Tuesday, 2 October 2012

မြင်းခွာရွက်အစွမ်း


မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာ မြန်မာတွေသာမကာ တခြားလူမျိုးတွေကပါ မှတ်ယူကြတယ်။ Sanskrit သင်္သကရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။ အများဆုံး Indian Pennywort လို့ ခေါ်တယ်။ နာမယ်တော့ India ပါ၊ လက်တွေ့မှာတော့ တရုပ်ပါ။ မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကနေ ၂ဝဝ၈ အောက်တိုဘာလအတွင်း ဆေးမြင်းခွာ ဝ ဒသမ ၅၅ တန် တဖက်နိုင်ငံကို တင်ပို့နိုင်ခဲ့တယ်လို့ ပါခဲ့တယ်။



မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။
1.    အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။
2.    အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။
3.    ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။
4.    အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။
5.    အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။
6.    အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ဝမ်းသက်၍ သလိပ်ကိုလည်း ပျောက်၏။
7.    အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
8.    အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။
9.    ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌သွေးပါခြင်းတို့ ပျောက်၏။
10.    အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။ အရွက်စိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်းစေ၏။
အရှေ့တိုင်းဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်ပိုင်း ပြောနိုင်တာက ရောဂါပိုးတွေကို နိုင်တယ်။ အနာကိုနိုင်တယ်။ သွေး-အာရုံကြော ကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။
ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ် အေးစေတဲ့ဆေးအဖြစ်သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ဝက်ရူးပြန်၊ Nervous debility အာရုံကြောမကောင်းတာ၊ Dyspepsia အစာမကျေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ဝမ်းကိုက်၊ Eczema နှင်းကူနာ၊ ရောဂါတွေအတွက် ပေးပါသတဲ့။
သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေပါသတဲ့။ ဒီစာဖတ်ပြီး မြင်းခွါရွက် ဈေးမတက်ပါစေနဲ့။ -
 Dr. တင့်ဆွေ (၃-၁ဝ-၂ဝ၁ဝ)

shared by >>>>http://natureenergycare.blogspot.com

Sunday, 30 September 2012

ဖုံး အလကား ပြောမယ်++ Aire Talk





Viber ကိုတော့ မြန်မာတွေ တော်တော်များများ သိကြပါတယ်။ Wifi Connection ရရင် Free SMS နဲ့ Free Voice Call တွေရတဲ့အတွက် ဖုံးဖိုးချွေတာလိုတဲ့ သူတွေအဖို့ အများကြီး အဆင်ပြေခဲ့ပါတယ်။
အဲ့ဒီအတွက်လည်း Viber ကို တော်တော်များများ အသုံးပြုလာကြပါတယ်။ ဖုံးပြောတာနဲ့ SMS အပြင် Viber က တခြား Feature တွေမပါတဲ့အတွက် အပြည့်စုံဆုံး App တစ်ခုေ
တာ့ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ Aire Talk: Free All in One Communication App အခုပြောပြမဲ့ App ကတော့ Viber ကဲ့သို့ Free Phone Call/Free SMS အပြင် Free Video Call, Walkie Talkie, Image Sharing, File Transfer အပြင် မိမိရောက်နေတဲ့ Location ကိုပါ သူငယ်ချင်းတွေအချင်းချင်း အပြန်အလှန် ပေးပို့ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ Feature တွေပိုမို စုံလင်တဲ့အပြင် Adv Free လဲ ဖြစ်ပါတယ်။ ကြော်ငြာတွေ မတွေ့ရပါဘူး။ http://youtu.be/y66D5ietlU0 Register Accout နဲ့ ဆက်သွယ်နိုင်သလို Facebook Account နဲ့လည်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ Android ဖုံးတွေအပြင် iOS Devices တွေမှာလည်း အသုံးပြုလို့ရတာကို တွေ့ရပါတယ်။ App ကတော့ Aire Talk လို့ခေါ်ပါတယ်။ Aire App ကို သွင်းထားတဲ့ Mobile ဖုံးအချင်းချင်း ဆက်သွယ်ပြောဆို ဝေမျှနိုင်မှာ ဖြစ်ပါတယ်။ Aire က ထွက်တာ သိပ်မကြာသေးတဲ့အတွက် မိမိမှာ ရှိတဲ့ Friend တွေ သုံးထားချင်မှ သုံးထားပါလိမ့်မယ်။ အကယ်လို့ မိမိအသုံးပြုရတာ လွယ်ကူရင် Invite လုပ်ပြီး အသုံးပြုကြဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ နှစ်ဦး နှစ်ဘက် App ကို သွင်းပြီးသွားပြီဆိုရင်တော့ ၁. ဖုံးပြောလို့ရပါမယ်။ Voice/Video ၂. SMS ပို့လို့ရပါမယ်။ ၃. Walki Talki လိုမျိုး ပြောလို့ရပါမယ်။ ၄.Voice Message ပို့လို့ရပါမယ်။ ၅. Photo တွေ ပို့လို့ရပါမယ်။ ၆. File တွေ ပို့လို့ရပါမယ်။ ၇. Location ကို Share လို့ရပါမယ်။ Internet Bandwidth အများကြီး မကောင်းရင်တောင် အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့ ပြောကြားထားပါတယ်။
By: TechSpace Journal

ခုနှစ်ရက်သားသမီးများအတွက် ( ၁.၁၀.၁၂) မှ ( ၇.၁၀.၁၂) ထိ၊ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
မိတ်ဆွေသစ်များရနေမည်။ အလုပ်တွင်လူပင်ပမ်းသော်လည်းစိတ်သက်သာစရာဖြစ်နေတတ်သည်။လုပ်သမျှအဆင်ပြေ
ချောမောေ နသည်။ ငွေဝင်သည်။ ကုန်စရာများတော့ဆက်တိုက်ဖြစ်နေတတ်သည်။ငွေအဖတ်မတင်ဖြစ်နေတတ်သည်။
တခါတခါမိမိလုပ်နေသောအလုပ်ကိုစိတ် ကုန်နေတတ်သည်။အလုပ်ပြောင်း ချင်စိတ်ပေါ်လာတတ်သည်။ အမိနိင်ငံသို့
ပြန်ချင်စိတ်လည်းဖြစ်နေတတ်သည်။ ပြန်ကိန်းမရှိသေးပါ။

ကျန်းမာရေး။ ကိုယ်ခန္ဓာကိုက်ခဲခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာစရာများနှင့်ပြည့်စုံနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီးစိတ် ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၉ ၇ ၆ )

တနင်္လာသားသမီးများ၏ကံကြမ္မာ
စိတ်ညစ်စရာများစိတ်ဆင်းရဲစရာများမရှိအောင် အစစအရာရာအဆင်ပြေနေပြီးစိတ်ချမ်းသာနေရမည်။ ရွှေဝင်ခြင်း၊
နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းများရောက်လာခြင်း၊ ဆွေမျိုးသားချင်းထဲမှနာရေးသတင်းကြားရတတ်ခြင်းများဖြစ်
တတ်သည်။ အလုပ်တွင်စိတ်တိုင်းမကျစရာဖြစ်နေတတ်သည်။ အထူးသဖြင့်လူမျိုးခြားများနှင့်စိတ်တိုင်းမကျဖြစ်နေ
တတ်သည်။ ၀င်ငွေများကောင်းနေသည်။ အပိုဝင်ငွေများရတတ်သည်။
ကျန်းမာရေး။ လက်မောင်းတွင်အကျိတ်အဖုပေါက်တတ်သည်။
အချစ်ရေး။ တယောက်တနေရာစီ နေရသောကြောင့် လွမ်းဆွတ်သတိရနေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မလကာသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ (  ၂ ၄ ၇ ၀ )


အင်္ဂါသားသမီးများ၏ကံကြမ္မာ
အလုပ်သစ်ရခြင်း၊ သို့သော်အလုပ်တွင်မတရားသလိုခံစားရသောကြောင့် အလုပ်ပြောင်းရန်စိတ်ကူးနေမိသည်။
မိမိကိုအကြောင်းမဲ့အထင်သေးခြင်းခံရခြင်း၊အများနှင့်တယောက်ဆိုသလိုမကောင်းပြောခံရခြင်းများနှင့်ကြုံ
နေရတတ်သည်။ ဘယ်နေရာရောက်ဘယ်ဒေသဘဲဖြစ်ဖြစ်ယခုအချိန်မှာစိတ်တိုင်းမကျစရာများတွေ့နေရတတ်
သည်။ အစစအရာသည်းခံပါ။ မိမိစိတ်လိုက်မာန်ပါမလုပ်ပါနှင့်။ အမှုအခင်း၊ အစစ်အဆေးခံရခြင်းများဖြစ်တတ်သည်။
သည်းခံနိုင်သမျှသည်းခံပြီးအေးအေးဆေးဆေးနေပါ။
ကျန်းမာရေး။ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ လက်ထပ်ရန်ပူဆာနေလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စပျက်သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၂ ၂ ၄ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
အိုးသစ်၊ အိမ်သစ်နေရာသစ်ပြောင်းရွှေ့ရတတ်သည်။ သောကြာနံပစ္စည်းများဝင်တတ်ခြင်း၊ အိမ်ခန်းပြုပြင်ရခြင်း၊
ရွှေအသစ်ဝင်ခြင်း၊ ထွက်ထားသောစက်ပစ္စည်းပြန်ဝင်ခြင်း၊ ဖုန်းပျက်ခြင်း၊ ကွန်ပြူတာထွက်ခြင်းဖြစ်တတ်သည်။
မြေအတွက်စကားပြောရခြင်း၊ခင်မင်သောမိတ်ဆွေများနှင့်စကားများပြီးလမ်းခွဲရခြင်းဖြစ်တတ်သည်။ ငွေများဝင်
သော်လည်း ငွေများအကြောင်းမဲ့ကုန်နေမည်။
ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သောသူနှင့်အဆင်မပြေဖြစ်နေလိမ့်မည်။ မကြာခင်အဆင်ပြေသွားမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိမ္မော်သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ (  ၄ ၂ ၄ ၃)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းဝင်ခြင်း၊ စာအုပ်စာပေ၀င်ခြင်း၊ စာအုပ်၊ စာရွက်စာတမ်းနှင့်ပတ်သက်ပြီး အစစအရာရာအဆင်ပြေချောမော
မည်။ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ ကျန်းမာရေးအတွက်ကြောင့် ဆွေမျိုးသားချင်းရောက်
လာတတ်သည်။ လူပင်ပမ်း၊ စိတ်ပင်ပမ်းခြင်းဖြစ်နေတတ်သည်။လုပ်ငန်းတိုးတက်နေမည်။ တိုးတက်ရန်လည်းဇွဲကောင်း
စွာ ကြိုးစားနေတတ်သည်။ လုပ်ငန်းတွင်အောင်မြင်သောသတင်းကောင်းကြားရမည်။
ကျန်းမာရေး။ ခန္ဓာကိုယ်ကိုက်ခဲနေမည်။
အချစ်ရေး။ စန်းပွင့်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၁ ၂ ၀ )

သောကြာသားသမီးများ၏ကံကြမ္မာ
မိမိအလုပ်တွင်နာမည်ကောင်းရနေမည်။ လုပ်ငန်းတိုးတက်နေမည်။ စိတ်အလိုမကျဖြစ်နေတတ်သည်။ မိမိရည်ရွယ်
ထားသောကိစ္စများနှောင်းနေသောကြောင့် စိတ်ညစ်နေတတ်သည်။ ၀င်ငွေကောင်းသော်လည်းကုန်စရာ များကုန်နေ
တတ်သည်။ မိမိသုံးနေသောလျှပ်စက်ပစ္စည်းပျက်သောကြောင့်ငွေကုန်ရတတ်သည်။မမျှော်လင့်ဘဲလူမျိုးခြား၏ကူညီ
မှုရတတ်သည်။ ဆုံးဖြတ်ရခက်သောကိစ္စများပေါ်လာတတ်သည်။သေချာစဉ်းစားဆုံးဖြတ်ပါ။
ကျန်းမာရေး။ အရေပြာတွင်ယားနာလေးများဖြစ်နေတတ်သည်။
အချစ်ရေး။ မမျှော်လင့်ဘဲဘ၀အတွက်လက်တွဲဖော်အဖြစ်တောင်းဆိုခြင်းခံရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သရက်သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၁ ၄ ၆ )
စနေသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်မပြီးပြတ်သောကိစ္စများဖြစ်နေတတ်သည်။ ပေးစရာများရစရာများနှင့်စာရင်းရှုတ်နေတတ်သည်။နောက်ဆုံး
တွင် အားလုံးအဆင်ပြေသွားပါလိမ့်မည်။ထိုအချိန်တွင်ဘ၀၏ကံအဆိုးဆုံးအချိန်ဖြစ်နေသည်။လောကဓံ၏မတရားညှင်း
ပမ်းခြင်းကိုခံစားနေရတတ်သည်။ ဘာသာရေးများများလုပ်ပြီးနေသင့်သည်။အလုပ်တွင်အကြပ်အတည်း၊အခက်အခဲများ
နှင့်ရင်ဆိုင်နေရတတ်သည်။ အမှုအခင်းဖြစ်တတ်သည်။မိမိဘက်ကမှန်ကန်ဖို့လိုအပ်သည်။
ကျန်းမာရေး။ စိတ်ထောင်ကိုယ်ကြေသလိုဖြစ်ပြီးစိတ်ဓါတ်ကျနေတတ်သည်။
အချစ်ရေး။ မိမိနားတွင် အားပေးဖေါ်ကောင်းရှိနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နှင်းသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၆ ၂)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီမှ ညနေ ၅း၀၀နာရီထိ
ဟောခန်း-နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်းမြို့
ကလန်းကားဂိတ်နှင့် Mydin Supermarket အနီး
ဖုန်း – +6016 6903 513, +6018 2250 510

Team Viewer 7.0 Fully Register (ဘာ Key မှ ထည့်စရာမလိုပါ)

TeamViewer အကြောင်းကိုတော့ အားလုံးသိကြမှာပါ ... ဒါလေးက Register လုပ်ပေးစရာမလိုတော့တဲ့ TeamViewer လေးမို့ ထပ်တင်ပေးလိုက်ပါတယ်... အသုံးပြုနည်း မသိသေးတဲ့ သူငယ်ချင်းများကတော့ဒီလင့်ကနေသွားပြီးဖတ်နိုင်ပါတယ်။




TeamViewer: Using this TeamViewer 7 can control computer from remote. Download it here free. TeamViewer 7 designed to perform through the internet and it does not need an external IP, only need 2 ID in TeamViewer. You are touring the country regardless. Access to desktops and to control a remote computer Also, you can transfer files, presentations can help your computer, chat, etc. established
A solution for all situations
While most competitors remote support, remote administration, training and sales (demand payment for them as ...) to offer different packages, TeamViewer is a universal solution for all situations: TeamViewer is a simple and collected all the modules in the package is truly affordable.
To serve a remote server administration
TeamViewer also to serve a remote computer and can be used to manage the server. Established as a system service, you reboot and reconnect to allow.
ဝင်းကမ္ဘာကျော်နည်းပညာမှတ်တမ်းမှ

ပဋ္ဌာန်း အဓိပ္ပါယ် ပဋ္ဌာန်း.pdf ပဌာန်း(ရောင်စုံ ရုပ်ပြ)

အောက်မှာပေးထားတဲ့ လင့်တွေ ကို  ကလစ်ပြီးတော့ ဒေါင်းလိုက်ပါ။ ဒေါင်းချင်တယ်ဆိုရင်ပေါ့လေ...

 ပဋ္ဌာန်း.pdf

ခင်မောင်အေး - ရောင်စုံရုပ်ပြပဋ္ဌာန်း ၂၄ ပစ္စည်း.pdf

အဆင်ပြေကြပါစေ........




မှဲ့ " ၏ ကောင်းကျိုး ဆိုးပြစ် များ

ယောက်ျားတို့၏ မှဲ့ တည်နေရာနှင့် အဟော-

၁) နဖူးပြင်တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍ အစွပ်အစွဲခံရတတ်၏။
အပူသောကများလိမ့်မည်။
မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာသည်ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခတွေပရတတ်ပါသည်။
(၂) ညာဘက်မျက်ခုံးမွေးပေါ်တွင်ရှိလျှင် ချမ်းသာတတ်ပါသည်။
ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။
လောကီစည်းစိမ်အဝဝကို သုံးဆောင်ခံစားရတတ်သည်။



(၃) ဘယ်ဘက်မျက်ခုံးမွေးပေါ်တွင် မှဲ့ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစားသမား ဖြစ်တတ်သည်။
လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ ချစ်ချင်စွဲလမ်းနှစ်သက်ပါသည်။

(၄) နှာခေါင်းတည့်တည့် (နှာသီးထိပ်ဖျား)တွင် မှဲ့ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတ အနုပညာရပ်များဖြင့် ထင်ရှား၍ အောင်မြင်ကျော်ကြား တတ်ပါသည်။


(၆) ဘယ်ဘက်မျက်ခမ်းအောက်နားတွင် မှဲ့ရှိလျှင် လူမုန်းများတတ်သည်။
အလုပ်လုပ်ကိုင်ရာတွင် အတိုက်အခံနှင့် ကြုံရတတ်သည်။
ငယ်စဉ်အခါက ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရလိမ့်မည်။
အချစ်ရေးတွင် စွန့်စားတတ်သည်။ တဇွတ်ထိုးလုပ်တတ်သည်။
ဇနီးမယားကို ချစ်ခင်သူဖြစ်မည်။
ဇနီးသည်၏ သြဇာလွှမ်းမိုးမှုကို ခံရတတ်ပါသည်။

၇) ညာဘက်ပါးမို့တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်းကို ခံရတတ်သည်။
မျက်နှာပွင့်လန်းတတ်ပါသည်။
လောကကို တရားသဘောဖြင့် ရှုမြင်တတ်သောသူ ဖြစ်သည်။
အသက်ကြီးရင့်လာလျှင် ရသေ ရဟန်း ပြုတတ်သည်။
အများအကျိုးဆောင်သည့် သာသနာပြုပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။

(၈) ဘယ်ဘက်ပါးပေါ်တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းမချောများ (သို့မဟတု) ထင်ရှားကျော်ကြားသော မိန်းမနှင့် အိမ်ထောင်ကျတတ်ပါသည်။
မိန်းမတို့၏ ချစ်ခင်စွဲခြင်းကို အထူးသဖြင့် ခံယူရတတ်ပါသည်။

(၉) ညာဘက်ပါးပြင်၌ အောက်ဘက်နားတွင် မှဲ့ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည်။
ဆင်းရပြင်ပန်းတတ်သည်။

(၁၀) ဘယ်ဘက်ပါးပြင်အောက်တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။
ဘယ်အလုပ်မဆို အောင်မြင်၍ နာမည်ကျော်ကြား တတ်ပါသည်။
(၁၁) မေးစေ့တည့်တည့်တွင် မှဲ့ရှိလျှင် ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြီးပွားချမ်းသာ တတ်ပါသည်။
သတင်းကောင်းဖြင့် ကျော်ကြားအောင်မြင်မည်။

(၁၂) မေးစေ့နားတဝိုက်တွင် ထင်ရှားသောမှဲ့ရှိလျှင် ဒုက္ခဆင်းရဲ အမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီး နောက်ဆုံးတွင် အောင်မြင်တတ်သည်။
ကမ္ဘာကျော်သည့်ပုဂ္ဂိုလ်ထူးများတွင်လည်း ပါရှိသည်။

(၁၃) မျက်ရည်စီးကျရာ လမ်းကြောင့်တည့်တည့် (ဝဲ,ယာ)တွင် မှဲ့ရှိလျှင် မယားဆုံးတတ်သည်။
(သို့မဟုတ်) အိမ်ထောင်ရေး ညံ့တတ်သည်။
စီးပွားရှာရာတွင် ပင်ပန်းတတ်ပါသည်။

(၁၄) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။
အလုပ်အကိုင် အကြံအစည် အောင်မြင်တတ်သည်။
ဆင်းရဲလျှင်လည်း တခဏတာဖြစ်၍ မမျှော်လင့် မထင်မှတ်သော အကြောင်းတခုခုဖြင့် ချမ်းသာတတ်ပါသည်။

(၁၅) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်,ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ်တန်းစားဘဝဖြင့် အဆင်ပြေတတ်သည်။
အလယ်အလတ်တန်း အဆင့်ဖြစ်လျှင် ဇောတိကသူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသောသူဌေး ဖြစ်တတ်ပါသည်။


(၁၆) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက်တွင် မှဲ့တလုံးစီ ရှိ၍ ရင်ဘတ်အလယ်တည့်တည့်တွင် မှဲ့တလုံး၊ ခါးနားတွင် မှဲ့တလုံး၊ ပါရှိခြင်းကို မှဲ့စလွယ်ဟု ခေါ်ဆိုသည်။
အသက်ရှည်၍ ဗဟုသုတ ဉာဏ်အမြော်အမြင် ကြီးမားသော ရှေးလူကြီးများ၊ ရသေ့ပညာရှိကြီးများ၏ အဆိုအမိန့်အရ ယောက်ျားတွင် မှဲ့စလွယ်ရှိခြင်းသည် ယခင်ဘဝဟောင်းက မင်းဖြစ်ခဲ့သူဖြစ်သည်ဟု အဆိုအမိန့်ရှိကြ၏။
မှဲ့စလွယ် ပါရှိသောသူသည် ဆင်းရဲဒုက္ခနှင့် မကြုံရဘဲ အဆင့်အတန်းမြင့်သည့် ဘဝမျိုးနှင့် နေနိုင်ရလိမ့်မည်။
လူအများ၏ ကြည်ညိုလေးစားခြင်းကို ခံ၇တတ်သည်။
ဇနီးမယားအပေါ်တွင် သြဇာညောင်း တတ်ပါသည်။

(၁၇) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင်တွင် မှဲ့ရှိလျှင် လျင်မြန်ဖျတ်လတ်သူ ဖြစ်တတ်သည်။
လူမှုရေးကိစ္စ အဝဝကို သိနားလည်ပြီး အကင်းပါးသူ ဖြစ်တတ်သည်။

(၁၈) တင်ပါး၏ ဘယ်ဘက် (သို့မဟတု) ညာဘက်တွင် မှဲ့ရှိလျှင် အရှက်အကြောက် အလွန်ကြီးတတ်ပါသည်။
စိတ်သဘောထား နုတတ်သည်။
ယောက်ျားဖြစ်ပါလျက်နှင့် တခါတရံတွင် မိန်းမဆန်သော အပြုအမူအနေအထိုင်များကို တွေ့ရတတ်သည်။



(၁၉) ခြေဖဝါးအလည်တည့်တည့်တွင် မှဲ့ရှိလျှင် တနေရာတည်းတွင် အတည်တကျနှေုမရဘဲ ခြေသလုံးအိမ်တိုင်ဘဝဖြင့် သွားလာနေထိုင်ရကာ ဘဝဆုံးပါးပျက်စီးတတ်ပါသည်။

(၂၀) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုးတွင် မှဲ့ များစွာ ပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည်။
(သို့မဟုတ်) လူဆိုး၊ ဓားပြ ဖြစ်တတ်ပါသည်။
တုတ်၊ ဓား၊ လှံ စသည့် လက်နက်ကိရိယာများကို ဆောင်ထားတတ်သည်။
တိုက်ခိုက်ရေးပညာများတွင်လည်း ဝါသနာပါ၍ ပညာရှင်ဖြစ်တတ်သည်။

(၂၁) ရင်ညွန့်တည့်တည့်တွင် ထင်ရှားသော မှဲ့ရှိလျှင် သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည်။
တရားဓမ္မ နှလုံးသွင်းတတ်သည်။
လောကီ သမထဈာန်တန်ခိုးဘက်သို့ လိုက်စားတတ်သည်။
သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများရ၍ ပေါက်မြောက်နိုင်သည်။

(၂၂) ညာဘက်လက်တွင် မှဲ့ပါရှိလျှင် ငွေကြေးကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည်။
ကပ်စေးနှဲသူ၊ မိမိကိုယ်ကျိုး တခုတည်းကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည်။

(၂၃) လက်ဖဝါးပြင်၏ ဘယ် ညာ နှစ်ဖက်စလုံး၏ အလယ်တည့်တည့်တွင် ထူးထူးခြားခြား မှဲ့အစိမ်းတလုံး ပါရှိလျှင် လူအများ၏ ကြည်ညိုလေးစားခြင်း ခံရသော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ဖြစ်တတ်ပါသည်။
ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက်ရှိသူဖြစ်သည်။
ဝိဇ္ဇာလမ်းသို့ လိုက်စားလျှင် ဆရာသမားကောင်းနှင့် တွေ့ပြီး သိဒ္ဓိရတတ်ပါသည်။
မိန်းမတို့ မှဲ့ အဟော- (၁) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသော လင်ယောက်ျားကို ရတတ်သည်။
အိမ်ထောင်ဆက် များတတ်သည်။
သားယောက်ျားများ ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည်။

(၂) ညာဘက်နားထင် မျက်ခုံး၏ အနီးအနားပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော ချမ်းသာတတ်ပါသည်။
အိုဇာတာ ကံကောင်းမည်။
မိမိသြဇာကို နာခံမည့် လင်ယောက်ျားအား ရတတ်သည်။
အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။
သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည်။

(၃) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည်။
ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။
မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။
အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည်။

(၄) ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည်။
တဖက်သားပြောလာသည့်စကားကိုမစဉ်းစားဘဲ အယုံလွယ်တတ်ပါသည်။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်းကို ခံရတတ်သည်။
၅) ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည်။ စန်းအလွန်ပွင့်တတ်သည်။
လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။
ကံကောင်းသူ ဖြစ်တတ်ပါသည်။

(၆) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည်။

(၇) ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်။

(၈) ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏စွန့်ပစ်ခြင်းကို ခံရတတ်သည်။
ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည်။
လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ်ပါသည်။

(၉) ရင်၏အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည်။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည်။
သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။



(၁၀) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည်။
ကတော်မယား ဖြစ်တတ်ပါသည်။
လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်။
မည်မျှဆိုးသွမ်းသော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်ပေတော့သတည်း။


Credit : ဂမ္ဘီရမဂ္ဂဇင်း

Desktop ပေါ်မှာ ပျံနေတဲ့ လူပျံတော် ကောင်မလေး ထားချင်လျှင်









သယ်ရင်းတို့ရေ ကျွှန်တော်လဲ ဟိုဝင်ဒီဝင်နဲ့ လျှောက်သွားရင်း တွေ့လာတာ ဘာရယ်တော့ဟုတ်ဖူး၊ အပျင်းပြေလေးကလိဖို့   လူပျံတော်ဆော့ဝဲလေးပါ ။သီချင်းလဲဆိုပြတယ်ဗျ... ဖိုင်ဆိုဒ်က 323kb ထဲပါ။
       လူပျံလေးတွေများများပေါ်ချင်ရင်တော့ honey  ကို click များများပေးပြီးဖွင့်ပေါ့။
အသံလေးခဏခဏ မြည်ချင်ရင် လူပျံလေးအပေါ် right click လုပ်ပြီး music ဆိုတာလေးကို click လိုက်ပါ... သီချင်းဆိုပြပါလိမ့်မယ် ။ 


စိတ်ဝင်စားရင် ကလိကြည့်လိုက်ဗျာ
 
 ဆော့ဝဲလေးကတော့
http://www.mediafire.com/?6dd2vh2xdvz7upg

Friday, 28 September 2012

မြန်မာ့ထုံးတမ်းစဉ်လာ လက်ထပ် ထိမ်းမြားခြင်း (၁၀) ပါး

မြန်မာနိုင်ငံတွင် သမားရိုးကျအစဉ်အလာအားဖြင့် မြန်မာထုံးတမ်းစဉ်လာ (၁၀)မျိုးဖြင့် လက်ထပ်ထိမ်းမြား ဆောင်ရွက်လေ့ ရှိကြပေသည်။ မိမိအဆင့်အတန်းအလိုက် ကြိုက်နှစ်သက်ရာ (၁)ပါးဖြစ်စေ၊ (၂)ပါးတွဲ၍ဖြစ်စေ၊ (၅)ပါးတွဲ၍ဖြစ်စေ၊ (၆)ပါးတွဲ၍ဖြစ်စေ ဆောင်ရွက်ခြင်းဖြင့် လက်ထပ်မင်္ဂလာမှုပြုလုပ်ကြပေသည်။
ထိုလက်ထပ်ခြင်း (၁၀)မျိုးတို့မှာ
၁။ ပုဆိုးတန်းတင်လက်ထပ်ခြင်း
ကုန်ကျငွေနည်းနည်းနှင့် လိုရင်းထိရောက်စေသော လက်ထပ်ခြင်းဖြစ်သည်။ သတို့သားဝတ်ဆင်သော ပုဆိုးအင်္ကျီတို့ကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်အရ သတို့သမီးနေထိုင်သော အခန်းအတွင်း၌ရှိသော ကြိုးတန်းပေါ်တွင် လွှားတင်ခြင်းဖြင့် ထိမ်းမြားခြင်း မင်္ဂလာကိစ္စအောင်မြင်စေသည်။

၂။ ထမင်းလက်ဆုံစားလက်ထပ်ခြင်း
ကုန်ကျငွေနည်းသော လက်ထပ်ခြင်းဖြစ်သည်။ သက်ဆိုင်သူ၊ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်အရ ထိုအကြိးအကဲတို့ ရှေ့မှောက်တွင် ထမင်း(သို့)ချိုချဉ်အာဟာရဖြစ်စေသော အစားအစာတစ်ခုခုတို့ကို မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးတို့ အတူတကွ လက်ဆုံစားခြင်းဖြင့် ထိမ်းမြားခြင်းမင်္ဂလာကိစ္စ အောင်မြင်စေသည်။
၃။ လက်စွပ်ချင်းလဲလက်ထပ်ခြင်း
မိဘ အုပ်ထိန်းသူ ခွင့်ပြုချက်အရ မင်္ဂလာသတို့သားလက်စွပ်အား မင်္ဂလာသတို့သမီးမှဝတ်၍ မင်္ဂလာသတို့သမီး၏ လက်စွပ်အား မင်္ဂလာသတို့သားမှ ၀တ်ခြင်းကို မိဘအကြိးအကဲတို့ရှေ့မှောက် ဆောင်ရွက်ခြင်းဖြင့် ထိမ်းမြားခြင်းမင်္ဂလာအောင်မြင်စေသည်။
၎။ သစ်ပင်ဓားထစ်လက်ထပ်ခြင်း
ကုန်ကျငွေအနည်းဆုံးလက်ထပ်ခြင်းဖြစ်ပေသည်။ သစ်ပင်ရှေ့တွင် တမင်းနှစ်ဆုပ်၊ လက်ဖက်နှစ်ပုံ ပုံ၍ သစ်ပင်ကိုစောင့်သော ရုက္ခစိုးနတ်မင်း၊ တောတောင်စောင့်နတ်မင်းများအား တိုင်တည်၍ မင်္ဂလာသတို့သားမှ သစ်ပင်ကို ဓားဖြင့်ထစ်ခြင်း၊ မင်္ဂလာသတို့သမီးမှ ထိုသစ်ပင်ကို ဓားဖြင့်ထစ်ခြင်းဖြင့် အကျွန်ုပ်တို့အား လင်မယားအဖြစ် အသိအမှတ်ပြုပါဟု သစ္စာဆိုတိုင်တည် ဆုတောင်းကာ ထိမ်းမြားမင်္ဂလာအောင်မြင်စေသည်။
၅။ လက်ထပ်၍ထိမ်းမြားခြင်း
မင်္ဂလာသတို့သားနှင့်မင်္ဂလာသတို့သမီးတို့ နှစ်ဘက်မိဘ အကြီးအကဲခွင့်ပြုချက်အရ လက်ခြင်းပူးကပ်စပ်နှော်နေဘိသကဲ့သို့ ချစ်ခြင်းမေတ္တာသည်လည်း ထာဝစဉ်ပူးကပ်စေသား။ လက်အတွဲမြဲသလို ချစ်ခြင်းမေတ္တာသည်လည်း မကွဲမကွာမြဲစေသတည်း။ လင်မယားအရာ မြောက်စေသတည်း ဆုတောင်းကာ ထိမ်းမြားမှုအောင်မြင်စေသည်။
၆။ ဒါလီဖွဲ့လက်ထပ်ခြင်း
ဒါလီမှာ ရွှေကြိုး၊ ရွှေဘယက်ဖြစ်ပါသည်။ ထိုဒါလီဆွဲကြိုးအား လူနှစ်ကိုယ်စာ ဆုံအောင် လုပ်ဆောင်ပြီးလျှင် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးနှစ်ယောက်လုံး၏ လည်ပင်းကို တပြိုင်နက်စွပ်ခြင်းအားဖြင့် ထိမ်းမြားမှုအောင်မြင်စေသည်။
၇။ ပန်းကုံးစွပ်လက်ထပ်ခြင်း
နှစ်ဘက်မိဘ သဘောတူခွင့်ပြုခြင်းကြောင့် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးတို့ကို တစ်ဦးစီ၏လည်၌ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်းဖြစ်သည်။
၈။ ရေစင်သွန်းလက်ထပ်ခြင်း
နှစ်ဘက်မိဘ သဘောတူခွင့်ပြုခြင်းကြောင့် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးတို့၏ ဦးထိပ်တွင် ခေါင်းကို နံ့သာရည်တို့ဖြင့် လက်ယာရစ် ခရုသင်းတွင်ထည့်ပြီး သွန်းလောင်းဖျန်းပက်လက်ထပ်ခြင်းဖြစ်သည်။
၉။ စုလျားရစ်ပတ်လက်ထပ်ခြင်း
နှစ်ဘက်မိဘ သဘောတူခွင့်ပြုခြင်းကြောင့် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သား၏ လက်ယာလက်နှင့် မင်္ဂလာသတို့သမီး၏ လက်ယာအပေါ်တင်၍ စုလျားခေါ် တဘက်အဖြူရောင်ဝတ်ဖြင့် ချည်နှောင်ရစ်ပတ်၍ လက်ထပ်ခြင်းဖြစ်သည်။
၁၀။ ရေခွက်ထဲလက်ဆုံချ ရေစင်သွင်းလက်ထပ်ခြင်း
နှစ်ဘက်မိဘ သဘောတူခွင့်ပြုခြင်းကြောင့် မင်္ဂလာဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ဇနီးမောင်နှံမှ မင်္ဂလာသတို့သားလက်ယာလက်နှင့် မင်္ဂလာသတို့သမီးလက်ယာ လက်တို့ကို မင်္ဂလာငွေဖလားထဲတွင် နှင်းဆီပန်း၊ စံပယ်ပန်း၊ ဇွန်ပန်း၊ ကန့်ကော်ပန်းတို့ကို ရေနှင့်အတူထည့်ထားပြီး ထိုမင်္ဂလာလက်ယာရစ် ခရုသင်းဖြင့် ရေစင်သွန်းလောင်း၍ ဩဒတပတ္တပါဏီ၊ ဂါထာမန္တာန်ရွက်ဖတ်၍ လက်ထပ်ထိမ်းမြားခြင်းဖြစ်သည်။
မင်္ဂလာအမှုပြုရာတွင် ဘုရားအမှူးပြုသော ရဟန်းသံဃာများကို မိမိတတ်နိုင်သလောက် ရဟန်းအပါးအရေအတွက်တို့ကို အိမ်သို့ပင့်၍ မင်္ဂလာဆွမ်းကပ်ရာသည်။ မင်္ဂလာသင်္ကန်းလည်းကပ်နိုင်သည်။

ကဲ....သူငယ်ချင်းတို့ရော ဘယ်လို မင်္ဂလာမျိုးနဲ့ လက်ထပ်ကြမှာလဲ ဒီသီတင်းကျွတ်မှာ ဖိတ်လိုက်အုံးနော်………:)
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio