Saturday, 27 October 2012
သံဃာတော်တစ်ပါး အကြိတ်ခွဲစိတ်ရန် လိုအပ်နေပါသဖြင့် ကုသိုလ်ပြုနိုင်ကြစေရန် အတွက် မိတ်ဆွေများ မျှဝေပေးစေချင်ပါသည်။
စစ်ကိုင်းမြို့နယ်၊ မယ်ဇလီချောင်းကျေးရွာမှ ဆရာတော်ကြီးသည် လွန်ခဲ့သော (၂)နှစ်ခန့်က ပါးမှာ အကျိတ်သေးသေးလေးထွက်ရာမှ ယခုအခါ ပုံမှာမြင်ရသည့်အတိုင်း အကျိတ်ကြီးရှေ့မှာတစ်ခု နောက်စေ့မှာတစ်ခု ဖြစ်လျက်ရှိပါသည် ။
ဘ၀အလင်းမှလည်း တတ်စွမ်းသမျှပံ့ပိုးကူညီသွားဘို့ ဆုံးဖြတ်ထားပါသည် ။သို့ပါသော်လည်း နည်းပညာအကူအညီ လိုအပ်လျက်ရှိပါသည် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ပါက ဘ၀အလင်းသို့ ဆက်သွယ်ပေးကြပါရန်နှင့်ငွေ ကြေးပါဝင်လှူဒါန်းလိုပါကလည်း ထည့်ဝင်လှူဒါန်းနိုင်ပါသည်။ ဘ၀အလင်းဆရာတော် 09-2035936
(မောင်ကျောက်ခဲ အဖွဲ့)
အေးချမ်းမွန်မှ shannews တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :shannews
မိမိကြိုက်နှစ်သက်သော ဝက်ဆိုဒ်ကို Desktop ပေါ်မှာ Shortcut လေးလုပ်ပြီး အမြန်သွားချင်ရင် :)
မိမိကြိုက်နှစ်သက်တဲ့ ဝက်ဆိုဒ်တွေ ကို Desktop ပေါ်မှာ shortcut လေးလုပ်ပြီး အမြန် သွားလို့ ရအောင်လုပ်နည်းလေးပါ။ကျွန်တော်တို့  ဝက်ဆိုဒ်တစ်ခု ဖွင့်မယ်ဆိုရင် ဘရိုဇာကို အရင်ဖွင့်ရပါတယ်..ပြီးရင် ဝင်ချင်တဲ့ ဝက်ဆိုဒ် နာမည် (သို့ )လင့်ကို ရိုက်ရပါတယ်...Enter ခေါက် (သို့ ) Search ကို မောက်စ် နှင့်ကလစ်ရပါတယ်။အဲ့လို ဆို အချိန်လည်းကြာပါတယ်...ပင်လည်းပင်ပန်းတာပေါ့နော်။ဒါကြောင့် Desktop ပေါ်မှာ မိမိသွားချင်တဲ့လင့်ကို Shortcut လေးလုပ်ပြီး ထားလိုက်ရင် အဲ့ ဒုက္ခတွေက ကင်းသွားမယ်ထင်ပါတယ်။ :P  { Bookmark လုပ်ပြီးမှတ်ထားလို့ တော့ရပါတယ်..ဒါပေမဲ့ Bookmark လုပ်ပြီး မှတ်ထားတာ များရင်လည်း ဘရိုဇာတွေအလုပ်လုပ်တာလေးသွားတတ်ပါတယ်...(Complain တက်မှာဆိုးလို့ ကြိုတင်ဖြေရှင်းခြင်း) :) }
သိပြီးသားသူတွေကတော့ ကျော်သွားကြပါ။မသိသေးတဲ့ညီအစ်ကို မောင်နှမ များအတွက် ရည်ရွယ်ပါတယ်။
ပထမဦးဆုံး Desktop ပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့အထဲက New ကိုကလစ် ပြီးရင် Shortcut ကိုဆက်ကလစ်လိုက်ပါ။
ပြီးရင် ပေါ်လာသော Box တစ်ခုကျလာပါလိမ့်မည်။ကျလာသော Box ထဲမှ Type the location of the item: အောက်ရှိ အကွက်ထဲတွင် မိမိ ထည့်ချင်သော ဝက်ဆိုဒ်ရဲ့လင့်ကို ထည့်ပေးပါ။ပြီးရင် Next ကို နှိပ်ပါ။
ပြီးရင် Create Shortcut ဟူသော Box တစ်ခုကျလာပါလိမ့်မည်။ထို Box ထဲရှိ Type a name for this shortcut: အောက်ရှိ အကွက်ထဲတွင်ရှိသော New Internet Shortcut ကို ဖျက်ပြီး မိမိ မှတ်လိုသော နာမည် နှင့် မှတ်ပါ(မြန်မာလိုတော့မရပါ)။ပြီးရင် Finish ကို နှိပ်ပါ။မိမိပေးလိုက်သော နာမည်အတိုင်း Desktop ပေါ်တွင် ပေါ်ပါလိမ့်မည်။
ကျွန်တော်က goldenmyanmarparadise လို့ ပေးလိုက်တော့ Desktop ပေါ်မှာ goldenmyanmarparadise လို့ ပေါ်နေတာပါ shortcut လေးက :)
ထို Shortcut လေးကို ကလစ်ပြီး မိမိ မှတ်ထားတဲ့ ဆိုဒ်ကို ဂူဂဲလ် မှာ ရိုက်ရှာစရာမလို ဘရိုဇာ ဖွင့်စရာမလို ပဲ အလျင်အမြန် ဖွင့်နိုင် သွားနိုင်ပါကြောင်း (ကွန်နက်ရှင် မကောင်းရင်တော့ မသိ :P )
အဆင်ပြေကြပါစေ.....
ဂျောက်ဂျက်-တိုင်းသိပြည်သိ
Friday, 26 October 2012
ဘလော့ပြုလုပ်နည်း စာအုပ်လေးတွေ ပြန်တင်ပေးလိုက် ပါတယ် :)
ကျွန်တော် အရင်တင်ထားတဲ့ ဘလော့လုပ်နည်း စာအုပ်နှစ်အုပ်က လင့်သေသွားလို့  အခု အရင်တင်ထားတဲ့လင့်က စာအုပ်တော့မဟုတ်ဘူးပေါ့...ကိုအာကာဖြိုးရဲ့  ဘလော့အလှဆင်နည်းစာအုပ်ရယ်..ကိုနေမင်းမောင်ရဲ့ ဘလော့ဆိုဒ်ပြုလုပ်နည်းစာအုပ်ရယ်ပါ။လိုအပ်သူများ ယူသွားကြပေါ့နော်
ကိုနေမင်းမောင်ရဲ့ဘလော့ပြုလုပ်နည်းစာအုပ်ဒေါင်းရန်
ကိုအာကာဖြိုးရဲ့ဘလော့အလှဆင်နည်းစာအုပ်ဒေါင်းရန်
ဘလော့တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့်  Prewiew Docs
ဘလော့လုပ်နည်းစာအုပ် (စေတန်ဂေါ့)  Prewiew Docs
အဆင်ပြေကြပါစေ...
Box ဝက်ဆိုဒ် (သို့ မဟုတ်) ဖိုင်၊သီချင်း၊ဆော့ဝဲလ် တွေ သိမ်းဆည်းလို့ ရတဲ့နေရာ
သူငယ်ချင်းတို့ ရဲ့ ဖိုင်တွေ၊သီချင်းတွေ၊ဗွီဒီယိုတွေ ..အစရှိသည်တို့ ကို အွန်လိုင်းပေါ်မှာ သိမ်းဆည်းထားနိုင်တဲ့ဝက်ဆိုဒ်လေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်လို့ ပါ။
သိမ်းဆည်းနိုင်တဲ့ ဖိုင် ပမာဏ ကတော့ 5GB ထဲပါ။
ထုံးစံအတိုင်းပေါ့ သိပြီးသား ညီအစ်ကိုမောင်နှမ များက ကျော်သွားကြပါ...ကျွန်တော့်လို မသိသေးတဲ့ ညီအစ်ကိုမောင်နှမတွေ အတွက်ရည်ရွယ်ပါတယ်။
ပထမဦးဆုံး ဒီနေရာလေးကနေသွားလိုက်ပါ။
Register လုပ်ဖို့ လိုပါတယ်။ Register လုပ်ဖို့ အတွက် Sign Up ကိုနှိပ်လိုက်ပါ။
ပြီးရင် Personal အောက်နားမှာရှိတဲ့ Sign Up Now ကို ဆက်ကလစ်ပေးပါ။
ဖြည့်ရမဲ့နေရာလေးတွေမှာဖြည့်ပြီး Continue ကို ဆက်နှိပ်ပေးပါ။
အောက်ကပုံလေးတွေ အတိုင်းဆက်ကြည့်သွားလိုက်ကြပါ။
အဲ...စာပါရေးမှ.....တစ်ခါ အပြောခံထားဖူးလို့  ကြောက်၏။
Select a Box plan: အောက်ရှိ Personal ရှေ့က အဝိုင်းတွင် မောက်စ်နှင့်ကလစ်ပြီး အစက်လေးထည့်ပေးလိုက်ပါ။ထည့်ပြီးသားဆိုရင်တော့မထည့်ပေးနဲ့ ပေါ့လေ။
ဒါဆိုရင် မိမိ အကောက်ဖောက်တာ အောင်မြင်သွားပါပြီ။ မိမိအကောက်ကို Verify လုပ်ဖို့ အတွက် မိမိ ဂျီမေးလ်ကို ပြန်ဖွင့်ပြီး Box က ပို့ ထားတဲ့ မေးလ်ကို ဖွင့်၍ သူပေးထားသော လင့် (သို့ မဟုတ်)Verify Your Email ကို ကလစ်ပြီး activate လုပ်လိုက်ပါ။
အောက်ကပုံကတော့ Verify လုပ်ပြီးသွားရင် ပေါ်လာမဲ့ပုံပါ။ပုံထဲရှိ Log in and Get Started ကိုကလစ်ပြီးဆက်သွားလိုက်ပါ။Welcome to Box ဆိုပြီး Box တစ်ခု တက်လာပါလိမ့်မည်။ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ် လေးကို ကလစ်ပြီး ပိတ်လိုက်ပါ။
Upload ကို နှိပ်ပြီးတော့ မိမိ တင်ချင်သော ဆော့ဝဲလ်၊သီချင်း၊ဓါတ်ပုံ အစရှိသည်တို့ ကို 5GB မပြည့်မချင်းတင်နိုင်ပါပြီ။
Upload ကို နှိပ်ပြီး လျှင် File Upload ဆိုပြီး Box တစ်ခုကျလာပါလိမ့်မည်။မိမိတင်ချင်သော ဖိုင်ရှိသောနေရာ သို့ သွားပြီး ရွေးပြီးလျှင် အောက်ခြေမှာရှိသော Open ကို နှိပ်ပါ။
Open ကိုနှိပ်လိုက်ရင် Upload Files ဆိုပြီး Box တစ်ခုကျလာပါလိမ့်မည်။ထပ်ပြီးတော့ ဖိုင်တွေ တင်ချင်သေးရင် +Add more files ကို ကလစ်ပြီးတင်ပါ။ ပြီးလျှင် အောက်ခြေမှာရှိတဲ့ Upload ကို နှိပ်လိုက်ပါ။
အောက်ကပုံကတော့ Upload လုပ်နေတဲ့ပုံပါ။ Upload လုပ်ပြီးတဲ့အထိ စောင့်လိုက်ပါ။:P
အောက်ကပုံကတော့ Upload လုပ်တာပြီးသွားရင် ပေါ်မဲ့ပုံပါ။ မိမိတင်လိုက်သော ဆော့ဝဲလ် ကို ပြန်ရှယ်ချင်လျှင် Share ကို နှိပ်ပါ။
ထိုအခါ Link to this file ဆိုသော စာတန်းရဲ့ ညာဘက်ရှိ အကွက်ထဲတွင် မိမိ တင်ထားသော ဆော့ဝဲလ်ရဲ့လင့်ပေါ်လာပါလိမ့်မည်။ထိုလင့်ကို ကူးပါ။မိမိတင်မည့်ဆိုဒ်၊ဘလော့စပေါ့ အစရှိသည့်နေရာတို့ တွက် ပို့ စ်တင်သည့်နေရာတွင် Link ဆိုတာရှိပါသည်။ Link ကို နှိပ်ပြီး Link URL နေရာမှာ မိမိ Copy ကူးထားတဲ့လင့်ကို ထည့်ပြီး Link TEXT နေရာမှာ “ဒီနေရာမှာဒေါင်းပါ“ “ဒီကိုသွားပြီးဒေါင်းပါ“  အစရှိသဖြင့်ရေးပြီး မျှဝေနိုင်ပါတယ်။
အဆင်ပြေကြပါစေ.......
Thursday, 25 October 2012
မလေးရှားတွင် ကားတိုက်ခံရပြီး အတိတ်မေ့နေသူ မိန်းကလေး(ဒီသတင်းကို နီးစပ်ရာ မလေးရှားရောက် ရွှေညီကို မိတ်ဆွေများ သူငယ်ချင်းများ အားလုံး Share ပေးကြပါရန် ............)
(ကပုန်း၊အောက်တိုဘာ၂၄) ဖော်ပြပါ ဓာတ်ပုံပိုင်ရှင်သည် မြန်မာ မိန်းကလေး တစ်ဦးဖြစ်ပြီး ၂၇.၉.၂၀၁၂ နေ့ မလေးရှားနိုင်ငံတွင် ကားတိုက်ခံရပြီး ဦးခေါင်းတွင် ဒါဏ်ရာအပြင်းအထန် ခံစားနေရသော အတိတ်မေ့နေသူ အမည်မသိ မိန်းကလေး တစ်ဦး၏ ဓါတ်ပုံဖြစ်ပါသည်။
ယခုလက်ရှိ စွန်ဂိုင်းဘလို့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေလျက်ရှိပြီး ဓာတ်ပုံပိုင်
ရှင်၏ ညီအစ်ကို မောင်နှမ မိသားစုများနှင့် အဆက်အသွယ် ရရှိရေးအတွက် ကပုန်း(၇)ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှ မေးမြန်းစုံစမ်း ကူညီပေးနေကြောင်း သိရှိရပြီး အသေးစိပ် အချက်အလက် များကို အောက်ပါ ဖုန်းနံပတ်များသို့ ဆက်သွယ် ကူညီပေးနိုင်ကြောင်း သိရှိရပါသည်။
ဓာတ်ပုံပိုင်ရှင်နှင့် သိသူများ ကျေးဇူးပြု၍ ဆက်သွယ်ပေးကြပါ။ ဒီသတင်းကို နီးစပ်ရာ မလေးရှားရောက် ရွှေညီကို မိတ်ဆွေများ သူငယ်ချင်းများ အားလုံး Share ပေးကြပါရန် အကူအညီ တောင်းခံ အပ်ပါသည်။
ကပုန်း(၇)ရက်သားသမီး နာရေးကူညီမှု အသင်း (မလေးရှား) ဖုန်း ၊ ၀၁၆ ၆၅၇ ၇၉၀၃ - ၀၁၂ ၃၅၂ ၈၃၂၆ - ၀၁၀ ၇၇၁ ၇၉၄၉
ref;online radio media
Wednesday, 24 October 2012
FastStone Capture v7.3 Final | 2.40 MB
Desktop ပေါ်မှာကိုယ်လုပ်ဆောင်ချက်မှန်သမျှကို Screenshot ဖမ်းမယ်..ဒါမှမဟုတ် လုပ်ဆောင်ချက်တွေကို
ကိုယ့်စကားသံ ၊ သီချင်းသံတွေနဲ့Video မှတ်တမ်းတင်ချင်တယ်ဆိုရင်တော့ ဒီကောင်လေးသုံးလိုက်ပါ.
Resize, crop, rotate, sharpen, brighten, adjust colors,watermarks
Save in BMP, GIF, JPEG, PCX, PNG, TGA, TIFF and PDF formats
   အဆင်ပြေကြပါစေ..
ref-ဇွဲကပင်မြေ 
Vtok - Google VideoChat (Beta) For Android
ကျွန်တော် တို့  android ဖုန်းတွေမှာပါတဲ့ ဂျီတော့ က ဖုန်းပြောလို့ မရပါဘူး...ဖုန်းပြောချင်ရင် ဒီဆော့ဝဲလ်လေးကို သုံးသင့်တယ်လို့ အကြံပြုပါရစေ...မိမိဖုန်းမှာ ဒီ Vtok ဆော့ဝဲလ်ထည့်ထားရုံနှင့် တစ်ဖက်က ကွန်ပျူတာ နှင့် ဂျီတော့ သုံးနေသူထံသို့  ဖုန်း (သို့ မဟုတ်) ဗွီဒီယို Call ဖရီးခေါ်နိုင်ပါသည်။
စမ်းသပ်ကလိသုံးစွဲချင်ရင်
Google play store မှဒေါင်းရန် (For Android)
အိုင်ဖုန်းအတွက်ဒေါင်းရန်လင့်(For iPhone)
အဆင်ပြေကြပါစေ....အခုလောလောဆယ်တော့ ဖိုင်တွေကို ကိုယ်တိုင် Upload မတင်နိုင်သေးလို့ ...လင့်တွေပဲ ညွှန်းနေတာပါ။အဆင်မပြေရင်လည်း ကွန်မက်မှာ ဖြစ်ဖြစ်..ချက်ဘောက်မှာဖြစ်ဖြစ် ပြောခဲ့ပေးပါ။
Related Posts Plugin for WordPress, Blogger...
Like ခြင်းဖြင့် အားပေးပါ :)
mumcradio