Thursday, 7 February 2013

◘◘Android ဖုန်းအတွက် ဆော့ဝဲလ် ဂိမ်းများ ဒေါင်းနိုင်မည့် ဝက်ဆိုဒ်(၂)◘◘



ဝက်ဆိုဒ်က http://www.androiddrawer.com/ ပါ။

အဲ့ဆိုဒ်လေးက Game တွေ application တွေကို ဒေါင်းနိုင်ပါတယ်။နောက်ဆုံးထွက်ဆော့ဝဲလ်တွေနှင့် လူကြိုက်များတဲ့ ဆော့ဝဲလ်တွေကိုလည်း စာရင်းလုပ်ထားပေးပါတယ်။ဂူဂဲလ်ပလေး ဝင်မရတဲ့ မြန်မာပြည်က သူငယ်ချင်းတွေအတွက် အဆင်ပြေစေဖို့  ရည်ရွယ်လျှက်....




အဆင်ပြေကြပါစေ။

◘◘Android ဖုန်းအတွက် ဆော့ဝဲလ် ဂိမ်းများ ဒေါင်းနိုင်မည့် ဝက်ဆိုဒ်(၁)◘◘



ဝက်ဆိုဒ်က http://www.appsapk.com/ ပါ။

အဲ့ဆိုဒ်မှာဒေါင်းယူနိုင်တဲ့ application တွေကတော့ ပုံမှာကြည့်လိုက်ပါ။

အဆင်ပြေကြပါစေ။

◘◘မလေးရှားရောက် ရွှေမြန်မာညီအစ်ကိုမောင်နှစ်မများအတွက် သတင်းကောင်း(သို့ မဟုတ်) doowit sim card အကြောင်းအသိပေးခြင်း◘◘

ကျွန်တော် ဒီနေ့  ဖုန်းဆင့်ကဒ်တစ်ခု စမ်းသုံးကြည့်တယ်။ အဲ့ဆင့်ကဒ်က မလေးငွေ RM 30 ပေးရတယ်။(ကျွန်တော့်နေရာမှာပေါ့) စက်ရုံထဲကသူငယ်ချင်းတစ်ယောက်လာရောင်းတာပါ။ ဆင့်ကဒ်တစ်ခုကို RM 30 တဲ့ အဲ့ ဆင့်ကဒ်မှာ ပိုက်ဆံ 18 RM ပိုပါတယ်တဲ့။စုစုပေါင်း 48 RM ပါပါတယ်။ မြန်မာပြည်ကို ခေါ်ရင် တစ်မိနစ်ကို 86 sen ပဲကျပါတယ်။ RM 30 ဆင့်ကဒ်တစ်ကဒ်ကို သုံးပြီး မြန်မာပြည်ကိုခေါ်ရင် တစ်နာရီ ခန့်ပြောလို့ ရပါတယ်။ ပိုက်ဆံစစ်တာက *124# ပါ။ RM 1 ဖိုးသုံးပြီးသွားရင် မလေးရှားနိုင်ငံတွင်းက မည့်သည့်ဖုန်းနံပါတ်ကိုမဆို ခေါ်ဆိုလျှင် တစ်မိနစ်ကို 0.12 sen နှင့် မက်ဆေ့ခ်ျပို့ လျှင် 0.1 sen ပဲကျပါတယ်။


အဆင်ပြေကြပါစေ။

Glary Utilities Pro Version 2.53.0.1726

Glary Utilities လေး Update ထွက်လာလို့  တင်ပေးလိုက်တာပါ။
 Full Version သုံးလို့  ရအောင် ကီးဖိုင်လေးပါထည့်ထားပေးပါတယ်။

လိုအပ်ခဲ့လျှင် ဒီလင့်လေးကနေသွားပြီးဒေါင်းလိုက်ပါ။

အဆင်ပြေကြပါစေ။

Wednesday, 6 February 2013

Youtube က ဗွီဒီယိုတွေကို ဒေါင်းပေးမဲ့ MultiClip - Video downloader For Android

Youtube က ဗွီဒီယို တွေကို အလွယ်တစ်ကူဒေါင်းနိုင်တဲ့ ဆော့ဝဲလ်လေးပါ။ ကျွန်တော်တော့ Youtube နဲ့ ပဲ စမ်းရသေးလို့ ပါ။တစ်ခြားဆိုဒ်တွေက ဗွီဒီယိုတွေပါ ဒေါင်းလော့ယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
အသုံးပြုနိုင်တဲ့ Android ဖုန်းအမျိုးအစားကတော့ Version 2.2 နှင့် အထက်ပါ။ကျွန်တော်စမ်းသပ်ကြည့်တဲ့ ဖုန်း Version ကတော့ Version 2.3.6 ပါ။
လိုအပ်ခဲ့လျှင်


◘◘အသုံးပြုပုံ◘◘

ဒေါင်းထားတဲ့ ဆော့ဝဲလ်ကို အင်စတောလုပ်ပြီး ဖွင့်လိုက်ပါ။အောက်ကပုံလို ပေါ်လာပါလိမ့်မည်။ဂူဂဲလ် Search Box ထဲမှာ မိမိဒေါင်းချင်သည့်သီချင်းနာမည်ကိုရိုက်ထည့်ပါ။

ပြီးရင်မိမိဒေါင်းလိုသည့်သီချင်းပေါ်လာပါက ထိုပုံပေါ်သို့  ကလစ်ပါ(သို့ ) အပြာရောင် အောက်ခံပေါ်က မြားဖြူပုံလေးကို ကလစ်ပါ။ ပြီးရင် အပေါ်ညာဖက်ထောင့်မှာရှိတဲ့ DL သင်္ကေတ ကိုကလစ်ပါ။
ပြီးရင်နောက်ထပ် Box တစ်ခုကျလာပါလိမ့်မည်။ကျလာတဲ့ Box ထဲက Select All ကို ဆက်ကလစ်ပြီး အပေါ်ညာဖက်ထောင့်ရှိ DL သင်္ကေတ ကို နောက်တစ်ခါ ထပ်နှိပ်ပေးပါ။

ပြီးရင် Download စတင် လုပ်နေပါလိမ့်မည်။

 အောက်ကပုံကတော့ ဒေါင်းလော့လုပ်ပြီးသွားပုံပါ။

ကျွန်တော့်ဖုန်းက အပေါစားလေးမို့  Screen Capture လုပ်လို့  မရလို့  ဂူဂဲလ်က ပုံရှာပြီး နမူနာ ဒေါင်းလော့ယူပုံကို ရှင်းပြပေးတာပါ။ ပုံစံအတူတူပါပဲ။

နိုင်ငံခြားကသူငယ်ချင်းတွေကတော့ ဖုန်းနှင့် အင်တာနက်အသုံးပြုတယ်ဆိုလျှင် ဒီလင့်က သွားပြီး ဂူဂဲလ်ပလေး က ဖုန်းထဲသို့  တိုက်ရိုက် အင်စတောလုပ် အသုံးပြုနိုင်ပါတယ်။


အဆင်ပြေကြပါစေ။

Sunday, 3 February 2013

Mandalay FM Radio For Android

မန္တလေး FM နားထောင်ချင်လို့  ဆိုပြီး တောင်းထားတဲ့ သူငယ်ချင်းအတွက်တင်ပေးလိုက်တာပါ။
အသုံးပြုနိုင်တဲ့ Android ဖုန်းအမျိုးအစားကတော့ Version 2.2 နှင့်အထက်ပါ။


နိုင်ငံခြားကသူငယ်ချင်းတွေကတော့ ဖုန်းနဲ့  အင်တာနက်သုံးလျှင် ဒီလင့်က သွားပြီး ဂူဂဲလ်ပလေးကနေ ဖုန်းထဲသို့ တိုက်ရိုက် အင်စတောလုပ် နိုင်ပါသည်။

အဆင်ပြေကြပါစေ။

WhatsApp Messenger 2.9.1547 For Android

ဒီဆော့ဝဲလ်လေးကတော့ Chat နိုင်ရုံတင်မက ဓါတ်ပုံ၊သီချင်း တွေ ဗီဒီယို တွေကို ပါ ဒီ application သွင်းထားတဲ့ဖုန်းတိုင်းကို အင်တာနက်ကွန်နက်ရှင် ရှိရုံနဲ့  ပေးပို့ နိုင်မှာ ဖြစ်ပါတယ်။
Update လေးထွက်လာလို့  တင်ပေးလိုက်တာပါ။အထွေအထူး မရှင်းပြတော့ပါဖူး အားလုံးသိကြတဲ့ ဆော့ဝဲလ်တစ်ခု ဖြစ်မှာပါ။အသုံးပြုရတာလည်းလွယ်ပါတယ်။
ဖိုဒ်ဆိုဒ်ကတော့ 7.9MB ရှိပါတယ်။

လိုအပ်ခဲ့လျှင် ဒီလင့်ကနေသွားပြီးဒေါင်းလိုက်ပါ။

နိုင်ငံခြားက သူငယ်ချင်းတွေကတော့ ဖုန်းနဲ့  အင်တာနက်သုံးလျှင် ဒီလင့်က သွားပြီး ဂူဂဲလ်ပလေးကနေ ဖုန်းထဲသို့  တိုက်ရိုက် Install လုပ်နိုင်ပါတယ်။


အဆင်ပြေကြပါစေ။

မိန်းကလေးတိုင်းဖတ်သင့်တယ်ထင်လို့  ပြန်ရှယ်ပေးတာပါ။


တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ်။သူမှာ သိပ်လှတဲ့ မြေးမလေးတစ်ယောက်လည်းရှိတယ်။အဘိုးအိုပာာ မျက်လှည့်ပညာသိပ်ကျွမ်းတယ်။အဲဒီပညာနဲ့ပဲအသက်မွေးခဲ့တယ်။မြေးမလေးကိုလည်း အဲဒီပညာတွေသင်ပေးထားတယ်။
တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ကြိုးကနေ မြွေဖြစ်သွားတာတွေ ပြကွက်မျိုးစုံနဲ့ ပရိသတ်ကိုဖျော်ဖြေတယ်။
အားလုံးပြပြီးရင် ပရိသတ်က စွန့်ကြဲတဲ့ငွေကိုပဲယူတယ်။အခုပြတဲ့ပွဲမှာ အဘိုးအိုပာာ ထူးဆန်းတဲ့ စကားတစ်ခွန်းပြောတယ်။
"မျက်လှည့်ပညာဆိုတာ မှော်ပညာမပာုတ်လို့ တန်ခိုးစွမ်းအားတွေမရှိပါဘူး။လိမ်တာလည်းမပာုတ်ပါဘူး။မျက်လှည့်ပညာမှာ လျို့ဝှက်ချက်တွေရှိပါတယ်။အဲ့ဒီလျှို့ဝှက်ချက်တွေကို ခင်ဗျားတို့မသိလို့သာ အထူးအဆန်းလာကြည့်ကြတာဖြစ်တယ်။ဒီနေ့ မျက်လှည့်ပညာရဲ့လျှို့ဝှက်ချက်တွေကို ပြောပြမယ်"
ပရိသတ်ပာာ အင်မတန် စိတ်ဝင်စားသွားတယ်။ကြိုးကနေ ဘယ်လိုမြွေဖြစ်သလဲ စသည်ဖြင့်ပေါ့။ခဏကြာတော့ အဘိုးအိုပာာ လျှို့ဝှက်ချက်တွေ အားလုံးပြောပြသတဲ့။
ပရိသတ်လည်း ပြောတုန်းခဏပဲ စိတ်ဝင်းစားတာပေါ့။သိလည်းသွားရော-


"သြော် ဒီလိုလုပ်တာလား။ဒါလေးများ။"
ပာု မျက်လှည့်ပညာကို စိတ်မ၀င်စားတော့ဘူးပေါ့။
နောက်တစ်နေ့ မြေးမလေးကို ခေါ်ပြီး မျက်လှည့် သွားပြသတဲ့။ပရိသတ် တစ်ယောက်မှ မလာတော့ချေ။ထိုနောက် အဘိုးအိုက-
"မြေးလေးရေ။ပရိသတ်တစ်ယောက်မှ မလာပါလား။ဘာကြောင့်လဲ။"
"အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေပြောလိုက်တာကိုး။ဘယ်သူမှ စိတ်မ၀င်စားတော့ဘူးပေါ့။"
"အေး။ပာုတ်တယ်မြေးလေး။အဘိုးကို တစ်သက်လုံး ထမင်းကျွေးခဲ့တဲ့ပညာ။အခုတော့ လျှို့ဝှက်ချက်လည်းပြလိုက်ရော ဘာမှ တန်ဖိုးမရှိတော့ဘူး။မြေးလေးလည်းမှတ်ထားပါ။လှ်ျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။လျှို့ဝှက်ထားရမယ်။ဒါဆို မြေးရဲ့ မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့။ဒူးဖော် ပေါင်ဖော် ရင်သားတွေဖော်နေရင် ဘယ်သူမှ စိတ်မ၀င်စားတော့ဘဲ တန်ကြေးမရှိဖြစ်မယ်။ပြတုန်းခဏပဲ သူတို့က တန်ဖိုးထားတာ။ဒါ့ကြောင့် အ၀တ်အစားကို လုံလုံခြုံခြုံဝတ်ပါ။"
အဘိုးအိုပာာ သူ့ပညာနဲ့ရင်းပြီး မြေးမလေးကို ဆုံးမခဲ့တယ်။
သူငယ်ချင်းတို့လည်း အဘိုးအိုစကားကို နားလည်နိုင်ပါစေ။



refer by: Pyi Nyein
http://aungthetkhing.blogspot.com/2013/02/blog-post_7109.html
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio