Sunday, 17 February 2013

ဖြူး တမြို့ လုံး တုန်လှုပ်စေတဲ့ အပိုင်းပိုင်း ပြတ်နေသည့် အမျိုးသမီး (သတင်း-ဓါတ်ပုံ)

ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ တောင်ဘက် ၂ မိုင်ခွဲခန့်ရှိ သပြေလှ ချောင်းထဲတွင် မသင်္ကာဖွယ်ရာ ပီနံအိတ်အတွင်း ကျွတ်ကျွတ်အိတ် အမဲဖြင့် ထုပ်ထား သော ခြေလက်များ ကြိုးတုတ်လျှက် ဦးခေါင်းမပါ အ၀တ်အစားဗလာဖြင့် အသက် ၂၀ ကျော် ၃၀ ခန့်ရှိ အမျိုးသမီး တစ်ဦး၏ အလောင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းနေ့ ညနေ ၃း ၁၅ အချိန်တွင် ကိုယ်ပိုင်းတွေ့ရှိရာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ကားလမ်းအရှေ့ဘက်ဘေးတွင် ဦးခေါင်းပြတ်နှင့်အတူ ထဘီ၊ အင်္ကျီးနှင့် ယောကျာ်းဝတ် ပုဆိုးအနီး တစ်ထည်ကိုပါ ထပ်မံတွေ့ရှိခဲ့ပါသည်။

သေဆုံးသူအမျိုးသမီး၏ အမည်၊ နေရပ်နှင့် မည်ကဲ့သို့သေဆုံးကြောင်းကို အမှုကိုင်အဖြစ်
တာဝန်ယူဆောင်ရွက်ရသော ဖြူးရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။

သတိ။ ။ဓါတ်ပုံတွေကို နှလုံးရောဂါ ရှိသူများ ၊ ကြောက်တတ်သူများ မကြည့်ပါနှင့်လို့  မေတ္တာရပ်ခံပါတယ်။

ဓါတ်ပုံတွေကြည့်ချင်ရင်ဒီလင့်ကသွားကြည့်ပါ။

သတင်း-ဓါတ်ပုံ - သံလက်သီး (ဒေါက်တာလမ်းပြကြယ်-ဘလော့ခ်)

ဆက်စပ်သတင်းတစ်ပုဒ်တက်လာလို့  တစ်ခါတည်းမျှဝေပေးလိုက်ပါတယ်။

ချစ်သူ များနေ့ တွင် ခေါင်းပြတ် နေသည့် အမျိုးသမီး အလောင်း တွေ့ရှိ

ဖြူး၊ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို တွင် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဦးခေါင်း ပြတ်နေသော အမျိုးသမီး ခန္ဓာကိုယ် ကို ပီနံအိတ်ဖြင့် ထည့်ကာ စွန့်ပစ် ထားမှု ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၉နာရီတွင် တွေ့ရှိ ကြောင်း ဖြူး မြို့နယ် ရဲတပ်ဖွဲ့  ၏၊ မြို့နယ်ရဲမှူး စိုးသန်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ အမျိုးသမီးသည် အသက် ၂၅ နှစ် အရွယ်ခန့်  ရှိပြီး ဦးခေါင်း ပြတ်နေသော ခန္ဓာကိုယ် ကို ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင် အမှတ် ၁/၁၄၀ အနီးတွင် လာရောက် စွန့်ပစ် ထားကြောင်း၊ နေ့ လည် ၂ နာရီခန့် အချိန်တွင် လူတစ်ဦး၏ သတင်းပေးချက် အရ မိုင်တိုင် အမှတ် ၂/၁၃၈ အနီး လမ်းဘေးတွင် အမျိုးသမီး၏ ဦးခေါင်းပြတ် တစ်လုံးကို ထပ်မံ တွေ့ ရှိခဲ့ ကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။

ဖြူးမြို့နယ်၊ ပြည်သူ့ ဆေးရုံသို့ ပေးပို့ စစ်ဆေးခဲ့ ရာ နံနက်ပိုင်း က တွေ့ ရှိခဲ့ သော အမျိုးသမီး ခန္ဓာကိုယ် နှင့် တစ်ဆက်တည်း ဖြစ်သည်ကို မြို့နယ် မူခင်း ဆရာဝန်က အတည်ပြု ခဲ့သည်။
“ဆေးရုံ က ဆေးစစ်ချက် ကို ထုတ်ပေးပြီး ရဲစခန်း ကနေ တစ်ဆင့် ထုတ်ပြန် ပေးမှာပါ။ အခုတော့ ထုတ်ပြန် ပေးလို့ မရသေး ပါဘူး” ဟု ဖြူးမြို့ နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဇော်လွင်က ရှင်းပြသည်။

အမျိုးသမီး ကို အသက် ခန့် မှန်း နိုင်သည် မှ အပ အမည်၊ နေရပ် လိပ်စာ နှင့် အသေးစိပ် အချက် အလက် များကို စုံစမ်း စစ်ဆေးဆဲ ဖြစ်ပြီး၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ထားကြောင်း မြို့နယ် ရဲစခန်း ထံမှ သိရသည်။

Thursday, 14 February 2013

မိမိဘလော့ဆိုဒ်မှာ ထည့်သွင်း ပူဇော်ဖို့  ဘုရားပုံတော် widgets

အောက်က ကုဒ်ကို  Layout>Add a Gadget>HTML/Java Script  မှာ အောက်က ကုဒ်ကို ထည့်ပြီး Save ပေးလိုက်ပါ။

<embed allowscriptaccess="never" height="250" pluginspage="http://www.macromedia.com/go/getflashplayer" quality="high" src="http://api.ning.com/files/yhxlEaRe1pxqcrWt7uYDojmVzgE27BBNGtnYaqBk2Ta0N8VpS0usWewSQmemZSvH9JvIkcTw3Y0NAkMc8PjE3IKYX9KiWzAQ/PancaVaggiBuddha.swf" type="application/x-shockwave- flash" width="400" wmode="transparent"></embed>

အဆင်ပြေကြပါစေ။

Gtalk မှာ ပါတဲ့ address name ကို Right click ပေးသော အခါ တွေ့ရသော second part မှ Function များ၏ အလုပ်လုပ်ပုံ...

(၁)set as my picture …..မိမိ right click ပေးသော အကောင့် မှ picture ကို မိမိ gtalk ပုံသို့ ကူးယူရာတွင် အသုံးပြုသည်။

(၂)view past chats….. မိမိ right click ပေးသော အကောင့်နှင့် အတူတကွ chat ထားသော အကြောင်းအရာများကို ပြန်ကြည့်ရာတွင် အသုံးပြုသည်။(မှတ်ချက်-Chat History ကို Off ထားရင်ပြန်ကြည့်လို့ မရပါ )

(၃)Rename သည် မိမိအလွယ်တကူပြန်လည်သိနိုင်ရန် နာမည်ပြောင်းထားရာတွင် အသုံးပြု သည်။

(၄)Block သည် မိမိ မနှစ်သက်သော အကောင့်ကို ဖြုတ်ထုတ်သတ်လုပ်ရာတွင် အသုံးပြုသည်။

(က)မိမိက block ပေးသော်လည်း တစ်ဖတ်လူက သူ့အကောင့်ထဲတွင် မိမိ အကောင့်ရှိနေ အုံးမှာ ဖြစ်သည်။ (မှတ်ချက်။ ။ မိမိအား block ပေးမပေးကို သိနိုင်ရန် သိခြားဖေါ်ပြထားပါ သည်။)

(ခ )မိမိတွင်လည်း gtalk မှ setting ထဲတွင် blocked function တွင့် ကျန်ရှိနေပါဦး မည်။   ပြန်လည် add ချင်က unblock ကို click ပြီး ok ကို နှိပ်ပါ။ ဒါဆိုရင်တော့ ပြန်လည် add ပြီး သားဖြစ်သွားပါသည်။

( ဂ) လုံးဝ အဆက်အသွယ်မလုပ်ဘူးဆုံးဖြတ်ပြီးလျှင်တော့ gmail ထဲက contacts ကို click ပါ
Add to this group ထဲမှ မိမိ ဖျက်ချင်သော account name ကို click ပါ။ ပြီးရင်ညာဘက် ထိပ်ကDelete contact ကို click ပေးက လုံးဝ ဖျက်ပြီးသားဖြစ်သွားပါမည်။
(မှတ်ချက်...block အရင်ပေးထားက ပြန်ပြီးမှ unblock လုပ်ပြီး delete လုပ်နိုင်ပါသည်။)
5. Remove သည် မိမိက remove ပေးပါက မိမိက စပြီး ခေါ်ဆိုနိုင်မည်မဟုတ်တော့ပေ တဖက်သူငယ်ချင်းကတော့ ခေါ်ဆိုနိုင်ပါသည်။(ဖြစ်နိုင်ရင်တော့ Remove မပေးသင့်ပါ။)

ကိုးကား-ကိုမိုးထက်မြင့်

သို့ ....ကောင်မလေး

၁၄-၂-၂၀၁၂ ရဲ့ ခံစားချက်လေးတစ်ခု ကို တင်မိသွားတာပါ။ အဆင်ပြေပျော်ရွှင်ကြပါစေ။

ဓါတ်ပုံတွေကို ဘောင်ခတ် အလှဆင်ပေးမဲ့ PhotoShine ဆော့ဝဲလ်

ဓါတ်ပုံတွေ ကို ဘောင်ခတ်အလှဆင်လို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေးပါ ။နောက်ဆုံးထွက် Update လေးပါ။ Full Version အဖြစ်အသုံးပြုလို့ ရအောင် serial key ပါထည့်ပေးထားပါတယ်။

လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
အပေါ်လင့်ကမရလျှင် ဒီလင့်ကသွားပြီးဒေါင်းပေးပါ။

◘◘အသုံးပြုပုံ◘◘
ဒေါင်းထားတဲ့ဖိုင်ထဲက exe ဖိုင်လေးကို run ပြီး install လုပ်လိုက်ပါ။ပြီးရင် full version အဖြစ်အသုံးပြု၍ရအောင် key ထည့်ထို့ အတွက် ဒေါင်းထားတဲ့ ဖိုင်ထဲမှာပါတဲ့ ကီးဖိုင်လေးကို ဖွင့်ပြီး ကီးထည့်ပါ။ကီးထည့်ရမဲ့နေရာက ဆော့ဝဲလ်ရဲ့ အိုင်ကွန်တွေထဲက ? ပုံလေးကို ကလစ်ပြီး Register PhotoShine ကိုကလစ်ပြီး ကီးဖိုင်ထဲက ကီးများကို ကူးထည့်လိုက်ပါ။အောက်မှာပုံနှင့်လည်းပြထားပါတယ်။
ကီးထည့်ပြီးလျှင် OK ကိုနှိပ်ပေးပါ။ဒါဆို ဆော့ဝဲလ်က Full version ဖြစ်သွားပါပြီ။
ဓါတ်ပုံလေးတွေထည့်ပြီး အလှဆင် ဘောင်ခတ် မိမိစိတ်ကြိုက်ပြုလုပ်လို့ ရပါပြီ။
ပထမဦးဆုံး ဓါတ်ပုံကို ဘောင်ခတ်အလှဆင်ဖို့ အတွက် ဆော့ဝဲလ်ရဲ့ ဘယ်ဖက်အပေါ်မှာရှိတဲ့ အစိမ်းရောင် စာအုပ်ပုံလေးကိုကလစ်ပြီး မိမိကွန်ပျူတာထဲရှိ မိမိပြောင်းချင်သည့် ဓါတ်ပုံကို ရွေးပေးပါ။

မိမိနှစ်သက်ရာပုံကိုရွေးပြီးလျှင် Open ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။

Openကိုနှိပ်ပြီးဆက်သွားလိုက်ရင် အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။
မိမိစိတ်ကြိုက် ဘောင်လေးတွေကိုရွေးပါ။

အောက်ကပုံကတော့ မိမိစိတ်ကြိုက်ဘောင်လေးကိုရွေးပေးပြီးရင်ပေါ်လာမဲ့ပုံစံပါ။
မိမိစိတ်ကြိုက်ပြုပြင်ပြီးလျှင် ဓါတ်ပုံကို သိမ်းဖို့  (save) ဖို့ အတွက် ပထမ မိမိဓါတ်ပုံထည့်သည့် အစိမ်းရောင် စာအုပ်ပုံလေးဘေးရှိ အဝါရောင် စာအိတ်ပုံလေးကိုကလစ်ပါ။
Save As ဟူသော Box တစ်ခုကျလာပါလိမ့်မည်။ File name နေရာမှာ မိမိပေးချင်သော နာမည်ပေး၍  Save ကိုနှိပ်ပြီးသိမ်းလိုက်ပါ။
အောက်ကပုံကတော့ မိမိ Save ထားတဲ့ပုံကို ဖွင့်ပြထားတာပါ။
အောက်ကပုံလေးတွေကတော့ နမူနာစမ်းသပ်ပြထားတာပါ။ဒီဇိုင်းတွေ အများကြီးပါပါတယ်။မိမိစိတ်ကြိုက်စမ်းသပ်ကလိကြပါတော့နော်။

အဆင်ပြေကြပါစေ။

Android phone/Tablet များတွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့် ထည့်နည်း စာအုပ်

သူငယ်ချင်းများအားလုံးပဲ မင်္ဂလာပါ။

အခုတင်ပေးတဲ့စာအုပ်လေးကတော့ ကိုနေမင်းမောင် ရေးသားထားတဲ့ Android phone/Tablet များတွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်နည်းစာအုပ်လေးပါ။

လိုအပ်ခဲ့လျှင်အောက်က ကြိုက်ရာလင့်က သွားပြီးဒေါင်းလိုက်ပါ။
Minus ဆိုဒ်မှ ဒေါင်းရန်
Mediafire ဆိုဒ်မှ ဒေါင်းရန်

အဆင်ပြေကြပါစေ။

Sunday, 10 February 2013

Andriod Phone Pattern Lock ကျပြီးပြသနာတက်နေသူများအတွက် ဖြေရှင်းနည်း

Android ဖုန်းတွေမှာ Pattern Lock ကျသွားတဲ့အခါ .. ဒါမှမဟုတ် မမှတ်မိတော့တဲ့အခါ ပြန်လည် ပြင်ဆင်နည်းလေး တင်ပေးလိုက်ပါတယ်ခင်မျာ...

Andriod Phone Patten Lockဖြည်ဖို့အတွက်ကို Software လေးကိုအရင်ဒေါင်းထားလိုက်ပါ ပြီးရင် PC မှာတင်မယ်ပေါ့...တင်လို့ပြီးရင် အဲဒီ Software လေးကိုဖွင့်ပြီးတော့ phone နဲ့တွဲပေးလိုက်ဗျာ Driver သိနေဖို့တော့လိုတာပေါ့နော်..Driver လိုအပ်နေသူများ မိမိဖုန်းနဲ့သက်ဆိုင်ရာ Driver လေးတွေကို အရင် Download ချလိုက်ပါ..

Driver တွေဒေါင်းပြီးပီဆိုရင်...ကွန်ပျူတာမှာ Install လုပ်ပြီး လုပ်ငန်းစလို့ရပါပြီ..
ဒါလေးကမြင်ရမယ့်ပုံလေးပါ

အဲဒါလေးကိုအခုကျွန်တော်ပြောင်းတဲ့နေရာကိုပြောင်းလိုက်ပါ အောက်ကပုံလေးကိုကြည့်ပါ..

အခုမြှားလေးတွေနဲ့ပြထားသလိုလေးပေါ့ Patten Lock လေးကိုနှိပ်လိုက်ပါ

မျှားပြထားတဲ့အတိုင်းလေးပေါ့နော်...

ပြီးရင်တော့ သူ့ပုံမှန်အတိုင်း Software လေးကပြန်ဖြစ်သွားပါလိမ့်မယ်...
.ပြီးရင် Phone မှာ ကြိုက်တဲ့ Patten Lock
ပုံစံကို ဆွဲပြီးရင် ဖုန်းကို PC နဲ့တွဲထားတဲ့ကြိုးကို ဖြုတ်လိုက်လို့ရပါပြီ
ဒါဆိုရင် အခု သင့်ဖုန်းက အခုဆွဲလိုက်တဲ့ Patten Lock ပုံစံဖြစ်သွားပါပြီ အရင်က မေ့နေတဲ့ပုံစံမဟုတ်တော့ပါဘူး ပြောင်းပစ်လိုက်တဲ့သဘောပါဘဲ မကြိုက်ဘူးဆိုရင်တော့လည်းဖြုတ်ပစ်လို့ရနေပြီလေ  အဲဒါနဲ့ Huawei T 8620 ကို Root လုပ်လို့ လည်းရသေးတယ်နော် နောက်လုပ်လို့ရတာတွေလည်းရှိသေးပါတယ် ကလိကြည့်ပေါ့ဗျာနော်
အားလုံးအဆင်ပြေကြပါစေဗျာ.....

source-http://www.mmithelper.blogspot.com

မိမိဘလော့ဆိုဒ်အောက်ခြေမှာရှိတဲ့ Subscribe to: Posts (Atom) ကိုဖြုတ်နည်း

ယခုဖော်ပြတဲ့နည်းလမ်းကတော့ ကျွန်တော်တို့  ဘလော့ဆိုဒ်တွေရဲ့ Post အောက်မှာရှိတဲ့ Subscribe to: Posts(Atom)ဆိုတဲ့စာကြောင်းလေးဖြုတ်နည်းလေးပါ။
ဖြုတ်ချင်တဲ့သူငယ်ချင်းတွေအတွက်ပါ၊
တစ်ချို့ Template တွေမှာကျတော့Auto ဖြုတ်ပြီးသားပါလာတ်ပါတယ်။
Autoဖြုတ်ပြီးသားမပါလာလို့ ဖြုတ်ချင်တဲ့သူငယ်ချင်းတွေကတော့ အောက်က အဆင့်လေးတွေ အတိုင်း လုပ်သွားလိုက်ပါ။

၁။Template ကိုနှိပ် ပြီးရင် ပေါ်လာတဲ့အထဲက Edit HTML ကို ဆက်နှိပ်ပေးပါ။

၂။Expand Widget Templates ရှေ့က Box ထဲမှာ Mouse နှင့် တစ်ချက်ကလစ်ပြီး အမှန်ခြစ်လေးခြစ်ပေးလိုက်ပါ။

၃။Expand Widget Templates ရှေ့ မှာ အမှန်ခြစ်လေး ခြစ်ပြီးလျှင် ကီးဘုတ်ပေါ်ရှိ Ctrl+F ကိုတွဲနှိပ်လိုက်ပါ။ထိုအခါ အောက်ခြေနားမှာ Find ဟူ၍ အပြာရောင်ဘားတန်းလေး နှင့်ပေါ်လာပါလိမ့်မည်။ ထိုအခါ အောက်ခြေရှိ Find ဘေးရှိ Box ထဲတွင် <b:include name='feedLinks'/>  ဟုရိုက်ထည့်ပါ။
ထိုအခါ အစိမ်းရောင်တန်းလေးနှင့် <b:include name='feedLinks'/> ကို HTML ကုဒ်တွေထဲတွင်တွေ့ ရပါလိမ့်မည်။တွေ့ ရင် <b:include name='feedLinks'/> ဟူသောစာသားကို ဖျက်ပစ်လိုက်ပါ။အောက်မှာပုံနှင့်လည်းပြထားပေးပါတယ်။
၎။ပြီးလျှင် မိမိဖျက်လိုက်တာ error တက်မတက် Preview ကို နှိပ်ပြီး စစ်ဆေးနိုင်ပါတယ်။ အားလုံးအဆင်ပြေရင်တော့ Save template ကိုနှိပ်လိုက်ပါ။
ဒါဆိုရင်တော့ မိမိဘလော့ဆိုဒ်အောက်ခြေမှာရှိတဲ့ Subscribe to: Posts (Atom) ဟူသော စာသားကို အောင်မြင်စွာ ဖယ်ရှားပြီးပါပြီ။

အဆင်ပြေကြပါစေ။

ဒီနည်းလမ်းကတော့ ကျွန်တော် ဘလော့နည်းပညာတွေ လေ့လာတဲ့ ဆိုဒ်ဖြစ်တဲ့ http://kp3family.blogspot.com မှ လေ့လာထားတဲ့နည်းပညာပါ။ ဘလော့ဆိုဒ်စတင်ထောင်ထားတဲ့ သူငယ်ချင်းတွေ လက်မလွတ်ပဲ လေ့လာသင့်တဲ့ဆိုဒ်လေးပါ။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio