Monday, 28 January 2013

Firefox နှင့် Google Chrome သုံးသူများအတွက် မြန်မာစာအဆင်ပြေစွာ ဖတ်ရှုနိုင်သည့် Tagu တန်ခူး Addon



                           ကွန်ပျူတာ စနစ်တစ်ခုလုံးအတွက် မြန်မာ ဇော်ဂျီ font နှင့် အခြား ယူနီကုဒ် တစ်မျိုးမျိုး ထည့်သွင်းထားသော်လည်း Browser များ၏ ရံဖန်ရံခါ update ပြုလုပ်မှုများကြောင့်နှင့် အသုံးပြုသူများ၏ မှားယွင်းမှုများကြောင့် မြန်မာစာ အသုံးပြုထားသော webpage များကို ဖတ်ရှုရာမှာ လေးထောင့်တုံးများ ပေါ်နေတတ်ပြီး၊ အဆင်မပြေမှုများ ကြုံတွေ့ကြရပါတယ်။ Firefox နှင့် Google Chrome အသုံးပြုသူများအတွက်တော့ မြန်မာ developer တစ်ယောက်ဖန်တီးထားသော Tagu တန်ခူးဟုခေါ်သည့် Browser Addon တစ်ခုကို ထည့်သွင်းအသုံးပြုခြင်းဖြင့် အထက်ပါ Browser များမှာ Facebook အပါအဝင်၊ မြန်မာစာပါဝင်သော Webpage များမှာ အဆင်ပြေစွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ၄င်း Tagu Addon ကိုထည့်သွင်းထားခြင်းဖြင့် မိမိ၏ကွန်ပျူတာတွင် အခြားမည်သည့် မြန်မာစာစနစ်များကိုမှ ထည့်သွင်းထားစရာမလိုပဲ ဇော်ဂျီစနစ်ရော အခြား ယူနီကုဒ်စနစ်များကိုပါ အလိုအလျှောက် ခွဲခြားပြီး၊ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။



Firefox Browser တွင် Tagu Addon ထည့်သွင်းပုံ


၁။ Firefox browser ကို ဖွင့်ပါ။
၂။ Firefox Browser ၏ Address Bar တွင် အောက်တွင်ပေးထားသော URL လိပ်စာကို Copy ကူးပြီးလျှင် Paste လုပ်ခါ Enter ကိုနှိပ်ပါ။

https://addons.mozilla.org/en-US/firefox/addon/tagu/ 

၃။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း "Add to Firefox" ကိုနှိပ်လိုက်လျှင် Update ပြုလုပ်ထားသည့် အချိန်မကြာသေးသည့်အတွက် Tagu Addon ကို Firefox မှ စမ်းသပ်မှုမပြုလုပ်ရသေးသောကြောင့် သတိနှင့် အသုံးပြုရန် Caution box ကျလာပါမယ်။ အောက်ပါ ပုံအတိုင်း "Add to Firefox" ကိုထပ်နှိပ်ပါ။
မှတ်ချက်- Tagu Addon ကို Firefox မှ စမ်းသပ်မှုပြုလုပ်ပြီးသွားပါက Caution box ထပ်မံကျလာတော့မည့်မဟုတ်ပဲ တိုက်ရိုက် install ပြုလုပ်သွားမှာပါ။


Google Chrome တွင် Tagu Addon ထည့်သွင်းပုံ


၁။ Google Chrome ကိုဖွင့်ပါ။
၂။ Google Chrome browser ၏ Address bar တွင် အောက်တွင်ပေးထားသော URL လိပ်စာကို Copy ကူးပြီး Paste လုပ်ခါ Enter ကိုနှိပ်ပါ။

https://chrome.google.com/webstore/detail/ddjpcdpfemhkibhpmgcdbfajdhgpegdk

၃။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း "ADD TO CHROME" ကိုနှိပ်ပြီးလျှင် "Confirm New Extension" ဝင်းဒိုးကျလာပြီးလျှင် အောက်ပါပုံအတိုင်း "Add" ကိုထပ်နှိပ်ပါ။

                       အထက်ပါအဆင့်များပြီးဆုံးပါက လက်ရှိအသုံးပြုနေသော Browser များတွင် မြန်မာစာ အဆင်ပြေစွာ ကြည့်ရှုနိုင်ရန် အဆင်သင့်ဖြစ်ပါပြီ။ ယခု Addon ကို Mobile ဖုန်း Browser များတွင်ပါ အသုံးပြုနိုင်ပြီး၊ Firefox for Android 11 နှင့် အထက်မှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ Tagu Addon ရဲ့ Firefox စာမျက်နှာ မှာ ဖေါ်ပြထားပါတယ်။ 
source-stamedia.blogspot.com

ချစ်မြဲအတိုင်းချစ်မယ်-ခင်စုစုနိုင် (CD)

သတိထား – ကလနွန်းဘောင်ဝ် [ CD ]

Saturday, 26 January 2013

ဂျီတော့ကနေ အီးမေးလ် အိုင်ကွန်လေးကို နှိပ်ပြီး ဂျီမေးလ် ကို ဖွင့်ရင် မော်ဇီလာ နှင့် ပွင့်အောင် လုပ်နည်း (မသိသေးသူများ အတွက်သာ)

ဂျီတော့ကနေ အီးမေးလ် အိုင်ကွန်လေးကို နှိပ်ပြီး ဂျီမေးလ်ဖွင့်ရင် Mozillafirefox  နဲ့ ပေါ်အောင်ဘယ်လိုလုပ်မလဲ မေးလာလို့  မသိသေးတဲ့ တစ်ခြားသူငယ်ချင်းတွေလည်း သိရအောင် ဘလော့ပို့ စ်အနေနဲ့ ပဲ တင်လိုက်ပါတယ်။

ပထမဦးဆုံး ဂျီတော့ ဆော့ဝဲလ်လေးကိုဖွင့်လိုက်ပါ။ဆော့ဝဲလ်ပေါ်လာရင် ညာဖက် အပေါ်မှာရှိတဲ့ Setting ကိုကလစ်ပြီး ဖွင့်လိုက်ပါ။

ပြီးရင် ပေါ်လာတဲ့ Settings တွေ အထဲက General မှာရှိတဲ့ Open Gmail when I click on email link ရှေ့က Box မှာ အမှန်ခြစ်လေးခြစ်ပေးပြီး အောက်ခြေမှာရှိတဲ့ OK ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။


ပြီးရင် Mozilla Firefox Browser ကိုဖွင့်လိုက်ပါ။ ပေါ်လာရင် Mozilla Firefox ရဲ့ Setting တွေထဲက Tools ကိုကလစ် ပြီးရင် Options ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။

Options ကို  ကလစ်ပြီးဆက်သွားလိုက်ရင် Options ဟူသော Box တစ်ခု ကျလာပါလိမ့်မည်။General ဟူသော Setting ကို စတွေ့ ရပါလိမ့်မည်။ Advanced ဆိုသော setting ကိုကလစ်လိုက်ပါ။

Advanced ကို ကလစ်လိုက်ရင် ပေါ်လာတဲ့ စာသားတွေထဲက Always Check to see......your default browser ရှေ့ရှိ လေးထောင့်ကွက်ထဲတွင် အမှန်ခြစ်လေးခြစ်ပေးပြီး အောက်ခြေရှိ OK ကို နှိပ်လိုက်ပါ။ မရှင်းလျှင် ပုံမှာ ကြည့်ပေးပါ။


အောက်ကပုံကတော့ တစ်ချို့  မော်ဇီလာ ဗားရှင်းတွေ မှာပေါ်တဲ့ပုံစံပါ။ Advanced ကိုကလစ်ပြီး ပေါ်လာတဲ့ Setting တွေထဲက Always Check to see......on startup ရှေ့က လေးထောင့်ကွက်ထဲတွင် အမှန်ခြစ်လေးခြစ် ပြီး အောက်ခြေရှိ OK ကို နှိပ်ပြီး မော်ဇီလာ ဘရိုဇာ ကို ပိတ်လိုက်ပါ။

ပြီးရင် Mozilla firefox browser ကို ပိတ်လိုက်ပါ။

ဒါဆိုရင် ဂျီတော့က မေးလ်ကို ဖွင့်ရင် မော်ဇီလာ ဘရိုဇာ နဲ့ ပဲ ပွင့်ပါပြီ။

အဆင်ပြေကြပါစေ။

ဖေ့ဘွတ်မှာ မိမိနဲ့  အဆင်မပြေ ဖြစ်တဲ့ သူငယ်ချင်းကို ဘလော့လုပ်နည်း (၂)

 သူငယ်ချင်းများအားလုံးမင်္ဂလာပါ။
အခုတင်ပြတဲ့နည်းကတော့ ဖေ့ဘွတ်မှာ သူငယ်ချင်းကို Block လုပ်နည်းနောက်တစ်နည်းပါ။
ပထမနည်းအတိုင်းလည်းလုပ်နိုင်ပါတယ်။

(၁) မိမိဘလော့ချင်တဲ့သူငယ်ချင်းရဲ့အိမ်ကိုသွားပါ။ Friends ,Massage ဘေးရှိ ခွေးသွားစိတ်ပုံကို ကလစ်ပြီး ပေါ်လာတဲ့စာသားတွေထဲက Report/Block ကို နှိပ်ပါ။




Loading ခဏလုပ်နေပါလိမ့်မည်။ပြီးရင် Report and/or Block This Person ဟူသော Box ကျလာပါလိမ့်မည်။ကျလာသော Box ထဲရှိ Block Kyaw Zin ရှေ့ရှိ အဝိုင်းစက်ထဲတွင် မောက်စ်နှင့်ကလစ်ပြီး အစက်လေးထည့်ပေးပြီး အောက်ခြေမှာရှိတဲ့ Confirm ကိုကလစ်ပြီးဆက်သွားလိုက်ပါ။(Kyaw Zin အကောက်နှင့် ဥပမာ ဘလော့ပြထားသဖြင့် Kyaw Zin ဟုပေါ်ခြင်းဖြစ်ပါတယ်။)



ပြီးရင် Block လုပ်ပြီးကြောင်း Box တစ်ခုကျလာပါလိမ့်မည်။Okay ကိုသာနှိပ်ပေးလိုက်ပါ။ဒါဆို ဘလော့လုပ်ပြီးပါပြီ။


Unblock လုပ်ချင်ရင် ရော ? :) ပထမ ပို့ စ်မှာဖော်ပြထားတဲ့ အတိုင်း သွားပြီးတော့ Unblock လုပ်လိုက်ပါ :)



ပြီးရင် Box တစ်ခုကျလာပါလိမ့်မည်။ကျလာတဲ့ Box ထဲမှ Confirm ကိုနှိပ်လိုက်ရင် သူငယ်ချင်းပြန်ဖြစ်သွားပါပြီ။ :)

အဆင်ပြေကြပါစေ။

ဖေ့ဘွတ်မှာ မိမိနဲ့  အဆင်မပြေ ဖြစ်တဲ့ သူငယ်ချင်းကို ဘလော့လုပ်နည်း (မသိသေးသူများ အတွက်သာ)

ဖေ့ဘွတ်မှာ မိမိနဲ့  အဆင်မပြေ ဖြစ်တဲ့ သူငယ်ချင်းကို ဘယ်လို ဘလော့လုပ်ရမလဲ မေးလာလို့  မသိသေးတဲ့ သူငယ်ချင်းတွေလည်း ဗဟုသုတ အဖြစ်လေ့လာလို့  ရအောင် ဘလော့ပို့ စ် အဖြစ် တင်ပေးလိုက်ပါတယ်။



ပထမဦးဆုံး ဖေ့ဘွတ် ကို မမိ အကောက်နှင့် Sign in ဝင်လိုက်ပါ။
ပြီးရင် ပေါ်လာတဲ့ ဖေ့ဘွတ်စာမျက်နှာ ညာဖက် အပေါ်ရှိ ပင်နယံပုံ စက်သွားပုံလေးကိုကလစ်ပြီး ပေါ်လာတဲ့ အထဲက Privacy Settings ကိုကလစ်လိုက်ပါ။

ပြီးရင် Privacy Settings and Tools ဟူသော ခေါင်းစဉ်နှင့် ပွင့်လာပါလိမ့်မည်။ ဘယ်ဖက်အခြမ်းကိုကြည့်လိုက်ပါ။ အနီရောင်အလုံးထဲမှာ အဖြူရောင် တုတ်တို ပုံစံ သင်္ကေတ နှင့် Blocking ဟူသောစာသားကိုတွေ့ ရပါလိမ့်မည်။Blocking ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။

Blocking ကို ကလစ်ပြီး ဆက်သွားလိုက်ရင် Manage Blocking ဟူပြီး ကျလာပါလိမ့်မည်။အလယ်လောက်မှာ ကြည့်လိုက်ပါ Block users: ဟု ရေးထားသော စာသားဘေးရှိ အကွက်ထဲက Add name or email နေရာမှာ မိမိ ဘလော့ချင်သောသူရဲ့ နာမည် (သို့ မဟုတ်) အီးမေးလ်လိပ်စာ ကိုရိုက်ထည့်ပြီး ထိုအကွက်ဘေးရှိ Block ကို နှိပ်ပြီး ဘလော့လုပ်နိုင်ပါသည်။

မိမိသူငယ်ချင်းပြန်ပြီးတော့ ဖြစ်ခွင့်ပေးချင်ရင် unblock ကိုပြန်နှိပ်ပေးလိုက်ရုံပါပဲ။

အဆင်ပြေကြပါစေ။

Folder လေးတွေ ပေါ်မှာ ဘာစာမှ မပေါ်အောင်လုပ်နည်း

 သူငယ်ချင်းများ အားလုံး မင်္ဂလာပါ။

နည်းပညာလေးတွေလည်း မတင်ဖြစ်တာ ကြာပြီ :)

Foloder လေးတွေ ပေါ်မှာ ဘာစာမှ မပေါ်အောင်လုပ်နည်း လေးပါ ။ မသိသေးတဲ့ သူငယ်ချင်းတွေ အတွက် ရည်ရွယ်ပါတယ်။

ပထမဦးဆုံး Desktop ပေါ်မှာ Right Click ထောက် ပေါ်လာတဲ့ အထဲက New ကို နှိပ် ပြီးရင် Folder ကို ဆက်ကလစ်လိုက်ပါ။

ပြီးရင် Desktop ပေါ်မှာ New Folder ဟူသော Folder တစ်ခု ပေါ်နေပါလိမ့်မည်။


New Folder ကို ဖျောက်ဖို့  အတွက် ထို Folder လေးပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့ အထဲက Rename ကို ဆက်ကလစ်လိုက်ပါ။

Rename ကို နှိပ်လိုက်ရင် new folder စာသားနေရာမှာ အပြာရောင်တန်းလေးနှင့် ပေါ်နေပါလိမ့်မည်။

ထိုအခါ Alt ကီးကို ဖိထားပေးပြီး 0160 ကိုရိုက်လိုက်ပါ။
ထိုအခါ Folder လေးမှာ ဘာနာမည်မှ ရှိတော့မှာ မဟုတ်ပါဖူး။
နာမည် ပြန်ပေးချင် ရင် ထို Folder လေးပေါ်မှာ Right Click ထောက် ပေါ်လာတဲ့ အထဲက Rename ကို နှိပ် ပြီး မိမိ နှစ်သက်ရာ နာမည် ပြန်ပေးနိုင်ပါတယ်။

အဆင်ပြေကြပါစေ။

စာအုပ်ပေါင်းများစွာ Upload တင်ထားပေးတဲ့ ဝက်ဆိုဒ် (၃) ခု

  သူငယ်ချင်းများအားလုံး မင်္ဂလာပါ။
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
 
http://www.khtnetpc.webs.com

ထူးရှယ်ဆိုဒ်လေးလို့  ညွှန်းပါရစေ။ထို ဝက်ဆိုဒ်ကို ဝင်ကြည့်တာနဲ့  သူရဲ့ စေတနာကို တွေ့ မြင်နိုင်ပါတယ်။ သွားပြီးတော့သာ လေ့လာကြည့်လိုက်ပါ။
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
http://www.burmesebookshelf.com/index.php

မြန်မာစာအုပ်စင် လေးပါပဲ ။ အဝေးရောက် မြန်မာတွေ အတွက် ရည်ရွယ်ပြီး တည်ထောင်ထားတဲ့ ဆိုဒ်လေးပါ။ ၄င်းဆိုဒ်မှလည်း စာအုပ်ပေါင်း မြောက်မြားစွာကို ဒေါင်းယူနိုင်ပါတယ်။ အွန်လိုင်းမှာ ဝတ္ထုဖတ်ချင်တဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေစေမှာပါ။
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
http://www.myanmarebooks.net

ဝတ္ထုစာအုပ်ပေါင်းများစွာ Upload တင်ထားတဲ့ ဆိုဒ်ပါပဲ။ ဝတ္ထုစာအုပ် အဟောင်းတွေက အစ Upload တင်ထားပေးတာ ကို တွေ့ ရပါတယ်။ ကိုယ်တိုင်ပဲ သွားရောက်လေ့လာကြည့်လိုက်ပါ။
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
ကျွန်တော် စာအုပ်တွေ ရှာဖွေ ရင် ဖော်ပြထားသော ဆိုဒ် ၃ ဆိုဒ် ကပဲ ရှာဖွေ ဖတ်ရှုပါတယ်။ စာဖတ်ဝါသနာရှင် သူငယ်ချင်းတွေအတွက် အဆင်ပြေစေလိမ့်မယ်လို့  မျှော်လင့်လျှက်.......
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
ကျော်ဇင်
♣♣♣♣♣♣♣♣♣♣♣
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio