Friday, 26 October 2012
ဘလော့ပြုလုပ်နည်း စာအုပ်လေးတွေ ပြန်တင်ပေးလိုက် ပါတယ် :)
ကျွန်တော် အရင်တင်ထားတဲ့ ဘလော့လုပ်နည်း စာအုပ်နှစ်အုပ်က လင့်သေသွားလို့  အခု အရင်တင်ထားတဲ့လင့်က စာအုပ်တော့မဟုတ်ဘူးပေါ့...ကိုအာကာဖြိုးရဲ့  ဘလော့အလှဆင်နည်းစာအုပ်ရယ်..ကိုနေမင်းမောင်ရဲ့ ဘလော့ဆိုဒ်ပြုလုပ်နည်းစာအုပ်ရယ်ပါ။လိုအပ်သူများ ယူသွားကြပေါ့နော်
ကိုနေမင်းမောင်ရဲ့ဘလော့ပြုလုပ်နည်းစာအုပ်ဒေါင်းရန်
ကိုအာကာဖြိုးရဲ့ဘလော့အလှဆင်နည်းစာအုပ်ဒေါင်းရန်
ဘလော့တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့်  Prewiew Docs
ဘလော့လုပ်နည်းစာအုပ် (စေတန်ဂေါ့)  Prewiew Docs
အဆင်ပြေကြပါစေ...
Box ဝက်ဆိုဒ် (သို့ မဟုတ်) ဖိုင်၊သီချင်း၊ဆော့ဝဲလ် တွေ သိမ်းဆည်းလို့ ရတဲ့နေရာ
သူငယ်ချင်းတို့ ရဲ့ ဖိုင်တွေ၊သီချင်းတွေ၊ဗွီဒီယိုတွေ ..အစရှိသည်တို့ ကို အွန်လိုင်းပေါ်မှာ သိမ်းဆည်းထားနိုင်တဲ့ဝက်ဆိုဒ်လေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်လို့ ပါ။
သိမ်းဆည်းနိုင်တဲ့ ဖိုင် ပမာဏ ကတော့ 5GB ထဲပါ။
ထုံးစံအတိုင်းပေါ့ သိပြီးသား ညီအစ်ကိုမောင်နှမ များက ကျော်သွားကြပါ...ကျွန်တော့်လို မသိသေးတဲ့ ညီအစ်ကိုမောင်နှမတွေ အတွက်ရည်ရွယ်ပါတယ်။
ပထမဦးဆုံး ဒီနေရာလေးကနေသွားလိုက်ပါ။
Register လုပ်ဖို့ လိုပါတယ်။ Register လုပ်ဖို့ အတွက် Sign Up ကိုနှိပ်လိုက်ပါ။
ပြီးရင် Personal အောက်နားမှာရှိတဲ့ Sign Up Now ကို ဆက်ကလစ်ပေးပါ။
ဖြည့်ရမဲ့နေရာလေးတွေမှာဖြည့်ပြီး Continue ကို ဆက်နှိပ်ပေးပါ။
အောက်ကပုံလေးတွေ အတိုင်းဆက်ကြည့်သွားလိုက်ကြပါ။
အဲ...စာပါရေးမှ.....တစ်ခါ အပြောခံထားဖူးလို့  ကြောက်၏။
Select a Box plan: အောက်ရှိ Personal ရှေ့က အဝိုင်းတွင် မောက်စ်နှင့်ကလစ်ပြီး အစက်လေးထည့်ပေးလိုက်ပါ။ထည့်ပြီးသားဆိုရင်တော့မထည့်ပေးနဲ့ ပေါ့လေ။
ဒါဆိုရင် မိမိ အကောက်ဖောက်တာ အောင်မြင်သွားပါပြီ။ မိမိအကောက်ကို Verify လုပ်ဖို့ အတွက် မိမိ ဂျီမေးလ်ကို ပြန်ဖွင့်ပြီး Box က ပို့ ထားတဲ့ မေးလ်ကို ဖွင့်၍ သူပေးထားသော လင့် (သို့ မဟုတ်)Verify Your Email ကို ကလစ်ပြီး activate လုပ်လိုက်ပါ။
အောက်ကပုံကတော့ Verify လုပ်ပြီးသွားရင် ပေါ်လာမဲ့ပုံပါ။ပုံထဲရှိ Log in and Get Started ကိုကလစ်ပြီးဆက်သွားလိုက်ပါ။Welcome to Box ဆိုပြီး Box တစ်ခု တက်လာပါလိမ့်မည်။ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ် လေးကို ကလစ်ပြီး ပိတ်လိုက်ပါ။
Upload ကို နှိပ်ပြီးတော့ မိမိ တင်ချင်သော ဆော့ဝဲလ်၊သီချင်း၊ဓါတ်ပုံ အစရှိသည်တို့ ကို 5GB မပြည့်မချင်းတင်နိုင်ပါပြီ။
Upload ကို နှိပ်ပြီး လျှင် File Upload ဆိုပြီး Box တစ်ခုကျလာပါလိမ့်မည်။မိမိတင်ချင်သော ဖိုင်ရှိသောနေရာ သို့ သွားပြီး ရွေးပြီးလျှင် အောက်ခြေမှာရှိသော Open ကို နှိပ်ပါ။
Open ကိုနှိပ်လိုက်ရင် Upload Files ဆိုပြီး Box တစ်ခုကျလာပါလိမ့်မည်။ထပ်ပြီးတော့ ဖိုင်တွေ တင်ချင်သေးရင် +Add more files ကို ကလစ်ပြီးတင်ပါ။ ပြီးလျှင် အောက်ခြေမှာရှိတဲ့ Upload ကို နှိပ်လိုက်ပါ။
အောက်ကပုံကတော့ Upload လုပ်နေတဲ့ပုံပါ။ Upload လုပ်ပြီးတဲ့အထိ စောင့်လိုက်ပါ။:P
အောက်ကပုံကတော့ Upload လုပ်တာပြီးသွားရင် ပေါ်မဲ့ပုံပါ။ မိမိတင်လိုက်သော ဆော့ဝဲလ် ကို ပြန်ရှယ်ချင်လျှင် Share ကို နှိပ်ပါ။
ထိုအခါ Link to this file ဆိုသော စာတန်းရဲ့ ညာဘက်ရှိ အကွက်ထဲတွင် မိမိ တင်ထားသော ဆော့ဝဲလ်ရဲ့လင့်ပေါ်လာပါလိမ့်မည်။ထိုလင့်ကို ကူးပါ။မိမိတင်မည့်ဆိုဒ်၊ဘလော့စပေါ့ အစရှိသည့်နေရာတို့ တွက် ပို့ စ်တင်သည့်နေရာတွင် Link ဆိုတာရှိပါသည်။ Link ကို နှိပ်ပြီး Link URL နေရာမှာ မိမိ Copy ကူးထားတဲ့လင့်ကို ထည့်ပြီး Link TEXT နေရာမှာ “ဒီနေရာမှာဒေါင်းပါ“ “ဒီကိုသွားပြီးဒေါင်းပါ“  အစရှိသဖြင့်ရေးပြီး မျှဝေနိုင်ပါတယ်။
အဆင်ပြေကြပါစေ.......
Thursday, 25 October 2012
မလေးရှားတွင် ကားတိုက်ခံရပြီး အတိတ်မေ့နေသူ မိန်းကလေး(ဒီသတင်းကို နီးစပ်ရာ မလေးရှားရောက် ရွှေညီကို မိတ်ဆွေများ သူငယ်ချင်းများ အားလုံး Share ပေးကြပါရန် ............)
(ကပုန်း၊အောက်တိုဘာ၂၄) ဖော်ပြပါ ဓာတ်ပုံပိုင်ရှင်သည် မြန်မာ မိန်းကလေး တစ်ဦးဖြစ်ပြီး ၂၇.၉.၂၀၁၂ နေ့ မလေးရှားနိုင်ငံတွင် ကားတိုက်ခံရပြီး ဦးခေါင်းတွင် ဒါဏ်ရာအပြင်းအထန် ခံစားနေရသော အတိတ်မေ့နေသူ အမည်မသိ မိန်းကလေး တစ်ဦး၏ ဓါတ်ပုံဖြစ်ပါသည်။
ယခုလက်ရှိ စွန်ဂိုင်းဘလို့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေလျက်ရှိပြီး ဓာတ်ပုံပိုင်
ရှင်၏ ညီအစ်ကို မောင်နှမ မိသားစုများနှင့် အဆက်အသွယ် ရရှိရေးအတွက် ကပုန်း(၇)ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှ မေးမြန်းစုံစမ်း ကူညီပေးနေကြောင်း သိရှိရပြီး အသေးစိပ် အချက်အလက် များကို အောက်ပါ ဖုန်းနံပတ်များသို့ ဆက်သွယ် ကူညီပေးနိုင်ကြောင်း သိရှိရပါသည်။
ဓာတ်ပုံပိုင်ရှင်နှင့် သိသူများ ကျေးဇူးပြု၍ ဆက်သွယ်ပေးကြပါ။ ဒီသတင်းကို နီးစပ်ရာ မလေးရှားရောက် ရွှေညီကို မိတ်ဆွေများ သူငယ်ချင်းများ အားလုံး Share ပေးကြပါရန် အကူအညီ တောင်းခံ အပ်ပါသည်။
ကပုန်း(၇)ရက်သားသမီး နာရေးကူညီမှု အသင်း (မလေးရှား) ဖုန်း ၊ ၀၁၆ ၆၅၇ ၇၉၀၃ - ၀၁၂ ၃၅၂ ၈၃၂၆ - ၀၁၀ ၇၇၁ ၇၉၄၉
ref;online radio media
Wednesday, 24 October 2012
FastStone Capture v7.3 Final | 2.40 MB
Desktop ပေါ်မှာကိုယ်လုပ်ဆောင်ချက်မှန်သမျှကို Screenshot ဖမ်းမယ်..ဒါမှမဟုတ် လုပ်ဆောင်ချက်တွေကို
ကိုယ့်စကားသံ ၊ သီချင်းသံတွေနဲ့Video မှတ်တမ်းတင်ချင်တယ်ဆိုရင်တော့ ဒီကောင်လေးသုံးလိုက်ပါ.
Resize, crop, rotate, sharpen, brighten, adjust colors,watermarks
Save in BMP, GIF, JPEG, PCX, PNG, TGA, TIFF and PDF formats
   အဆင်ပြေကြပါစေ..
ref-ဇွဲကပင်မြေ 
Vtok - Google VideoChat (Beta) For Android
ကျွန်တော် တို့  android ဖုန်းတွေမှာပါတဲ့ ဂျီတော့ က ဖုန်းပြောလို့ မရပါဘူး...ဖုန်းပြောချင်ရင် ဒီဆော့ဝဲလ်လေးကို သုံးသင့်တယ်လို့ အကြံပြုပါရစေ...မိမိဖုန်းမှာ ဒီ Vtok ဆော့ဝဲလ်ထည့်ထားရုံနှင့် တစ်ဖက်က ကွန်ပျူတာ နှင့် ဂျီတော့ သုံးနေသူထံသို့  ဖုန်း (သို့ မဟုတ်) ဗွီဒီယို Call ဖရီးခေါ်နိုင်ပါသည်။
စမ်းသပ်ကလိသုံးစွဲချင်ရင်
Google play store မှဒေါင်းရန် (For Android)
အိုင်ဖုန်းအတွက်ဒေါင်းရန်လင့်(For iPhone)
အဆင်ပြေကြပါစေ....အခုလောလောဆယ်တော့ ဖိုင်တွေကို ကိုယ်တိုင် Upload မတင်နိုင်သေးလို့ ...လင့်တွေပဲ ညွှန်းနေတာပါ။အဆင်မပြေရင်လည်း ကွန်မက်မှာ ဖြစ်ဖြစ်..ချက်ဘောက်မှာဖြစ်ဖြစ် ပြောခဲ့ပေးပါ။
SMS For MM (မြန်မာ SMS) for Android
Android ဖုန်းတွေမှာ မြန်မာစာသွင်းထားစရာမလိုဘဲ တစ်ဖက်ဖုန်းကနေမြန်မာလိုပို့လာတဲ့ Message တွေကိုမြန်မာလိုမြင်နိုင်၊မြန်မာလိုပြန်ရိုက်နိုင်တဲ့ Message application လေးဖြစ်တဲ့ SMS for MM (မြန်မာ SMS) for Android ကိုတင်ပေးလိုက်ပါတယ်။ Message တွေကို မြန်မာစာမလိုဘဲ မြန်မာလိုဖတ်ရှုနိုင်သလို ၊ message ၀င်လာတဲ့အခါမှာလည်း Pop-up Window လေးနဲ့ Message ကိုဖတ်ရှုနိုင်ဦးမှာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုဖို့ ဖုန်းကို root လုပ်ထားစရာလည်းမလိုပါဘူး ။ ဒီဆော့ဝဲလေးထဲမှာ မြန်မာစာရိုက်ဖို့ကတော့ Frozen Keyboard လိုမြန်မာစာကီးဘုတ်တစ်ခုခု ဖုန်းထဲမှာသွင်းထားရမှာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကို Android Developer ‘Ko Joe Win’ ကရေးသားထားတာဖြစ်ပါတယ်။ SMS for MM ကိုအောက်က link မှာရယူနိုင်ပါတယ်။
SMS For MM (မြန်မာ SMS) for Android အားရယူရန်
ref;Myanmar Mobile Application Store  မှ
မြန်မာ စစ်တုရင် ကစားမယ်
ကျနော်တို့  မြန်မာတွေ ယခုအခါ အွန်လိုင်းတွင် မြန်မာစစ်တုရင်ဂိမ်းကိုဆော့လို့  ရနေပါပြီ။ ဒီဂိမ်းလေးကိုတော့ Total GamePlay Studio ကနေပြီးတော့ ထုတ်လုပ်ပေးထားတာပါ။ မြန်မာစစ်တုရင်ဆိုတာကိုတော့ ကျနော်မဆော့ဘူးပါဘူး။ နိုင်ငံခြား စစ်တုရင်နဲ့  တော့ဆင်တူမလား မတူဘူးလား မပြောတတ်ပါဘူး။
ပြီးတော့ အဲဒီ စစ်တုရင် အွန်လိုင်းဂိမ်းကို နေ့စဉ် ဝင်ရောက်မယ်ဆိုရင် နေ့စဉ် ကံစမ်းမဲ အစီအစဉ်မှာ ပါဝင်ခွင့် ရမှာ ဖြစ်တယ်လို့  သိရပါတယ်။ တနေ့တခါ ကံစမ်းခွင့်ရှိပြီး၊ နေ့တိုင်း မပျက်မကွက် ဝင်မယ်ဆိုရင် နေ့စဉ် ဆတိုးကိန်း တိုးသွားမှာ ဖြစ်ပါတယ်။ ဂိမ်းကတော့ အခုမှ စတင်ပြုလုပ်ထားတာဖြစ်ပြီး Beta အဆင့်ပဲရှိသေးကြောင်း သိရပါတယ်။
အကယ်၍ မြန်မာ စစ်တုရင် ဂိမ်းကို အပျင်းပြေဘဲဖြစ်ဖြစ်၊ စိတ်ပါဝင်စားလို့  ပဲဖြစ်ဖြစ် ကစားချင်တယ်ဆိုလျှင်တော့ အောက်ပါ လင့်ခ်မှာ ၀င်ရောက်၍ ကစားလို့ ရပါတယ်။
http://www.sittuyin.com/
 ref:zwekapinmyae
Monday, 22 October 2012
KakaoTalk Free Calls&Text For Android,iphone and Blackberry
Android ဖုန်းအတွက် အင်တာနက်(သို့ မဟုတ်) ဝိုင်ဖိုင် ကွန်နက်ရှင် ရှိယုံနဲ့  ....ဒီဆော့ဝဲလ်ထည့်ထားတဲ့ ဖုန်းအချင်းချင်း Free ပြောနိုင်တဲ့ ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ။ ဓါတ်ပုံ၊ဗွီဒီယိုတွေကိုလည်း အပြန်အလှန် Share နိုင်ပါတယ်။မက်ဆေ့ခ်ျ ပို့ ဖို့ အတွက်လည်း Line ဆော့ဝဲလ်လိုပဲ Animation တွေ စုံပါတယ်...
စမ်းသပ်ကလိသုံးစွဲချင်ရင်.....
Google Play မှဒေါင်းရန်(For Android)
မူရင်းဝက်ဆိုဒ်မှ ဒေါင်းရန်(For Android)
အိုင်ဖုန်းအတွက်ဒီလင့်ကနေသွားပြီးဒေါင်းပါ။(For iphone)
blackberryဖုန်းအတွက်ဒေါင်းရန်(For Blackberry)
အဆင်ပြေကြပါစေ...
Related Posts Plugin for WordPress, Blogger...
Like ခြင်းဖြင့် အားပေးပါ :)
mumcradio