Monday, 20 August 2012

Window တက်တာမြန်ချင်ရင်

 မသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ...သိပြီးသား သူငယ်ချင်းတွေက ကျော်သွားပေးပါနော်....

ပထမဦးဆုံး Run Box ကို ဖွင့်လိုက်ပါ။ Run Box ထဲမှာ msconfig ဟုရိုက်ပြီး OK ကိုနှိပ်လိုက်ပါ။


System Configuration Box ကျလာပါလိမ့်မည်။
 General က စပေါ်ပါလိမ့်မည်။ Startup နေရာကိုပြောင်းပြီးကလစ်ပေးပါ။





 အောက်ကပုံမှာက..ကျွန်တော်စက်မှာ ရှိတဲ့ program တွေသာမြင်ရပါလိမ့်မည်။
သူငယ်ချင်းတို့ စက်မှာရှိသော program များနှင့်တူလိမ့်မည်မဟုတ်ပါ။ program များပေါ်လာလျှင် မိမိအတွက်အသုံးမလိုတဲ့ program တွေရှေ့က လေးထောင့်ကွက်တွေထဲက အမှန်ခြစ်လေးတွေကို ဖြုတ်ပေးပါ။ပြီးရင် Apply နှိပ် OK နှိပ် လိုက်ပါ။



Restart ပြန်လုပ်ခိုင်းပါလိမ့်မည်...Restart ပြန်လုပ်ပေးလိုက်ပါ။







အဆင်ပြေကြပါစေ.....

Facebook မှာ Offline လုပ်ချင်ရင်

သိပြီးတဲ့သူ တော်တော်များမှာပါ..မသိသေးတဲ့သူငယ်ချင်းတွေအတွက်ရည်ရွယ်ပြီး တင်ထားခြင်းပါ။

ပထမဦးဆုံး မိမိ facebook အကောက်ကို Login ဝင်လိုက်ပါ။ပြီးရင် ညာဘက်အောက်ခြေမှာရှိတဲ့ Chat Box လေးကို ဖွင့်လိုက်ပါ။





ပြီးရင် အနီရောင်လေးထောင့်ကွက်နှင့် ဝိုင်းပြထားသော Setting ကို ကလစ်ပေးပါ။


ပေါ်လာတဲ့အကွက်ထဲက  Go Offline ကိုကလစ်ပေးပါ။ ဒါဆို မိမိဖေ့ဘွတ်အကောက်က Offline ဖြစ်သွားပါပြီ။


Advanced Settings...ထဲမှာလည်း ဝင်ရောက်ပြင်ဆင်နိုင်ပါသေးတယ်။


 Advanced Settings..ကိုကလစ်လိုက်ပါ။ပြီး၇င် Loading လုပ်နေပါလိမ့်မည်။ခဏစောင့်ပေးပါ။


Advanced Chat  Settings  ဆိုပြီး Box တစ်ခုပေါ်လာပါလိမ့်မည်။


All your frineds see you except..ဆိုတဲ့ရှေ့က အဝိုင်းနေရာမှာ အစက်လေးကိုထားရင်.....
မိမိ Online တက်နေတာကို မမြင်စေချင်တဲ့ သူတွေရဲ့ နာမည်ကိုရိုက်ထည့်ပေးပြီး Save နှိပ်ပေးပါ။

Only some friends see you...ဆိုတဲ့ရှေ့က အဝိုင်းနေရာမှာ အစက်လေးကိုထားရင်.....
မိမိ Online တက်နေတာကို မြင်စေချင်တဲ့ သူတွေရဲ့ နာမည်ကိုရိုက်ထည့်ပေးပြီး Save နှိပ်ပေးပါ။

No one sees you (go offline).. ဆိုတဲ့ရှေ့က အဝိုင်းနေရာမှာ အစက်လေးကိုထားရင်.....
မိမိ Online တက်နေတာကို တစ်ယောက်မှ မမြင်တော့ပါဘူး...ပြီးရင် Save ကို နှိပ်ပေးပါ။

အဆင်ပြေကြပါစေ....

Sunday, 19 August 2012

ရုတ်တရက် လေဖြတ်လျှင် အရေးပေါ် ကုသနည်း

ရုတ်တရက်လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း


(၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ ရွှေ.ပြောင်းသယ်မခြင်း မပြုရပါ။ ထိုသို့ချက်ခြင်းရွှေ.ပြောင်းသယ် ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ ထို.ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင်
အသာမှေးပြီး ထိုင်စေရပါမည်။ လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။

ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏ လက်ချောင်း ဆယ်ချောင်းထိပ်ဖျားများကို (ပဲစေ့ခန်.) သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို. သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။

(၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့် ပွတ်သပ်ပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန်.) သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ.နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။

(၄)။ ။ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို.
ခေါ်သွားစေလိုပါသည်။ ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက (၁)အကြောသေခြင်း
(၂)ကိုယ်တစ်ခြမ်းသေခြင်း
(၃)ခြေလက်လှုပ်မရခြင်း (၄)စကားမပီသခြင်း စသည်တို.လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ.ပျောက်ကင်းသက်သာစေသောနည်းဖြစ်ပါသည်။



အရူးလွယ်အိတ်မှအချစ်နတ်မင်း၏ဘလော့ပို့ စ်လေးအား ထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည်။


IP အကြောင်း တစ်စေ့တစ်စောင်း


(၁) IP address ဆိုတာ ဘာလဲ ?
TCP/IP = Transmission Control Protocol and Internet Protocol ဖြစ်ပါတယ် ။IP တစ်ခု ဟာ 32 bit binary number ဖြစ်ပြီး decimal ဂဏန်း 4 လုံးနဲ့ ဖော်ပြလေ့ ရှိပါတယ် ။decimal ဂဏန်း 1 လုံးစီဟာ 8 bits 0 to 255 (octets) ကိုကိုယ်စားပြုပါတယ် ။အဲလို ဖော်ပြတာကို “dotted decimal” လို့ ခေါ်ပါတယ် ။
 Example; 140.179.220.200 (Dotted decimal)
                    10001100.10110011.11011100.11001000 (Binary)

(၂) အမျိုးအစား ဘယ်နှခု ရှိပါသလဲ ?

Classes အမျိုးအစားကို အခုလို ခွဲထားပါတယ် ။


Class Range of Address

A 1 to 126(127) binary 0xxx နဲ့ စ ပါတယ်။
B 128 to 191 binary 10xx နဲ့ စ ပါတယ်။
C 192 to 223 binary 110x နဲ့ စ ပါတယ်။
—————————————————————————-
D 224 to 239 binary 1110 နဲ့ စ ပါတယ်။
E 240 to 254 binary 1111 နဲ့ စ ပါတယ်။
—————————————————————————-
  ကျန်နေတဲ့ 127(localhost) ကို local loopback အတွက်သုံးပါတယ် ။သင် 127.0.0.1 ကို ping ပြီးစမ်းသပ် နိုင် ပါတယ် ။Class D addresses ကို multicasting အတွက် သုံးပါတယ်။ Class E addresses ကိုတော့ future use ဆိုပြီးသတ်မှတ်ထားပါတယ် ။အဲဒါကြောင့်သင့်ရဲ့  IP address ကိုရိုက်တဲ့ အခါ 1 to 223 ကနေပဲ စရိုက်လို့ ရပါတယ် ။ 224 ကနေစပြီး နောက်ပိုင်းကို ရိုက်လို့ မရပါဘူး ။ အလွယ်တကူ စမ်းသပ် ကြည့်နိုင်ပါတယ် ။
Private Network Address ၄ ခုရှိပါတယ် ။

( Local loopback Address )- 127.0.0.1

( Class A )- 10.0.0.0
( Class B )- 172.16.0.0
( Class C )- 192.168.0.0

Class တွေကို ပုံမှန်အားဖြင့် ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာ လေ့လာကြရအောင်- (N) က network ကိုကိုယ်စားပြုပြီး (n) က node ကိုကိုယ်စားပြုပါတယ် ။

- Class A — NNNNNNNN.nnnnnnnn.nnnnnnn.nnnnnnn

- Class B — NNNNNNNN.NNNNNNNN.nnnnnnnn.nnnnnnnn

- Class C — NNNNNNNN.NNNNNNNN.NNNNNNNN.nnnnnnnn

အဲဒါကြောင့်
Class A ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 2^8 = 255 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 x 255 =16581373 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Class B ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 =65025 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 = 65025 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Class C ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 x 255 =16581373 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

(IP address မှာ 192.168. တွေပဲ ဘာလို့ ဖြစ်နေရတာလဲ လို့ မကြာခဏ အမေးခံရပါတယ်။ကိုယ်သုံးမယ့်  ကွန်ပျူတာ အရေအတွက် (node) ဟာ 225 လုံးကို မကျော်ဘူး ဆိုရင် Class C ကိုပဲ သုံးကြလို့ပါ။)
နောက်တစ်ခုကတော့ node မှာ decimal no: 0 နဲ့  255 ကိုထည့်လို့ မရပါဘူး။(ဥပမာ- 192.168.1.0* / 192.168.1.255* )

IP address မှာ node portion all Ones (11111111)=255 က Broadcast Address ဖြစ်ပါတယ် ။
IP address မှာ node portion all Zeros (00000000)=0 က Network Address ဖြစ်ပါတယ် ။
စာဖတ်သူအပေါင်း IP address နဲ့ ပတ်သက်လို့  အသိတွေ တိုးပွားနိုင်ကြပါစေ ။ ကျွန်တော်လည်းမှတ်သားထားတာလေးတွေကို ပြန်လည်မျှဝေတာပါ...........

 အိမ်မက်ကောင်းကင်ဆိုဒ်မှ....

win rar ဖြင့် ဖိုင်ဖြေခြင်းနှင့်hjsplit ဖြင့် ဖိုင်ဖြေခြင်း စာအုပ်

win rar ဖြင့် ဖိုင်ဖြေခြင်း စာအုပ်လေး



ဒေါင်းရန် ...ဒီမှာ

 hjsplit ဖြင့် ဖိုင်ဖြေခြင်း စာအုပ်လေးပါ




ဒေါင်းရန်... ဒီမှာ

အဆင်ပြေကြပါစေ...
နည်းပညာဥယျာဉ်မှ...........

Saturday, 18 August 2012

ဝက်ဆိုဒ်တွေကိုမြန်မြန်ပွင့်စေချင်ရင်{ အရင်ကထက်ပေါ့ :) }

ကျွန်တော့်လို မသိသေးတဲ့ညီအစ်ကိုမောင်နှမ များအတွက်ရည်ရွယ်ပြီး မျှဝေပေးခြင်းဖြစ်ပါတယ်.. ပထမဦးဆုံး Run Box လေးကို ဖွင့်လိုက်ပါ။Run Box လေးထဲမှာ regedit ဟုရိုက်ပြီး Ok ကိုနှိပ်လိုက်ပါ။



ပြီးရင်ပေါ်လာတဲ့ Registry Editorစာမျက်နှာထဲ က HKEY_LOCAL_MACHINE ကိုဆက်ကလစ်ပါ။





ပြီးရင် ပေါ်လာတဲ့အထဲက  SYSTEM ကိုဆက်ကလစ်ပေးပါ။


ပေါ်လာတဲ့အထဲက CurrentControlSet ကိုဆက်ကလစ်ပါ။



ပြီးရင် ပေါ်လာတဲ့အထဲကservices  ကိုဆက်ကလစ်ပေးပါ။  



ပြီးရင်ပေါ်လာတဲ့အထဲက Tcpip ကိုဆက်ကလစ်ပေးပါ။



 ပြီးရင်ပေါ်လာတဲ့အထဲက ServiceProvider ကိုဆက်ကလစ်ပေးပါ။






 


ServiceProvider ကိုကလစ်ပြီးရင် အောက်ကပုံမှာလေးထောင့်ကွက်နှင့်ဝိုင်းပြထားသော Class,DnsPriority,HostsPriority,NetbtPriority နေရာများတွင် Right Click ထောက်ပြီး ပေါ်လာတဲ့အထဲက Modify ကိုနှိပ်ပေးပါ။ပြီးရင်ပေါ်လာတဲ့ Box ထဲက ဂဏန်းနေရာမှာ 1 ဟုပြောင်းပြီး OK ကိုနှိပ်ပေးပါ။

{မှတ်ချက်။ ။Right Click နဲ့ ထောက်တာ ဓါတ်ပုံရိုက်လို့ မရလို့  Print ဖမ်းတာလည်းမရလို့  Right Click ထောက်လိုက်ရင်ပေါ်လာတဲ့ ပုံတစ်ပုံတော့ မပါဘူး...:)  }

အောက်ကလေးထောင့်ကွက်နှင့်ဝိုင်းပြထားတဲ့နေရာတွင်လုပ်ရမည့်ပုံစံ
(ကွန်နက်ရှင်မကောင်းတဲ့အခါ ပုံက မပေါ်တတ်လို့  စာရောပုံရောပြပေးတာပါ)

Class ကို Right Click ထောက် Modify ကိုနှိပ် ပေါ်လာတဲ့ Box ထဲက value data အောက်က ဂဏန်းကို ဖျက် 1 ဟုပြောင်း OKနှိပ်
DnsPriority ကို Right Click ထောက် Modify ကိုနှိပ် ပေါ်လာတဲ့ Box ထဲက value data အောက်က ဂဏန်းကို ဖျက် 1 ဟုပြောင်း OKနှိပ်
HostsPriority ကို Right Click ထောက် Modify ကိုနှိပ် ပေါ်လာတဲ့ Box ထဲက value data အောက်က ဂဏန်းကို ဖျက် 1 ဟုပြောင်း OKနှိပ်
NetbtPriority ကို Right Click ထောက် Modify ကိုနှိပ် ပေါ်လာတဲ့ Box ထဲက value data အောက်က ဂဏန်းကို ဖျက် 1 ဟုပြောင်း OKနှိပ်


လေးထောင့်ဝိုင်းထားသောနေရာများတွင် Right Click ထောက်ပြီး Modify ကိုကလစ်လိုက်ရင်ပေါ်လာမဲ့ပုံပါ။



ကျွန်တော်မြားထိုးပြထားတဲ့ Value data အောက်ရှိ အကွက်ထဲက ဂဏန်းအားဖျက်ပြီး 1 ဟုပြောင်းပေးပါ။
ပြီးရင် OK ကိုနှိပ်ပေးပါ။


အဆင်ပြေကြပါစေနော်...

Wednesday, 15 August 2012

Viber Software ကို PC မှာထည့်ချင်ရင်

ပထမဦးဆုံး ဒီဝက်ဆိုဒ်လေးကိုသွားလိုက်ပါ။

ပြီးရင် ထိုဝက်ဆိုဒ်မှာအောက်က Download Now ဟူသောပုံလေးကိုတွေ့ ရပါလိမ့်မည်။

ထိုပုံလေးကို ကလစ်ပြီး Download လုပ်လိုက်ပါ။



Download Now ကိုနှိပ်လိုက်ရင်ပေါ်လာမဲ့ပုံပါ။အောက်ကပုံက....ခဏစောင့်လိုက်ပါပြီးရင် ဒေါင်းလော့လုပ်ပါလိမ့်မည်။




ကျွန်တော့်စက်မှာ internet download manager ထည့်ထားတော့ သူနဲ့ပဲ ဒေါင်းတဲ့ပုံကို ပြတော့မယ်နော်...:P

Start Download manager ကိုနှိပ်လိုက်ပါ။ထိုအခါစတင်ပြီးဒေါင်းလော့ဆွဲနေပါလိမ့်မည်။




အစိမ်းရောင်လေးပြည့်သွားတဲ့အထိစောင့်လိုက်ပါ :)

အစိမ်းရောင်လေးပြည့်သွားရင်ပေါ်လာတဲ့ Box ထဲက Open ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။
အောက်ကလို Box လေးနဲ့  Warning လေးတက်လာရင် တော့ Viber ကို မိမိကွန်ပျူတာမှာထည့်လို့ မရပါဘူးနော် :(
ဘာဖြစ်လို့ လဲဆိုတော့ မိမိကွန်ပျူတာ ရဲ့ Graphics က အရမ်းနည်းလို့  viber software က အလုပ်မလုပ်ပါဘူး.....:(
ဒါပေမဲ့ ဆက်ပြီး Install လုပ်ဦးမယ်ဆိုလည်းလုပ်ပါ..ဂိမ်းတွေ ဆော့လို့ရတယ်..ဖေ့ဘွတ် သုံးလို့ရတယ်...မြန်မာလိုတော့ မရဘူးပေါ့...:(


Warning Box မတက်လာ ရင်တော့ ဆက်ပြီး Install လုပ်လိုက်ပါ.....အောက်ကပုံလေးရဲ့ အောက်ခြေမှာရှိတဲ့ Continue ကို ဆက်နှိပ်လိုက်ပါ။



နောက်ထပ်ပေါ်လာတဲ့ Box ထဲက Install ကိုဆက်နှိပ်လိုက်ပါ။



ပြီးရင် Install လုပ်နေပါလိမ့်မည် အစိမ်းရောင်လေးပြည့်အောင် စောင့်ပေးလိုက်ပါ။



ပြည့်သွားရင်တော့ ရပါပြီ...:)  အောက်က install လုပ်ပြီးသွားရင် ပေါ်လာမဲ့ပုံပါ။ပေါ်လာတဲ့ အထဲက App Search ကို ကလစ်ပြီး ဖွင့်လိုက်ပါ။


Searh Box လေးကျလာပါလိမ့်မည်။ Search Box ထဲမှာ Viber ဟုရိုက်ပြီး Find ကိုနှိပ်လိုက်ပါ။



Search ခဏလုပ်ပြီး အောက်ကလိုပုံလေးနဲ့  ပေါ်လာပါလိမ့်မည်။ ပေါ်လာတဲ့ အထဲက Viber:Free Calls & Massages ကို ကလစ်လိုက်ပါ။



Viber  Software ကို ဒေါင်းလော့ လုပ်နေပါလိမ့်မည်။ 7.4 MB ရှိပါတယ်..ပြီးအောင်စောင့်လိုက်ပါ။



Graphics နည်းတဲ့ ကွန်ပျူတာတွေမှာသုံးလို့ မရဘူးဆိုတာ မယုံလို့ ဆက်ပြီး Install လုပ်တယ်ဆိုရင် ဆော့ဝဲလ် ဒေါင်းလော့လုပ်ပြီးလည်း သုံးလို့ ရမှာမဟုတ်ပါဘူး..အောက်ကပုံလေးလိုတက်လာပါလိမ့်မည်...:)




ကဲ ...Install လုပ်ပြီးရင် Menu ကိုပြန်သွားလိုက်ပါ။အောက်မှာ လေးထောင့်ကွက်နဲ့  ဝိုင်းပြထားတဲ့ပုံလေးက Menu ပါ..အဝိုင်းနဲ့  ဝိုင်းပြထားတာက Back...ညာဘက် အစွန်က ဂွပုံလေး က Setting ပါ။



Menu ကိုပြန်သွားလိုက်ရင် Viber Software Icon လေးကိုတွေ့ ရပါလိမ့်မည်။ ထို Icon လေးကိုကလစ်လိုက်ပါ။
အနီရောင်လေးထောင့်ကွက်နှင့် ဝိုင်းပြထားတဲ့ Viber Icon လေးကိုကလစ်လိုက်ပါ။



ဒီအောက်ရှိပုံများစာများကတော့ mobile application ကကူးထားတာပါ။

အောက်မှာပြထားတဲ့ပုံအတိုင်းနိုင်ငံရွေးပါ။
အောက်က Box မှာ ကိုယ့်ရဲ့ဖုန်းနံပါတ်ထည့်ပါ။
ကိုယ့်ဖုန်းနံပါတ်က (ဥပမာ)09450012345 ဆိုပါစို့ သုညဖြုတ်ပြီး 9450012345 ဆိုပြီးထည့်ပါ။ ပြီးရင် Continue နှိပ်ပါ။

ကိုယ့်ရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message ပို့ပါလိမ့်မယ်။ အဲ code ကို အောက်ကပုံ
အတိုင်း Box မှာထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ Activation Code Message အနေနဲ့မိမိဖုန်းကို မရာက်လာပါက click here ကိုနှိပ်ပေးပါ။

Bowser ကျလာပါလိမ့်မယ်ကိုယ့်ဖုန်းနံပါတ်ပါတွေ့ပါလိမ့်မယ်အဲမှာ Get Code ဆိုတာလေးကိုနိုပ်လိုက်ပါနှိပ်ပြီးတာနဲ့
ခဏနေရင်ကိုယ့်ရဲ့ဖုန်းကို Call ၀င်လာပါမယ်ကိုင်ပြီးသေချာနားထောင်ပေးပါယောကျာင်္းလေးအသံ နဲ့  Activation Code နံပါတ်ပြောပါလိမ့်မယ်။
စာရွက်/ခဲတန် တစ်ခုခုနဲ့လိုက်မှတ်ပြီးပုံမှာပြထားတဲ့ Box မှာထည့်ပေးလိုက်ပါ။
 ပြီးရင် Enter Viber ကိုနှိပ်ပါ။


မိတ်ဆွေအချင်းချင်းစကားပြောကြမယ်ဆိုရင်တော့သူ့ဖုန်းနံပါတ်ကို Viber ထဲမှာ Invite လုပ်ပေးပြီးစခေါ်လို့ရပါပြီ ။
ကိုယ့်ဖုန်းရဲ့ contact ထဲမှာ save ထားတယ်ဆိုရင်တန်းပေါ်နေတာလဲကြုံဖူးပါတယ်။
Call ရောMessage ရောအားလုံးကြိုက်သလောက်သုံးလို့ရပါပြီ။

အဆင်ပြေကြစေနော်...........

Tuesday, 14 August 2012

ဦးခေါင်းအသားပိုတစ်လုံးနှင့် ကလေးကိုစာနာကူညီနိုင်ဖို့အရေး ဒီပို့ စ်လေးကိုဝိုင်းရှယ်ပေးကြပါ။


ဦးခေါင်းအသားပိုတစ်လုံးနှင့် ကလေးကိုစာနာကူညီနိုင်ဖို့အရေး သတင်းကို ဖတ်ရှု၍ ဂရုဏာသက်စွာ လှူဒါန်းချင်သူများ အနေဖြင့်

" နာရေးကူညီမှုအသင်း " အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန် မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်သလို

" ပေါ်ပြူလာ ဂျာနယ်တိုက် " အမှတ် (၁၅၀/၁၆၀)၊ ၃၅ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့မှ တစ်ဆင့်လည်း လှူဒါန်းနိုင်ပါကြောင်း။


Facebook မှတဆင့်ပြန်လည်းကူယူမျှဝေပါသည်။
ထိုသတင်းကိုတွေ့ ရှိသော Facebook စာမျက်နှာလင့်က ဒီမှာပါ။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio