Thursday, 13 September 2012

Maxthon 3.4.5.1000 Final



မော်ဇီလာထက် (၁၀) ဆမြန်တယ်လို့ပြောတာပဲ :)

နောက်ဆုံးထွက်လေးပါ။


Portable လိုချင်လျှင် အောက်ကလင့်တွေကဒေါင်းပါ။

 LetitBit.Net
Unibytes.com
GigaBase.com

MP3 Cutter Joiner Full Version

mp3 သီချင်းတွေ ကို ringtone လုပ်ချင်လျှင် ဖြတ်တောက်ချင်လျှင် အသုံးပြုနိုင်ပါသည်။


စမ်းသပ်ကလိ သုံးစွဲချင်လျှင်  ဒီကနေသွားပြီးဒေါင်းလိုက်ပါ။


အပေါ်ကဒေါင်းလော့လင့်ကနေသွားလိုက်ရင်ပေါ်လာတဲ့စာမျက်နှာမှာ အောက်ကလိုပုံကိုတွေ့ ပါလိမ့်မည်။
အနီရောင်နှင့်ဝိုင်းပြထားတဲ့ Download ကို ကလစ်ပြီး ဒေါင်းပါ။


ဒေါင်း လို့ မရ ဘူးဆိုလျှင် Comment ပေးပြီးတော့ ပဲ ဖြစ်ဖြစ် ချက်ဘောက်မှာပဲ ဖြစ်ဖြစ် ပြောခဲ့ပါနော်။
အဆင်ပြေကြပါစေ။

ခေါင်းကိုက်ခြင်းကို သက်သာစေမည့်နည်လမ်း - (၁၀) ချက်


ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြပါတယ်။ ခေါင်းကိုက်ခြင်းကို
ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းရင်းတစ်ခုပါ။ ခေါင်းကိုက်စေတဲ့
နောက်ခံအကြောင်းရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင်ရဲ့လုပ်ဆောင်မှုအမျိုးမျိုးကြောင့် ခေါင်း
ကိုက် လာတတ်ပါတယ်။





ဥပမာ သင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ခြေများပါတယ်။ ဒါကြောင့်
သင်ခေါင်းကိုက်လာတဲ့အခါ ဘာကြောင့်ခေါင်းကိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီး သင်ရဲ့အနေအ
ထိုင် အပြုအမူတွေကို လိုအပ်သလို ပြုပြင်ပြောင်းလဲသင့်ပါတယ်။ အောက်ပါအကြံပြုချက်တွေက ခေါင်းကိုက်တာကို
သက်သာစေမယ့် အကြံပြုချက် ရိုးရိုးလေးတွေပါ။




၁။ ကိုယ်ဟန်အနေအထားမမှန်ရင် ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ဖြစ်စေပါတယ်။
ဒါကြောင့် ကိုယ်ဟန်အနေအထား မှန်ကန်အောင်ထိန်းသိမ်းဖို့ အရေကြီးပါတယ်။ လည်ပင်းနဲ့ ပခုံးကကြွက်သားတွေဟာ
ကိုယ်ဟန်အနေအထားမမှန်ရင် တင်းတောင့်နေတတ်တဲ့အတွက်ကြောင့် အလုပ်ချိန်မှာကိုယ်ဟန်အနေအထား မှန်ကန်ဖို့
သတိထားသင့်ပါတယ်။ ဒီလိုကြွက်သားတွေ တင်းမာဖိစီးမှုကြောင့် ခေါင်းကိုက်တာအတွက်တော့ ဆွဲဆန့်လေ့ကျင့်ခန်း
လုပ်ပေးတာက အကောင်းဆုံးဖြေရှင်းနည်းပါပဲ။




၂။ စိုစွတ်တဲ့အပူဟာ ခေါင်းကိုက်တာကို သက်သာစေပါတယ်။ ရေနွေးထဲမှာ တဘက်တစ်ထည်ကိုစိမ်ပြီး ရေညှစ်ပါ။
ပြီးရင်နာကျင်နေတဲ့နေရာပေါ်အုပ်ထားပါ။




၃။ အမျိုးသမီးတွေဟာ ရာသီမလာခင်ရက်မှာ ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုခေါင်းကိုက်တဲ့ပုံစံကတော့ မျက်စိတွေ
ရဲ့ နောက်ဘက်နားမှာ နာကျင်မှုခံစားရတာပါ။ ဒီအတွက်တော့ အမျိုးသမီးတွေဟာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို
စားသင့်ပါတယ်။ အဆီနည်းတဲ့အသားကို စားနိုင်ပါတယ်။




၎။ ခေါင်းကိုက်တာကိုဖြစ်စေတဲ့ အဓိကအကြောင်းကတော့ ဖိစီးမှုပါ။ ဒါကြောင့် သင်ဟာ ဖြေလျှော့အနားယူဖို့ လို
အပ်ပါတယ်။ လုံလောက်အောင် အိပ်စက်အနားယူဖို့လည်း အရေးကြီးပါတယ်။ အလုပ်ကိုလည်း ဆက်တိုက်အကြာ
ကြီးမလုပ်ဘဲ ခဏတစ်ဖြုတ်နားပေးဖို့လိုအပ်ပါတယ်။




၅။ ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တဲ့အခါ နာကျင်မှုဟာ လည်ပင်းနဲ့ ပခုံးတွေဆီကို ပျံ့နှံ့သွားပြီး တော်တော်လေး
မသက်မသာ ခံစားရတတ်ပါတယ်။ ဒီလိုခေါင်းကိုက်ခြင်းမျိုးအတွက်တော့ အနှိပ်ခံရင် သက်သာတတ်ပါတယ်။ ဖိစီးမှု
တွေ ပြေပျောက်စေဖို့ ဦးခေါင်းနဲ့ပခုံးတွေကို ညင်ညင်သာသာနှိပ်နယ်ပေးပါ။




၆။ အစာမစားဘဲ နေတာဟာလည်းခေါင်းကိုက်စေနိုင်ပါတယ်။
ဒါကြောင့်အစာကို အချိန်မှန်မှန်စားဖို့ အရေးကြီးပါတယ်။




၇။ ရေများများသောက်ပါ။ ရေဟာခန္ဓာကိုယ်ကို အေးမြစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။
နေ့စဉ်အနည်းဆုံး ရေ ရှစ်ဖန်ခွက်သောက်ပါ။




၈။ လဲလျောင်းနေပါ။ ပြီးရင် လည်ပင်း၊ ပခုံးနဲ့ နားထင်တွေမှာ ရေခဲကပ်ပါ။
ဒါဟာ သင့်ကိုဖြေလျှော့အနားရစေပြီး ခေါင်းကိုက် သက်သာစေပါတယ်။




၉။ အကိုက်အခဲပျောက်ဆေးတွေက ခေါင်းကိုက်သက်သာစေပါတယ်။ ဒါပေမယ့် ခဏခဏခေါင်းကိုက်တိုင်း
အကိုက်အခဲပျောက်ဆေး အမြဲလိုလိုသောက်နေတာက မကောင်းပါဘူး။ သင့်မှာအစာအိမ်နာရောဂါ အပါအဝင် တခြား
ကျန်းမာရေး ပြဿနာတွေရှိရင် ဆရာဝန်ညွှန်ကြားမှသာ အကိုက်အခဲပျောက်ဆေးသောက်ပါ။




၁၀။ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူတွေကတော့ သူတို့စားတဲ့အစာတွေကို မှတ်တမ်းထားဖို့လိုပါတယ်။
တချို့ အစားအစာတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တဲ့အတွက် ဘယ်လို အစားအစာတွေကြောင့်
သင့်ခေါင်းကိုက်တတ်တယ်ဆိုတာ မှတ်သားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။





By Good Health Originally

ဆံပင်ကျွတ်ခြင်းအတွက် - ( ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ )

ဆံပင်ကျွတ်ခြင်းအတွက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ဘေးထွက်ဆိုးကျိုး မရှိနိုင်သော သဘာဝဆေးဖက်ဝင်
အပင်များအဖြစ် အသုံးပြုနိုင်ပါသည်။



ကြက်သွန်ဖြူ



ကြက်သွန်ဖြူသည် အဆိပ်အတောက်များကို ဖယ်ရှားပျက်စီးစေပြီး သွေးလည်ပတ်မှုကို ကောင်းစေကာ ဆံပင်များရှည်
လျား စေသည့် အပြင် ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။ ကြက်သွန်ဖြူမှာ ထုတ်နုတ်ထားသော ပစ္စည်း
များပါသည့် ခေါင်းလျှော်ရည်များသည် ဆံပင်ကိုသန်စွမ်းစေကာ ဆံပင်ကျွတ်ခြင်းနှင့် ကျိုးကြေခြင်းတို့ကို ကာကွယ်ပေး
သည့်အပြင် ဆံကေသာကို တောက်ပြောင်လှပလာစေသည်။




ဆံပင်ခြောက်သွေ့နေသူများနှင့် ဦးရေပြားယားယံတတ်သူများလည်း ကြက်သွန်ဖြူကို ယားယံမှုများမှ သက်သာစေရန်
အသုံးပြုနိုင်သည်။ ဆံပင်ကျွတ်ခြင်းအတွက် ညအိပ်ရာမဝင်မီ တစ်နာခန့်အလိုတွင် ကြက်သွန်ဖြူတစ်မြွှာအား အလွှာ
လိုက်လှီးကာ ဆံပင်ကျွတ်နေသောနေရာတွင် ပွတ်လိမ်းပေးပါ။ တစ်နာရီခန့် စောင့်ပြီးနောက် ဦးရေပြားအား သံလွင်ဆီ
နှင့် နှိပ်နယ်ပေးပါ။ ထို့နောက် ခေါင်းစွပ်ကိုစွပ်၍ အိပ်ရာဝင်ပါ။ မနက်တွင် ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ ရက်သတ္တ
ပတ် အနည်းငယ်ကြာ ဆက်တိုက်လုပ်ပေးပါက ဆံပင်ကျွတ်ခြင်း ရပ်တန့်၍ ဆံပင်ပြန်ပေါက်လာစေပါသည်။





ကြက်သွန်နီ


ကြက်သွန်နီတွင်အရေးကြီးသော ဗီတာမင်နှင့်သတ္တုဓာတ်များဖြစ်သည့် ဗီတာမင်စီ၊ဘီစစ်၊ကယ်လ်စီယမ်၊မဂ္ဂနီဆီယမ်၊
ပိုတက်စီယမ်နှင့် ဂျာမေနီယမ်တို့ ပါဝင်ပါတယ်။ ဆာလ်ဖာပါဝင်မှုလည်း မြင့်မားသည်။ ဆာလ်ဖာသည် ခန္ဓာကိုယ်ထဲရှိ
ဆဲလ်တိုင်းတွင် ပါရှိပြီး၊ ဆံပင်၊ အရေပြားနှင့် လက်သည်းများတွင် ပါဝင်မှု အများဆုံးဖြစ်သည်။




ဆံပင်ကျွတ်ခြင်းအတွက် လတ်လတ်ဆတ်ဆတ်ညှစ်ထားသော ကြက်သွန်နီအရည်ကို ဦးရေပြားပေါ်တွင် တိုက်ရိုက်
လိမ်းလိုက်ပါ။ ထို့နောက်ဆံပင်အရင်းအထိ စိမ့်ဝင်နိုင်အောင် ဦးရေပြားအား နှိပ်နယ်ပေးပါ။ နာရီဝက်ခန့်ကြာက
ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ နေ့စဉ်ဆက်တိုက်လုပ်ပေးပါက လအနည်းငယ်အတွင်း ဆံကေသာ
သန်စွမ်းလာစေနိုင်ပါသည်။




By Good Health Originally

Wednesday, 12 September 2012

ဝက်ဆိုဒ်တွေ ကို တစ်နေရာထဲကပဲ သက်သက်သာသာ သွားနိုင်မဲ့ ဝက်ဆိုဒ်လေးတစ်ခု


ဝက်ဆိုဒ်တွေ ကို တစ်နေရာထဲကပဲ သက်သက်သာသာ သွားနိုင်မဲ့ ဝက်ဆိုဒ်လေးတစ်ခုပါ ။  :P

ဗဟုသုတပေါ့...:)


ဝက်ဆိုဒ်နာမည်က - http://www.linkzb.com
အောက်ကလင့်လေးကနေသွားလိုက်နော် :)
Web Navigation - A quick and safe way to browse online.

Tuesday, 11 September 2012

Windows Media Player Error ဖြေရှင်းနည်း



ဒီနည်းလေးက Windows7 မှာ လုပ်တဲ့နည်းလေးပါ..။Error ရှင်းနည်း နောက်တမျိုးကို နားလည်လွယ်အောင် ပုံလေးတွေနဲ့ ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီလိုအဲရာတွေ အများဆုံးဖြစ်တတ်တာ Windows ထဲမှာရှိတဲ့ Window Media Player 12 ကို ထည့်လိုက်တဲ့အခါ ဒါမှမဟုတ် Update လုပ်လိုက်မိတဲ့အခါ ဒီလိုမျိုးလေးတွေ ဖြစ်တတ်ပါတယ်..။ အခုဒီနည်းက Window Media Player 12 ကို ထုတ်ပစ်ပြီး Window Media Player 11 ကိုပြန်ပြီး ထည့်ပြမယ့်နည်းလေးပါ..။ Window Media Player 12 ကို ထုတ်တာ ရိုးရိုးထုတ်လို့ မရပါဘူး..။ သူ့ဖိုင်တွေရှိတဲ့ နေရာတွေကို လိုက်ရှာပြီး ထုတ်ပစ်ပေးရပါမယ်..။ ဒါကြောင့် အဲ့လို အဲရာဖြစ်တဲ့သူများ အောက်ကပုံလေးတွေအတိုင်း လိုက်လုပ်ပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ တကယ်လို့ Player 11 မှာဖြစ်ရင် Player 10 ကိုယူပြီးထည့်ပါ..။ အောက်မှာ လင့်လေးတွေ ချိတ်ပေးလိုက်ပါတယ်..။ မိမိတို့အတွက် အဆင်ပြေမယ့် Player ကို ရှာပြီး အရင် ဒေါင်းယူလိုက်ပါဗျာ..

Windows Media Player 11 For W7 (11.7 MB)

Get More Windows Media Player (WindowsXP/WindowsVista/Windows7/Mac OS X/Windows Phone/Windows Server 2003/Windows Server 2008)
Windows Media Player Direct Download Link

 Windows Media Player Error တက်နေတဲ့စက်တွေမှာ ပြန်ကောင်းလာဖို့ ဆိုရင် အပေါ်က ဒေါင်းလော့လင့်တွေကနေ Windows Media Player တခုခုကို အရင် ဒေါင်းယူထားပါ..။ ပြီးမှ ဒီနည်းလေးနဲ့ လုပ်ပေးလိုက်ရင် ကောင်းသွားပါလိမ့်မယ်..။ အရင်ဆုံး မိမိတို့စက်ရဲ့ Control Panel > Programs and Features ကနေ အောက်ကပုံလေးအတိုင်း သွားလိုက်ပါ..။ Turn Windows Feature on or off စာသားကို တချက်ကလစ်လိုက်ပါ..။ ဒါဆိုရင် ဒုတိယပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်..


အပေါ်ပုံလေးအတိုင်း ပေါ်လာပြီးရင် အောက်ကပုံလေးအတိုင် ဆက်လုပ်ပေးလိုက်ပါ..



အပေါ်ပုံမှာ အမှန်ခြစ်လေတွေဖြုတ်ပြီးသွားရင် Windows Media Player စာသားကို တချက်ကလစ်ပြီး OK ပေးလိုက်ပါ..။ အေက်ပုံအတိုင်းပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ..။



Restart စာသားပေါ်လာရင် တချက်ကလစ်ပြီး စက်ကို Restart ချပေးလိုက်ပါ.. အောက်က ABCD ပုံလေးတွေအတိုင်း ပေါ်နေပါလိမ့်မယ်..။ ပြီးရင်တော့ စက်ပြန်ပွင့်လာပါလိမ့်မယ်...။


ဝင်းဒိုးပြန်တက်၊ပွင့်လာရင် အခုကျနော်တင်ပေးထားတဲ့ Windows Media Player 11 နဲ့ လုပ်ပြပါမယ်..။ ဒါကြောင့် ဒီကောင်လေးကို ၂ချက်တောက်ပြီး Install ဆွဲထည့်လိုက်ပါ.. အောက်ကပုံလေးပါ..



အောက်ကပုံလေးလို ဘောက်စ်လေးတွေ ပေါ်လာရင် OK ပေးလိုက်ပါ..။



Install ဆွဲပြီးသွားရင် Finish မပေးပါနဲ့ လုပ်စရာကျန်ပါသေးတယ်..။



Regedit ထဲကို ဝင်မှာဖြစ်တဲ့အတွက် Start>Search နေရာမှာ regedit လို့ ရိုက်ထည့်လိုက်ပါ.. အပေါ်ဆုံးမှာ ပေါ်လာတဲ့ Regedit ဖိုင်လေးကို တချက်ကလစ်လိုက်ပါ..။ အပေါ်ပုံလေးပါ..။ ပြီးရင်တော့ အောက်ကပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်..။


 အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း အဆင့်ဆင့် နှိပ်သွားလိုက်ပါ..။


Installed Version ဆိုတဲ့ ဖိုင်လေးကို Right Click ထောက်ပြီး ဖျက်ပေးလိုက်ပါ..။ အပေါ်ပုံ..။ အောက်ကပုံမျိုးပေါ်လာရင် Yes ပေးလိုက်ပါ..။



အပေါ်ပုံမှာ Yes ပေးပြီးရင် အဲဒီဘောက်စ်လေးကို အနီရောင်ကြတ်ခြေခတ်နဲ့ ဖျက်ပစ်လိုက်ပါ..။ ပြီးရင် Finish ပေးဖို့ ရပ်ထားတဲ့ Install ဆွဲပြီးခါစ ဖိုင်ကို Finish ပေးလိုက်ပါ..။ စက်ကို Restart ချပါ..။



စက်ပိတ်ပြီး ပြန်ပွင့်လာရင် အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးပါ..။ Computer ကိုဖွင့်ပြီး (C:) ထဲကို ဝင်ပါ..။



 Windows Media Player ဖိုင်ထဲကို အပေါ်ပုံတွေအတိုင်း အဆင့်ဆင့်ဝင်သွားပြီးရင် အောက်ကသူ့ရဲ့ ဖိုင်ထဲက wmplayer ဆိုတဲ့ ဖိုင်လေးပေါ်မှာ Right Click ထောက်ပြီး အောက်ကပုံအတိုင်း နှိပ်သွားလိုက်ရင် Desktop မှာ သူ့ရဲ့ Icon လေးပေါ်လာပါလိမ့်မယ်..။



Desktop မှာပေါ်လာပါပြီ..။ အပေါ်ပုံမှာ ပြထားသလို Taskbar မှာ မရောက်သေးတဲ့ အတွက် အောက်ကပုံမှာပြထားသလို သူ့ရဲ့ Icon Shortcut ပုံလေးကို မောက်စ်နဲ့ ဖိဆွဲပြီး Taskbar ပေါ်တင်ပေးလိုက်ရင် Taskbar ပေါ်မှာ Windows Media Player ပုံလေး ရောက်သွားပါပြီ..။ အောက်ကပုံလေးပါ..။


ပြီးရင်တော့ ကျနော်တို့ သီချင်းတွေကို Windows Media Player နဲ့ ဖွင့်လို့ ရအောင် လုပ်ပါတော့မယ်..။ အောက်ကပုံလေးတွေကို ဆက်ကြည့်လိုက်ပါဗျာ..။ အောက်ကပုံမှာ သီချင်းတွေက Windows Media Player မရှိတော့တဲ့ အချိန်မှာ တခြား Player တွေနဲ့ ဖြစ်နေပါလိမ့်မယ်..။ အဲဒါကို ကျနော်တို့က Windows Media Player ပုံနဲ့ ဖြစ်အောင် လိုက်ပြောင်းပေးလိုက်ရင် ဒီသီချင်းတွေကို ဖွင့်တဲ့အခါ တခြား Player တွေနဲ့ မပွင့်တော့ပဲ Windows Media Player နဲ့ ပွင့်လာပါလိမ့်မယ်..။ လုပ်နည်းကို ဆက်ကြည့်ပါဗျာ..။ မိမိတို့ ပြောင်းချင်တဲ့ သီချင်းပေါ်မှာ Right Click ထောက်ပါ..။ Properties ကိုကလစ်ပါ..။ ပေါ်လာတဲ့ ဘောက်စ်ထဲမှာ Change ကိုထပ်ကလစ်ပါ..။ အောက်ပုံ..


Change ကနေ Windows Media Player ပုံလေးကို ရွေးပေးပြီး အောက်ကပုံလေးအတိုင်း အဆင့်ဆင့်လုပ်ပေးလိုက်ပါ..။


အောက်ကပုံမှာ ကြည့်ပါ.. Windows Media Player ပုံတခုပြောင်းသွားပါပြီ..။ ကျန်တဲ့ဟာတွေ ကျန်ပါသေးတယ်..။ 


အပေါ်ကနည်းအတိုင်း ကျန်တဲ့ကောင်လေးတွေကို လိုက်ပြောင်းပေးဖို့ Right Click >> Properties >> Change ကို ထပ်သွားလိုက်ပါ.. အောက်ပုံ..


ဒီသီချင်းဖိုင်လေးတွေ အတွက်တော့ Windows Media Player အိုင်ကွန်လေး မရှိသေးပါဘူး..။ ဒါကြောင့် ကျနော်တို့က အဲဒီဖိုင်လေးထဲမှာ ရောက်အောင် အောက်ကပုံမှာ မျှားပြထားတဲ့ နေရာကို တချက်ကလစ်လိုက်ပါ..။ 


အဲဒီနေရာမှာလည်း Windows Media Player မရှိသေးပါဘူး..။ အဲ့တော့ ကျနော်တို့က အောက်ကပုံ မျှားပြထားတဲ့နေရာ Browse ကနေ သွားယူပါမယ်..။ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..


Browse ကနေ သွားလိုက်ရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း (C:)>>Program Files>>Windows Media Player ဖိုင်ထဲကို ဝင်သွားလိုက်ပါ..။


Windows Media Player ဖိုင်ထဲကို ရောက်ရင် အောက်ကပုံမှာပြထားတဲ့ wmplayer ဖိုင်လေးကို တချက်ကလစ်ပြီး Open ကိုနှိပါ..။


ဒါဆိုရင် အောက်ကပုံလေးအတိုင်း Windows Media Player ပုံလေး Open with ဆိုတဲ့ ဘောက်စ်လေးထဲကို ရောက်လာပါပြီ..။ အခုရောက်လာတဲ့ Windows Media Player ပုံလေးကို တချက်ပြီး အောက်ကပုံလေးအတိုင်း လိုက်လုပ်သွားလိုက်ပါ..။



Apply>>Ok ပေးပြီးရင်တော့ အပေါ်ပုံမှာ Windows Media Player ပုံလေးတွေ အားလုံးဖြစ်ကုန်ပါပြီ..။ အဲဒီသီချင်းဖိုင်လေးတွေကို ၂ချက်တောက်လိုက်တာနဲ့ Windows Media Player နဲ့ သီချင်းတွေ ပွင့်လာပါလိမ့်မယ်..။ သီချင်းပါ တခါတည်း ဖွင့်ပြပြီး ဓါတ်ပုံရိုက်ပြပေးလိုက်ပါတယ်..။ အောက်ကပုံလေးပါ..။


ဒီလောက်ဆိုရင်တော့ ဒီနည်းနဲ့ Windows Media Player အဲရာကို ဖြေရှင်းလို့ ရလောက်ပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...။
ကိုလွင်မင်းဗိုလ်(နည်းပညာ) ဆိုဒ် မှ

Mozilla Firefox 15.0.1

မော်ဇီလာ နောက်ဆုံးထွက် update လေးပါ။

ဒီလင့်လေးကသွားပြီးဒေါင်းလိုက်ပါ။   

အပေါ်ကလင့်ကသွားရင် မော်ဇီလာ ပေ့ကိုရောက်သွားပါလိမ့်မည်။ရောက်ရင် အောက်က အနီရောင်နဲ့ ဝိုင်းပြထားတဲ့ Firefox free download ကိုနှိပ်ပြီးဒေါင်းလိုက်ပါ။

အဆင်ပြေကြပါစေ။

မိုဘိုင်း ဟန်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ

ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-


skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား  ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin  (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။




ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။
အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။


မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။


မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ  static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက်  လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။


မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။


ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်  မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
---
အောင်ခမ်း ( TechSpaceဂျာနယ် )
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio