Friday 29 June 2012
TeraCopy 2.27 Pro Final || Full Version || 3MB
TeraCopy 2.27 Pro Final || Full Version || 3MB
TeraCopy 2.27 Pro Final || Full Version || 3MB
ကော်ပီကူးတာမြန်စေတဲ့ ဆော့ဝဲလ်လေးနောက်ဆုံးထွက်နော်
ကိုအာကာဖြိုးဆိုဒ်မှ
Advanced SystemCare with Antivirus 2013 v5.5.3.270 | Full version | 58mb
Advanced SystemCare with Antivirus 2013 v5.5.3.270 | Full version | 58mb
Advanced SystemCare with Antivirus 2013 v5.5.3.270 | Full version | 58mb
 ကီးကိုတော့ ဒီမှာ ယူလိုက်နော် အက်တစ်ဖြစ်အောင်လုပ်ဖို့ အင်တာနက်တော့ ပိတ်ပေးထားရပါမယ်
94ABB-892A2-78B72-6DFD6
ကိုအာကာဖြိုးဆိုဒ်မှ
Thursday 28 June 2012
Deep Freeze standard 7 နဲ့ Deep Freeze အသုံးပြုနည်း အပြည့်အစုံ
                           Deep Freeze ကိုတော့ အတော်များများသိပြီးသားဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကမသိသေးသောသူငယ်ချင်းများအတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ရပါတယ်။ Deep Freeze ကိုတော့ Internet ဆိုင်တွေ နဲ့ Network Game ဆိုင်တွေမှာ အသုံးများကြပါတယ်။ ကျွန်တော်က ဒီ Software
လေးကိုတင်ပေးလိုက်ပြီးအသုံးမပြုတက်မှာစိုးလို့ အသုံးပြုနည်းနဲ့ အသုံးဝင်ပုံများကိုပါ။သေသေချာချာလေး
ပုံနဲ့တကွရှင်းပြပေးထားပါတယ်။
အဲဒါကိုတော့ ကျွန်တော် ရေးထားတာမဟုတ်ပါဘူး။ စာတွေအများကြီးရေး
ရမှာပျင်းလို့ သူများရေးပြီးသားကိုဘဲဖော်ပြပေးလိုက်ပါတယ်။အသုံးပြုနည်းကိုတော့Copmuter Spider မှာပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။
အားလုံးဘဲအဆင်ပြေကြပါစေနော်။
Deep Freeze ဆိုတာက…
(၁) မိမိကွန်ပျူတာ အတွင်းသို့ Virus ၀င်ရောက်ခြင်းမှ လုံးဝကာကွယ်ရန် (သို့)
(၂) မိမိ၏ကွန်ပျူတာကို အမြဲတမ်း မိမိရှိနေစေချင်သော ပုံစံအတိုင်း ရှိနေစေရန် (သို့)
(၃) အခြားလူ တစ်ယောက်ယောက်က မိမိကွန်ပျူတာကို ( Administrator Account ) ဖြင့် အသုံးပြုနေသော်လည်း မိမိ၏ ခွင့်ပြုချက်မရဘဲ ( Deep Freeze ၏ password မသိဘဲ ) Software များ Install ( or ) Uninstall ပြုလုပ်မရခြင်း ၊
(၄) မိမိကွန်ပျူတာအတွင်းရှိ မည်သည့် Data ကိုမှ မိမိ၏ ခွင့်ပြုချက်မရဘဲ ဖျက်ဆီးခြင်း ( သို့ )
(၅) Data များပေါင်းထည့်ခြင်းတို့ ပြုလုပ်မရနိုင်ခြင်း စသည်တို့ကို ထိမ်းချုပ် ထားနိုင်သော အလွန်ကောင်းသည့် System Security Software ဖြစ်ပါသည်။
Deep Freeze Software ကို Window XP , Mac OS , Window Server , Linux စသည့် Operating System ( OS ) များတွင် အသုံးပြုနိုင်ပါသည်။ System File ကိုသာမကဘဲ Data File ကိုပါ Restore ပြုလုပ်နိုင်သော Software ဖြစ်သည်။ Restart တစ်ကြိမ် ပြုလုပ်ရုံဖြင့် မိမိကွန်ပျူတာ၏ မူလအနေအထားကို ပြန်ရောက်စေသော Software လည်းဖြစ်ပါသည်။ Deep Freeze Software ကို အောက်ဖော်ပြပါနေရာများနှင့် အခြေအနေမျိုးများတွင် အသုံးပြုသင့် ပါသည်။(၁) အရေးကြီးသော Data များ သိမ်းဆည်းထားသော ကွန်ပျူတာများ၊
(၂) နောက်တစ်ကြိမ် ပြန်ထည့်ရန် ခက်ခဲသော Data များ ရှိနေသည့် ကွန်ပျူတာများ၊
(၃) Internet , LAN ချိတ်ဆက်အသုံးပြုထားပြီး Virus အချိန်မရွေး ၀င်ရောက်နိုင်သော ကွန်ပျူတာများ၊
(၄) Net Café ဆိုင်များ ( user များ အသုံးပြုပြီး ကျန်ခဲ့သော File များနှင့် Email ( or ) Internet မှ ၀င်ရောင်လာသော Virus များအား မည်သည့်အခါမှ ပြန်ရှင်းပေးရန်မလို၊ Restart တစ်ကြိမ်လုပ်ရုံဖြင့် အားလုံးအကောင်းအတိုင်း ဖြစ်စေမည်။ )
(၅) မိမိကွန်ပျူတာသည် အမြဲတမ်း မိမိ၏ကွန်ပျူတာဖြစ်နေစေရန်။
Deep Freeze Install ပြုလုပ်ခြင်း
Deep Freeze ကို
(၁) Deep Freeze Administrator Installation
(၂) Workstation Creation , and
(၃) Workstation Installation
အဆင့် (၃) ဆင့်ဖြင့် Install ပြုလုပ်သွားမည်။
(၁) Deep Freeze Administrator Installation
(က) Deep.Freeze.Ent.v6.10.220.1616.exe ကို Double Click နှိပ်ဖွင့်လိုက်ပါ။
(ခ) Install လုပ်ပါ။
(ဂ) Deep Freeze Administrator Installation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။
(၂) Workstation Creation
(က) Start > All Programs > Faronics > Deep Freeze 6 Enterprise > Deep Freeze 6 Administrator ကို ဖွင့်ပါ။
(ခ) Code ထည့်ပေးပါ။
( ဂ ) Ok and Exit ပေးပါ။
(ဃ ) ပေါ်လာသောအခါ Configuration tab ကိုရွေးပါ။ Workstation တွင် Check လုပ်ပြီး Password ထည့်ပေးပါ။
( င ) မိမိပေးခဲ့သော Password ကို လုံးဝမမေ့ပါစေနှင့်။ မှတ်သားထားပါ။ ယခုပေးလိုက်သော Password သည် Deep Freeze အား Control လုပ်မည့် Password ဖြစ်သည်။
( စ ) Drives ကိုရွေးပါ။ ကျွန်တော်ကတော့ Deep Freeze ကို Drive C တခုတည်းကိုသာ ထိန်းချုပ်ထားချင်တာမို့လို့ အောက်က ပုံအတိုင်း Drive C တစ်ခုတည်းကိုဘဲ Check လုပ်ပါ့မယ်။
အဲလို Drive C ကိုဘဲ ထိန်းချုပ်ထားမယ်ဆိုရင် အခြား Drive တွေမှာ ဖိုင်တွေသိမ်းတာတွေ၊ ဖျက်တာတွေ၊ ပြုပြင်ပြောင်းလဲတာမျိုးတွေ လုပ်ဆောင်ခွင့်ရနေမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ခွင့် ပေးချင်လျှင်လည်း ပေးချင်သော Drive ကို Check လုပ်ပြီး ပေးထားလိုက်ပါ။
(ဆ) Create Program Tab ကို ဖွင့်ပါ။
( ဇ ) Create a full workstation installation စာဘေးမှ ၀က်ဝံပုံအား နှိပ်ပါက အောက်ပါပုံအတိုင်း တွေ့မြင်ရပြီး C:\Program Files > Faronics > Deep Freeze 6 Enterprise > Install Programs နေရာတွင် save လိုက်ပါ။
ေေ
(စ်) Workstation Creation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။
(၃) Workstation Installation
(က) C:\Program Files > Faronics > Deep Freeze 6 Enterprise > Install Programs နေရာသို့ ရောက်အောင်သွားပြီး အောက်ပုံတွင် တွေ့မြင်ရသော Df6Wks.exe file အား Install လုပ်ပါ။
( ခ ) Install လုပ်ပါ။
( ဂ ) Accept အား Check လုပ်ပြီး Next လုပ်ပါ။
(ဃ) Finish လုပ်ပါ။
( င ) အနည်းငယ် Wait နေပြီးပါက ကွန်ပျူတာသည် သူ့ဘာသာသူ Restart လုပ်ပြီး ပြန်ပွင့်လာသောအခါ သင့် ကွန်ပျူတာ၏ ညာဘက်ထောင့်အောက်ခြေတွင် ၀က်ဝံပုံ လေးပေါ်နေပြီး အောက်ဖော်ပြပါပုံအတိုင်း တွေ့မြင်ရမည် ဖြစ်သည်။
( စ ) Workstation Installation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။
Deep Freeze Software အား မိမိစိတ်ကြိုက် အသုံးပြုခြင်း
Deep Freeze ဆိုတာက အပေါ်မှာ ပြောခဲ့သလိုဘဲ Security Software ဖြစ်တဲ့အတွက် ဒီ Software ကို အသုံးပြုဖို့အတွက်လည်း Security မြင့်ပါတယ်။
အခုဆိုရင် ကျွန်တော်က Drive ကို Drive C [ Window XP ( Operating System, OS ) ရှိနေသော Drive ] မှာရွေးချယ်ထားခဲ့တဲ့အတွက် ဒီကွန်ပျူတာမှာ မည့်သည့် Software မှ Install ပြုလုပ်ခြင်း ၊ My document and Destop ပေါ်မှာ Data များပေါင်းထည့်ခြင်းတို့ကို ပြုလုပ်လို့ရမှာ မဟုတ်တော့ပါဘူး။ အောက်ဖော်ပြပါပုံမှာ ရွေးချယ်ခဲ့တာကို ဆိုလိုတာ ဖြစ်ပါတယ်။
အထူးသတိပြု
မှတ်ချက်။ ။User က New Software Installation ပြုလုပ်ခြင်းနှင့် My document and Destop ပေါ်မှာ Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက ယခင်မူလ အနေအထားကို သူ့အလိုလို ပြန်ရောက်နေမှာ ဖြစ်ပါတယ်။ Drive D, E,… စသည်ဖြင့် အခြားသော Data များ သိုလှောင်ထားရာ Drive များကိုလည်း Check လုပ်ပေးခဲ့ပါက Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက Data များပျက်သွားမည်ဖြစ်သည်။
ဒါကြောင့် Internet သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း၊ MemoryStick သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း ၊ Local Area Network (LAN) အတွင်းမှ Virus ၀င်ရောက်လာခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိကွန်ပျူတာမှာ Virus ရှိနေပြီဟု ယူဆလျှင် Restart လေးသာ ပြုလုပ်လိုက်ပါ။ အားလုံး ယခင်မူလ အနေအထားအတိုင်း ရောက်သွားပါလိမ့်မည်။ယခင် မူလအနေအထားဆိုတာ ဘာလဲ ? ၊ ဘယ်အချိန်တုန်းက မိမိ၏ကွန်ပျူတာ System အနေအထားကို ပြောတာလဲ ?
ကျွန်တော်တို့ မိမိကိုယ်တိုင်ကလည်း ကွန်ပျူတာကို Software အသစ်ထပ်ပြီး Install လုပ်ချင်တာတို့ ၊ Data များ ထပ်ပြီး ထည့်ချင်တာတို့ကို လုပ်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Deep Freeze က Enable ဖြစ်နေရင် ကျွန်တော်တို့ကိုယ်တိုင်လည်း ပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိကွန်ပျူတာကို Software အသစ်တင်ချင်လျှင် ဖြစ်စေ ၊ Data များ ထပ်ပြီး ထည့်ချင်လျှင်ဖြစ်စေ ၊ မိမိကွန်ပျူတာကို အခြားသော မိမိစိတ်ကြိုက်အရာများ ပြုပြင်ပြောင်းလဲချင်ပါက Deep Freeze အား Disable ပြုလုပ်ထားမှသာ လုပ်ချင်ရာ လုပ်လို့ရမှာ ဖြစ်ပါသည်။
Deep Freeze အား Disable ပြုလုပ်နည်း
(က) Shift + ညာဘက်အောက်ခြေထောင့်တွင်ရှိသော Deep Freeze ( ၀က်ဝံပုံ ) လေးအား Double Click နှိပ်ပါ ( သို့ ) Ctrl + Alt + Shift + F6 အား တပြိုင်တည်းနှိပ်ပါ။ အောက်ပါပုံအတိုင်း တွေ့မြင်ရမည်။ ( ၁၀ စက္ကန့် အတွင်း ဘာမှ မလုပ်ပါက သူဘာသာသူ ပျောက်သွားမည်ဖြစ်သည်။ )
( ခ ) Password ရိုက်ထည့်ပါ။ အောက်ဖော်ပြပါ အဆင့်တုန်းက ပေးထားခဲ့သော Password ကို ဆိုလိုပါသည်။
( ဂ ) အောက်ဖော်ပြပါ ပုံအတိုင်းတွေ့မြင်ရပါက Boot Thawed ရွေးချယ်ပြီး OK ပေးပါ။
(ဃ) ထို့နောက် Restart ပြုလုပ်လိုက်ပါက ကွန်ပျူတာပြန်ပွင့်လာသောအခါ ညာဘက်ထောင့်အောက်ခြေရှိ ၀က်ဝံပုံ လေးတွင် အနီရောင်ကြက်ခြေခတ် ပြထားသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
( င ) Deep Freeze အား Disable ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။
Deep Freeze အား Disable ပြုလုပ်ထားသော ယခုအချိန်တွင် သင် … သင်၏ ကွန်ပျူတာကို စိတ်ကြိုက် ပြင်ဆင်နိုင်ပြီ ဖြစ်ပါသည်။
ကျွန်တော်ပြောခဲ့သော ယခင်မူလ အနေအထားဆိုသည်မှာ သင်၏ကွန်ပျူတာတွင် Deep Freeze အား ပထမဦးဆုံးအကြိမ် Install မလုပ်ခင်ကအနေအထားနှင့် ယခုကဲ့သို့ Deep Freeze အား Install ပြုလုပ်ထားသော်လည်း Disable ပြုလုပ်ပြီး သင်… ပြင်ဆင်ထားသော အခြေအနေမျိုးကို ဆိုလိုသည်။ပြင်ဆင်ပြုပြင်ပြီး မိမိကွန်ပျူတာအား Deep Freeze ပြန်လည် အသက် ၀င်စေခြင်း
မိမိပြင်ဆင်ချင်တာ အားလုံးပြင်ဆင်ပြီးပါက Deep Freeze အား အောက်ဖော်ပြပါ အတိုင်းပြန်လည်အသက်သွင်းရအောင်…
(က) Shift + ညာဘက်အောက်ခြေထောင့်တွင်ရှိသော Deep Freeze ( ၀က်ဝံပုံ )
လေးအား Double Click နှိပ်ပါ ( သို့ ) Ctrl + Alt + Shift + F6 အား တပြိုင်တည်း နှိပ်ပါ။
( ခ ) အောက်ဖော်ပြပါပုံအတိုင်း ပေါ်လာသောအခါ Boot Frozen အား Check လုပ်ပြီး Ok ပေးပါ။
( ဂ ) ကွန်ပျူတာကို Restart ပြုလုပ်ပါ။ Deep Freeze သည် ပြန်လည်ပြီး Enable ဖြစ်သွားမည်။ နောက်တစ်ကြိမ် ကျွန်တော်တို့ Restart မလုပ်ခင် မူလအနေအထားသည် ယခုအနေအထားပင်ဖြစ်သည်
Deep Freeze အား Uninstall ပြုလုပ်ခြင်း
Deep Freeze ကို Uninstall ပြုလုပ်ရန်အတွက်(က) Deep Freeze ကို Disable ဖြစ်နေအောင် အရင်လုပ်ပါ။
( ခ ) ညာဘက်ထောင့်အောက်ခြေရှိ ၀က်ဝံပုံမှာ အနီရောင်ကြက်ခြေခတ် ဖြစ်နေရမည် ဖြစ်ပါသည်။
( ဂ ) ထိုသို့ ဖြစ်နေသောအခါ
“ C :\> Program Files > Faronics > Deep Freeze 6 Enterprise > Install Programs “
သို့ရောက်အောင်သွားပြီး မြင်တွေ့ရသော “DF6Wks.exe” file အား Double Click လုပ်ပြီးဖွင့်လိုက်ပါ။ အောက်ပါအတိုင်းတွေ့မြင်ရပြီး Uninstall ပြုလုပ်ပါ။
(ဃ) Ok to Uninstall ကို Check လုပ်ပြီး Finish လုပ်ပါ။
( င ) ကွန်ပျူတာက သူ့ဘာသာသူ restart လုပ်သွားပြီး စက်ပြန်ပွင့်လာသောအခါ ညာဘက်ထောင့်
 အောက်ခြေတွင်ဝက်ဝံပုံလေး ရှိတော့မှာ မဟုတ်ပေ။
( စ ) Deep Freeze အား Uninstall ပြုလုပ်ခြင်း ပြီးစီးပြီဖြစ်သည်။
Computer Spider အားကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
ဓမ္မပူဇာ ပရိတ်တရား သီချင်းနဲ့ ပုံတော်လေးတွေပါ
Smadav 2012 (latest version 9.0)
copy ပွားနေတဲ့ ဖိုင်တွေနဲ့ shortcut လိုက်ပွားနေတဲ့ ဖိုင်နာမည်တွေအတွက်တော့ ဒီ ဘာမဟုတ်ဘူးလို့ ထင်ရတဲ့ smadav က သတ်ပေးပါလိမ့်မယ်. တစ်ခြားနာမည်ကြီး antivirus (kaspersky, bitdefender အပါအ၀င်)program တွေ မသတ်ပေးနိုင်တဲ့ virus လို့လည်း အမည်တတ်လို့မရတဲ့ virus အမျိုးအစားတွေကို အခုတင်ပေးလိုက်တဲ့ smadav က သတ်ပေးပါလိမ့်မယ်.
 ကဲ Smadav 2012 ကို အောက်မှာ Download လုပ်လိုက်ပါဦး။ key ဘယ်လိုထည့်ရမလဲ အရင်ကပြောပြပြီးပြီနော်။ ထည့်တတ်မှာပါ။ မထည့်တတ်ရင် ကွန်မန့်ရေးပေးခဲ့ပါ။ ဒီပို့စ်မှာပဲ ထည့်နည်းရေးပေးလိုက်ပါ့မယ်။ အခုတင်ပေးထားတဲ့ ဖိုင်ထဲမှာ key file ပါပြီးသားပါ။ ဒါပေမယ့် ထပ်ပြီးတော့ ထည့်ပေးလိုက်ပါတယ်။
Name : DytoshareFreeforAll
Serial : 081800714931
Name : DytoshareAlwaysFree
Serial : 083800391916
Name : DytoshareFreeDownload
Serial : 081500578757
Minus | Ifile | Mediafire
Desktop ပေါ်မှာနှင်းလေးတွေပန်းလေးတွေနဲ့လှလှလေးလုပ်ချင်ရင်
ကွန်ပျူတာပေါ်မှာ နှင်းလေးတွေ..ပန်းလေးတွေ..ကြယ်လေးတွေ.ဘောလုံးလေးတွေပျံနေတဲ့
ဆော့ဝဲလ်လေးတစ်ခုပါ
လိုအပ်နေရင်တော့အောက်မှာမှာဒေါင်းလိုက်နော်
                                                                      Download
Skype မှာ မြန်မာ Font မပေါ်လျှင်
Skype မှာမြန်မာလိုမပေါ်ခဲ့လျှင်ကျွန်တော် ပုံလေးတွေနဲံပြပါမယ်။
အဲဒီအတိုင်းလုပ်ကြည့်လိုက်ပါ။
ပထမဆုံး စကိုက်ကိုဖွင့် ပြီး Tools ကို ၀င်ပါအောက်တွင်ကြည့်ပါ။
ပီးလျှင် Option ကိုထပ်ဝင်ပါ။ အောက်တွင်ကြည့်ပါ။
အောက်ကပုံထဲကအတိုင်း IM&SMS  ဆက်နှီပ်ပါ။
ပီးလျှင် IM appearance ကိုနှိပ်ပါ။
ပီးလျှင်အောက်ကပုံထဲကအတိုင်း Change နေရာမှာ Zawgyi-one ရွေးပေးပါ။
ပီးလျှင် Save လုပ်လိုက်ပါ။
ကဲပြီးပါပြီခင်ဗျာ။
ဒါဆိုရင်တော့ Skype တွင် မြန်မာဖေါင့် ပါသုံးလို့ ရပါပြီ။
အားလုံးကိုခင်မင်လျှက်
 ရောင်နီလင်း
Euro 2012 ဘောလုံးပွဲ Live ကြည့်ရန် ဝက်ဆိုဒ်များ
Link 1
http://www.livefootballol.com/streaming/channel/btv-6-uusee.html
ဒီလင့်အတွက် အင်တာနက် Speed က 512Kbs/s လိုအပ်မှာပါ၊ Firefox သုံးသူများ Flash Player အလုပ်မလုပ်သူများ Opera Browser ဖြင့် ပြောင်းဖွင့်ပါ၊ နောက်ခံစကားပြောက တရုတ်ဖြစ်ပါတယ်၊ Speed နှေးသူများအတွက်က Readon TV Movie Radio Player Version 7.6 ကို Free Download ရယူပါ။ Install ပြုလုပ်ပြီးပါက Country မှာ China Channel များထဲတွင် Sports BTV6 အားရှာပြီး Double Click ဖြင့် ဖွင့်ပါ။
Link 2
http://www.livecric4u.com/ch1.html
ဒီလင့်အတွက် အင်တာနက် Speed က 600Kbs/s လိုအပ်မှာပါ၊ Firefox သုံးသူများ Flash Player အလုပ်မလုပ်သူများ Opera Browser ဖြင့် ပြောင်းဖွင့်ပါ၊ တိုက်ရိုက်လိုင်းဖြစ်သည့်အတွက် နောက်ခံစကားပြောက အင်္ဂလိပ်လိုပါ၊ Link 2 ကိုဖွင့်ပါက သတိထားစရာက သူက သာမန်အချိန်မှာ လိုင်းမပွင့်ပါဘူး၊ ဘောလုံးပွဲလာခါနီး နာရီဝက်၊ မိနစ်ပိုင်းအလိုမှာ စပြီးအသက်ဝင်မှာပါ၊ ဖွင့်ဖွင့်ခြင်း Flash Player ပေါ်က ထပ်ထားတဲ့ ကြေငြာတွေကို စိတ်ရှည်ဖို့ပါ၊ စက္ကန့်ပိုင်းလောက်စောင့်ပြီး ကြေငြာထဲက ကြက်ခြေခတ်လေးတွေကို ပိတ်ရမှာပါ။ ဒါဆို တိုက်ရိုက်ကြည့်လို့ရပါပြီ။
တောင်းပန်စကား။ အင်တာနက်လင့်နှေးသောကြောင့် ကြည့်မရပါက မိမိအနေဖြင့် အနူးအညွတ်တောင်းပန်ပါတယ်၊ အခပေးရုပ်သံလိုင်းများ ကြည့်ရူဖို့ အဆင်မပြေသူများနှင့် ဘောလုံးဝါသနာပါသူများအတွက် ဖြစ်ပါသည်။
http://www.sportwebz.com/
http://atdhenet.tv/
http://www.atdhe24.net/
ဒီလိုင်းတွေကလဲ ကြည့်နိုင်ပါတယ်......
အကြည့်တစ်ချက်ကြောင့် ဆွံ့အသွားခဲ့ရတယ်...........ချစ်သူရယ်.....................
အပူဒဏ်ကို ငါခံနိုင်ပေမဲ့
မင်းရဲ့ အကြည့်တစ်ချက်ကိုတော့
ငါ မခံစားနိုင်ဘူးကွာ..............
တရားဟော ဆရာလို
စကားလုံးတွေ ကြွယ်ခဲ့ပေမဲ့
မင်းနဲ့ ဆုံတွေ့တိုင်း တေမိမင်းလို
ငါ့နှုတ်ခမ်းတစ်စုံ အမြဲ ဆွံ့အနေမြဲပါ
သူငယ်ချင်းတွေကို မြှားနတ်မောင်လုပ်ပေးခဲ့တဲ့ငါ
မင်းနဲ့တွေ့တိုင်း ငါ့ရဲ့မြှားတွေ
အမြဲရပ်တန့်လို့ နေခဲ့ရတယ်....
တောင်ပေါ်မှာပေါက်တဲ့ မြက်ပင်ကို
တန်ဖိုးမဲ့တယ် ပြောချင်ပြောပါ
မြေပြန့်က မြက်ပင်ထက်တော့
ဆေးဘက်ဝင်ပါတယ်လေ...
သတ္တိကိုမွေးကာ ရှေ့တန်းထွက်ခဲ့တဲ့ငါ
မင်းထောင်ခဲ့တဲ့ အချစ်မိုင်းတစ်လုံးကြောင့်
ငါ့နှလုံးသားတစ်စုံလည်း
ဒဏ်ရာတွေ ပြည့်ခဲ့ရပါပြီကွာ...
ဒီဒဏ်ရာတွေ ပျောက်စေဖို့
မင်းရဲ့ အချစ်ဆေးတစ်ခွက်လောက်
လာတိုက်ပေးပါလား ချစ်သူရယ်...
နတ်ရှင်နောင် (လူပျိုရေးရာ- ဥက္ကဋ္ဌ) ရေးသားပါသည်
♥♥အချစ် virus♥♥
  virus protection မရှိတဲ့
  ငါနလုံးသားထဲ
  invite မလုပ်ပဲ
  နင်ဝင်လာခဲ့တယ်နော်
  နင်ပို့ လိုက်တာ
 virus မှန်းသိလျက်နဲ့ 
 ငါတယုတယသိမ်းဆည်ထားဆဲပဲ ........
 နင်ကိုယ်တိုင်ပြန်ထွက်သွားချိ
န်မှာ
  recovery နဲ့
 နင့်ကိုငါ လိုက်ရှာနေခဲ့တာ
  မသေတသေနလုံးသားတခုနဲ့ပေါ့.....
သူငယ်ချင်းတစ်ယောက်လက်ဆောင်ပေးသော ကဗျာလေးပါ။
Wednesday 27 June 2012
♥♥♥ နှလုံးသား၏ဖြောင့်ချက် ♥♥♥
နင့်ရဲ့နှလုံးသားထဲမှာ
 အလင်္ကာမြောက်တဲ့
 ချစ်ခြင်းရဲ့ရင်ခုန်သံတွေရှိလား
 မှုန်မှိုင်းရီဝေနေတဲ့ မျက်ဝန်းတစ်စုံကို
 အချစ်တွေနဲ့ စူးရှတောက်ပအောင်
 ကြိုးစားခွင့်ပြုပါ......
 အချို့ ဟာအချစ်ကိုယ်ရူးသွပ်ကြတယ်
 ဒါပေမဲ့ ............
 နင်ကတော့
 အမုန်းမပါ
 အလွမ်းမပါ
 အသည်းပေးလို့ 
 ယုံကြည်စွာ ပြန်ချစ်ပေးပါ...............
ကိုက်လို့ကူးထားတာပါ :P
Monday 11 June 2012
ဝင်ဒိုးတင်နည်း Ebook
အွန်လိုင်းမှာပဲ ဗဟုသုတ အဖြစ်ကြည့်ချင်သူများအတွက်က ဒီလင့် မှာ သွားပါ။
ကိုယ်ပိုင် ဒေါင်းလော့ချပြီး  ဖတ်မည့်သူများအတွက်ကတော့ ဒီမှာ သွားပြီး ဒေါင်းလော့ချပါ။
အဆင်ပြေကြပါစေ..........
desktop ပေါ်က Floder,icon တွေကို မီးရှို့ချင်လျှင်......
desktop ပေါ်က Floder,icon တွေကို မီးရှို့ချင်လျှင်......အပျင်းပြေ ပေါ့....:)
ပုံပြင် (၁)
တစ်ခါတုန်းကအရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိတယ်. ဘယ်လောက်ထိချစ်လဲ ဆိုတော့ သူတို့အတွဲကို ကံကြမ္မာ ကတောင် မနာလိုဖြစ်ပြီး ကောင်မလေး မှာနှလုံးရောဂါရှိစေခဲ့တယ် ... အဲ့ဒီနှလုံးရောဂါက နှလုံးအစားထိုးပြီး ကုသမှ ပျောက်ကင်းနိုင်လိမ့်မယ် လို့ ဆရာဝန်တွေက မှတ်ချက်ချကြတယ် .... ဒီလိုနဲ့သူတို့ အတွဲ အရမ်းဝမ်းနည်းကြေကွဲ ရတာပေါ့ ... ဒီလိုနဲ့နေလာရင်းနဲ့ နှလုံးအလှူရှင် ပေါ်လာတယ် ..ကောင်လေးကအတိုင်းမသိ ၀မ်းသာခဲ့တယ်. သူ့ချစ်သူလဲ ခဏတာ ခဏတာပျော်ရွင်ခဲ့တယ်..ဒါ့ပေမယ့် ကောင်မလေးက လက်မခံခဲ့ဘူး..ဒါကို ကောင်လေးက လုံးဝနားမလည်နိုင်ဖြစ်ခဲ့ရတာပေါ့ ....xxx....xxxx..
အလွမ်းအဆွေးများစွာနဲ့ ကောင်လေးကိုလူ့လောကအလယ်မှာတစ်ယောက်ထဲ ထားခဲ့ပြီး လူ့လောကထဲကနေ အပြီးထွက်ခွာသွားတော့တယ်...ကောင်လး က သေမတတ်ခံစားရင် အိပ်ရာ ပေါ်မှာလဲနေတော့တာပေါ့.... ဒီအချိန်မှာ ကောင်မလေးရဲ့ အမေက စာလေးတစ်စောင်ကိုင်ပြီး ကောင်လေးအနားကို  ရောက်လာခဲ့တာပေါ့ ...ကောင်မလေး၇ဲ့အမေကပြောတယ် ဒီစာလေးဟာသူသမီး မသေခင်က  ရေးသွားတဲ့စာလို့ ..... ဒီလိုနဲ့ကောင်လေးက အိပ်ယာပေါ်ကနေ လူးလှဲထပြီး စာရွက်ကိုလှမ်းယူပြီး> ဖတ်တာပေါ့.....စာကတစ်ကြောင်းလေးပါပဲ.....>>>>>>>>>>>> "ကိုယ်အရမ်းချစ်ရတဲ့ မင်းကို တခြားလူတစ်ဦးရဲ့ နှလုံးသားနဲ့ချစ်ဖို့ လုံးဝ ခွင့်မပြုနိုင်လို့ပါ"..တဲ့
ဒဿန (၁)
ယနေ့ သင်လုပ်ခဲ့သမျှအတွက် နောင်တစ်ချိန်တွင် လူတွေက
သင်နှင့် သင့်တော်သော ခေါင်းစဉ်တစ်ခု တပ်ပေး ကြပါလိမ့်မည်။
ထိုခေါင်းစဉ်ကို သင် နှစ်သက်ချင်မှ နှစ်သက်လိမ့်မည်၊
သို့သော် ၎င်းမှာ သင်ကိုယ်တိုင် ရေးခဲ့သော သမိုင်းပင် ဖြစ်သည်။
Malwarebytes Anti-Malware 1.61.0.1400 Final || Full Version || 10MB
Malwarebytes Anti-Malware 1.61.0.1400 Final || Full Version || 10MB
Malwarebytes Anti-Malware 1.61.0.1400 Final || Full Version || 10MB
ကိုအာကာဖြိုးဆိုဒ်မှ
Saturday 2 June 2012
Desktop ပေါ်မှာ Slide Show လုပ်မယ်
  အဲလိုလုပ်ဖို့အတွက် မိမိကွန်ပျူတာထဲမှာ အရင်ဆုံး VLC player software လေးရှိရပါ့မယ်။ မရှိသေးဘူးဆိုရင်လည်း အောက်မှာဒေါင်းဖို့ပေးထားပါတယ်။အရင်ဆုံး software ကို ဒေါင်းလိုက်ပါ။
 ဒေါင်းပြီးသွားရင် vlc player မှာရှိတဲ့ Tool ကနေ preferences ကိုသွားပါ။ Preferences box  လေးပေါ်လာပါလိမ့်မယ်။ အဲဒီ box ထဲမှာ video ဆိုတာကိုရွေးပါ။ output  ဆိုတာရဲ့ဘေးနားလေးက အတန်းလေးထဲမှာ  DirectX (Direct Draw) video output ကိုရွေးပါ။ ပြီးရင် save ပါ။ ပြီးရင် vlc player လေးကိုသုံးပြီး ဗီဒီယို သီချင်းတစ်ပုဒ်ကိုဖွင့်ပါ။ သီချင်းဖွင့်တဲ့အခါ မှာ vlc player ရဲ့အပေါ် ဘားတန်းမှာရှိတဲ့ video ဆိုတာလေးကိုကလစ်ပေးပါ။ ပြီးရင်  DirectX Wallpaper(သို့)Set up wallpaper ကိုကလစ်ပေးပါ။ VLC  ကို minimize ပေးလိုက်ပါ။ အဲဒါဆိုရင် desktop background မှာ မိမိဖွင့်ထားတဲ့ သီချင်းလေး ရောက်နေပါလိမ့်မယ်။ VLC player ကိုပိတ်လိုက်မယ်ဆိုရင်တော့ Video background လေးပျောက်သွားပါလိမ့်မယ်။
အဆင့်(၁) 
အဆင့်(၂)
အဆင့်(၃)
မှူးသော် ရဲ့ဘလော့မှ
Related Posts Plugin for WordPress, Blogger...
Like ခြင်းဖြင့် အားပေးပါ :)
mumcradio