Thursday, 3 May 2012

အမေ သို့တမ်းချင်းများ

ကျွန်တော်ကိုယ်တိုင်ရေးထားသော ကဗျာ များမဟုတ်ပါခင်ဗျာ...အွန်လိုင်းပေါ်မှာ မွှေရင်းနဲ့ ရင်ကိုလာထိတဲ့ကဗျာတွေကို ကူးထားတာပါ။

 အမြဲတမ်း သတိရနေခြင်းတွေကို
"အလွမ်း" လို့ ခေါ်ဆိုကြရင်
စက္ကန့်နဲ့ အမျှ လွမ်းနေပါတယ်လေ
ငါတို့ ဇာတိ မြန်မာပြည်.........။


အမိတကွဲ အဖတကွဲ
မျက်နှာငယ် တစ်ယောက်ထဲနဲ့
နေရဲအောင်လည်း နေရတယ်အမေ.........။

မနာလို ဝန်တိုမှုတွေနဲ့
ငြူစူတဲ့ မျက်စောင်းတွေကြားက
ကျေနပ်အောင်လည်း နေပေးရတယ် အမေ.......။

ဒီလိုနဲ့
ဥသြငယ်  တွန်ကြူး
ပိတောက်တွေလည်း အခါခါဖူးခဲ့ပြီ...........။

အမေရယ်.....
ဧပရယ်ရဲ့ နှစ်ကူးမှာ
လွတ်လပ်စွာ ပျော်မြူး ချင်ပေမယ့်
ဆင်းရဲတွင်းထဲက ဘဝ
အချိန်တွေကို ရောင်းစားနေရတယ်............။

ဆုတောင်းပါတယ် အမေ
မြန်မာဆိုတဲ့ မျိုးဆက်ပန်း
ကမ္ဘာပေါ်မှာ မနွမ်းဖို့
ဒီ နှစ်ထောင် နဲ့ ဆယ့်နှစ်က
ဘဝရဲ့ အစပဲ ဖြစ်ပါစေ
ခွန်အားသစ်တို့ ပေးလှည့်ပါ အမေ.............။


...........................................................................
အမေ တခြား သားတခြားနဲ့ 
ရှင်ကွဲနဲ့ ရင်ကွဲနေရတဲ့ခေတ်မှာ
ပါးပေါ်မှာ ဖြစ်တဲ့မြစ်နှစ်စင်းနဲ့ 
မျက်နှာသစ်နေတုန်းပဲလား အမေ။

အမေရေ…
ဒီနှစ်လည်း ကရုဏာခေါင်တဲ့ ကန္တာရမှာ
မျက်ရည်ချိန် ဘယ်နှစ်လက်မ ရှိပါသလဲ။
အမေ သားကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့
သားအသက်တနှစ်ကြီးလာတိုင်း
အမေပုတီးတစ်ပတ် ပိုစိပ်လာရတာပဲ ရှိတယ်။

အမေရေ…
ပြန်ဆုံစည်းရေးကို သားက သောကနဲ့ စဉ်းစား
အခန်းကျဉ်းလေးထဲမှာတင် မျက်စေ့လည်သွားတုန်းမှာ
လောကဓံတရားက အသာစီးနဲ့ 
အကွက်ပေါင်းများစွာ ရွှေ့ထားပြီးပြီအမေ။

အမေရေ…
စာအုပ်တွေ ဖတ်ခဲ့ရတုန်းကတော့
ဒီလိုဇာတ်လမ်းမျိုး အသက်ဝင်လာလိမ့်မယ်လို့ 
ကိုယ်တိုင်လည်း ရင်ခွဲ သရုပ်ဆောင်ရလိမ့်မယ်လို့ 
မထင်မိခဲ့ဘူးအမေ။

အမေရယ်..
သောက ဖျောက်နည်း တခုကတော့ ဆိုတယ်။
အနာဂတ်ကို တွေးမပူဘဲ တစ်နေ့ တစ်ခါ နေပါတဲ့။

ဒါပေမယ့် အမေရယ်
အိပ်မက်တွေသီးပွင့်လာမယ့် ရက်စွဲက မသေချာသလို
အတိတ်နဲ့ ပစ္စုပ္ပန်မှာလည်း စက္ကန့် တိုင်းက ခက်ခဲနေမှတော့
စိတ်ကို ဘယ်ကာလမှာများ သွားထားရပါ့မလဲ။

ဒါနဲ့ အမေရေ..
မုသားတွေနဲ့ သီးသန့် ကာထားတဲ့
အပူများနေတဲ့ ကျီးလန့် စာစားကမ္ဘာမှာရော
အဆိုးတွေ ရေချိန်မြင့်
အမျိုးတွေ ငွေတိမ်နစ် နေတုန်းပဲလားအမေ။

အမေရေ
လက်ဗလာ ကြယ်တွေ
မျက်နှာငယ်နေရတဲ့ ညထဲမှာ
သားဘဝလေး ကျကွဲသွားလို့ 
ခွန်အားသစ်တို့ ပို့ ပေးပါ။

အွန်လိုင်းပေါ်မှာ လျှောက်ကြည့်ရင်းနဲ့ကြိုက်လို့ ကူးထားတာ တွေ ပါ ကဗျာ ဆရာ နာမည် လဲ မမှတ်မိ ..ကဗျာ ခေါင်းစဉ်လဲ မမှတ်မိ တော့ပါဘူး ဗျာ ..ကဗျာ ပိုင်ရှင်ကိုလဲ ခွင့်မတောင်းပဲ ကူးယူမိတဲ့အတွက်တောင်းပန်ပါတယ် ...နောက် ...ပြန်ရှာပြီး ကဗျာ ဆရာ နာမည်ပါ ဖော်ပြ ပါ့မယ် ခင်ဗျာ....

Monday, 23 April 2012

အင်တာနက်ဆိုင်ရာ စာအုပ်များ

အဆင့်မြင့် အင်တာနက် အသုံးပြုနည်း

နောက်ထပ် ဆရာမျိုးသူရ ရေးတဲ့ အဆင့်မြှင့် အင်တာနက် အသုံးပြုနည်း ဆိုတဲ့ စာအုပ်လေး ထပ်တင်ပေးလိုက် ပါတယ် .. ဒီစာအုပ်လေးမှာတော့ ဖိုရမ်တွေရဲ့ သဘော သဘာဝတွေ Website တွေရဲ့ အကြောင်းတွေ ဘလော့နဲ့ ပါတ်သတ်တာတွေ စတဲ့ Website ပိုင်းနဲ့ ပါတ်သတ်ပြီး အဓိကထား ရေးပေးထားပါတယ် .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲတင်ပေးထားပါတယ် .. အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..




 လွယ်ကူလေ့လာ အခြေခံကွန်ပျူတာ ( E-Book )
ဒီစာအုပ်လေးကတော့ အားလုံးအတွက် အထောက် အကူပြုလိမ့်မယ်လို့ ထင်ပါတယ် .. ကွန်ပျူတာ အခြေခံနဲ့ပါတ်သတ်ပြီး အရမ်းကြီး အသေးစိတ် ကျကျကြီး ရှင်းပြ ပေးထားတာ မဟုတ်ပေမယ့် ကွန်ပျူတာ တစ်လုံးမှာ ပါဝင်တဲ့ အမျိုးအစားတွေ ၊ အမျိုးအစား တစ်ခုချင်းအလိုက် ပြန်ပြီး ရှင်းပြချက်တွေနဲ့ ၀ယ်ယူမယ် ဆိုရင်လည်း အဆင်ပြေအောင် Buying Guide ဆိုပြီး ရှင်းပြပေးထားပါတယ် .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲတင်ပေးထားပါတယ် .. လိုအပ်တဲ့ သူများ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 





နေ့စဉ်သုံး အင်တာနက် ( E-Book )

အခု တင်ပေးလိုက်တဲ့ စာအုပ်ကတော့ မျိုးသူရ ရေးထားတဲ့ နေ့စဉ်သုံး အင်တာနက် ဆိုတဲ့ စာအုပ် ပဲ ဖြစ်ပါတယ် .. အင်တာနက်ကို ခုမှ စပြီး သုံးမဲ့ သူတွေ အတွက်တော့ အထောက် အကူပြုပါလိမ့်မယ် .. ဒီစာအုပ်မှာ ဂျီမေးလ် အသုံးပြုနည်း ၊ ဂျီမေးလ်အကောင့်ဖောက်နည်း ၊ အီးမေးလ်ပို့ခြင်း စတဲ့ အခြေခံ အချက်အလက်တွေကို ရေးပေးထားပါတယ် .. စသုံးခါစ လူတွေအတွက်တော့ ဖတ်ပြီး လုပ်ကြည်တော့ ပိုနားလည်စေမယ်လို့ ထင်ပါတယ် .. လိုအပ်တဲ့ သူများ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 




အခမဲ့ Websites များ ရေးတင်နည်း ( E-Book )

အခု တင်ပေးလိုက်တဲ့ စာအုပ်လေးက ဆရာမျိုးသူရ ရေးသားတဲ့ အခမဲ့ Website ရေးတင်နည်းဆိုတဲ့ စာအုပ် လေးပဲ ဖြစ်ပါတယ် .. ဒီစာအုပ်မှာ Website နဲ့ ပါတ်သတ်တဲ့ အခြေခံ အခေါ်အဝေါ်တွေ အသုံးအနှုံးတွေကို နားလည်အောင် ရှင်းပြပေးထားတဲ့ အပြင် မိမိရဲ့ Domain name မှတစ်ဆင့် E-Mail လိပ်စာ လုပ်နည်း Uploading လုပ်ခြင်း စတဲ့ အကြောင်းအရာ တွေနဲ့ ပါတ်သတ်ပြီး ရေးသားပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲတင်ပေးထားပါတယ် .. လိုအပ်တဲ့ သူများ မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ...





အင်တာနက် အသုံးပြုသူများ အတွက် သတိပေးချက် ( ၈ ) ချက်

ကျွန်တော် အရင်ကတော့ တင်ပေးခဲ့ပြီးသားပါ ... ဒါပေမယ့် လင့်တွေ အလုပ် မလုပ်တော့လို့ ပြန်တင်ပေးပါ ဆိုပြီး တောင်းထားတာလေး ရှိလို့ အကုန် အသစ်ပြန်တင်ပေး လိုက်ပါတယ် .. အခုတင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ အင်တာနက် အသုံးပြုသူများ အတွက် သတိပေးချက် ( ၈ ) ချက်ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. အင်တာနက် အသုံးပြုသူတွေ အနေနဲ့ အင်တာနက် အသုံးပြုတဲ့ အခါမှာ သတိပြုစရာ အချက်လေးတွေကို ရေးပေးထားတာ ဖြစ်ပါတယ် .. လိုအပ်လို ဖတ်ကြည့်ချင်တယ် ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 




အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ .. 
ကိုနေမင်းမောင် ဆိုဒ်က ကူးထားတာပါ.....

Saturday, 21 April 2012

Typer Shark- လက်ကွက် လေ့ကျင့်ဖို့အတွက်

ဒီဂိမ်းက တင်ရတာလွယ်တယ် ဆော့ရတာလည်း အဆင်ပြေတယ်ဗျာ
Downlond-ဒီနေရာလေးကို နှိပ်လိုက်ပါ



အိမ်လွမ်းသူ ဆိုဒ်မှ

မိမိရဲ့ဓါတ်ပုံကို background လှလှလေးထဲမှာ ဒီဇိုင်းဖော်ရအောင်

ဒီဆော့ဝဲလ်လေးကတော့ နှစ်သက်ရာ ဓါတ်ပုံတွေကို နှစ်သက်ရာ Background များကို အသုံးပြုကာ Effect ပေါင်းများစွာဖြင့် မိမိနှစ်သက်ရာ ဒီဇိုင်းများကို စိတ်ကူးပုံဖော်ပေးနိုင်တဲ့ ဆော့ဝဲလ်လေးပါ....အသုံးပြုပုံ အသေးစိတ်ကို မူရင်း Website
ဒီမှာဒေါင်းပါ www.a-pdf.com/photo-cool-maker/a-pdf-pce.exe

System Configuration ကိုပြုပြင်၍ စက်ပေါ့ပါးအောင်းလုပ်နည်း (window 7 အတွက်သာ)

System Configuration ကိုပြုပြင်၍ စက်ပေါ့ပါးအောင်းလုပ်နည်းလေးပဲဖြစ်ပါတယ် သိပြီးသူတွေများမယ်လို့ ထင်ပါတယ် ... မသိသေးသူများအတွက် ပါ ....၊၊ အသုံးပြုပုံကို လိုရင်းတိုရှင်းပဲ ရှင်းပြပါ့မယ် . ပထမ ဦးဆုံး start ကိုဖွင့်ပြီး search မှာ System Configuration ကိုရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ
ပြီးရင် အောက်က ပါပုံလေးအတိုင်း windows လေးပ်ါလာပါလိမ့်မယ်


အပေါ်ပုံမှာအနီရောင်နဲ့ ဝိုင်းပြထားတဲ့ selective start up မှာရှိနေရင်  အပ်ါဆုံးက Normal start up  ကိုပြောင်းပေးပါ ...
ပြီးရင်  ok ကိုနိုပ်ပေးလိုက်ပါ .... Restart ၀င်းဒိုးလေးတက်လာပါလိမ့်မယ် Restart ချပေးလိုက်ပါ ....
ဝင်းဒိုးပြန်တက်လာရင် အရင်ကထက်ပေါ့ပါး လာတာတွေ့ ရမှာပါ......
အားလုံးပဲကျေးဇူးတင်ပါတယ် ... နားလည်သလိုပဲရှင်းပြတာမို့   ... အမှားပါရင်ခွင့်လွှတ်ပါ
နော်....
         သူငယ်ချင်းအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်.............................

Internet Download Manager 6.11 Beta build 4 32bit/64bit

crack - patch - serial ဘာမှမလိုပါဘူး ...install လုပ်ပေးယုံပါပဲ ... အသုံးပြုလိုတဲ့ သူငယ်ချင်းများ အောက်ကလင့်မှာ ယူသွားနိုင်ပါတယ် ...install လုပ်မယ်ဆိုရင် အရင်တင်ထားတဲ့ IDM ကို ဖြုတ်ပစ်ရပါမယ် ... Uninstall လုပ်တဲ့အခါမှာ default နေရာမှာ complete ကိုရွေးပေးရပါမယ် .... တစ်ချို့ Uninstall လုပ်တဲ့အခါသေသေချာချာ မကြည့်မိပဲ မရဘူးပြောနေတတ်လို့ပါ ... အောက်မှာလည်အဆင်ပြေအောင် ပုံနဲ့တကွရှင်းပြထားပါတယ် ... Internet Download Manager အသုံးလိုတဲ့ သူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းလော့ယူနိုင်ပါတယ် ... မိမိအသုံးပြုနေတဲ့ IDM ကို Doenload speed အကောင်းဆုံးဖြစ်အောင် မြှင့်တင်ပေးနိုင်တဲ့ IDM OPTIMIZER (297.85KB) မရှိသေးတဲ့ သူငယ်ချင်းများ အသုံးပြုလိုမယ်ဆို ဒီမှာ ယူနိုင်ပါတယ် ....
Internet Download Manager 6.11 Beta build 4 32bit/64bit
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio