Tuesday, 13 August 2013

Google Play Store က Apk တွေကို ကွန်ပျူတာ မှ ဒေါင်းယူနည်း (10000% Working)


Google Play Store က Apk တွေကို ကွန်ပျူတာကနေ ဘယ်လိုဒေါင်းယူရလဲ ခဏခဏ မေးနေကြလို့  သိပ်အလုပ်မရှုတ်စေတဲ့ နည်းလမ်းလေးကို တင်ပေးလိုက်ပါတယ် ... 100% အဆင်ပြေပါတယ် ကိုယ်တိုင် စမ်းသပ်ပြီးသားပါ...။
အရင်ဆုံး  ဒီ Download Real APK Leecher ကို ဒေါင်းယူပါ...
Zip ဖိုင်လ်ကိုဖြည်လိုက်ပါ...


ပုံပါအတိုင်း Real APK Leecher ကို Double Click နဲ့ Run လိုက်ပါ....

 

နံပါတ် (1) Google Play Store မှာ မိမိသုံးတဲ့ Gmail / Password နဲ့ Device ID ကို မှန်အောင် ရေးထည့်ပါ...။
 နံပါတ် (2)  မှာ မိမိဒေါင်းယူလိုက်တဲ့ APK တွေကို သိမ်းထားပေးမဲ့ နေရာကို ရွေးပေးလိုက်ပါ..။

Device ID မသိရင် မိမိ Android ဖုန်းကနေ *#*#8255#*#*  ကို ရိုက်ပြီး ရှာပါ....


Device ID ဆိုတာ မျှားပြထားတဲ့ နေရာက ကုဒ် တွေပါ...။

အဆင်မပြေရင် ဒီ Download ID.Apk လေးကို ဒေါင်းယူပြီး မိမိ ဖုန်းမှာ Install ပြီး Run လိုက်ပါ ....


Device ID ဆိုတာ မျှားပြထားတဲ့ နေရာက ကုဒ် တွေပါ...။ အပေါ်က ပုံနဲ့ အတူတူပါပဲ...။
အားလုံး မှန်ကန်စွာ ရေးထည့်ပြီးပြီဆိုရင်တော့ အောက်နားလေးက Save ကို နှိပ်ပြီး သိမ်းလိုက်ပါ...။ Real APK Leecher ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ရင်..



 အပေါ်ကပုံအတိုင်း Error Massage လေး တတ်လာမှာပါ ... OK နှိပ်လိုက်ပါ... ဘာမှ မဖြစ်ပါဘူး ...


 မိမိ လိုချင်တဲ့ APP ကို ရေးပြီး Enter ခေါက်ပြီး ရှာလိုက်ပါ...။


လိုချင်တာ တွေ့ပြီဆိုရင် Select မှတ်ပြီး Right Click နဲ့ Download this app ကို နှိပ်ပါ....


App  နာမည်ကို ပြင်ရေးချင်ရင်လည်း ရေးလို့ရပါတယ် ပြီးရင် Save ကို နှိပ်ပါ.......


ပုံပါအတိုင်း Download လုပ်နေပါပြီ... 100% ပြီးရင် မိမိ သိမ်းထားတဲ့နေရာမှာ ရောက်နေပါပြီ...

အားလုံးအဆင်ပြေကြပါစေ...

ခင်မင်လျှက်

Credit to ကိုဝင်းကမ္ဘာကျော်
www.winkabarkyaw.net

Friday, 9 August 2013

မိမိတို့နှစ်သက်သော ဘလော့ဆိုဒ်များအား Android ဖုန်းများတွင် Online/Off line ကြည့်နိုင်ရန် APK လုပ်ယူနည်း

မင်္ဂလာပါနော်... အခု တင်မည့်နည်းလမ်းလေးကတော့  ဘလော့ကာ များစွာကို  ဘလော့ပေါင်းများစွာကို
မိမိတို့ ဖုန်းကနေ   online/ off line  ကနေအဆင်ပြေစွာ ဖတ်ရှုနိုင်ဖို့   apk  လုပ်နည်းလေးကို မျှဝေမှာ ဖြစ်ပါတယ်.... နည်းလမ်းလေးကတော့ တော်တော်များများ  သိနေကြပြီးဖြစ်ခြင်ဖြစ်နေမှာပါ
ဒါပေမယ့်  မသိသေးသော မိတ်ဆွေများအတွက်  ရည်ရွယ်ပြီးးး  ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်....
ကဲစကြမယ်နော်  အဆင့်လေးတွေအလိုက် ပုံလေးတွေနဲ့ သေသေခြာခြာ ရှင်းပြပါ့မယ်.....
 ပထမဆုံး   မိမိတို့ လုပ်လိုသော ဆိုဒ်ကို ဖွင့်လိုက်ပါ..... ဥပမာ ကျနော် ဆိုဒ်တစ်ခုနဲ့ နမူနာထား ပြသွားပါ့မယ်....နော်
 http://www.herostown.blogspot.com  ကိုဖွင့်လိုက်ပါပြီ.....

ခုလိုလေးပေါ်လာပြီဆိုတာနဲ့ အပေါ်တူးဘားက  မိမိတို့ ဘလော့လိပ်စာရှေ့က logo  လေိးကုကလစ်ပါ..
ကလစ်လို့ ကျလာတဲ့ ဘောက်လေးရဲ့   More Information  ဆိုတာကိုကလစ်လိုက်ပါ။


 သည်လိုလေးကျလာမယ်.... အဲခါမှာ  အပေါ်က  Feed ဆိုတာကိုကလစ်ပါ... အဲခါမှာဘဲ.. Atom နဲ့ RSS
လင့်တျွေကလာမှာဖြစ်ပါတယ်... လင့်တခုကို စေခြာ မှတ်သားပြီး  ကော်ပီယူသိမ်းထားပေးလိုက်ပါ...
ကော်ပီယူရတာ ခက်ခဲပါက  လင့်နောက်မှာ မောက်ထောက် စခရစ်ပေါ်လာမယ် ကလစ်ပေးလိုက်ပါ
စာမျက်နှာသစ်နဲ့ကျလာတာနဲ့  အပေါ်တူးဘားက လင့်ကို ကော်ပီယူ အတူတူပါဘဲဗျာ.......
ကဲ...လုပ်ဆောင်ချက်  စတော့မယ်..နော်

                                 သည် မှာ    ကလစ်ပြီး သွားလိုက်ပါနော်...

အမှတ်စဉ်  (၁)  ။             ။  အောက်ကပုံအတိုင်း   sing up  လုပ်ပေးလိုက်ပါ....


အမှတ်စဉ်  (၂)    ။      ။  ကတော့ အောက်ကအတိုင်းလိုအပ်သလိုဖြည့်စွပ်ပြီး  sing up လုပ်ရမှာနော်


အမှတ်စဉ်  (၃)  ။           ။ အနေနဲ့ကတော့ AppYetV2  ဆိုတာကိုကလစ်လိုက်ပါ။အဲမှာ လိုအပ်တဲ့
                                  အမည်တွေ....ဖြည့်ပေးရပါမယ်.... သည်မှာ  RSS/Atom/Feed(s)  ဆိုတဲ့နေရာမှာပါ    စောစောကအပေါ်ဆုံးက ကော်ပီယူ သိမ်းထားတဲ့ လင့်ကို  ထည့်ပေးရမှာဖြစ်ပါတယ်။


အမှတ်စဉ်  (၄)  ။           ။  အနေနဲ့ကတော့...အပေါ်က  General  ဆိုတာကနေ သွားးမှာပါ....
                                      အပေးဆုံးးက  မိမိဘလော့ဆိုဒ်အမည် ကြိုက်တာရေးပါ  ဥပမာ။   ။ ဘလော့ခရီးသည်......လယ်တီမြေသား   ပေါ့နော်...အဲအောက်နားမှာ တော့  Change  Icon  ဆိုတာကိုတွေ့မှာပါ  စိတ်ကြိုက်  အိုင်ကွန်လေးဖန်တီးပြီး  ထည့်နိုင်ပါတယ်... အိုင်ကွန်ကိုတော့ ဆိုဒ်နဲ့ ကိုက်ညီအောင်  သေးသေးဘဲ လုပ်ရမှာပါ....




အမှတ်စဉ်  (၅)   ။                     ။  သည်အဆင့်မှာတော့...အပေါ်က Tabs ဆိုတာကိုကလစ်ထားပါ...
                                               သတိပြုရမှာက Web ရှေ့မှာ အမှန်ခြစ်ပေးဖို့ပါ... အောက်မှာတော့
                                               မိမိဆိုဒ်လိပ်စာထည့်ရမယ်...... ပြီးတာနဲ့ save change ပေါ့...။




အမှတ်စဉ်  (၆)  ။                ။  ကတော့...အပေါ်ဘားးက   Setting  ကိုကလစ်ပါ...အောက်မှာ....
                                         မေးအကောင့်.....ဆိုဒ်လိပ်စာ...ပြီးတော့  save  change  ပေါ့...။


အမှတ်စဉ်  (၇)    ။                 ။  ကတော့နောက်ဆုံးးအဆင့်ပေါ့... အပေါ်ဘားက  Build ကိုကလစ်ပါ။
                                            အဲမှာတော့   save change  ကလစ်လိုက် ပြီးပါပြီ.....နော်...


 ကဲ..မိမိတို့  လုပ်ထားတဲ့   app..apk  လေးကို မိမိတို့ မေးထဲမှာ သွားးဒေါင်းရမှာ ဖြစ်ပါတယ်....နော်
မိမိတို့  အပေါ်ကလုပ်ထားတဲ့အီးမေိးကု ၀င်လိုက်ပါ.....


အပေါ်ကပုံလို မေးးထဲမှာ AppYet(2)  ကနေ စာတစ်ဆောင်ရောက်နေတာ တွေ့ရမယ်... ဖွင့်လိုက်ပါ...အဲမှာ ဘဲ ဆော့ဝဲလ်  ရှိနေပါပြီ... ဒေါင်းးယူယုံပါဘဲနော်...

ကဲ ရပါပြီဗျာ   ဒေါင်းလော့  ဖိုင်လေး နှစ်ခုတွေ့ရမယ်... အဲတာက  မူရင်း သူ့ဆိုဒ်က အိုင်ကွန်လေးနဲ့  တစ်ခု  မိတ်ဆွေ တို့ စိတ်ကြိုက် အပေါ်မှာ  အမှတ်စဉ်  (၄)  ကလုပ်ယူထည့်ခဲ့တဲ့ အိုင်ကွန်လေးနဲ့  တခုပါ
ကြိုက်သလို  ဒေါင်းယူလိုက်ပါတော့နော်...... သင့်အတွက်   သင့်ဖုန်းးမှာ  သင်ကြိုက်နှစ်သက်သော  ဘလော့များကို  ယခုလို  ဖန်တီး ပြီး ထည့်ထားနိုင်ပါတယ်... ဘလော့ကာတွေအတွက်လည်းး အရမ်းးအသုံးဝင်ပါတယ်...... ကျနော်တို့ဘလော့ကာတွေ လုပ်ထားရင် ကျန်တဲ့  လေ့လာသူတွေ ဒေါင်းယူလိုက်ယုံပေါ့နော်.... အားလုံးအဆင်ပြေကြပါစေ....
 

ဘလော့ပို့ စ်ရေးတဲ့ အထဲက Tool လေးတွေ အကြောင်း (၂)

စာရွက်အပြဲ ပုံလေးကတော့ အခြေခံဘလော့ဂါတွေ အတွက် အရမ်းမိုက်တဲ့ Tool ဖြစ်ပါတယ်။

ကျွန်တော်တို့  ဘလော့ဆိုဒ်တွေ ဝင်ကြည့်တဲ့အခါ Readmore လေးတွေ ၊ ဆက်ဖတ်ရန်ကလစ်ပါ တို့  တွေ့ ဖူးကြမှာပါ ။ html နားမလည်တဲ့ သူတွေ အတွက် Blogspot ကဖန်တီးပေးထားတဲ့ Tool ဖြစ်ပါတယ်။

မိမိဘလော့ပို့ စ်တစ်ခုရေးလိုက်ပါ။ မိမိဖြတ်ချင်တဲ့ စာပိုဒ်နေရာရောက်လျှင် ၄င်းစာရွက်ပုံလေး ကို ကလစ်လိုက်ပါ။

အောက်ကပုံအတိုင်း ဘလော့ပို့ စ်ကို ဖြတ်ထားတဲ့ပုံစံလေးတွေ့ ရမှာ ဖြစ်ပါတယ်။


ဒါဆိုရင်တော့ ၄င်းအတိုင်း ပို့ စ်ကို စာရွက်အပြဲပုံလေးသုံးပြီး ဖြတ်ပြီး လျှင် Publish လုပ်လိုက်တဲ့ အခါ မိမိဘလော့ဆိုဒ် မှာ မိမိတင်လိုက်တဲ့ ဘလော့ပို့ စ်ဟာ Readmore ဆိုပြီး ဘလော့ပို့ စ်ကို ဖြတ်ပြီးသား ဖြစ်သွားပါပြီ။


အပေါ်ပုံက Tool တွေကတော့ ကျွန်တော် တစ်ခါမှ မသုံးဖူးပါဖူးခင်ဗျာ....ဘာလို့ လဲဆိုတော့ ကျွန်တော် တင်တဲ့ပို့ စ်တွေမှာ ၄င်း Tool သုံးရမဲ့ ပို့ စ် မပါလို့ ထင်ပါတယ်။နောက်မှပဲ စမ်းသုံးကြည့်ပါ့မယ်။


အပေါ်က ပုံ မှာ ကြည့်လိုက်ပါ ။ Compose နဲ့  HTML ဆိုပြီးတွေ့ မှာ ပါ။ ကျွန်တော့်လို အခြေခံသမားတွေ ကတော့ Compose ပဲ သုံးပြီး ပို့ စ်တွေရေးကြပါတယ်။ ဆရာသမားတွေကတော့ HTML တွေနဲ့  ရေးကြပါတယ်။ HTML ကတော့ နောက် ကွန်ပျူတာသုံးရင်း သုံးရင်း နဲ့  ပဲ ဖြစ်ဖြစ် HTML စာအုပ်တွေ ဖတ်၍ ဖြစ်ဖြစ် တစ်ဖြေးဖြေး လေ့လာကြပါ။

အဆင်ပြေကြပါစေ။

ဘလော့ပို့ စ်ရေးတဲ့ အထဲက Tool လေးတွေ အကြောင်း

ဘလော့စပေါ့ဆိုဒ် တည်ထောင်တာ သိပြီဆိုတော့ ဘလော့ပို့ စ်ရေးတဲ့ အထဲက Tool လေးတွေ အကြောင်း ကျွန်တော်သိသလောက် ရှင်းပြပါ့မယ်။


၁။ အပေါ်က F ပုံစံလေးကတော့ မိမိရေးတဲ့ ဖောင့်အမျိုးအစားပြောင်းတာပါ။


၂။ T နှစ်လုံးဆင့်နေတဲ့ ပုံစံလေးကတော့ မိမိရေးနေတဲ့ စာလုံး ဆိုဒ် အကြီး၊အသေး ပြောင်းတာပါ။






၃။ Normal ကတော့ စာလုံးပုံစံပါ ။ အမြဲတမ်း ကျွန်တော်ကတော့ Normal ပဲ သုံးပါတယ်။

၎။ B ကတော့ မိမိရေးနေတဲ့ စာသားကို ပိုမိုထင်ရှားအောင် အရောင်ထပ်ချင်တဲ့အခါသုံးတာပါ။ အရှည်ကောက်က Bold ပါ။

I အစောင်းလေးက တော့ မိမိရေးနေတဲ့ စာသားကို စာလုံးတဇောင်းပုံစံလေးရေးတာပါ။ အရှည်ကောက်က Italic ပါ။

U အောက်က မျဉ်းတားထားတာလေးကတော့ မိမိရေးနေတဲ့ စာသားကို အောက်က Underline လို့ ခေါ်တဲ့ မျဉ်းကြောင်းလေးတားပေးတာပါ။ အရှည်ကောက်ကတော့ Underline ပါ။

ABC ပေါ်မှာ အလယ်ကနေ မျဉ်းကြောင်းလေးတားပြထားတာကတော့ မိမိရေးနေတဲ့ စာသားကို အလယ်က မျဉ်းကြောင်းတားပေးတဲ့ ပုံစံလေးအနေနှင့် သုံးတာပါ။ (ဒီကောင်ကတော့ သိပ်သုံးစရာမလိုပါ)

၅။ A အောက်က မျဉ်းကြောင်း အနက်လေးနှင့် ပုံစံက မိမိရေးနေတဲ့ စာသားအရောင်ကို ပြောင်းပေးတာဖြစ်ပါတယ် ။ အရှည်ကောက်က Text Colour လို့ ခေါ်ပါတယ်။

၆။စုတ်တံအဝါဖျော့ရောင် ပုံလေးကတော့ မိမိရေးနေတဲ့စာသားရဲ့ နောက်ခံကို အရောင်ထည့်ပေးချင်တဲ့ အခါ သုံးပါတယ်။ အရှည်ကောက်က Text Background Colour ဖြစ်ပါတယ်။





၇။ Link ကတော့ မိမိဒေါင်းစေချင်တဲ့ ဒေါင်းလော့လင့်တစ်ခုခု(သို့ )မိမိသွားစေချင်တဲ့ ဝက်ဆိုဒ်တစ်ခုခုကို ရည်ညွှန်းရာမှာ အသုံးပြုပါတယ်။ ကျွန်တော် သုံးသုံးနေတဲ့ ဒီကနေသွားပြီး ဒေါင်းလိုက်ပါ....အစရှိတာတွေ ကိုညွှန်းတဲ့အခါသုံးပါတယ်။ အောက်ကပုံက Link ကို ကလစ်လိုက်ရင် တွေ့ ရမည့်ပုံပါ။

Text to display ဘေးက အကွက်မှာ မိမိရေးချင်တဲ့ စာသားရေးပါ။

ဥပမာ။  ။ဒီနေရာလေးကို ကလစ်ပြီး ဒေါင်းပါ။ ၊ Download .....အစရှိသဖြင့်

Web address ဘေးက အကွက်မှာ ဒေါင်းလော့လင့် (သို့ ) သွားစေချင်တဲ့ ဝက်ဆိုဒ် နာမည် ရေးပါ။

ဥပမာ။ ။http://phyutharlaykyawzinhein.blogspot.com....

Open this link in a new window ရှေ့ကလေးထောင့်အကွက်မှာတော့ အမြဲတမ်း အမှန်ခြစ်လေး ခြစ်ထားပါ။
ဘာကြောင့်လဲ ဆိုတော့ မိမိညွှန်းတဲ့လင့်ကို ကလစ်ပြီး သွားရင် new tab မှာ ပေါ်စေဖို့  အတွက်ပါ။
အမှန်ခြစ်လေးမထားရင်တော့ မိမိဘလော့ဆိုဒ်ပိတ်ပြီး မိမိညွှန်းတဲ့ဆိုဒ် ပေါ်လာပါလိမ့်မယ်။




၈။ ဓါတ်ပုံ ပုံစံလေးကတော့ ဓါတ်ပုံတင်ဖို့  အတွက်ဖြစ်ပါတယ်။ အရှည်ကောက်က Insert image ဖြစ်ပါတယ်။
ဓါတ်ပုံတင်ချင်ရင် ၄င်း ပုံကို ကလစ်လိုက်ပါ။ အောက်ကပုံက ၄င်းပုံကို ကလစ်လိုက်လျှင်ပေါ်လာမည့်ပုံပါ။ Choose files ကို ကလစ်ပြီး မိမိကွန်ပျူတာထဲရှိ မိမိတင်ချင်သည့်ပုံကို ရွေးပြီး Open နှိပ်ပါ။ Upload တင်နေပါလိမ့်မည်။ ခဏစောင့်လိုက်ပါ။
ထို့ နောက် မိမိတင်ချင်သည့်ပုံပေါ် မောက်စ်နှင့်တစ်ချက်ကလစ်ပြီး အောက်ခြေရှိ Add Selected ကိုကလစ်၍ ဓါတ်ပုံ တင်နိုင်ပါတယ်။













၉။ ဗွီဒီယိုတည်းဖြတ်တဲ့ပုံစံလေးကတော့ ဗွီဒီယိုတင်ချင်တဲ့အခါ အသုံးပြုပါတယ်။အရှည်ကောက်က Insert a Video ဖြစ်ပါတယ်။ အောက်ကပုံကတော့ ၄င်း ပုံကိုကလစ်လိုက်လျှင်ပေါ်လာမည့်ပုံပါ။ Choose a video to upload ကိုကလစ်၍ မိမိကွန်ပျူတာ ထဲရှိ မိမိတင်ချင်သည့် ဗွီဒီယိုကို ရွေးပြီး Upload တင်ရမှာ ဖြစ်ပါတယ်။
From YouTube ကိုကလစ်၍ Youtube က ဗွီဒီယို တွေကိုလည်း ရွေးပြီးတင်နိုင်မှာ ဖြစ်ပါတယ်။



၁၀။ အောက်ကပုံကတော့ Schedule ပါ။ အချိန်ဇယားပေါ့ မိမိဘလော့ပို့ စ်ကို ယခုရေး ယခုတင်မယ်ဆိုလျှင်တော့ အသုံးပြုစရာ မလိုပါဖူး။ Automatic ပဲထားပါ။
အချိန်ဇယားနဲ့  မိမိတင်ချင်တဲ့ အချိန်မှ တင်မယ်ဆိုလျှင်တော့ Set date and time ကို ရွေးပြီး။မိမိရေးထားတဲ့ ဘလော့ပို့ စ်ကို Publish အဖြစ် Upload တင်ချင်တဲ့အခါသုံးပါ။


Set date and time ကတော့ မိမိတင်ချင်တဲ့နေ့  အချိန် စသည်တို့  ကို ပြောင်းလဲ နိုင်ပါတယ်။



၁၁။ အောက်ကပုံကတော့ Permalink နဲ့  Location ပါ။ သူတို့ ကတော့ ကျွန်တော် တစ်ခါမှ မသုံးဖူးပါဖူး။



Permalink ကတော့ မိမိတင်လိုက်တဲ့ ဘလော့ပို့ စ်ပေါ်မည့် လင့်ပါ။ ဘလော့စပေါ့ က အော်တို လင့်ထုတ်ပေးပြီးသားပါ။ ဒါကြောင့် အသုံးပြုစရာ မလို ပါဖူး ခင်ဗျာ။

Location ကတော့ မိမိရဲ့ တည်နေရာ ကို ညွှန်ပြပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တော့ မသုံးပါဖူး ခင်ဗျာ။


၁၂။ Options ကတော့ မိမိရေးလိုက်တဲ့ ဘလော့ပို့ စ်ကို ကွန်မက်ပေးဖို့  ခွင့်ပြုမှာ လား ခွင့်မပြုဖူး လား ပြုပြင်ချင်တဲ့အခါ သုံးတာပါ။ ခေါင်းစဉ် က Reader comments ဖြစ်ပါတယ်။



Options ထဲ က Compose mode ကတော့ ကျွန်တော် တစ်ခါ မှ မသုံးဖူးပါဘူး ခင်ဗျာ။


အဆင်ပြေကြပါစေ။

Blogspot ဆိုဒ် တည်ဆောက်နည်း (၁)

ချက်ဘောက်ကမေးထားလို့  တစ်ခြားမသိတဲ့ သူငယ်ချင်းတွေလည်း လေ့လာလို့  ရအောင် ဘလော့ပို့ စ်အဖြစ် ရေးသားလိုက်တာပါ။ (သိပြီးတဲ့ သူငယ်ချင်းတွေ ကျော်ဖတ်သွားပေးပါ။)

ဘလော့ဆိုဒ်တစ်ခု စတင်တည်ဆောက်ဖို့  ဂျီမေးလ် အကောက် တစ်ခု လိုပါတယ်။ ဂျီမေးလ် အကောက် မရှိရင်တော့ ဒီလင့်  ကိုကလစ်ပြီး အကောက်သွားဖောက်ပါ။

ဂျီမေးလ် အကောက် တစ်ခု ရှိပြီ ဆိုလျှင် ဘရိုဇာတစ်ခုခု မှာ Blogger ဟု ရိုက်လိုက်ပါ ။ Blogger.Create your free Blog ဟူသော စာသားနှင့်လင့်ကို ကလစ်ပါ။

 ဒီကိုကလစ်ပြီးသွားလည်းရပါတယ်။


သင့် ဂျီမေးလ် အကောက်နှင့် Sign in ဝင်လိုက်ပါ။


Sign in ဝင်တဲ့ပုံ နမူနာ ပြထားတာပါ။

အောက်ကလိုပုံ ပေါ်လာပါလိမ့်မည်။ အောက်ခြေရှိ Continue to Blogger ကို ကလစ်၍ ဆက်သွားလိုက်ပါ။


အောက်ကလို ပုံ ပေါ်လာပါလိမ့်မယ် ။ New Blog ကို ကလစ်ပြီး ဆက်သွားလိုက်ပါ။

အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်။

 Title နေရာမှာ သင့်ဘလော့ရဲ့ နာမည်ရေးပါ။ ( ဥပမာ ။ ။ နမူနာ)

Address နေရာမှာ သင့်ဘလော့အတွက်လိပ်စာရေးပါ။ (ဥပမာ။ ။phyutharlaykyawzinexample ) 

Template တစ်ခုခု ကို ရွေးပြီး မောက်စ် နှင့် တစ်ချက် ကလစ်၍ အောက်ခြေရှိ Create blog! ကို ကလစ်ပါ။

အောက်ကပုံက နမူနာရေးပြထားတာပါ။

ဒါဆိုရင်တော့ ဘလော့ဆိုဒ်တစ်ခု တည်ဆောက်လို့  ပြီးပါပြီ။

ဘလော့မှာ စာတွေရေးဖို့ အတွက် ဆက်ပြီး ရှင်းပြပါ့မယ်။

Create Blog ! ကို နှိပ်ပြီး ဆက်သွားလိုက်ရင် အောက်က ပုံအတိုင်းပေါ်ပါလိမ့်မယ်။

ခဲတံပုံ (အောက်ခံအဝါဖျော့) လေး က စာရေးဖို့  အတွက်ပါ ။ ကလစ်လိုက်ပါ။


ခဲတံပုံလေးကို ကလစ်လိုက်ရင် အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။

အောက်က အခြေခံ အချက် ( ၄ ) ချက် သိရင် ဘလော့ပို့ စ် တစ်ခု ဖန်တီးလို့  ရပါတယ်။

အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နံပါတ် (၁) နေရာ က ပို့ စ်ခေါင်းစဉ် ရေးဖို့ ပါ။

ခရမ်းရောင်နဲ့  ဝိုင်းပြထားတဲ့ နံပါတ် ( ၂ ) နေရာ က မိမိတင်ချင်တဲ့ စာရေးဖို့ ပါ။

အပြာနုရောင်နဲ့  ဝိုင်းပြထားတဲ့ နံပါတ်(၃)နေရာ က မိမိတင်လိုက်တဲ့ ပို့ စ်အမျိုးအစားရေးဖို့ ပါ။
( ဥပမာ ။ ။ ကဗျာ၊နည်းပညာ၊ဆော့ဝဲလ်)

အနက်ရောင်နဲ့ ဝိုင်းပြထားတဲ့ နံပါတ်(၄)နေရာ က မိမိပို့ စ်ကို Upload တင်ဖို့ ပါ။


အောက်ကပုံက နမူနာရေးပြထားတဲ့ ပုံပါ။ သင့်စိတ်ကြိုက် ဘလော့ပို့ စ်တစ်ခုရေးပြီးရင် Publish ကို နှိပ်လိုက်ပါ။


အောက်ကပုံကတော့ Public ကို နှိပ်လိုက်ရင် တွေ့ ရမည့်ပုံပါ။ သင့်ဘလော့ ကို ကြည့်ချင်တယ်ဆိုရင်တော့ View blog ကိုနှိပ်လိုက်ပါ။



အဆင်ပြေကြပါစေ။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio