Friday, 6 April 2012

FaceBook Wall မှတဆင့် Malware တွေမ၀င်နိုင်အောင်ဖေ့ဘွတ် application ကိုမိမိဖေ့ဘွတ်အကောက်မှာ ထည့်ရအောင်


(ကျွန်တော့်ကတော့ ကျွန်တော့်ဖေ့ဘွတ်မှာ ဒီဆော့ဝဲလ်လေးထည့်ထားလို့လား မသိပါဘူး..ယခု ခေတ်စားနေတဲ့ ha ha virus တို့ မကောင်းတဲ့ဇာတ်ကားလင့်ဗိုင်းရပ်စ်တွေ မရှိပါဘူး)သူငယ်ချင်းတို့လဲ ဒီဖေ့ဘွတ်က ဗိုင်းရပ်စစ်တဲ့ Application ကို အကောက်ထဲမှာ ထည့်ထားလိုက်ကြ နော်..


Facebook ဆိုတာယနေ့ခေတ်မှာလူသုံးအများဆုံးနဲ့အကျော်ကြားဆုံး Socal Network ကြီးတစ်ခုဖြစ်
ပါတယ်..။ဒါကြောင့်မိမိတို့ Facebook ကိုသုံးစွဲတဲ့အခါမှာမိမိတို့၇ဲ့ Facebook  Wall မှာတင်ထားတဲ့
လင့်တွေကနေပြီးတစ်ဆင့်မိမိ၇ဲ့စက်ကို  Malware  တွေမ၀င်ေ၇ာက်နိုင်အောင်  Notorn Safe Web
မှတစ်ဆင့်မိမိ၇ဲ့ Wall  မှာနေ့စဉ်တင်သမျှလင့်တွေကို Auto Scan ဖတ်ပြီးစစ်ဆေးနိုင်ပါတယ်..။ပြီး
၇င် Notorn Safe Web  လေးကနေပြီးတော့မိမိတို့ ၇ဲ့ Facebook Wall ဟာ Safe ဖြစ်တယ်ဒါမှမဟုတ်
Link တစ်ခုခုမှာ Maleware တွေပါလာ၇င်လဲဘယ်လင့်ကတော့သတိထား၇မယ်ဆိုတာကိုဖော်ပြပေး
မှာပါဖြစ်ပါတယ်..။မိမိတို့ ၇ဲ့ကွန်ပျူတာကို Facebook Wall မှတစ်ဆင့် Maleware တွေဝင်ေ၇ာက်မ
လာနိုင်အောင် Notorn Safe Web မှာ Auto Scarn ဖတ်ပြီးကာကွယ်ချင်သူများအတွက်အသုံးပြု၇
တာအဆင်ပြေအောင်ကျွန်တော်အောက်မှာပုံလေးတွေနဲ့တစ်ဆင့်ခြင်း၇ှင်းပြပေးထားပါတယ်....။

1.အ၇င်ဆုံးမိမိတို့၇ဲ့  Facebook  ကိုဖွင့်လိုက်ပါ.။ပြီး၇င်  Notorn Safe Web ကို ဒီလင့်လေး ကနေပြီးသွား
   လိုက်ပါ..။ပြီး၇င်ဆက်လုပ်၇မဲ့အဆင့်တွေကိုတော့အောက်ကပုံလေးတွေကိုကြည့်၇င်နားလည်သွားပါလိမ့်
   မယ်.....။
2.အပေါ်မှာပြထားတဲ့ပုံအတိုင်း is not currently protectet  ဖြစ်နေတဲ့အတွက်  Enable  Auto  Scan
   လုပ်ပေးလိုက်ပါ...။
3.အပေါ်ကပုံမှာပြထားတဲ့အတိုင်းဒီနေ့ကျွန်တော့်၇ဲ့  Facebook  Wall  မှာတင်ထားတဲ့ Link  5  ခုလုံး
   Safe ဖြစ်တယ်ဆိုတာကိုပြနေတာဖြစ်ပါတယ်..။တကယ်လို့ဘယ်လင့်ကတော့သတိထားဖို့လိုတယ်
  ဘယ်လင့်ကတော့အန္တ၇ယ်၇ှိတယ်ဆိုတာကိုတော့ Warning  နဲ့ Caution တို့ကိုကြည့်၇င်သိနိုင်ပါတယ်..

အားလုံးပဲအဆင်ပြေကြပါစေ........ကျေးဇူးတင်ပါတယ်ခင်ဗျာ......

ကိုနေမင်းမောင်ဆိုဒ်က ပါ။
အဆင်ပြေကြပါစေ...

Sony နဲ့ NOkia၊ Java ပါတဲ့ဖုန်းအတွက်သာ....Touch Screen ဖုန်းမှာမရပါ။ ပထမဦးဆုံး ဒီမှာဒေါင်းလိုက်ပါနော်။ ဒေါင်းပြီးသွားတဲ့ ဖိုင်ကို ဖွင့်ပါ။အောက်က အနီရောင်ဝိုင်းထားတာ ကို ဆက်ကလစ်ပါ။ကလစ်ပြီးရင် အောက်ကအတိုင်း ပေါ်လာပါလိမ့်မယ်။ပေါ်လာတဲ့ဖိုင်တွေ ကို Copy လုပ်ပါ။(Document ထဲမှာ ဖိုင်အသစ်တစ်ခု လုပ်လိုက်ပါ။) ကျွန်တော်ကတော့ game လို့ လုပ်လိုက်ပါတယ်။ အဲ့ game ဆိုတဲ့ Floder ထဲ ကို ဒေါင်းပြီးတော့ ဖြေထားတဲ့ ဖိုင်တွေ အကုန်လုံးကို Copy လုပ်ပြီး (Left Click ကို ဖိပြီး) Paste လုပ်လိုက်ပါ။Paste လုပ်ပြီးသွားရင် မိမိဖုန်းကို USB ကြိုးနဲ့ ကွန်ပျူတာ မှာ Join လိုက်ပါ။My computer ထဲမှာ ပေါ်ပါလိမ့်မယ်။မိမိဖုန်းနံမည် ကိုတွေ့လျှင် ဖွင့်လိုက်ပါ။ကျွန်တော်ကတော့ kyaw zin လို့ လုပ်ထားတော့ kyaw zin ကို ကလစ်ပြီး ဖွင့်လိုက်တယ်။ memory card ထဲကို စောန အသစ်လုပ်ထားတဲ့ဖိုင်ကို ကော်ပီလုပ်ပြီး ပို့လိုက်ပါ။memory card ထဲကို game ဆိုတဲ့ File ရောက်သွားပါပြီ။ ဆော့ ပေတော့ အမုန်း ဂိမ်းတွေ ကို .....ပျော်ရွှင်ကြပါစေ နော်....မျက်လုံးတွေ လည်းထိခိုက်ကုန်ဦးမယ်..နားနားပြီးဆော့ ပေါ့ :P မောင်(စွယ်စုံကျမ်း) မှာတွေ့လို့ ပြန်ရှယ်ပေးလိုက်တာ ပါ။ကျွန်တော်လည်း စမ်းပြီးသွား ပါပြီ။ Sony နဲ့ Nokia (Java ပါတဲ့ဖုန်း) တွေနဲ့ အကုန်ဆော့လို့ရပါသည်။Touch Screen တွေမှာတော့ ဆော့လို့မရပါဘူးနော်..Bluetooth ပါတဲ့ဖုန်းတွေ ကို မူရင်းဒေါင်းထားတဲ့သူက ပြန်ပြီး Bluetooth နဲ့ ပို့ပေးလို့ ရတယ်နော်...... အဆင်ပြေကြပါစေ.....

Sony နဲ့ NOkia၊ Java ပါတဲ့ဖုန်းအတွက်သာ....Touch  Screen ဖုန်းမှာမရပါ။
ပထမဦးဆုံး ဒီမှာဒေါင်းလိုက်ပါနော်။
ဒေါင်းပြီးသွားတဲ့ ဖိုင်ကို ဖွင့်ပါ။အောက်က အနီရောင်ဝိုင်းထားတာ ကို ဆက်ကလစ်ပါ။
ကလစ်ပြီးရင် အောက်ကအတိုင်း ပေါ်လာပါလိမ့်မယ်။ပေါ်လာတဲ့ဖိုင်တွေ ကို Copy လုပ်ပါ။(Document ထဲမှာ ဖိုင်အသစ်တစ်ခု လုပ်လိုက်ပါ။)
ကျွန်တော်ကတော့ game လို့ လုပ်လိုက်ပါတယ်။
အဲ့ game ဆိုတဲ့ Floder ထဲ ကို ဒေါင်းပြီးတော့ ဖြေထားတဲ့ ဖိုင်တွေ အကုန်လုံးကို Copy လုပ်ပြီး (Left Click ကို ဖိပြီး) Paste လုပ်လိုက်ပါ။Paste လုပ်ပြီးသွားရင် မိမိဖုန်းကို USB ကြိုးနဲ့ ကွန်ပျူတာ မှာ Join လိုက်ပါ။My computer ထဲမှာ ပေါ်ပါလိမ့်မယ်။မိမိဖုန်းနံမည် ကိုတွေ့လျှင် ဖွင့်လိုက်ပါ။ကျွန်တော်ကတော့ kyaw zin လို့ လုပ်ထားတော့ kyaw zin ကို ကလစ်ပြီး ဖွင့်လိုက်တယ်။
memory card ထဲကို စောန အသစ်လုပ်ထားတဲ့ဖိုင်ကို ကော်ပီလုပ်ပြီး ပို့လိုက်ပါ။memory card ထဲကို game ဆိုတဲ့ File ရောက်သွားပါပြီ။
ဆော့ ပေတော့ အမုန်း ဂိမ်းတွေ ကို .....ပျော်ရွှင်ကြပါစေ နော်....မျက်လုံးတွေ လည်းထိခိုက်ကုန်ဦးမယ်..နားနားပြီးဆော့ ပေါ့  :P
မောင်(စွယ်စုံကျမ်း) မှာတွေ့လို့ ပြန်ရှယ်ပေးလိုက်တာ ပါ။ကျွန်တော်လည်း စမ်းပြီးသွား ပါပြီ။
Sony နဲ့ Nokia (Java ပါတဲ့ဖုန်း) တွေနဲ့ အကုန်ဆော့လို့ရပါသည်။Touch  Screen တွေမှာတော့ ဆော့လို့မရပါဘူးနော်..Bluetooth ပါတဲ့ဖုန်းတွေ ကို မူရင်းဒေါင်းထားတဲ့သူက ပြန်ပြီး Bluetooth နဲ့ ပို့ပေးလို့ ရတယ်နော်......
အဆင်ပြေကြပါစေ.....

G-talk Chat Box ပုံစံအသစ်နှင့် Chat Box Background ပြောင်းနည်း

ကျွန်တော်တို့ သုံးနေတဲ့ ဂျီတော့ရဲ့ Chatting Box တွေကို သုံးနေရတာကြာတော့ ငြီးငွေ့နေလောက်ပြီပေါ့။
ဒီတစ်ခါ အသစ်အဆန်းလေးလုပ်ပြီး Chatting Box အသစ်လေး(မသိသေးတဲ့သူတွေအတွက်ပေါ့အသစ်ဆိုတာ၊သိပြီးတဲ့သူတွေအတွက်တော့ အဟောင်းပေါ့☺) သုံးပြီး ချက်ရအောင်နော်.....:P
                                       အရင်ဆုံး  ဒီမှာဒေါင်းလိုက်ပါနော်                                              
ဒေါင်းပြီး Install လုပ်ပြီးသွားရင် မိမိ ဂျီတော့ရဲ့ အပေါ်မှာ ရှိတဲ့ Setting ကို ကလစ်လိုက်ပါ။

ပြီးရင် ပေါ်လာတဲ့ အထဲက Appearance ကို ဆက်ပြီး ကလစ်ပါ။
ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း Chat theme အောက်က ဘောက် မှာရှိတဲ့ မြားလေး ကို ကလစ်ပြီး My Theme ကို ပြောင်းပေးလိုက်ပါ။ပြီးရင် Ok နှိပ်။ ဒါဆို ချက်တင် ဘောက် ပုံစံ ပြောင်းသွားပါပြီ။ဒါမျိုးလေးပေါ့........
                            အဆင်ပြေ ကြပါစေ.............ပျော်ရွှင်ကြပါစေ..................
တစ်လက်စထဲ ချက်တင် ဘောက်ထဲမှာ သုံးလို့ရတဲ့ သင်္ကေတ လေးတွေ ကို ဝေမျှ ပေးလိုက်ပါတယ်နော်.....

:atb
Angel - O:-) - :angel
Angry - X-( - :angry
Applause - =D - :clap
Bath - - :bath
Batting eyelashes - ;;) -
Big Grin - :D -
Blushing - :-B - :blush
Broken Heart - =(( -
Call me - :c - :callme
Confused - :/ -
Cool - B-) - :cool
Crying - :(( - :waa
Day Dreaming - : -Y - :dream
Dislike - :PP - :naa
Do Not Disturb - - :dnd
Drooling - =P~ - :hee
Game - - :game
Ghoting - - :ghoting
Gud Morning - - :gm
Gud nite - - :gn
Heart - - :heart
Hi - : -h - :hi,hai
Hit - := -
Hug - - :hug
I am Mad - ~x( - :mad
I love you - - :ilu
I miss you - - :imu
Idea - - :idea
Kissing - : -* - :kiss
Laughing - :)) - :ha
Laughing - =)) - :haha
Love struck - :x - :love
Mess - - :mess
Movie - - :movie
Nail bitting(Jealous)- :SS - :j
News - - :news
No - |-: - :no
No - - :no
Not talking - ]-( - :calm
Now - - :now
On Phone - :)] - :call
Pray - - :pray
Raised Eyebrow - /:) - :cha
sad - :( -
Secret/Silent - : -$ - :shh
Shut Up - - :shutup
Sl**p - - :sl**p
Sl**py - I-) - :zz
smiling - :) -
Smug - - :mm
Sorry - - :sry
Stop shouting - : -T - :stop
Straight face - :| -
Surprised - :O - :oh
Take care - - :tc
Thanks - - :thanx
Thinking - : -? -
Tongue - :P -
Wait - =; - :wait
Waving, Bye - : -h - :bye
Winking - ;) -
Worried - : -S - :wor
Yahooooo - ||-) - :yahoo
Yes - - :yes

      မထူးတော့ပါဘူးလေ ရေးလက်စနဲ့ ဆက်ရေးလိုက်တော့မယ် နော်...
☺☺☺☺Chat Box Background ပြောင်းနည်း☺☺☺☺
Chat box background ပြောင်းချင်ရင်တော့ Start မှ programs ကို ၀င်ပြီးDash ကို ရှာပြီး click ပါ.။ My Theme မှ Change Background ကို ရွေးပြီး နောက်ခံ background ကို မိမိစိတ်ကြိုက်ပြောင်းနိုင်ပါပြီ။
Gtalk က စာရိုက်နေတဲ့ box လေး ကို မိမိစိတ်ကြိုက် back ground ပုံလေးတွေထည့်ပေးချင်တင်ဆိုရင်တော့
Start meanu>all program>DaSh>my theme>change background ကို click လိုက်ပါ …(hold down Ctrl or shift to choice muitiple file) ဆိုတဲ့ box လေးမှာ ကို background ထားချင်တဲ့ ပုံလေး ကိုselect လုပ်ပြီး Open button ကိုနှိပ်လိုက်ပါ …..

အဲ့ဒါတွေလုပ်ပြီးသွား ရင်တော့ မိမိ ဂျီတော့ ချက်ဘောက်ကို background ပြောင်းပြီးသွားပါပြီနော်....(မှတ်ချက်။  ။ my theme software ဒေါင်းထားမှ ဒါမျိုးပြောင်းလို့ ရမှာပါ ခင်ဗျာ)
အဲ့သလို မျိုး မိမိ ကြိုက်နှစ်သက်တဲ့ ပုံလေးတွေ ကို ပြောင်းနိုင်ပါတယ်နော်......
သူငယ်ချင်းအားလုံးပျော်ရွှင်ကြပါစေနော်.....

ဟာသလေးတွေပါ (၄) :P


*ရယ်ရတဲ့ လူနာ*
ဆေးခန်းလာပြသောလူနာကို စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က သောက်စရာ ဆေးများပေးနေသည်။
ဆရာဝန်။  ။မင်းအခုပေးတဲ့ဆေးကို တစ်နေ့သုံးကြိမ် သောက်ရမယ် နော်...
လူနာ။      ။ကျွန်တော်တစ်နေ့သုံးဇွန်းမသောက်နိုင်ပါဘူးဆရာ...
ဆရာဝန်။  ။ဘာကြောင့်လဲဗျ....
လူနာ။      ။ကျွန်တော့်အိမ်မှာဇွန်းက နှစ်ဇွန်းပဲ ရှိလို့ပါ ဆရာ..တဲ့  ။     ။
                                  :):):):):):):):):):):):):):):):):):):):):):):)
                                         *ဘာထူးလို့လဲ ဟင်*
အရက်ဆိုင်ထဲတွင် အသဲကွဲနေသော လူတစ်ယောက်သည် မိန်းမတွေက တစ္ဆေ ဟု အော်ဟစ်နေသည်။
လူတစ်ယောက်က အမြင်ကပ်ကပ်နှင့် ဒါဆို မင်းကောင်မလေးကရော ဟု မေးလိုက်သည်။

ကျွန်တော့်ကောင်မလေးက သူတို့ အားလုံးရဲ့ ဘုရင်မ တဲ့....။
                                    :):):):):):):):):):):):):):):):):):):):):):):)
                                                *သူတို့ရဲ့ မင်္ဂလာဦးည*
အသက် ၁၅ နှစ်အရွယ် မိန်းကလေးနှင့် ၇၅ နှစ်အရွယ် အဘိုးကြီးတစ်ဦးတို့ လက်ထပ်ကြလေသည်။
လက်ထပ်ပြီးတဲ့ မင်္ဂလာဦး ညမှာပဲ နှစ်ယောက်စလုံး ကုတင်ပေါ် မှာ ငုတ်တုပ်တွေထိုင်ပြီး ငိုနေကြ သည်။
ဘာကြောင့်လဲ ဆိုတော့ ကောင်မလေးက အသက်ငယ်တော့ မင်္ဂလာဆောင်ပြီး ဘာလုပ်ရမယ်ဆိုတာ မသိလို့တဲ့......အဘိုးကြီးက တော့ အသက်ကြီးလာတော့ ဘာလုပ်ရမယ်ဆို တာ မေ့သွားလို့ ငိုနေကြတာပါတဲ့.......။     ။
                                        :):):):):):):):):):):):):):):):):)
                                             *သဘောကောင်းတဲ့ ယောက်ျားလေးများ*
ယောက်ျားလေးများသည် မိန်းကလေးများထက် ပို၍ ကြင်နာတတ်ာကသည်။
အဘယ့်ကြောင့်ဆိုသော် မိန်းကလေးများသည် သူတို့မသိသော သူစိမ်းယောက်ျားလေးများ ဒုက္ခရောက်နေတာကိုတွေ့လျှင် ကူညီ သည့်ရာခိုင်နှုန်း အလွန် နည်းကြသည်။
သို့သော် ယောက်ျားလေး အများစုသည် သူတို့မသိသည့် မိန်းကလေးများ ဒုက္ခ ရောက်ရောက်မရောက်ရောက်
အမြဲတမ်း ကူညီပေးတတ်ကြသည်။ထို့ကြောင့် ယောက်ျားလေးများသည် မိန်းကလေးများထက် ပို၍ ကြင်နာဖေးမကူညီ တတ်ကြသည်။ :)   :)
                                      :):):):):):):):):):):):):):):):)
                                              *ဒေဝဒတ် အကြံ *
 နည်းလမ်း(၁)-အကြံဥာဏ်တစ်ခုသည် သင့်ဘဝကို ပြောင်းလဲ စေနိုင်သည်။
                  ချစ်သူရည်စားတစ်ယောက်ကလည်း သင့်ရဲ့စိတ်ကူးအကြံဥာဏ်တွေကို ပြောင်းလဲ စေနိုင်သည်။
                   ထို့ကြောင့်စိတ်ကူးအကြံဥာဏ်အသစ်များ ရရှိရန် သင့်ရဲ့ ချစ်သူရည်းစားကို မကြာခဏပြောင်းလဲ ပေးသင့်သည်။
နည်းလမ်း(၂)-သင်မိန်းမတစ်ယောက်သာယူထားလျှင်ထိုမိန်းမက သင့်ကို တိုက်ခိုက်လိမ့်မည်။
                  သင်မိန်းမ နှစ်ယောက်ယူထားလျှင် ထို မိန်းမ နှစ်ယောက်က သင့်အတွက် တိုက်ခိုက်ကြလိမ့်မည်။
                          :):):):):):):):):):):):):):):):):):):):):):):):):):):):):)
                                       *အကြံကြီးသူ*
ကင်ဆာေ၇ာဂါဖြင့်သေရတော့မဲ့လူတစ်ယောက်က သူ့ကို သတင်းလာမေးတဲ့သူတိုင်းကို ဘာရောဂါလဲဟုမေးလျှင် AIDS ဟုပဲ ဖြေလေ၏။သတင်းမေးတဲ့လူတွေပြန်သွားသောအခါ အနားတွင်ရှိသော သားက ဖခင်ဖြစ်သူကို နားမလည် သည့်ပုံဖြင့် "အဖေ့ရောဂါ က ကင်ဆာကို ဘာလို့ AIDS လို့ ဖြေရတာလဲ "
ထို အခါ ဖခင်ဖြစ်သူက ပြန်ဖြေလိုက်တာက "'ဒီလိုဖြေမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ တဲ့" 
                                    :):):):):):):):):):):):):):):):):):):):):
လမ်းသစ်ဂျာနယ်နှင့်ခေါင်းလောင်းသံဂျာနယ်မှ ကူးယူဝေမျှသည်။

နှမြောစရာ ကောင်မလေးတစ်ယောက် (တက်တူး ဘုရင်မ)

သူကတော့ တက်တူးဘုရင်မ ဘွဲ့  ခံယူထားတဲ့ Maria Jose Cristerna ပါ။တက်တူးတွေ မထိုးခင်ကချစ်စရာကောင်းတဲ့ သူမ ဓါတ်ပုံလေးပါ။



နောက်တော့ဘာစိတ်ကူးပေါက်လဲမသိဘူး  သူ့ခန္ဓာကိုယ်မှာ တက်တူးတွေ ကို အပြည့်ထို့းလိုက်ပါတယ်။နဖူးမှာလဲ တိုက်တေနီယံ ဂျို ပါထည့်လိုက်တယ်။ သွားကိုလဲ အစွယ်တွေထည့်လိုက်တယ်။သူ့ကို သူတော့ လှတယ် ထင်မှာပေါ့နော်။ ကျွန်တော်ကတော့ နှမြောစရာကောင်းတယ်လို့ထင်တယ်။သူငယ်ချင်းတို့ရော ဘယ်လို ထင်ကြပါသလဲ...:)
သူ့ကို သွေးစုတ်ဖုတ်ကောင်မ လို့လည်း လူသိများပါသေးတယ်......သူ့ ဓါတ်ပုံတွေကို ပိုပြီးကြည့်ချင်သေးရင်  ဒီမှာကလစ်ပါ
ပျော်ရွှင်ကြပါစေနော်..........

လျှပ်စစ်မီးမလိုသော ရေခဲသေတ္တာ

သူကတော့ Mohammed Bah Abba ဆိုတဲ့ပုဂ္ဂိုလ်ပါ။လျှပ်စစ်ဓါတ်အားမလိုတဲ့ ရေခဲသေတ္တာလေးကို တီထွင်ခဲ့တဲ့သူပါ။ ထိုတီထွင်မှုအတွက်သူ့ကို Rolex Award $100,000 ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
ထိုရေခဲသေတ္တာ ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ ပထမဦးဆုံး မြေအိုးအကြီးထဲကို မြေအိုးအသေးလေးကို ထည့်ရပါတယ်တဲ့။

ပြီးရင်ဟာနေတဲ့နေရာကို စိုနေတဲ့သဲတွေ ဖြည့်ရပါတယ်တဲ့။
ပြီးရင်စိုနေတဲ့ အဝတ်စနဲ့ အုပ်ထားရပါတယ်တဲ့။သဲ၊အဝတ်စမှ ရေများအငွေ့ပြန်လာခြင်းဖြင့်အိုးထဲမှ အပူများကိုဖယ်ရှားပေးလိုက်နိုင်ပါတယ်တဲ့။အစားအသောက်တေ၊အအေး တွေထည့်ပြီးတော့ပေါ့။
ဒါဟာ သဘာဝအတွင်း အလုပ်လုပ်နေတာဖြစ်ပြီး၊ဈေးလဲပေါပါတယ်၊အလွယ်တကူလဲ ပြုလုပ်နိုင်တဲ့ တီထွင်မှုတစ်ခုပါ။ထိုအိုးထဲမှာ အစားအသောက်တွေ၊အအေးတွေသိုလှောင်ထားနိုင်ပြီး အပူချိန် ၁၅ ကနေ ၂၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ဖြင့် အအေးခံထားနိုင်ပါတယ်တဲ့ ခင်ဗျာ..........

ပျော်ရွှင်ကြပါစေနော်။ခေါင်းလောင်းသံဂျာနယ်မှာတွေ့လို့ ပြန်ရှယ်လိုက်တာ ပါ။

ဟာသလေးများ ၂

"မေးမိမှား"
   လမ်းဘေးမှာထမင်းဖိုး လိုက်တောင်းနေတဲ့ သူတောင်းစားတစ်ယောက်ကို အမြင်ကတ်တဲ့ လမ်းသွားလမ်းလာတစ်ယောက်က မေးသည်။
    "ဟေ့လူ ခင်ဗျား လမ်းဘေး မှာ လိုက်တောင်းစားနေတာ မရှက်ဘူးလား"
ထိုအခါ သူတောင်းစားက "ဘာလဲ ကျုပ်က ရုံးခန်းဖွင့်ပြီး တောင်းစားရမှာလား"တဲ့။    ။
                   ..................................................................................
                                            "အဲဒါတွေသိလို့"
အသဲအသန်ဖြစ်နေတဲ့ မိန်းမရဲ့ ကုတင်ဘေးမှာ ယောက်ျား ဖြစ်သူက လက်ကလေးဖွဖွ ကိုင်ပြီး နှစ်သိမ့်နေသည်။

စကားပြော..
      မိန်းမ။   ။ကျွန်မရဲ့နောက်ဆုံးအချိန်မှာ ရှင့်ကို ဝန်ခံသွားချင်တယ်။
ယောက်ျား။   ။မပြောပါနဲ့ အချစ်ရယ် ကိုယ် အားလုံးသိပါတယ်။
     မိန်းမ ။    ။ပြောပါရစေ ရှင်ရယ် ကျွန်မ အဲ့ဒီလိုမှ ဝန်မခံ ခဲ့ ရင် အသေဖြောင့်မှာ မဟုတ်ဘူး။
ယောက်ျား။   ။ဒါဆိုလည်းပြောလေ။
      မိန်းမ။   ။ကျွန်မလေ ရှင့်ကွယ်ရာမှာ ဖောက်ပြန်ခဲ့မိပါတယ်။
ယောက်ျား။   ။အဲဒါတွေသိလို့ အခုလို အစာထဲ  အဆိပ်ခတ်လိုက်တာပေါ့ကွာ။ 
                          ......................................................................
                                            "အမှု"
တစ်ခါက ထောင်ထဲမှာထောင်ကျ အချင်းချင်းစကားပြောနေတယ်။
ပထမလူ။    ။ကျုပ်က ၅ နှစ်ကျတာ..ဓါးထိုးမှုနဲ့ ။
ဒုတိယလူ။   ။ငါက ၈ နှစ်...လူသတ်မှုနဲ့ ။
တတိယလူ။ ။ကျွန်တော်ကတော့ ၁၇ နှစ် ။
ပထမလူ။    ။ဘာအမှုနဲ့လဲ....
တတိယလူ။  ။အလုပ်ထဲမှာ ပြတင်းပေါက်မှန်ခွဲ မိလို့...
ဒုတိယလူ။    ။မင်းက ဘယ်မှာလုပ်တာလဲ..
တတိယလူ။  ။ရေငုပ်သင်္ဘောပေါ်မှာလေ။
                   ....................................................
                                 "ထင်တာကတခြား"
"တရားခံ က သူငယ်မ ကို ပွဲခင်းထဲ က ခေါ်ထုတ်သွားပြီး လူရှင်းတဲ့ နေရာရောက်မှ ပါသမျှ လုယက်သွားတယ်ဆိုတာ ဟုတ်သလား"
" ဟုတ်ပါတယ်၊တရားသူကြီးမင်း..."
"ဒါဖြင့်ရင် ပွဲခင်းထဲမှာတုန်းက ဘာဖြစ်လို့ အော်ဟစ် အကူအညီ မတောင်းခဲ့တာလဲ..."
"ကျွန်မ အနားကို အသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်မယ်လို့ မထင်ခဲ့မိလို့ပါရှင်"
                         ........................................................................
                                         "သိချင်လို့"
    "ဗျို့ ..အိမ်ရှင်တို့၊တစ်ဆိတ်လောက် ခွေးကြည့်ပေးပါ။
   " မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ"
   "ခင်ဗျားတို့ခွေးက မကိုက်တတ်ဖူးလားဗျ"
  "ကျွန်တော်လဲ အဲဒါကို သိချင်နေတာ။ဒီကောင်က မနက်ကမှ ဝယ်လာတာလေ"
               ...........................................................................................
                                           "ဆရာ့ ညွှန်ကြားချက်"
      "တပည့် ရေ ဟိုဓါတ်ကြိုး တစ်ချောင်းကို ခဏ ကိုင်ကြည့်စမ်း ကွာ"
     "ဟုတ်ကဲ့ ဆရာ "
    " ဘယ်လိုနေလဲကွ"
   "ဘယ်လိုမှ မနေဘူး ဆရာ "
 "အေး...ဒါဆို ကျန်တဲ့ ကြိုးတစ် စ ကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ်"
                        ...............................................................
      သူငယ်ချင်းများ အားလုံး ဘဝ အမော များပြေ ပျောက်နိုင်ပါစေ။
                              တစ်ရက်ပြုံးရင် တစ်ရက် အသက်ရှည်တယ်တဲ့။
      သူငယ်ချင်းများ    များများပြုံးနိုင်ကျပါစေ......
                                                               
                         
လမ်းသစ်ဂျာနယ်မှ ဟာသများပါ။

ဟာသလေးတွေပါ (၃) :P

" ဒါကြောင့်ပါ"
"အသုဘပွဲ၊ရက်လည်ဆွမ်းကပ် ပွဲတွေကို ခင်ဗျားသွားပြီး မင်္ဂလာ ဆောင်ပွဲ တွေကျတော့ ခင်ဗျား တစ်ခါမှသွားတာမတွေ့ပါလား။
"အသုဘ ပွဲ၊ရက်လည်ဆွမ်းကပ်ပွဲတွေမှာ မင်းအလှည့်ဘယ်တော့လဲလို့ ဘယ်သူမှ မမေးဘူးလေ။"
                      ..............................................................................................
                                                       "ပိန်ဆေး"
"ကျွန်မ ဆရာပေးတဲ့ ပိန်ဆေး သောက်တာ ၂ လရှိပြီ၊ပိန်လည်းမပိန်ပါလားရှင်"
    "တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ် သောက်သလဲ"
"ဆယ်ကြိမ်..ထမင်းစားပြီးတိုင်း တစ်ခါ သောက်လို့ ဆရာ ပြောထားတဲ့ အတိုင်းပဲလေ"။   ။

                                  ....................................................................................
                                                 " မောင့်လက် မှတ်လို့"
"မောင်ရေ ကျွန်မ ရင်ဘတ် က ရင်ထိုးလေး ခါးပိုက်နှိုက်သွားပြီ ဒုက္ခပါဘဲ"
"မင်းနှယ့်ကွာ လက်ကြီးတစ်ခုလုံး မင်းရင်ဘတ် ကို လာထိတာတောင် မင်းမသိဘူးလား"
"ကျွန်မက မောင့်လက် မှတ်လို့ ကြည့်နေတာလေ"။    ။
               ..........................................................................................................
                                                  "အချိန်ဆွဲလွန်းသူများ"
အလုပ်စဝင်မည့် သားဖြစ်သူရှေ့နေ ပေါက်စလေးသည် ဖခင်ရှေ့နေကြီးထံမှ အမှုတွဲ များကို လွှဲပြောင်းယူရာတွင် အမွေမှုကြီးတစ်မှုကို တွေ့ရလေသည်။
သား။    ။ဒီအမှုက နှစ်အတော်ကြာပြီဘဲ..ဖေဖေ့ လက်ထက်မှာ မပြီးပြတ်သေးတဲ့ ဒီအမှုကို ကျွန်တော်ရအောင်ဖြတ်ပြမယ်။
ဖခင်။    ။မိုက်လိုက်တဲ့ သားရယ်..၊မင်းကို ကျောင်းစထားတဲ့အချိန်စပြီး    အခုလိုရှေ့နေတစ်ယောက်ဖြစ်တဲ့အထိ  ဒီအမှုတစ်ခုထဲက       ရတဲ့ ပိုက်ဆံနဲ့ ထောက်ပံ့ ပေးခဲ့တာကွ၊မင်းကျမှ ဒီအမှုကိုဖြတ်မယ်ဆိုတော့ မင်းလောက်မိုက်တဲ့လူ ဒီလောကမှာ မရှိတော့ဘူး။
သား။   ။သဘောပေါက်ပါပြီ ဖေဖေ၊ဒီအမှုကြီးကို ကျွန်တော့်ရဲ့သားရှေ့နေ ဖြစ်တဲ့ အထိ အချိန်ဆွဲပြီး လိုက်ပြပါ့မယ်။
ဖခင်။   ။ဒီလို လိမ္မာ မှပေါ့ သားရယ်။     ။
                                 .....................................................................................................
                                                "ချစ်သံယောဇဉ်"
လင်နှင့်မယား ရန်ဖြစ်နေကြသည်။
"ကျွန်မ တော့ ရှင့်ကို စိတ်ကုန်နေပြီ၊သေသာ သေလိုက်ချင်တာပဲ"
"ငါလည်း မင်းနဲ့အတူ လိုက်သေရပါလိမ့်မယ်ကွာ"
"သြော် ရှင်သေမယ်လား၊ဒါဆို ကျွန်မ သေစရာ မလိုတော့ဘူးပေါ့"။     ။
                          ..............................................................................................
                                            "ပွင့်ပွင့်လင်းလင်းပြောရရင်"
အိမ်ထောင်ကျခါစ ဇနီးမောင်နှံနှစ်ဦး စကားပြောနေကြသည်။
ယောက်ျား။   ။"မင်းကို ပွင့်ပွင့်လင်းလင်း ပြော မယ် အချစ်၊
                    မင်းဟာကိုယ်နမ်းတဲ့ ပထမဆုံး မိန်းကလေးမဟုတ်ဘူး"
မိန်းမ။          ။"ကျွန်မလည်း ပွင့်ပွင့်လင်းလင်းပြောပါ့မယ်၊
                     ရှင် မနမ်းတတ်သေးဘူး" ။          ။
                      ..............................................................................................
                                       "ဒါလေးတစ်ခုတော့ ခွင့်မလွှတ်နိုင်"
သြစတေးလျနိုင်ငံ တရားရုံးတွင်ဖြစ်သည်။တရားသူကြီးက ခင်ပွန်းသည်နှင့် ကွာရှင်းလိုသော အမျိုးသမီးအား မေးခွန်းများထုတ်နေသည်။
တရားသူကြီး။      ။"ခင်ဗျား အမျိုးသား အိပ်ရာက နိုးလာရင် ခင်ဗျားကို ပထမဆုံး ဘာပြောလို့ စိတ်ပျက်ရတာလဲ"
အမျိုးသမီး။         ။"သူအိပ်ရာက နိုးလာရင် ငါဘယ်ရောက်နေတာလဲ ကေသီရယ်လို့ အမြဲ မေးပါတယ်ရှင်"
တရားသူကြီး။      ။"ဒီလိုဆို ခင်ဗျားက သူ့ကို ဘာကြောင့် စိတ်ပျက်ရတာလဲ "
အမျိုးသမီး။         ။"ကျွန်မ နာမည်က 'ဆူဆန်' ရှင့်" ။       ။
                              .........................................................................................................
သူငယ်ချင်းများပျော်ရွှင်ကြပါစေ....  ။            ။
                                                                                              (လမ်းသစ်ဂျာနယ်မှ ကူးယူဖော်ပြပါသည်
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio