Wednesday, 16 January 2013

အသိပေး ကြေငြာခြင်း

သူငယ်ချင်းများ အားလုံးမင်္ဂလာပါ ကျွန်တော် ဆိုဒ်မှာတင်ထားတဲ့ ဆော့ဝဲလ်တွေအားလုံးကို Box website မှာ Upload တင်ထားပါတယ်။အခု ဒေါင်းမရတော့ဖူး ဖြစ်နေလို့ ပါ။ကျွန်တော့် ဆိုဒ်မှာတင်ထားတဲ့ ဆော့ဝဲလ်တွေထဲက သူငယ်ချင်းတို့  လိုအပ်တဲ့ ဆော့ဝဲလ်ရှိရင် ကွန်မက်လေး ချန်ခဲ့ပေးပါ။ကျွန်တော် တစ်ခြား ဆိုဒ်မှာ Upload ပြန်တင်ပေးပါ့မယ်။
အောက်ကပုံကတော့ကျွန်တော့်ဆိုဒ်မှာတင်ထားတဲ့ ဆော့ဝဲလ်တွေကိုBoxဆိုဒ်မှာ ဒေါင်းရင် ပေါ်လာသည့်ပုံ....


ဒီနေ့  ကျော်ဇင် ကံမကောင်းပါလား......:(

 ♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠
Mediafire ရယ် Minus ရယ် မှာ ဆော့ဝဲလ်တွေ၊စာအုပ်တွေကို Upload ပြန်တင်နေပါတယ်။ ပြီးတာ နဲ့  ဒေါင်းလော့လင့်တွေနေရာမှာ အစားထိုးပေးပါ့မယ်။အခုတင်နေတာ တစ်ဝက်လောက်တော့ပြီးပါပြီ။

လောလောဆယ် ကျွန်တော့်ဆိုဒ်မှာတင်ထားသည့် ဆော့ဝဲလ်တွေထဲက သူငယ်ချင်းတို့  လိုအပ်သည့် ဆော့ဝဲလ်ရှိရင် ကွန်မက်ချန်ခဲ့ပေးပါ။
♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠
အဆင်ပြေပါစေ။

Tuesday, 15 January 2013

ဆရာတော် ရှင်ဆန္ဒာဓိက သက်တော် ၄၅ နှစ်ပြည့် မွေးနေ့တွင် အမှတ်တရလက်ဆောင် အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဆက်ကပ်ခဲ့သည့် ကိုယ်တိုင်ရေး ပန်းချီကား


ဆရာတော် ရှင်ဆန္ဒာဓိကသက်တော် ၄၅ နှစ်ပြည့်မွေးနေ့တွင် အမှတ်တရလက်ဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဆက်ကပ်ခဲ့သည့် ကိုယ်တိုင်ရေးပန်းချီကား
source-popular myanmar news

ချစ်သူရွေးမယ်-စိုးပြည့်သဇင်

Your Uninstaller! (ဆော့ဝဲလ်တွေကို Unistall လုပ်တဲ့ ဆော့ဝဲလ်)

သူငယ်ချင်းများအားလုံးမင်္ဂလာပါ။

မိမိကွန်ပျူတာမှာ အသုံးမလိုတဲ့ ဆော့ဝဲလ်တွေကို Unistall လုပ်နိုင်တဲ့ ဆော့ဝဲလ်လေးပါ။နောက်ဆုံးထွက် Update လေးပါ။ Full Version အဖြစ် အသုံးပြုနိုင်အောင် ကီးဖိုင်လေးပါ ထည့်ပေးထားပါတယ်။


အသုံးပြုနိုင်တဲ့ ဝင်းဒိုးတွေကတော့  Windows 7/ Vista/ XP ပါ။

လိုအပ်ခဲ့လျှင်- Box ဆိုဒ်မှဒေါင်းရန်   
                   
          Mediafire မှဒေါင်းရန်

အဆင်ပြေကြပါစေ။

Glary Utilities PRO 2.52.0.1698

သူငယ်ချင်းများအားလုံးမင်္ဂလာပါ။

 Glary Utilities ဆော့ဝဲလ်လေး Update ထွက်လာလို့  တင်ပေးလိုက်တာပါ။ Full Version အဖြစ်အသုံးပြုလို့ ရအောင် ကီးဖိုင်လေးပါထည့်ထားပေးပါတယ်။

လိုအပ်ခဲ့လျှင် - Mediafire ဆိုဒ်မှဒေါင်းရန်
                    
          Box ဆိုဒ်မှဒေါင်းရန်

အဆင်ပြေကြပါစေ။

Monday, 14 January 2013

ဓါတ်ပုံတွေကို ရေထဲမှာ အရိပ်လေး ကျနေတဲ့ ပုံစံဖန်တီးလို့ ရတဲ့ ဆော့ဝဲလ်လေး

သူငယ်ချင်းများအားလုံးမင်္ဂလာပါ။
ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ ရဲ့ ဓါတ်ပုံတွေကို ရေထဲမှာ အရိပ်လေး ကျနေတဲ့ ပုံစံဖန်တီးလို့ ရတဲ့ဆော့ဝဲလ်လေးပါ။Portable လေးပါပဲ။ဖိုင်ဆိုဒ်ကလည်း 432.3kb ပဲရှိပါတယ်။

 လိုအပ်ခဲ့လျှင် Box ဆိုဒ်မှဒေါင်းရန်
           Mediafire မှဒေါင်းရန် 

◘◘အသုံးပြုပုံ◘◘
                      ဒေါင်းထားတဲ့ဆော့ဝဲလ်ကို Run လိုက်ပါ။အောက်မှာ ပြထားတဲ့ပုံလို ပေါ်လာပါလိမ့်မည်။ပေါ်လာတဲ့ပုံထဲမှ File အောက်ရှိ Floder ပုံလေးကို ကလစ်ပြီး ဓါတ်ပုံထည့်ပါ။
ဓါတ်ပုံထည့်ရန် Floder ပုံလေးကို ကလစ်လိုက်ရင် Open ဟူသော Box တစ်ခုကျလာပါလိမ့်မည်။မိမိ အသုံးပြုချင်သော ဓါတ်ပုံရှိသောနေရာသို့ သွားရွေးပါ။ပြီးရင် Open ကိုနှိပ်ပါ။
ပုံထည့်ပြီးသွားရင် Images နှင့် Height တွင် မိမိနှစ်သက်သလို ဓါတ်ပုံအရွယ်အစားကိုချိန်ပါ။
ပြီးရင် ဓါတ်ပုံထည့်သည့် Floder ပုံလေးဘေးရှိ တည်းဖြတ်သည့်ပုံစံလေးကို ကလစ်ပြီးဆက်သွားပါ။အောက်ကပုံမှာ မြားထိုးပြထားပါတယ်။
တည်းဖြတ်သည့်ပုံကိုနှိပ်လိုက်သည်နှင့် မိမိပုံသည် ရေထဲမှာ လှုပ်ရှားအရိပ်ထင်နေတဲ့ ပုံပေါ်လာမှာပါ။
ပြီးရင် တည်းဖြတ်သည့်ပုံဘေးကပ်လျှက်ရှိ မန်မိုရီကဒ်ပုံလေးကို ဆက်ကလစ်လိုက်ပါ။မန်မိုရီကဒ်ပုံကို ကလစ်လိုက်ရင် Export animation ဟူသော Box ကျလာပါလိမ့်မည်။ကျလာသည့် Box ထဲတွင် Export Format အောက်ရှိ ဘောက်ထဲတွင် Animated GIF ကို ရွေး၊ပြီးရင် OK ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။
OK ကိုနှိပ်ပြီးဆက်သွားလိုက်ရင် Save As ဟူသော Box တစ်ခုထပ်ကျလာပါလိမ့်မည်။ဒီဘောက်ကတော့ မိမိဖန်တီးထားတဲ့ ပုံကို Save ဖို့ ပါ။ မိမိဖန်တီးထားသည့် ပုံကို Save ရန် နေရာကိုရွေးပါ။File name ကတော့ နာမည်တစ်ခုခုပေးလိုက်ပါ။Save as type: နေရာမှာတော့ GIF(*gif) ပဲထားပါ။ပြီးရင် Save ကိုနှိပ်ပါ။ဒါဆိုရင်တော့ မိမိဖန်တီးထားတဲ့ ရေပေါ်မှာ အရိပ်သဖွယ် လှုပ်ရှားနေတဲ့ ပုံလေးကို မိမိကွန်ပျူတာ ထဲမှာ အောင်မြင်စွာ Save လုပ်ပြီးပါပြီ။Save လုပ်ပြီးရင် Reflet ဟူသော ဘောက်တစ်ခု ထပ်ကျလာပါလိမ့်မည်။မိမိလုပ်ထားတဲ့ပုံက အလုပ်မလုပ်ဖူးလား လုပ်လားဆိုတာ စစ်ဖို့ ပါ။စစ်မယ်ဆို Yes မစစ်ဖူးဆို No ကိုနှိပ်ပါ။
အောက်ကပုံကတော့ Reflt ဘောက်ထဲက Yes ကိုနှိပ်ပြီး စစ်ကြည့်ထားတဲ့ပုံပါ။
အောက်ကပုံကတော့ Save ထားတဲ့ပုံပါ။

အဆင်ပြေကြပါစေ။

Portable software ပေါင်းများစွာ စုစည်းပေးထားတဲ့ ဆော့ဝဲလ်

ဒီဆော့ဝဲလ်လေးကတော့ Portable ဆော့ဝဲလ်တွေ များစွာကို စုစည်းပေးထားတဲ့ဆော့ဝဲလ်ပါ။ဆော့ဝဲလ်၊ဂိမ်း၊ဗီဒီယို ပလေယာ၊mp3 ပလေယာ... အစရှိသည်တို့ ကို Portable အဖြစ်လုပ်ပေးထားတဲ့ဆော့ဝဲလ်ပါ။ထူးရှယ်ဆော့ဝဲလ်လေးလို့ ညွှန်းချင်ပါတယ်။Memory stick ထဲမှာထည့်ပြီးဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေးပါ။




လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

Mediafire မှ ဒေါင်းရန် 

◘◘အသုံးပြုပုံ◘◘
                      ဒေါင်းထားတဲ့ဆော့ဝဲလ်ကို Run လိုက်ပါ။ အပေါ်ကပုံလိုပေါ်လာပါလိမ့်မည်။မိမိနှစ်သက်သော ဆော့ဝဲလ် (သို့ မဟုတ်) ဂိမ်း တစ်ခုခုကို ရွေးပြီးလျှင် ၄င်းရှေ့ရှိ လေးထောင့်ကွက်ထဲတွင် Mouse နှင့်ကလစ်ပြီး အမှန်ခြစ်လေးခြစ်ပေးပြီး Next ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။အောက်ကပုံက မိမိရွေးလိုက်တဲ့ ဆော့ဝဲလ်ကို အင်စတော လုပ်နေသည့်ပုံပါ။( ဆော့ဝဲလ် ဒေါင်းသည့်အချိန်တွင်တော့ အင်တာနက်ကွန်နက်ရှင်လိုပါတယ်။)
အောက်ကပုံက တော့ ဆော့ဝဲလ်ကို ဒေါင်းလော့ ယူနေပုံပါ။
အောက်ကပုံကတော့ ဆော့ဝဲလ်ကို ဒေါင်းလော့ယူပြီးပုံပါ။
OK ကိုနှိပ်ပြီး ဆက်သွားလိုက်ရင် မိမိ ကွန်ပျူတာ၏ ညာဖက်အောက်ခြေနားတွင် မိမိဒေါင်းထားသည့်ဆော့ဝဲလ် သည် အောက်ကပုံလို ပေါ်လာပါလိမ့်မည်။ထိုအခါဆော့ဝဲလ်ကို ကလစ်ပြီး အသုံးပြုနိုင်ပါပြီ။
နောက်ထပ်ဆော့ဝဲလ်တွေ ဒေါင်းချင်သေးရင် ကွန်ပျူတာညာဖက်အောက်ခြေရှိ ၄င်း အိုင်ကွန်လေးကို ကလစ်လိုက်ပါ။
အိုင်ကွန်လေးကို ကလစ်လိုက်ရင် အောက်ကပုံလိုပေါ်လာပါလိမ့်မည်.ပေါ်လာသည့်အထဲမှ ဂွပုံ နှင့် Apps ဆိုတာကို ကလစ်။ပြီးရင် Get More Apps ကိုဆက်ကလစ်ပါ။အပေါ်ဆုံးက ပုံလိုပြန်ပေါ်လာပါလိမ့်မည်။
ထိုအခါ မိမိနှစ်သက်သည့်ဆော့ဝဲလ်ကိုရွေး ပြီးရင် ဒေါင်းလော့ယူ။အင်စတောလုပ်။အသုံးပြု။


Memory Washer (ကွန်ပျူတာ ကို သန့် ရှင်းရေး လုပ်သည့် ဆော့ဝဲလ်)

သူငယ်ချင်းများအားလုံးမင်္ဂလာပါ....
 ဒီဆော့ဝဲလ်လေးကတော့ မိမိကွန်ပျူတာလုပ်ဆောင်ချက်တွေကို ပိုမိုမြန်လာအောင်သန့် ရှင်းရေးလုပ်ပေးနိုင်တဲ့ဆော့ဝဲလ်လေးပါ။ဖိုင်ဆိုဒ်ကလည်း 765 kb ပဲရှိပါတယ်။

လိုအပ်ခဲ့လျှင် ဒီနေရာကသွားပြီးဒေါင်းလိုက်ပါ။

Mediafire မှဒေါင်းရန် 

◘◘အသုံးပြုပုံ◘◘
                      ဒေါင်းထားတဲ့ဆော့ဝဲလ်ကို Run လိုက်ပါ။အပေါ်ကပုံအတိုင်းအရင်ပေါ်ပါလိမ့်မည်။
ပြီးရင်ဆော့ဝဲလ်ပေါ်လာပါလိမ့်မည်။ပေါ်လာသောဆော့ဝဲလ်ညာဖက် အောက်ခြေနားရှိ Clean Now ကို ကလစ်ပြီး သန့် ရှင်းရေးလုပ်ပေးရုံပါပဲ။

အဆင်ပြေကြပါစေ။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio