Tuesday, 14 August 2012

ဦးခေါင်းအသားပိုတစ်လုံးနှင့် ကလေးကိုစာနာကူညီနိုင်ဖို့အရေး ဒီပို့ စ်လေးကိုဝိုင်းရှယ်ပေးကြပါ။


ဦးခေါင်းအသားပိုတစ်လုံးနှင့် ကလေးကိုစာနာကူညီနိုင်ဖို့အရေး သတင်းကို ဖတ်ရှု၍ ဂရုဏာသက်စွာ လှူဒါန်းချင်သူများ အနေဖြင့်

" နာရေးကူညီမှုအသင်း " အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန် မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်သလို

" ပေါ်ပြူလာ ဂျာနယ်တိုက် " အမှတ် (၁၅၀/၁၆၀)၊ ၃၅ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့မှ တစ်ဆင့်လည်း လှူဒါန်းနိုင်ပါကြောင်း။


Facebook မှတဆင့်ပြန်လည်းကူယူမျှဝေပါသည်။
ထိုသတင်းကိုတွေ့ ရှိသော Facebook စာမျက်နှာလင့်က ဒီမှာပါ။

Youtube ကဗွီဒီယိုတွေ ကို ဆော့ဝဲလ်မသုံးဘဲ ဒေါင်းချင်ရင်

ပထမဦးဆုံး Youtube  ဝက်ဆိုဒ်ကိုဝင်လိုက်ပါ။ ပြီးရင် မိမိ နှစ်သက်တဲ့သီချင်းကို ရွေးပြီး ဖွင့်လိုက်ပါ။
မိမိကြိုက်တဲ့သီချင်းကို ဖွင့်ပြီးရင် ထိုသီချင်းရဲ့ လင့် ရှေ့မှာ ss  ကိုထည့်ပေးပါ။(လင့်ရဲ့အစ www. နှင့် youtube ကြားမှာ နော်....

သီချင်းရဲ့လင့် က   http://www.youtube.com/watch?v=b9tYTbUoQik ဆိုပါတော့...
www.  နှင့် youtube ကြားမှာထည့်ရမယ်ဆိုတော့  
http://www.ssyoutube.com/watch?v=b9tYTbUoQik  ပေါ့.....

ပုံလေးတွေနဲ့ပြပေးပါ့မယ်။ဒါကမိမိဖွင့်လိုက်တဲ့သီချင်းပါ။သီချင်းရဲ့လင့်ဆိုတာက အနီရောင်လေးထောင့်ကွက်နဲ့ ဝိုင်းထားတဲ့ဟာကိုပြောတာပါ။




www.  နှင့် youtube ကြားမှာထည့်ရမယ်ဆိုတော့  
http://www.ssyoutube.com/watch?v=b9tYTbUoQik  ပေါ့.....


 ပြီးရင် ထိုလင့်ရဲ့ ညာဘက်မှာ မြားပုံလေးရှိပါတယ် ထိုမြားပုံလေးကို ကလစ်ပေးပါ။

နောက်ဝက်ဆိုဒ်တစ်ခုကိုရောက်သွားပါလိမ့်မည်။ကျွန်တော်ဒီနည်းကို ထို ဝက်ဆိုဒ်က တွေ့တာပါ။ထိုဝက်ဆိုဒ်ရှိ Download အကွက်ထဲမှာလည်း youtube သီချင်းရဲ့ URL (လင့်) ကိုကူးပြီး ဒေါင်းလော့ ဆွဲနိုင်ပါတယ်။ ဟီး...မဆဲနဲ့ နော်..သိစေချင်လို့  အစကနေ အဆုံးရှင်းပြပေးတာပါ။

More ကိုဆက်ကလစ်လိုက်ရင် ဒေါင်းနိုင်တဲ့ Video Format တွေကိုတွေ့ ရပါလိမ့်မည်။အောက်ကပုံကတော့ ဒေါင်းနိုင်တဲ့ Video Format တွေပါ။
မိမိနှစ်သက်ရာကိုကလစ်ပြီးဒေါင်းနိုင်ပါတယ်။
ကျွန်တော်တော့ဖုန်းထဲမှာ ထည့်ဖို့  3GP 240p ပဲဒေါင်းလိုက်တယ်။
ဒါကဒေါင်းလော့လုပ်ရင်ပေါ်မဲ့ပုံပါ။ကွန်ပျူတာမှာဒေါင်းလော့လုပ်ပြီးတစ်ခါတည်းဖွင့်ချင်ရင် တော့ Open with ရှေ့က အဝိုင်းလေးကို ကလစ်ပြီး OK ကိုနှိပ်ပေးပါ။မဖွင့်ချင်ဘူး Save ထားချင်တယ်ဆိုရင်တော့
Save File ရှေ့မှာကလစ်ပြီး OK ကိုနှိပ်ပါ။:P

 ဒါဆို အဆင်ပြေပါပြီ။ ကွန် မကောင်းရင်တော့ ဒေါင်းတာနည်းနည်းကြာမှာပေါ့နော်...:)

အပေါ်ကတော့ ဗဟုသုတ အနေနဲ့  ကျွန်တော်တွေ့ ရှိပုံတွေကို ရှင်းပြထားတာပါ။ ဒါကတော့ အလွယ်နည်း ပေါ့....အဲ့ဆိုဒ်ကပဲ တွေ့ တာပါ...Add On လေးကို Install လုပ်ပေးလိုက်ရင် အဲ့ ဝက်ဆိုဒ်ကိုသွားစရာမလိုတော့ပါဘူး ... Youtube Page မှာပဲ တစ်ခါတည်း ဒေါင်းလော့ဆွဲနိုင်ပါတယ်။ :P
စိတ်မဆိုးကြနဲ့ နော် နောက်ဆုံးမှ ပြောလို့ ........:P

 အောက်က Add On ကို Install လုပ်နိုင်တဲ့ Browser လေးခုပါ။  မိမိအသုံးပြုနေတဲ့ Browser ဘေးက install the extension ကိုကလစ်ပြီး install လုပ်နိုင်ပါတယ်။ ကျွန်တော်က Mozilla Firefox ပဲသုံးတာ ဆိုတော့ Mozilla Firefox ကိုသုံးပြီး ရှင်းပြပေးပါ့မယ်...install လုပ်ပုံကို ....:) ကျန်တဲ့ Browser တွေတော့ သိဘူး..စမ်းသပ်ကလိကြပေါ့ :)

Mozilla Firefox (3.1b1 - 12.*): install the extension  ကိုကလစ်လိုက်ရင် တစ်ခြား ဝက်ဆိုဒ်ကိုရောက်သွားပါလိမ့်မည်။အောက်ကပုံ ကိုတွေ့ ရပါလိမ့်မည် ။ထိုဝက်ဆိုဒ်မှာ +Add to Firefox ကိုကလစ်လိုက်ပါ။
ဒါက +Add to Firefox ကိုကလစ်လိုက်ရင်ပေါ်လာမဲ့ပုံပါ။


အောက်ကပုံက Add-on ကို download လုပ်ပြီးရင် ပေါ်မဲ့ပုံ ပေါ်လာတဲ့ အထဲက Install ကိုနှိပ်လိုက်ပါ။



 Install ကိုနှိပ်ပြီး ရင် Mozilla Firefox ကို Restart ပြန်လုပ်ခိုင်းပါလိမ့်မည်။ Restart Now  ကိုသာ ကလစ်ပြီး Restart လုပ်ပေးလိုက်ပါ။Mozilla ခဏပိတ်သွားပြီး ပြန်ပွင့်လာပါလိမ့်မည်။ထိုအခါ Youtube ဝက်ဆိုဒ်ကိုပြန်ဝင်ကြည့်လိုက်ပါ။Download Box တစ်ခုတိုးလာတာတွေ့ ရမှာပါ။

အမှတ်အသားလုပ်ပြီး ဝိုင်းပြဖို့ မေ့သွားလို့ ...Download ဆိုတာကိုတွေ့ တယ်ဟုတ် အောက်က ပုံမှာ ..Download ကိုကလစ်လိုက်ပြီး မိမိ ဒေါင်းချင်တဲ့ Video Format နှင့် ဒေါင်းနိုင်ပါတယ်...

                             ဒါက Download ကိုကလစ်လိုက်ရင်တွေ့ ရမဲ့ပုံပါ...:)
ဒါက Add On ကို install လုပ်ပြီးရင် ဗွီဒီယိုတွေကို ဒေါင်းနိုင်တဲ့ ဆိုဒ်တွေပါ...လိုက်မပို့ တော့ဘူး..အလုပ်နောက်ကျနေလို့ သွားတော့မယ်...ကိုယ်တိုင်ပဲ စမ်းသပ်ကလိကြပေါ့နော်.....

သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေ..........

Monday, 13 August 2012

သီချင်းဟောင်းများစုစည်းမှု (၂)

 သီချင်းနာမည်ပေါ် ကို တစ်ချက်နှိပ်ပီး MP3 ဒေါင်းယူနိုင်ပါတယ်.။

မကို – ဟဲလေး

 သက်ဆုံးတိုင် – စိုင်းလိတ်

ပျောက်ဆုံးနေသောနိဗ္မာန်ဘုံ – လွှမ်းမိုး

ပြန်တွေးကြည့် – မိုးမိုး

ပြော – Reason

အရင်လိုပဲအရင်အတိုင်းပဲ – ရေဗက္က၀င်း


လမ်းခွဲ – ဖြူဖြူကျော်သိန်း

အလွမ်းဆုလာဘ် – ၀ိုင်းစုခိုင်သိန်း

ကျောင်းသီချင်း – ကဗျာဘွဲ့မှုး

ဆုတောင်း – ထွဏ်းထွဏ်း

အတောင်ပံတွေ – မျိုးကျော့မြိုင်

ရူးပြီ – ခင်ခင်ခ

ဝေးလို့မဖြစ်ဘူး – ဂရေဟမ်

ကလေး – အယ်ဖြူ အယ်နောင်း

မင်းကိုသတိရရင် – ကောင်းကောင်း + မို့မို့လွင်

မင်းသိလာမယ် – ကျော်သီဟ

နတ်သမီး – ရင်ဂို + ဘရိတ်ကီ

စဉ်စားပြီးချစ် – ရင်ဂို + ဘရိတ်ကီ

မာယာ – ကိုစု

နွေဦး – Big Bag

away love – လင်းနစ်

မိန်းကလေးတစ်ယောက်အသဲကွဲနေတယ် ~ (ဖြူဖြူကျော်သိန်း - Mp3 Download)

Sunday, 12 August 2012

Task Bar ကို ဘယ်၊ညာ၊ပေါ်၊အောက် ပြောင်းပြီးထားချင်ရင်

ပထမဦးဆုံး Task Bar ပေါ်မှာ Mouse နဲ့ ထောက်ပြီး Right Click နှိပ်လိုက်ပါ။ပေါ်လာတဲ့ Box ထဲက Properties ကို ဆက်ကလစ်ပေးပါ။




ပြီးရင် ပေါ်လာတဲ့ Box ထဲမှာရှိတဲ့ Button ဘေးကမြားလေးကို ကလစ်ပေးပါ။






Buttom ဘေးကမြားလေးကို ကလစ်လိုက်တဲ့အခါ Buttom,Left,Right,Top ဟုတွေ့ ပါလိမ့်မည်။
Task Bar ကို အောက်ခြေမှာပဲ ထားချင်ရင် Buttom ကိုကလစ်ပါ။
Task Bar ကို ဘယ်ဘက်မှာ ထားချင်ရင် Left  ကိုကလစ်ပါ။
Task Bar ကို ညာဘက်မှာထားချင်ရင် Right ကိုကလစ်ပါ။
Task Bar ကို အပေါ်မှာထားချင်ရင် Top ကိုကလစ်ပါ။
မိမိကြိုက်နှစ်သက်သလိုထားပြီးရင် Apply နှိပ် ပြီးရင် OK ကိုနှိပ်ပေးပါ။




အောက်ကပုံတွေကတော့ ကျွန်တော်နမူနာထားပြထားတဲ့ပုံတွေပါ။








ကျွန်တော် Window 7 မှာပဲ လုပ်ပြထားတာပါနော်..Window XP တော့ သိဘူးဗျ..
ရလိမ့်မည်ဟုထင်ပါသည်။
စမ်းသပ်ကလိကြပေါ့နော်.....
ချစ်သူငယ်ချင်းတွေ နည်းပညာဗဟုသုတ တွေ တိုးပွားပါစေလို့  ဆန္ဒပြုလျှက်......

    ကျော်ဇင်(ဖြူးမြို့နယ်ကဖြူးသားလေး)

Mozilla Firefox ကိုမြန်မြန်ပွင့်စေချင်ရင် { အရင်ကထက်ပေါ့ :) }

ပထမဦးဆုံး Desktop ပေါ်မှာ ရှိတဲ့ Mozilla Firefox icon လေးကို Mouse နှင့် ထောက်ပြီး  Right Click နှိပ်လိုက်ပါ။ပြီးရင်ပေါ်လာတဲ့အထဲက Properties ကိုကလစ်ပေးပါ။


ပေါ်လာတဲ့  Mozilla Firefox Properties Box ထဲမှ Shortcut ကိုကလစ်ပါ။ပြီးရင် Target: ဘေးက အကွက်ထဲမှာ အောက်က ပုံမှာ မြားနဲ့ထိုးပြထားတဲ့ နေရာမှ Space Bar တစ်ချက်ခြားပြီး /prefetch:1 ဟု ရိုက်ထည့်ပေးပါ။ပြီးရင် Apply ကိုနှိပ် ပြီးရင် OK ကိုနှိပ်ပါ။




အဆင်ပြေကြပါစေ.....

Saturday, 11 August 2012

Android ဖုန်းများတွင် Viber Software ထည့်နည်း

အာခါသူလေး။  ။viber ကသုံးမရဘူးဖြစ်နေတယ်။Activation Code Message လည်းမရောက်ဘူး။ကူညီပါဦးနော်....

မသိသေးတဲ့သူငယ်ချင်းတွေလည်းဗဟုသုတရအောင် ဘလော့ပိုစ်အနေနဲ့ တင်လိုက်ပါတယ်နော်။


Viber နဲ့ဖုန်းကို free call ဆက်ဖို့အတွက် ဖုန်းမှ internet connection (သို့)wifi internet connection တစ်ခုခုမိနေဖို့လိုပါတယ်။ဒါဆိုရင်ပြည်တွင်းပြည်ပမှကိုယ့်မိတ်ဆွေတွေဆီကို free ဆက်လို့ရပါတယ်။

နှစ်ဖက်စလုံးမှာ internet မိနေဖို့နဲ့ viber ဆော့ဝဲလ် ရှိဖို့လိုပါတယ်။အောက်မှာ download ပေးထား
ပါတယ်အရင် Download ဆွဲလိုက်ပါ၊ပြီးရင် ဖုန်းနှင့်ကွန်ပျူတာ ကို USB ကြိုးနဲ့  join ပြီး viber.apk လေးကို ဖုန်းရဲ့ memory card ထဲကို copy ကူးထည့်ပါ။ဖုန်းမှာရှိတဲ့ file manager ထဲကိုဝင်...ပြီးရင်  Memory Card ထဲဝင်ပြီး မိမိထည့်လိုက်တဲ့  viber.apk
ကိုနှိပ်ပြီး install လုပ်လိုက်ပါ။ install လုပ်ပြီးပါက viber ကိုဖွင့်ပါ။
အောက်မှာပြထားတဲ့ပုံအတိုင်းနိုင်ငံရွေးပါ။
အောက်က Box မှာ ကိုယ့်ရဲ့ဖုန်းနံပါတ်ထည့်ပါ၊ကိုယ့်ဖုန်းနံပါတ်က (ဥပမာ)09450012345 ဆိုပါစို့ သုညဖြုတ်ပီး
9450012345 ဆိုပြီးထည့်ပါ ပြီးရင် Continue နိုပ်ပါ။

ကိုယ့်ရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message ပို့ပါလိမ့်မယ်။ အဲ code ကို အောက်ကပုံ
အတိုင်း Box မှာထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ Activation Code Message အနေနဲ့မိမိဖုန်းကို မရာက်လာပါက click here ကိုနှိပ်ပေးပါ။


Bowser ကျလာပါလိမ့်မယ်ကိုယ့်ဖုန်းနံပါတ်ပါတွေ့ပါလိမ့်မယ်အဲမှာ Get Code ဆိုတာလေးကိုနိုပ်လိုက်ပါနှိပ်ပြီးတာနဲ့
ခဏနေရင်ကိုယ့်ရဲ့ဖုန်းကို Call ၀င်လာပါမယ်ကိုင်ပီးသေချာနားထောင်ပေးပါယောကျာင်္းလေးအသံ နဲ့  Activation Code နံပါတ်ပြောပါလိမ့်မယ်၊စာရွက်/ခဲတန် တစ်ခုခုနဲ့လိုက်မှတ်ပြီးပုံမှာပြထားတဲ့ Box မှာထည့်ပေးလိုက်ပါ။
 ပြီးရင် Enter Viber ကိုနှိပ်ပါ။


မိတ်ဆွေအချင်းချင်းစကားပြောကြမယ်ဆိုရင်တော့သူ့ဖုန်းနံပါတ်ကို Viber ထဲမှာ Invite လုပ်ပေးပြီးစခေါ်လို့ရပါပြီ ။ ကိုယ့်ဖုန်းရဲ့ contact ထဲမှာ save ထားတယ်ဆိုရင်တန်းပေါ်နေတာလဲကြုံဖူးပါတယ်။ Call ရော
Message ရောအားလုံးကြိုက်သလောက်သုံးလို့ရပါပြီ။
Viber  For Andriod ကိုဒေါင်းချင်ရင် အောက်က  Download ပုံလေးကိုကလစ်ပြီး ဒေါင်းနိုင်ပါတယ်။
download here!

Floder လေးတွေကို မိမိကြိုက်နှစ်သက်တဲ့ ဓါတ်ပုံလေးတွေနဲ့ ထားချင်ရင်

ပထမဦးဆုံး မိမိပြောင်းလိုတဲ့ ဓါတ်ပုံရှိတဲ့ နေရာကို သွားလိုက်ပါ။
ထိုဓါတ်ပုံပေါ်တွင် Right Click နှိပ်ပြီး ပေါ်လာတဲ့အထဲကOpen withပြီးရင်Paintကိုကလစ်ပြီးဖွင့်လိုက်ပါ။





Paint ပေါ်လာရင် ကျွန်တော်အောက်ကပုံမှာ မြားနဲ့ ထိုးပြထားတဲ့နေရာ ကို ကလစ်လိုက်ပါ။
ပြီးရင် ပေါ်လာတဲ့ အကွက်ထဲက Save as ကို ကလစ် ...ပြီးရင် BMP picture နဲ့  Save လိုက်ပါ။



Save တဲ့ နေရာမှာ ဓါတ်ပုံနာမည်ကို မိမိကြိုက်သလိုထားပါ ပြီးရင် နောက်က .ico လေးထည့်ပေးပါ။
ဥပမာ။  ။ မိမိထားချင်တဲ့နာမည်= baby , save ရင် .ico ထည့်ရမယ်ဆိုတော့ baby.ico ပေါ့...


ဒါဆို ပထမတစ်ဆင့်ပြီးသွားပါပြီ...ဒုတိယအဆင့်အနေနဲ့  မိမိပြောင်းချင်တဲ့ Floder ကိုရွေးလိုက်ပါ။ကျွန်တော်ကတော့ Desktop ပေါ်မှာပဲ New Floder တစ်ခု နဲ့  လုပ်ပြပါ့မယ်...
Desktop ပေါ်က လွတ်တဲ့နေရာတစ်ခုမှာ Right Click နှိပ် ပြီးရင် ပေါ်လာတဲ့အထဲက New ကိုနှိပ် ပြီးရင် Floder ကို ဆက်ကလစ်ပါ။ဒါဆို Desktop ပေါ်မှာ New Floder တစ်ခုရှိသွားပါပြီ။
ကိုယ်ပြောင်းချင်တဲ့ Floder ကို ပြောင်းလို့  ရပါတယ်  ...:)






New Floder ကို ဓါတ်ပုံလေးနဲ့ ထားဖို့  အတွက် New Floder ပေါ်မှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ အထဲက Properties ကို ဆက်ကလစ်ပေးပါ။
ပေါ်လာတဲ့အထဲက Customize ကို ဆက်ကလစ်ပေးပါ။
ပေါ်လာတဲ့အထဲက အနီရောင်နဲ့  ဝိုင်းပြထားတဲ့ Change Icon..ကိုဆက်ကလစ်ပေးပါ။
ပေါ်လာတဲ့အထဲက Browse ကိုဆက်ကလစ်ပေးပါ။
ပထမဦးဆုံးတုန်းက Paint ကို သုံးပြီး BMP picture နဲ့  Save ထားတဲ့ ပုံရှိတဲ့နေရာကိုသွားပြီးတော့ ပုံကိုကလစ် ပြီးရင် Open ကိုနှိပ်ပေးပါ။
ပြီးရင်ပေါ်လာတဲ့ Box ထဲမှ OK ကိုသာ ဆက်နှိပ်ပေးပါ။
ပြီးရင် ပေါ်လာတဲ့ Box ထဲမှ Apply ကို နှိပ် ပြီးရင် OK ကိုနှိပ်ပေးပါ။
ဒါဆိုရင်တော့ Floder လေးဟာ ဓါတ်ပုံလေး နဲ့  ဖြစ်သွားပါပြီ....




အဆင်ပြေကြပါစေ.......
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio