တယ်ဆိုကတည်းကတစ်ဖက်ကပြန်မကြိုက်သေးလို့..
သူ့အချစ်ကိုတိတ်တခိုးလေးတမ်းတနေရတဲ့ဖြစ်နေတဲ့မျှော်တော်ယောင်ဘ၀၊
ဒါမှမဟုတ် ပြန်မချစ်နိုင်မှာမဟုတ်ဘူးဆိုတာသိသိနဲ့ ဇွတ်မှိတ်ပြီး ချစ်နေရရင်ပြီးရောဆိုတဲ့
ပေးဆပ်သူတို့ နှလုံးသားလိုမျိုးပေါ့။

ပုံစံအမျိုးမျိုးကွဲပြားနေတဲ့ တစ်ဖက်သတ်အချစ်အကြောင်းလေးကို
အနုပညာရှင်တွေကလည်း ဘယ်လိုခံစားသီဆိုကြလည်းဆိုတာ တင်ပြပေးလိုက်ပါတယ်နော်။
ယောက်ျားလေးအဆိုရှင်နဲ့ မိန်းကလေးအဆိုရှင် နှစ်ခုခွဲပြီး တင်ပေးထားပါတယ်….။

1. ခိုးချစ်ရသူ – G လေး
2. ပြည့်စုံပါစေ – ဘိုဖြူ
3. တစ်ဖက်သက် – နောနော်
4. အဖြူသက်သက် – Lလွန်းဝါ
5. ဒီကောင်မလေးအတွက် – ဒီဖြိုး
6. အရံလူ – ရင်ဂို
7. ကျေနပ်စွာချစ်တတ်သူ – Lလွန်းဝါ
8. တစ်နေ့ နေ့ တော့ချစ်လာလိမ့်မည် – ထွဏ်းထွဏ်း
9. နေနိုင်သူလေး – ကိုင်ဇာ
10. နှမြောတယ် – ဒီဖြိုး
11. မျက်ရေစိုငိုလိုက်တိုင်း – ဇော်ပိုင်
12. တိတ်တခိုး – ခင်မောင်တိုး
13. အချစ်ကမင်းအနားမှာပါ – စိုင်းထီးဆိုင်
14. အဝေးကချစ်နေမယ် – အဲလတ်စ်
15. ငါ့ရင်ခွင်ကို – ဇော်ဝင်းထွဋ်
16. ပေးဆပ်အချစ် – ကောင်းကောင်း
17.တစ်နေ့ နေ့ ရောက်ခဲ့ရင် – ရဲလေး
18 . တစ်ဖက်သက်အချစ် – ရန်နိုင် && T-Boy
19. တိတ်တခိုးအချစ် – MC Double Nyi ( Feat: Tay Za MC)
20. နေနိုင်သူ-အစ္စဏီ
21. ပေးဆပ်ခွင့် – Unknown Artist
22. ပေးဆပ်မယ့်အချစ် – ဇော်ပိုင်
23. အမြဲတမ်းချို – ရင်ဂို
24. သိပ်ချစ်လို့ ပါ – စုမီ

Album တစ်ခုလုံး Download ရန်
Mediafire
Splitr


တစ်ဖက်သက်ချစ်နေရသူများအတွက် (For Girls)

တစ်ချို့ ကတော့ တစ်ဖက်သက်အချစ်ဆိုတာ မီးခဲကိုင်ထားရသလိုပဲတဲ့။
တစ်ချို့ ကတော့ စိတ်ကူးနဲ့ ကြည်နူး…စိတ်ကူးနဲ့ ကြိတ်ရူးနေရတာပါတဲ့။
တစ်ချို့ ကတော့ တစ်ဖက်ပြတ်နေတဲ့ဖိနပ်လိုပဲတဲ့။
နှမြောပေမယ့်ကြာကြာမထားသင့်ဘူးပြောကြတယ်။
တစ်ချို့ ကတော့ တစ်ဖက်သက်အချစ်ဆိုကတည်းက တစ်ဖက်လူကိုသတ်ပစ်လိုက်တာပဲတဲ့။
တစ်ယောက်တစ်မျိုးစီ တင်စားကြ၊ ဖော်ကျူးကြတဲ့အထဲမှာ……ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခွင့်မရှိတဲ့ တစ်ဖက်သက်အချစ်နဲ့ ချစ်နဲ့ ရတဲ့မိန်းကလေးတွေရဲ့ ချစ်ဒုက္ခကို ရော၊ သူတို့ ရဲ့ ခံစားမှုကိုရော
အမျိုးသမီးအနုပညာရှင်တွေက ဘယ်လိုခံစားသီဆိုပေးထားကြလည်းဆိုတာ ခံစားနားဆင်ကြည့်ကြပါဦး။

1. တစ်ဖက်သက်အချစ် – မေစံပယ်ညို
2. တစ်ဖက်သက်ရုပ်ရှင် – ဒိုရေမီ
3. တစ်ဖက်သက် – ကြိုးကြာ
4. တစ်ဖက်သက် – ခင်ဖုန်း
5. တစ်ဖက်သက် ကိုကို – မေဆွိ
6. တစ်ဖက်သက်အချစ် – မို့ မို့ ဇော်ဝင်း
7. အိပ်မက်မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါ – ကြိုးကြာ & စင်ဒီ
8. အချစ်အတွက်ကံမကောင်းခဲ့သူ – ရသ & L-ဆိုင်းဇီ
9. ဆုံနိုင်ဖို့ ဝေး- မေသူ
10. အကြင်နာစစ်ရင် – ဆုန်သင်းပါရ်
11. ပြန်သိမ်းထားမယ် – ဟေမာနေ၀င်း
12. တစ်ဖက်သက်ချစ်သူ – နိုဗယ်ခင်
13. မျှော်လင့်ရင်းဝေး – မေသူ
14. တစ်ခါတစ်လေတော့လည်း – ကဗျာဘွဲ့ မှူး
15. တိတ်တိတ်ကလေး – ကြိုးကြာ
16. တိတ်တိတ်လေး – Bambino
17. ရင်ခုန်မိသူ – ရှင်ဖုန်း
18. နောင်ဖဲ့ငယ်စောရအိုင် – ရေဗက္ကာဝင်း
19. ဝေးနေတုန်းပဲ – ဘဲဥ၊ အိမြတ်
20. ချစ်မှာပဲ – NO
21. တိတ်တခိုးအချစ် – မီမီဝင်းဖေ
22. မိန်းကလေးပါ – ၀ိုင်းဆုခိုင်သိန်း
23. အိန်ဂျယ် – ရေဗက္ကာဝင်း
24. မင်းရည်းစားတောင်သိရဲ့ လား – NO
25. ဖန်တီးလို့ မရတဲ့အချစ် – မို့ မို့ 
26. ပဋိပက္ခ – ယုဇန
27. အဖြည့်ခံ – ချမ်းချမ်း
28. စိတ်ကူးရွက်ကြွေ – အေသင်ချိုဆွေ
29. သတိရခွင့် – မေစံပယ်ညို( NG2K)
30. အကြွင်း – မီးနို
31. သူမသိလည်း – စင်ဒီ
32. ရှိုးတို့ ရှန်းတန်း – နန်းမြတ်ဖြိုးသင်း

Album တစ်ခုလုံး Download ရန်>>>Link

အိမ်မက်လှိုင်းမှ

လွှမ်းပိုင် သီချင်းများစုစည်းမှု



1-အမြဲတမ်း-လွမ်းပိုင်,စင်ဒီ
2-Best Friend Forever-လွမ်းပိုင်,နီနီခင်ဇော်
3-မဖြစ်နိုင်ဘူး-လွမ်းပိုင်
4-မေ-လွမ်းပိုင်,ကျော်ထွဋ်ဆွေ,ဂျောက်ဂျက်

5-ကိုယ့်လမ်းကိုယ်လျှောက်-လွမ်းပိုင်
6-နားနားဘေးမှာ (New Version)-လွမ်းပိုင်,ဇေရဲ
7-နားနားဘေးမှာ(Simple Version)-လွမ်းပိုင်,ဇေရဲ
8. မင်္ဂလာပါ (ဟဲလို) – လွှမ်းပိုင်
9-လေဆင်နှာမောင်း-လွမ်းပိုင်
10-လွမ်းပိုင်ဆိုတဲ့ငါ-လွမ်းပိုင်
11-ခုန်လိုက်-လွမ်းပိုင် Feat.Bobby Soxer
12-မနှုတ်ဆက်ချင်ဘူး-လွမ်းပိုင်,ရဲလေး,အိမ့်ချစ်,Bobby Soxer
13-Mile Away- ကျော်ထွဋ်ဆွေ,လွမ်းပိုင်,အိမ့်ချစ်
14-ဆပ်ပြာပဲ-လွမ်းပိုင် Feat.ထိန်ဝင်း
15-လှုပ်ရင်းခါ-လွမ်းပိုင်,Ah Boy,ထွန်းထွန်း(Example)
16-Shake Up-Roll-one,Buthee,လွမ်းပိုင်

17-အားလုံး Ok-လွမ်းပိုင်
18. အဖြူရောင်သတို့ သမီး – လွှမ်းပိုင် + Bobby Soxer
19. ၁၀ပြီး၁၁ – လွှမ်းပိုင်+ Lil Chan
20. Miss.ပိတောက် – လွှမ်းပိုင်
21. မင်းစိတ်ကြိုက် – ဝေလျှံ && ဟိန်းမြတ် && လွှမ်းပိုင်
22. ဘာဖြစ်ချင်လဲပြော – လွှမ်းပိုင် (ROCKSTAR)

 အိမ်မက်လှိုင်းမှ

သူငယ်ချင်းသီချင်းများစုစည်းမှု


အဖြူရောင်သူငယ်ချင်းလေးအတွက်
1. အဖြူရောင်နေ့ များသို့  – ထွန်းအိန္ဒြာဗိုလ်
2. အချစ်ဆုံးသူငယ်ချင်း – 9mm
3. အဖြူရောင်ပြတိုက် – မဒီ

4. ဘယ်လိုချိန်မျိုး – AMZ
5. အဖြူရောင် – ခရစ်စတိုဖာ
6. Best-Friend-Forever – လွှမ်းပိုင်&&နီနီခင်ဇော်
7. အဖြူရောင်စည်း – Poem
8. ဇာတ်လမ်း – ဘိုဘို & လင်းပင်ဟိန်း (Feat: ရွှေထိုက်)
9. မချစ်တဲ့သူငယ်ချင်း – Dictionary
10 . သူငယ်ချင်း – လင်းထိုက်
11. သူငယ်ချင်းသံယောဇဉ် – ဂျောက်ဂျက်
12. Best Friend – ကျော်ထွဋ်ဆွေ
13. မင်းပဲကိုယ်ချစ်တယ် – L-လွန်းဝါ
14. အုံ့ ပုန်းချစ် – ဘာဘူ၊ ရည်မွန်
15. ပြောမထွက်ခဲ့သူ – Bambino + ရဲလေး
16. မရိုးသားတော့ဘူး – ထူးအိမ်သင်
17. မင်းဘက်ကသူငယ်ချင်း – ဆင်ပေါက်
18. အမှားလား – ရွှေထိုက်
19 . တံခါးလေးစေ့ရုံပဲလား – ထွန်းအိန္ဒြာဗိုလ်
20. သူငယ်ချင်းလေးပါတဲ့ – စိုင်းစိုင်းခမ်းလှိုင် ( feat: နန္ဒစိုင်း )
21. သူငယ်ချင်းအတွက် – ချစ်ကောင်း
22. သူငယ်ချင်းချစ်သူ – L-လွန်းဝါ
23. သူငယ်ချင်းအချစ်ထက်ပိုချစ်ပါ – ထူးအိမ်သင်
24. သူငယ်ချင်းအတွက် – မဒီ
25. သူငယ်ချင်း – စည်သူလွင်
26. သူငယ်ချင်း – မြေပဲယို
27. သူငယ်ချင်းအတွက် – တူးတူး
28. သူငယ်ချင်း – ဥာဏ်လင်းအောင်
29. သူငယ်ချင်း – ကိုဖြိုး
30. ဖြေသိမ့်လိုက် – ၀ိုင်ဝိုင်း
31. သူငယ်ချင်းများကို – NG2K
32. သူငယ်ချင်းများစွာ – စိုင်းစိုင်းခမ်းလှိုင်
33. ငယ်သူငယ်ချင်းစာဥ – ဟင်္သာတထွန်းရင်
34. ငယ်သူငယ်ချင်းသာအေး – ထက်ထက်စိုးစံ 

အိမ်က်လှိုင်းမှ

Thursday, 22 November 2012

ကိုးဘွဲ့ ရဆရာတော်အရှင်အာစာရာလင်္ကာရ၏ ဒသနစကားအချို့ 



၁။ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံ။
၂။ ပါရမီပြည့်အောင် စောင့် မနေပါနဲ့၊ တောင်း မယူပါနဲ့၊ လုပ် ယူပါ။

၃။ မိဘကို စွမ်းနိုင်ပါလျက် မလုပ်ကျွေးဘဲ တမင်ပစ်ထားရင် ကြွေးလည်း တင်တယ်၊
     လူယုတ်မာလည်း ဖြစ်တယ်။
၎။ လူကိုပဲ ညာလို့ ရမယ်၊ ကံကိုတော့ ညာလို့ မရဘူး။
၅။ ဆွေမျိုးပျက်, ဥစ္စာမွဲ , ရောဂါစွဲရုံနဲ့တော့ မငိုပါနဲ့။ အကျင့်ပျက်,     ဘာသာ
     ပျက်ရင်သာ ငိုပါ။
၆။ တစ်နေ့တစ်လံ ပုဂံ ဘယ်မရွေ့ပေမယ့်၊ ပုဂံကို ကျောခိုင်းပြီး ပြေးရင်တော့
     ဘယ်တော့မှ မရောက်ဘူး မှတ်။
၇။ ``ငါ ဘာ လုပ်နိုင်တယ်´´ လို့ မကြွားပါနဲ့၊ ငါ ဘာလုပ်နိုင်ကြောင်း လက်တွေ့
      ပြပါ။
၈။ ဘ၀မြင့်အောင် လုပ်ပါ။ ဒါပေမဲ့ ..... ဘ၀င်တော့ မမြင့်လေနဲ့။
၉။ မိုးကို မျှော်ကြည့်ပါ။ ဒါပေမဲ့ ...... ခြေထောက်နဲ့ မြေကြီးနဲ့တော့ မလွတ်စေနဲ့။
၁၀။ သက်သာ ခိုတဲ့လူဟာ ဘယ်တော့မှ မသက်သာဘူး။
၁၁။ ကိုယ့်ကို ကိုယ်ခိုင်းပါ။ ကိုယ်မခိုင်းရင် သူများက လာခိုင်းလိမ့်မယ်။
၁၂။ လူဆိုတာ လူ့အကြောင်း သိရမယ်၊ ပို သိတဲ့သူဟာ ပညာရှိပဲ။
၁၃။ ဒီလိုနေရင် ဒီလိုပဲ နေရမယ်။ ဒီလို မနေမှ ဒီလို မနေရမှာ။
၁၄။ ကိုယ့်နောက်မပါမယ့် ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာတွေအတွက်
       ကိုယ့်နောက်ပါမယ့် အကုသိုလ်တွေနဲ့ မလဲမိပါစေနဲ့။
၁၅။ ကိုယ်ကြိုက်တာကိုပဲ မလုပ်သင့်ဘူး၊ ကိုယ်လုပ်သင့်တာကိုပဲ ကြိုက်ရမယ်။
၁၆။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ပရဟိတပဲ။
၁၇။ လူမှန်ရင် ၃ တန်းတော့ အောင်ရမယ်၊ သင်ပညာ၊ ကြံပညာ၊ ကိုယ်တွေ့ပညာ
        ဆိုတဲ့ ၃ တန်း။
၁၈။ ငွေဒင်္ဂါးကို ထွေခင်းကစားလို့ ရပေမဲ့၊ သေခြင်းတရားကိုတော့ ကွေကွင်းသွားလို့
        မရနိုင်ဘူး။
၁၉။ စိတ်ဓါတ်ကျသလား? ပြန်ကောက်ထား၊ အရေးကြီးတယ် သူမရှိလို့ မဖြစ်ဘူး။
၂၀။ သူတော်ကောင်း ဖြစ် မဖြစ်, သူတော်ကောင်း စစ် မစစ် သိချင်ရင်
        အခုသေရဲ မသေရဲ ပြန်တွေးကြည့်။
၂၁။ ပထမနဲ့ ဒုတိယဟာ အဝေးကြီး မဟုတ်၊ နည်းနည်းလေးပဲ  ပို ကြိုးစား။
၂၂။ သင့်နေရာ နံပါတ် ၂ ဟာ ၊ ၃ ကနေ တက်သွားတာလား၊
        ၁ ကနေ ဆင်း လာတာလား? သတိထား။
၂၃။ ကြီးကျယ်အောင် လုပ်၊ ကောင်းအောင် လုပ်၊ ပိုကောင်းအောင် လုပ်။
၂၄။ အောင်နိုင်သူထက် တန်ဖိုးရှိသူက ပိုကောင်းတယ်။
၂၅။ စစ်ဆိုတာ စိတ်ကစတယ်၊ စိတ်ဆိုတာ အတွေးအာရုံက စတယ်။
၂၆။ ဟိုဘက်ကမ်းရောက်ချင်ရင် ပင်လယ်ထဲ ရွက်လွင့်ပါ။
        တကယ်အောင်မြင်ချင်ရင် အခုပဲ စလုပ်ပါ။
၂၇။ ဖြစ်ချင်တာက ဆန္ဒ ၊ ဖြစ်နေတာက ဘ၀ ၊ ဖြစ်နိုင်တာက စ။
၂၈။ အရေးကြီးတာက အရေးမကြီးတာတွေကို အရေးတကြီး မလုပ်မိဖို့ဘဲ
        အရေးကြီးတယ်။
၂၉။ ကိုယ့်ကြောင့် သူတစ်ပါး၊ ကိုယ် စိတ် နှစ်ပါး၊ ဆင်းရဲ မသွားပါစေနဲ့။
၃၀။ အားငယ်ပါ။ စိတ်ဓါတ်တော့မကျပါနဲ့။
၃၁။ အသေးအမွှားတွေကို အရေးထားနေရင် ကြီးမားတာတွေကို လုပ်လို့ မရတော့ဘူး။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio