Tuesday, 7 May 2013

ကွန်ပြုတာအတွက် Android ဆော့ဝဲ မလိုသော Viber


ဒီနည်းလေးနဲ့ ဆော့ဝဲ လေးကိုတော့ မသိသေးတဲ့ ညီအကို သူငယ်ချင်းများ

ကိုရည်ရွယ်ပါတယ် သိပြီးသားဘော်ဘော်တွေကိုတော့ မပြောဘူးနော်..ဟိဟိ

စာနဲ့ရေးရင် နားမလည်မှာ စိုးရိမ်လို့ ပုံ နှင့်တကွ စာကိုလဲ တခါတည်း ပူးတွဲရေးထည့်လိုက်ပါတယ်

ဒါလေးကတော့ ကွန်ပြူတာကနေ  ဖုန်းဆီကို Viber ခြင်း တိုက်ရိုက်ခေါ်လို့ရမယ့် နည်းလေးပါ

ဟိုအရင်ကတော့ Computer မှာ Viber ခေါ်လို့ ရပါတယ် ဒါပေမယ့် မိမိ စက်ထဲမှာ

Bluestacks ကို အရင်သွင်းပြီးမှာ Android app တွေ နဲ့ Viber တို့ ဘာညာသာရကာ

အမျိုးစုံအောင် သွင်းလို့ရပါတယ်

ဒီမှာတော့ Bluestacks မလိုတော့ပါဘူး Viber ကနေပြီးတော့ ကွန်ပြုတာအတွက် 

ထုတ်လိုက်ပါပြီ နဲနဲတော့ ကောင်းသွားတာပေါ့ bluestacks သုံးစရာမလိုတော့ဘူးပေါ့နော်

မိမိမှာတော့ Andriod ဖုန်း IOS ဖုန်း Blackberry ဖုန်း Window ဖုန်း တခုခု့ ရှိဖို့တော့လိုတယ်နော်

နောက်တခု့က viber ကို မိမိဖုန်းမှာ install လုပ်ပြီးသားဖြစ်ရမယ်နော်

ဒါမှ လွယ်မှာ ဟိဟိ အောက်မှာ ကျနော်ပုံလေးတွေပြထားတယ်ဗျာ ကြည့်သွားလိုက်ပါနော်


 အောက်က ပုံကတော့ ဒေါင်းရမယ့်လင့်ကို ယူရမှာပါ လေးထောင့်ကွက်ကို နှိပ်ပြီးဆက်သွားလိုက်ပါ
 


 ဒီမှာ မိမိ အသုံးပြုတဲ့ system ပေါ် မူတည်ပြီးဒေါင်းပါ


 ဆက်သွားပါ
ဒေါင်းလို့ပြီးသွားပြီဆိုရင် double click ပေးပြီး install လုပ်သွားလိုက်ပါ
ပုံမှာ ပြထားတဲ့ အတိုင်း ဆက်သွားလိုက်ပါ

ခဏ လေး ဒီမှာ ခဏ စောင့်ပေးပါ

ပြီးသွားရင် Desktop မှာ shotcut လေးပေါ်လာလိမ့်မယ်နော်

ဒီမှာမေးပါပြီ ဖုန်းမှာ Viber ရှိလားတဲ့ ရှိတယ်ဆိုရင် yes ပေါ့ 

ဖုန်းနံပါတ်ထည့်ပေးပါ ဒီဟာထည့်တာတော့ သိကြမှာပါနော်
ဖုန်းနံပါတ်ပေးလိုက်တာနဲ့ Activation ကုတ် ကို မိမိ ဖုန်း ရဲ့ Viber message မှာ

လာပို့ပေးမှာပါ Code လေး ကို အောက်က ကွက်လပ်ထဲမှာ ထည့်ပေးလိုက်ပါ

ပြီးတော့ Enter Viber ကိုနှိပ်လိုက်ပေါ့နော်

Activate ဖြစ်တာနဲ့ ဒီအတိုင်း တန်းပေါ်လာမှာပါ


ဒါကတော့ ကျနော့် အကိုကြီးကို စမ်းခေါ်ထားတာပါ..ဟီဟီ


အဲတခု့မေ့တော့မလို့ တကယ်လို့ မိမိဖုန်းမှာ viber ကို install မလုပ်ရသေးဘူး ဆိုရင်တော့

အောက်က ပုံလေးအတိုင်း မိမိ မှာရှိတဲ့ ဖုန်း နဲ့ Viber ကို install လုပ်ခိုင်းပြီးတော့ 

Activation Code ချပေးပါလိမ့်မယ် ခင်ဗျာ



မိမိ မှာတော့ သူပြထားတဲ့ OS သုံးတဲ့ ဖုန်း တလုံလုံး ရှိရမယ်နော် ..ဟဲ...ဟဲ..ဟဲ

မြန်မာ လိုတော့မရသေးပါဘူးခင်ဗျာ

အားလုံးကိုလေးစားလျက် 
Credit to ကိုလတ်(ကျွဲဆင်း)

Sunday, 24 March 2013

သော်ဇင် - Twenty Seven [Album]

ဖြူဖြူနှင့်​ကြယ်ပွင့်က​လေး​များ​ (2013 Water Dance Volume#1) [Album]

Monday, 18 March 2013

ဖေ့ဘွတ် မှာ gif ဖောမတ် နဲ့  လှုပ်ရှားနေတဲ့ ပုံ တင်နည်း

ညီမငယ် တစ်ယောက်က ဖေ့ဘွတ်မှာ GIf ပုံတွေ ဘယ်လိုတင်ရမလဲ ဆိုပြီး မေးလို့  တစ်ခြားမသိသေးတဲ့သူငယ်ချင်းတွေ ပါ လေ့လာလို့  ရအောင် ဘလော့ပို့ စ်အနေနဲ့  တင်လိုက်တာပါ။
ဖေ့ဘွတ်ကို Gif ပုံတွေတင်တာ နည်းလမ်းများစွာ ရှိမှာပါ။ ကျွန်တော်သိတဲ့ နည်းလမ်းလေးကို ပြောပြမှာဖြစ်ပါတယ်။

ပထမဦးဆုံး ဒီလင့်လေးကို သွားလိုက်ပါ။

 မိမိဖေ့ဘွတ်အကောက် နှင့် Log in ဝင်လိုက်ပါ။
အောက်ကပုံက Login ကို နှိပ်ပြီးသွားရင် တွေ့ ရမဲ့ပုံပါ။မိမိဖေ့ဘွတ်မှာ အသုံးပြုသော အီးမေးလ် နှင့် ပက်စ်ဝက် ကို ရိုက်ထည့်ပြီး Log In ဝင်လိုက်ပါ။


UPLOAD ANIMATED GIF ဟူသော စာသား(Buttom) လေးကို ကလစ်ပြီး မိမိကွန်ပျူတာထဲရှိ Gif ပုံကိုရွေးပြီး Upload တင်ပေးပါ။


ကွန်ပျူတာ ထဲမှာရှိတဲ့ Gif ဖောမတ်နဲ့  လှုပ်ရှားနေတဲ့ ပုံလေးကို ရွေးပြီး Open ကို နှိပ်ပါ။


DOWNLOAD AND CONVERT...ဟူပြီး ပုံကို Upload လုပ်နေပါလိမ့်မည်။


Upload တင်တာပြီးသွားရင် မိမိ Upload တင်တဲ့ ပုံလေး ပေါ်လာပါလိမ့်မည်။ အပေါ်ရှိ PUBLISH TO FACEBOOK ကိုနှိပ်လိုက်ပါ။


Loading....ခဏလုပ်နေပါလိမ့်မည်။


Poste an deine Pinnwand ဟူပြီး Box တစ်ခုကျလာပါလိမ့်မည်။ အောက်ခြေရှိ Tellen ကို နှိပ်လိုက်ပါ။


Tellen ကို နှိပ်လိုက်ရင်တော့ မိမိ ဖေ့ဘွတ် Timeline ပေါ်မှာ gif ဖောမတ်နဲ့  လှုပ်နေတဲ့ပုံလေးကို Share လုပ်ပြီးပါပြီ။ Play Buttom လေးကို နှိပ်ပြီး Gif ဖောမတ်နဲ့  ပုံလေးကို ကြည့်နိုင်ပါပြီ။ ဒါဆိုရင်တော့ ဖေ့ဘွတ်စာမျက်နှာပေါ်ကို Gif ဖောမတ်နဲ့ ပုံလေးကို အောင်မြင်စွာ Upload တင်ပြီးပါပြီ။


အဆင်ပြေကြပါစေ။

Sunday, 17 March 2013

မိမိဘလော့မှာထားဖို့  ငွေးကြေးလဲလှယ်နှုန်းဇယား နှင့် ငွေလဲနှုန်း တွက်တဲ့ဇယား

ထွက်တာ ကြာပြီလား မကြာသေးဖူးလားတော့ မသိပါဖူး။ ကျွန်တော်တော့ ဒီနေ့ မှ သိတာပါ။သိသိချင်း မသိသေးတဲ့ ဘလော့ဂါ မိတ်ဆွေ တွေ အတွက် ပြန်လည်မျှဝေပေးတာပါ။

မိမိဘလော့မှာထားဖို့  ငွေးကြေးလဲလှယ်နှုန်းဇယား

   ►1.  မိမိ ဘလော့ ကို Login ဝင်ပါ။
   ►2.  Layout ကိုကလစ်ပါ။
   ►3. Add a Gadget ကိုကလစ်ပေးလိုက်ပါ။
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာ
   ►5. အောက်က ကုဒ်တွေကို Copy ယူပြီး ထည့်လိုက်ပါ။

<script language="javascript" type="text/javascript">
    var uri = 'http://www.mmconverter.com/widget/display/size/300x250/type/rates';
    document.write('<sc'+'ript language="JavaScript" type="text/javascript" src="'+uri+'"></sc'+'ript>');
</script>

မိမိဘလော့မှာထားဖို့ ငွေလဲနှုန်း တွက်တဲ့ဇယား 




   ►1.  မိမိ ဘလော့ ကို Login ဝင်ပါ။
   ►2.  Layout ကိုကလစ်ပါ။
   ►3. Add a Gadget ကိုကလစ်ပေးလိုက်ပါ။
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာ
   ►5. အောက်က ကုဒ်တွေကို Copy ယူပြီး ထည့်လိုက်ပါ။



<script language="javascript" type="text/javascript">
    var uri = 'http://www.mmconverter.com/widget/display/size/300x250/type/currency-converter';
    document.write('<sc'+'ript language="JavaScript" type="text/javascript" src="'+uri+'"></sc'+'ript>');
</script>
                       



မူရင်းဝက်ဆိုဒ်လင့်က http://www.mmconverter.com/index/widgets ပါ။



အဆင်ပြေကြပါစေ။
                       

မိမိဘလော့မှာ Email Subscribe (သို့ မဟုတ်) အသစ်တင်တိုင်း မေးလ်ထဲက ဖတ်ချင်လျှင် ဟူသော Box လေးထားချင်လျှင်

မိမိဘလော့မှာ Email Subscribe လေးထည့်ချင်ရင်တော့ ဒီလင့်လေးကိုကလစ်ပြီးအရင်သွားလိုက်ပါ။
အပေါ်ကလင့်ကို ကလစ်ပြီး သွားတဲ့ ဝက်ဆိုဒ်ကို ရောက်လျှင် အောက်ကလို အကွက်လေးကို တွေ့ ရပါလိမ့်မည်။(Email Subscribe Box လေးထည့်ချင်တဲ့ ဘလော့ဆိုဒ်ကို တော့ Sign in ဝင်ထားပါ။)
 Burn a feed right this instant အောက်ရှိ အကွက်ထဲတွင် မိမိဘလော့ဆိုဒ် လိပ်စာကို ထည့်ပါ။I am a podcaster! ရှေ့ရှိ လေးထောင့်ကွက်တွင် အမှန်ခြစ်ပေးပြီး Next ကို နှိပ်ပြီးဆက်သွားလိုက်ပါ။

ပြီးရင် Identify Feed Source ဟူသော Box ကျလာပါလိမ့်မည်။ Atom နဲ့  ယူမှာလား Rss နဲ့  ယူမှာလား သင့်စိတ်ကြိုက်ရွေးပါ ။ ကျွန်တော်ကတော့ Atom နဲ့ ပဲ ယူလိုက်ပါတယ်။ပြီးရင် Next ကို နှိပ်ပါ။

Welcome! Let us burn a feed for you. ဟူပြီး Box တစ်ခု ထပ်ကျလာပါလိမ့်မည်။Next ကိုသာနှိပ်ပြီး ဆက်သွားလိုက်ပါ။

Congrats!Your FeedBurner....little? ဟူသော Box တစ်ခု ထပ်ကျလာပါလိမ့်မည်။အောက်ခြေရှိ Next ကို နှိပ်ပြီးတော့သာ ဆက်သွားလိုက်ပါ။

နောက်ထပ် Box တစ်ခု ကျလာပါလိမ့်ဦးမည်။အောက်ခြေရှိ Next ကိုသာနှိပ်ပြီး ဆက်သွားပါ။

Get More Gusto....Statistics.ဟူသော Box တစ်ခုထပ်ကျလာပါလိမ့်မည်။ Clickthroughts-,Item...(podocast download),I want...also track ရှေ့ရှိ ဘောက်တွေမှာ မောက်စ်နှင့်ထောက်ပြီး အမှန်ခြစ်လေးတွေ ခြစ်ပြီး အောက်ခြေရှိ Next ကို နှိပ်ပြီး ဆက်သွားလိုက်ပါ။

Your feed is ready....what? ဟူသော Box တစ်ခု ကျလာပါလိမ့်မည်။ အောက်ခြေနားကို မောက်စ်နဲ့  ဆွဲပြီးကြည့်လိုက်ပါ။Publicize ကို ရှာပြီး ကလစ်ပါ။အပြာရောင်စာလုံးနှင့် ရေးထားပါသည်။


Publicize ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။
အောက်ကပုံက Publicize ကို ကလစ်ပြီးဆက်သွားလိုက်ရင် ပေါ်လာမဲ့ပုံပါ။ ပေါ်လာတဲ့အထဲက ဘယ်ဖက်အခြမ်းရှိ Email Subscriptions ကို ကလစ်ပြီး ဆက်သွားပါ။

Email Subscriptions ကို နှိပ်ပြီး ဆက်သွားရင် ညာဖက်အခြမ်း အလယ်နားမှာ Activate ဆိုတာ ရှိပါတယ်။ Activate ကို ကလစ်ပြီး ဆက်သွားလိုက်ပါ။

Activate ကို ကလစ်ပြီး ဆက်သွားလိုက်ရင် Subscription Management ဟူသော Box ထပ်ကျလာပါလိမ့်မည်။ Copy and paste.....content.စာကြောင်းတွေ အောက်ရှိ Box ထဲမှ ကုဒ်တွေ ကို Copy ကူးလိုက်ပါ။

ပြီးရင် မိမိဘလော့ကိုဝင်ပါ။ Layout ကိုကလစ်ပါ။ပြီးရင် Add a Gadget ကို နှိပ်ပါ။

HTML/Java Script ကို ရွေးပါ။ ပြီးရင် စောနက Copy ကူးထားတဲ့ ကုဒ်တွေကို ကူး (paste) ထည့်ပါ။

Title နေရာမှာ တော့ မိမိနှစ်သက်သလို ထားပါ။ ဥပမာ။ ။အသစ်တင်တိုင်းမေးလ်ထဲက ဖတ်ချင်ရင် သင့်အီးမေးလ်လိပ်စာထားခဲ့ပါ။ပြီးရင် Save ကို နှိပ်ပါ။
ပြီးရင် Layout မှာ မိမိထားချင်တဲ့ နေရာမှာထားပါ။ပြီးရင် Save arrangement ကိုနှိပ်ပါ။ပြီးရင် View blog ကို နှိပ်ပြီးကြည့်လိုက်ပါ။


ဒါဆိုရင်တော့ Email Subscribe Box လေးလုပ်တာ အောင်မြင်သွားပါပြီ။



အဆင်ပြေကြပါစေ။

မိမိဘလော့ဆိုဒ်မှာ You might also like ခေါ် ဘောင်လေးတွေနဲ့  မိမိရေးထားတဲ့ တစ်ခြား ပို့ စ်တွေ ကို ပေါ်စေဖို့ 


မိမိဘလော့ဆိုဒ်မှာ You might also like ခေါ် ဘောင်လေးတွေနဲ့  မိမိရေးထားတဲ့ တစ်ခြား ပို့ စ်တွေ ကို မိမိဘလော့ပို့ စ်တွေ အောက်မှာ ပေါ်စေဖို့ အတွက် ပထမဦးဆုံး အောက်ကဝက်ဆိုဒ်လင့်လေးကို သွားလိုက်ပါ။

http://www.linkwithin.com/learn

ပြီးရင် အောက်ကလို ဖောင်ဖြည့်မည့် အကွက်လေးကို တွေ့ ရပါလိမ့်မည်။ Email နေရာမှာ မိမိအီးမေးလ်လိပ်စာကို ဖြည့်ပါ။ Blog link နေရာမှာ မိမိဘလော့စပေါ့ ဝက်ဆိုဒ်လင့်ကို ထည့်ပါ။
Platform နေရာမှာ မိမိသုံးနေတာ Blogspot ဆို Blogger ကိုရွေးပါ။Wordpress ဆို Wordpress ကိုရွေးပါ။ Width နေရာမှာ တွေ မိမိဘလော့ဆိုဒ် နဲ့  ကိုက်ပြီး 3 stories,4 stories,5 stories ကို ရွေးပါ။ My blog has....background ရှေ့က လေးထောင့်ကွက်မှာ မောက်စ်နှင့်ထောက်ပြီး အမှန်ခြစ်လေးခြစ်ပါ။
ပြီးရင် Get Widget ကို နှိပ်လိုက်ပါ။

အောက်ကပုံက Get Widget ကို နှိပ်လိုက်ရင် ပေါ်လာမည့်ပုံပါ။ပေါ်လာတဲ့ အထဲက Install Widget ကို နှိပ်လိုက်ပါ။ မှတ်ချက် မိမိဘလော့ဆိုဒ်ကို Sign in ဝင်ထားရပါမည်။

အောက်ကပုံက Install Widget ကိုနှိပ်လိုက်ရင်ပေါ်လာမည့်ပုံပါ။ ပေါ်လာမည့်ပုံထဲက Add Widget ကိုနှိပ်လိုက်ပါ။

Add Widget ကို နှိပ်လိုက်ရင် မိမိဘလော့ဆိုဒ်ရဲ့ Layout လို့ ခေါ်တဲ့ နေရာကို ရောက်သွားပါလိမ့်မည်။ LinkWithin ဆိုတဲ့ ကောင်လေးကို  Blog Posts အောက်မှာထားလိုက်ပါ။ပြီးရင် Save arrangement ကို နှိပ်လိုက်ပါ။ပြီးရင် View Blog ကို နှိပ်ပြီး မိမိဘလော့ဆိုဒ်ကိုကြည့်လိုက်ပါ။


You might also like: ဆိုပြီး တစ်ခြားပို့ စ်တွေပေါ်နေတာကို တွေ့ ရမှာပါ။


အဆင်ပြေကြပါစေ။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio