Sunday, 24 February 2013

ဖေ့ဘွတ်က ဓါတ်ပုံ တွေကို Album အလိုက် ဒေါင်းယူနိုင်တဲ့ Mozilla Firefox အတွက် Add on လေး

ဒီနေ့  မွှေရင်းနဲ့  Mozilla Firefox အတွက် Add On လေးတစ်ခုတွေ့ ပါတယ်။ ဖေ့ဘွတ်က ဓါတ်ပုံ တွေကို ဒေါင်းယူနိုင်တဲ့ Add on လေးပါ။ ဒီ Add on လေးက Wall ပေါ်က ဓါတ်ပုံတွေကို တော့ တစ်ပုံချင်း ဒေါင်းမယူနိုင်ပါဖူး။ မိမိဒေါင်းချင်တဲ့ သူရဲ့ ဓါတ်ပုံ Album ထဲကိုဝင်ပြီး ဒေါင်းမှ ရပါတယ်။
ပထမဦးဆုံး ဒီလင့်လေးကိုသွားလိုက်ပါ။

ပြီးရင်  ပေါ်လာသည့် စာမျက်နှာထဲမှ +Add to Firefox ကိုကလစ်ပါ။
အောက်ကပုံက Add on လေးကို အင်စတော လုပ်နေသည့်ပုံပါ။



 Software Installation ဟူသော Box ထဲမှ Install ကိုကလစ်ပါ။
Inatall ကို နှိပ်ပြီးရင် Reatart Now ကို ဆက်ကလစ်ပေးပါ  ။ မော်ဇီလာ ခဏပိတ်ပြီးပြန်ပွင့်လာပါလိမ့်မည်။

ဒါဆိုရင် တော့ add on လေးကို အင်စတော လုပ်ပြီးပါပြီ ။
ဖေ့ဘွတ်က ဓါတ်ပုံတွေကို ဒေါင်းဖို့ အတွက် မိမိဖေ့ဘွတ်ကို ဖွင့်လိုက်ပါ။
ပြီးရင် မိမိအိမ်ကို ဝင် Photo ကို ကလစ် Album ကို သွားပါ။
သူငယ်ချင်း အကောက်က ပုံကို ဒေါင်းယူချင်ရင်လည်း အတူတူပါပဲ ။သူငယ်ချင်းရဲ့ Timeline ကိုသွားပါ။ Photo ကို ကလစ်ပါ။ ပြီးရင် Album ကို ဆက်ကလစ်ပါ။
ကျွန်တော် နမူနာ ပြပေးပါ့မယ်။
ပထမဦးဆုံး ကျွန်တော့် ကိုယ်ပိုင် ဖေ့ဘွတ်စာမျက်နှာက ပုံကို ဒေါင်းယူပြပါ့မယ်။
 ကျွန်တော့်ရဲ့ ဖေ့ဘွတ်စာမျက်နှာကိုသွားပါတယ်။ ပြီးရင် Photo ဆိုတာကို ကလစ်လိုက်ပါတယ်။

မိမိတင်ထားတဲ့ ဓါတ်ပုံတွေကို တွေ့ ရပါလိမ့်မယ်။ မိမိကို Tag လုပ်ထားတဲ့ ပုံတွေကို ဒေါင်းချင်လား။မိမိ wall ပေါ်မှာ တင်ထားတဲ့ ပုံတွေကို ဒေါင်းချင်တာလား ။ Album လိုက် ဒေါင်းချင်တာလား ။ ရွေးပါ။ ပြီးရင် ထို အပေါ်မှာ Right Click ထောက်ပါ။

Right Click ထောက် ပေါ်လာသည့် အထဲမှ Download Facebook album(s) ကိုကလစ်လိုက်ပါ။အောက်မှာပုံနှင့်လည်းပြထားပါတယ်။

Download Facebook album(s)ကို နှိပ်လိုက်ရင် Download Facebook albums with facepaste ဟူသော Box တစ်ခုကျလာပါလိမ့်မည်။ ကျလာတဲ့ Box အထဲမှ ? ကိုကလစ်ပေးပါ။

? ပုံလေးကို ကလစ်လိုက်ရင် မိမိ ဖေ့ဘွတ်ကနေ ဒေါင်းလော့ယူမဲ့ ဓါတ်ပုံတွေကို Save ဖို့ နေရာကို ရွေးခိုင်းပါလိမ့်မယ်။ မိမိကွန်ပျူတာထဲရှိ မိမိနှစ်သက်ရာ နေရာမှာ ရွေးပေးပြီး Select Folder ကို ရွေးပေးလိုက်ပါ။

ရွေးပေးပြီးသွားရင် မိမိ ဖေ့ဘွတ် အကောက်ထဲရှိ မိမိတင်ထားသည့် ဓါတ်ပုံများထဲမှ မိမိဒေါင်းချင်သည့် ဓါတ်ပုံ Album ကို ရွေးပေးပြီး အောက်ခြေရှိ Start ကို နှိပ်ပေးလိုက်ပါ။

အောက်ကပုံကတော့ Start ကို နှိပ်ပြီး ဆက်သွားလိုက်ရင် မိမိ ဒေါင်းယူလိုက်သည့် ဓါတ်ပုံ Album ကို ဒေါင်းလော့ယူနေသည့်ပုံပါ။
အောက်ကပုံကတော့ မိမိ ဒေါင်းယူထားတဲ့ ဓါတ်ပုံ Album ကို ဒေါင်းလော့ယူပြီးတဲ့ပုံပါ။
ထိုအခါ စောနက မိမိဒေါင်းယူမည့် ဓါတ်ပုံတွေကို Save ခိုင်းထားသည့် နေရာကို သွားပြီး ဒေါင်းထားတဲ့ ဓါတ်ပုံတွေကို ဒေါင်းပြီးပြီလား မပြီးသေးဖူးလားဆိုတာ စစ်ဆေးကြည့်ပါ။အောက်ကပုံကတော့ ကျွန်တော် ဒေါင်းထားသည့် Album ကို Save ခိုင်းထားသည့်နေရာမှာ ဒေါင်းပြီးပြီလား ဆိုတာ ဖွင့်ကြည့်ထားတဲ့ပုံပါ။ဒေါင်းပြီးကြောင်း တွေ့ ရပါတယ်။ 
ကျွန်တော် မိမိစာမျက်နှာက ပုံကို ဒေါင်းယူပြပြီးတော့ သူငယ်ချင်းအိမ်က ဓါတ်ပုံကို ဒေါင်းယူတာ ထပ်ပြပေးပါ့မယ်။
မိမိဓါတ်ပုံဒေါင်းယူချင်သည့် သူငယ်ချင်း စာမျက်နှာကို သွားပါ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ အချစ်ဆုံး အစ်မ ဖြစ်တဲ့ မခိုင်လေးရဲ့ Timeline ကို သွားပြီး ဓါတ်ပုံတွေကို ဒေါင်းယူပါ့မယ်။
မိမိသူငယ်ချင်းရဲ့ စာမျက်နှာရောက်ရင် Photo ကိုကလစ်ပါ။
Photo ကို ကလစ်ပြီး ဓါတ်ပုံတွေထားတဲ့ နေရာကို ရောက်ရင် Right Click ထောက် ပေါ်လာသည့် အထဲမှ Download Facebook album(s) ကိုကလစ်လိုက်ပါ



? ပုံလေးကို ကလစ် Save မည့်နေရာရွေးပါ။ ပြီးရင် Start ကို နှိပ်ပါ။
အောက်ကပုံက ဒေါင်းလော့ယူနေသည့်ပုံပါ။ ဒေါင်းပြီးသွားရင် မိမိ Save ခိုင်းထားသည့်နေရာကို သွားပြီး ဒေါင်းပြီးလား မဒေါင်းရသေးဖူးလားဆိုတာ ကို ဖွင့်ပြီး စစ်ဆေးကြည့်ပါ။
အောက်ကပုံကတော့ ဒေါင်းလော့ယူပြီးပုံပါ။
အောက်ကပုံကတော့ ဒေါင်းယူထားတဲ့ ပုံတွေကို Save ခိုင်းထားတဲ့ နေရာမှာ ဒေါင်းပြီးပြီလား မဒေါင်းရသေးဖူးလားဆိုတာ ဖွင့်ကြည့်တာပါ။ ဒေါင်းပြီးသွားပြီဆိုတော့ အဆင်ပြေသွားပါပြီ။

အဆင်ပြေကြပါစေ။

မိမိတို့ နှစ်သက်ရာ ဘလော့ဆိုဒ်ကို ဖုန်းဝက်ဆိုဒ် အဖြစ် အလွယ်ပြောင်းမယ်

သူငယ်ချင်း ညီအစ်ကို မောင်နှစ်မ တွေ စမ်းသပ်ကလိဖို့  အတွက် ပါ။ မိမိတို့  နှစ်သက်ရာ ဘလော့ဆိုဒ် ကို ဖုန်းပေါ်က နေ ကြည့်ရင် အဆင်ပြေစေမဲ့ ဝက်ဆိုဒ်လေး တစ်ခု ဖုန်းဝက်ဆိုဒ်လေးတစ်ခု ဖန်တီးနည်းလေးပါ။
တစ်ခြားနည်းတွေလည်း ရှိမှာပါ။ အခုဖော်ပြတဲ့ နည်းကတော့ ကျွန်တော် သိတဲ့ နည်းလေးပါ။ Android ဖုန်းတွေ အတွက်ကြည့်လို့  အဆင်ပြေပါတယ်။တစ်ခြားဖုန်းမှာ မစမ်းရသေးပါ။

 ပထမဦးဆုံး ဒီလင့်လေးကိုအရင်သွားလိုက်ပါ။
ဝက်ဆိုဒ်ရောက်ရင် Create a mobile site for Free အောက်ရှိ အကွက်ထဲတွင် မိမိပြောင်းချင်တဲ့ ဘလော့ဆိုဒ် URL ကို ထည့်ပါ။


ပြီးရင် GO! ကို နှိပ်ပြီး ဆက်သွားလိုက်ပါ။

Create an account for free! အောက်ရှိ အကွက်တွင် မိမိအီးမေးလ်လိပ်စာ ။ ပက်စ်ဝက် ( အင်္ဂလိပ်အက္ခရာ နှင့် ဂဏန်း ပါရမည်။ ၇ လုံးထက် မကျော်ရပါ) ဥပမာ။ ။ kokok23
ပြီးရင် I agree ရှေ့က လေးထောင့်ကွက်မှာ အမှန်ခြစ်လေးခြစ်ပေးပြီး START NOW! ကို နှိပ်ပြီးဆက်သွားလိုက်ပါ။

အောက်ကပုံက နမူနာဖြည့်ပြထားတာပါ။
ပြီးရင် Loading လုပ်နေပါလိမ့်မည်။ ခဏစောင့်လိုက်ပါ။
ပြီးရင် မိမိဖန်တီးထားတဲ့ ဘလော့ဆိုဒ်ကို Analyzing လုပ်နေပါလိမ့်မည်။ ပြီးဆုံးအောင်စောင့်လိုက်ပါ။
ပြီးရင်တော့ အောက်ကပုံလိုပေါ်လာပါလိမ့်မည်။ မိမိဆိုဒ်အတွက် Template ကို ရွေးပါ။ မရွေးချင်လည်း Next ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။


ထို့ အပြင် မိမိ ဆိုဒ်အတွက် တခြားလိုအပ်တာများကိုလည်း ပြုပြင်နိုင်ပါတယ်။ မိမိဘာသာ စမ်းသပ်ကလိကြပါ။မြားအပြာလေးကို ကလစ်ပြီးလိုအပ်သလို ပြုပြင်နိုင်ပါတယ်။
ကျွန်တော်ကတော့ Next ကို ကလစ်ပြီး ဆက်သွားလိုက်ပါတယ်။ Select a Packaged ဟူသော Tab တစ်ခုထပ်ကျလာပါလိမ့်မည်။ Basic-Free ဟူသော အကွက်ရှိ SELECT ကို ရွေးပြီး ဆက်သွားလိုက်ပါ။

Select ကိုနှိပ်ပြီး ဆက်သွားလိုက်ရင် ပေါ်လာမည့်ပုံပါ။ send the URL to your email: ဘေးရှိ Click here ကိုကလစ်ပြီး မိမိမေးလ်သို့  မိမိဖန်တီးထားတဲ့ ဝက်ဆိုဒ် URL ကို ပို့ နိုင်သလို Next ကို နှိပ်ပြီး ဆက်သွားလိုက်ပါ။Share on Facebook ကိုနှိပ်ပြီး မိမိဖေ့ဘွတ် မှာ Share နိုင်ပါတယ်။
ကျွန်တော်ကတော့ Next ကို ပဲ နှိပ်ပြီး ဆက်သွားလိုက်ပါတယ်။

အောက်ကပုံကတော့ Next ကို ကလစ်ပြီး ဆက်သွားလိုက်ရင်ပေါ်လာမည့်ပုံပါ။Next ကိုပဲ ကလစ်ပြီး ဆက်သွားလိုက်ပါ။

Next ကို ကလစ်ပြီး သွားလိုက်ရင် အောက်ကလို ပုံ ပေါ်လာပါလိမ့်မည်။ ပေါ်လာတဲ့ စာတွေ ထဲက လင့်အပြာလေးက မိမိဖန်တီးထားတဲ့ ဖုန်းဝက်ဆိုဒ်လင့်ပါ။ ထိုလင့်ကို မှတ်သားထား၍ မိမိဖုန်းနှင့် အင်တာနက်သုံးသော အခါ ဖုန်း Browser မှာ ရိုက်ထည့်ပြီး ဝင်ကြည့်နိုင်ပါတယ်။ကွန်ပျူတာ မှာလည်း ထိုလင့်ကို ကလစ်ပြီး မိမိ ဖန်တီးထားတဲ့ ဖုန်းဝက်ဆိုဒ်ကို ကြည့်နိုင်ပါတယ်။

အောက်ကပုံကတော့ ကျွန်တော် နမူနာလုပ်ပြထားတဲ့ ကျွန်တော့်ဆိုဒ်လေးကို ကွန်ပျူတာကနေ သွားပြီး ကြည့်ထားတဲ့ ပုံပါ။
အောက်ကပုံကတော့ ကျွန်တော့်ဖုန်း Browser ကနေ ကျွန်တော် ဖန်တီးထားတဲ့ ဖုန်းဝက်ဆိုဒ် URL ကို ရိုက်ထည့်ပြီး သွားကြည့်ထားတဲ့ပုံပါ။ တော်တော် အဆင်ပြေပါတယ်။

အောက်ကပုံကတော့ ကျွန်တော် ဒီပို့ စ် ကို တင်ဖို့  ထပ်ပြီး ဓါတ်ပုံတွေ ယူဖို့  လုပ်ရင်း အသစ်ဖန်တီးထားတဲ့ ဆိုဒ်ပါ။ ဖုန်းထဲတော့ ထည့်မစမ်းရသေးပါဖူး။ ကွန်ပျူတာမှာပဲ Screen shoot ယူထားတဲ့ပုံပါ။





အဆင်ပြေကြပါစေ။

Saturday, 23 February 2013

Website ၄၅ ခုရဲ့ ပို့စ်တွေကို App တစ်ခုတည်းနဲ့ ဖတ်နိုင်မယ့် HWH v 2.2 ထွက်ပါပြီ


Website နဲ့ ဘလော့ပေါင်း (၄၅)ခုရဲ့ ပို့စ်တွေကို Android သုံးတဲ့ Device ပေါ်ကနေ တစ်ချက် ကလစ်လိုက်တာနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်.. ယခင် version 2.1 တုန်းက Website နဲ့ ဘလော့ (၃၇)ခု ကိုကြည့်ရှုနိုင်ခဲ့ပြီး သုံးစွဲသူတွေကိုလည်း အကြိုက်ဖြစ်စေခဲ့ပါတယ်.. အခုဗားရှင်းမှာတော့ ယခင်ဗားရှင်းရဲ့ အားနည်းချက်တွေကို ပြုပြင်ပေးထားပြီး website နဲ့ ဘလော့ (၈)ခု ထပ်မံဖြည့်စွက်ထားပါတယ်.. နည်းပညာ၊ ကျန်းမာရေး၊ သတင်း၊ သုတ စတဲ့ သုတ၊ ရသ စုံကို Update တစ်ချက်တည်းလုပ်ရုံနဲ့ ဖတ်နိုင်ပါပြီ.. စာမျက်နှာတွေကို website ကြည့်နေစရာမလိုပါဘူး.. update လုပ်ပြီး connection ကို ဖြတ်တောက်ပြီး Offline အနေနဲ့ ကြည့်နိုင်ပါတယ်.. ဒါဆို ပိုက်ဆံလည်းကုန်စရာမလိုတော့ဘူးပေါ့.. ကိုယ်မလိုချင်တဲ့ website တွေကိုလည်း ပယ်ဖျက်နိုင်ပါတယ်..
 မှတ်ချက်။    ။သတင်းစာမျက်နှာ များခြင့်ကြောင့် သတင်းများ အ၀င်များပါမည်။ အချို့သတင်းများ ထပ်နိုင်ပါသည်။ Userအနေဖြင့် မနှစ်သက်သော သတင်းစာမျက်နှာကို ပယ်ဖျတ်ခြင်းပြုလုပ်နိုင်ပါသည်။App open>>> Source>>> သတင်းမ၀င်စေချင်တဲ့ သတင်းဌာနအမည်ကို ကြာကြာဖိ >>>Delete Feed.။
 ***သတင်းများ ဖတ်ပြီးတိုင်း Phone Option>>Delete All လုပ်ပေးပါရန်*** လို့ ဒီ app ကို ဖန်တီးတဲ့ Admin က အသိပေးထားပါတယ်..

Admin စေတနာ
  ယခင် versionတွေထက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ယခင် သတင်း စာမျက်နှာတွေထဲက အလုပ်မလုပ်တော့တဲ့ websiteတွေ ၊ သတင်း updateနှေးလွန်းတဲ့ သတင်းစာမျက်နှာတွေ၊ သတင်း အပြည့်နီးပါး ဖတ်လို့မရတဲ့ သတင်းဌာနတွေကို ပြင်ဆင်ကာ အသစ်အသစ်သော သတင်းစာမျက်နှာကောင်းများကို ဖြည့်စွက်ထားပါတယ်။
HWH Version 2.2တွင် ပါရှိသော သတင်းစာမျက်နှာများ
……………………………………………………………………..
၁။ သစ်ထူးလွင် (သတင်းစာမျက်နှာ)
၂။ Democratic Voice of Burma(DVB) (သတင်းစာမျက်နှာ)
၃။ ဧရာဝတီ (သတင်းစာမျက်နှာ)
၎။ ဧရာဝတီ ဘလောဒ့် (သတင်းစာမျက်နှာ)
၅။ Opposite Eye (သတင်းစာမျက်နှာ)
၆။ မောင်ကျောက်ခဲ (သတင်းစာမျက်နှာ)
၇။ Myanmar Mobile App Store(MMAS) (မိုဘိုင်းဖုန်းနည်းပညာ)
၈။ ၀င်းကမ္ဘာကျော် (နည်းပညာ)
၉။ HWH မှ ပို့စာ (ဤ APPနှင့် ပတ်သက်၍ သတင်းပို့)
၁၀။ TechSpaceဂျာနယ် (နည်းပညာ)
၁၁။ နစ်နေမန်း (သတင်းစာမျက်နှာ)
၁၂။ သမ္မတရုံး (သမ္မတရုံးစာမျက်နှာ)
၁၃။ ခေတ်လူငယ် (သတင်းစာမျက်နှာ)
၁၄။ Hot News Weekly (သတင်းဆောင်းပါး)
၁၅။ဒေါက်တာလွဏ်းဆွေ(သတင်းစာမျက်နှာ)
၁၆။ မိုးမခ (သတင်းစာမျက်နှာ)
၁၇။ ချစ်သူဆီသို့ (ခံစားချက် ရသ)
၁၈။သက်တန့်ချို( ရသစာပေများ)
၁၉။Nine Nine Sanay @ နိုင်းနိုင်းစနေ( ရသစာပေများ)
၂၀။ စနေဖြိုး {S@n@y Phyo}( ရသစာပေများ)
၂၁။ Heart Canteen( ရသစာပေများ)
၂၂။ The Voice Weekly(သတင်းစာမျက်နှာ)
၂၃။ Mizzima - News in Burmese(သတင်းစာမျက်နှာ)
၂၄။ CJMyanmar(သတင်းစာမျက်နှာ)
၂၅။88 Generation Students(88မျိုးဆက်ကျောင်းသားများ)
၂၆။ Burma VJ Media Network(သတင်းစာမျက်နှာ)
၂၇။ Freedom News Group(Burma) (သတင်းစာမျက်နှာ)
၂၈။ Myanmar journal download(အပတ်စဉ် ဂျာနယ်များDownloadဆွဲရန်)
၂၉။ Messenger News Journal(သတင်းစာမျက်နှာ)
၃၀။ Shwe Myitmakha Media Group(သတင်းစာမျက်နှာ)
၃၁။ ရဲဇာနည်(ပြည်ထဲရေးမှ ထုတ်ပြန်သော မူခင်းသတင်း)
၃၂။ News of Myanmar(သတင်းစာမျက်နှာ)
၃၃။ ITgroup(နည်းပညာ)
၃၄။BBC Burmese(သတင်းစာမျက်နှာ)
၃၅။ 7Day News Journal(သတင်းစာမျက်နှာ)
၃၆။ Voice Of America(VOA) (သတင်းစာမျက်နှာ)
၃၇ ။ RFA Burmese(သတင်းစာမျက်နှာ)
အသစ်ထပ်တိုး စာမျက်နှာများ
၃၈။ Aye Chan Mon (သတင်း+သုတ+ရသ)
၃၉။ Netguide Journal( နည်းပညာသတင်း)
၄၀။ Myanmar IT Helper( နည်းပညာ Blog)
၄၁။ Pyithu Hluttaw - ပြည်သူ့လွှတ်တော် (လွှတ်တော် သတင်းအဖြာဖြာ)
၄၂။ MM Android (Mobileဖုန်း နည်းပညာ)
၄၃။ Young Buddhist's Association (ဓမ္မ အဆုံးအမများ)
၄၄။ MMSD (Mobileဖုန်း နည်းပညာ)
၄၅။ မောင်ပေါက် (နည်းပညာ)

အောက်ကလင့်မှာ ဒေါင်းနိုင်ပါပြီခင်ဗျာ..

Download Links:

Friday, 22 February 2013

Android ဖုန်းအသုံးပြုသူတွေတိုင်း ဆောင်ထားသင့်တဲ့ Sanity v2.12 for Android





Android ဖုန်းအသုံးပြုသူတွေအနေနဲ့ Sanity ဆော့ဝဲလေးကိုမရှိမဖြစ်ဆောင်ထားသင့်ပါတယ်။ ဒီဆော့ဝဲလေးတစ်မျိုးထဲနဲ့ ဖုန်းကို ကိုယ်မကိုင်ဖြစ်ရင် auto ဖြေပေးမယ့် Auto Answer, ကိုယ်မကိုင်ချင်တဲ့ ဖုန်းအ၀င် call တွေကို block ထားနိုင်မယ့် Call BlackList, ဖုန်းခေါ်ထားရင်းနဲ့ တစ်ဖက်လူက ဖုန်းကိုင်လိုက်တာနဲ့ ကိုယ့်ဖုန်းဘက်မှာ vibrate တုန်ခါသွားစေမယ့် Urgent Call , ဖုန်းပြောနေစဉ် နားနားကနေခွာလိုက်တာနဲ့ ဖုန်း speaker ကို auto ဖွင့်ပေးမယ့် automatic speakerphone, ကိုယ်ပြောထားတဲ့ ဖုန်း call တိုင်းကို အသံဖိုင်နဲ့ record လုပ်ထားနိုင်မယ့် call record , နားနဲ့ကပ်ပြီးဖုန်းပြောနေစဉ် ကိုယ့်ဦးနှောက်ကို ဖုန်းကထုတ်လွှတ်တဲ့ bluetooth , 3G Internet စတဲ့လိုင်းတွေကြောင့်မထိခိုက်အောင် ခဏတာ auto ပိတ်ပေးထားမယ့် reduce electromagnetic waves စတဲ့ features အလန်းပေါင်းများစွာပါဝင်ပါတယ်။ Sanity v2.12 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Sanity v2.12 for Android အားရယူရန်







Credit to ကိုသက်နိုင်စိုး( Myanmar Mobile App Store)

ပတ္တမြား FM ရေဒီယို For Android

ပတ္တမြား FM ရေဒီယိုလေးပါ။Beta Versionပါ။



လိုအပ်ခဲ့လျှင် Dropbox ဆိုဒ်မှ ဒေါင်းရန်
Box ဆိုဒ်မှ ဒေါင်းရန်

အဆင်ပြေကြပါစေ။

မိမိကြိုက်တဲ့ ဝက်ဆိုဒ်ကို Android Application အလွယ်လုပ်နည်း (၃)

ပထမဦးဆုံး ဒီလင့်လေးကိုသွားလိုက်ပါ။
အောက်ကပုံလိုတွေ့ ပါလိမ့်မည်။


URL ဘေးကအကွက်မှာ မိမိပြောင်းချင်တဲ့ ဝက်ဆိုဒ်လင့် ကိုရေးပါ။

App Title နေရာမှာ ဝက်ဆိုဒ်နာမည်ရေးပါ။
(မှတ်ချက်။ ။အင်္ဂလိပ်လိုပဲရေးလို့ ရပါသည်။မြန်မာလိုရေးရင်အလုပ်မလုပ်ပါ။)
(အပေါ်က ပုံကြီးကတော့ ကျွန်တော်လည်း စလုပ်တော့ မသိပဲ မြန်မာလိုရေးထားတဲ့ပုံပါ။Error တက်မှ မြန်မာလိုရေးမရဖူးသိတာ :)  )

Icon နေရာမှာတော့  Browse...ကိုကလစ်ပြီး မိမိကွန်ပျူတာထဲရှိ ဓါတ်ပုံကို ထည့်ပါ။
(မှတ်ချက်။  ။ Png ဖောမတ်မှ ထည့်၍ရပါသည်။)

ပြီးရင် Create My App ကိုနှိပ်ပါ။

နမူနာအနေဖြင့် ကျွန်တော်ရဲ့ မြင်ဆရာ တစ်ဦးဖြစ်တဲ့ ကိုဝင်း (ဝင်းကမ္ဘာကျော်) ဆိုဒ်ကို ပြပေးပါမယ်။
ပေးထားတဲ့လင့်ကနေသွားပါ။၎င်းဝက်ဆိုဒ်ကိုရောက်လျှင် အပေါ်ကပေးထားတဲ့နည်းအတိုင်းဖြည့်ပါ။
အောက်မှာနမူနာဖြည့်ပြထားပါတယ်။
Show Advanced Settings နေရာမှာ မိမိဥာဏ်ရှိသလိုဝင်ပြင်နိုင်ပါသေးတယ်။ကျွန်တော်ကတော့ Create My App ကိုပဲကလစ်ပြီးဆက်သွားလိုက်တယ်။
ပြီးရင်အောက်ကလိုပေါ်လာပါလိမ့်မည်။အနီရောင်လေးထောင့်ကွက်နှင့် ဝိုင်းပြထားပြီး မြားထိုးပြထားတဲ့ အပြာရောင်လင့်(Download Your Android Package from this link)ကိုကလစ်ပြီး ဆော့ဝဲလ်ကိုဒေါင်းလိုက်ပါ။
ဆော့ဝဲလ်ဒေါင်းပြီးလျှင် ကွန်ပျူတာရဲ့ညာဖက်အောက်ခြေမှာ Download ယူပြီးကြောင်း Box တစ်ခုတက်လာပါလိမ့်မည်။
ဒါဆို Android ဖုန်းမှာ ကြည့်နိုင်မည့် Apk ဆော့ဝဲလ်တစ်ခုကို အောင်မြင်စွာ ဖန်တီးပြီးပါပြီ။

ကိုဝင်းကမ္ဘာကျော် apk ဖိုင်ကို အောက်ပါလင့် ၂ ခုမှသင် ကြိုက်ရာ လင့်မှ ဒေါင်းရန်
Box ဆိုဒ်မှ ဒေါင်းရန်
Dropbox ဆိုဒ်မှ ဒေါင်းရန်

မေတ္တာရိပ် apk ဖိုင်ကို အောက်ပါလင့် ၂ ခုမှ သင် ကြိုက်ရာ လင့်မှ ဒေါင်းရန်
Dropbox ဆိုဒ်မှ ဒေါင်းရန်
Box ဆိုဒ်မှ ဒေါင်းရန်


 အောက်ကတော့ ကျွန်တော့် ဆိုဒ်မှာ တင်ထားတဲ့ Android Application အလွယ်လုပ်နည်း (၁) နဲ့  (၂) ရဲ့လင့်တွေပါ။
(၁)ရဲ့ နည်းလမ်းကတော့ ကျွန်တော် ရှာဖွေ တွေ့ ရှိထားတာပါ။ (၂) ကတော့ ကော်ပီပို့ စ်ပါ။
လေ့လာချင်ရင် ရှာနေရမှာ ကြာနေမှာစိုးရိမ်လို့  လင့်ပါ တင်လိုက်တာပါ။
 မိမိကြိုက်တဲ့ဝက်ဆိုဒ်ကို Android Application အလွယ်လုပ်နည်း (၁)
 မိမိကြိုက်တဲ့ဝက်ဆိုဒ်ကို Android Application  အလွယ်လုပ်နည်း(၂)

အဆင်ပြေကြပါစေ။

ဖုန်းအချင်း ဖိုင်ပို့သူတွေအတွက် bluetooth ထက် ၁၀-ဆလောက်မြန်တဲ့ zapya(Update)

ဒီကောင်လေးက bluetooth ထက် တစ်ကယ်ကို ၁၀-လောက်မြန်တယ်ဗျာ… 
သူက wifi connection ကိုသုံးထားတာပါ… zapya ကိုသုံးဖို့အတွက် သုံးမဲ့စက်အားလုံးမှာ
 zapya တင်ထားဖို့တော့လိုပါတယ်… wifi သုံးထားတဲ့အတွက် network တစ်ခုဖန်တီးပြီး
 အလုံးများစွာ ချိတ်ဆက်လို့ရပါတယ်… 
တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီးတော့ zapya game လေးတွေလည်း ဆော့လို့ရပါတယ်… 
တစ်ကယ်ကို ပျော်စရာကောင်းပါတယ်… 
network တစ်ခုဖန်တီးဖို့ကတော့ zapya ကိုဖွင့်ပြီး connect to friends ဆိုတာကိုနှိပ်လိုက်ပါ… 
ချိတ်မယ့်သူထဲက တစ်ယောက်က ဆာဗာထောင်ရပါမယ်.. 
ကျန်တဲ့သူတွေက အဲဒီဆာဗာကို join ရပါမယ်…
 အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်…
 file နဲ့ app တွေကို share ဖို့ကတော့ 
ကိုယ် ပို့ချင်တဲ့သူရဲ့ logo လေးထဲကို ပို့ချင်တဲ့ ဖိုင်ကို drag ဆွဲပြီး ပို့လိုက်ယုံပါပဲ… 

တစ်ခုထူးခြားတာက apk ဖိုင်မရှိပဲ install လုပ်ထားတဲ့ app တွေကိုပါ share ပြီး သုံးလို့ရတာပါပဲ….
 game တွဲဆော့မယ်ဆိုရင်လည်း တစ်ယောက်က ဆော့မယ့်game ကို နှိပ်ပြီး start လုပ်လိုက်ပါ…
ဒါဆိုရင် ကျန်တဲ့ network တွင်းမှာရှိတဲ့သူတွေဆီကို request ရောက်ပါမယ်..
 accept လုပ်ပေးလိုက်ရင် တွဲဆော့လို့ရပါပြီ…  တစ်ကယ်ကိုကောင်းပါတယ်… လိုချင်ရင် အောက်မှာ ဒေါင်းသွားလိုက်ပါဗျာ… 
Download>>>zippyshare (or)mediafire  
 

Ref>>>http://myanmarplay.com/?p=3364
 
ကျွန်တော် ကိုအမျိုးကောင်းသားဆိုဒ်က တွေ့ လို့  စမ်းကြည့်ပြီး သုံးလို့ အဆင်ပြေတာ နဲ့  ပြန်လည်မျှဝေပေးတာပါ။ပထမဆုံး ချိတ်ဆက်တဲ့အခါမှာတော့ ဆော့ဝဲလ်က အလုပ်လုပ်တာနှေးပါတယ်။ပထမတစ်ကြိမ်ပြီးတာနဲ့  အသုံးပြုတာမြန်လာပါတယ်။ကျွန်တော်သုံးကြည့်တာကိုပြောပြပေးတာပါ။တော်တော်အဆင်ပြေပါတယ်။
ဖြူးသားလေးမှ ကိုအမျိုးကောင်းသားဆိုဒ်တွင်တင်ထားသောပို့ စ်အားမူရင်းအတိုင်းမျှဝေပေးပါသည်။
(ဖေ့ဘွတ်က အေးချမ်းမွန်ဖန်ပေ့မှာသုံးတဲ့စကားကိုသဘောကျလို့  :P )
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio