Wednesday, 31 July 2013

90:00 Minutes Sports Journal (Vol 5, No-79)

ဒီနေ့ (၁-၈-၂၀၁၃) မှာထွက်တဲ့ 90:00 Minutes Sports Journal (Vol 5, No-79) ဖြစ်ပါတယ်။




Download


Ref >>>
90:00 Minutes အယ်ဒီတာအဖွဲ့

Sunday, 28 July 2013

Windows 7 မှ Wifi ပြန်လွှင့်နည်း


ဒီတခါတော့ ကျွန်တော် Windows 7 ကနေ Wifi ပြန်လွှင့်ဖို့ကို ဖော်ပြပေးချင်ပါတယ်။
Wifi ပြန်လွှင့်ဖို့အတွက်က သင်အသုံးပြုတဲ့ PC မှာ Wireless adaptor ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း Laptop တွေကတော့ တော်တော်များများ Wireless ပါလာပြီးသားဖြစ်မှာပါ။
ပထမဆုံးကျွန်တော်တို့ အင်တာနက် ကွန်နက်ရှင်ကို မျှဝေပေးဖို့အတွက် Internet connection sharing (ICS) services ကို services ကနေ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်။
ICS ကို ဖွင့်ဖို့အတွက် Run box ကို ခေါ်ရမှာဖြစ်ပါတယ်။ Win key + R ကိုတွဲနှိပ်လိုက်ပါ။




ပြီးရင်တော့ Run box မှာ services.msc လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ဒါဆိုရင် Services windows ကျလာပါလိမ့်မယ်။
Services မှာ Internet connection sharing (ICS) ဆိုတာကို ရှာပါ။ တွေ့ပြီဆိုရင် Start ဖြစ်နေလား မဖြစ်နေဘူးလား စစ်ကြည့်လိုက်ပါ။ မဖြစ်ဘူး၊ Disable ဖြစ်နေတယ်ဆိုရင်တော့ Internet connection sharing (ICS) ကို select ပေး၊ ညာဘက် ကလစ်နှိပ် Properties ကိုဖွင့်ပါ။
Properties မှာ Status type: မှာ Manual ထားလိုက်ပါ။ Disable ကလွဲရင် နှစ်သက်ရာကို ထားနိုင်ပါတယ်။ ပြီးရင်တော့ Ok နဲ့ ထွက်လိုက်ပါ။ ပြီးရင်တော့ Internet connection sharing (ICS) ကို ပြန်ပြီး select ပေး၊ ညာဘက် ကလစ်နှိပ် ပြီး Start လုပ်ပေးဖို့တော့ လိုမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Internet connection sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် Services Windwos ကို ပိတ်လိုက်လို့ရပါပြီ။ ပြီးရင်တော့ ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ။ ကွန်ပျူတာ Restart ပြီးသွားရင်တော့ Internet Connection Sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။
ဆက်ပြီးတော့ Virtual AP ပြုလုပ်ပုံကို ကြည့်ကြရအောင်ဗျာ။
ပထမဆုံး Command Prompt (CMD) ကို ဖွင့်ပါ။ (Win Key + R တွဲနှိပ်ပြီး Run-box ကို ခေါ်ပါ။
Run-Box ကျလာပြီဆိုရင် cmd လို့ ရိုက်ထည့်ကာ Enter လုပ်လိုက်ပါ သို့မဟုတ် OK ကို နှိပ်ပါ။
Command Prompt (CMD) ကျလာပြီိဆိုပါက အောက်ပါအတိုင်း ရိုက်ထည့်ပါ။ ပြုပြင်ရမယ့် နေရာတွင် အနီရောင်ဖြင့် ရေးသားပေးသွားမည် ဖြစ်ပါသည်။
netsh wlan set hostednetwork mode=allow ssid=”MySSID” key=”Mykey” keyUsage=persistent
MySSID နေရာမှာတော့ သင်နှစ်သက်ရာ နာမည်တစ်ခုခုကို ပြောင်းထည့်နိုင်ပါတယ်။
Mykey နေရာမှာတော့ လျှို့ဝှက်စကားလုံး တစ်ခုခုကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၈ လုံးရိုက်ထည့်ပေးရပါမယ်။
အောက်မှာ ကြည့်လိုက်ပါ။
ဒါကို Enter ခေါက်လိုက်မယ်ဆိုရင် အောက်ပါအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။
ဒါပြီးရင်တော့ Network Sharing Center က Devices တွေမှာ သွားကြည့်လိုက်ပါ။ သွားကြည့်ရမယ့် လမ်းကြောင်းကတော့ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
ပုံမှာ အနီရောင်နဲ့ ပြထားတာကတော့ Microsoft Virtual Wifi ပဲ ဖြစ်ပါတယ်။ ကျွန်တော့်မှာတော့ Wireless Network Connection 2 ဆိုပြီး ပေါ်ပါတယ်။ သင့်မှာတော့ ဘယ်လိုပေါ်မလဲဆိုတာ မသိပေမယ့် အောက်ဆုံးက စာကြောင်းကို ကြည့်ရင် သိနိုင်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း Microsoft Virtual WiFi Miniport Adaptor ဆိုပြီး ပေါ်နေမှာ ဖြစ်ပါတယ်။ Not connected ဖြစ်နေတာကတော့ ကျွန်တော် Wifi ကို မဖွင့်ပေးရသေးလို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အဖွင့်အပိတ်ကို ဆက်ပြောပါ့မယ် ခင်ဗျာ။
ဖွင့်ဖို့အတွက်ကတော့ Command Prompt (CMD) ကို ခေါ်ပြီး အောက်ပါ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
netsh wlan start hostednetwork

Computer Restart ဖြစ်သွားတာဖြစ်ဖြစ် ပိတ်ပြီး ပြန်ဖွင့်တာဖြစ်ဖြစ် netsh wlan start hostednetwork ကို ပြန်ရိုက်ပေးဖို့ လိုအပ်ပါတယ်။
ပိတ်ဖို့အတွက်ကတော့ start နေရာမှာ stop ကို ရေးရမှာ ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
netsh wlan stop hostednetwork

ဒီလိုဆိုရင်တော့ ကွန်ယက် (Network) ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) တော့ ရဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ကို မျှဝေ (share) လုပ်ပေးဖို့ လိုအပ်နေပါသေးတယ်။ အဲဒီအတွကိုတော့ ကျွန်တော်တို့ Control Panel ကနေ Network Connections ဆီကို အပေါ်မှာ သွားသကဲ့သို့ ထပ်သွားရပါဦးမယ်။ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
Wireless Network Connection က ကျွန်တော့် Laptop က မူရင်း Wireless adaptor ပဲ ဖြစ်ပါတယ်ပါ။ အောက်မှာတော့ သုံးထားတဲ့ Connection SSID ဖြစ်တဲ့ LawKaNat.Hotel ပါ။ ပြီးတော့ ဘေးနားမှာ Shared ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက Internet Connection Sharing လုပ်ထားတယ်ဆိုတာကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်။ အင်တာနက် ကွန်ယက်ချိတ်ဆက်မှု မျှဝေခြင်း (Internet Connection Sharing)အကြောင်း ဆက်ကြည့်ရအောင်ဗျာ။ ပထမဆုံးဆုံး အင်တာနက် ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ရှိနေတဲ့ မူရင်း adaptor ကို ညာဘက်ကလစ်လုပ်ပြီး Properties ထဲကိုဝင်ပါ။ Properties ထဲက မျှဝေခြင်း (Sharing) ကို ဆက်သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
ပုံမှာ အနီရောင်နဲ့ ပြထားတဲ့အတိုင်း Allow other network users to connect through this computer’s Internet connection ဆိုတာကို Check ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Home networking connection: မှာ ပြထားတဲ့အတိုင်း ကလစ်လုပ်လိုက်ပါက Microsoft Virtual WiFi ဖြစ်တဲ့ Wireless Network Connection 2 ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ရွေးပေးပြီးရင်တော့ OK နဲ့ ထွက်လိုက်နိုင်ပါပြီ။ ဒီလိုဆိုရင် တစ်အိမ်လုံး Router သို့မဟုတ် Access Point ဝယ်စရာမလိုတော့ပဲ အင်တာနက် ကွန်ယက်ကို မျှဝေသုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်နီးပါး ပုံနှစ်တကွ ဖေါ်ပြပေးထားတဲ့အတွက် မရှင်းမလင်းတာတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။အားလုံးအဆင်ပြေကြပါစေခင်မျာ။
ကိုကို တော်ဝင်မင်းသားလေး ဆိုက်မှ ကော်ပီလာပါတယ်ဗျာ.....။

MM Ringtones Collection ! (for andriod phone)

မြန်မာဆောဝဲလေးတခု တင်ပေးလိုက်ပါတယ်...။ ကျနော်တို့မြန်မာလူမျိုး ထွင်ထားတာ အရမ်းလည်း ဂုဏ် ယူစရာ ကောင်းပါတယ်....။ Ringtones လေးတွေ စုပြီး andriod ဆောဝဲလေးတခု ဖန်တီးထား တာပါ..။ ကို  Nyimin Latt ကို ကျေးဇူးတင်ပါတယ်....။ဆောဝဲလေးကို ဖန်တီးထားတာ အရမ်းကို တော်ပါတယ်..။
ပါဝင်တဲ့ Ringtones လေးတွေကတော့
►မြန်မာ့ဟာသ ringtones လေးတွေ
►လူကြိုက်များခဲ့တဲ့မြန်မာ့ရှေးဟောင်းသီချင်းအချို.
►လူသုံးအများဆုံး ringtone ၂ ပုဒ်ဖြစ်သော ( စာမျက်နှာ ၁၅ နဲ. တောင်းပန်တယ် )
►ကွယ်လွန်သူ ဆရာ ကေအေတီ ရဲ့ ကိုယ်တိုင်သီဆိုထားသောသီချင်းတစ်ပုဒ်
►ကျနော့်အရမ်းကြိုက်သော သီချင်း ၂ ပုဒ် ၃ ပုဒ်ခန်. (ဝိုင်းစု၊အိုင်းရင်းဇင်မာမြင့်၊ချမ်းချမ်း)
►Harvest Moon – Back To The Nature PS1 ဂိမ်းလေးထဲမှ ကျနော်အရမ်းကြိုက်တဲ့ Opening Theme Song 2 ( နံပါတ် ၂၇ ) ထိုသံစဉ်လေးကိုကျနော် နှိုးစက်သံလုပ်ထားပါတယ်။
►အားလုံး ၄၅ ပုဒ်ပါဝင်ပါတယ် ။
အားပေးကြမယ့်သူငယ်ချင်းများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ !!

အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီနော်...။

>>>>>Download Now<<<<<
အားလုံးအဆင်ပြေပါစေ.......။

Armor for Android™ Security Full Version (for andriod phone)





ဒီနေ့သူငယ်ချင်းများကို antivirvs တခုနဲ့မိတ်ဆက်ပေးချင်ပါတယ်...။ Armor for Android™ Security က ကောင်းမကောင်းတော့ မပြောသေးဘူး သုံးကြည်လိုက်ပါ။ play store မှာတောင် ဒေါ်လာ US$29.95 တောင်ပေးရတာ ...။ကောင်းလားမကောင်းလားဆိုတာက ကိုတိုင်သုံးကြည့်ရင်သိမှာပါ...။လက်ရှိကျနော်လည်း သုံးနေပါတယ်..။အရမ်းကိုအဆင်ပြေတယ်ဗျ  play store မှာ ဒေါ်လာ US$29.95 ပေးရတဲ့ Armor for Android™ Security က အခု ကျနော့ဆိုက်မှာ free download လို့ရပါပြီ....။
စိတ်ဝင်စားရင် အောက်ကလင့်မှာ free ဒေါင်းယူသုံးစွဲနိုင်ပါပြီ.......။

 
play store links 

Armor for Android™ Security screenshot


 
 
အားလုံးအဆင်ပြေပါစေ.....။

Thank & Credit to ကိုဇော်မင်းသန်း

ဖုန်းနံပါတ်ဖျောက်၍ ဖုန်းခေါ်နည်း (For Android)


ဖုန်းနံပါတ်ဖျောက်၍ ဖုန်းခေါ်နည်း လေးပါ..။အသုံးလိုတဲ့သူသုံး နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်..။ personal call, secret call အစရှိတဲ့ ခေါ်ဆိုမှုတွေမှာ ကို့ဖုန်းနံပါတ်ကို မသိစေချင်ပဲဖျောက်ထားလို့ရပါ တယ်..။
ဘယ်လိုလုပ်မလဲ ဆိုရင်တော့ ကဲစလိုက်ရအောင်.....
  • ပထမဦးဆုံး အောက်မှာပေး ထားတဲ့ ဆောဝဲနှစ်ခု ကိုဒေါင်းလိုက်ရအောင်...။
  • ဒေါင်းယူပြီးရင် ဆောဝဲနှစ်ခုကို ဖုန်းတွင် inslall ပါ.....။
  • ပြီးရင် ဖုန်းကို reboot (restart) လုပ်ပါ....။
  • ဖုန်းပြန်ပွင့်လာရင် screen မှာရှိတဲ့  Hide Caller ID ကိုဖွင့်လိုက်ပြီး enabled နဲ့ show icon ကို အမှတ်ခြစ်ပေးပါ....။
  • and contact number ကိုနှိပ်ပြီး add လုပ်မဲ့ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် ဖုန်းထဲက နံပါတ်အားလုံး ထည့်ပေးလိုက်ပါ ....။
  • add မလုပ်ထားတဲ့ ဖုန်းနံပါတ်ကိုခေါ်ရင် hide လုပ်မှာလား show လုပ်မှာလားမေးလာပါမယ်..။ ကိုအသုံးပြုတဲ့အတိုင်း select လုပ်ပါ...။
screen shots လေးပြထားပါတယ်...။

 
 




ဒီလောက်ဆို သူငယ်ချင်းများ နားလည်မယ်လို့မျှော်လင့်ပါတယ်.....။ဒီနည်းလေးကို ကိုအောင် ရဲ့ ဆိုက်မှ တွေ့ လို့ အားလုံးသိစေရန်ရည်ရွယ်ချက်ဖြင့် ကျနော်ပြန်လည်မျှဝေပေးပါတယ်.....။အသေးစိတ် ကိုတော့ ဒီလင့်မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်....။
 Features:
 ★ Widget with a maximum of 6 operating modes:
 ★ Hide Caller ID for all calls
 ★ Always submit Caller ID
 ★ Hide Caller ID for next call only
 ★ Hide Caller ID for all calls except for numbers from your phone book (PRO Version)
 ★ Show Caller ID for selected contact groups (PRO Version)

 ★ Widget always shows the selected operation mode
 ★ you can change the GSM-Code prefix
 ★ Notification for the current status can be set up into notification bar
 ★ Visually impaired people with color-blindness can recognize symbols easily
 ★ Admin-UI mit many settings
 ★ clean the call log from the prefixes
အားလုံးပဲအဆင်ပြေပါစေ...။
 
Thank & Credit to ကိုဇော်မင်းသန်း

Sunday, 30 June 2013

Template ကိုသွားပြင်မယ်ဆိုရင် error မဖြစ်လေအောင် [Blogger only]

http://techinblogging.blogspot.com/2013/05/template-error-blogger-only.html မှ ကူးယူထားပါသည်။


ကျွန်တော်ကတော့ တခြားစက်မှာလည်း ဒီလိုပဲကြုံခဲ့ရပါတယ်။ ကျွန်တော်ခု Template ကိုသုံးတဲ့ editor အသစ်ကိုပိုကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကုဒ်မှားရင် အနီရောင်ပြပေးတဲ့အတွက်ပါ။

ကျွန်တော်တို့ Template ကုဒ်ပြင်တဲ့အချိန်မှာ အခက်အခဲရှိပါတယ်။ Loading အပြည့်တော့ပြီးပြီ ဒါပေမယ့် ကုဒ်လုံးဝ မလာဘူး။ Cursor ချမရတဲ့အခက်အခဲ ကိုရှင်းမယ့်နည်းရှိပါတယ်။ လုံးဝမခက်ခဲပါ။ အောက်ပါပုံကိုကြည့်လိုက်ပါ။ ဖြစ်ဖူးတဲ့သူကတော့ သိမှာပါ။ :D



သင့်ရဲ့ Keyboard မှာ F11 ကိုရှာပြီး နှိပ်ပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။
နောက်ပြီး F11 ကိုပြန်နှိပ်ပါ။ နဂိုအတိုင်းပြန်ဖြစ်သွားပါပြီ။ အဆင်ပြေပါစေ။

ဘလော့ကာရဲ့ HTML ပုံစံ ပြောင်းလိုက်ပါပြီ (ဘလော့ကာတိုင်းဖတ်ပေးပါ)


ထပ်မံ တင်ပြပေးနေမှာပါ....  ခုပုံစံကိုတော့ သဘောမကျတာ အမှန်ဘဲ ဗျို့.... အရမ်းလက်ဝင်တယ်....
အရင်က html  ဆိုရင် ဥပမာ ။   ။ ကုဒ်တစ်ခုခုကို   ကုဒ်အသစ်နဲ့ အစားထိုးတော့မယ်ဆို အဲကုဒ်ကို search box ထည့်ရှာ တွေ့တာနဲ့ အဲနေရာကို ခဲခြစ်  ကုဒ်အသစ်ကို အစားထိုးပေးလိုက်ယုံဘဲလေ... သိပ်လွယ်တာ
ခုပုံစံကျတော့ လုပ်ဆောင်ချက်တွေကတော့ တူတပါဘဲ... ဒါပေမယ့်   ခက်ခဲနေတာ တွေ့မိတာတော့
အထဲက ကုဒ်ကို  ကိုယ်လိုခြင်တဲ့ ကုဒ်လေးသီးသန့်  ခဲခြစ်မရဖြစ်နေတာလေးပါဘဲ..... ဖျက်ပြီး အသစ်အစားထိုးဖို့ဆိုလဲဗျာ... လိုခြင်တဲ့ နေရာကို မောက်ကာဆာ  ချမရပြန်ဘူးးး
                       ကဲ   သေခြာ လက်တွေ့သာ စမ်းကြည့်.....ရှင်ခြင်တာဘဲ....နော်...
သူတို့က အလွယ်တကူပြောင်းကြပေမယ့်   တားတားတို့မှာ   တေပြီချရာပေါ့... အချိန်တွေ နှောင်းးရတယ်
                      ကဲ.... ပြောနေကြာမယ်...လက်တွေ့ ရှင်းပြပါ့မယ်.... ပုံလေးကို သေခြာ ကြည့်ပါ
ပုံမှာ ပါတဲ့  နံပါတ်  စဉ်အတိုင်း တစ်ခုစီ သေခြာ  ရှင်းပြပါ့မယ်....နော်.......တားတားတိသလောက်ါပေါ့...


 မိမိတို့ ဘလော့ရဲ့  Html  ဆိုတာကို ၀င်လိုက်တာနဲ့  အပေါ်ကပုံလိုဘဲ ကျလာတာ တွေ့ရမှာပါ...............
ကုဒ်တွေ ရှာဖို့ဆိုတာကတော့ အရင်လိုဘဲ   ctrl  +  f နဲ့ပါဘဲ...ကဲ နံပါတ်စဉ်တိုင်းးစမယ်...

(၁)  သူကတော့ search  box ကျလာတဲ့ ပုံစံနဲ့ နေရာပါ... ကုဒ်တွေ ရှာ ဖို့  ctrl+f တွဲကလစ်ရာကနေ
       သည်လိုလေး ကျလာတာဖြစ်ပါတယ်.. အရင်က  အောက်ဘားမှာလေ ကျတာ... အိုကေ

(၂)  Revert  Change ဆိုတာလေးပါဘဲ  သူ့ရဲ့လုပ်ဆောင်ချက်ကတော့  မိမိတို့ ကုဒ်တွေ စစ်ပြီး
       သဘောမတွေ့တဲ့အခါ  မူလတိုင်းပြထားပေးဖို့  ကလစ်ရတာပါ (အရင်က clear edit html ) ပါဘဲ..

(၃)  Preview  Template ပေါ့..သူကတော့ ကုဒ်တစ်ခုခု ထည့်တိုင်း ပြင်တိုင်း...ပြောရရင်  html   ၀င်ကလိပြီး
       ကိုယ်ကလိထားတာကို  မဆေ့မှီ ကြည့်ရတဲ့  ဟာလေးပါ... သတိထားရမဲ့ နေရာလေးပေါ့... ဘာဘဲ
       ကလိကလိ  Save မလုပ်သေးဘဲ  Preview  Template  နဲ့ သေသေခြာခြာ ပြန်စစ်သင့်တာလေးပေါ့
      မှတ်ချက်  ။   ။  သည်ပုံစံမှာ  အရင် အဟောင်းလို  Preview  Template  နဲ့ကလစ်တာနဲ့ နောက်စာမျက်နှာ အသစ်နဲ့  မပေါ်ပါဘူးး  သည်နေရာမှာဘဲ  ဘလော့ပေါ်လာမှာပါ... အဲတော့ ကြည့်ပြီးတဲ့အခါ အိုကေပြီဆို  save ရမယ်မဟုတ်လားး သည်လို   save လို့ မရတော့ပါဘူး....
မိမိပြင်ဆင်တာ စိတ်တိုင်းကျပြီဆိုတာနဲ့.... အောက်က  နံပါတ် (၄)  ကိုကြည့်ပါ။

(၄)   မိမိတို့ html မှာ ပြုပြင်ပြီးလို့  Preview  Template  နဲ့ကြည့်တဲ့အခါ စိတ်ချသေခြာရပြီ သဘောကျ
        ပြီဆိုတာနဲ့  save ကြတော့မယ်ဆိုရင်  Preview  Template  ဆိုတဲ့ နေရာမှာတွင်  Save Template
        လုပ်ဆောင်လို့မရပါ။  ဒါကြောင့်  Save တော့မယ်ဆိုရင်  Edit Html ဆိုတဲ့ သည် နံပါတ် (၄) ကိုပြန်ကလစ်ပေးလိုက်ပါ... ကလစ်ပြီးမှ...ဆေ့နိုင်တာဖြစ်ပါတယ်...နံပါတ် (၅) မှာပါ

(၅)   ပြင်ဆင်မှုတွေ ပြီးဆုံးလို့ အတည်ပြုတော့မယ်ဆိုရင်တော့   Save Template ဆိုတာကို ကလစ်လိုက်ပါတော့....

(၆)  ဒါဟာ  html ကုဒ်တွေ ပြုပြင်တာ အစားထိုးတာ တွေမှာ သိပ်ကိုအရေးပါတဲ့အခန်းကဏ္ဍတစ်ခုပါ
      ဘာကြောင့်လဲ ဆိုတော့  အရင် ပုံစံနဲ့တုန်းကတော့ သိပ်လွယ်ပါတယ်.. Html ကုဒ်တွေထဲမှာ ကြိုက်တဲ့
      နေရာ   ကြိုက်တဲ့ ကုဒ်  ကြိုက်သလို ဖျက်နိုင်  အစားသွင်းနိုင်  ပါတယ်.. ခုပုံစံက အရမ်းကို  လက်ဝင်နေလို့ပါ   ဘယ်လို လက်ဝင်လဲဆိုတော့  ကုဒ်တွေထဲမှာ မိမိတို့ လိုခြင်တဲ့နေရာ မောက်နဲ့  ကာဆာ ချမရတာ... လိုခြင်တဲ့ ကုဒ်လေးဘဲ သီးသန့် ခဲခြစ်မယူနိုင်တာ... တွေက သိပ်ကို နှောင့်နှေးစေတာပါ..... မသိတဲ့ သေူတွ ဆို ရွာလည်စေတဲ့  ပုံစံကြီးးတစ်ခုပါဗျာ...
ကျွန်တော် စစ၀င်ချင်း  ပျူးတောင် သွားမိတယ်..( မျက်လုံးပါ)   နောက် သည်ပို့လေးဖြစ်ဖို့  ပုံလေးတစ်ခုကို  သူ့ရဲ့ကုဒ်ရှာပြီး  တခြားပုံတစ်ခုရဲ့ ကုဒ် လင့် နဲ့အစားထိုးကြည့်လိုက်တယ်...

ဥပမာ  ။           ။ ကျွန်တော် ရှာခြင်တဲ့ ကုဒ်ကဒါပါ http://i1323.photobucket.com/albums            /u591/aungaung13/slider1-crop_zps7212d227.jpg
ရှာပြီးတာနဲ့  တခြားကုဒ်ကို အဲနေရာ အစားထိုးးမယ်...ပေါ့  ကဲ အစားထိုးဖို့ဆိုပြီး ကျွန်တော် တင်ခြင်တဲ့
ပုံကို upload တင်ပြီး  ပုံရဲ့လင့်(ကုဒ်) ကို ကော်ပီယူလိုက်ပါပြီ.....
အစားထိုးမယ်  အပေါ်က ဥပမာ ပေးထားတဲ့ကုဒ်နေရာကိုပေါ့  ဒါနဲ့ အဲကုဒ်ကို မောက်နဲ့ 
http://i1323.photobucket.com/albums/u591/aungaung13/slider1-crop_zps7212d227.jpg  ဒါလေးတင်ဘဲ ဆွဲခြစ်လိုက်ပါတယ်.....
                            ဟိုက်ရှားပါးးးးးးးးးးးးးးးးသေပြီဆရာ  လို့တယူရတယ်ဗျာ... ဘာလို့လဲ..
အဲလို လိုခြင်တာလေးတင် သီးသန့် မှတ်သားခြင်းမရပါဗျာ..............ဂိန်တာပေါ့....ဘလော့ကာဌါနတော့
ဂေါက်ဘဲကွာ  လို့ ရေရွတ်မိပြန်တယ်....  ဒါနဲ့ နည်းလမ်းရှာရတယ်.... ဟောာာာာာာာာာာာာာ
တွေ့ပြီ..ေ.တွ့ပြီ....သူဘဲသူဘဲ....ငဲငဲ
ဟိဟိ  အဆင့်တော့ပိုသွားတယ် အပေါ်ပုံပြထားတဲ့ နံပါတ် (၆) ကြည့်  ခရမ်းရောင်နဲ့ပြထားတဲ့ ကုဒ်တွေအကုန်ဆိုမှ  ခဲခြစ်မှတ်သားလို့ရတယ်တဲ့ဗျာ.... တေပြီ... ကိုအစားထိုးခြင်တာက  ပုံရဲ့လင့်လေးတင်လေ  ကျန်တဲ့ကုဒ်တွေ ထိရင် ဘလော့ပျက်ပြီပေါ့....အဟိ.... သည်တော့
သည်လို လုပ်လိုက်ရတယ်.... မှတ်သားရသလောက် မောက်နဲ့ ဆွဲခြစ်ကြည့်တယ်...  အဓိကတော့
ကိုယ်အစားထိုးလိုတဲ့  ကုဒ်  (သို့) လင့်  တော့ ခြစ်တာထဲပါရမယ်နော်...ဟဟ...
အဲတာကို ကော်ပီယူ... မိမိတို့ တနေရာရာမှာ  ထည့်လိုက်... Notepad ဖွင့်ပြီး ခဏ ထည့်လိုက် အဲထဲကို
ဒါမှ မဟုတ်...  gtalk ချက်နေရင်း အဲထဲ ခဏ ထည့်လိုက်  မပို့လိုက်နဲကနော်  ...ေိေိ...
အိုကေ ထည့်ပြီးးတာနဲ့  မိမိတို့  အစားထိုးမဲ့ ကုဒ်လေးကို အဲမှာတင် အစားထိုးပေးလိုက်ပါတော့...

                ပြီးတာနဲ့ အစားထိုးပြင်ဆင်ပြီးသားကုဒ်တွေ ဖြစ်ပြီပေါ့  ဖြစ်ပြီဆိုတာနဲ့ အဲကုဒ်တွေ ကော်ပီအကုန်ပြန်ယူလာခဲ့ဗျာ... စောစောက  Html  မှာ မောက်ဆွဲပြီး ခြစ်လို့ရသလောက် ခြစ်ခဲ့ရတဲ့ နေရာမှာတင်  past  ချပေးလိုက်ပါတော့.....ဟူးးးးးးးးးးးးးးးး
မနည်း  အချိန်ကုန်သွားးပြီနော်.... မမိုက်ဘူးးးးးးးး  ဒါပေမယ့်  တတ်အောင်တော့  ဖြစ်အောင်တော့ လုပ်ကို လုပ်ရမှာလေ  ကျွန်တော် တို့က ဘလော့ရှိတာနဲ့ Html နဲ့ကင်းလို့မှ မရတာ....
                     ကဲ စမ်းကြည့်ကြနော်   အဆင်မပြေတာ ရှိခဲ့ပါက..စာချန်ခဲ့ပါ... ကြိုးစားပြီး ထပ်မံရှာဖွေနေဆဲပါ.............သိသိသမျှ  မျှဝေ တင်ပြနေမည်.....

            မှတ်ချက်  ။    ။  html ၀င်တဲ့အခါ  မိမိကွန်ပျူတာ အပြည့်  ( full page ) သုံးလုပ်ဆောင် မှသာလျှင်
                                   Html ထဲတွင် လိုအပ်သလို မောက်  ကာဆာချနိုင်ပါတယ်... မဟုတ်ဘဲ...ကွန်ပျူတာတခြမ်းက Gtalk ချက်နေပြီး  ဘလော့ကို အပြည့်မသုံးပါက  html ကုဒ်များအတွင်း နေရာကျဉ်းမှုကြောင့်  ကာဆာချဖို့ ခက်ခဲနိုင်ပါသည်။

ကျွန်တော် ဘလော့နှင့် ပတ်သတ်တာတွေ အမြဲလေ့လာဖြစ်နေတဲ့ ကျွန်တော့်ရဲ့ မြင်ဆရာ တစ်ဦးဖြစ်တယ် ဘလော့ခရီးသည် ဆိုဒ်ပိုင်ရှင် ကိုအောင်အောင်(မကစ) ဆီက ကူးယူထားပါသည်။

Android Device အတွက် ကိုယ်တိုင် Live Wallpaper လေး လုပ်ကြမယ်

Live Wallpaper ကို ကိုယ်တိုင် ပြုလုပ်နိုင်ဖို့အတွက် ကွန်ပျူတာထဲမှာ Java ထည့်ထားရပါမယ်။ Java ထည့်ရန် အတွက်ကတော့ >>> ဒီနေရာ <<< မှာ သွားဒေါင်းပြီး Install ထားလိုက်ပါ။

 ပြီးရင် Live Wallpaper ပြုလုပ်ပေးမယ့် Live Wallpaper Script  ဖိုင်ကို ဒေါင်းလိုက်ပါ။

Mediafire မှ ဒေါင်းရန် (Link 1)  >>> Download <<<
Mediafire မှ ဒေါင်းရန် (Link 2)  >>> Download <<<
4Shared မှ ဒေါင်းရန်                >>> Download <<<

ဒေါင်းလို့ရလာတဲ့ Custom Live Wallpapers.2.6.Zip ဖိုင်ကို ခွဲထားလိုက်ပါ။ ကိုယ် Live Wallpaper လုပ်ချင်တဲ့ ပုံလေးတွေကို .png format နဲ့ သိမ်းထားလိုက်ပါ။

ပြီးရင် ခုနက Zip ဖိုင်ကိုခွဲထားလို့ရလာတဲ့ Custom Live Wallpapers.2.6 ဖိုဒါ ထဲမှ placeimages ဖိုဒါထဲကိုဝင်ပါ။ အဲ့ဒိ ဖိုဒါထဲက ပုံလေးတွေရဲ့ နာမည် အတိုင်း ကိုယ် Wallpaper လုပ်ချင်တဲ့ ပုံလေးတွေရဲ့
နာမည်ကို (n01, n02, n03, n04, n05, ............. , n34, n35, n36, .........) အစရှိသဖြင့် Rename
ပြောင်းပြီး အစားထိုးထည့်ပေးလိုက်ပါ။ ပုံနည်းရင် နည်းသလို ထွက်လာမယ့် apk ဖိုင်ကလည်း ဆိုဒ်သေး
ပါလိမ့်မယ်။

အစမ်းသဘောပြုလုပ်ချင်သူတို့အတွက် Animation ပုံများ ပါဝင်တဲ့ Rar ဖိုင် ကို အောက်မှာ Download
ရယူလိုက်ပါ။ အဲ့ဒိ Rar ဖိုင်ကို ခွဲလိုက်ရင် အောက်ပါပုံအတိုင်း ကြောင်စုံတွဲပုံလေးတွေ (ပုံပေါင်း ၃၈ ပုံ) ပါလာပါလိမ့်မယ်။
Mediafire မှ ဒေါင်းရန် >>> Download <<<
4Shared မှ ဒေါင်းရန်  >>> Download <<<




ကိုယ်လုပ်တဲ့ Live Wallpaper.apk ဖိုင်ရဲ့ icon ကိုလည်း placeimages ဖိုဒါထဲက icon ဆိုတဲ့ ပုံလေး နေရာ မှာ အစားထိုး ထည့်လို့လည်း ရပါတယ်။













ပြီးသွားရင် Custom Live Wallpapers.2.6 ဖိုဒါ ထဲမှ Run.bat ဖိုင်လေးကို Double click နှိပ်ပြီး run ပေး
လိုက်ပါ။ ပုံအရေအတွက် ဘယ်နှပုံရှိသလဲလို့ မေးပါလိမ့်မယ်။ ဒါဆိုရင် ကြောင်စုံတွဲပုံ ၃၈ပုံရှိပါတယ်လို့
ဖြေပေးလို့မရပါဘူး။ haxadecimal အနေနဲ့ ဖြေပေးရမှာပါ။ ပုံ အရေအတွက် ၂၀ ဆိုရင် ၁၄လို့ဖြေပေးရ
မှာပါ။ အခု ပုံအရေအတွက်က (icon ပုံပါ အပါအ၀င်) ၃၉ ပုံဆိုတော့ ၂၇ လို့ဖြေပေး ရမှာ ဖြစ်ပါတယ်။ ပုံ အရေအတွက် ကို haxadecimal အနေနဲ့ သိချင်တယ်ဆိုရင်တော့  >>> ဒီဆိုက် <<< မှာ သွားချိန်လို့ရပါတယ်။ 

Decimal မှ Hexadecimal ချိန်းပုံ

27 လို့ ရိုက်ပြီး Enter ခေါက်ပေးလိုက်ပါ။ ပြီးရင် apk ရဲ့ နာမည် ကို ရိုက် Enter ခေါက်၊ apk ရဲ့ description ကို ရိုက် Enter ခေါက်၊ apk ရဲ့ package name ကိုရိုက် Enter ခေါက် (ဒါတွေကတော့ ကိုယ်ပေးချင်တဲ့ နာမည်ပေးလို့ရပါတယ်။) အားလုံးပြီးသွားရင်တော့ ကိုယ်လုပ်လိုက်တဲ့ Live Wallpaper
ဟာ ဖိုဒါ ထဲမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

မူရင်း ဆိုဒ်လင့်ခ် >>> http://theunlockr.com/2010/08/03/how-to-create-a-live-wallpaper/
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio