Sunday, 9 September 2012

Serial Key များရှာရန် ဝက်ဆိုဒ်


ဒီဆိုက်လေးကသိတာကြာပါပြီ ။ မေ့နေလို့မပြောဖြစ်တာပါ။ ကျွန်တော် ဆော့ဝဲလ် တစ်ခုခုသုံးရင် serial key လိုတိုင်း ဒီကောင်လေးထဲကရှာပါတယ်။ အကုန်လုံးတော့မရနိုင်ပါဘူး။  ဒါပေ့မယ့် တော်တော်များများ ကိုရှိပါတယ်။ အဲဒီဆိုက်ရဲ့ serch box မှာ မိမိလိုချင်သော software ရဲ့ နာမည်သာ ရိုက်ရှာလိုက် ကျလာပါလိမ့်မယ်။


အိမ့်မှူးသော် ရဲ့ ဆိုဒ်လေးမှ ဇနက လုပ်ပြီး ဝေမျှပါသည်။

Team Viewer Software အသုံးပြုနည်း

nl TeamViewer 7.0.13936 Free + Portable id



TeamViewer အသုံးပြုနည်းလေးကို မသိသေးသူများအတွက် မျှဝေပေးလိုက်ပါတယ်...


Install လုပ်နည်းလေးပါ တခါထဲ ရေးပေးလိုက်ပါတယ်.. အောက်မှာ တင်ပေးထားတဲ့ TeamViewer ဆော့ဝဲလ် ကို ဒေါင်းယူလိုက်ပါ...။ ဒေါင်းယူလို့ ရလာတဲ့ TeamViewerPortable.exe ဖိုင်လ်လေးကို Double Click နဲ့
Install ပေးလိုက်ပါ..။

ပုံထဲကအတိုင်း နံပါတ် အစဉ်လိုက် နှိပ်ပေးပြီး Install လိုက်ပါ..။

Desktop ပေါ်မှာရောက်လာတဲ့ (1) TeamViewer ဖိုလ်ဒါလေးကို ဖွင့်ပါ ..
(2) TeamViewerPortable ကို နှိပ်ပြီး ဖွင့်လိုက်ပါ..။

နံပါတ် (1) က ကိုယ်ပိုင် ID  နဲ့   Password ဖြစ်ပါတယ်..။
နံပါတ် (2) က တော့ ကိုယ်ဝင်ကိုင်ပေးမဲ့ သူငယ်ချင်း ကွန်ပြူတာ ရဲ့ ID ကို ထည့်ပေးရမှာပါ..
တကယ်လို့ ကိုယ့်ကွန်ပြူတာကို ဝင်ကိုင်စေချင်ရင်တော့ နံပါတ် (1) က ID  နဲ့ Password ကို
Gtalk ကနေ ဒါမှမဟုတ် တနေရာရာကနေ သူငယ်ချင်းဆီကို ရောက်အောင် ပို့ပေးလိုက်ပါ.. တခြားဖက်က သူငယ်ချင်းကလည်း ရလာတဲ့ ID , Password တွေကို အပ်ါကလို သက်ဆိုင်ရာ နေရာလေးတွေမှာ ထည့်ပေးလိုက်ပါ..။ နံပါတ် (3) ကိုဆက် နှိပ်ပါ ...။

နံပါတ် (1) မှာ Password ကို ထည့်ပေးပါ...။ နံပါတ် (2) Log On ကို နှိပ်ပြီး ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံး
ဘယ်လောက်ဝေးဝေး Internet ကွန်နက်ရှင် ရှိရုံနဲ့ သူ့ကွန်ပြူတာ ကိုယ့်ကွန်ပြူတာကို လှမ်းကိုင်လို့ ရသွားပါပြီ ...
အခြားလိုအပ်တဲ့ ဖိုင်လ် တွေ Software တွေကိုလည်း Share လုပ်နိုင်ပါသေးတယ်...။

အာလုံး အဆင်ပြေကြပါစေဗျားးးး

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း) မှကူးယူဝေမျှပါသည်။ :)


Android and iPhone Ebook ( မြန်မာလို )

Android and iPhone  Ebook( မြန်မာလို ) | 20.31 Mb |
ဆရာ ဦးဝင်းဟိန်း ရေးသားပြုစုထားတဲ့ Android and iPhone  Ebook( မြန်မာလို ) အသုံးပြုခြင်းများဆိုင်ရာအသေးစိတ်ရေးသားထုတ်ဝေထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
အသုံးပြုချင်တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...
DOWNLOAD: 

ချစ်ခြင်းလက်ဆောင်တွေ ရဲ့  အဓိပ္ပါယ်များ

 
လက်ဆောင်တွေမှာ အဓိပ္ပါယ်ကိုယ်စီရှိပါတယ်... ကိုယ်မြတ်နိုးတဲ့သူတွေကို အဓိပ္ပါယ်ရှိတဲ့လက်ဆောင်တွေပေးနိုင်ပါစေ...

အလှစိုက်သစ်ပင် (boy to girl) ဦးထုပ် (girl to boy)
=ကိုယ့်ကိုအမြဲသတိရနေပါ….. please miss me for ever



စက္ကူကြိုးကြာရုပ်တစ်ထောင် (boy to girl) စက္ကူရောင်စုံကြယ်ပွင့်တစ်ထောင် (girl to boy)
=ရည်မှန်းချက်တွေ အောင်မြင်အောင်ဆုတောင်းပေးနေမယ် I hope U success.

မီးခြစ် (boy to girl) ပြာခွက် (girl to boy)
=ကိုယ့်ကိုမေ့ပစ်လိုက်ပါတော့ pls forget me.

ဒိုင်ယာရီစာအုပ် (boy to girl) ဖောင်တိန်၊ ဘောပင် (girl to boy)
=ရက်ရှည်လများ ခွဲခွာရခါနီးတွင် အနေဝေးလို့ မေ့မသွားနဲ့နော် we r away but pls don’t forget me.

ဓါတ်ပုံမှန်ဘောင်လှလှလေး (boy to girl) ၀ိုင်ပုလင်း (girl to boy)
=ကိုယ့်ချစ်သူ၏အောင်မြင်မှုတစ်ခုခုအတွက် ဂုဏ်ယူပါတယ် pl congratulation 4 ur success.

လက်ကိုင်ပုဝါ (boy to girl) စားပွဲတင်ပြက္ခဒိန် (girl to boy)
=ကွဲကွာနေရာမှ ပြန်လည်ဆုံတွေ့ကြရသည့်အခါ ကတောက်ကဆဖြစ်ပြီးပြန်ပြေလည်သွားသည့်အခါ လွမ်းခဲ့ရသမျှတွေ မေ့ပစ်လိုက်ကြစို့ သို့မဟုတ် ငိုကြွေးခဲ့ရသောကာလများ ပြီးဆုံးပြီ end of sadness.

အ၀ါရောင်ပန်းပွင့်၊ ပန်းစည်း (boy to girl) သီချင်းဓာတ်ပြားအယ်လ်ဘမ် (girl to boy)
=ချစ်သူနှစ်ဦး စိတ်ကောက်ပြီး မခေါ်မပြောဖြစ်နေရာမှ စိတ်ဆိုးပြေအောင် ချော့မော့လိုသည့်အခါ
Apologies to anger lover


အဖြူရောင်ပန်းများ
=ချစ်သူမိန်းကလေးနေမကောင်းဖြစ်လျှင် if your lover ill.

ကြည့်မှန်သေးသေးလေးတစ်ချပ် (boy to girl) သော့ချိတ် (girl to boy)
=ကွယ်ရာမှာ သစ္စာမဖောက်နဲ့နော် don’t be untruthful.

လက်စွပ်တစ်ကွင်း (boy to girl) လက်ပတ်နာရီ (girl to boy)
=လက်ထပ်ချင်ပါပြီ Want to be marriage.

နှုတ်ခမ်းနီဆိုးဆေး (boy to girl) အင်္ကျီအ၀တ်အစား (girl to boy)
=သစ္စာမဲ့တယ်လို့ အထင်မလွဲပါနဲ့ don’t be think ‘I m not untruth.

ဖဲကြိုးလှလှချည်ထားတဲ့ပန်းစည်း (boy to girl) ချောကလက်ဘူး (girl to boy)
=အချစ်တည်တံ့ခိုင်မြဲပါစေ hoping our love long lasting.

အမွှေးပွပွ ၀က်ဝံရုပ်ကလေး (boy to girl) ရေမွှေးပုလင်း (girl to boy)

Saturday, 8 September 2012

Great Water Fall Screen Saver (7 MB)

Great Water Fall Screen Saver (7 MB)
ဒီနေ့ တော့ screen saver လန်းလန်းလေးတစ်ခု တင်ပေးလိုက်ပါတယ်...သဘောကျမယ်လို့ လည်းထင်ပါတယ်... ဒီ screen saver လေးရဲ့နာမည်ကတော့ Great Water Fall ပါ.....သဘောကျတယ်ဆိုရင်တော့ အောက်က download link ကနေ ဒေါင်းသွားလိုက်ပါ..ဆက်လက်မျှဝေပါအုံးမယ်....



USB Disk Security 6.2.0.18 (Full Version)



Memory Stick တွေက ဗိုင်းရပ်စ်တွေ ကိုယ့်စက်ထဲမကူးအောင်ကာကွယ်ပေးတဲ့ဆော့ဝဲလ်လေးပါ.


ဇွဲကပင်မြေမှ

Friday, 7 September 2012

Lock ကျသွားသာ Facebook အကောင့်ကို ပြန်လည် ရယူနည်း



လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့်ကို ပြန်လိုချင်သူများ အောက်ပါအတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။






အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။

ဒါကြောင့် အကောင့်လော့ကျတဲ့အခါ  အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။

ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။
အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List  ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။


ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒါကြောင့် ယခင်က ဖော်ပြပေးတဲ့ အောက်ပါလခ့်က စာတွေကို ပြန် လည်ဖတ်ရှုစေလိုပါတယ်။

 အောင်ခမ်း

လက်တလော Facebook တွင် အထူးရှောင်ရှားရမည့် လုပ်ဆောင်ချက်များ

လက်တလော Facebook မှာ Policy ခဏခဏ ပြောင်းလဲနေပါတယ်။ ဝဘ်ဆိုဒ်သတင်းတွေထဲမှာ Facebook တွင် အကောင့်အတုပေါင်း သန်း ၈၀ ကျော်ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Facebook ဟာ အကောင့်အတု များကို ရှင်းလင်းနေပါတယ်။ ဒါကြောင့် Facebook အသုံးပြုသူများ အောက်ပါအချက်များကို သိထားရန် လိုအပ်ပါတယ်။



၁။ Friend Request
Friend Request လုပ်တိုင်း ဒီတစ်လော ပြန်မေးတဲ့ မေးခွန်းက သင့် သိလို့လား၊ သိတဲ့သူမှ Add ပါဆိုတာမျိုး ဖြစ်ပါတယ်။ တစ်ခါခါဆို Request Send လို့မရပဲ အထက်ပါကဲ့သို့ စာများသာ ပေါ်ပေါ်လာမှာ ဖြစ်ပါတယ်။ Request Send လို့ရလည်း တစ်ရက်ကို ၂ ယောက်၊ ၃ ယောက်ထပ် ပို မ Add သင့်ပါ။ အဲဒီထက် Add ပြီဆိုရင်တော့ Friend Request လုပ်ခြင်း ၂ ရက်ပိတ်ပါတယ် လို့ စာတန်းပေါ်လာမှာ ဖြစ်ပါတယ်။ တကယ်လည်း ပိတ်ပါတယ်။ တစ်ခါတစ်လေ ၅ ယောက်လောက် Add ပြီးရင် ပေါ်တတ်ပါတယ်။ Safe အဖြစ်ဆုံး Add နည်းကတော့ ဘေးမှာ Suggest Friend အောက်က ပေးတဲ့ List ကနေ Add တာအကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်တိုင် Search Bar မှာ ရှာပြီး အခြားလူတစ်ယောက်ကို Add မယ်ဆိုရင် အထက်ပါ ပြဿနာကြုံတွေ့နိုင်ပါတယ်။
၂။ Comment
တစ်ခါခါ Comment ပေးလို့မရတာ ကြုံရတတ်ပါတယ်။ Comment ပေးလိုက်တိုင်း သင်ပေးတဲ့ Comment ဟာ Spam သို့မဟုတ် အခြား လူတစ်ဦးတစ်ယောက်ကို Personal အရတိုက်ခိုက်ခြင်း မဖြစ်စေရ ဆိုတဲ့ Warning မျိုးပေါ်တတ်ပါတယ်။ အချို့ က ပေါ်ယုံမကပဲ Comment ပါပေးလို့မရတော့ပါဘူး။ အဲဒီလိုအချိန်ကျရင် Comment မပေးသင့်တော့ပါ။ ယာယီမျှသာ block လုပ်ခြင်းဖြစ်ပြီး နောက်နေ့မှ အရင်လို ပြန်ဖြစ်ပါတယ်။
၃။ Message
Message ပို့တာ အင်မတန် သတိထားရပါမယ်။ လက်ရှိ ပြောင်းလဲနေတဲ့ Policy ကြောင့် Facebook က မတ်ဆေခ်ျ့  ပို့ခွင့် ယာယီ ပိတ်ပင်တတ်ပါတယ်။ အဲဒီအချိန်ကျ ဘယ်လောက်အရေးကြီးကြီး ယင်း Facebook အကောင့်ကနေ Message မပို့တော့ပဲ အခြား အကောင့်များဖြင့်သာ Message ပို့သင့်ပါတယ်။
၎။  Link
Blog နဲ့ Facebook ဆက်စပ်မှု ရှိပါတယ်။ ဆက်စပ်ပုံကတော့ Facebook မှာ Blog ကို သိပ် အသား မပေးပါဘူး။ Fan Page များ အထူးသတိထားရပါမယ်။ Post တင်တိုင်၊ Chat တိုင်း မိမိ Blog ကို ဝင်ကြည့်စေလိုတဲ့အခါ Link လေးတွေ ပေးတတ်ကြပါတယ်။ အဲဒီလိုပေးတဲ့အခါ Facebook က Check box ပေါ်လာပြီး လူလား၊ ကွန်ပျူတာလား သိအောင် စာတွေ Box ထဲမှာ ရိုက်ခိုင်းပါတယ်။ မှန်အောင်ရိုက်ပြီး အသုံးပြုမယ်ဆိုရင် အဆင်ပြေပေမယ့် သုံးလေးခါ မက မှားပြီဆိုရင် အကောင့် Lock ကျသွားပါမယ်။
--
အထက် ဖော်ပြပါ အချက်များအတိုင်း အဆင်ပြေပြေ အသုံးပြုသွားရင်ရပေမယ့် Friend Request ကို ၄၊ ၅ဦးထက်မနည်း ပေးမယ် ။Comment ဇွတ်ပေးမယ် ။Message မပို့ပါနဲ့လို့ တားထားတဲ့ ကြားက ဇွတ်ပို့မယ်။ Link တင်တိုင်း အက္ခရာ တွေကို မှန်အောင် မရိုက်ထည့်နိုင်ဘူးစသည်ဖြင့် အားလုံး (သို့မဟုတ်) တစ်ခုခုကို ပြုလုပ်မိရင် အကောင့် ကြိမ်းသေ Lock ကျသွားမှာ ဖြစ်ပါတယ်။
Log in ပြန်ဝင်ခိုင်းပြီး Log in ဝင်ပြီးနောက် ထပ်ကျလာမှာကတော့ ပုံမှာ ပြထားတဲ့ Page လေး ဖြစ်ပါတယ်။ Check Point ဆိုပြီး ဖုန်းနံပါတ် တောင်းပါတယ်။
ဖုန်းနံပါတ် ဖြည့်ခိုင်းခြင်း ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းနံပတ်ကို ဖြည့်ပြီး သူက Code နံပါတ်ကို Message ပို့ပေးတယ်ဆိုပါတယ်။ ယင်းရတဲ့ Code နဲ့ အကွက်လေးထဲမှာ ပြန်ဖြည့်ရင် အကောင့်ပြန်ရတယ် လို့ဆိုပါတယ်။ အခြားနိုင်ငံများမှာ အဆင်ပြေပေမယ့် မြန်မာပြည်က ဖုန်းနံပါတ်များနဲ့ တော့ အဆင်ပြေတာ ရှားနေပါတယ်။ အချို့ ကျတော့ မိမိဖုန်းနံပါတ် ရိုက်ပြီး Message ပို့တယ်ပြောပါတယ်။ အချို့ ကျတော့ Voice call ကလစ်နှိပ်ပြီး ခေါ်မှာ ရတယ်လို့ဆိုပါတယ်။
လက်ရှိ တွေ့ကြုံရသူ တစ်ဦးကတော့ ယခုချိန်ထိ ပြန်မရသေးပါဘူး။ ဖုန်းနံပါတ်ကို ဟန်းဖုန်းဖြစ်ရင် 9ထပ်ဖြည့်ရိုက်ရပါတယ်။ သို့ပေမယ့် Message လည်းမရ၊ voice call လည်းမရသောကြောင့် အကောင့်ဟာ ယာယီပိတ်သွားတာလား၊ အပြီးပိတ်သွားတာလားကတော့ Facebook Admin များသာ သိရှိမှာ ဖြစ်ပါတယ်။
အကောင့် Lock ကျပြီး ပြန်ရဖို့ကြိုးစားရတာကနောက်မှ ကြိုတင် ဆင်ခြင်ထားတာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် လက်တလော ပြောင်းလဲနေတဲ့ Facebook Policy ကြားမှာ စာဖတ်သူတို့အကောင့် မပျက်ရန် တိုက်တွန်း ရေးသားမျှဝေ လိုက်ရပါတယ်။
----
အောင်ခမ်း
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio