Monday, 14 May 2012

သမ္ဗုဒ္ဓေဂါထာတော်

သမ္ဗုဒ္ဓေဂါထာတော် ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ အတော်ပဲ အကျွမ်းတ၀င်ရှိပါတယ်။ မိရိုးဖလာ ဗုဒ္ဓ ဘာသာ တို့ ရဲ့ လမ်းစဉ်အတိုင်း အဓိပ္ပါယ်မသိပေမဲ့ ယုံယုံကြည်ကြည်ရွတ်ဆိုခဲ့ ပါတယ်။ ရွတ်ဆိုသလောက်လည်း အကျိုးများပါတယ်။ ဒါပေမယ့် အဓိပ္ပါယ်ကိုသိရင် မိမိရွတ်ဆို ပွားများမှုများဟာ ပိုမို အကျိုးရှိမှာဖြစ်ပါတယ်။ ဒါကြောင့် သိရှိမှတ်သားထားတဲ့ သမ္ဗုဒ္ဓေဂါထာတော်ရဲ့ အနက်အဓိပ္ပါယ်ကို ဖြန့်ဝေပေးလိုက်ပါတယ်။
သမ္ဗုဒ္ဓေ အဌ၀ီသဉ္စ
ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ
နမာမိ သိရသာမဟံ။

နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ တစ်သောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊ ငါးသိန်းကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။

အပ္ပကာ ၀ါဠုကာ ဂင်္ဂါ
အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒရေန နမာမဟံ။
ဂင်္ဂါမြစ်အတွင်းမှာရှိကြသော သဲလုံးတို့က နည်းကြပါသေး၏။ ပရိနိဗ္ဗာန်ပြုသွားကြသော ဘုရားရှင်တို့ကား ရေ တွက်ပိုင်းခြား၍ပင် မရနိုင်ပါ။ ထိုများပြားလှသော ဘုရားရှင်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏ တရားတော်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏ တပည့်သံဃာတော်များကိုလည်းကောင်း အကျွန်ုပ် သည် ရိုသေစွာရှိခိုးပါ၏။

နမက္ကရာ နုဘာဝေန
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ
ဝိနဿန္တု အသေသတော။
ဤသို့ ရှိခိုးပူဇော်ရသော ကုသိုလ်ကံစေတနာတို့ကြောင့် ခပ်သိမ်းသော ဘေးရန်တို့ကို ပယ်ဖျောက်ပြီး တစ်ပါးမက များပြားလှသည့် အန္တရာယ်ဟူသမျှတို့သည် အကြွင်းအကျန်မရှိ ကြွင်းမဲ့ဥဿုံ ကင်းပျောက်ပါစေကုန်သတည်း။

Friday, 11 May 2012

FastStone Capture v7.1 (Portable)


 ဒါလေးကတော့ မိမိ ရဲ့ ကွန်ပြူတာ Desktop ပေါ်မှာ လိုသလို ဓာတ်ပုံ / ဗွီဒီယို ရိုက်တဲ့  Screen Capture လေးပါ...။ ပေါ့ပေါ့ ပါးပါး လေးနဲ့ တော်တော်လေး အဆင်ပြေပါတယ်... လက်ရှိ ကျနော်လဲ သုံးနေပါတယ်...:)

IObit Malware Fighter Pro 1.4.0.22 Final



 မိမိတို့ ရဲ့ ကွန်ပြူတာကို လေးလန် ထိုင်းမှိုင်းစေတဲ့   Malware  တွေကို ရှင်းလင်းပေးပြီး ကွန်ပြူတာကို  မြန်ဆန် သွက်လက်စေဖို့ အမိုက်သရိုက်များကိုလဲ ရှင်းလင်းပေးနိုင်ပါတယ်... Update လေးမို့ သုံးချင်သူများ အဆင်သင့် သုံးနိုင်အောင်တင်ပေးလိုက်ပါတယ်....:)

Facebook ကို Themes ပုံစံလန်းလန်းလေးသုံးချင်သူများအတွက်

1.အ၇င်ဆုံးမိမိတို့၇ဲ့ Facebook လေးကို Login ၀င်ထားလိုက်ပါ။
2.ပြီး၇င် ဒီလင့်လေး ကနေသွားပြီးတော့ Firefox Add-on လေးကို Install လုပ်လိုက်ပါ။ပြီး၇င် Firefox
   လေးကို restart ပေးလိုက်ပါ။




3.အပေါ်ကအတိုင်း Firefox Add-on လေးကို Install လုပ်ပြီးပြီဆို၇င် မိမိတို့စိတ်ကြိုက် Themes လေးတွေ
  ကိုေ၇ွးချယ်ပြီးအသုံးပြုနိုင်ဖို့အတွက် Facebook Themes Gallery ကို ဒီလင့်လေး ကနေသွားလိုက်ပါ။
4.မိမိတို့စိတ်ကြိုက် Themes လေးတွေကို Links လေးတွေကိုကြည့်ပြီးေ၇ွးချယ်နိုင်ပါတယ်။ပြီး၇င်ေ၇ွးထား
  တဲ့ Themes Links လေးကို Click ပေးလိုက်ပါ။ကျွန်တော်တို့ေ၇ွးချယ်ထားတဲ့ Themes Design လေးတွေ
  ကိုတော့ ညာဘက်မှာ Screenshot လေးနဲ့ပြထားပေးပါတယ်။
5.တကယ်လို့ပုံလေးကိုကြည့်ပြီးအကြိုက်မတွေ့ သေးဘူးဆို၇င်တော့ နောက်ကိုပြန်သွားပြီးပြန်ေ၇ွးလိုက်ပေါ့
  နော်.။စိတ်ကြိုက်တွေ့ ပြီဆို၇င်တော့ Install ဆိုတဲ့အောက်က  Install with stylish ဆိုတာလေးကိုနှိပ်ပြီး
  Install လုပ်လိုက်ပါ။
6.ပြီးပြီဆို၇င်တော့မိမိတို့ ၇ဲ့ Facebook လေးကိုကြည့်လိုက်ပါ။မိမိတို့ေ၇ွးချယ်ထားတဲ့ပုံစံလေးကိုပြောင်းလဲ
  သွားတာတွေ့ ၇ပါလိမ့်မယ်။


8.တကယ်လို့နောက်ထပ်ပုံစံတစ်မျိုလေးပြောင်းသုံးချင်လို့အခုသုံးနေတာလေးကိုဖြုတ်ချင်တယ်ဆို၇င်တော့
  Firefox ထဲက Tools ကိုသွားပါ။ပြီး၇င် Add-on ဆိုတာလေးကိုနှိပ်လိုက်ပါ။ Add-on Box လေးကျလာပါ
  လိမ့်မယ်။
9.User style ကိုသွားပါ။ပြီး၇င် ကျွန်တော်တို့ေ၇ွးချယ်ထားတဲ့ Themes လေးကို Disable ပေးလိုက်ပါ။ဒါဆို
  ၇င် မူလပုံစံလေးကိုပြန်ပြောင်းသွားပါလိမ့်မယ်။တကယ်လို့ဒီကောင်လေးကိုပဲပြန်သုံးချင်တယ်ဆို၇င်တော့
  Enable ပြန်ပေးလိုက်ပါ။
အားလုံပဲအဆင်ပြေကြပါစေ………ကျေးဇူးတင်ပါတယ်ခင်ဗျာ…….

နေမင်း(နည်းပညာ)မှ

G-talk ကိုကီးဘုတ်လေးနဲ့အလွယ်လေးသုံးချင်သူများအတွက်











ကျွန်တော်တို့ အင်တာနက်ကိုစတင်အသုံးပြုပြီဆိုထဲက G-talk ကိုတော့လူတိုင်းသုံးကြမှာပါ။ကျွန်တော်တို့
အသုံးပြုနေတဲ့ G-talk ကိုအောက်ကနည်းလမ်းလေးတွေအတိုင်းအလွယ်တကူသုံးကြည့်၇အောင်နော်…..

1.Typing ၇ိုက်နေ၇င်းနဲ့ Call ခေါ်ချင်တယ်ဆို၇င်တော့ F11 ကိုနှိပ်ပါ။

2.Call ကိုပြန်ပိတ်ချင်တယ်ဆို၇င်တော့  F12 ကိုနှိပ်လိုက်ပါ။

3.Typing ၇ိုက်နေ၇င်နဲ့ Mail ၀င်လာလို့စစ်ချင်တယ်ဆို၇င်တော့ F9 လေးကိုနှိပ်ပါ။

4.CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။

5.Window တွေကို minimize လုပ်ဖို့က Alt+Esc ကိုနှိပ်ပါ ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box  
  ကိုပိတ်လိုက်တာပါ။

6.Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးနိုင်ပါတယ်။


7. Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို ပြောင်းနိုင်ပါတယ်။
   (Mouse သုံးစ၇ာမလိုတော့ဘူးပေါ့) ။

8. Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရပါတယ် ။

9.Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။
  ( စမ်းသပ်မကြည့်ဖူးဘူး ၊ )

10.Ctrl+c က copy ၊ Ctrl+v က paste ပါ ။

11. Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်နိုင်ပါတယ် ။

12. ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက်ပါ ။

13.Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကိုလည်း Right Click နှိပ်ပြီး
       ပိတ်လို့၇ပါတယ်။
 

14.window + M ကိုနှိပ်ပြီး firefox ကို minimize လုပ်ထားလို့ရပါတယ်။ပြန်ဖွင်ချင်တယ်ဆို၇င်တော့
    Window + Shift + M ကိုနှိပ်ပြီးဖွင့်လိုက်ယုံပါပဲ။

ဒါကတော့ဗဟုသုတအနေနဲ့ပါ။သိပြီးသူတွေလဲ၇ှိမှာပါ။မသိသေးသူများအတွက်၇ည်၇ွယ်ပါတယ်။

နေမင်းနည်းပညာမှ
. 

Wednesday, 9 May 2012

မလေးရှားရောက်နေတဲ့ရွှေမြန်မာများအတွက် သတင်းကောင်း


ကဲ.အမြန်ဆက်ကြပေတော့ဗျာ....
...မလေးရှားရောက်နေတဲ့ရွှေမြန်မာများအတွက် သတင်းကောင်းပါးလိုက်ပါတယ်။ မလေးရှားကနေမြန်မာပြည်ကိုခေါ်ရင် တမိနစ်ကို ၂၈ sen ပဲကုန်ပါတယ်။ အသုံးပြုရမဲ့ဖုန်းကဒ်ကတော့ U MOBILE ကဒ်ပဲဖြစ်ပါတယ်။ တခါသုံးဆင့်ကဒ်ပဲဝယ်သုံးကြပါ ။တကဒ်ကို RM17 ပေးရပါတယ် ။ကဒ်ထဲမှာ RM25 ပါ ပါတယ် မြန်မာပြည်ခေါ်ရင် ၈၉မိနစ်လောက်ပြောရပါတယ် ။ကျွန်တော်ကိုယ်တိုင်သုံးနေပါတယ်။ တကယ်လည်းအဆင်ပြေပါတယ်။ လိုင်းလည်းကောင်းပါတယ်။


♥♥  ဒါပေမဲပဖုန်းကတော့ 3G ပါတဲ့ VIDEO CALL ပါတဲ့ ဖုန်းတွေပဲရပါတယ် နောက်တခုက 3G VIDEO CALL မပါပဲ INTERNET 3Gပါတဲ့ဖုန်းတွေလည်း
သုံးရပါတယ် အဲဒါကတော့ SETTING လုပ်ရမယ်ထင်တယ်(ကျွန်တော်တော့ မလုပ်တတ်ဘူးနော်)။ ကျွန်တော်သုံးနေတဲ့ဖုန်းက SONY ERICSSON သုံးနေပါတယ်

(ကဲအသုံးပြုပုံကလွယ်ပါတယ် ပထမဆုံး U MOBILE ကဒ်ဝယ်ပြီး 3Gပါတဲ့ ဖုန်းထဲကိုထည့်ပါ ပြီးရင် +132095 ခံပြီးနောက်ကမြန်မာပြည်ဖုန်းနံပတ်ထည့်ပြီးဆက်ပါ။
 ဥပမာ။  ။ +132095(ကုဒ်)...ကျွန်တော်တို့ဖြူးမြို့၇ဲ့ကုဒ်က 054...0 ကိုဖြုတ်တော့ 54...ကျွန်တော့်အိမ်ဖုန်းနံပါတ်က 40294...ခေါ်မယ်ဆိုတော့ +1320955440294 ပေါ့။

ရန်ကုန်ကိုခေါ်မယ်ဆို။  ။+132095(ကုဒ်)....ရန်ကုန်ကုဒ်က 01 ...0 ကိုဖြုတ်တော့  1...အဲ့နောက်က ဖုန်းနံပါတ်  (ဥပမာ။ ။666666)....ခေါ်မယ်ဆိုတော့  +1320951666666

 အဲလိုဆိုရပါပြီ.... ကဲ.အမြန်ဆက်ကြပေတော့ဗျာ....

မရှင်းလို့မေးမြန်းချင်ရင် ကျွန်တော့်ဖုန်း...0102563279,0166474167



Saturday, 5 May 2012

ဖုန်းတွင်းအသုံးပြု၇န် အသင့်သုံး မြန်မာစာဖောင်.








မြန်မာလို massage ပို့ချင်တဲ့သူတွေအတွက်ပါ။

ကိုယ်ပို့ချင်သော တစ်ဖက်သူက လည်း ဒီဆော့ဝဲလ် ရှိမှ ပို့လို့ရပါသည်။

sony ericsson နှင့် nokia  (Java ပါသောဖုန်းများ) တွင် အသုံးပြု လို့ရပါသည်။



 မိမိစိတ်တိုင်းကျ အသေးစိပ် ၇ှာဖွေ၍ ဒေါင်းလို လေ့လာလိုလျှင်လိပ်စာ

http://www.google.com.my/search?q=mysm&ie=utf-8&oe=utf-8&am...

 ဒေါင်းချင်တယ်ဆို၇င်ပေါ့

 MySM Free
Download  


မူရင်းဆိုဒ်.... http://www.messx.net/mysm.php


 





Friday, 4 May 2012

အထူး သတိပြုရန် - ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ

အထူး သတိပြုရန် ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ.....
သင်တို့ဆီသို့ Power Point Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့်
ချက်ချင်း delete လုပ်ပစ်ပါ။
သင်ထိုမေးကိုဖွင့်ခဲ့မိလျှင် သင်၏ computer secreen တွင် It is too late now, your life is no longer beautiful
ဆိုသည့်စာပေါ်လာပါလိမ့်မယ်။ ထိုအခါသင်၏PCမှအရာအားလုံးပျောက် ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏
အမည်၊ e-mail နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။
သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော
virus အသစ်ဖြစ်ပါသည်။ Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကိုအမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။
သည်မေးလ်ကိုချက်ချင်း လက်ဆင့်ကမ်းကူညီပါ။ 
                                                   လ၀န်း(အလင်းကမ္ဘာ)မှပြန်လည်မျှဝေသည်။     
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio