Saturday, 26 January 2013

ဖေ့ဘွတ်မှာ မိမိနဲ့  အဆင်မပြေ ဖြစ်တဲ့ သူငယ်ချင်းကို ဘလော့လုပ်နည်း (၂)

 သူငယ်ချင်းများအားလုံးမင်္ဂလာပါ။
အခုတင်ပြတဲ့နည်းကတော့ ဖေ့ဘွတ်မှာ သူငယ်ချင်းကို Block လုပ်နည်းနောက်တစ်နည်းပါ။
ပထမနည်းအတိုင်းလည်းလုပ်နိုင်ပါတယ်။

(၁) မိမိဘလော့ချင်တဲ့သူငယ်ချင်းရဲ့အိမ်ကိုသွားပါ။ Friends ,Massage ဘေးရှိ ခွေးသွားစိတ်ပုံကို ကလစ်ပြီး ပေါ်လာတဲ့စာသားတွေထဲက Report/Block ကို နှိပ်ပါ။




Loading ခဏလုပ်နေပါလိမ့်မည်။ပြီးရင် Report and/or Block This Person ဟူသော Box ကျလာပါလိမ့်မည်။ကျလာသော Box ထဲရှိ Block Kyaw Zin ရှေ့ရှိ အဝိုင်းစက်ထဲတွင် မောက်စ်နှင့်ကလစ်ပြီး အစက်လေးထည့်ပေးပြီး အောက်ခြေမှာရှိတဲ့ Confirm ကိုကလစ်ပြီးဆက်သွားလိုက်ပါ။(Kyaw Zin အကောက်နှင့် ဥပမာ ဘလော့ပြထားသဖြင့် Kyaw Zin ဟုပေါ်ခြင်းဖြစ်ပါတယ်။)



ပြီးရင် Block လုပ်ပြီးကြောင်း Box တစ်ခုကျလာပါလိမ့်မည်။Okay ကိုသာနှိပ်ပေးလိုက်ပါ။ဒါဆို ဘလော့လုပ်ပြီးပါပြီ။


Unblock လုပ်ချင်ရင် ရော ? :) ပထမ ပို့ စ်မှာဖော်ပြထားတဲ့ အတိုင်း သွားပြီးတော့ Unblock လုပ်လိုက်ပါ :)



ပြီးရင် Box တစ်ခုကျလာပါလိမ့်မည်။ကျလာတဲ့ Box ထဲမှ Confirm ကိုနှိပ်လိုက်ရင် သူငယ်ချင်းပြန်ဖြစ်သွားပါပြီ။ :)

အဆင်ပြေကြပါစေ။

ဖေ့ဘွတ်မှာ မိမိနဲ့  အဆင်မပြေ ဖြစ်တဲ့ သူငယ်ချင်းကို ဘလော့လုပ်နည်း (မသိသေးသူများ အတွက်သာ)

ဖေ့ဘွတ်မှာ မိမိနဲ့  အဆင်မပြေ ဖြစ်တဲ့ သူငယ်ချင်းကို ဘယ်လို ဘလော့လုပ်ရမလဲ မေးလာလို့  မသိသေးတဲ့ သူငယ်ချင်းတွေလည်း ဗဟုသုတ အဖြစ်လေ့လာလို့  ရအောင် ဘလော့ပို့ စ် အဖြစ် တင်ပေးလိုက်ပါတယ်။



ပထမဦးဆုံး ဖေ့ဘွတ် ကို မမိ အကောက်နှင့် Sign in ဝင်လိုက်ပါ။
ပြီးရင် ပေါ်လာတဲ့ ဖေ့ဘွတ်စာမျက်နှာ ညာဖက် အပေါ်ရှိ ပင်နယံပုံ စက်သွားပုံလေးကိုကလစ်ပြီး ပေါ်လာတဲ့ အထဲက Privacy Settings ကိုကလစ်လိုက်ပါ။

ပြီးရင် Privacy Settings and Tools ဟူသော ခေါင်းစဉ်နှင့် ပွင့်လာပါလိမ့်မည်။ ဘယ်ဖက်အခြမ်းကိုကြည့်လိုက်ပါ။ အနီရောင်အလုံးထဲမှာ အဖြူရောင် တုတ်တို ပုံစံ သင်္ကေတ နှင့် Blocking ဟူသောစာသားကိုတွေ့ ရပါလိမ့်မည်။Blocking ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။

Blocking ကို ကလစ်ပြီး ဆက်သွားလိုက်ရင် Manage Blocking ဟူပြီး ကျလာပါလိမ့်မည်။အလယ်လောက်မှာ ကြည့်လိုက်ပါ Block users: ဟု ရေးထားသော စာသားဘေးရှိ အကွက်ထဲက Add name or email နေရာမှာ မိမိ ဘလော့ချင်သောသူရဲ့ နာမည် (သို့ မဟုတ်) အီးမေးလ်လိပ်စာ ကိုရိုက်ထည့်ပြီး ထိုအကွက်ဘေးရှိ Block ကို နှိပ်ပြီး ဘလော့လုပ်နိုင်ပါသည်။

မိမိသူငယ်ချင်းပြန်ပြီးတော့ ဖြစ်ခွင့်ပေးချင်ရင် unblock ကိုပြန်နှိပ်ပေးလိုက်ရုံပါပဲ။

အဆင်ပြေကြပါစေ။

Folder လေးတွေ ပေါ်မှာ ဘာစာမှ မပေါ်အောင်လုပ်နည်း

 သူငယ်ချင်းများ အားလုံး မင်္ဂလာပါ။

နည်းပညာလေးတွေလည်း မတင်ဖြစ်တာ ကြာပြီ :)

Foloder လေးတွေ ပေါ်မှာ ဘာစာမှ မပေါ်အောင်လုပ်နည်း လေးပါ ။ မသိသေးတဲ့ သူငယ်ချင်းတွေ အတွက် ရည်ရွယ်ပါတယ်။

ပထမဦးဆုံး Desktop ပေါ်မှာ Right Click ထောက် ပေါ်လာတဲ့ အထဲက New ကို နှိပ် ပြီးရင် Folder ကို ဆက်ကလစ်လိုက်ပါ။

ပြီးရင် Desktop ပေါ်မှာ New Folder ဟူသော Folder တစ်ခု ပေါ်နေပါလိမ့်မည်။


New Folder ကို ဖျောက်ဖို့  အတွက် ထို Folder လေးပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့ အထဲက Rename ကို ဆက်ကလစ်လိုက်ပါ။

Rename ကို နှိပ်လိုက်ရင် new folder စာသားနေရာမှာ အပြာရောင်တန်းလေးနှင့် ပေါ်နေပါလိမ့်မည်။

ထိုအခါ Alt ကီးကို ဖိထားပေးပြီး 0160 ကိုရိုက်လိုက်ပါ။
ထိုအခါ Folder လေးမှာ ဘာနာမည်မှ ရှိတော့မှာ မဟုတ်ပါဖူး။
နာမည် ပြန်ပေးချင် ရင် ထို Folder လေးပေါ်မှာ Right Click ထောက် ပေါ်လာတဲ့ အထဲက Rename ကို နှိပ် ပြီး မိမိ နှစ်သက်ရာ နာမည် ပြန်ပေးနိုင်ပါတယ်။

အဆင်ပြေကြပါစေ။

စာအုပ်ပေါင်းများစွာ Upload တင်ထားပေးတဲ့ ဝက်ဆိုဒ် (၃) ခု

  သူငယ်ချင်းများအားလုံး မင်္ဂလာပါ။
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
 
http://www.khtnetpc.webs.com

ထူးရှယ်ဆိုဒ်လေးလို့  ညွှန်းပါရစေ။ထို ဝက်ဆိုဒ်ကို ဝင်ကြည့်တာနဲ့  သူရဲ့ စေတနာကို တွေ့ မြင်နိုင်ပါတယ်။ သွားပြီးတော့သာ လေ့လာကြည့်လိုက်ပါ။
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
http://www.burmesebookshelf.com/index.php

မြန်မာစာအုပ်စင် လေးပါပဲ ။ အဝေးရောက် မြန်မာတွေ အတွက် ရည်ရွယ်ပြီး တည်ထောင်ထားတဲ့ ဆိုဒ်လေးပါ။ ၄င်းဆိုဒ်မှလည်း စာအုပ်ပေါင်း မြောက်မြားစွာကို ဒေါင်းယူနိုင်ပါတယ်။ အွန်လိုင်းမှာ ဝတ္ထုဖတ်ချင်တဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေစေမှာပါ။
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
http://www.myanmarebooks.net

ဝတ္ထုစာအုပ်ပေါင်းများစွာ Upload တင်ထားတဲ့ ဆိုဒ်ပါပဲ။ ဝတ္ထုစာအုပ် အဟောင်းတွေက အစ Upload တင်ထားပေးတာ ကို တွေ့ ရပါတယ်။ ကိုယ်တိုင်ပဲ သွားရောက်လေ့လာကြည့်လိုက်ပါ။
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
ကျွန်တော် စာအုပ်တွေ ရှာဖွေ ရင် ဖော်ပြထားသော ဆိုဒ် ၃ ဆိုဒ် ကပဲ ရှာဖွေ ဖတ်ရှုပါတယ်။ စာဖတ်ဝါသနာရှင် သူငယ်ချင်းတွေအတွက် အဆင်ပြေစေလိမ့်မယ်လို့  မျှော်လင့်လျှက်.......
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
ကျော်ဇင်
♣♣♣♣♣♣♣♣♣♣♣

ရှိတဲ့စာအုပ်လေးတွေ ထပ်တင်ပေး လိုက်ပါတယ်။


 စာအုပ်အမည်=အလွယ်ဆုံး ငါးဘာသာ စကားပြောနည်း



 Mediafire ဆိုဒ်မှ ဒေါင်းရန်
Minus ဆိုဒ်မှ ဒေါင်းရန်
Box ဆိုဒ်မှ ဒေါင်းရန်

             ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

 စာအုပ်အမည် = ၃၇ မင်းနှင့် နတ်မျိုးစုံ
 Minus ဆိုဒ်မှ ဒေါင်းရန်
Box ဆိုဒ်မှ ဒေါင်းရန်
Mediafire ဆိုဒ်မှဒေါင်းရန် 
                
             ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

စာအုပ်အမည်=မျက်လှည့်ပြနည်း(၁၀၀)
Box ဆိုဒ်မှ ဒေါင်းရန်
Mediafire ဆိုဒ်မှ ဒေါင်းရန် 
            
               ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

 စာအုပ်အမည် = အင်္ဂလိပ်-မြန်မာ အဘိဓါန်
Box ဆိုဒ်မှ ဒေါင်းရန်
Mediafire ဆိုဒ်မှ ဒေါင်းရန်
Minus ဆိုဒ်မှ ဒေါင်းရန်
           
              ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


စာအုပ်အမည် = Rock ဂစ်တာ တီးခတ်နည်း
Box ဆိုဒ်မှ ဒေါင်းရန်
Mediafire ဆိုဒ်မှ ဒေါင်းရန်
Minus ဆိုဒ်မှ ဒေါင်းရန် 
          
            ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


စာအုပ်အမည် = ဝင်းဒိုး ၇ တင်နည်း
Mediafire ဆိုဒ်မှ ဒေါင်းရန်
Box ဆိုဒ်မှ ဒေါင်းရန် 
Minus ဆိုဒ်မှ ဒေါင်းရန် 
           ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

စာအုပ်အမည် = ပိုတိုရှော့ နှင့် ဆိုင်သော စာအုပ် (၇) အုပ်
Mediafire ဆိုဒ်မှ ဒေါင်းရန်
                     ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣ 
              ♣ အဆင်ပြေကြပါစေ။♣
           ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

Thursday, 24 January 2013

လေယဉ်ပျံဂိမ်း နှင့် မော်တော်ဆိုင်ကယ်ဂိမ်း

မနေ့ က ဂိမ်းလေးနှစ်ခု ဒေါင်းပြီးဆော့ကြည့်တာ ကောင်းတာနဲ့  ပြန်ရှယ်လိုက်တာပါ။


လေယဉ်ပျံဂိမ်းလေးပါ။ဆော့လို့ ကောင်းတယ်။
အောက်က Mediafire ဆိုဒ်ရယ် Box ဆိုဒ်ရယ် ကြိုက်ရာဆိုဒ်က သွားပြီးဒေါင်းလိုက်ပါ။



 

 မော်တော်ဆိုင်ကယ်ပြိုင်တဲ့ ဂိမ်းလေးပါ။မြားနဲ့  မောင်းတာ။ Q နဲ့  W က ခြေထောက်နဲ့ ကန်တာ။

ဂျိမ်းစ်ဘွန်း-စုချစ်ဇော် CD




မြန်မာချစ်သူဆိုဒ်မှကူးယူဝေမျှပါသည်။
01 ဂျိမ်းစ်ဘွန်း – စုချစ်ဇော်
02 ဝိုင်းကြီးပတ်ပတ် (Version 2) – စုချစ်ဇော်
03 အမှတ်တရမိုး – စုချစ်ဇော်
04 ချစ်တယ် – စုချစ်ဇော် ၊ လွှမ်းပိုင်
05 တီတီတာတာ – စုချစ်ဇော်
06 အခန်းဆက်အလွမ်းများ – စုချစ်ဇော်
07 ချိုမိုင်မိုင် – စုချစ်ဇော်
08 နတ်ရေးတယ့်ဖူးစာ – စုချစ်ဇော် ၊ MHL
09 တိတ်တိတ်လေးလွမ်းနေမယ် – စုချစ်ဇော်
10 စိတ္တဇနေ့နဲ့ည – စုချစ်ဇော်
11 အိမ်မပြန်ချင်တော့ဘူး – စုချစ်ဇော်
12 နောက်ဆုံးရဲ့နောက်ဆုံးတွဲ – စုချစ်ဇော်
13 မပတ်သက်တော့ပါ – စုချစ်ဇော်
14 ဝန်ခံပါတယ် – စုချစ်ဇော်
15 ဂေါက်ကြီး – စုချစ်ဇော်
16 လမ်းခွဲမျက်ရည် – စုချစ်ဇော်
17 ဝိုင်းကြီးပတ်ပတ် – စုချစ်ဇော်

Wednesday, 23 January 2013

ဂျီတော့ဆော့ဝဲလ် အတု (သတိထားလို့ ရအောင်ပါ)

ဂျီတော့အကောက်ကိုမှတ်ပေးလို့ ရတဲ့ ဂျီတော့ဆော့ဝဲလ် အတုပါ။ သတိထားလို့ ရအောင်ပါ။



 မယုံလို့  စမ်းကြည့်ချင်တယ်ဆိုလျှင် အောက်ကလင့်နှစ်ခုကနေ ကြိုက်ရာလင့်က သွားပြီးဒေါင်းလိုက်ပါ။
Box ဆိုဒ်မှ ဒေါင်းရန် 
Mediafire ဆိုဒ်မှ ဒေါင်းရန်

◘◘အသုံးပြုပုံ◘◘
                                      ဒေါင်းထားတဲ့ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။

     
   ပြီးရင်ဆော့ဝဲလ်ပေါ်လာပါလိမ့်မည်။ မိမိမေးလ်နှင့်ပက်စ်ဝက် ကိုရိုက်ပြီး Sign in ကိုနှိပ်ပါ။


ပက်စ်ဝက်နှင့် Username မှားနေကြောင်း Box တစ်ခု ကျလာပါလိမ့်မည်။


OK ကိုနှိပ်ပြီး ဆက်ထည့်ကြည့်ပါ နောက်ထပ် တစ်ခေါက် နှစ်ခေါက်လောက်.......
မိမိမေးလ်နှင့်ပက်စ်ဝက်မှန်ရဲ့သားနဲ့  ဝင်မရဖူးထင်တတ်ပြီး ...အကောက်လေ့ကျနေတယ် လို့ လည်းတွေးမိပြီး ဆော့ဝဲလ်ကို ပြန်ပိတ်လိုက်ပါ။ပြီးရင် Execute ဟူသော Box ကျလာပါလိမ့်မည်။ဒါဆိုရင်တော့ ဂျီတော့ အတုဆော့ဝဲလ်ကိုသုံးထားတာလို့ သိနိုင်ပါတယ်။အဲ့ဖိုင်ထဲက Yes ကိုနှိပ်ကြည့်လိုက်ပါ မိမိကွန်ပျူတာမှာ စမ်းသပ်နေတာဆိုရင်.........
အများသုံးအင်တာနက်ဆိုင်မှာ စမ်းသပ်နေတာဆိုရင် တော့ No (သို့ ) Cancel ကိုနှိပ်ပြီး ပိတ်လိုက်ပါ။


Yes ကိုနှိပ်ပြီးသွားလျှင် ဒေါင်းထားတဲ့ဆော့ဝဲလ်ကို ပြန်ဖွင့်ပါ။ ပြီးရင် ဒေါင်းထားတဲ့ဖိုင်ထဲမှာ ပါတဲ့ Gtalkacc.txt ကိုနှစ်ချက်ကလစ်ပြီး ဖွင့်လိုက်ပါ။


ဒါဆိုရင်တော့ မိမိ ဝင်ခဲ့တဲ့ မေးလ်နှင့် ပက်စ်ဝက် ကိုတွေ့ ရမှာ ပါ။


သတိထားနိုင်အောင်ပါ။ ကြောက်စရာကောင်းတယ်နော်။

အဆင်ပြေကြပါစေ။

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio