Saturday, 22 December 2012

CCleaner Pro v3.26.1888 Full Vesion

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ။


ဒီဆော့ဝဲလ်လေးက တော့ သူငယ်ချင်း အားလုံးလိုလို သိမှာပါ။ကွန်ပျူတာကို သန့် ရှင်းရေး လုပ်တဲ့ဆော့ဝဲလ်လေးတစ်ခုပါ။
Update လေးထွက်လို့ တင်ပေးလိုက်တာပါ။
ဖိုင်ဆိုဒ်က 4MB ပဲရှိပါတယ်။Full Version သုံးလို့ ရအောင် Crack ဖိုင်ထည့်ထားပေးပါတယ်။

လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါနော်။

◘◘အသုံးပြုပုံ◘◘

ပထမဦးဆုံး ဆော့ဝဲလ်ကိုဒေါင်းလိုက်ပါ။ဒေါင်းပြီးသွားလို့ ဆော့ဝဲလ်ကို install လုပ်မယ်ဆိုရင် အင်တာနက်ကွန်နက်ရှင် ကို (Disable) ဖြုတ်ထားပေးပါ။ဒေါင်းထားတဲ့ဖိုင်ထဲမှာရှိတဲ့ “ccsetup325.exe“ဖိုင်ကို Mouse နှင့်နှစ်ချက်အမြန်ကလစ်ပြီးဖွင့်လိုက်ပါ။

 
အဆင့်ဆင့်ပြီးအောင်လုပ်သွားပါ။ဆော့ဝဲလ်ပေါ်လာပါလိမ့်မည်။ညာဘက်အပေါ်ထောင့်မှာ ရှိသည့်ကြက်ခြေခတ်ကိုကလစ်ပြီးသာ ပြန်ပိတ်လိုက်ပါ။



ပြီးရင် ဆော့ဝဲလ်ကို Full Version ဖြစ်အောင် လုပ်ဖို့ အတွက် ဒေါင်းထားတဲ့ဖိုင်ထဲက Crack ဆိုသည့်ဖိုင်ကို ကလစ်ပြီး ဖွင့်လိုက်ပါ။



Crack ဖိုင်ကို ကလစ်လိုက်ရင် နောက်ထပ် Box တစ်ခု ထပ်ကျလာပါလိမ့်မယ်။



ထိုထဲရှိ "branding.dll" ဆိုသည့်ဖိုင်ကို My Computer>Local Disk (C:)>Program Files>CCleaner နေရာထိသွားပြီး Mouse နှင့်ဆွဲပြီးထည့်လိုက်ပါ။အောက်မှာ ပုံနှင့်လည်းပြထားပါတယ်။နံပါတ်စဉ်အတိုင်း သွားပြထားပါတယ်...



၅ လို့ ရေးထားတဲ့ နေရာက ၄ CCleaner လို့ ရေးထားတဲ့ နေရာကိုကလစ်လိုက်ရင်ပေါ်လာမဲ့နေရာပါ။ အဲ့ ၅ နေရာမှာ "branding.dll" ဆိုသည့်ဖိုင်ကို Mouse နှင့်ဆွဲထည့်လိုက်ပါ။



၅ နေရာမှာ branding.dll Crack ဖိုင်လေးရောက်သွားပါပြီ။ထိုအခါ ညာဘက်အပေါ်မှာရှိတဲ့ ကြက်ခြေခတ်ကိုနှိပ်ပြီး ပိတ်လိုက်ပါ။



ပြီးရင် CCleaner ဆော့ဝဲလ်ကို ပြန်ဖွင့်လိုက်ပါ။ ကီးတောင်းပါလိမ့်မည်။ ကီးဖိုင်က ဒေါင်းထားသည့်ဖိုင်ထဲတွင် ပါပါတယ်။ccserial.txt လို့ ရေးထားပါတယ်။



ကီးဖိုင် ကိုဖွင့်ပြီး ကီးကိုကူးထည့်ပြီး Register ကိုနှိပ်လိုက်ပါ။



ဒါဆိုရင်တော့ CCleaner ဆော့ဝဲလ်လေးကို Crack သုံးပြီး Full Version အဖြစ် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

အဆင်ပြေကြပါစေနော်။

Internet Download Manager ကို Unistall လုပ်နည်း

  အရင်က Internet Download Manager ကို Install လုပ်ထားပြီး Update လုပ်လိုက်မိရင် သုံးမရတော့တဲ့ ပြဿနာလေးပါ ။ များသောအားဖြင့် အောက်က ပုံလေးအတိုင်းပါပဲ 



 အဲ့လိုဖြစ်လာရင် အကောင်းဆုံးကတော့  အားလုံး Exit ပေးပြီး  IDM ကို Uninstall လုပ်ပစ်လိုက်ပါ။


အောက်ကပုံတွေက Unistall လုပ်ပုံအဆင့်ဆင့်ပါ။
သူငယ်ချင်းတို့ မှာ Unistall လုပ်တဲ့ဆော့ဝဲလ် ရှိရင် လည်း Unistallလုပ်သည့်ဆော့ဝဲလ် နဲ့ ပဲ Unistall လုပ်လို့ ရပါတယ်။
ကျွန်တော့်မှာ လောလောဆယ် မရှိလို့  Start ကနေသွားပြီးတော့ပဲ အဆင့်ဆင့် လုပ်ပြပါ့မယ်။
ပုံလေးတွေကို အစဉ်လိုက်ကြည့်သွားပေးပါ။

 



ကွန်ပျူတာ Restart ပြန်လုပ်ပြီး Window ပြန်တက်လာပါလိမ့်မည်။ 

  ထိုအခါ Keyboard မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ.. ပြီးရင် Run Box ထဲမှာ regedit လို့ရိုက် ထည့်ပြီး Enter ခေါက်ပါ။ 

HIKEY-CURRENT-USER >>SOFTWARE   ဒီ Software ဆိုတဲ့ အထဲမှာ Download Manager ကို တွေ့အောင်ရှာပါ ။ ရှာတွေ့ရင် သူ့အပေါ်မှာ မောက်စ်ပွိုင့်တာ လေးတင်ပြီး Right Click နဲ့ Delete ပေးလိုက်ပါ ။




နောက်တစ်ဆင့်ကတော့ HIKEY-LOCAL-MACHINE >> SOFTWARE ကို သွားပြီး Internet Download Manager ကို ရှာပါ တွေ့ရင် အစောကလိုပဲ Delete လုပ်ပေးလိုက်ပါ ။ Registry ထဲကို ရှင်းပေးလိုက်တာပါ။




နောက်ထပ်တဆင့်ကျန်ပါသေးတယ် My computer >> C: >> Program File >> Internet Download Manager ကိုလဲ Delete ပေးလိုက်ပါ ။
အောက်ကပုံကတော့ ပေါင်းပြီးဖော်ပြထားတာပါ။သူငယ်ချင်းတို့ က အဆင့်ဆင့်သွားလိုက်ပါနော်။
 ဒါဆို IDM ကို မိမိကွန်ပျူတာမှ အောင်မြင်စွာ Unistall လုပ်ပြီးသွားပါပြီ....:)
အဆင်ပြေကြပါစေ။ 
ဆရာဝင်း ဆီက သင်ယူလေ့လာထားတဲ့နည်းပညာတစ်ခုပါ။

Keygen ,Crack နဲ့  Patch အသုံးပြုနည်း

ကျန်တဲ့ ဘယ်ဆော့ဝဲမဆို Keygen ,Crack , နဲ့ Patch တွေနဲ့လာရင် ဒီတိုင်းပဲ့ Full version ဖြစ်အောင်လုပ်ရပါတယ် ။ဒါကြောင့် ကျွန်တော် ရှင်းပြမှာ ပါ...IDM နဲ့  ရှင်းပြပါ့မယ်။:)

 

အရင်ဆုံး ရမ်းပြီးပြီဆိုရင် Full သုံးလို့ မရဘူးဆိုရင် ဒါမှမဟုတ် ကီးတွေတောင်းနေရင် IDM မှာ ဒီအပေါ်က ပုံလေးပေါ်နေတာကိုတွေ့ဘူးကြပါလိမ့်မယ်။ ဒီတော့  ကျွန်တော် Crack နဲ့ အရင်ဆုံး Full Version ဖြစ်အောင် လုပ်ပြပါမယ်။
Crack ဖြင့် Activate လုပ်နည်း..
ဒီကောင်လေးကတော့ IDMan ဆိုတာလေးကို Copy ကူးပြီး ကျွန်တော်တို့ IDM ရမ်းခဲ့တဲ့ Location ထဲ့ကို သွားရပါလိမ့်မယ်။ ဘယ်လို location လည်းဆိုရင် အောက်မှာ နမူနာ ပြထားပါတယ် 
"C:\Program Files\Internet Download Manager\IDMan.exe"
ဒီ IDMan ဆိုတဲ့ Copy ကူးလာတာလေးကို Paste လုပ်ရပါမယ်။ ဒီနေရာမှာ အရင်ရှိပြီးသား IDMan ကို ဖျက်ပစ် ပြီးမှ ထည့်လည်း ရသလို မဖျက်ပဲနဲ့ Copy and replace လုပ်လည်း ရပါတယ်။

ပြီးရင်တော့ ကျွန်တော်တို့ Window က  32 bit လား 64 bit လား သိရပါမယ် ။ 32bit ဆိုရင် 32 regkey ကို ညာကလစ်ထောက်ပြီး Merge လုပ်လိုက်ရင် အဆင်ပြေပါပြီ။ ဒါဆိုရင် Crack ချိုးလို့ ပြီးပါပြီ။ Full version ရသွားပါပြီ။ 
IDM Cracker tool  ဖြင့် Activate လုပ်နည်း..

ဒီနည်းကတော့ အတော်ကို လွယ်ပါတယ်။ အရင်ဆုံး IDM cracker tool  ကို ဒီအောက်က Location တိုင်း သွားပြီး Paste ပေးပါ။
"C:\Program Files\Internet Download Manager" 
အဲ့နေရာကိုရောက်ပြီဆိုရင်တော့ ကျွန်တော်တို့ Start ကို နိုပ်လိုက်ပါ။ အောက်ညာဘက်ခြမ်းကလို အစိမ်းလိုင်းအပေါ်ထိ တက်လာတာကိုတွေ့ပါလိမ့်မယ်။ ပြီးရင်တော့ သူက Activate လုပ်လို့ ပြီးပါပြီဆိုတာကို Box လေးနဲ့ တက်လာပါလိမ့်မယ်။ ဒီနည်းက ပိုလွယ်မယ်ထင်ပါတယ်။
Patch ဖြင့် Activate လုပ်နည်း...

ဒီနည်းကတော့ အရင်နည်းတွေ အတိုင်းပဲ့ ‘ဒီ Program ရမ်းထားတဲ့ Location ကိုပဲ့ သွားရဦးမှာပါပဲ့... ဒီအောက်က နေရာလေးပေါ့ 
"C:\Program Files\Internet Download Manager"
ဒီနေရာလေးကို ရောက်ပြီဆိုရင် Patch ကို Copy ကူးပြီး ဒီ Location folder ထဲကို ထည့်ပေးပါ။ နောက် ညာကလစ်ထောက်ပြီး Run as administrator နဲ့ ရမ်းပါ။ အောက်ကလို Box လေး တပ်လာပါလိမ့်မယ်။ 

ဒီနေရာမှာ first name. last name ထည့်ပေးရပါမယ်။ တခုထည့်ပေးပြီးတိုင်း Ok ပေးရပါမယ်။ သူဘာသာ Serials ကိုတော့ ဖြည့်သွားပေးပါလိမ့်မယ်။
နောက်တနည်း...
အပေါ်က Location ကိုပဲ့ သွားပြီး Paste လုပ်ပေးယုံပါပဲ။ Paste လုပ်ပြီးတာနဲ့ Run as administartor နဲ့ ရမ်းလိုက်ရင် သူ့ဘာသာ Activate လုပ်ပေးသွားပါလိမ့်မယ်။ 
Keygen နှင့် Activate လုပ်နည်း...
ဒီနည်းကတော့ အဆင်ပြေသွားတာ ရှိသလို အဆင်မပြေတဲ့အခါတွေလည်း ရှိတာယ်.။ အဆင်ပြေတာတော့ များပါတယ်။ ဘယ်လိုပဲ့ ဖြစ်ဖြစ် လုပ်ဆောင်နည်းလေး သိထားရင် အကုန် အဆင်ပြေမယ် မဟုတ်လား... အဲ့တော့ အောက်ကလို ပေါ်နေတဲ့ Box လေးတပ်လာရင် ဒီတိုင်းထားလိုက်ပါ...အရင်ဆုံး လုပ်ရမှာက
 Keygen ကို ဖွင့်ရပါမယ်
 

Keygen ထဲ့က Serials ကို ကူးSerials number ဆိုတဲ့ နေရာမှာ ထည့်ပြီး First name last name နဲ့ Email ကိုတော့ ကြိုက်တာ ထည့်ပါ။ ဒီလောက်ဆို အဆင်ပြေမယ်ထင်ပါတယ်။ ဒီလို ထည့်ပြီးပြီဆိုရင် ကျွန်တော်တို့ Full version ရပါပြီ။
ref;ဆရာဝင်း

Friday, 21 December 2012

Ringtone Maker2.4.0.918(Portable)

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ...
ဒီတစ်ခေါက်ကတော့ Ringtone Maker(portable) လေးပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါနော်။

◘◘အသုံးပြုပုံ◘◘

ဒေါင်းထားတဲ့ဖိုင်ကိုဖွင့်လိုက်ပါ။RingtoneMaker.exe ကိုနှစ်ချက်အမြန်ကလစ်ပြီးဖွင့်ပါ။အောက်ကပုံမှာလည်းပြထားပါတယ်...





ပြီးရင် Choose a Song from My Computer ကိုကလစ်ပြီး မိမိကွန်ပျူတာထဲရှိ မိမိ ringtone လုပ်ချင်သည့်သီချင်းရှိသည့်နေရာကိုသွားလိုက်ပါ။



သီချင်းရွေးပြီးရင် Open ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။



အောက်ကပုံမှာ အနီရောင်နှင့်ဝိုင်းပြထားတဲ့ ဟာ နှစ်ခုကို လိုသလိုရွှေ့ပြီး မိမိဖြတ်ချင်သည့် သီချင်းနေရာကိုဖြတ်ပါ။ပြီးရင် Next ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။


Save Ringtone to My Computer ကိုကလစ်ပြီး Save လိုက်ပါ။



မိမိသိမ်းချင်တဲ့နေရာမှာ မိမိဖြတ်ထားတဲ့ ringtone ကိုသိမ်းပြီး Save ကိုနှိပ်ပါ။



Processing လုပ်နေပါလိမ့်မည်။အပြာဖျော့အတန်းလေးပြည့်အောင်စောင့်လိုက်ပါ။



အောက်ကလိုပုံမျိုးပေါ်လာရင်တော့ မိမိဖြတ်လိုက်တဲ့ ringtone ဟာ အောင်မြင်စွာ မိမိကွန်ပျူတာမှာ Save ပြီးပါကြောင်း....:)


အဆင်ပြေကြပါစေ....

Wednesday, 19 December 2012

Malwarebytes Anti-Malware PRO (Version: 12.12.19.06)



ကွန်ပျူတာကို ဝင်ရောက်နိုင်တဲ့ Malware တွေကိုအထိရောက်ဆုံးနဲ့ သတ်နိုင်တဲ့ဆော့ဝဲလ်တစ်ခုပါပဲ Update လေးထွက်လာလို့ တင်ပေးလိုက်တာပါ။
မူရင်းဝက်ဆိုဒ်မှာလည်းလေ့လာနိုင်ပါတယ်။

ဆော့ဝဲလ်ရဲ့တန်ဖိုးက $24.95 ပါ။



ကျော်ဇင်ပေးတဲ့လင့်ကနေဒေါင်းရင်တော့ ထုံးစံအတိုင်း Free ပေါ့ဗျာ...:)
ဖိုင်ဆိုဒ်က 10.17 MB ရှိပါတယ်။
လိုအပ်ခဲ့လျှင်   ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

◘◘အသုံးပြုပုံ◘◘
ဒေါင်းလာတဲ့ဖိုင်လေးကိုဖွင့်လိုက်ပါ။Finsh (or) open ထိရောက်အောင်သွားလိုက်ပါ။လိုင်းမကောင်းသည့်အတွက် (Version2012.09.29.05) ဖိုင်လေးပဲထည့်ပေးလိုက်လို့ (Version: 12.12.19.06) ဖြစ်အောင် ဆော့ဝဲလ်ကို Update လုပ်ပေးလိုက်ပါ။ :)




အသုံးပြုပုံကတော့လွယ်ပါတယ်။မပြောပြတော့ဘူးနော်(လိုင်းမကောင်းလို့ ပါ)။serial key က ဒေါင်းထားတဲ့ဖိုင်ထဲမှာပါပါတယ်။
အဆင်ပြေကြပါစေ...အဆင်မပြေရင်  ကွန်မက်ပေးခဲ့ကြပါ.....လိုင်းမကောင်းလို့  မစမ်းကြည့်လိုက်ရလို့ ပါ....:)

Tuesday, 18 December 2012

Phone အတွက် Ringtone လေးများ



သူငယ်ချင်းများအားလုံးမင်္ဂလာပါနော်။
ဒီတစ်ခါတော့ ဖုန်းအတွက် Ringtone လေးတွေပါ။မိမိနှစ်သက်သော Ringtone ပေါ်တွင်ကလစ်ပြီး ဒေါင်းနိုင်ပါတယ်။

ရဲလေးရဲ့ဘယ်သူမှအစားမထိုးနိုင်ဘူး



ခရစ္စမတ်ရင်းတုန်း

VIP Ringtone

Theme Massage Alert

sweet dream

suko gila

song

scooby doo

saxobeat

စိုင်းစိုင်းရဲ့ Hamster

ဆိုင်းကြိုက်တဲ့မောင်

ရဲကားအသံ remix

ရဲကားအသံ

phone ring

Ok allright

မြန်မာ့နှဲသံ

Msg msg msg

Akon ရဲ့ Lonely

Metal gear solid

love you like a love

kiss and love

i will be with you

hi sweety i love you

happy birthday

hamster dance

guitar playing

galaxy s3 tune

င်္Funny goat

မီးသတ်ကားအသံ

First Love

တော်တော်ကျယ်တဲ့အသံ

အရေးပေါ်ကားသံ

dinidiboy

Dj

Di Bomba

Dj-2

Disco

D16

Changming part 1

မြန်မာ့တီးလုံး(၁)

မြန်မာ့တီးလုံး(၂)

ဘူးသီးနုနုမခူးရတီးလုံး

Blackberry ဖုန်းအသံ

ကြည်နူးဖွယ်ငှက်သံ

ဘဝသံသရာ

babylon

baby dream

baby sing

baby dj mix

ဘရဏီ

လူလည်အာရှသားတီးလုံး

Angry Bird

Alarm(1)

Alarm(2)

Alarm(3)

Alarm(4)

action

unknown

ကျွန်တော်သိမ်းထားတဲ့ ကျွန်တော်အကြိုက်ဆုံး ရင်းတုန်းလေးတွေပါ။
သူငယ်ချင်းတို့ လည်းကြိုက်နှစ်သက်ပါစေလို့  မျှော်လင့်လျှက်.........................
အဆင်ပြေကြပါစေ။

Nokia & sony Syambian ဖုန်း အတွက် မြန်မာဖောင့်



Syambian ဖုန်း အတွက် မြန်မာဖောင့်  ကို ကျန်တဲ့ နေ ရာ တွေ မှာတော့ မ မြင် ရသေးပေမဲ့ website ကြည့် ရင် မြင် နိုင် မဲ့ နည်း လမ်းလေး ပါ ဗျာ ။ အဆင်ပြေပါတယ် E72 မှာ စမ်းပြီးသွား ပါပြီ။
အောက်က ဖုန်းတွေ မှာ လဲ ရနိုင်ပါတယ် ...

Myanmar Font for Opera mobile in s60v5, Symbian^3, Symbian Anna, Nokia Belle Phones (Nokia N8, C7, C6-01, E7, 5800, 5230, 5530, 5535, N97, X6, C6, Samsung i8910, Sony Ericsson Idou, Vivaz Etc.)

In symbian phones, opera browser is the only browser that will dispaly myanmar fonts correctly.



>>အဆင့်  -1: ဒါလေးဒေါင်းလိုက်ပါ : http://bit.ly/KJXwl4

အဲ့ zip ဖိုင်ထဲ မှာ အောက်ကဟာတွေပါတယ်:

1) Opera Mobile 12
2) X-plore
3) Nokia Pure font with zawgyi
4) user.css
5) instructions!!.txt

>>အဆင့် -2

Un-rar ဖိုင်ဖြည်လိုက်ပါ . opera mobile နဲ့ x-ploreကို ဖုန်း ထဲ မှာ သွင်းလိုက်ပါ ။မှတ်ချက်။ ။ ဖုန်း ထဲ မှာ သာသွင်းပါ ။

>>အဆင့် -3

X-plore ကိုဖွင့် ပါ  "NOKIA_PUREwithzawgyi.ttf" ကို ကူးပြီး  "E:/system/Apps/OperaMobile/fonts" အောက် ထဲ ကူးထည့် လိုက် ပါ ။




>>အဆင့် -4
"user.css" ဖိုင်လေး ကို  "E:/system/Apps/OperaMobile/styles" ထဲ ကိုကူးထည့် ပါ



အဲ့ဒါတွေ ပြီးရင်  x-plore ပိတ်ပါ ။. ကဲ Symbian Phone ဖုန်းမှာ web ဆိုဒ် တွေ ကို မြန်မာ လို ကြည့်  နိုင်ပြီ ဖြစ် ပါတယ် ။
အဆင်ပြေပါစေ ....




ကိုးကား - Fone Fun Club

credit to: http://moiblehouse.blogspot.com


Nokia ဖုန်းအတွက် မြန်မာစာ/မြန်မာ Keyboard  Install လုပ်နည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်...

လိုအပ်တဲ့ Myanmar Font/Keyboard Software ကို ဒီမှာ ဒေါင်းယူပါ...။

အားလုံးအဆင်ပြေကြပါစေ...။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio